Classic Education Centre

Classic Education Centre The best play for children to make them growth up with safety and healthy environment

𝐇𝐞𝐫𝐨 လေးတို့အတွက် အတန်းသစ်မှာ နေရာအနည်းငယ်သာ ကျန်ပါတော့တယ်... 🚨✨ရင်သွေးလေး လမ်းလျှောက်စမှာ ခြေလှမ်းမှားမှာစိုးလို့ လက်ကလ...
22/08/2026

𝐇𝐞𝐫𝐨 လေးတို့အတွက် အတန်းသစ်မှာ နေရာအနည်းငယ်သာ ကျန်ပါတော့တယ်... 🚨✨

ရင်သွေးလေး လမ်းလျှောက်စမှာ ခြေလှမ်းမှားမှာစိုးလို့ လက်ကလေးကို မြဲမြဲဆုပ်ကိုင်ထားခဲ့ကြသလိုပဲ သူတို့လေးတွေ ပညာရေးနဲ့ လူ့လောကထဲ အခြေချတော့မဲ့ အချိန်မှာလည်း မေမေ၊ ဖေဖေတို့ ရင်ထဲမှာ စိုးရိမ်စိတ်တွေ အပြည့်နဲ့ အကောင်းဆုံး ရွေးချယ်မှုပေးချင်ကြမယ်ဆိုတာ CEC က ထပ်တူ ခံစားမိပါတယ်ရှင်။ 🤍🌱
ယှဉ်ပြိုင်မှုတွေ၊ စိန်ခေါ်မှုတွေ များပြားလှတဲ့ ဒီခေတ်ကြီးမှာ ကိုယ့်ရဲ့ ရင်သွေး 𝐇𝐞𝐫𝐨 လေးကို အရာရာမှာ နောက်ကျကျန်ခဲ့မှာ ပူပန်နေရတဲ့ မိဘတိုင်းရဲ့ သောကကို လျော့ပါးစေဖို့ 𝐂𝐥𝐚𝐬𝐬𝐢𝐜 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐂𝐄𝐂) က မေတ္တာအပြည့်နဲ့ အဆင်သင့် စောင့်ကြိုနေပါတယ်နော်။ 🤗✨
CEC မှာ စာတော်ဖို့တစ်ခုတည်းအတွက် မဟုတ်ဘဲ ခန္ဓာကိုယ် ကြံ့ခိုင်ရေး၊ နှလုံးရည် ထက်မြက်ရေးနဲ့ သူတစ်ပါးကို ကိုယ်ချင်းစာ ဖေးမတတ်တဲ့ စိတ်ဓာတ်ကောင်းလေးတွေပါ ကိန်းဝပ်သွားအောင် အုတ်မြစ်ချပေးတာပါ။
မိမိအကျိုးတင်မက လောကအကျိုးပါ သယ်ပိုးနိုင်မဲ့ လူတော်၊ လူကောင်းလေးတွေဖြစ်အောင် အရိပ်ကောင်းတစ်ခုလို ပျိုးထောင်ပေးနေတာဖြစ်လို့ မေမေ၊ ဖေဖေတို့ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်ရှင်။ 😍
ကလေးတစ်ယောက်ချင်းစီရဲ့ ခံစားချက်၊ အားသာချက်နဲ့ အလားအလာတွေကို ကျောင်းက ဆရာ၊ ဆရာမတွေက အသေးစိတ် ဂရုစိုက် စောင့်ကြည့်ပျိုးထောင်ပေးချင်တာကြောင့် အတန်းတစ်တန်းကို လူဦးရေ အကန့်အသတ်လေးနဲ့ပဲ စနစ်တကျ လက်ခံသင်ကြားပေးတာပါ။
ဒါကြောင့် အတန်းသစ်အတွက် နေရာလေးတွေ အနည်းငယ်သာ ကျန်ပါတော့တာမို့ ကိုယ့် Hero လေးရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ အုတ်မြစ်ကို CEC နဲ့အတူ အမြန်ဆုံး အကောင်အထည်ဖော်လိုက်ရအောင်နော်။ ❤️
💬 ကျောင်းနဲ့ပတ်သက်လို့ မေးမြန်းစုံစမ်းချင်တယ်ဆိုရင်တော့

📞𝟎𝟗𝟒𝟐𝟏𝟎𝟕𝟐𝟓𝟓𝟖
📞 𝟎𝟗𝟕𝟔𝟔𝟎𝟗𝟏𝟒𝟐𝟔

🗓 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲
🕰 𝟏𝟎:𝟎𝟎 𝐀𝐌 - 𝟒:𝟎𝟎 𝐏𝐌 အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အတန်းကိုလည်း 📚

📍𝐂𝐞𝐧𝐭𝐫𝐞 𝟏 - ဒဂုံဆိပ်ကမ်းမြို့နယ်
📍𝐂𝐞𝐧𝐭𝐫𝐞 𝟐 - သာကေတမြို့နယ် ဆိုပြီး 𝐂𝐞𝐧𝐭𝐫𝐞 နှစ်ခုရှိလို့ စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်ပါတယ်။

#𝐂𝐄𝐂 #𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 #𝐞𝐧𝐠𝐥𝐢𝐬𝐡𝐬𝐜𝐡𝐨𝐨𝐥 #𝐡𝐢𝐠𝐡𝐞𝐫𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 #နိုင်ငံတကာသင်ရိုး #အဆင့်မြင့်မူကြို

20/08/2026

မေမေတွေအကုန်လုံးကိုဖိတ်ခေါ်ပါတယ်။ Mom Awareness Event လေးရဲ့special promotion🥳💛

Perfect Mum ဖြစ်ဖို့မလိုပါဘူး။ ကိုယ့်ကလေးကိုယ်ပိုမိုနားလည်တဲ့မေမေဖြစ်ဖို့ပဲလိုပါတယ်။🫶💛

Free Event

Event Location: Dagon Seikkan Branch

Event Time:10:30AM-12:00PM
Ph: 09766091426, 09421072558
လိပ်စာအသေးစိတ်ကိုcb မှာပို့ပေးမှာမို့CB ကိုလှမ်းခဲ့နော်

ကလေး ဂျီကျချိန်မှာ "အလျော့ပေးခြင်း" နဲ့  "နားလည်ပေးခြင်း" ရဲ့ ခြားနားချက် ✨ကလေးတစ်ယောက် သူ့စိတ်နဲ့မတိုက်ဆိုင်မှု တစ်ခုခု...
15/08/2026

ကလေး ဂျီကျချိန်မှာ "အလျော့ပေးခြင်း" နဲ့ "နားလည်ပေးခြင်း" ရဲ့ ခြားနားချက် ✨

ကလေးတစ်ယောက် သူ့စိတ်နဲ့မတိုက်ဆိုင်မှု တစ်ခုခုကြုံရချိန်တိုင်း ဂျီကျပြီး အော်ဟစ်ငိုယို သောင်းကျန်းတဲ့အခါ မိဘတော်တော်များများ ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုက ငိုတာတိတ်ရင်ပြီးရော အလိုလိုက် အလျော့ပေးရမလား၊ ဒါမှမဟုတ် ငိုနေတာကို လွှတ်ထားလိုက်ရမလား ဆိုတာပါပဲ။

ဒီနေရာမှာ မိဘတွေ သတိမမူမိဘဲ မှားတတ်တဲ့ ခြားနားချက်တစ်ခုက “အလျော့ပေးခြင်း” နဲ့ “နားလည်ပေးခြင်း” တို့ပဲ ဖြစ်ပါတယ်။

ကလေးဂျီကျချိန်မှာ အလျော့ပေးခြင်းနဲ့ နားလည်ပေးခြင်းက အပြင်ပန်းမှာ တူညီသလိုထင်ရပေမဲ့ ကလေးရဲ့ ရေရှည်အပြုအမူအပေါ်မှာ သက်ရောက်မှုက လုံးဝကွာခြားပါတယ်။

✅ အလျော့ပေးခြင်း ဆိုတာက ကလေး ငိုယိုဂျီကျမှုကို ခေတ္တရပ်တံ့သွားစေဖို့ ကလေးတောင်းဆိုသမျှကို လိုက်လျောပေးတာမျိုးပါ။

🔺 ရေရှည်အကျိုးဆက်အနေနဲ့ ကလေးစိတ်မှာ “ငါ အော်ငိုလိုက်ရင်၊ ဂျီကျလိုက်ရင် ငါရချင်တာ ရတာပဲ” ဆိုတဲ့ သင်ခန်းစာကို မှားယွင်းစွာ မှတ်သားသွားပါတယ်။ ကြီးပြင်းလာတဲ့အခါ စိတ်အလိုမကျတိုင်း ဒေါသထွက်ခြင်း၊ စိတ်ဓာတ်မခိုင်မာခြင်းနဲ့ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိခြင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။

✅ နားလည်ပေးခြင်းကတော့ ကလေးရဲ့ ငိုယိုမှု၊ ဒေါသထွက်မှုကို ရန်သူလိုမမြင်ဘဲ ကလေးမှာ စိတ်ခံစားချက် အဆင်မပြေမှုရှိနေပြီဆိုတာကို အသိအမှတ်ပြုပေးတာ ဖြစ်ပါတယ်။ “မင်း စိတ်တိုနေတာကို မေမေ၊ ဖေဖေ နားလည်တယ်၊ ဒါပေမဲ့ ဒီပြုအမူကတော့ မလုပ်ရဘူး” ဆိုပြီး ခံစားချက်ကို လက်ခံပေးကာ စည်းကမ်းနဲ့ သွန်သင်မှုကို ယှဉ်တွဲလမ်းပြပေးတာ ဖြစ်ပါတယ်။

⚜ ရေရှည်အကျိုးဆက်အနေနဲ့ ကလေးဟာ ကိုယ့်ခံစားချက်ကို မှန်ကန်စွာ ဖော်ပြတတ်လာတယ်၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်း မြင့်မားလာပြီး ပြဿနာတွေကို တည်ငြိမ်စွာ ဖြေရှင်းတတ်တဲ့ လူကြီးတစ်ယောက် ဖြစ်လာပါတယ်။

ဒါကြောင့် မေမေ၊ ဖေဖေတို့အနေနဲ့ ကိုယ့်ရင်သွေးရဲ့ စိတ်ခံစားချက် လိုအပ်ချက်ကို ချစ်ခြင်း၊ နားလည်ပေးခြင်းတို့နဲ့ အရင်ဆုံး လက်ခံပေးပြီး စည်းကမ်းနဲ့ အပြုအမူပိုင်းကိုတော့ လမ်းကြောင်းမှန်ပေါ် ရောက်အောင် စနစ်တကျ လေ့ကျင့်ပေးရပါမယ်နော်။ 💯🥰

မေမေ၊ ဖေဖေတို့ တကယ်လိုလားတဲ့ “လိမ္မာရေးခြားရှိပြီး စိတ်ဓာတ်ခိုင်မာတဲ့ အနာဂတ် 𝐇𝐞𝐫𝐨 လေး” တွေဖြစ်လာဖို့ 𝐂𝐄𝐂 က မေတ္တာ၊ အသိပညာတို့နဲ့ စနစ်တကျ ပျိုးထောင်ပေးနေပါတယ်။

ဒါကြောင့် စည်းကမ်းလည်းရှိ၊ 𝐄𝐐 လည်းမြင့်တဲ့ 𝐇𝐞𝐫𝐨 လေးတို့အနာဂတ်အတွက်ဆို 𝐂𝐄𝐂 ကို စိတ်ချယုံကြည်လက်တွဲနိုင်တာမို့ အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🥰

💬 ကျောင်းနဲ့ပတ်သက်လို့ မေးမြန်းစုံစမ်းချင်တယ်ဆိုရင်တော့

📞𝟎𝟗𝟒𝟐𝟏𝟎𝟕𝟐𝟓𝟓𝟖
📞 𝟎𝟗𝟕𝟔𝟔𝟎𝟗𝟏𝟒𝟐𝟔

🗓 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲
🕰 𝟏𝟎:𝟎𝟎 𝐀𝐌 - 𝟒:𝟎𝟎 𝐏𝐌 အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အတန်းကိုလည်း 📚

📍𝐂𝐞𝐧𝐭𝐫𝐞 𝟏 - ဒဂုံဆိပ်ကမ်းမြို့နယ်
📍𝐂𝐞𝐧𝐭𝐫𝐞 𝟐 - သာကေတမြို့နယ် ဆိုပြီး 𝐂𝐞𝐧𝐭𝐫𝐞 နှစ်ခုရှိလို့ စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်ပါတယ်။

#𝐂𝐄𝐂 #𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 #𝐞𝐧𝐠𝐥𝐢𝐬𝐡𝐬𝐜𝐡𝐨𝐨𝐥 #𝐡𝐢𝐠𝐡𝐞𝐫𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 #နိုင်ငံတကာသင်ရိုး #အဆင့်မြင့်မူကြို

ယုံကြည်မှုအပြည့်နဲ့ သွက်လက်ထက်မြက်တဲ့ Hero လေးတို့ မွေးဖွားရာ CEC 😍“ဟယ် ကလေးလေးက တော်လိုက်တာ၊ သွက်လက်တက်ကြွပြီး ကိုယ့်ကိ...
09/08/2026

ယုံကြည်မှုအပြည့်နဲ့ သွက်လက်ထက်မြက်တဲ့ Hero လေးတို့ မွေးဖွားရာ CEC 😍

“ဟယ် ကလေးလေးက တော်လိုက်တာ၊ သွက်လက်တက်ကြွပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိလိုက်တာ” ဆိုတဲ့ ချီးကျူးသံလေးတွေကို ကြားရတဲ့အခါ မိဘတိုင်း ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်နော်။ 💖✨

ဒီလို ကိုယ့်အားကိုယ်ကိုးတတ်ပြီး ယုံကြည်မှုအပြည့်နဲ့ ထက်မြက်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့ဆိုတာ မွေးရာပါ ပါရမီတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက စနစ်တကျ မေတ္တာအပြည့်နဲ့ ပျိုးထောင်ပေးခဲ့တဲ့ အုတ်မြစ်ကောင်းတွေရဲ့ ရလဒ် ဖြစ်ပါတယ်။ 🌱
အရာရာကို အလျင်အမြန် မှတ်သားသင်ယူနိုင်တဲ့ မူကြိုအရွယ်မှာ ပေးလိုက်တဲ့ အလေ့အကျင့်ကောင်းတွေက ကလေးတို့ရဲ့ တစ်သက်တာ အနာဂတ်အတွက် အရေးအကြီးဆုံး အခြေခံအုတ်မြစ်ပါပဲ။
ဒါကြောင့်မို့လို့ CEC ကျောင်းတော်ကြီး မှာဆိုရင် Hero လေးတွေကို စာတော်ရုံတင်မကဘဲ

✨ ကိုယ်ချင်းစာတရား ရှိသူများ ဖြစ်လာစေဖို့

✨ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီတတ်စေဖို့

✨ လူကြီးသူမများကို ရိုသေယဉ်ကျေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အနာဂတ်ကြယ်ပွင့်လေးများ ဖြစ်လာစေဖို့ ရင်အုပ်မကွာ မေတ္တာအပြည့်နဲ့ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးလျက် ရှိပါတယ်ရှင်။ ❤️

သန့်ရှင်း ဘေးကင်းပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ ကလေးတို့ရဲ့ အပြုအမူ၊ အပြောအဆိုနဲ့ အမူအကျင့်တိုင်းကို ဆရာ၊ ဆရာမများက အနီးကပ် ယုယကြင်နာမှုအပြည့်နဲ့ စောင့်ရှောက်ပေးတာမို့ မေမေ၊ ဖေဖေတို့အနေနဲ့ စိတ်ချလက်ချ ယုံကြည်အပ်နှံနိုင်ပါတယ်။ 🏫✨

ကျောင်းနေပျော်ပြီး စာတော်ရုံသာမက မိသားစု၊ လူမှုအဖွဲ့အစည်းနဲ့ လောကကြီးအတွက် အဖိုးတန်ပြီး ယုံကြည်မှုအပြည့်ရှိတဲ့ "Hero လေး" အဖြစ် ပျိုးထောင်ပေးချင်တယ်ဆိုရင်တော့ Classic Education Centre ( CEC ) ကို သတိရလိုက်ပါနော်။

💬 ကျောင်းနဲ့ပတ်သက်လို့ မေးမြန်းစုံစမ်းချင်တယ်ဆိုရင်တော့

📞09421072558
📞 09766091426

🗓 Monday to Sunday
🕰 10:00 AM - 4:00 PM အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အတန်းကိုလည်း 📚

📍Centre 1 - ဒဂုံဆိပ်ကမ်းမြို့နယ်
📍Centre 2 - သာကေတမြို့နယ် ဆိုပြီး Centre နှစ်ခုရှိလို့ စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်ပါတယ်။

#နိုင်ငံတကာသင်ရိုး #အဆင့်မြင့်မူကြို

02/08/2026

✨ **August လအတွင်း Hero လေးတို့အတွက် CEC က ဘာတွေ စီစဉ်ပေးထားလဲ သိချင်ပါသလား?** 👧👦💖

August လတစ်လလုံးမှာ Hero လေးတို့အတွက် စီစဉ်ထားတဲ့အစီအစဉ်အသေးစိတ်များကို **CEC Viber Channel** မှာ ဆက်တိုက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 📚✨

📲 **CEC Viber Channel** လေးကို Join ထားပြီး Hero လေးတို့အတွက် စီစဉ်ထားတဲ့ အစီအစဉ်လေးတွေကို အရင်ဆုံး ကြည့်ရှုလိုက်ပါနော်။ 🤍🌿

💛 **August လမှာ နောက်ထပ် စိတ်ဝင်စားစရာ အစီအစဉ်လေးတွေလည်း ရှိသေးတာမို့ CEC Viber Channel မှာ ဆုံကြရအောင်နော်။** 🫶✨

CEC Viber Channel link
https://invite.viber.com/?g2=AQBx0UqHKAb1Z1XRTOHmzMVxHXcKK1S2VWhXmvh6f2XKzxFwxzZ3MY98PJJgbfAv

**🌈Classic Education Centre**🌈

CEC မိသားစုဝင် မေမေ၊ ဖေဖေတို့နှင့်တကွ ဗုဒ္ဓဘာသာဝင် မိဘပြည်သူများအားလုံး ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ကိုယ်စိတ်န...
29/07/2026

CEC မိသားစုဝင် မေမေ၊ ဖေဖေတို့နှင့်တကွ ဗုဒ္ဓဘာသာဝင် မိဘပြည်သူများအားလုံး ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း Classic Education Centre မိသားစုမှ ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ 🙏❤️

ဝါဆိုလပြည့်နေ့ဆိုတာ မြတ်စွာဘုရားရှင်က မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီငါးဦးတို့အား "ဓမ္မစကြာဒေသနာတော်" ကို စတင်ဟောကြားတော်မူခဲ့တဲ့ လောကကြီးတစ်ခုလုံး တရားအလင်းရောင် စတင်ရရှိခဲ့တဲ့ ထူးခြားမွန်မြတ်လှတဲ့ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။

ဒီလို နေ့ထူးနေ့မြတ်အခါသမယမှာ မိဘပြည်သူများနှင့်တကွ ကျွန်မတို့ရဲ့ Hero လေးများအားလုံး တရားအသိဖြင့် စိတ်အေးချမ်းသာရှိကြပြီး၊ ကောင်းမှုကုသိုလ်အဖြာဖြာကို အတူတကွ ပြုလုပ်နိုင်ကြပါစေရှင်။ 🥰

💬 ကျောင်းနဲ့ပတ်သက်လို့ မေးမြန်းစုံစမ်းချင်တယ်ဆိုရင်တော့

📞 09421072558
📞 09766091426

🗓 Monday to Sunday
🕰 10:00 AM - 4:00 PM အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အတန်းကိုလည်း 📚

📍Centre 1 - ဒဂုံဆိပ်ကမ်းမြို့နယ်
📍Centre 2 - သာကေတမြို့နယ် ဆိုပြီး Centre နှစ်ခုရှိလို့ စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်ပါတယ်။



#နိုင်ငံတကာသင်ရိုး #အဆင့်မြင့်မူကြို #ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

🌸 မင်္ဂလာပါ🌸📢 **CEC Preschool ၏ Official Viber Channel အသစ်** ကို စတင်ဖွင့်လှစ်ထားပါပြီရှင်🤍  🧸 **မူကြိုအရွယ် သားသားမီးမ...
28/07/2026

🌸
မင်္ဂလာပါ🌸

📢 **CEC Preschool ၏ Official Viber Channel အသစ်** ကို စတင်ဖွင့်လှစ်ထားပါပြီရှင်🤍

🧸 **မူကြိုအရွယ် သားသားမီးမီးတို့အတွက်** CEC Preschool နှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ ကျောင်း၏ အစီအစဉ်များနှင့် Update များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် Channel တွင် Join ထားနိုင်ပါသည်ရှင် ✨

📍 Branch(1) - Dagon Seikkan Township
📍 Branch(2)- Tharkayta Township
Details Info in👋👇

💫 CEC ၏ နောက်ဆုံးရ အကြောင်းအရာများကို သိရှိနိုင်ရန် အောက်ပါ Link မှတစ်ဆင့် ဝင်ရောက် Join ပေးကြပါရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်ရှင်🤍

🔗 (Viber Channel Link)
https://invite.viber.com/?g2=AQBx0UqHKAb1Z1XRTOHmzMVxHXcKK1S2VWhXmvh6f2XKzxFwxzZ3MY98PJJgbfAv

🌈🌸CEC Preschool 🌈🌸

ကိုယ်နဲ့မသိသေးတဲ့ လူတွေကြားထဲမှာတောင် ယုံကြည်မှုအပြည့်နဲ့ ရဲရင့်တက်ကြွနေတဲ့ ကလေးငယ်လေးတွေကို မြင်ရတာ မိဘတိုင်းအတွက် သိပ်...
26/07/2026

ကိုယ်နဲ့မသိသေးတဲ့ လူတွေကြားထဲမှာတောင် ယုံကြည်မှုအပြည့်နဲ့ ရဲရင့်တက်ကြွနေတဲ့ ကလေးငယ်လေးတွေကို မြင်ရတာ မိဘတိုင်းအတွက် သိပ်ကျေနပ်အားရဖို့ကောင်းတယ်နော်။ 🥰

ငယ်စဉ်ကတည်းက သွက်လက်ထက်မြက်တဲ့ "Hero လေး" ဖြစ်လာဖို့ မူကြိုပညာရေးကို စတင်စဉ်းစားနေပြီဆိုရင်...
စာအုပ်ကြီးအတိုင်း စာသင်ပေးရုံတင်မကဘဲ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ပြုစုပျိုးထောင်ပေးပြီး လူကြီးဘဝရဲ့ အခြေခံကောင်းတွေကိုပါ တစ်ပါတည်း ထည့်သွင်းပေးနိုင်မယ့် 'မူကြိုရပ်ဝန်း' ဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ 💯
Classic Education Centre (CEC) မှာဆိုရင် Hero လေးတွေကို စာရေး၊ စာဖတ် သင်ကြားပေးရုံတင်မကဘဲ…..
🌟 လိမ္မာယဉ်ကျေးပြီး ကိုယ်ချင်းစာတရား ပြည့်ဝစေဖို့
🌟 မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းအတွက် အဖိုးတန်လူသားလေးတွေ ဖြစ်လာစေဖို့
🌟 နောင်တစ်ချိန် လူကြီးဘဝရောက်တဲ့အထိ မိမိဂုဏ်သိက္ခာကို တန်ဖိုးထားတတ်တဲ့ လူတော်လူကောင်းလေးတွေဖြစ်အောင် စနစ်တကျ မေတ္တာရှေ့ထား ပျိုးထောင်ပေးနေပါတယ်။
မိဘရင်ခွင်ကနေ ပထမဆုံး ခွဲခွာဖူးကာစ Hero လေးတွေအနေနဲ့ ပတ်ဝန်းကျင်အသစ်၊ သူငယ်ချင်းအသစ်တွေကြားမှာ စိုးရိမ်စိတ်ကင်းပြီး လိုက်လျောညီထွေ နေတတ်လာအောင်လည်း CEC ရဲ့ တီချယ်များက စိတ်ရှည်လက်ရှည်နဲ့ အနီးကပ် လေ့ကျင့်စောင့်ရှောက်ပေးနေပါတယ်ရှင်။ 🤗❤️

ယုံကြည်မှုအပြည့်နဲ့ သွက်လက်တက်ကြွတဲ့ Hero လေးအဖြစ် ပျိုးထောင်ရင်း ဘဝတစ်လျှောက်လုံးအတွက် အကျိုးရှိမယ့် အခြေခံကောင်းတွေကို ပညာအမွေပေးချင်တယ်ဆိုရင်တော့... ချစ်ရတဲ့ ရင်သွေးလေးရဲ့ ပထမဆုံးခြေလှမ်းအတွက် စိတ်ချရဆုံးဖြစ်တဲ့ CEC ကို သတိရလိုက်ပါနော်။ 🚀✨

💬 ကျောင်းနဲ့ပတ်သက်လို့ မေးမြန်းစုံစမ်းချင်တယ်ဆိုရင်တော့

📞 09421072558
📞 09766091426
🗓 Monday to Sunday
🕰 10:00 AM - 4:00 PM အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အတန်းကိုလည်း 📚

📍Centre 1 - ဒဂုံဆိပ်ကမ်းမြို့နယ်
📍Centre 2 - သာကေတမြို့နယ် ဆိုပြီး Centre နှစ်ခုရှိလို့ စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်ပါတယ်။

#နိုင်ငံတကာသင်ရိုး #အဆင့်မြင့်မူကြို

20/07/2026

🥺👶🏻🤍🤍💕

မူကြိုပညာရေးရဲ့ ရည်ရွယ်ချက်က စာရေးစာဖတ် ဆိုတာထက်ပိုပါတယ် ✨💯‘ကိုယ့်ရင်သွေးလေး မူကြိုကျောင်းတက်ပြီဆိုတော့ မကြာခင် စာတွေအမျ...
19/07/2026

မူကြိုပညာရေးရဲ့ ရည်ရွယ်ချက်က စာရေးစာဖတ် ဆိုတာထက်ပိုပါတယ် ✨💯

‘ကိုယ့်ရင်သွေးလေး မူကြိုကျောင်းတက်ပြီဆိုတော့ မကြာခင် စာတွေအများကြီး ရေးတတ်၊ ဖတ်တတ်လာတော့မှာပဲ’ လို့ တွေးရင်း ကြည်နူးပီတိဖြစ်နေပြီလား မေမေ၊ဖေဖေတို့ရေ….

ကိုယ့်ရဲ့ရင်သွေး "Hero လေး" ကို မူကြိုကျောင်း အပ်နှံတဲ့အခါ စာဖတ်တတ်ဖို့၊ စာရေးတတ်ဖို့ သက်သက်အတွက်ပဲ ရည်ရွယ်ပြီး ထားတယ်ဆိုရင်တော့ မူကြိုပညာရေးရဲ့ စစ်မှန်တဲ့ အနှစ်သာရက မပြည့်စုံသေးပါဘူးရှင်။ ✨

တကယ်တော့ မူကြိုပညာရေးရဲ့ အဓိကရည်ရွယ်ချက်က ပညာတတ်ဖို့၊ စာရေးစာဖတ် တတ်ဖို့ဆိုတာထက် Hero လေးတို့ နောင်တစ်ချိန် လူကြီးဘဝ ရောက်လာတဲ့အခါ ရှိထားရမယ့် "ဘဝတစ်ခုလုံးစာ အခြေခံကောင်းတွေ" ကို ငယ်စဉ်ကတည်းက စနစ်တကျ သင်ယူတတ်မြောက်သွားဖို့ ဖြစ်ပါတယ်။ 🧠🌱

💡 ကလေးတစ်ယောက်ရဲ့ ဘဝတစ်သက်တာလုံးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Emotional & Social Skills တွေကို မူကြိုကျောင်း ပတ်ဝန်းကျင်မှာ အခြေခံပျိုးထောင်ပေးရပါတယ်။

💡 လူမှုဆက်ဆံရေး အတွက် မိသားစုအပြင်ဘက်က သူငယ်ချင်းအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်တွေနဲ့ ဘယ်လို အဆင်ပြေအောင် ပြောဆိုနေထိုင်ရမလဲဆိုတာ လေ့ကျင့်ပေးရသလို….

💡 Activities တွေ အတူတူလုပ်ရင်း ဝေမျှတတ်တဲ့စိတ်၊ တစ်ဦးကိုတစ်ဦး ကူညီတတ်တဲ့စိတ်နဲ့ ကိုယ်ချင်းစာတရားတွေ ဖွံ့ဖြိုးလာစေဖို့ လမ်းညွှန်သင်ကြားပေးခြင်းကလည်း အထူးအရေးကြီးလှပါတယ်။

ကိုယ့်ရင်သွေးလေးကို တော်စေချင်၊ တတ်စေချင်တဲ့ မေမေ၊ ဖေဖေတို့ရဲ့ ရင်ထဲကဆန္ဒကို CEC က အပြည့်အဝနားလည်ပါတယ်။ 💛

ဒါပေမဲ့ တစ်ခုသတိထားရမှာက အသက် (၃) နှစ်အရွယ်လောက်ပဲ ရှိသေးတဲ့ Hero လေးတွေကို အတင်းအကျပ် စာရေးတတ်ဖို့၊ စာဖတ်တတ်ဖို့ တွန်းအားပေး နှိုးဆော်ခြင်းက သူတို့လေးတွေရဲ့ စူးစမ်းလိုစိတ်ကို ပိတ်ပင်လိုက်သလိုဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ အများကြီး ဖြစ်ပေါ်စေနိုင်ပါတယ်ရှင်။ 🙅‍♂️

ဒါကြောင့် Classic Education Centre (CEC) မှာဆိုရင် Hero လေးတွေကို စာအုပ်ကြီးအတိုင်း ဖိအားပေး သင်ကြားတာမျိုးမဟုတ်ဘဲ Play-based Learning စနစ်နဲ့ ကလေးတို့ရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တနဲ့ လူမှုဆက်ဆံရေးကဏ္ဍ အသီးသီးကို မေတ္တာရှေ့ထားပြီး စနစ်တကျ ပျိုးထောင်ပေးလျက် ရှိပါတယ်ရှင်။ 🤗❤️

Hero လေးတို့ရဲ့ အနာဂတ်အတွက် အစပြုမဲ့‌ခြေတစ်လှမ်းမှာ ဘဝအတွက် အခြေခံကောင်းတွေကို ပေါ့ပါးပျော်ရွှင်စွာနဲ့ စနစ်တကျသင်ယူတတ်မြောက်စေဖို့ CEC နဲ့အတူ တွဲလက်ညီညီ ပြုစုပျိုးထောင်ကြရအောင်လားရှင်။ 🤝🥰
💬 ကျောင်းနဲ့ပတ်သက်လို့ မေးမြန်းစုံစမ်းချင်တယ်ဆိုရင်တော့

📞 09421072558
📞 09766091426
🗓 Monday to Sunday
🕰 10:00 AM - 4:00 PM အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အတန်းကိုလည်း 📚

📍Centre 1 - ဒဂုံဆိပ်ကမ်းမြို့နယ်
📍Centre 2 - သာကေတမြို့နယ် ဆိုပြီး Centre နှစ်ခုရှိလို့ စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်ပါတယ်။

#နိုင်ငံတကာသင်ရိုး #အဆင့်မြင့်မူကြို

Address

No. 1483, 1st Floor, Myin Taw Thar Main Road, Near Kyan Mar Yay Bus Stop, Tharkayta Township
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+959421072558

Alerts

Be the first to know and let us send you an email when Classic Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Classic Education Centre:

Shortcuts

Share

Category