Essential English Language Centre

Essential English Language Centre အင်္ဂလိပ်စာလေ့လာသင်ကြားရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုကို ပေးသွားပါမယ်

အင်္ဂလိပ်စာအုပ်တွေကိုဖတ်ရင်း အကျိုးရှိနိုင်မယ့် အချက်အလက်တွေကို ထုတ်နှုတ်ပြထားပါတယ်။ဒီ Playlist ကို နှိပ်ပြီး video တစ်ခ...
29/01/2025

အင်္ဂလိပ်စာအုပ်တွေကိုဖတ်ရင်း အကျိုးရှိနိုင်မယ့် အချက်အလက်တွေကို ထုတ်နှုတ်ပြထားပါတယ်။

ဒီ Playlist ကို နှိပ်ပြီး video တစ်ခုချင်းစီကို ကြည့်ရှုလို့ ရပါတယ်ခင်ဗျာ။

Life-changing Books: https://www.youtube.com/playlist?list=PLLutYsv1-KzbRyUfXFlDBXmzyr4pTMcZJ

ဒီ Telegram ကိုလည်း Join ထားပေးပါ။
https://t.me/essentialSayaSithuHtet/1151

Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။ Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖ...
23/12/2024

Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။

Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖြစ်ဖြစ် ဘယ်လိုတွေး၊ ဘယ်လိုရေးဆိုပြီး ပြောကြပေမဲ့ အခြေခံဝါကျတွေတောင် ဖြောင့်အောင် မရေးတတ်ရင် အဆင်မပြေဘူးလေ။

Writing က ချက်ချင်းသင်၊ ချက်ချင်းတတ်တာမဟုတ်ဘဲ အချိန်ယူရတော့ တချို့လေ့လာသူတွေက အချိန်ယူပြီး လေ့လာချင်ကြတယ်။ အချိန်မရွေး လေ့လာလို့ရတာ သဘောကျကြတယ်။ ဒါဆိုရင် Video သင်ခန်းစာတွေကို အထပ်ထပ်ကြည့်၊ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ ချိတ်ဆက်ရေးသားလေ့ကျင့်လို့ ရရင် အဆင်အပြေဆုံးပေါ့။

ဒီ သင်တန်းမှာ video သင်ခန်းစာတွေနဲ့ စကားစု တစ်ခုချင်းစီကစပြီး ရေးတတ်အောင် စသင်ပါတယ်။ စကားစုတွေရေးတတ်ပြီဆိုရင် ဝါကျတည်ဆောက်တတ်အောင်၊ အဲဒီကနေမှ ဝါကျတွေကို ချိတ်ဆက်တတ်၊ အတွေးအစဉ်မပြတ်အောင် သုံးရတဲ့ စကားတွေသုံးတတ်အောင် သင်တာပါ။

ဒါကြောင့် အခြေခံအားနည်းတဲ့အတွက် အခြေခံကစပြီး သေချာလေ့ကျင့်ချင်သူတွေအတွက် ဒီသင်တန်းက အထူးသင့်တော်ပါတယ်။ သင်ထားသမျှ တဆင့်ချင်းစီ ကြေညက်အောင် လေ့လာ၊ လေ့ကျင့်သွားမယ်ဆိုရင် ကိုယ်ပိုင်ဝါကျတွေ သေချာရေးတတ်ပါလိမ့်မယ်။

ဒါ့အပြင် တပည့်တွေ၊ သားသမီးတွေ၊ မောင်နှမတွေကို Writing တဆင့်ပြန်သင်ပေးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အဆင်သင့်ပြင်ဆင်ပေးထားတဲ့ မှတ်စုတွေကို Download ယူ၊ သင်ပြထားတဲ့ Video တွေကို နမူနာကြည့်ပြီး ကိုယ့်ကျောင်းသားနဲ့ ကိုက်ညီအောင် ပြင်ဆင်သင်ပြမယ်ဆိုရင် မပင်ပန်းဘဲ အဆင်သင့်သင်ပြနိုင်မှာပါ။

ဒီလို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Writing သင်တန်းမှာ member ဝင်ပြီး လေ့လာချင်ရင် သင်တန်းကြေး 60,000 (ခြောက်သောင်းကျပ်) သာ သွင်းဖို့ လိုအပ်ပါတယ်။ Telegram ရှိနေသရွေ့၊ account မပျက်သရွေ့ ရာသက်ပန်လေ့လာလို့ ရပါတယ်။

chat box ကနေ သင်တန်းအပ်လို့ ရပါတယ်ခင်ဗျာ။

t.me/SayaSithuHtetEssentialEnglish

❗️စိတ်ဝင်စားတယ်❗️စိတ်ဝင်စားတယ်လို့ ပြောလိုက်ရင် ခေါင်းထဲပေါ်လာတဲ့ စကားလုံးက interest ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ကျွန်မ ...
17/12/2024

❗️စိတ်ဝင်စားတယ်❗️

စိတ်ဝင်စားတယ်လို့ ပြောလိုက်ရင် ခေါင်းထဲပေါ်လာတဲ့ စကားလုံးက interest ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ ကျွန်မ ဂီတမှာ စိတ်ဝင်စားတယ်လို့ ပြောချင်တဲ့အခါ I interest music. လို့ ရေးမိနိုင်တယ်။ ဒါဆို လွဲသွားမှာပါ။

interest (v) က စိတ်ဝင်စားတယ်လို့ အဓိပ္ပာယ်ရတာ မှန်တယ်။ ဒါပေမဲ့ တိတိကျကျ ပြောရရင် "စိတ်ဝင်စားစေတယ်" လို့ ​ပြောတာပါ။ interest somebody ပုံစံ သုံးတယ်။

ဥပမာ -
🔸Politics doesn't interest me.
ကျွန်တော် နိုင်ငံရေး စိတ်မဝင်စားဘူး။ (နိုင်ငံရေးက ကျွန်တော့်ကို စိတ်မဝင်စားစေဘူး)
🔸The museum has something to interest everyone, young and old.
ဒီပြတိုက်မှာ လူ ငယ်ငယ်ကြီးကြီး အားလုံးကို စိတ်ဝင်စားစေတာ တစ်ခုခုရှိတယ်။

ကိုယ်က တစ်ခုခုအကြောင်း ပိုသိချင်တာ၊ "စိတ်ဝင်စားတာ" ဆိုရင် be interested in ပုံစံ သုံးရပါတယ်။ ဒီနေရာမှာ interested (စိတ်ဝင်စားသော) က Adjective ပေါ့။

ဥပမာ -
🔸I am very interested in politics.
ကျွန်တော်က နိုင်ငံရေးမှာ သိပ်စိတ်ဝင်စားတယ်။
🔸I was interested in visiting different parts of the world.
ကျွန်တော်က ကမ္ဘာရဲ့ မတူညီတဲ့အရပ်တွေကို အလည်သွားရတာ စိတ်ဝင်စားခဲ့တယ်။

♦️interested ရဲ့ နောက်မှာ preposition ဖြစ်တဲ့ in သုံးတာလေးလည်း မှတ်ထားနော်။ interested to do ဆိုပြီး ​မသုံးရတာ သတိထားပါ။

interested နဲ့ interesting ကို မရောထွေးသင့်ဘူး။ interesting လည်း adjective ပါပဲ။
တစ်ယောက်ယောက်၊ ဒါမှမဟုတ် တစ်ခုခုက ကိုယ့်ကို စိတ်ဝင်စားစေတဲ့ အရည်အသွေးရှိနေတာ၊ "စိတ်ဝင်စားစရာကောင်းတာ" ဆိုရင် interesting ကို သုံးရပါမယ်။

ဥပမာ -
🔸I've met some very interesting people.
ကျွန်တော်က သိပ်စိတ်ဝင်စားစရာကောင်းတဲ့ လူတချို့နဲ့ ဆုံဖူးတယ်။
🔸There are some interesting old buildings in the village.
ရွာထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အဆောက်အဦဟောင်းတချို့ ရှိတယ်။

ပြန်နှိုင်းယှဉ်ပြောရရင် ဒီလိုတွေ ကွာခြားပါတယ်။
🔹"စိတ်ဝင်စားစေသည်" ဆိုရင် interest (verb)
🔹"စိတ်ဝင်စားသော" ဆိုရင် interested (adjective)
🔹"စိတ်ဝင်စားစရာကောင်းသော" ဆိုရင် interesting (adjective)

မြန်မာလိုပဲ အားကိုးပြီး ပုံသေမှတ်တာထက်၊ သုံးစွဲပုံတွေ၊ ဥပမာတွေနဲ့ တွဲဖက်လေ့လာပြီး မှတ်သားရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။

•••

Telegram Channel
https://t.me/essentialSayaSithuHtet

used to / be used to / get used to က အဓိပ္ပာယ်အတူတူပဲလား။ ဘယ်အချိန်၊ ဘယ်လိုဆိုလိုရင်းနဲ့ သုံးကြသလဲ။အသေးစိတ်တွေကို အောက်က...
16/12/2024

used to / be used to / get used to က အဓိပ္ပာယ်အတူတူပဲလား။ ဘယ်အချိန်၊ ဘယ်လိုဆိုလိုရင်းနဲ့ သုံးကြသလဲ။

အသေးစိတ်တွေကို အောက်က link လေး နှိပ်ပြီး video မှာ လေ့လာကြည့်ပါဦး။

https://youtu.be/DEniGUYwdGM

Unit 13I was doing (past continuous)အတိတ်ကာလက အချိန်တစ်ခုမှာ လုပ်နေဆဲ၊ ဖြစ်နေဆဲ ကိစ္စတွေအတွက် past continuous သုံးစွဲပုံ...
14/12/2024

Unit 13
I was doing (past continuous)

အတိတ်ကာလက အချိန်တစ်ခုမှာ လုပ်နေဆဲ၊ ဖြစ်နေဆဲ ကိစ္စတွေအတွက် past continuous သုံးစွဲပုံကို အသေးစိတ် ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/iKQsJjtO7eo

🔸 အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောနိုင်ဖို့ ဘာလိုမလဲ။🔸 အင်္ဂလိပ်လို ဖတ်လိုက်တဲ့စာတွေကို နားလည်ဖို့ ဘာလိုမလဲ။🔸 အင်္ဂလိပ်လ...
12/12/2024

🔸 အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောနိုင်ဖို့ ဘာလိုမလဲ။
🔸 အင်္ဂလိပ်လို ဖတ်လိုက်တဲ့စာတွေကို နားလည်ဖို့ ဘာလိုမလဲ။
🔸 အင်္ဂလိပ်လို ပြောတာတွေကို နားလည်ဖို့အတွက်ရော။
🔸 အင်္ဂလိပ်လို ရေးဖို့အတွက်ဆိုရင်လည်း လိုအပ်တာ ဘာရှိမလဲ။

✅ ဟုတ်ပါတယ်။ ဒါတွေအားလုံးအတွက် စကားလုံးတွေ သိဖို့လိုပါတယ်။ ဝေါဟာရ ကြွယ်ဝဖို့ လိုပါတယ်။

Level အားလုံးအတွက် လုံလောက်တဲ့ ဝေါဟာရတွေသာမရှိရင် အင်္ဂလိပ်လို ရေး၊ ဖတ်၊ ပြော၊ နားထောင် အားလုံးအတွက် အခက်အခဲ ရှိမှာ အမှန်ပါပဲ။

💟 အင်္ဂလိပ်ဝေါဟာရတွေ မှတ်သားတဲ့အခါ သာမန်ကာလျှံကာ မှတ်သားသွားတာထက် အမျိုးအစားအလိုက် အုပ်စုဖွဲ့မှတ်သားတာ၊ မှားတတ်တာတွေ နှိုင်းယှဉ်ဂရုပြုလေ့လာတာ၊ လေ့ကျင့်ခန်းတွေ လုပ်တာက ပိုပြီး ဝေါဟာရတွေကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်စေပါတယ်။

အင်္ဂလိပ်ဝေါဟာရတွ တိတိကျကျ နားလည်ပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်စေဖို့ Vocabulary သင်တန်းလေး ဖွင့်လှစ်ပေးထားလိုက်ပါတယ်။

ဒီသင်တန်းမှာ
🔹ဝေါဟာရတွေကို အကြောင်းအရာအလိုက် သင်ပြပေးထားတယ်။
🔹 မှတ်သားရလွယ်အောင် ထပ်ခါ ထပ်ခါ ရှင်းပြပေးထားတယ်။
🔹 မှားတတ်တာတွေကို ရှင်းပြထားတယ်။
🔹 လေ့ကျင့်ခန်းတွေကိုလည်း ​စဉ်းစားပြ၊ ရှင်းပြ၊ ဖြေပြထားတယ်။

♦️ အချိန်မရွေး အထပ်ထပ်လေ့လာနိုင်အောင် Telegram private group ထဲမှာ Video နဲ့ သင်ခန်းစာတွေ သင်ပြပေးမယ့် ပုံစံ ဖြစ်ပါတယ်။ video နဲ့မို့ ကိုယ်အားချိန်၊ အဆင်ပြေချိန် ဘယ်ချိန်မဆို သင်ခန်းစာတွေ စိတ်ကြိုက် အထပ်ထပ် လေ့လာလို့ ရပါတယ်။

သင်တန်းကို elementary level အတွက်ရယ်၊ pre-intermediate and intermediate level အတွက်ရယ် နှစ်ခု ခွဲပေးထားပါတယ်။

elementary level အတွက် English Vocabulary in Use (elementary) စာအုပ်ကို အသုံးပြုပြီး သင်ပေးပါမယ်။ သင်ခန်းစာ နမူနာတွေကို အောက်ပါ link တွေကို နှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။
💟 The family
https://youtu.be/8sDglwvap8Y?si=hlZr9PJsIUW-RHtU
💟 Birth, marriage and death
https://youtu.be/-mMkHuZ5vKk?si=dtgf6YFciiZ9q8Jf
💟 Parts of the body
https://youtu.be/6FXYV7TNT3o?si=SOSrU5fifw0wCnE9
💟 Clothes
https://youtu.be/NGaawhjgsvc?si=cl1geQ3nhDV4DjZN

pre-intermediate and intermediate level
အတွက် English Vocabulary in Use (pre-intermediate and intermediate) စာအုပ်အသုံးပြုပြီး သင်ကြားပေးပါမယ်။ သင်ခန်းစာ နမူနာတွေကို အောက်ပါ link တွေကို နှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။
✅ Learning vocabulary
https://youtu.be/ma87PRHMTJ0?si=z4ZMbjO4ZUIgrWwk
✅ Keeping a vocabulary notebook
https://youtu.be/f4NhWYHIeX8?si=r7H_pAz2YntvzSl4

elementary level အတွက် သင်တန်းကြေး သုံးသောင်းကျပ် (30000) သာ ဖြစ်ပါတယ်။

pre-intermediate to imtermediate level အတွက်သင်တန်းကြေး လေးသောင်းကျပ် (40000) သာ ဖြစ်ပါတယ်။

🌠 သင်တန်းနှစ်ခုလုံးက Telegram group ထဲမှာ video သင်ခန်းစာတွေကြည့်ပြီး လေ့လာရမှာဖြစ်တဲ့အတွက် Telegram ရှိနေသရွေ့/ account မပျက်သရွေ့ ရာသက်ပန်လေ့လာနိုင်ပါတယ်။

သင်တန်းအပ်မယ်ဆိုရင် chat box မှာ တက်ချင်တဲ့အတန်းကိုပြောပြီး အပ်လို့ရပါတယ်ခင်ဗျာ။

Unit 12I didn't ... Did you ...? (Past simple negative and questions)အတိတ်ကာလအကြောင်းတွေကို ပြောရာမှာ အငြင်းဝါကျတွေ၊ မေး...
19/11/2024

Unit 12
I didn't ... Did you ...? (Past simple negative and questions)

အတိတ်ကာလအကြောင်းတွေကို ပြောရာမှာ အငြင်းဝါကျတွေ၊ မေးခွန်းတွေ ဘယ်လိုမျိုး ပြောရ၊ ရေးရသလဲဆိုတာ အသေးစိတ် ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/gXk_Seh6FgA

Unit 11worked/got/went etc. (past simple)အတိတ်ကာလအကြောင်းတွေကို ပြောဖိုအတွက် past simple ကို ကြေကြေညက်ညက် နားလည်ဖို့ လို...
12/11/2024

Unit 11
worked/got/went etc. (past simple)

အတိတ်ကာလအကြောင်းတွေကို ပြောဖိုအတွက် past simple ကို ကြေကြေညက်ညက် နားလည်ဖို့ လိုပါတယ်။ ဒီသင်ခန်းစာမှာ past simple နဲ့ ရေးပုံ၊ ပြောပုံတွေကို အသေးစိတ်ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/mQYjLw3a9IQ

Unit 10was/wereအတိတ်ကာလအကြောင်းတွေကို ပြောဖို့အတွက် was/ were သုံးစွဲပြီး ပြောပုံ၊ ရေးပုံကို လေ့လာကြည့်ပါဦး။Video နဲ့ လေ...
01/11/2024

Unit 10
was/were

အတိတ်ကာလအကြောင်းတွေကို ပြောဖို့အတွက် was/ were သုံးစွဲပြီး ပြောပုံ၊ ရေးပုံကို လေ့လာကြည့်ပါဦး။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/IcirbiQkEBc

Unit 9I have ... and I've gothave နဲ့ have got သုံးစွဲပုံတွေကို နှိုင်းယှဉ်လေ့လာကြည့်ရအောင်နော်။Video နဲ့ လေ့လာချင်တဲ့သူ...
30/10/2024

Unit 9
I have ... and I've got

have နဲ့ have got သုံးစွဲပုံတွေကို နှိုင်းယှဉ်လေ့လာကြည့်ရအောင်နော်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/OzA3aJNzy1o

Lesson 51You seem + (adj) ပုံစံသုံးပြီး တစ်ခုခု ဖြစ်ပုံပေါ်၊ ဖြစ်ဟန်ရှိတဲ့အကြောင်း ပြောပုံကို လေ့လာကြည့်ကြစို့နော်။
25/10/2024

Lesson 51
You seem + (adj) ပုံစံသုံးပြီး တစ်ခုခု ဖြစ်ပုံပေါ်၊ ဖြစ်ဟန်ရှိတဲ့အကြောင်း ပြောပုံကို လေ့လာကြည့်ကြစို့နော်။

Unit 8I am doing (present continuous) and I do (present simple)present continuous နဲ့ present simple အကြောင်း လေ့လာပြီးတ...
22/10/2024

Unit 8
I am doing (present continuous) and I do (present simple)

present continuous နဲ့ present simple အကြောင်း လေ့လာပြီးတဲ့အခါ ဒီတစ်ခါမှာတော့ အဲဒီ tense နှစ်ခုကို နှိုင်းယှဉ်ပြီး လေ့လာကြည့်ရအောင်နော်။

Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/SsXuMewYRyM

Address

Yangon

Alerts

Be the first to know and let us send you an email when Essential English Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category