12/05/2026
မြန်မာကျောင်းသားများအတွက် 🇹🇼ထိုင်ဝမ်အစိုးရမှ ပေးအပ်သောအထူး အခွင့်အရေး ✨
ထိုင်ဝမ်တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများနှင့် oversea chinese ကျောင်းသားများ အရေးပေါ်အခက်အခဲကြုံရင် “အရေးပေါ်ကူညီထောက်ပံ့ငွေ” 🚑⛑️လျှောက်နိုင်တဲ့အကြောင်းသတင်းကောင်း ပေးလိုက်ပါတယ် ..
✨ ဒီအစီအစဉ်က
ထိုင်ဝမ်မှာ ပညာသင်နေတဲ့ မြန်မာ/oversea chinese ကျောင်းသားများ တွေ မတော်တဆမှု၊ ပြင်းထန်နာမကျန်းမှု၊ အရေးပေါ်အခက်အခဲတွေ ကြုံရင်
ဆေးကုသစရိတ်၊ နေထိုင်ရေး၊ သင်္ဂြိုဟ်စရိတ် စတာတွေကို ကူညီဖို့ ရည်ရွယ်ထားတာပါ။
✨ အရင်က “僑生” (Overseas Chinese students) အတွက်ပဲ ဖြစ်ခဲ့ပေမယ့်
အခု “僑外生” ဆိုပြီး နိုင်ငံခြားကျောင်းသားတွေပါ ပါဝင်အကျုံးဝင်အောင် တိုးချဲ့ထားပါတယ်။
✨ ထိုင်ဝမ်မှာ အထက်တန်း/တက္ကသိုလ် တက်နေတဲ့မြန်မာကျောင်းသားတွေ
• ပြင်းထန်တဲ့ ဒဏ်ရာရမှု
• မတော်တဆမှု
• အရေးပေါ်အခက်အခဲ
ကြုံရင် လျှောက်ထားနိုင်ပါတယ်။
✨ လျှောက်လွှာကို ကျောင်းက အတည်ပြုပေးဖို့ လိုပါတယ်။ အတည်ပြုပြီးရင်NTD 10,000 ကနေ 50,000 အထိ အရေးပေါ်ထောက်ပံ့ငွေ ရနိုင်ပါတယ်။
အသေးစိတ် စည်းမျဉ်းနဲ့ လျှောက်လွှာဖိုင်တွေကို link ကနေ download လုပ်နိုင်ပါတယ်။
https://reurl.cc/grYOK7
အသေးစိတ်သိရှိလိုပါက
申辦相關問題請洽
社團法人緬甸腊戌果文中學旅台校友會
聯繫電話:(02)8666-8747
說明:
一、依據僑務委員會115年5月8日僑生輔字第1150003294號函(如附件)轉相關資訊。
二、來函摘要:
(一)該要點係該校友會為關懷在臺就學緬甸學生,協助渠等於遭逢急難事故時度過困境而訂定,並提供醫療、生活及喪葬等補助。
(二)全國緬甸僑外生急難救助金管理委員會修訂要點內容,將補助對象由「僑生」擴大為「僑外生」,並調整申請條件及發放標準,以符合實務需求。
(三)在臺就讀高中職以上緬甸僑外生,於遭逢重大傷病、意外事故或其他急難情形,得依要點規定提出申請,經審定後核發新臺幣1萬至5萬不等之急難救助金。
(四)申請案件須由就讀學校協助確認及核章。
(五)要點內容及申請相關文件,可自網址(https://reurl.cc/grYOK7)下載參閱。
申辦相關問題請洽
社團法人緬甸腊戌果文中學旅台校友會
聯繫電話:(02)8666-8747
05/05/2026
YesIDo ကျောင်းသူဟောင်းညမလေး လဝက မှာ visa သက်တမ်းတိုးတာအတွက် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကိုမျှဝေလိုက်ပါတယ်။ ထိုင်ဝမ်မှာ Language Program နဲ့ကျောင်းတက်မယ်ဆိုရင်တော့ ၃ လတစ်ကြိမ် Visa သက်တမ်းတိုးရပါတယ်။ သုံးလပြည့်ပြီးပထမဆုံးအကြိမ်မို ကျောင်းသားအခက်အခဲဖြစ်မှာစိုးလို agency ကလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ပါတယ်။နောက်အကြိမ်တွေမှာတော့ Website ကနေပဲတိုးသွားလိုရပါတယ်။ YesIDo Taiwan ကတော့ Taiwan ပညာရေးအတွက် ကျောင်းသားအရေအတွက်အများကြီးလက်ခံတာမဟုတ်ပဲ လူဦးရေအကန့်အသတ်နဲ့ပဲလက်ခံပြီး ထိုင်ဝမ်ရောက်ရင်လည်း မိဘများစိတ်အေးရအောင် လေဆိပ်ကြိုပို၊နေထိုင်စရာစီစဉ်ပေးပြီး အသုံးအဆောင်များတူတူလိုက်ပါဝယ်ခြမ်းပေးတာကအစ အစစအရာရာလိုက်ပါကူညီပေးပါတယ်။
ထိုင်ဝမ်မှာ ကေျာင်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Yes I do ရဲ့ page မှဖြစ်စေ လူကိုယ်တိုင်ရုံးကို လာရောက်၍ဖြစ်စေ အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠Location :အမှတ် ၉၅၊ ၄ လွှာ ခေါင်းရင်း၊ ၁ ရပ်ကွက်၊ ကမာရွတ်မြို့နယ်
စံရိပ်ငြိမ် ဂမုန်းပွင့်ရှေ့၊ ရန်ကုန် အင်းစိန်လမ်းမပေါ်။
☎Ph no: 09421113072, 09941393620, 09967876527
15/03/2026
🇹🇼 အိပ်မက်မြေ ထိုင်ဝမ်သို့ ပညာသင်ရန်ရောက်ရှိခြင်းနှင့်အတူ... မောင်လေးတို့အတွက် လိုအပ်သော အသုံဆောင်ပစ္စည်းလေးတွေလိုက်ဝယ်ပေးခြင်း ✨
ထိုင်ဝမ်နိုင်ငံမှာ ပညာသင်ကြားဖို့အတွက် ကျွန်ုပ်တို့ Yes I Do - Taiwan Agency နဲ့အတူ လက်တွဲခဲ့ကြတဲ့ မောင်လေး (၂) ယောက် ထိုင်ဝမ်မြေသို့ ဘေးကင်းချောမွေ့စွာ ရောက်ရှိလာခဲ့ပါပြီ။ ✈️🎓
နိုင်ငံရပ်ခြား၊ မြေခြားကို ပထမဆုံးခြေချတဲ့အချိန်မှာ အစစအရာရာ အစိမ်းသက်သက်ဖြစ်မနေစေဖို့နဲ့ အခက်အခဲမရှိစေဖို့အတွက် ကျွန်တော်တို့ Yes I Do အဖွဲ့သားတွေက လေဆိပ်ကနေ ကြိုဆိုခဲ့ရုံတင်မကဘဲ...
🏠 နေထိုင်စားသောက်မှု အဆင်ပြေစေရန် - မောင်လေးတို့ရဲ့ အဆောင်နဲ့ ပတ်ဝန်းကျင်မှာ လိုအပ်မယ့် လူသုံးကုန်ပစ္စည်းတွေ၊ အသုံးအဆောင်လေးတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံဝယ်ယူပေးခဲ့ပါတယ်။ အစားအသောက်ကအစ၊ အိပ်ရာနေရာအဆုံး မိဘတွေ ကိုယ်စား အနီးကပ်ကြည့်ရှုပေးဖြစ်ခဲ့တာမို့ အခုဆိုရင် မောင်လေးတို့လည်း စိတ်အေးချမ်းသာစွာနဲ့ ပညာသင်ကြားဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
🤝 Yes I Do ရဲ့ ဝန်ဆောင်မှုဆိုတာ "ဗီဇာ" တစ်ခုတည်း မဟုတ်ပါဘူး
ကျွန်တော်တို့ဆီမှာ ဝန်ဆောင်မှုယူကြတဲ့ ကျောင်းသား/သူတိုင်းဟာ ကျွန်တော်တို့အတွက်တော့ "မိသားစုဝင်တွေ" ပါပဲ။
✅ ယုံကြည်မှု: စာရွက်စာတမ်းကိစ္စတွေကစလို့ ဗီဇာရရှိသည်အထိ တိကျသေချာစွာ ဆောင်ရွက်ပေးခြင်း။
✅ တာဝန်ယူမှု: တစ်ဖက်နိုင်ငံကို ရောက်သွားတဲ့အခါမှာလည်း အဝေးရောက်မိဘတွေ စိတ်အေးရစေဖို့ လေဆိပ်ကြိုဆိုခြင်းနှင့် လိုအပ်ချက်မှန်သမျှကို အနီးကပ်ဖြည့်ဆည်းပေးခြင်း။
✅ နွေးထွေးမှု: အေဂျင်စီနဲ့ ကျောင်းသား ဆက်ဆံရေးထက် ပိုမိုတဲ့ မိသားစုဆန်တဲ့ ဂရုစိုက်မှုတွေကို အမြဲပေးစွမ်းနေမှာ ဖြစ်ပါတယ်။
"Yes I Do မှာ ဝန်ဆောင်မှုယူခြင်းဟာ ခိုင်မာတဲ့ အနာဂတ်အတွက် စိတ်ချရတဲ့ လက်တွဲဖော်ကို ရွေးချယ်လိုက်ခြင်းပါပဲ။"
🌟 ထိုင်ဝမ်မှာ ပညာသင်ကြားဖို့ စိတ်ကူးရှိနေတယ်ဆိုရင်တော့ ဗီဇာကိစ္စကစလို့ ရောက်ရှိတဲ့အချိန်အထိ နွေးထွေးတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ Yes I Do ကို အခုပဲ ဆက်သွယ်လိုက်ပါ။
05/03/2026
🎉 အိပ်မက်တွေဆီကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပြီ! တိုင်ဝမ်မြေသို့ ရောက်ရှိသွားသော Yes I Do ကျောင်းသားလေးတွေအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းလွှာ ✨🇹🇼
မိမိရဲ့ အနာဂတ် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အခုဆိုရင် တိုင်ဝမ် သို့ ပညာသင်ကြားရန် ဘေးကင်းလုံခြုံစွာ ရောက်ရှိသွားပြီဖြစ်တဲ့ Yes I Do - Taiwan ရဲ့ ကျောင်းသားလေးတွေအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 🎓✈️
ခက်ခဲတဲ့ ဗီဇာအဆင့်ဆင့်နဲ့ ပြင်ဆင်မှုတွေကို စိတ်ရှည်လက်ရှည်နဲ့ ကျော်ဖြတ်ပြီးနောက် အခုလို ရည်မှန်းချက်ပန်းတိုင်ကို စတင်ခြေချနိုင်ခဲ့တာဟာ မိသားစုနဲ့အတူ ကျွန်တော်တို့ Agency အတွက်ပါ ကြည်နူးရတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
🌟 ဘာကြောင့် Yes I Do - Taiwan ကို ရွေးချယ်သင့်သလဲ?
တိုင်ဝမ်နိုင်ငံဟာ ပညာရေးအရည်အသွေး မြင့်မားရုံတင်မကဘဲ ကျောင်းသား/သူများအတွက် ဘေးကင်းလုံခြုံမှုရှိခြင်း၊ လူနေမှုစရိတ် မျှတခြင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းများရှိခြင်းကြောင့် အခုနောက်ပိုင်းမှာ လူငယ်တွေ အများဆုံး ရွေးချယ်လာကြတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့ Yes I Do အနေနဲ့ -
✅ မှန်ကန်တဲ့ ကျောင်းရွေးချယ်မှု
✅ တိကျသေချာတဲ့ ဗီဇာဝန်ဆောင်မှု
✅ လိုအပ်တဲ့ စာရွက်စာတမ်း လမ်းညွှန်မှုများပေးခြင်း
✅ စာရွက်စာတမ်းများပြင်ဆင်ပေးပြီး ကျောင်းလိုက်ပို့အပ်နှံပေးခြင်း
တိုင်ဝမ်မြေကို အဆင်ပြေချောမွေ့စွာ ရောက်ရှိသည်အထိ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။
✨ ရှေ့ဆက်ရမယ့် ပညာရေးခရီးလမ်းမှာလည်း ထူးချွန်ထက်မြက်တဲ့ ကျောင်းသားလေးတွေ ဖြစ်လာပါစေကြောင်း Yes I Do မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ✨
04/02/2026
🎉 အိပ်မက်တွေဆီကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပြီ! တိုင်ဝမ်မြေသို့ ရောက်ရှိသွားသော Yes I Do ကျောင်းသူလေးအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းလွှာ ✨🇹🇼
မိမိရဲ့ အနာဂတ် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အခုဆိုရင် တိုင်ဝမ် သို့ ပညာသင်ကြားရန် ဘေးကင်းလုံခြုံစွာ ရောက်ရှိသွားပြီဖြစ်တဲ့ Yes I Do - Taiwan ရဲ့ ကျောင်းသူလေးအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 🎓✈️
ခက်ခဲတဲ့ ဗီဇာအဆင့်ဆင့်နဲ့ ပြင်ဆင်မှုတွေကို စိတ်ရှည်လက်ရှည်နဲ့ ကျော်ဖြတ်ပြီးနောက် အခုလို ရည်မှန်းချက်ပန်းတိုင်ကို စတင်ခြေချနိုင်ခဲ့တာဟာ မိသားစုနဲ့အတူ ကျွန်တော်တို့ Agency အတွက်ပါ ကြည်နူးရတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
🌟 ဘာကြောင့် Yes I Do - Taiwan ကို ရွေးချယ်သင့်သလဲ?
တိုင်ဝမ်နိုင်ငံဟာ ပညာရေးအရည်အသွေး မြင့်မားရုံတင်မကဘဲ ကျောင်းသား/သူများအတွက် ဘေးကင်းလုံခြုံမှုရှိခြင်း၊ လူနေမှုစရိတ် မျှတခြင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းများရှိခြင်းကြောင့် အခုနောက်ပိုင်းမှာ လူငယ်တွေ အများဆုံး ရွေးချယ်လာကြတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့ Yes I Do အနေနဲ့ -
✅ မှန်ကန်တဲ့ ကျောင်းရွေးချယ်မှု
✅ တိကျသေချာတဲ့ ဗီဇာဝန်ဆောင်မှု
✅ လိုအပ်တဲ့ စာရွက်စာတမ်း လမ်းညွှန်မှုများမှအစ... တိုင်ဝမ်မြေကို အဆင်ပြေချောမွေ့စွာ ရောက်ရှိသည်အထိ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။
✨ ရှေ့ဆက်ရမယ့် ပညာရေးခရီးလမ်းမှာလည်း ထူးချွန်ထက်မြက်တဲ့ ကျောင်းသူလေးတစ်ဦး ဖြစ်လာပါစေကြောင်း Yes I Do မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ✨
22/01/2026
Congratulations !!
ထိုင်ဝမ်ရဲ့ National Taiwan Normal University သို့
၃ လပိုင်း အင်းတိတ်အတွက် Language Program ဖြင့်
ကျောင်းဝင်ခွင့်ရရှိသွားသော ညီမလေး အတွက်
Yes I do Taiwan ကနေ ဂုဏ်ပြုလိုက်ပါတယ်💙💙
17/01/2026
"ထိုင်ဝမ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး၊ အရေးကြီးတဲ့ ဆိပ်ကမ်း မြို့လည်းဖြစ်တဲ့ Kaohsiung မှာရှိသော Cheng Shiu University အကြောင်း" ကို Yes I do Taiwan ကနေ ကျောင်းသား၊ကျောင်းသူတွေ ရွေးချယ်တက်ရောက်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်!!
"စရိတ်စက သက်သာပြီး အလုပ်အကိုင် အခွင့်အလမ်း ပေါများတဲ့ ကောင်းရှုံမြို့ဟာ ကျောင်းသား၊ကျောင်းသူတွေအတွက် ကျောင်းတက်ဖို့ ရွေးချယ်စရာ အကောင်းဆုံး ဒေသတစ်ခုပဲဖြစ်ပါတယ်!"
🏛️ သမိုင်းကြောင်းခိုင်မာမှု (History)
CSU ကို ၁၉၆၅ ခုနှစ် မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ နီးပါး သက်တမ်းရှိပြီဖြစ်တဲ့အတွက် သင်ကြားရေး အတွေ့အကြုံ ရင့်ကျက်ပြီး ထိုင်ဝမ်မှာ ယုံကြည်စိတ်ချရတဲ့ နည်းပညာတက္ကသိုလ်ကြီးတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိပါတယ်။
🎓 နာမည်ကြီး မေဂျာများ (Popular Majors)
CSU ဟာ အင်ဂျင်နီယာနဲ့ စီမံခန့်ခွဲမှု ပိုင်းမှာ အရမ်းနာမည်ကြီးပြီး ကျောင်းသားအများစု ရွေးချယ်တက်ရောက်လေ့ရှိတဲ့ ထိပ်တန်းမေဂျာတွေကတော့-
Engineering & Technology:
✅Civil Engineering,
✅Mechanical,
✅Electrical,
✅Electronic
Business & Management:
❇️International Business,
❇️Information Management
Design:
✳️Digital Content Design,
✳️Interior Design
Applied Foreign Languages: (နိုင်ငံခြားဘာသာစကားအသုံးချ ဘာသာရပ်)
1️⃣Cosmetics and Fashion Styling
2️⃣Leisure and Sports Management
3️⃣Tourism & Recreation
4️⃣Digital Multimedia Design
5️⃣Visual Communication Design
6️⃣Food and Beverage Management
7️⃣Early Childhood Care and Education
8️⃣Business Administration
9️⃣Information Management
1️⃣0️⃣Financial Management
🏫 ကျောင်းတွင်း သင်ကြားမှု ပတ်ဝန်းကျင် (Learning Environment)
ကျောင်းသားတွေ စာသင်ရတာ စိတ်ဝင်စားဖို့ကောင်းအောင် Modern Lab တွေနဲ့ Smart Classrooms တွေကို အသုံးပြုထားပါတယ်။
စာတွေ့တင်မကဘဲ လက်တွေ့ (Practical Skill) ကို အလေးပေး သင်ကြားပေးတာကြောင့် ကျောင်းပြီးရင် အလုပ်ခွင်မှာ အဆင်သင့် ဖြစ်နေစေမှာ ဖြစ်ပါတယ်။
ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကောင်းရှုံရဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိတာကြောင့် ကျောင်းဝင်းဟာ သာယာလှပပြီး စာကြည့်တိုက်နဲ့ အားကစားရုံတွေလည်း ရှိတာကြောင့် တော်တော်လေး ခေတ်မီပြီး ပြည့်စုံစေပါတယ်။
💰 ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ် (Part-time Job Opportunities)
ကျောင်းသားတွေအတွက် အကြီးမားဆုံး အားသာချက်ကတော့-
ကျောင်းတက်ရင်း Work Permit လျှောက်ထားပြီး တစ်ပတ်ကို နာရီ ၂၀ အထိ တရားဝင် အချိန်ပိုင်းအလုပ် လုပ်ကိုင်နိုင်ပါတယ်။
ကျောင်းအနီးအနားမှာ စက်မှုဇုန်တွေ၊ ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပေါများတာကြောင့် အလုပ်အကိုင် ရှာဖွေရတာ အရမ်းလွယ်ကူပါတယ်။
💼 ကျောင်းပြီးနောက် လုပ်ငန်းခွင် ချိတ်ဆက်မှု (Industrial-Academic Collaboration)
CSU ဟာ ထိုင်ဝမ်က နာမည်ကြီး လုပ်ငန်းစုကြီးတွေနဲ့ ခိုင်ခိုင်မာမာ လက်တွဲထားပါတယ်။
ကျောင်းသားတွေအတွက် နောက်ဆုံးနှစ်မှာ လုပ်ငန်းခွင်ထဲ Internship (အလုပ်သင်) ဆင်းခွင့်ရမှာ ဖြစ်ပါတယ်။
ကျောင်းကနေ ပြုလုပ်ပေးတဲ့ Job Fair တွေကတစ်ဆင့် ထိုင်ဝမ်ရဲ့ ထိပ်တန်းနည်းပညာနဲ့ စက်မှုလုပ်ငန်းတွေမှာ တိုက်ရိုက် အလုပ်ဝင်နိုင်ဖို့ ချိတ်ဆက်ပေးထားတာကြောင်း ကျောင်းသား၊ကျောင်းသူတွေ ကျောင်းပြီးရင် အလုပ်အကိုင်ရရှိဖို့ စိတ်ပူစရာ မလိုတော့ပါဘူး။
"ဒီလောက်ဆိုရင်တော့ ကျောင်းအကြောင်းကို တော်တော်လေးသိရှိသွားပြီးလို့ ယုံကြည်ပါတယ်နော်"
Cheng Shiu University ကို ကျောင်းလျှောက်ထားချင်တယ်ဆိုရင်တော့
Yes I do Taiwan မှာ အသေးစိတ်လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
🏠Location :အမှတ် ၉၅၊ ၄ လွှာ ခေါင်းရင်း၊ ၁ ရပ်ကွက်၊ ကမာရွတ်မြို့နယ်
စံရိပ်ငြိမ် ဂမုန်းပွင့်ရှေ့၊ ရန်ကုန် အင်းစိန်လမ်းမပေါ်။
☎Ph no: 09421113072, 09941393620, 09967876527
14/01/2026
🇹🇼 ထိုင်ဝမ်မှာ ပညာသင်ယူခြင်း- ကျောင်းနေ့စဉ်ဘဝနှင့် ယဉ်ကျေးမှုတွေ အကြောင်း သိကောင်းစရာများ
ထိုင်ဝမ်ဟာ ပညာရေးအရည်အသွေး ကောင်းမွန်ရုံတင်မကဘဲ မြန်မာကျောင်းသားတွေအတွက် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရတာ အဆင်ပြေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ ကျောင်းသားဘဝကို ပိုင်ဆိုင်ဖို့အတွက် အောက်ပါအချက်တွေကို ကြိုတင်သိထားဖို့ လိုအပ်ပါတယ်။
၁။ ကျောင်းနေ့စဉ်ဘဝ (Daily Campus Life)
အချိန်တိကျမှု (Punctuality): ထိုင်ဝမ်မှာ အချိန်လေးစားမှုဟာ အလွန်အရေးကြီးပါတယ်။ အတန်းတက်တာ၊ Assignment တင်တာတွေမှာ နောက်ကျတာကို ဆရာ/မတွေက သဘောမကျတတ်ပါဘူး။
EasyCard : ကျောင်းသားကတ် (Student ID) ဟာ များသောအားဖြင့် EasyCard နဲ့ တွဲထားတာပါ။ ဘတ်စ်ကားစီးတာ၊ MRT စီးတာအပြင် 7-Eleven လို ဆိုင်မျိုးတွေမှာပါ ငွေပေးချေလို့ရတဲ့အတွက် အမြဲဆောင်ထားဖို့ လိုပါတယ်။
စာကြည့်တိုက် ယဉ်ကျေးမှု: စာမေးပွဲနီးတဲ့ကာလတွေမှာ ကျောင်းစာကြည့်တိုက်တွေဟာ ၂၄ နာရီနီးပါး ပြည့်နှက်နေတတ်ပါတယ်။ ထိုင်ဝမ်ကျောင်းသားတွေဟာ စာကြိုးစားကြသူများဖြစ်လို့ သူတို့ရဲ့ Study Vibes ကို အတုယူနိုင်ပါတယ်။
ကျောင်းတွင်းကလပ်များ (Clubs): ပညာရေးအပြင် Club တွေမှာ ပါဝင်ခြင်းက ထိုင်ဝမ်ကျောင်းသားတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
၂။ စားသောက်မှုပုံစံ (Food & Dining)
Student Cafeteria: ကျောင်းကန်တင်းတွေမှာ ဈေးနှုန်းသက်သာပြီး အာဟာရပြည့်ဝတဲ့ "Biandang" (Lunch Box) တွေကို ရွေးချယ်နိုင်ပါတယ်။
Vegetarian : သက်သတ်လွတ်စားသူတွေအတွက် ထိုင်ဝမ်မှာ အတော်လေး အဆင်ပြေပါတယ်။ ဘယ်နေရာမဆို သက်သတ်လွတ်ဆိုင်တွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
အမှိုက်ခွဲခြားခြင်း: ဒါက အရေးကြီးဆုံးပါ။ စားသောက်ပြီးရင် အကြွင်းအကျန်၊ ပလတ်စတစ်၊ စက္ကူ ဆိုပြီး စနစ်တကျ ခွဲခြားစွန့်ပစ်ရတဲ့ အလေ့အကျင့်ကို အမြန်ဆုံး မွေးမြူရပါမယ်။
၃။ လူမှုရေးနှင့် ယဉ်ကျေးမှု (Social & Culture Tips)
ဘာသာစကား: အင်္ဂလိပ်လို သင်ကြားတဲ့ Program ဖြစ်နေပါစေဦးတော့၊ နေ့စဉ်ဘဝမှာ အခြေခံ တရုတ်စကား (Mandarin) တတ်ထားတာက ဈေးဝယ်တာနဲ့ မိတ်ဆွေဖွဲ့ရာမှာ အများကြီး အထောက်အကူပြုပါတယ်။
နှုတ်ဆက်ခြင်း: ထိုင်ဝမ်လူမျိုးတွေဟာ ယဉ်ကျေးပျူငှါကြပါတယ်။ "Xie Xie" (ကျေးဇူးတင်ပါတယ်) နဲ့ "Bu Ke Qi" (ရပါတယ်/ အားမနာပါနဲ့) ဆိုတဲ့ စကားလုံးလေးတွေကို မကြာခဏ သုံးနှုန်းလေ့ရှိပါတယ်။
ဘေးကင်းလုံခြုံမှု: ထိုင်ဝမ်ဟာ ကမ္ဘာပေါ်မှာ ဒုစရိုက်မှု အနည်းဆုံးနိုင်ငံတွေထဲက တစ်ခုပါ။ ညဘက် လမ်းလျှောက်တာ၊ စာကြည့်တိုက်မှာ ပစ္စည်းထားခဲ့တာမျိုးတွေက (သတိထားရပေမဲ့) အခြားနိုင်ငံတွေထက် ပိုမိုဘေးကင်းပါတယ်။
ထိုင်ဝမ်လူမျိူးတွေက ဘာလုပ်လုပ် တန်းစီတဲ့ စနစ်ကျင့်သုံးကြပါတယ်။ . MRT, ဈေးဝယ်, ဓါတ်လှေကားစီးရန် အားလုံးကို တန်းစီရပါတယ် , ဒါကေြာင့် မလို့ အားလုံးလိုက်နာလို့ရအောင် ကြိုတင်သိရှိထားသင့်များကို မျှဝေပေးလိုက်ရပါတယ်။
💡 မြန်မာကျောင်းသားများအတွက် အကြံပြုချက်
ထိုင်ဝမ်မှာ နေထိုင်စဉ် "LINE" App ကို သုံးတတ်ဖို့ လိုပါတယ်။ ဆရာတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ အဓိက သုံးတဲ့ Platform ဖြစ်လို့ပါ။
ဒီ Content လေးကနေ ထိုင်ဝမ်သွားမယ့် ကျောင်းသားတွေအတွက် ဗဟုသုတ တစ်ခုခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Taiwan နဲ့ ပတ်သက်တဲ့ ပညာရေး၊ ဗီဇာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အမြဲသိချင်ရင် Yes I do Taiwan ကို See First လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ 🇹🇼❤️
12/01/2026
🇹🇼 Taiwan ရဲ့ Ranking အမြင့်ဆုံးနဲ့ Quality အကောင်းဆုံး Language ကျောင်း (၁၀) ကျောင်းကို Yes I do taiwan ကနေစုစည်းဖော်ပြပေးလိုက်ပါတယ်။ 🎓✨
Taiwan မှာ ပညာတော်သင်သွားဖို့ပဲဖြစ်ဖြစ်၊ အလုပ်အကိုင် အခွင့်အလမ်းအတွက်ပဲဖြစ်ဖြစ် Traditional Chinese (Mandarin) ကို ကျွမ်းကျင်ထားဖို့က အရမ်းအရေးကြီးပါတယ်။
1.NTNU - Mandarin Training Center (MTC)
ဒါကတော့ နိုင်ငံခြားသားတွေကြားမှာ နာမည်အကြီးဆုံးကျောင်းပါ။ သင်ရိုးညွှန်းတမ်း ကောင်းမွန်ပြီး ကျောင်းသားအများစု အားထားရတဲ့ ကျောင်းဖြစ်ပါတယ်။
2. NTU - International Chinese Language Program (ICLP)
Taiwan ရဲ့ နံပါတ် (၁) တက္ကသိုလ်ဖြစ်တဲ့ National Taiwan University လက်အောက်မှာရှိပြီး ကမ္ဘာ့အဆင့်မီ သင်ကြားရေးစနစ်ရှိပါတယ်။ အထူးသဖြင့် အဆင့်မြင့်တရုတ်စာ (Advanced Level) ကို အလေးပေးသင်ကြားချင်သူတွေအတွက် အကောင်းဆုံးပါ။
3. NCCU - Chinese Language Center (CLC)
National Chengchi University ဟာ Humanities နဲ့ Social Science ပိုင်းမှာ အရမ်းနာမည်ကြီးတဲ့အတွက် စီးပွားရေးနဲ့ သံတမန်ရေးရာ တရုတ်စာ သင်ယူချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
4. NCKU - Chinese Language Center
Taiwan တောင်ပိုင်း (Tainan) မှာ တည်ရှိပြီး နေထိုင်စရိတ် သက်သာချင်သူတွေအတွက် အဆင်ပြေပါတယ်။ သင်ကြားမှုပုံစံကလည်း အလွန်စနစ်ကျပါတယ်။
5. Fu Jen Catholic University (LCC)
ပုဂ္ဂလိကတက္ကသိုလ်တွေထဲမှာ Language Center အဆင့်အတန်း အမြင့်ဆုံးထဲမှာ ပါဝင်ပါတယ်။ ခေတ်မီတဲ့ သင်ကြားရေးနည်းစနစ်တွေကြောင့် နာမည်ကြီးပါတယ်။
6. Tunghai University (CLC)
Taichung မြို့ရဲ့ အလှပဆုံး Campus တစ်ခုဖြစ်တဲ့ Tunghai တက္ကသိုလ်မှာ တည်ရှိပြီး ပတ်ဝန်းကျင်ကောင်းကောင်းနဲ့ စာသင်ချင်သူတွေ ရွေးချယ်သင့်ပါတယ်။
7. Tamkang University (CLC)
Taipei မြို့ထဲမှာရှိပြီး သင်တန်းကြေးနဲ့ သင်ကြားမှု Quality မျှတတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။
8. National Sun Yat-sen University (CLC)
Kaohsiung မြို့ရဲ့ ကမ်းခြေအနားမှာ တည်ရှိတာကြောင့် လှပတဲ့ View ကို ခံစားရင်း အေးအေးဆေးဆေး ပညာသင်ယူချင်သူတွေအတွက် Perfect ပါပဲ။
9. Feng Chia University (Language Center)
Taichung ရဲ့ စည်ကားတဲ့နေရာမှာ ရှိပြီး နိုင်ငံခြားသားကျောင်းသားတွေအတွက် အထောက်အကူပြုမှုတွေ အားကောင်းတဲ့ ကျောင်းဖြစ်ပါတယ်။
10. National Tsing Hua University (CLC)
Hsinchu မြို့မှာရှိတဲ့ ဒီကျောင်းကတော့ Science & Tech ပိုင်းကို အသားပေးတဲ့ တက္ကသိုလ်ဖြစ်လို့ အဲဒီနယ်ပယ်ထဲ ဝင်ရောက်ချင်သူတွေအတွက် အခြေခံကောင်းရစေပါတယ်။
Taiwan နဲ့ ပတ်သက်တဲ့ ပညာရေး၊ ဗီဇာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အမြဲသိချင်ရင် Yes I do Taiwan ကို See First လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ 🇹🇼❤️
13/11/2025
အမျိုးသားနေ့
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့သည်
အများပြည်သူရုံးပိတ်ရက် (အမျိုးသားနေ့) ဖြစ်ပါသောကြောင့် Yes I Do - Taiwan
၏ ဝန်ဆောင်မှုများကို ရပ်နားထားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
#အမျိုးသားနေ့
12/11/2025
🇹🇼ထိုင်ဝမ်ဟာ ကမ္ဘာပေါ်မှာ ဘာကြောင့် အလုံခြုံဆုံး နိုင်ငံတွေထဲကတစ်ခု ဖြစ်နေရတာလဲ?
ထိုင်ဝမ်ဟာ နည်းပညာ၊ Street Food များနှင့် လှပသော ရှုခင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ၊ ဘေးကင်းလုံခြုံမှု စတဲ့ အကြောင်းအရာတွေကြောင့် နာမည်ကြီးပါတယ်။
ဒီနေ့မှာတော့ ထိုင်ဝမ်ရဲ့ Safety System အကြောင်းကို
Yes I do-Taiwan ကနေ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ထိုင်ဝမ်ဟာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အညွှန်းကိန်းများ (Global Safety/Crime Index) တွင် အမြဲတမ်း ထိပ်တန်းနေရာမှ ပါဝင်လေ့ရှိပြီး နိုင်ငံတကာ ကျောင်းသားများ၊ အလုပ်သမားများနှင့် ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်အချရဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
ထိုင်ဝမ်ရဲ့ "Safety System" ဆိုသည်မှာ ရဲတပ်ဖွဲ့တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ၊ ကဏ္ဍပေါင်းစုံကို လွှမ်းခြုံထားသော စနစ်တစ်ခု ဖြစ်ပါတယ်။
၁။ ပြည်သူ့လုံခြုံရေးနှင့် အလွန်နည်းပါးသော ပြစ်မှုနှုန်း (Public Safety & Low Crime Rate)
နေ့ရောညပါ ဘေးကင်းခြင်း : မြို့ကြီးများဖြစ်သည့် ထိုင်ပေ (Taipei)၊ ကောင်းရှုံ (Kaohsiung) တို့တွင် အမျိုးသမီးများ သို့မဟုတ် တစ်ဦးတည်း ခရီးသွားလာသူများ ညဘက်အချိန်မတော် လမ်းလျှောက်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး အသုံးပြုခြင်းကို ဘေးကင်းစိတ်ချစွာအသုံးပြုနိုင်ပါတယ်။
ပစ္စည်းပျောက်ဆုံးမှု နည်းပါးခြင်း : ကော်ဖီဆိုင် သို့မဟုတ် စားသောက်ဆိုင်များတွင် မိမိ၏ Laptop၊ ဖုန်း တို့ကို စားပွဲပေါ်တွင် တင်ထားခဲ့ပြီး အိမ်သာသွားခြင်း၊ Order သွားမှာခြင်းများ ပြုလုပ်လေ့ရှိကြပြီး ပစ္စည်းပျောက်ဆုံးမည်ကို စိုးရိမ်စရာမရှိပါ။
ထိရောက်သော ရဲတပ်ဖွဲ့: ထိုင်ဝမ်ရဲတပ်ဖွဲ့သည် ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိထားပြီး အကူအညီတောင်းခံပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပေးပြီး နေရာအနှံ့တွင် CCTV ကင်မရာများ တပ်ဆင်ထားခြင်းကလည်း ပြစ်မှုကျူးလွန်ခြင်းကို လျော့နည်းနိုင်စေပါသည်။
၃။ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု (Disaster Preparedness)
ထိုင်ဝမ်သည် ပစိဖိတ်မီးကွင်း (Pacific Ring of Fire) ပေါ်တွင် တည်ရှိသောကြောင့် ငလျင်လှုပ်ခတ်မှုများနှင့် တိုင်ဖွန်းမုန်တိုင်း (Typhoon) ဝင်ရောက်မှုများကို နှစ်စဉ် ကြုံတွေ့ရလေ့ရှိပြီး ကြိုတင်ပြင်ဆင်ကာကွယ်ထားမှုစနစ်များကလည်း လွန်စွာကောင်းမွန်မြင့်မားပါတယ်။
Public Warning System (PWS): အရေးပေါ်အခြေအနေ (ဥပမာ- ပြင်းထန်သော ငလျင်၊ မုန်တိုင်း) များ မဖြစ်ပွားမီ စက္ကန့်ပိုင်းအလို သို့မဟုတ် မိနစ်ပိုင်းအလိုတွင် ပြည်သူအားလုံး၏ မိုဘိုင်းလ်ဖုန်းများထံသို့ အရေးပေါ် သတိပေးချက် (Emergency Alert) များ ချက်ချင်း ပေးပို့သည့် စနစ်ရှိပါသည်။
ခိုင်မာသော အဆောက်အအုံ စည်းမျဉ်းများ: ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိစေရန် အဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ စည်းမျဉ်းများ (Building Codes) ကို အလွန် တင်းကျပ်စွာ ပြဋ္ဌာန်းထားပါသည်။
ပုံမှန် လေ့ကျင့်မှုများ: ကျောင်းများနှင့် ကုမ္ပဏီများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်တိမ်းမှု လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်လေ့ရှိသောကြောင့် ပြည်သူများက အရေးပေါ် အခြေအနေတွင် မည်သို့ တုံ့ပြန်ရမည်ကို ကောင်းစွာ သိရှိကြပါသည်။
၄။ ဘေးကင်းလုံခြုံသော အများပြည်သူ သယ်ယူပို့ဆောင်ရေး (Safe Public Transport)
ထိုင်ဝမ်၏ MRT (မြေအောက်ရထား)၊ ဘတ်စ်ကားများနှင့် High-Speed Rail (အမြန်ရထား) များသည် အလွန် သန့်ရှင်း၊ စနစ်ကျပြီး အချိန်မှန်ရုံသာမက အလွန် ဘေးကင်းလုံခြုံပြီး ဘူတာရုံတိုင်းတွင် လုံခြုံရေးဝန်ထမ်းများ၊ အရေးပေါ်ခလုတ်များနှင့် ရှင်းလင်းသော လမ်းညွှန်ဆိုင်းဘုတ်များ အပြည့်အစုံ ရှိပါသည်။
ထိုင်ဝမ်၏ "Safety System" သည် တရားဥပဒေစိုးမိုးမှု၊ ခိုင်မာသော လူမှုအသိုက်အဝန်း၊ အဆင့်မြင့် နည်းပညာသုံး ကြိုတင်ပြင်ဆင်မှုများနှင့် ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုတို့ ပေါင်းစပ်ထားခြင်း စတဲ့အချက်များကြောင့် ထိုင်ဝမ်သည် နေထိုင်ရန်၊ အလုပ်လုပ်ရန်၊ နှင့် ပညာသင်ကြားရန် ကမ္ဘာပေါ်တွင် စိတ်အချရဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။