Rissa's Language Diaries

Rissa's Language Diaries

Share

This is Rissa. I love languages.

08/11/2023

Ultimate Study Guide to self study Chinese [+ free Courses & Methods] 🇨🇳

တရုတ်စာကို HSK 1 မှ 6 ထိ ပိုက်ဆံမကုန် ဘဲ လေ့လာရအောင်။ ဘာသာစကားသင်တန်းတွေ ဘယ်လောက်တောင် ဈေးကြီးလိုက်သလဲ။ ဘာသာစကား ဝါသနာပါပေမယ့် ပိုက်ဆံတော့ Rissa မရှိပါ။ မရှိလို့ မတက်မဖြစ်ရအောင် ပိုက်ဆံ မကုန်ဘဲ တရုတ်စာ တက်သွားမယ့် နည်းလမ်းလေးကို sharing လုပ်ပေးပါမယ်။

Rissa ရဲ့ နည်းလမ်းက တရုတ်နိုင်ငံ နာမည်ကြီး Peking University က ပေးတယ့် certificate ပါရမှာပါ။ ကိုယ်တိုင်လည်း ဒီနည်းလမ်းကို သုံးပြီးလေ့လာနေတာ HSK 3 ရောက်နေပါပြီ။

တစ်ပတ်စာ လုပ်စရာ video လေးတွေ၊ assignment လေးတွေ ပုံမှန်လုပ်သွားရုံပါဘဲ ။ Rissa ကတော့ အလုပ်လဲရှိ၊တက္ကသိုလ်လဲ တက်နေတော့ တစ်ပတ်ကို လေးနာရီလောက်ဘဲ အချိန်ပေးနိုင်ပါတယ်၊ အချိန်ပိုရတယ့်သူဆိုရင် တစ်နှစ်အတွင်း တရုတ်ဘာသာစကားကို တက်မြောက်မယ်လို့ ယုံကြည်ပါတယ်။

(သတိ။ ။ ဒီ course ကို ပြီးမြောက်ဖို့ဆိုရင်တော့ English ရနေမှဖြစ်ပါမယ်၊ Lecture တွေက အင်္ဂလိပ်လို ဖြစ်နေတာကြောင့်ပါ။ အနည်းငယ် ဖတ်တက်ရေးတက်ရင် လုံလောက်ပါတယ်။ Level မြင့်တယ့်အခါ တရုတ်လိုဘဲ ပြောတော့တာပါ။)

Coursera app ကို download ဆွဲပါ။ ပေးထားသော Link ထဲသွားပြီး enroll လုပ်ကာ လေ့လာနိုင်ပါတယ်။ Certificate ရဖို့ ပိုက်ဆံတောင်းပေမယ့် Rissa ကတော့ financial aid လျှောက်လိုက်ပြီး အကုန်လုံး free တက်လို့ရပါတယ်။ Certificate လဲရပါတယ်။

"Learning language is a journey. Not a sprint."

ဘာသာစကားတစ်ခု လေ့လာမယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုပေးရမယ်၊ စိတ်ရှည်ရပါတယ်။ ဘယ်သူမှ နေ့ချင်း၊ညချင်းကြီး ပြောတက်မှာ မဟုတ်ကြပါဘူး။ ဒါလေးကို စိတ်နှလုံးသွင်းပြီး ဘာသာစကား စလေ့လာဖို့ကို Rissa မှ reminder လေးလုပ်လိုက်ပါတယ်ရှင်။

အရင် သင်ရိုးဟောင်းနဲ့ ဆိုရင် HSK 1 ကနေ HSK 6 ထိရှိပါတယ်။ အနိမ့်ဆုံးကတော့ HSK 1 ဖြစ်ပြီး HSK 4 ထိ ရောက်ရင်တောင် အတော်ပြောတက်နေတယ့် level ဖြစ်ပါတယ်။

--------- How to self study --------

🗒️ HSK 1 : https://coursera.org/learn/hsk-1
ကြာချိန် : ၇ ပတ်

🗒️ HSK 2 : https://coursera.org/learn/hsk-2
ကြာချိန် : ၇ ပတ်

🗒️ HSK 3 part 1 : https://coursera.org/learn/hsk-3
ကြာချိန် : ၁၀ ပတ်

🗒️ HSK 3 part 2 : https://coursera.org/learn/hsk-3-part2
ကြာချိန် : ၁၁ ပတ်

🗒️ HSK 4 : https://coursera.org/learn/hsk-4
ကြာချိန် : ၁၁ ပတ်

🗒️ HSK 5 : https://coursera.org/learn/chinese-for-hsk5
ကြာချိန် : ၁၄ ပတ်

🗒️ HSK 6 : https://coursera.org/learn/chinese-for-hsk-6
ကြာချိန် : ၁၄ ပတ်

-------------- Thank You --------------

I wish you all well for your language journey.May you all achieve your goals.

အားလုံးဘဲ အဆင်ပြေကြပါစေရှင်။😌😘

03/11/2023

How I learned English on my own without studying?

အင်္ဂလိပ်စာကို အစကနေ Rissa ဘယ်လိုလေ့လာခဲ့လဲ ဆိုတာကို ဒီ video လေးမှာ ရှင်းပြထားပါတယ်။

အသုံးပြုသွားတယ့် step လေးတွေကတော့

(1) Learning the basics
(2) Immersion
(3) Reading
(4) Talking to myself
(5) Taking my time & be consistent

ဖြစ်ပါတယ်။

With love ,
Rissa

03/11/2023

Hola , Todos!!

This is Rissa. 😊

Rissa က language တွေကို ဝါသနာပါသူ ဖြစ်ပြီး လက်ရှိ English , Spanish နဲ့ Chinese တို့ကို လေ့လာနေသူဖြစ်ပါတယ်။ English ကိုတော့ ပြန်လာသင်ကြား ပေးနိုင်နေပြီဖြစ်တယ့် Tr တစ်ယောက်ပါ။

စာသင်နှစ် အတွေ့အကြုံကတော့ လေးနှစ်ရှိပါပြီ။ ယခင်က Online language center တစ်ခုမှာ General 4 skills ၊ Speaking သင်ကြားပေးခဲ့ပြီး အခုတော့ international school တစ်ခုမှာ teacher အဖြစ် လုပ်ကိုင်နေပါတယ်။ ကိုယ့် အားလပ်ချိန်မှာလည်း Spanish နဲ့ Chinese ကို ရသလိုလေ့လာဖြစ်ပါတယ်။

Rissa လိုမျိုး language ကို စိတ်ဝင်စားတယ်၊သင်ယူတက်မြောက်ချင်သော စိတ်သဘောထားတူသူများ page လေးကို like,follow လေးလုပ်သွားကြပါနော်။ အပတ်တိုင်း language နှင့် သက်ဆိုင်သော ဗဟုသုတ ရစရာများ၊သင်တန်းများအကြောင်းကို sharing လုပ်သွားပေးသွားမှာ ဖြစ်ပါတယ်။

With love,
Rissa

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon