Confidence English Language Centre

Confidence English Language Centre 𝐂𝐡𝐚𝐧𝐠𝐞 𝐲𝐨𝐮𝐫 𝐚𝐰𝐤𝐰𝐚𝐫𝐝𝐧𝐞𝐬𝐬
𝐢𝐧𝐭𝐨 𝐂𝐎𝐍𝐅𝐈𝐃𝐄𝐍𝐂𝐄

23/05/2026

Tr Win Nu

Big shout out to my newest top fans! 💎 Thiri Tinttal Aung, Myint Myint Win, Aye Myat Mon, Ei Shwe Yee Win, Moh Moh WinDr...
11/05/2026

Big shout out to my newest top fans! 💎 Thiri Tinttal Aung, Myint Myint Win, Aye Myat Mon, Ei Shwe Yee Win, Moh Moh Win

Drop a comment to welcome them to our community, fans

Crd #"ဆရာတစ်ယောက် စာသင် ကောင်း/မကောင်းဘယ်လိုအရာတွေကဖော်ပြနေသလဲ။သင်ကြားသင်ယူမှုရပ်ဝန်းကောင်းတစ်ခုဖြစ်ဖို့ရောဘယ်အချက်တွေလိ...
11/05/2026

Crd #
"ဆရာတစ်ယောက် စာသင် ကောင်း/မကောင်းဘယ်လိုအရာတွေကဖော်ပြနေသလဲ။
သင်ကြားသင်ယူမှုရပ်ဝန်းကောင်းတစ်ခုဖြစ်ဖို့ရောဘယ်အချက်တွေလိုက်နာသင့်သလဲ။?.................................................................................

ကလေးတွေကို ဆရာ စာသင်ကောင်းလားလို့ မေးလို့မှ မဖြစ်တာ။ မင်းတို့သိပြီလား ၊ငါ စာသင်တာ ဒီလိုကွလို့ ပြောရင်လည်း အတော် အူကြောင်ကြောင်နိုင်တဲ့သူ ဖြစ်မှာပဲ။

ကလေးတွေရဲ့ နှုတ်ထွက်စကားဆိုတာကလည်း သိပ်ယုံလို့ရတာ မဟုတ်ဘူး။ ဆရာကို အားနာလို့ဖြစ်စေ ၊ ကြောက်လို့ဖြစ်စေ သူတို့က စာ နားမလည်တာကို နားလည်သလိုလို နေတတ် ၊ဖြီးတတ်တယ်။ ဒါ သူတို့ရဲ့ ကျွမ်းကျင်မှုနယ်ပယ်။ သူတို့ဝန်းကျင်ရဲ့ ယဉ်ကျေးမှု။ အတန်းစဉ်တလျှောက် သူတို့ကျင့်သုံးခဲ့တဲ့ လမ်းစဉ်။ ခေါက်ရိုးကျိုးနေတဲ့ အကျင့်။

ဆရာကို အားနာခြင်း နဲ့ ကြောက်ခြင်းဟာ ကလေးရဲ့ နားလည်မှု ခရီးမှာ အကြီးမားဆုံး အတားအဆီးပဲ။

ဒီအတားအဆီးတွေကို ကျော်ဖြတ်ဖို့ဆိုရင် ဆရာဟာ အခရာကျ
တယ်။

အားနာခြင်းဆိုတာ တပည့်ကျင့်ဝတ်မှာ မပါဘူး။ မသိရင် မေးပါ လို့ ကြိုဆိုရမယ်။ နှုတ်အားဖြင့်ရော အပြုအမူအားဖြင့်ပါ ဆရာဆိုတာ ကလေးတွေအတွက်အဖော်ရွေဆုံးလူသား ဖြစ်ရမယ်။ ကလေးတွေရဲ့ ရင်ထဲမှာ ဆရာကို ချစ်ခင်လေးစားစိတ် အမြစ်တွယ်နေရင် အကောင်းဆုံးပဲ။

နောက်တစ်ခုက အကြောက်တရား။
အခုခေတ်ကလေးတွေက ဆရာကို ကြောက်ရကောင်းမှန်း မသိဘူး လို့ တချို့က ပြောတယ်။ ဘာလို့ တပည့်က ဆရာကို ကြောက်ရမှာလဲ။ ကြောက်စရာမှ မလိုတာ။ ဘဝမှာ ဘာကို ကြောက်ရမှာလဲ ၊ ဘာကို မကြောက်ရဘူးလဲဆိုတာ ဆရာကိုယ်တိုင်က ခွဲခြား သိထားရမှာပါ။

တကယ်တော့ တပည့်ကျင့်ဝတ်ထဲမှာလည်း ဆရာကို ကြောက်ရမယ်လို့ မပါ ပါဘူး။ ဆုံးမ နာယူ လို့တော့ ပါတယ်။ ဒါပေမဲ့ စာနဲ့ပတ်သက်ပြီး ဆုံးမတာကို မနာယူတိုင်း အဲဒါ မကြောက်လို့ပဲလို့ ပြောမဖြစ်ပြန်ပါဘူး။ ကလေးကို ဘယ်လိုဆုံးမလဲဆိုတာက ဒီနေရာမှာ အရေးကြီးလာပါပြီ ။ အဲဒါက စာသင်ကြားခြင်းအပေါ် အကျိုးသက်ရောက်နိုင်လို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ ကျောင်းဆရာတစ်ယောက်အတွက် ငါ စာသင်ကောင်းလားဆိုတဲ့ အဖြေကို သိဖို့ရာ အတော်ခက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအဖြေက သူ့ဆီမှာ မတွေ့နိုင်လို့ပဲ။ အဲဒီအဖြေက ကလေးတွေရဲ့နှလုံးသားထဲမှာ ရှိတာလေ။

အဲဒီနှလုံးသားတွေကို ခင်ဗျား မြင်ချင်ရင်တော့ သူတို့ရဲ့ မျက်လုံးတွေကို အကဲခတ်လိုက်ပါ။

ခင်ဗျားစာသင်တုန်းမှာ သူတို့ရဲ့မျက်လုံးလေးတွေဟာ အကြောက်တရားရဲ့အောက်မှာ အသက်မဲ့နေသလား၊ ငြီးငွေ့ခြင်းမှိုင်းမိပြီး အိပ်ငိုက်နေသလား။ ခင်ဗျားစာသင်ပြီးချိန်မှာလည်း ခင်ဗျားကို အထူးအဆန်းသတ္တဝါတစ်ကောင်ကို ငေးသလို ငေးနေလား။ အဲဒါဆိုရင် သေချာပြီ။ သူတို့ရဲ့နှလုံးသားတွေက မှတ်ချက်ပြုလိုက်ပြီ။ ခင်ဗျားဟာ စာသင် မကောင်းသူပဲ။

ဒါမှမဟုတ်

ခင်ဗျားစာသင်နေတုန်းမှာ သူတို့ရဲ့မျက်လုံးလေးတွေဟာ စူးစမ်းသိလိုစိတ်နဲ့ အသက်ဝင်နေသလား၊ သက်တောင့်သက်သာရှိခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကြောင့် မျက်လုံးလေးတွေက တောက်ပရွှန်းလက်နေလား။ ခင်ဗျားစာသင်ပြီးချိန်မှာလည်း သူတို့ရဲ့မျက်လုံးလေးတွေက
ကြယ်လေးတွေလို ခင်ဗျားကို အစွမ်းကုန် ပြုံးပြနေသလား။
အဲဒါဆိုရင် သေချာပြီ။ သူတို့ရဲ့နှလုံးသားတွေက ကမ္ဗည်းထိုးလိုက်ပြီ။ ခင်ဗျားဟာ စာသင်ကောင်းသူပဲ။




ဆရာပီသတဲ့စိတ် ကို အမွေပေးခဲ့တဲ့ ဆရာမတစ်ယောက် ဖြစ်တဲ့ ကျွန်မရဲ့ မေမေ( မိမိ)  အမြဲပြောခဲ့ဖူးတဲ့ စကားလေးတချို့ "ပညာရွှေအိုး...
06/05/2026

ဆရာပီသတဲ့စိတ် ကို အမွေပေးခဲ့တဲ့ ဆရာမတစ်ယောက် ဖြစ်တဲ့ ကျွန်မရဲ့ မေမေ( မိမိ) အမြဲပြောခဲ့ဖူးတဲ့ စကားလေးတချို့

"ပညာရွှေအိုး လူမ ခိုး"

"ပင်လယ်ရေ သောက်မကုန် ပါဘူး " ဆိုတာလေးတွေ အမြဲမှတ်သားရင်း ... 🙏🙏🙏

“A new journey ahead for a teacher who dedicated her life to teaching from 19 to 40.”

06/05/2026
💜Knowledge is power 💜
06/05/2026

💜Knowledge is power 💜

💜New chapter , Forward is the only direction 💜Let go ,GrowFlyers /Movers Cambridge Exam ,2026
05/05/2026

💜New chapter , Forward is the only direction 💜
Let go ,Grow
Flyers /Movers
Cambridge Exam ,2026

01/04/2026

Let's figure this out💜

Address

No. (25), 3rd Floors, No. 301(A), Aung Zay Ya Street, Yankin
Yangon
11082

Telephone

09254112052

Website

Alerts

Be the first to know and let us send you an email when Confidence English Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Confidence English Language Centre:

Shortcuts

Share