Duessla - Service-Learning Organisation

Duessla - Service-Learning Organisation

Share

Serve to learn and learn to serve. This is the university based Service-Learning Organization

27/05/2026

Quiet Personality ရှိလို့ Speaking ကို အမြဲရှောင်နေတတ်လား။ 👀

တကယ်တော့ Introvert ဖြစ်တာက Problem မဟုတ်ပါဘူး။ ဒါပေမယ့် “ပြောချင်တာရှိပေမယ့် မပြောရဲတာ” “Reply ပြန်ဖို့ စဉ်းစားနေရတာ” “ဖုန်းဝင်လာရင် Panic ဖြစ်သွားတာ” တွေကတော့ လူတော်တော်များများ ရင်ဆိုင်နေရတဲ့ Speaking Challenge ပဲ ဖြစ်ပါတယ်။

အထူးသဖြင့် Native Language မှာတောင် စကားပြောဖို့ ခက်နေတယ်ဆိုရင် Second Language Speaking မှာလည်း အခက်အခဲရှိလာနိုင်ပါတယ်။ ဒါပေမယ့် Speaking Skill ဆိုတာ Talent မဟုတ်ပါဘူး။ Practice နဲ့ တိုးတက်လာတဲ့ Skill တစ်ခုပါ။

ဒါကြောင့် ဒီနေ့လေးမှာတော့ Introvert လေးတွေအတွက် Speaking tip လေးတွေကို Sharing လုပ်ပေးသွားပါမယ်။

1⃣ Start with Small Conversations

Small Conversation တွေကနေ စပါ။ အမြဲတမ်း Silent Mode နေမယ့်အစား ကိုယ်နဲ့ Close ဖြစ်တဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့ Daily Conversation လေးတွေ များများပြောကြည့်ပါ။ Speaking ကို Used to ဖြစ်လာဖို့ အရင်ဆုံး “စပြောဖို့” အရေးကြီးပါတယ်။

2⃣ Don’t Aim for Perfect Sentences

Perfect Sentence တွေ မလိုပါဘူး။ စကားပြောတဲ့အချိန်မှာ Grammar Perfect ဖြစ်နေဖို့ မလိုပါဘူး။ Simple Word တွေကိုပဲ အသုံးပြုပြီး ကိုယ်ပြောချင်တာကို Clear ဖြစ်အောင် ပြောပေးပါ။

3⃣ Stop Overthinking While Speaking

Speaking ကို Overthink မလုပ်ပါနဲ့။ “ငါပြောတာ မှားသွားမလား” “တစ်ဖက်လူ ဘယ်လိုထင်မလဲ” ဆိုတဲ့ Thought တွေက Speaking ကို ပိုခက်စေပါတယ်။

4⃣ Preparation Builds Confidence

Public Speaking အတွက်တော့ Preparation က Key ပါ။ ကြိုတင် Practice လုပ်ထားတာက Confidence ကို တကယ်တိုးစေပါတယ်။ Mirror ရှေ့မှာပြောကြည့်တာ၊ Voice Record လုပ်ပြီး နားထောင်ကြည့်တာတွေကလည်း Effective ဖြစ်ပါတယ်။

ဒါဆို Introvert လေးတွေက ဒီလို Small Step လေးတွေကနေ စပြီး Practice လုပ်သွားမယ်ဆိုရင် Speaking ဆို ကြောက်စရာမလိုတော့ပါဘူးနော်။

နောင်လည်း DUESSLA က လူငယ်တွေအတွက် အကျိုးရှိမယ့် Content နဲ့ ပြန်လာဦးမှာမလို့ DUESSLA ရဲ့ Social Media Platform တွေကို စောင့်ကြည့်နေပေးဖို့ မှာချင်ပါတယ်ဗျ။





Photos from Duessla - Service-Learning Organisation's post 26/05/2026

Language Journey မှာ Speaking Step ကို ကျော်လွှားဖို့ ခက်ခဲနေသလား။💡

ဒါဆိုရင်တော့ DUESSLA က 100% Free Register နဲ့ ဖွင့်လှစ်ပေးထားတဲ့ Speaking Club တွေကို တမ်းသတိရလိုက်တော့နော်။

DUESSLA မှာ English,Thai, Korean, Chinese စတဲ့ Language တွေအပြင် သားသားမီးမီးလေးအတွက်ပါ English နဲ့ Burmese Speaking Club ကိုပါ ဖွင့်လှစ်ပေးထားတာကြောင့် လာရောက်လေ့ကျင့်ကြဖို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျ။

သက်ဆိုင်ရာ Speaking Club တစ်ခုချင်းစီရဲ့ Telegram Group တွေကိုပါ ပူးတွဲဖော်ပြပေးထားတာကြောင့် Group Join ထားရုံနဲ့ Zoom Link ကို အလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။

Group မ Join ဘဲ ပုံမှန်အတိုင်း Registration Form ဖြည့်ပြီး Join ချင်တဲ့သူတွေအတွက်~

📌 1. မိမိ Join လိုတဲ့ Speaking Club Post ရဲ့ အောက်မှာရှိတဲ့ Registration Form ထဲ ၀င်ပေးပါ။

📌 2. Form ဖြည့်ပြီးသွားရင်တော့ Submit လုပ်ပြီးကြောင်းကို Screenshot ရိုက်ပြီး Page ရဲ့ Messenger မှာ လာပို့ပေးပါ။ Screenshot ရိုက်ဖို့မမေ့ပါနဲ့နော်။

Google form ဖြည့်ဖို့ အခက်အခဲရှိသူများအနေနဲ့ကတော့

- "Help me'' ဆိုတဲ့ စာလေးကို Messenger မှ တစ်ဆင့်လာပို့ပေးရုံနဲ့
- Admin Team မှမေးခွန်းလေးတွေ ပြန်ပို့ပေးမှာဖြစ်ပြီး ဖြေဆိုပြီးတာနဲ့ Zoom Link ရရှိမှာပဲဖြစ်ပါတယ်ဗျ။

DUESSLA က Facebook မှာတင်မက Telegram Channel မှာလည်း အဆက်မပြတ် Run နေတာမို့ VPN အဆင်မပြေတဲ့သူလေးတွေက Information တွေ မလွတ်ရအောင် Telegram Channel လေးကိုလည်း Subscribe လုပ်ထားလို့ရပါတယ်ခင်ဗျာ။

https://t.me/DUESSLA




Photos from Duessla - Service-Learning Organisation's post 24/05/2026

📣 Interview Stage Selected Applicants Announcement

DUESSLA Batch 19 Volunteer Recruitment ကို စိတ်ဝင်တစား လာရောက်လျှောက်ထားပေးခဲ့ကြတဲ့ Applicant တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ။ 🤍

Application Form များကို သေချာလေး စီစစ်ပြီးတဲ့နောက်မှာ Interview Stage အတွက် ရွေးချယ်ခံရသူများလည်း ထွက်ပေါ်လို့လာပါပြီ။

ရွေးချယ်ခံရသူများကို Interview Information များ Email ကနေတစ်ဆင့် တစ်ပတ်အတွင်း အကြောင်းကြားသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့် Email ​လေးကို အမြဲဝင်စစ်ကြည့်ပေးဖို့ Remind လုပ်လိုက်ရပါတယ်ဗျ။

ဒါဆို Interview Stage မှာ တွေ့ရမယ့် Applicant တွေအားလုံး Good Luck ပါဗျ။





23/05/2026

“This is not a highlight reel. This is the behind-the-scenes 📽️ — Workshop Memo”

DUESSLA မှာ ကျင်းပခဲ့တဲ့ “This is not a highlight reel. This is the behind-the-scenes” Workshop လေးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီဗျာ ။✨

ဒီ Workshop လေးမှာတော့ Guest Speaker ဖြစ်တဲ့ Ko Zayar Htet က Study Abroad Journey တစ်လျှောက် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ Challenges တွေ၊ International Student Life ရဲ့ Hidden Realities တွေအပြင် Remote Jobs နဲ့ Part-time Jobs တွေကို ကျောင်းတက်ရင်း ဘယ်လို Balance လုပ်ခဲ့ရလဲဆိုတာတွေကို Real-life Experiences တွေနဲ့ Sharing လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ Workshop လေးက Participants တွေအတွက် Knowledge ရော Inspiration ပါ ရရှိခဲ့တဲ့ Meaningful Session တစ်ခု ဖြစ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်ဗျ။ အချိန်ပေးပြီး Guest Speaker အဖြစ် ပါဝင်ပေးခဲ့တဲ့ Ko Zayar Htet ကိုလည်း ကျွန်တော်တို့ DUESSLA ဘက်မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ဗျ။

နောက်ထပ်လည်း DUESSLA က Study Abroad ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အခုလို Valuable Workshop တွေနဲ့ ပြန်လာဦးမှာမလို့ DUESSLA ရဲ့ Social Media Platforms တွေကို စောင့်ကြည့်ပေးကြဖို့ မှာချင်ပါတယ်ဗျ။🙌




22/05/2026

You showed up 4 times. You won ✨

Congratulations DUESSLAers! (၄) ပတ်ဆက်တိုက် မပျက်မကွက် Join ခဲ့ကြတာဟာ Normal မဟုတ်ပါဘူး။ ဒါဟာ Dedication ပါနော်

ပင်ပန်းတဲ့ရက်တွေ၊ အလုပ်များတဲ့ရက်တွေ ရှိတဲ့ကြားထဲကမှ မပျက်မကွက် Join ခဲ့ကြတာဟာ Consistency ပါ။ Growth ပါ။ ဆက်ပြီးတော့လည်း ဒီ Score လေးကို ထိန်းသွားနိုင်ဖို့ လတိုင်း Star Award တွေ အရယူဖို့ ဆက်ကြိုးစားကြပါလို့ တိုက်တွန်းရင်း April ရဲ့ Star Award winner လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ 🥰





21/05/2026

“DUESSLA Batch-19 Volunteer ခေါ်ဆိုမှု အတွက် Application Form ပိတ်ကြောင်း အသိပေး အကြောင်းကြားခြင်း”

DUESSLA ကနေ Batch-19 အတွက် Volunteer ခေါ်ဆိုမှုကတော့ ယနေ့ (21.5.2026) ည (11:59 pm)မှာ Form ပိတ်လိုက်မှာဖြစ်ကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။

စိတ်ပါဝင်စားစွာ လာရောက်လျှောက်ထားကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း DUESSLA ကနေ ကျေးဇူးအထူးတင်ရှိပါတယ်။

Form အဆင့် ရွေးချယ်ခံရသူတွေကိုတော့ ကျွန်တော့်တို့ရဲ့ DUESSLA page မှာသာမက Telegram Channel မှာပါ ကြေငြာပေးသွားမှာမို့ Information တွေ လွတ်မသွားရအောင် စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်နော်။

ဒါဆိုရင်တော့ Form အဆင့်ရွေးချယ်ခံရသူတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ ရင်ခုန်လိုက်ရအောင်လားခင်ဗျာ။






20/05/2026

𝐃𝐞𝐬𝐢𝐠𝐧𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐅𝐮𝐭𝐮𝐫𝐞: 𝐀 𝐂𝐚𝐫𝐞𝐞𝐫 𝐓𝐚𝐥𝐤 𝐟𝐨𝐫 𝐀𝐦𝐛𝐢𝐭𝐢𝐨𝐮𝐬 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬

Vietnam မှာ Scholarship နဲ့ကျောင်းတက်ပြီး Startup တွေမှာ Product Designer အနေနဲ့ တက်လမ်းရှာနေတဲ့ Ko Stephen ရဲ့ Life journey က UI,UX နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတယ် Vietnam မှာ ကျောင်းတက်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ မြန်မာကျောင်းသားတော်တော်များများသိချင်နေတဲ့ မေးခွန်းတွေကို ဖြေပေးနိုင်မယ့် Workshop တစ်ခု အဖြစ်ပုံဖော်ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ကိုယ်တိုင်လည်း ကျောင်းတက်နေပြီး Volunteer နဲ့ Leadership Experience တွေအများကြီးနဲ့ အတူ Technical project တွေ ပြီးမြောက်အောင်မြင်ထားတဲ့ Ko Stephen က ဒီ Workshop မှာ ဘာတွေ ဆွေးနွေးသွားမလဲဆိုရင်

🔰 Vietnam မှာ Full Scholarship ရဖို့လျှောက်ထားနည်း
🔰 ကျောင်းတက်နေရင်းရခဲ့တဲ့ Work experiences
🔰 UI/UX & Product design career ကို ဘယ်ကစပြီးတည်ဆောက်မလဲ
🔰 Vietnam job market မှာရှိတဲ့ Freelance & part-time job opportunity စတာတွေပဲဖြစ်ပါတယ်။

Speaker's biography;

Name : Mr. Stephen Nyi Thway Thit Nyi Thway Thit - ညီသွေးသစ်
Education : BBA (Business Administration) | Ho Chi Minh City Open University

Work Experiences :
1. Junior Product Designer | RAPBANK, HCMC
2. Product Marketing & Development Intern | SIMCEL, HCMC
3. Product Design/Researcher Intern | Delta Cognition, HCMC

🗓 Date : 22 May 2026 (Friday)
🕰 Time : 8:00 - 9:30 PM (MMT)
💻 Platform : Zoom

Limited seats ဖြစ်တာမို့ အောက်က Registration Link ကို Click ပြီး မြန်မြန်လေး Register လုပ်ဖို့တော့လိုမယ်နော် ✨

https://docs.google.com/forms/d/e/1FAIpQLSclY_R2cVVa9aitvw_hC5Qf9mO7zjZzdgR8a1CHgwsDEL5hyw/viewform?usp=publish-editor







Photos from Duessla - Service-Learning Organisation's post 19/05/2026

“Gemini တွေကို အနိုင်ပိုင်းဖို့ စဉ်းစားထားရင် DUESSLA ကို လာ Join လို့ရပြီ”

ကိုယ်က တခြားရာသီခွင် ဖြစ်နေလို့ အားငယ်စရာမလိုပါဘူး။ DUESSLA ရဲ့ Speaking Club တွေ Join ပြီးသွားရင် စကားပြောကောင်းပါတယ်ဆိုတဲ့ Gemini တွေ ထိုင်ငိုသွားလိမ့်မယ်။

တစ်ပတ်တစ်ခါ DUESSLA မှာ Speaking Skill တိုးတက်အောင် လေ့ကျင့်ပေးရင်း သူငယ်ချင်းအသစ်တွေလည်း တိုးမယ်၊ ဗဟုသုတတွေလည်း တိုးမယ်၊ စကားအရာမှာလည်း ကျွမ်းကျင်လာမယ်ဆိုတော့ စဉ်းစားစရာတောင်မလိုဘဲ လာရောက်လေ့ကျင့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

DUESSLA ကနေ English, Korean, Chinese, Thai Language တွေအပြင် ကလေးတို့အတွက် English နဲ့ Burmese Speaking Club တွေကိုပါ စီစဉ်ပေးထားတာမို့ 100% Free နဲ့ Join နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

သက်ဆိုင်ရာ Speaking Club တစ်ခုချင်းစီရဲ့ Telegram Group တွေကိုပါ ပူးတွဲဖော်ပြပေးထားတာကြောင့် Group Join ထားရုံနဲ့ Zoom Link ကို အလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်။

Group မ Join ဘဲ ပုံမှန်အတိုင်း Registration Form ဖြည့်ပြီး Join ချင်တဲ့သူတွေအတွက်~

📌 1. မိမိ Join လိုတဲ့ Speaking Club Post ရဲ့ အောက်မှာရှိတဲ့ Registration Form ထဲ ၀င်ပေးပါ။

📌 2. Form ဖြည့်ပြီးသွားရင်တော့ Submit လုပ်ပြီးကြောင်းကို Screenshot ရိုက်ပြီး Page ရဲ့ Messenger မှာ လာပို့ပေးပါ။ Screenshot ရိုက်ဖို့မမေ့ပါနဲ့နော်။

Google form ဖြည့်ဖို့ အခက်အခဲရှိသူများအနေနဲ့ကတော့

- "Help me'' ဆိုတဲ့ စာလေးကို Messenger မှ တစ်ဆင့်လာပို့ပေးရုံနဲ့
- Admin Team မှမေးခွန်းလေးတွေ ပြန်ပို့ပေးမှာဖြစ်ပြီး ဖြေဆိုပြီးတာနဲ့ Zoom Link ရရှိမှာပဲဖြစ်ပါတယ်ဗျ။

DUESSLA က Facebook မှာတင်မက Telegram Channel မှာလည်း အဆက်မပြတ် Run နေတာမို့ VPN အဆင်မပြေတဲ့သူလေးတွေက Information တွေ မလွတ်ရအောင် Telegram Channel လေးကိုလည်း Subscribe လုပ်ထားလို့ရပါတယ်ခင်ဗျာ။

https://t.me/DUESSLA




18/05/2026

သုံးရက်သာ ကျန်ရှိတော့သည့် Volunteer Opportunity⏳

DUESSLA က Batch 19 အတွက် ခေါ်ယူနေတဲ့ Volunteer Recruitment ကို လျှောက်ထားဖို့ အခုချိန်ထိ စဥ်းစားတွေဝေနေတုန်းလား။

Volunteer Experience ရယူရင်း Skill တွေ မြှင့်တင်နိုင်မယ့်အပြင် လူထုအကျိုးပြုလုပ်ငန်းတွေမှာလည်း ပါဝင်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ Position လေးရှိနေပြီဆိုရင်တော့ ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်တော့နော်။

အသေးစိတ်အချက်အလက်တွေကို အောက်က Link လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။📌

https://www.facebook.com/share/p/1BPPRSboxV/

Deadline - 21 May 2026 (11:59pm) MMT⏱️

ဒါဆို နောက်မကျခင်လေး Apply လုပ်ရင်း DUESSLA ရဲ့ မိသားစုဝင်အသစ်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးကို လက်လွတ်မခံလိုက်ပါနဲ့နော်။




16/05/2026

“Public Relations Officer (PRO Team) အတွက်လည်း Volunteer တွေ ခေါ်နေပြီနော်”

Volunteer လုပ်ရင်း Public Relations Officer တစ်ယောက်အနေနဲ့ အတွေ့အကြုံသစ်တွေ စုဆောင်းချင်တယ်ဆိုရင်တော့ DUESSLA ကနေ အခွင့်အရေးတံခါးက ဖွင့်လှစ်လို့နေပါပြီ။ လိုအပ်တဲ့ Description တွေလည်း ဖော်ပြပေးထားတာမို့ နောက်ကျမကျန်ခဲ့ရအောင် မြန်မြန်‌‌လေး Application Form ဖြည့်လိုက်ရအောင် ခင်ဗျာ။

DUESSLA Public Relations Officer (4 posts - Male/Female)

✅ Public Relations Officer အနေနဲ့

🔹 Team Member တွေနဲ့အတူ Workshop တွေကို ဖန်တီးနိုင်ရပါမယ်။

🔹 အခြား Team Member များနှင့်လည်း Teamwork ရှိရှိ လုပ်ကိုင်နိုင်ရပါမယ်။

🔹 Zoom App ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရပါမယ်။

🔹 DUESSLA ကနေ အပတ်စဉ်တိုင်းဖွင့်လှစ်တဲ့ Speaking Club တွေနဲ့ ပွဲအခမ်းအနားတွေမှာ Host အဖြစ် တာဝန်ယူနိုင်ရပါမယ်။

🔹 Messenger (Chatbox) မှ စုံစမ်းမေးမြန်းမှုများအား သေချာရှင်းလင်းစွာ Reply ပြန်ပေးနိုင်ရပါမယ်။

🔹 မိမိတာဝန်များကို Deadline အမှီ လုပ်ဆောင်နိုင်ရပါမယ်။

🔹 Batch တစ်ခုကြာချိန် {3} လကို Commitment အပြည့်ဖြင့် ဆောင်ရွက်နိုင်ရပါမယ်။

🔹 Training Session များ အပြင် နှစ်ပတ်တစ်ကြိမ် ပြုလုပ်သော Meeting များကိုလည်း တက်ရောက်နိုင်ရပါမယ်။

🛎️အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါတယ်။ Training Session တွေမှာ Senior တွေကသေချာ သင်ပြပေးသွားမှာမို့ စိတ်အားထက်သန်ပြီး ကြိုးစားဖို့ပဲလိုပါမယ်။

Application Form -
https://docs.google.com/forms/d/e/1FAIpQLSeuGerkpbyf66YaFCwoKNax0MjsmYvXizgdqwWr2A8F-fG0dQ/viewform?usp=publish-editor

Deadline - 21 May 2026 (11:59pm) MMT⏱️



16/05/2026

"Workshop Memo"

DUESSLA မှာ ကျင်းပခဲ့တဲ့ "Study in Indonesia & Earn Online: Remote Teaching Guide for Myanmar Students" Workshop လေးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီဗျာ။

ဒီ Workshop လေးမှာတေ့ာ Guest Speaker အဖြစ် ပါဝင်ပေးခဲ့တဲ့ Ko Oak Soe က Indonesia Scholarship Journey, Overseas Student Life, Remote Teaching Career နဲ့ Education Platform တစ်ခု တည်ထောင်ခဲ့တဲ့ Real Experiences တွေကို Sharing လုပ်ပေးခဲ့ပါတယ်။

ဒါတင်မကဘဲ ကျောင်းတက်ရင်း Online Income ရရှိနိုင်မယ့် Opportunity တွေ၊ လိုအပ်တဲ့ Skill တွေနဲ့ Mindset တွေကိုပါ Practical ကျကျ မျှဝေပေးခဲ့တာကြောင့် Participant တွေအတွက် Knowledge ရော Inspiration ပါ ရရှိခဲ့တဲ့ Session တစ်ခု ဖြစ်ခဲ့ပါတယ်ဗျ။

ဒီ Workshop လေးကို တက်ရောက်ပေးခဲ့ကြတဲ့ Participant တွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ အထူးသဖြင့် Speaker အဖြစ် အချိန်ပေးပြီး Valuable Experience တွေကို မျှဝေပေးခဲ့တဲ့ Ko Oak Soe ကိုလည်း ကျွန်တော်တို့ DUESSLA ဘက်မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။

DUESSLA ကနေ အခုလို လူငယ်တွေအတွက် အကျိုးရှိမယ့် Workshop တွေနဲ့ ပြန်လာဦးမှာမလို့ Stay Tuned ပါဗျာ။





Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Yangon

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00