Sunrise japanese language centre

Sunrise japanese language centre

Share

japanese language

27/05/2022

🇯🇵 Internship Program in Japan | Sponsored by METI 🇯🇵

ဒီ​နေ့မှာ​တော့ ဂျပန်နိုင်ငံ စီးပွါးရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ Ministry of Economy, Trade and Industry မှ sponsor ပေးထားသော Internship Program တစ်ခုနဲ့ မိတ်ဆက်​ပေးချင်ပါတယ်

ဒီ Program ဟာ တစ်နှစ်ကို နှစ်ခါပြုလုပ်ပြီး (နွေရာသီနှင့် ဆောင်းရာသီ) အလုပ်သင် ၂၀၀ ခေါ်ယူမှာဖြစ်လို့ ဂျပန်ကုမ္ပဏီမှာ အလုပ်သင်ဆင်းပြီး အလုပ်ရရှိနိုင်မယ့် အခွင့်အရေးပါ​နော် 📣📣📣

စိတ်ဝင်စားပါက လျှောက်ထားရန် Application Link : https://bit.ly/3lC2cOt

* Application Deadline : 30th June 2022, 23:59 JST

📌 Internship Program အကြောင်းအကျဉ်းချုပ် 📌
METI Internship Program သည် ဖွံ့ဖြိုးဆဲနိုင်ငံရှိ ကျောင်းသားများအားရည်ရွယ်၍ နွေရာသီ ကျောင်းပိတ်ရက်တွင် အလုပ်အကိုင်အတွေ့အကြုံရစေရန် ရည်ရွယ်ထားတာဖြစ်ပါတယ်

ဂျပန်နိုင်ငံကိုလာရန် နေထိုင်စရိတ်၊ စားစရိတ်၊ သွားလာစရိတ်၊ ကုန်ကျစရိတ်များလည်းတာဝန်ယူမည့် အစီအစဉ်ဖြစ်ပါတယ်
Internship ကာလကို အခုလို (၂)ချိန်ခွဲထားပါတယ် -
1. 1st Aug 2022 - 9th Sept 2022
2. 22nd Aug 2022- 30th Sept 2022

မိမိအနေနှင့် join မယ်ဆိုရင် အောက်ပါအချက်တွေနဲ့ ပြည့်စုံရပါမယ် -
• ဂျပန်မှာသော်လည်းကောင်း အခြားနိုင်ငံမှာသော်လည်းကောင်း တက္ကသိုလ် တတ်နေဆဲ ဖြစ်သူ
• JLPT N3 level ရှိသူ (သို့) English လိုပြောနိုင်သူ
• METI Internship Project 2016 မှ 2021 တွင်မပါဝင်ဖူးသူ

အသေးစိတ်အား Online Information Session များမှ တစ်ဆင့်ရှင်းပြပေးမှာဖြစ်လို့ မိမိနှစ်သက်ရာ ဘာသာစကားဖြင့်လည်း တက်ရောက်နိုင်ပါတယ် 💁

▼ English Session: 8th Jun (Wed) 9:00~10:00 PM JST
Register Here: https://bit.ly/3wOmue3

▼ Japanese Session: 16th Jun (Thu) 6:00~7:00 PM JST
Register Here: https://bit.ly/3xc4Ekj

Slot မပြည့်ခင် အမြန် register လိုက်​တော့​နော်!

03/11/2021
29/06/2021

https://www.facebook.com/117985645021854/posts/2043379979149068/

Edit: 4:26pm
သတ်မှတ်ထားသောလူဦးရေပြည့်သွားပါသဖြင့်၊စာရင်းပိတ်သွားပါပြီရှင်။
နောင်လည်းဆက်လက်ကျင်းပရန်စီစဥ်ပေးသွားမည်။

Online Seminar for EJU

ဂျပန်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ (Examination for Japanese University Entrance) EJU နှင့် EJU စာမေးပွဲမှ ရရှိနိုင်သော အခွင့်အလမ်းများနှင့် ပတ်သက်သော ဆွေးနွေးပွဲကို MAJA နှင့် Okayama University Japan Educational Information Center (OJEIC) တို့ပူးပေါင်းပြီးအောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားရောက်ရန် ရည်ရွယ်ထားသည့် စိတ်ပါဝင်စားသူများ၊ မည်သူမဆို (ကျား/မ မရွေး) စာရင်းပေးသွင်း တက်ရောက်နိုင်ပါသည်။ လူဦးရေ (၁၅၀) ခန့်အထိသာ သတ်မှတ်ထားပါ၍ အမှန်တကယ် တက်ရောက်နိုင်သူများသာ အောက်ပါ Google Form ကိုဖြည့်သွင်းပြီး၊စာရင်း ပေးသွင်းပါရန် မေတ္တရပ်ခံအပ်ပါသည်။ စာရင်းသွင်းသူ(၁၅၀) ဦး ပြည့်ပါကစာရင်းပိတ်ပါမည်။

https://docs.google.com/forms/d/e/1FAIpQLScYDZP74pKtGuHqcb5YLfa20w81uyh20B8eowfgvtVDIrCZ-A/viewform?usp=pp_url

ကျင်းပမည့်နေ့ - ဇူလိုင်လ (၃)ရက်၊၂၀၂၁ ခုနှစ်
ကျင်းပမည့်အချိန် - နံနက်(၁၀:၃၀)နာရီမှ (၁၂း၀၀) အထိ
ကျင်းပမည့်ပုံစံ - Online ( Zoom Application )

ဟောပြောမည့် အကြောင်းအရာ
(၁) ဂျပန်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ (EJU)အကြောင်း
(၂) EJU ဖြင့် ဝင်နိုင်သော တက္ကသိုလ်များ
(၃) EJU နှင့် Scholarship

ဆွေးနွေးပွဲတွင်တက်ရောက်လိုသူများသည် Zoom Application ကို Download ပြုလုပ်ထားရန်လိုအပ်ပါသည်။ Seminar အတွက် Zoom Link ကို စာရင်းပေးသွင်းသူများအား သီးသန့်အကြောင်းကြား ပေးသွားမည် ဖြစ်ပါသည်။

Myanmar Association of Japan Alumni (MAJA)

Photos from Sunrise japanese language centre's post 21/06/2021
02/02/2021

https://www.facebook.com/226729031282084/posts/739116660043316/
😓😓

#မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်ကုမ္ပဏီကြီးအချို့ လုပ်ငန်းများကို ရပ်ဆိုင်း

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဂျပန်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Suzuki (Myanmar) Motor Ltd နဲ့ Toyo ink SC Holdings ကုမ္ပဏီတို့က စက်ရုံတွေလည်ပတ်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

Suzuki (Myanmar) Motor Co., Ltd နဲ့ Suzuki Thilawa Motor Co., Ltd တို့က ဂျပန် ယန်းငွေ ၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ လက်ရှိ တောင်ဒဂုံစက်ရုံနဲ့ သီလဝါစက်ရုံတို့မှာ Carry, Ciaz, Ertiga နဲ့ Swift ကားအမျိုးအစားတွေကို ထုတ်လုပ်တပ်ဆင်ပြီး ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။

Suzuki Motor Co., Ltd အနေနဲ့ ဂဟေဆော်၊ ဆေးသုတ်၊ အစိတ်အပိုင်းတပ်ဆင်တာအပါအဝင် စက်ရုံသစ်ကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စတင်လည်ပတ်ဖို့ ရည်မှန်းထားပြီး နှစ်စဉ် ကားအစီးရေ ၄၀၀၀၀ ခန့်ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားတာလည်းဖြစ်ပါတယ်။

တခြားဂျပန်ကုမ္ပဏီကြီးတခုဖြစ်တဲ့ Toyo ink SC Holdings ကလည်း စက်ရုံလည်ပတ်မှုကိုရပ်ဆိုင်းကာ Nippon Airways (ANA) လေကြောင်းလိုင်းကလည်း ဖေဖော်ဝါရီ ၃ ရက်နေ့ ရန်ကုန်မှ နာရီတာလေဆိပ်သို့ ပျံသန်းမှုကို ပယ်ဖျက်ဖို့လည်းဆုံးဖြတ်ကာ အခြေအနေစောင့်ကြည့် ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။

အလားတူ တိုယိုတာ ကလည်း အခုလအတွင်း ဖွင့်လှစ်မယ့် စက်ရုံအသစ်ကို စောင့်ကြည့်သွားမယ်ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီအပြောင်းအလဲတွေ တွေ့မြင်ဖြစ်ပေါ်လာလို့ ဂျပန်အင်အားကြီးကုမ္ပဏီအုပ်စုကြီးတွေ အပါအဝင် လက်ရှိကုမ္ပဏီပေါင်း ၄၄၃ ခုက ဝင်ရောက် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Credit ; DVB Burmese

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


177/179 Room No(301)4th Floor 34 Street, Kyauktada Township
Yangon
11182