Teacher Htet -Artist & Art Educator

Teacher Htet -Artist & Art Educator Teacher Htet Art School - 𝑺𝒊𝒏𝒄𝒆 𝟐𝟎𝟏𝟓 🍀🎨 (Yangon ) 09943438811

🎨 ပန်းချီကို ချစ်တယ်ဆိုရင်… စတင်သင်ကြားလိုက်ပါ။ ပန်းချီဆွဲချင်ပေမယ့်“ဘယ်ကနေ စရမလဲ?”“ပုံမဆွဲတတ်သေးဘူး…”“အရောင်တွေ ဘယ်လိုရ...
21/08/2026

🎨 ပန်းချီကို ချစ်တယ်ဆိုရင်… စတင်သင်ကြားလိုက်ပါ။

ပန်းချီဆွဲချင်ပေမယ့်
“ဘယ်ကနေ စရမလဲ?”
“ပုံမဆွဲတတ်သေးဘူး…”
“အရောင်တွေ ဘယ်လိုရောရမလဲ?”
ဆိုပြီး တွန့်ဆုတ်နေပါသလား?

ပန်းချီဆိုတာ မွေးရာပါ Talent ရှိမှ ဆွဲလို့ရတာမဟုတ်ပါဘူး။
မှန်ကန်တဲ့ Guidance + Practice ရှိရင်
ကိုယ့်ရဲ့အနုပညာကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။ 🤍

🖌️ Basic Drawing
🎨 Colour Theory & Mixing
🖼️ Painting Techniques
✨ Composition & Creativity
🌿 ကိုယ့်ကိုယ်ပိုင် Art Style ရှာဖွေခြင်း

Teacher Htet Art Class — Since 2015

ပန်းချီကို ဝါသနာပါသူတွေအတွက်
အခြေခံကနေ စနစ်တကျ သင်ကြားပေးပါတယ်။

Your art journey starts with one brush stroke. 🎨

📩 Class details & Enrollment — Message us

ဒီမန့်လေး တွေ့ရတော့ ..ပန်းချီကားဖန်တီးတာရောသင်ကြားရေးအပိုင်းရောပိုအားရှိရတယ် 🥰
21/08/2026

ဒီမန့်လေး တွေ့ရတော့ ..

ပန်းချီကားဖန်တီးတာရော
သင်ကြားရေးအပိုင်းရော
ပိုအားရှိရတယ် 🥰

ဥပုသ်နေ့ကျောင်းပိတ်တဲ့ Students များအတွက်ပန်းချီ သင်တန်းချိန် 🩷တနင်္ဂနွေ၊ ဥပုသ်နေ့ ( မနက် ၉-၁၀:၃၀) စနေ၊ တနင်္ဂနွေ       ...
17/08/2026

ဥပုသ်နေ့ကျောင်းပိတ်တဲ့ Students များအတွက်
ပန်းချီ သင်တန်းချိန် 🩷

တနင်္ဂနွေ၊ ဥပုသ်နေ့ ( မနက် ၉-၁၀:၃၀)
စနေ၊ တနင်္ဂနွေ ( ညနေ ၄-၅:၃၀)

သင်တန်းချိန် အတွင်းသာ
သင်တန်းစုံစမ်း/ သင်တန်းအပ် လက်ခံပါသည်။

“ တီချယ်ထက်ပန်းချီသင်တန်းလိပ်စာ “

အမှတ်(၁၅)ခ၊ မြင်တော်သာလမ်းမ၊ ၃ ရပ်ကွက်၊ မာန်ပြေ၊ သာကေတမြို့နယ်၊ ရန်ကုန်။

သာကေတကြေးအိုးဘုရင် မျက်စောင်းထိုး၊
ရွှေအိုးဆေးဆိုင် တစ်အိမ်ကျော်၊
ရှုခင်းသာလမ်းမ(ယမုံနာလမ်း) ဘက်မှ ဝင်လျှင်
၃ ဂိတ်ဟောင်းမှတ်တိုင်အနီးတွင် ရှိပါသည်။

___________________________________

သင်တန်းကိစ္စ ဆက်သွယ်မေးမြန်းလိုပါက

သင်တန်းဖုန်း📱 099-4343-8811 မှ
မနက် (၁၁) နာရီမှ ညနေ (၆) နာရီအတွင်းသာ
ဖြေကြားပေးသွားမည် ဖြစ်ပါသည်။ ✅

_________________________________

(၂၀၁၅ ) နှစ်စတွင်
ပန်းချီသင်တန်း စတင်တည်ထောင်ခဲ့ပြီး ...

တီချယ်ထက် ပန်းချီသင်တန်း၏ ထူးခြားချက်မှာ
Students အားလုံးကို တစ်ပြေးညီ တစ်ပုံစံတည်း သင်ကြားခြင်းမဟုတ်ဘဲ...Student တစ်ယောက်ချင်းစီ​၏ အသက်အရွယ်၊ စိတ်ဝင်စားမှုအပေါ် မူတည်ပြီး ပုံဆွဲပြခြင်း၊ ရှင်းပြခြင်းများ ပြုလုပ်၍ *တစ်ယောက်ချင်းစီ ဗဟိုပြုပြီး ပန်းချီအခြေခံမှစ၍ သေချာသင်ကြားပေးခြင်း ဖြစ်ပါသည်။

တီချယ်ထက်ရဲ့ in Class မှာ စတက်တဲ့ နေ့မတူတဲ့ Students တွေ ရှိသလို ... နှစ်နဲ့ချီကြာအောင် တက်ခဲ့တဲ့ တပည့်လေးတွေလည်း ပါတော့ တစ်ယောက်ချင်းစီ သင်ပြရတာမို့ .. အသက်အရွယ်မတူလည်း ကိစ္စမရှိသလို.. ပုံဆွဲနှေးတာ မြန်တာနဲ့လည်း မဆိုင်တော့ပါဘူး။ ပန်းချီကို အေးအေးဆေးဆေး ရေးဆွဲသင်ယူလို့ ရစေမှာ ဖြစ်ပါတယ်။

Student တွေရဲ့ အသက်အရွယ်နဲ့ တက်တဲ့ကာလမတူတာကြောင့် တစ်ယောက်ကို တစ်မျိုးစီ သင်ရတာမို့ .. ပုံသေချာရေးနိုင်အောင်လည်း သင်သလို စည်းကမ်းရှိအောင်လည်း သင်ပေးဖြစ်တယ်။ Art Atmosphere လေးတွေနဲ့ဆိုတော့ Imagination တွေ ပိုကောင်းလာမှာ အမှန်ပါ။

_________________________________

ပန်းချီသင်တန်း ကလေးတန်းမှာ
အသက် (၅) နှစ်ကနေ (၁၂) အတွင်း လက်ခံပါတယ်။

လတိုင်းဖွင့်လှစ်ထားတဲ့အပြင်
တစ်ယောက်ချင်းစီ ဗဟိုပြုသင်ကြားပေးတာကြောင့် New Student တွေရော
Old Student တွေပါ
တက်ရောက်နိုင်ပါတယ်။ 🩷

👉 ကလေးတို့အတွက် 👶🏻👦🏻👧🏻
1️⃣အခြေခံရေးဆွဲခြင်း ( Basic Drawing )
2️⃣အရောင်သီအိုရီ ( Colour theory )
အပူရောင်၊ အအေးရောင်များ (Warm&Cool Colors)
နှင့် အရောင်များ၏ သဘောသဘာဝ
3️⃣သပ်ရပ်လှပစွာ အရောင်ခြယ်ခြင်း (Coloring )
4️⃣ သက်ငြိမ်ပန်းချီကား ရေးဆွဲခြင်း (Still-Life painting) သစ်သီး၊ ပန်းပွင့်၊ ပန်းအိုး၊ ခွက်။
5️⃣ ရှုခင်းရေးဆွဲနည်း (Landscape Painting)
6️⃣ လူပုံ ရေးဆွဲနည်း၊ (Drawing Human Figure with child art)
7️⃣တိရစ္ဆာန်ပုံရေးဆွဲနည်း (Drawing Animals Pictures)
8️⃣ ရေဆေး ( Watercolour)
9️⃣ အခရိုင်းလစ် ( Acrylic paint on Canvas)
အစရှိသဖြင့် .... တစ်ဆင့်ပြီးတစ်ဆင့်
စနစ်တကျ သင်ကြားပေးလျက်ရှိပါသည်။

Basic Course အနေဖြင့် အနည်းဆုံး
သုံးလခန့် တက်ရောက်သင့်ပါသည်။

#လိုအပ်သည့်ပစ္စည်းများ
ခဲတံ၊ ခဲဖျက်၊ ပေတံ၊
ပုံဆွဲစာအုပ် (11x15inches), Oil Pastels
Drawing Book နဲ့ Pastel မရှိရင်
သင်တန်းမှာလည်း ဝယ်ယူလို့ရပါတယ်။

သင်ထောက်ကူပစ္စည်းများကိုတော့ မိမိဘာသာ ဝယ်ယူရမှာဖြစ်ပြီး.. လိုအပ်သော ပုံဆွဲပစ္စည်းများ ( ခဲတံ၊ ခဲဖျက်၊ ပေတံ၊ စာအုပ်၊ Color box) တစ်ခါတည်း ယူဆောင်လာခဲ့ဖို့ လိုပါတယ်။

___________________________________

၁၃/ ၁၄ နှစ်နဲ့ အထက် Students များကိုတော့

1️⃣ အခြေခံ ပုံဆွဲ ( Basic Drawing Including Point, Lines, Shape, Form )
လျာထားတည်ဆောက်ရေးဆွဲနည်းများ (Construction Method) ၊ မှန်းခြေအချိုး
Eye-Level, Contour line, 9Tones, light& Shade,
Drawing Sketches ,Perspective, etc )
2️⃣ ခဲ ပန်းချီ ( Pencil Drawing)
* သက်ငြိမ်ပန်းချီကား ရေးဆွဲခြင်းများ
( သစ်သီး၊ ပန်းပွင့်၊ ပန်းအိုး၊ ဖန်ခွက်၊ စသဖြင့် )
* ရှုခင်း ရေးဆွဲခြင်းများ
* လူပုံ အခြေခံမှ ပုံတူ လေ့ကျင့်ရေးဆွဲခြင်းများ
* ပန်းချီကားဖန်တီးသည့် အပိုင်းများ ရှင်းပြပေးခြင်း
2️⃣ ရေဆေး ( Watercolour Painting )
3️⃣ အခရိုင်းလစ် ( Acrylic paint on canvas)
အစရှိသည် များကို တစ်ဆင့်ပြီးတစ်ဆင့်သင်ကြားပေးပါတယ်။

✍️📚 ခဲတံ (2B,4B,6B,9B) နှင့် ခဲဖျက်၊ ပေတံ
Drawing book (Color stones or Renaissance ) Size - 11 x 15 inches ... တို့ ယူလာဖို့ လိုပါတယ်။ Drawing book ကို သင်တန်းမှာ ဝယ်လည်း ရပါသည်။

_____________________________________

Teacher Htet Art Class ( Yangon )
SINCE - 2015
09943438811

🎨 ပန်းချီသင်တန်းရွေးတဲ့အခါ ဘာတွေကြည့်သင့်လဲ?သင်တန်းတစ်ခုရွေးတဲ့အခါ“ပန်းချီကားလှလား” တစ်ခုတည်း မကြည့်သင့်ပါဘူး။✔️ အခြေခံက...
17/08/2026

🎨 ပန်းချီသင်တန်းရွေးတဲ့အခါ ဘာတွေကြည့်သင့်လဲ?

သင်တန်းတစ်ခုရွေးတဲ့အခါ
“ပန်းချီကားလှလား” တစ်ခုတည်း မကြည့်သင့်ပါဘူး။

✔️ အခြေခံကို စနစ်တကျ သင်ပေးသလား
✔️ Student တစ်ယောက်ချင်းစီကို လမ်းညွှန်ပေးသလား
✔️ Technique တွေကို နားလည်အောင် သင်ပေးသလား
✔️ ကိုယ်ပိုင် Style ဖန်တီးနိုင်အောင် အားပေးသလား
✔️ Practice လုပ်ခွင့် လုံလောက်သလား

ဒါတွေကလည်း အရေးကြီးပါတယ်။

အနုပညာကို သင်ယူတာဟာ ပန်းချီကားတစ်ချပ်ပြီးဖို့ထက် ပိုပါတယ်။

ကိုယ့်ရဲ့ အနုပညာအမြင်ကို တည်ဆောက်ဖို့ပါ။ 🎨✨

17/08/2026

🎨 ပန်းချီကားတစ်ချပ် ဖြစ်လာပုံ

ပန်းချီကားတစ်ချပ် ပြီးမြောက်သွားတဲ့အချိန်မှာ
နောက်ဆုံးပုံကိုပဲ မြင်ကြရပေမယ့်…

အဲ့ဒီနောက်ကွယ်မှာတော့
စဉ်းစားရတဲ့အချိန်တွေ၊
မကြိုက်လို့ ပြန်ဖျက်ရတဲ့နေရာတွေ၊
အရောင်တွေ ပြန်ပြောင်းရတဲ့အခိုက်အတန့်တွေ
အများကြီးရှိပါတယ်။ 🤍

အဆင့် (၁) — အစပြုခြင်း
ဗလာကင်းဗတ်ပေါ်မှာ color, texture တွေ စတင်ဖန်တီးခဲ့တယ်။

အဆင့် (၂) — ပုံသဏ္ဍာန်ရှာခြင်း
ကိုယ်မြင်ချင်တဲ့ပုံစံကို ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့တယ်။

အဆင့် (၃) — အရောင်တွေ စတင်ဝင်လာခြင်း
အရောင်တစ်ရောင်ပြီးတစ်ရောင် ထည့်ရင်း
ပန်းချီကားက အသက်ဝင်လာခဲ့တယ်။

အဆင့် (၄) — ပြန်ပြင်ခြင်း
မကြိုက်တဲ့နေရာတွေရှိလာတယ်။
တချို့နေရာတွေကို ပြန်ဖျက်၊ ပြန်ဆွဲခဲ့တယ်။

အဆင့် (၅) — အလွှာတွေ တည်ဆောက်ခြင်း
အရောင်၊ အလင်း၊ အရိပ်နဲ့ Texture တွေကို
တစ်လွှာပြီးတစ်လွှာ ထပ်ဖြည့်ခဲ့တယ်။

အဆင့် (၆) — နောက်ဆုံးထိတွေ့မှု
နည်းနည်းနောက်ဆုတ်ပြီး ပြန်ကြည့်တယ်…
ဘာတွေလိုသေးလဲ၊ ဘာတွေဖယ်သင့်လဲ စဉ်းစားတယ်။

အဆင့် (၇) — ပြီးမြောက်ခြင်း 🤍
အစမှာ ဗလာကင်းဗတ်တစ်ချပ်ပဲရှိခဲ့ပေမယ့်
နောက်ဆုံးမှာတော့
ကိုယ့်ခံစားချက်နဲ့ ကိုယ့်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တယ်။

ပန်းချီကားတစ်ချပ်ဆိုတာ
နောက်ဆုံးရလဒ်တစ်ခုတည်း မဟုတ်ပါဘူး။
ဖြတ်သန်းလာခဲ့တဲ့ လမ်းတစ်လျှောက်လုံးပါ။ 🎨

ဒီပန်းချီကား ဘယ်အဆင့်မှာ စိတ်ဝင်စားစရာအကောင်းဆုံးလို့ ထင်ပါသလဲ ပြော​ခဲ့ပေးနော် 🤍🌿

#ခိုင်သဇင်ထက် # ပန်းချီကားတစ်ချပ်ဖြစ်လာပုံ #ပန်းချီဆွဲခြင်း #ပန်းချီအနုပညာ ゚viralシ

15/08/2026

“Some days I paint what I see.
Some days I paint what I feel.”

တချို့နေ့တွေမှာ မျက်စိနဲ့မြင်တာကို ဆွဲတယ်။
တချို့နေ့တွေမှာတော့ နှလုံးသားနဲ့ခံစားတာကို ဆွဲတယ်။” 💛

စိတ်ထဲမှာရှိတဲ့ တိတ်ဆိတ်မှု၊
မပြောဖြစ်တဲ့စကားတွေ၊
ပြန်ရှာတွေ့ချင်တဲ့ ကိုယ့်ကိုယ်ကိုယ်၊
တစ်ခါတလေတော့ မျှော်လင့်ချက်လေးတစ်စ…

အဲ့ဒါတွေကို အရောင်တွေနဲ့ ပြောဖြစ်တယ်။

Maybe that’s what painting means to me —
turning feelings into something I can see. 🎨

Artist Khaing Thazin Htet

゚viralシ #ပန်းချီသင်တန်း

15/08/2026

🌿 အရောင်တွေမှာလည်း စကားရှိပါတယ်။

တချို့ခံစားချက်တွေကို
စကားနဲ့ မပြောနိုင်တဲ့အခါ…

🎨 အရောင်တွေနဲ့ ပြောလို့ရပါတယ်။

တချို့အိပ်မက်တွေကို
စာနဲ့ မရေးနိုင်တဲ့အခါ…

🖌️ Canvas ပေါ်မှာ ရေးဆွဲလို့ရပါတယ်။

အနုပညာဆိုတာ
ကိုယ့်အတွင်းစိတ်ထဲက အရာတွေကို
ကမ္ဘာကြီးနဲ့ မျှဝေတဲ့ နည်းလမ်းတစ်ခုပါ။ ✨

Paint what you feel.
Create what you imagine.

🎨 Teacher Htet Art Class
Since 2015
Yangon
09943438811

14/08/2026

Red Rose- Watercolor step by step 🎨

13/08/2026

ကလေးတွေရဲ့ စိတ်ကူးထဲက အရောင်တွေကို ဖော်ထုတ်ပေးလိုက်ပါ။

ပန်းချီဆွဲခြင်းဟာ ပုံလှလှဆွဲတတ်ဖို့အတွက်ပဲ မဟုတ်ပါဘူး။

🎨 Creativity
🧠 Imagination
👀 Observation
✋ Fine Motor Skills
💡 Self-Expression

တွေကို တိုးတက်စေဖို့လည်း အထောက်အကူပြုပါတယ်။

ကလေးတစ်ယောက်ရဲ့ ပန်းချီကားလေးတစ်ချပ်မှာ
သူ့ရဲ့ စိတ်ကူး၊ ခံစားချက်နဲ့ ကိုယ်ပိုင်အမြင် တွေ ပါဝင်နေပါတယ်။ 💕

✨ ကလေးတွေအတွက် ပန်းချီကို ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့လာနိုင်မယ့် Teacher Htet Art Class - Since 2015

📩 Class Schedule & Fees အတွက် Messenger မှာ စုံစမ်းနိုင်ပါတယ်။

09943438811 ゚viralシ #ပန်းချီသင်တန်း

🎨  ပန်းချီစသင်ချင်သူများအတွက်🎨 ပန်းချီမဆွဲတတ်သေးလို့ စိတ်မပူပါနဲ့…“ပန်းချီဆွဲချင်ပေမယ့် ကိုယ်က မဆွဲတတ်ဘူး”“Drawing အခြေခ...
12/08/2026

🎨 ပန်းချီစသင်ချင်သူများအတွက်

🎨 ပန်းချီမဆွဲတတ်သေးလို့ စိတ်မပူပါနဲ့…

“ပန်းချီဆွဲချင်ပေမယ့် ကိုယ်က မဆွဲတတ်ဘူး”
“Drawing အခြေခံမရှိဘူး”

ဒီလိုတွေးနေတယ်ဆိုရင်တော့
✨ ဝါသနာရှိတာက အရေးကြီးဆုံးပါ။

၂၀၁၅ နှစ်စက စတင်ဖွင့်လှစ်ခဲ့တဲ့
Teacher Htet Art Class မှာ
Drawing အခြေခံကနေစပြီး
အဆင့်ဆင့် သင်ကြားပေးတာကြောင့်
ပန်းချီကို အခုမှစတင်မယ့်သူတွေအတွက်လည်း အဆင်ပြေပါတယ်။

🖌️ Basic Drawing
🎨Pastels/ Color Pencil
🎨 Watercolor
🎨 Acrylic
🌈 Colour Theory
🖼️ Painting Techniques

ဝါသနာကို အိပ်မက်အဖြစ်မထားဘဲ အနုပညာအဖြစ် ဖန်တီးလိုက်ပါ။

📩 သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Address

No. 15 (B), Myin Taw Thar Road, 3 Quarter, Man Pyay, Tharkayta. (Near Kyay Ohh Bayin )
Yangon

Opening Hours

Saturday 09:00 - 10:30
16:00 - 17:30
Sunday 09:00 - 10:30
16:00 - 17:30

Telephone

+959421171416

Alerts

Be the first to know and let us send you an email when Teacher Htet -Artist & Art Educator posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Teacher Htet -Artist & Art Educator:

Shortcuts

Share

Category