12/05/2026
မြန်မာကျောင်းသားများအတွက် 🇹🇼ထိုင်ဝမ်အစိုးရမှ ပေးအပ်သောအထူး အခွင့်အရေး ✨
ထိုင်ဝမ်တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများနှင့် oversea chinese ကျောင်းသားများ အရေးပေါ်အခက်အခဲကြုံရင် “အရေးပေါ်ကူညီထောက်ပံ့ငွေ” 🚑⛑️လျှောက်နိုင်တဲ့အကြောင်းသတင်းကောင်း ပေးလိုက်ပါတယ် ..
✨ ဒီအစီအစဉ်က
ထိုင်ဝမ်မှာ ပညာသင်နေတဲ့ မြန်မာ/oversea chinese ကျောင်းသားများ တွေ မတော်တဆမှု၊ ပြင်းထန်နာမကျန်းမှု၊ အရေးပေါ်အခက်အခဲတွေ ကြုံရင်
ဆေးကုသစရိတ်၊ နေထိုင်ရေး၊ သင်္ဂြိုဟ်စရိတ် စတာတွေကို ကူညီဖို့ ရည်ရွယ်ထားတာပါ။
✨ အရင်က “僑生” (Overseas Chinese students) အတွက်ပဲ ဖြစ်ခဲ့ပေမယ့်
အခု “僑外生” ဆိုပြီး နိုင်ငံခြားကျောင်းသားတွေပါ ပါဝင်အကျုံးဝင်အောင် တိုးချဲ့ထားပါတယ်။
✨ ထိုင်ဝမ်မှာ အထက်တန်း/တက္ကသိုလ် တက်နေတဲ့မြန်မာကျောင်းသားတွေ
• ပြင်းထန်တဲ့ ဒဏ်ရာရမှု
• မတော်တဆမှု
• အရေးပေါ်အခက်အခဲ
ကြုံရင် လျှောက်ထားနိုင်ပါတယ်။
✨ လျှောက်လွှာကို ကျောင်းက အတည်ပြုပေးဖို့ လိုပါတယ်။ အတည်ပြုပြီးရင်NTD 10,000 ကနေ 50,000 အထိ အရေးပေါ်ထောက်ပံ့ငွေ ရနိုင်ပါတယ်။
အသေးစိတ် စည်းမျဉ်းနဲ့ လျှောက်လွှာဖိုင်တွေကို link ကနေ download လုပ်နိုင်ပါတယ်။
https://reurl.cc/grYOK7
အသေးစိတ်သိရှိလိုပါက
申辦相關問題請洽
社團法人緬甸腊戌果文中學旅台校友會
聯繫電話:(02)8666-8747
說明:
一、依據僑務委員會115年5月8日僑生輔字第1150003294號函(如附件)轉相關資訊。
二、來函摘要:
(一)該要點係該校友會為關懷在臺就學緬甸學生,協助渠等於遭逢急難事故時度過困境而訂定,並提供醫療、生活及喪葬等補助。
(二)全國緬甸僑外生急難救助金管理委員會修訂要點內容,將補助對象由「僑生」擴大為「僑外生」,並調整申請條件及發放標準,以符合實務需求。
(三)在臺就讀高中職以上緬甸僑外生,於遭逢重大傷病、意外事故或其他急難情形,得依要點規定提出申請,經審定後核發新臺幣1萬至5萬不等之急難救助金。
(四)申請案件須由就讀學校協助確認及核章。
(五)要點內容及申請相關文件,可自網址(https://reurl.cc/grYOK7)下載參閱。
申辦相關問題請洽
社團法人緬甸腊戌果文中學旅台校友會
聯繫電話:(02)8666-8747