24/09/2026
🇰🇷 အလုပ်ဖောင်သက်တမ်းတိုးတင်ရတော့မှာ ဖြစ်သည့်အတွက် အလုပ်ဖောင်ဖြည့်တဲ့အခါ အမှားအယွင်းမရှိအောင် သတိထားရမှာလေးတွေနဲ့ အလုပ်ဖောင် ဖြည့်ပုံဖြည့်နည်းလေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျ🥰
💁 ဖောင်ဖြည့်လို့ ဂဏန်းလေးတွေရေးတဲ့အခါမှာ မြန်မာလိုမရေးမိစေဘဲ (1479) ဒီလိုမျိုးလေးရေးရပါမယ်နော်ခင်ဗျ📝
💁 ဖောင်ဖြည့်တဲ့အခါမှာ မှင်အနက်ကိုပဲ သုံးရပါမယ်နော်ယောရောဘွန်း🖋️
💁 တစ်ခါတည်းနဲ့ အကုန်မမှန်မှာ စိုးရိမ်တယ်ဆိုရင်တော့ မိတ္တူသုံးရွက်ဆွဲထားပြီး မိတ္တူထဲမှာ အစမ်းအရင်ဖြည့်ကြည့်ပြီးမှ မူရင်းဖောင်ထဲကို ဖြည့်ပါနော်ခင်ဗျ📝
💁 ဖြည့်တဲ့အခါမှာလဲ အကုန်လုံးကို စာလုံးအကြီးလေးနဲ့ ရေးပေးရပါမယ်နော်ခင်ဗျ🆎
👇ဖောင်ဖြည့်နည်း အဆင့်ဆင့်လေးပါ👇
1. မိမိရဲ့ ဖြေဆိုခဲ့သည့်ခုံနံပါတ် (0092024C5***)
2. မိမိရဲ့ မှတ်ပုံတင်နံပါတ် (12/KAMATA(N)123456)
3. လူမျိုး MYANMAR 🇲🇲
4. မိမိ၏ passport ထဲက ပေါင်းထားတဲ့ နာမည်အတိုင်း (ခိုင် khaing khine လင်း lynn linn lin) passport အတိုင်းသာပေါင်းရန်📕
5. မိမိ၏မွေးနေ့ရက် လ နှစ် (01.06.1991)❤️
6. မိမိ၏အသက် 27yrs🧑
7. ယောက်ျားလေးဆို Male အဝိုင်းကိုခြယ်ရန်
မိန်းကလေးဆို Female အဝိုင်းကိုခြယ်ရန်
8. အိမ်ထောင်ရှိလျှင် Married အဝိုင်းကိုခြယ်ရန် မရှိလျှင် No Married အဝိုင်းကိုခြယ်ရန်👰
9. Passport No MI123457📕
10. Passport စာအုပ်သက်တမ်း စတင်သည့်နေ့
(Passport စာအုပ်ရှေ့မျက်နှာမှာ date of issue
အောက်က နေ့စွဲ) ပုံ-၁ တွင် ကြည့်ရန်⏬
11. Passport သက်တမ်း ကုန်ဆုံးမည့်ရက် (Passport စာအုပ်ရှေ့မျက်နှာမှာ Date of Expiry အောက်ကနေ့စွဲ) ပုံ-၁ တွင် ကြည့်ရန်⏬
12. မိမိ၏ အမြဲတမ်းကိုင်ဆောင်သည့် ဖုန်းနံပါတ် မိမိအိမ်သား/အုပ်ထိန်းသူ ကိုင်ဆောင်သည့်ဖုန်းနံပါတ် မိမိ၏ Gmail/email (မရှိပါက ဖုန်းနံပါတ်တလုံးထပ်ထည့်ရန်)📱
13. မိမိ၏ အရပ် အလေးချိန် (ဆေးစစ်ချက် စာရွက်တွင်ပါသည်)📃
14. ဆေးစစ်ချက်တွင် Visual Acuity ရှိ အချက်လက် ကိုဖြည့်ရန်(6/6,6/7 etc...) ပုံ-၂ တွင်ကြည့်ရန်
Colour Blindness တွင် normal အဝိုင်းလေးကိုခြယ်ပေးရန်⚫
15. ဆေးစစ်သည့်နေ့စွဲ ဆေးခန်းနာမည်ထည့်ရန် (ASIA ROYAL,LIN YAUNG CHI ect...)🧑🔬
16. Normal ၄ခုလုံး ခြယ်ပေးရန်⚫
17. မိမိ၏မျှော်မှန်းလစာ ( 2025ခုနှစ်၏ တစ်နာရီလုပ်အားခ 10030ဝမ် တစ်လလုပ်အားခ 2096270ဝမ် ဖြစ်သဖြင့် 2100000ဝမ်~2200000ဝမ် ဖြည့်နိုင်ပါသည်)💸
18. Name of the Bank (KBZ,CB etc...)
Branch Name (ဘဏ်စာအုပ်ဖွင့်ခဲ့သည့် မြို့နယ်
KAMAYUT BRANCH,HLAING BRANCH etc...)
Bank Code (အကောင့်နံပါတ်၏ ရှေ့၃လုံး)
Account No, (ဘဏ်အကောင့်နံပါတ်)
19. Skill Testဖြေဆိုခဲ့သဖြင့် Y တွင် အမှန်ခြစ်ရန်✅
20. သွားလိုသည့်မြို့ ၂မြို့ ရွေးပေးရမည်ဖြစ်သည့်အတွက် မိမိနေလိုသည့်မြို့ (အဆင်ပြေမည့်မြို့များ အစဥ်လိုက် ရေးပေးထားပါသည်)
1. 서울 (Seoul)
2. 인천 (Incheon)
3. 경기도 (Gyeonggi-do)
4. 부산 (Busan)
5. 대구 (Daegu)
6. 광주 (Gwangju)
7. 대전 (Daejeon)
8. 울산 (Ulsan)
9. 충청남도 (Chungcheongnam-do)
10. 전라북도 (Jeollabuk-do)
11. 전라남도 (Jeollanam-do)
12. 제주도 (Jeju-do)
13. 강원도 (Gangwon-do)
21. လုပ်ငန်းအမျိုးအစား ကုန်ထုတ်ဆိုလျှင် MANUFACTURING ဆောက်လုပ်ရေး ဆိုလျှင် CONSTRUCTION စိုက်ပျိုးရေးဆိုလျှင် AGRICULTURE ဝန်ဆောင်မှု၂ ဆိုလျှင် SERVICE-2 ကို Categoryအမျိုးအစား အကွက်တွင်ဖြည့်ရန်
Sub category လုပ်ငန်းစိပ် တွင် သက်ဆိုင်သည့်လုပ်ငန်းအမျိုးစားအလိုက်(Construction မှအပ) ၃ခု ရွေးထည့်ရန် ပုံ-၃နှင့်၄ တွင်ကြည့်ရန်⏬
22. ဆောက်လုပ်ရေးလုပ်ငန်းသာ မိမိဖြေဆိုခဲ့သည့် လုပ်ငန်းစိပ်ရွေးရန် သံချည်သံကွေး လက်သမား စသဖြင့်👷
23. 21အတိုင်း ဖြည့်ရန်⏫
24. မိမိ UBT ဖြေဆိုခဲ့သည့်ရက်ထည့်ရန်🗓️
25. Score မိမိ၏ ubt+skill test အမှတ် ၂ခုပေါင်း
Reading အမှတ် listening အမှတ် ထည့်ရန်
Total score ubt+skill test အမှတ်၂ခုပေါင်းထည့်ရန်
AverageScore total score ကို ၂ဖြင့်စား၍ ရေးရန်
(အောက်ပါလင့်မှ မိမိဖြေဆိုခွင့်အမှတ်စဥ် 0092024C5*** ထည့်၍ အဖတ် အကြားရမှတ် ကြည့်နိုင်ပါသည်)
https://www.eps.go.kr/eo/VisaFndRM.eo?langType=ph&fbclid=IwZXh0bgNhZW0CMTEAAR3lilWA-64LAejVfAPBxtKILpd3X-VLzYp-YJLwzJNXRjFxWAlWaIwYtco_aem_gnw2nQLTevNlE4eNo7N4Kw
26. အထက်တန်းအောင်လျှင် Highschool တွင် ခြယ်ရန် / အလယ်တန်းအောင်လျှင် Junior High တွင်ခြယ်ရန်🏫
27. ရှိပါကထည့်ရန်
28. Korean တွင် သင့်တင့် fair ရွေး ရန် English တွင် သင့်တင့် fair ရွေးရန်😌
29. ရှိပါက ဖြည့်ရန်
30. လုပ်ငန်းအတွေ့ကြုံရှိပါက ဖြည့်ရန်🧑🍳
31. ကိုရီးယားတွင် အလုပ်လုပ်ဖူးခြင်း ရှိလျှင် လုပ်ဘူးသည် ရွေးပေးပါရန် မရှိလျှင် မလုပ်ဘူးပါ ရွေးပေးပါရန်😌
32. ရှိပါကဖြည့်ရန် မရှိလျှင်ဖြည့်ရန်မလို
33. သင်ကြားသည့်ကျောင်း တက်ရောက်ခဲ့သည့်ကျောင်း (ဥပမာ B.E.H.S(4)AHLONE,B.E.M.S(4)INSEIN ect...)
ကျောင်းတည်နေရာ တက်ရောက်ခဲ့သည့်ကျောင်း ရှိသည့်မြို့ (AHLONE,INSEIN ect...)
34. မိသားစုဝင်တစ်ဦး၏ အချက်အလက်ကို ဖော်ပြရန်(အဖေ အမေ အကို အမ)/အိမ်ထောင်ရှိပါက ဇနီး အမည်ကို ဖော်ပြရန် ပုံ-၅တွင်ကြည့်ရန်⏬
35,36,37,38,39 ကိုက်ညီသည့် အချက်အလက်ရှိပါက ဖြည့်ရန်
40. လျှောက်ထားသူ၏လက်မှတ်ထိုးရန်✅