Aye Yate - အေးရိပ်

Aye Yate - အေးရိပ်

Share

Aye Yate is a project dedicated to empowering teacher education by focusing on teacher development.

07/01/2026

Teach to Lead - Certificate in Social Emotional Learning and Neurocognitive Leadership အတန်းအတွက် Class Invitation Email များ ပေးပို့ထားပြီးပါပြီ။

06/01/2026

Doors are closed but the new journey begins soon!

များပြားလာသော applications များကြောင့် registration အား သက်မှတ်ထားသော အချိန်ထက်စော၍ ရပ်နားလိုက်ရပါတယ်ခင်ဗျာ။

ရွေးချယ်ခံရသော ဆရာ/ဆရာမများအား မကြာမီတွင် Class Invitation များအား email မှတဆင့်ပေးပို့ပေးသွားပါမယ်ခင်ဗျာ။

04/01/2026

Edited: များပြားလာသော applications များကြောင့် registration အား သက်မှတ်ထားသော အချိန်ထက်စော၍ ရပ်နားလိုက်ရပါတယ်ခင်ဗျာ။

‎🧭 သင်တန်းစမည့်ရက် - January 9, 2026
‎💻 သင်ကြားမည့်ပုံစံ - Zoom (Instructor-led) & Google Classroom

‎❤️ သင်တန်းကြေးကတော့ ၁၀၀ ရာခိုင်နှုန်း အခမဲ့ဖြစ်ပါတယ်။

‎အသေးစိတ်သိရဖို့ အောက်ပါ Course Syllabus ကိုဖတ်ရှုစေချင်ပါတယ်။

https://drive.google.com/file/d/1uKkSff1OeIa7nKdEqBK9ceDOvCB2djd1/view?usp=drivesdk

‎သင်တန်းမှဘာတွေသင်မှာလဲ အချိန်ဇယားတွေကဘယ်လိုရှိလဲသိချင်ရင်တော့ အောက်ပါ academic calendar ကိုဖတ်ရှုနိုင်ပါတယ်။

https://docs.google.com/spreadsheets/d/1McuSR6hDu5EjbHGnGZbn7Dk_cl_USmxg9YiACFO3fpo/edit?usp=drivesdk

‎သင်တန်းလေးကို စိတ်ပါဝင်စားလို့ register လုပ်ချင်တယ်ဆိုရင်တော့_

https://www.facebook.com/share/p/1FcNHW6wjb/

ဇန်နဝါရီ (၉) ရက်နေ့မှာ စတင်မယ့် ဒီခရီးစဉ်ကို အတူတူ လျှောက်လှမ်းဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။



03/01/2026

‎မင်္ဂလာပါရှင် ကျွန်မကတော့ တီချယ်ယဉ်ပါ။ အခုလက်ရှိကတော့ ကျောင်းတစ်ကျောင်းရဲ့ စီမံအုပ်ချုပ်ရေးကို တာဝန်ယူပေးနေသူဖြစ်ပါတယ်။

‎အခုလို အေးရိပ်ရဲ့အကြောင်းကိုပြောပြရတဲ့ အစီအစဉ်လေးမှာ ပါဝင်ခွင့်ရလို့ အရင်ဆုံး ကျေးဇူးတင်ပါတယ်လို့ပြောပါရစေနော်။

‎ကျွန်မက ပြည်ပမှာ M.Ed. ဘွဲ့ကို ယူခဲ့ပြီး လက်ရှိလည်း ပညာရေးပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူနေသူတစ်ယောက်ဖြစ်တဲ့အတွက် ပညာရေးနဲ့ ပတ်သက်လာရင် standard တစ်ခုကို အမြဲအလေးထားလေ့ရှိပါတယ်။

‎အေးရိပ်ကိုစသိခဲ့တာကတော့ Curriculum ပိုင်းဆိုင်ရာအတန်းလေးနဲ့ပါ။ LxD Lead ပေါ့နော်။

‎အတန်းကို စတက်ခါစက အခမဲ့သင်တန်းတစ်ခုဖြစ်လို့ တခြားသော အသိပညာပေး Workshop လေးတွေလိုပဲ ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်မှာပါလို့ ထင်ခဲ့တာ အမှန်ပါ။ တော်ရုံ သိပြီးတာတွေပဲလာမှာပါလို့ ထင်ခဲ့မိပါတယ်။ ဒါတကယ်အရိုးသားဆုံးပါရှင်။

‎ဒါပေမဲ့ တကယ်တမ်းမှာတော့ ပထမစတဲ့နေ့မှာတင် ကျွန်မရဲ့ အမြင်တွေ လုံးဝပြောင်းလဲသွားခဲ့ရပါတယ်။

‎အေးရိပ်ရဲ့ သင်ရိုးတွေက အခမဲ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေပေမယ့်လည်း ပါဝင်တဲ့ သင်ခန်းစာတွေနဲ့ Learning Style တွေက နိုင်ငံတကာအဆင့်မီ Learning Experience Design တွေနဲ့ အသေအချာ ပုံဖော်ထားတာကိုတွေ့ရပါတယ်။

‎ကျွန်မတို့လို ပညာရေးလောကထဲက ဆရာမတွေတောင်မှ အံ့သြရလောက်အောင်ကို ခေတ်မီပြီး အတွေးအခေါ်သစ်တွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

‎ဒါ‌ပေမယ့်လေ သင်တန်းကာလအတွင်းမှာ စာတွေ တော်တော်လေး လုပ်ရတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

‎တစ်ခါတလေ အလုပ်တစ်ဖက်နဲ့ ပင်ပန်းနေချိန်မှာ ကြည့်စရာ video တွေ၊ Reading assignment တွေ၊ Reflection တွေက တောင်ပုံရာပုံဖြစ်နေလို့ စိတ်ဓာတ်ကျချင်စရာ စိတ်ပင်ပန်းစရာဖြစ်ခဲ့ပေမယ့် အဲဒီလို ခက်ခဲတဲ့ လေ့ကျင့်မှုတွေကပဲ ကျွန်မတို့ရဲ့ အရည်အသွေးကို တကယ်တိုးတက်စေခဲ့တာပါ။

‎ဒီလို ပင်ပန်းမှုတွေကြားထဲမှာ ကျွန်မတို့ကို အမြဲတမ်း လက်တွဲခေါ်နေတာကတော့ အေးရိပ်ရဲ့ အသေးစိတ်ကျလွန်းတဲ့ ဂရုစိုက်မှုတွေပါပဲ။

‎နေ့တိုင်းမပျက်မကွက် တက်ကြွစွာ သတိပေးနှိုးဆော်ပေးနေတဲ့ Reminders တွေ၊ Admission စဝင်ကတည်းကစလို့ project တင်အပြီး Certification ရတဲ့အထိ စနစ်တကျ ရှိလွန်းတဲ့ စီမံခန့်ခွဲမှုတွေက တကယ့်ကို သဘောကျစရာကောင်းပါတယ်။

‎ပြောလက်စနဲ့ ဆက်ပြောလိုက်ပါဦးမယ်။

‎အေးရိပ်အကြောင်းကို ပြောရင် ဆရာဝဏ္ဏအကြောင်းကို မထည့်ဘဲ ချန်ထားလို့ လုံးဝမရပါဘူးရှင်။ 😁😁

‎ဆရာ့ကို ပထမဆုံး course orientation မှာစတွေ့ရ‌ေတာ့ ငယ်ငယ်လေးနဲ့ ဒီကောင်လေး တော်တော်စွာလိုက်တာလို့ ခံစားခဲ့ရပါတယ်။ (ကန်တော့နော် ဆရာ 😁😁)
‎‌
‎နောက် ဆရာက တော်တော်လေးကိုမှ စည်းကမ်းကြီးပါတယ်။ တကယ်လည်း ဘူးဆို ဖရုံမသီးတတ်သူပါရှင်။

‎ဆရာ့ရဲ့ ဆရာဆရာမတွေအပေါ်မှာ ထားတဲ့ Standard က အရမ်းမြင့်လွန်းပြီး လွယ်လွယ်နဲ့ အလျှော့မပေးတတ်တဲ့အတွက် ဆရာဆရာမတွေဘက်ကလည်း တကယ်ကို အားစိုက်ထုတ်ရပါတယ်။

‎ဒါပေမဲ့ အဲဒီလို တင်းကျပ်မှုတွေရဲ့ နောက်ကွယ်မှာတော့ ဆရာ့ရဲ့ဆရာ၊ ဆရာမတွေကို တကယ့်ကို တော်စေချင်လွန်းတဲ့၊ သိစေချင်လွန်းတဲ့ စေတနာတွေကို ကျွန်မ အတိုင်းသား မြင်တွေ့ခဲ့ရပါတယ်။

‎စာတွေ အရမ်းများလွန်းလို့ ကျွန်မတို့ ညည်းပြတဲ့အခါမျိုးမှာလည်း ကျွန်မတို့ရဲ့ အခက်အခဲကို ကိုယ်ချင်းစာပြီး တတ်နိုင်သလောက် ညှိနှိုင်းလျှော့ပေးတတ်တဲ့ နှလုံးသားရှိတဲ့ ဆရာတစ်ယောက်ပါ။

‎ဆရာက အသက်အရွယ်အားဖြင့် ကျွန်မတို့ထက် အများကြီး ငယ်ရွယ်နေသေးပေမယ့်လည်း သူ့ရဲ့ အသိပညာ၊ အတတ်ပညာနဲ့ ပညာရေးအပေါ် ထားရှိတဲ့ စိတ်ဓာတ်ကတော့ ကျွန်မတို့လို ဝါရင့်ဆရာမတွေကတောင် ပြန်ပြီး လေးစားအားထားရလောက်အောင်ကို ထူးချွန်သူဖြစ်ပါတယ်။

‎ဆရာ့ဆီကနေ ပညာရပ်တွေတင်မကဘဲ ဆရာတစ်ယောက်မှာ ရှိသင့်တဲ့ ကျင့်ဝတ်နဲ့ စိတ်ခွန်အားတွေကိုပါ ရရှိခဲ့တာကြောင့် အေးရိပ်မှာ တက်ခဲ့ရတဲ့ အချိန်တွေက ကျွန်မရဲ့ ဘဝရဲ့တိုးတက်မှုအတွက် တကယ့်ကို တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ခဲ့ရပါတယ်။
‎‌
‎အများကြီး ပြောခဲ့ပြီမို့ နောက်သင်တန်းလာတက်ကြမယ့် ဆရာဆရာမတွေအတွက် စကားလက်ဆောင်လေးပေးပါရစေနော်။

‎တီချယ်တို့‌ရေ အေးရိပ်ဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ လက်မှတ်တစ်ခု ရရုံသက်သက် လာတက်လို့ရတဲ့ နေရာမဟုတ်ဘူးဆိုတာကို အရင်ဆုံး သိထားစေချင်သလို၊ ဒီခရီးလမ်းမှာ စာတွေပုံနေလို့ ညည်းရမယ့်ရက်တွေ၊ အိပ်ရေးပျက်မယ့် ညတွေ အများကြီးရှိလာမှာ ဖြစ်ပါတယ်‌နော်။

‎‌ေနာက်‌‌ဆရာဝဏ္ဏရဲ့ စည်းကမ်းတွေတွန်းအားတွေကြားမှာ တစ်ခါတလေ စိတ်ဓာတ်ကျချင်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

‎ဒါပေမဲ့ အဲဒီလို ခက်ခဲတဲ့ pressure တွေ၊ စိန်ခေါ်မှုတွေကပဲ တီချယ်တို့ကို တခြားသူတွေထက် သာလွန်တဲ့ အရည်အချင်းရှိသူတစ်ယောက် ဖြစ်လာအောင် အသေအချာ ပုံသွင်းပေးမှာဖြစ်လို့ ဆရာ့ရဲ့ pressure တွေကိုမကြောက်ကြပါနဲ့နော်။

‎မလျှော့တဲ့ ဇွဲနဲ့ ခရီးဆက်စေချင်ပါတယ်။ အေးရိပ်မှာ သင်ယူရတဲ့ အတွေ့အကြုံက တီချယ်တို့ရဲ့ ပညာရေးအမြင်နဲ့ ဘဝအမြင်ကို အသစ်တစ်ဖန် ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို တန်ဖိုးထားပြီး အဆုံးထိ အမိအရ ဆုပ်ကိုင်ထားကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင်။

‎အေးရိပ်အဖွဲ့သားများအားလုံးကိုကျေးဇူးတင်လျက်။


Photos from Aye Yate - အေးရိပ်'s post 01/01/2026

Edited: များပြားလာသော applications များကြောင့် registration အား သက်မှတ်ထားသော အချိန်ထက်စော၍ ရပ်နားလိုက်ရပါတယ်ခင်ဗျာ။

‎မင်္ဂလာပါ တီချာတို့ခင်ဗျာ။ ✨🤍

‎"Teach to Lead" သင်တန်းက ဘာတွေသင်မှာမို့လို့ ဒီလောက်တောင် "Unique" ဖြစ်ရတာလဲ?

‎ဘာကြောင့် Edupreneurship လို့ပြောရတာလဲဆိုတဲ့ မေးခွန်းအတွက် ဒီနေ့မှ ဆွေးနွေးဖော်ပြပေးလိုက်ရပါတယ်။

‎Teach to Lead အတန်းက ရိုးရိုး Teacher Training တွေနဲ့ မတူဘဲ... အပြောင်းအလဲမြန်ဆန်ပြီး မရေရာမှုတွေအပြည့်နဲ့ ယနေ့ခေတ်မှာ နှလုံးသားလှပြီးထူးချွန်ထက်မြတ်တဲ့ ဆရာတစ်ယောက်အတွက်

‎မရှိမဖြစ်လိုအပ်တဲ့ Core Modules (၁၀) ခု နဲ့၊ ဒီပညာရပ်တွေကို ထိထိရောက်ရောက် လေ့လာနိုင်ဖို့ ပံ့ပိုးပေးမယ့် Preparation Modules (၂) ခု ကို စနစ်တကျ စီစဉ်ထားပါတယ်။

‎သင်ရိုးတစ်ခုချင်းစီမှာ ဘာတွေပါဝင်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်... 👇

‎🛠️ Preparation Modules: The Keys to Success (အောင်မြင်စွာ လေ့လာနိုင်ရေးအတွက် ပြင်ဆင်ခြင်း)

‎(ဒီ အပိုင်းကတော့ Core သင်ခန်းစာတွေ မစခင်မှာ တီချာတို့ကို Professional Learner တစ်ယောက်ဖြစ်လာအောင် အရင်လေ့ကျင့်ပေးမယ့် အပိုင်းဖြစ်ပါတယ်)

‎🔹 PM01 - Being a Digitally Literate Learner

‎ခေတ်မီပညာရေးမှာ Digital Learning က မရှိမဖြစ်ပါ။ Online Learning Environment မှာ ထိရောက်စွာ ပါဝင်ဆွေးနွေးနိုင်ဖို့နဲ့ Digital Tools တွေကို ကျင့်ဝတ်နဲ့အညီ ဘယ်လိုသုံးမလဲဆိုတာ စတင်မိတ်ဆက်ပေးပါမယ်။

‎🔹 PM02 - How to Succeed in Professional Education

‎Professional ပညာရေးခရီးလမ်းမှာ အောင်မြင်ဖို့အတွက် Academic Expectations တွေကို နားလည်ပြီး၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း (Reflective Practice) နဲ့ Self-directed learning skills တွေကို ပြင်ဆင်ပေးမှာပါ။

‎🔥 Core Phase 1 - The Context & The Heart

‎🔹 TEd.01 - Innovative Teacher Education (Education in Crisis)

‎အခုလို ခက်ခဲပြီး စိန်ခေါ်မှုတွေများပြားတဲ့ crisis ကာလမှာ ကျွန်‌တော်တို့ ဆရာဆရာမတွေဟာ "Change Agents" လို့ခေါ်တဲ့ (အပြောင်းအလဲကို ဖော်ဆောင်သူ) တွေ ဖြစ်လာကြပါပြီ။ ဆန်းသစ်တီထွင်မှု (Innovation) နဲ့အတူ ဆရာအတတ်ပညာအခန်းကဏ္ဍကို ဘယ်လိုမြှင့်တင်မလဲ ဆိုတာလေ့လာကြရမှာဖြစ်ပါတယ်။

‎🔹 Module 1 - Foundations of SEL in Education

‎ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု (Wellbeing) နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ Social Emotional Learning (SEL) သဘောတရားတွေကို လေ့လာရပါမယ်။

‎🧠 Core Phase 2 - The Brain Science (ဦးနှောက်ရဲ့ သင်ယူမှုလျှို့ဝှက်ချက်)

‎🔹 Module 2 - Principles of Educational Neuroscience

‎ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သိမြင်မှု (Cognition) အကြောင်း နားမလည်ဘဲ စာသင်တာဟာ ညမှောင်မိုက်ထဲလမ်းလျှောက်နေသလိုပါပဲ။ Teaching & Learning အတွက် ဦးနှောက်အလုပ်လုပ်ပုံ အခြေခံအချက်တွေကို ဒီမှာ စလေ့လာရပါမယ်။

‎🔹 Module 3 - Emotion, Brain Function, and Learning Behaviour

‎စိတ်လှုပ်ရှားမှုများနှင့် ခံစားချက် (Emotion) တို့က ဦးနှောက်ကို ဘယ်လို မောင်းနှင်သလဲ? ကလေးတွေရဲ့ အပြုအမူ (Behaviour) နောက်ကွယ်က ဦးနှောက်ဖြစ်စဉ်တွေကို အဖြေရှာကြပါမယ့်အပိုင်းဖြစ်ပါတယ်။

‎🔹 Module 4 - Neuroscience-Informed Teaching and Leadership

‎အာရုံကြောသိပ္ပံ သုတေသနတွေကို လက်တွေ့ စာသင်ခန်းထဲမှာ ဘယ်လို အသုံးချမလဲ? Brain-based Strategies တွေကို လက်တွေ့ လေ့ကျင့်ရမယ့် အပိုင်းဖြစ်ပါတယ်။

‎👑 Core Phase 3 - Leading with Heart and Brain (ခေါင်းဆောင်မှု အနုပညာ)

‎🔹 Module 5 - Emotional Intelligence and Leadership

‎ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ IQ သာမက EQ (Emotional Intelligence) ကလည်းအလွန်အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို နားလည်ခြင်း (Self-awareness) နဲ့ စာနာမှု (Empathy) ကို တည်ဆောက်ကြပြီး ခေါင်းဆောင်သူများအဖြစ် ရပ်တည်ကြမယ့်အပိုင်းလေးပါ။

‎🔹 Module 6 - Inclusive, Trauma-Informed Leadership

‎စိတ်ဒဏ်ရာရနေတဲ့ ကလေးတွေအတွက် "Psychological Safety" (စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု) ပေးနိုင်တဲ့ ကျောင်းဝန်းကျင်တစ်ခုကို ပညာရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လို ဖန်တီးမလဲ? ဒါတွေကို ဒီမှာအဓိကထားလေ့လာရပါမယ်။

‎🔹 Module 7 - Ethical Decision-Making

‎ခေါင်းဆောင်ဆိုတာ တစ်ရက်တစ်ရက် များပြားတဲ့ဆုံးဖြတ်ချက်‌တွေကို ချမှတ်ရသူပါ။ ကျင့်ဝတ်နဲ့ညီတဲ့၊ တန်ဖိုးထားမှု (Values) အပေါ် အခြေခံတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမလဲ? ဒီအပိုင်းတူတူလေ့လာကြရပါမယ်။

‎🧭 Core Phase 4 - Capstone Modules

‎🔹 Module 8 - Developing Student Leadership and Global Citizenship

‎ဆရာဆရာမတို့ရဲ့တာဝန်က စာသင်ရုံတင် မဟုတ်ပါဘူး။ ကမ္ဘာ့အဆင့်မီ စိတ်ဓာတ်ရှိတဲ့ "Global Citizen" ခေါင်းဆောင်လောင်းလေးတွေကို မွေးထုတ်ပေးဖို့ နည်းလမ်းတွေ ရှာဖွေကြမယ်။ မျှဝေကြမယ်။

‎🔹 Module 9 - Applied Neurocognitive Leadership (Capstone)

‎သင်တန်းတစ်ခုလုံးမှာ သင်ခဲ့ရတဲ့ SEL, Neuroscience နဲ့ Leadership ပညာရပ်တွေကို ပေါင်းစပ်ပြီး လက်တွေ့ Project တစ်ခု ဖန်တီးရမယ့် နောက်ဆုံးအဆင့် ဖြစ်ပါတယ်။

‎တီချာတို့ရေ...
‎ဒီ Module တွေကို ပြီးမြောက်သွားတဲ့အခါ... တီချာတို့ဟာ ရိုးရိုးစာသင်ရုံ ဆုံးမတတ်ရုံ ဆရာဆရာမတစ်ယောက် မဟုတ်တော့ပါဘူး။

‎ဦးနှောက်နဲ့ နှလုံးသားကို ပေါင်းစပ်ဦးဆောင်နိုင်တဲ့ "Neurocognitive Leader" စစ်စစ် ဖြစ်လာမှာပါ။

‎🧭 သင်တန်းစမည့်ရက် - January 9, 2026
‎💻 သင်ကြားမည့်ပုံစံ - Zoom (Instructor-led) & Google Classroom

‎❤️ သင်တန်းကြေးကတော့ ၁၀၀ ရာခိုင်နှုန်း အခမဲ့ဖြစ်ပါတယ်။

‎အသေးစိတ်သိရဖို့ အောက်ပါ Course Syllabus ကိုဖတ်ရှုစေချင်ပါတယ်။

https://drive.google.com/file/d/1uKkSff1OeIa7nKdEqBK9ceDOvCB2djd1/view?usp=drivesdk

‎သင်တန်းမှဘာတွေသင်မှာလဲ အချိန်ဇယားတွေကဘယ်လိုရှိလဲသိချင်ရင်တော့ အောက်ပါ academic calendar ကိုဖတ်ရှုနိုင်ပါတယ်။

https://docs.google.com/spreadsheets/d/1McuSR6hDu5EjbHGnGZbn7Dk_cl_USmxg9YiACFO3fpo/edit?usp=drivesdk

‎သင်တန်းလေးကို စိတ်ပါဝင်စားလို့ register လုပ်ချင်တယ်ဆိုရင်တော့_

‎ဒီပိုစ့်လေးကို အတူတကွတက်ရောက်ချင်တဲ့

‎သူငယ်ချင်း ၃ယောက်အား Tag တွဲ မန်းရှင်းခေါ်

‎Public ဖြင့် share ပြီး Screenshot လေးကို ပေ့ခ်ျမတ်စင်ဂျာမှာ လာရောက်ပေးပို့ကာ

‎Rgistration Form Link ကိုရယူနိုင်ပါပြီ။

‎ဇန်နဝါရီ (၉) ရက်နေ့မှာ စတင်မယ့် ဒီခရီးစဉ်ကို အတူတူ လျှောက်လှမ်းဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။



31/12/2025

၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာတွင်

အေးရိပ်မိသားစုဝင်များ၊ ဆရာ၊ ဆရာမများနှင့် သင်ယူသူအားလုံး ကျန်းမာရွှင်လန်းပြီး

ပညာဉာဏ်အလင်း ပိုမိုတောက်ပနိုင်ကြပါစေ။

ပြီးခဲ့သည့်နှစ်များ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်း ရရှိလာသည့် ခွန်အားများဖြင့်

လူ့အဖွဲ့အစည်းကို အကျိုးပြုမည့် ပညာရေးခရီးလမ်းကို အတူတကွ ဆက်လက်လျှောက်လှမ်းကြပါစို့။

#2026

30/12/2025

Edited: များပြားလာသော applications များကြောင့် registration အား သက်မှတ်ထားသော အချိန်ထက်စော၍ ရပ်နားလိုက်ရပါတယ်ခင်ဗျာ။

‎ကျွန်တော်တို့ဆရာဆရာမ‌တွေမှာ သားသမီးတပည့်များကို တော်စေချင် တတ်စေချင်ကြတဲ့ 'စေတနာ' အပြည့်ရှိကြပါတယ်...

ဒါပေမဲ့ တခါတလေ ကျွန်တော်တို့မှရှိနေတဲ့ 'စေတနာ' တစ်ခုတည်းနဲ့ မလုံလောက်တဲ့အခါ.......

‎မင်္ဂလာပါ တီချာတို့ရေ......💐✨

‎ဆရာဆရာမတစ်ယောက်ရဲ့ ဘဝမှာ အခံရခက်ဆုံး အချိန်က ဘယ်အချိန်လဲခင်ဗျ?

‎ကိုယ်က ကလေးတစ်ယောက်ကို ကောင်းစေချင်လွန်းလို့ ပြောလိုက်ပေမယ့်... အဲဒီကလေးက ကိုယ့်ကို ကျောခိုင်းပြီး ထွက်သွားတဲ့အချိန်ပါပဲ။

‎လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်တို့ ပြောခဲ့ကြတဲ့...

‎❤️‍🩹 သင်္ချာတော်ပေမယ့် စိတ်ဒဏ်ရာကြောင့် စာမရတော့တဲ့ မာလာ...

‎❤️‍🩹 အိမ်မှာမလုံခြုံလို့ ကျောင်းမှာလာအိပ်တဲ့ ကျော်စွာ...

‎❤️‍🩹 စေတနာနဲ့ သင်ပေးပေမယ့် ကလေးတွေကို အကြောက်တရား ရိုက်သွင်းမိခဲ့တဲ့ ဆရာမ ဒေါ်လှိုင်...

‎သူတို့အားလုံးဟာ ပုံပြင်ထဲက ဇာတ်ကောင်တွေ မဟုတ်ပါဘူး။

‎ဒါဟာ ကျွန်တော်တို့ ဆရာ/ဆရာမတိုင်း နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ "အမှန်တရား" တွေပါ။

‎ကျွန်တော်တို့ ဆရာတွေမှာ "စေတနာ" ရှိပါတယ်။

‎ဒါပေမဲ့...

‎ ❤️‍🩹 ကလေးတစ်ယောက် စိတ်ခံစားချက်ပြင်းထန်နေတဲ့အခါ သူ့ဦးနှောက်ကို အလုပ်လုပ်အောင်ဘယ်လိုပြန်ဖွင့်ပေးရမလဲ?

‎ ❤️‍🩹 စိတ်ဒဏ်ရာရနေတဲ့ ကလေးကို စာမသင်ခင် ဘယ်လို "Heal" လုပ်ပေးရမလဲ?

‎ ❤️‍🩹 ကိုယ်တိုင် စိတ်ပင်ပန်းနေတဲ့ကြားက အတန်းကို ဘယ်လို ပြုံးပြုံးရွှင်ရွှင် ဦးဆောင်မလဲ?

‎ဒီမေးခွန်းတွေအတွက် "အဖြေ" မရှိဘဲနဲ့ဆက်သွား‌ေနကြမယ်ဆိုရင်တော့...

ကျွန်တော်တို့ရဲ့ စေတနာတွေဟာ လေထဲမှာပဲ ပျောက်ဆုံးသွားတတ်ပါတယ်။

‎ဒါကြောင့်... တီချာတို့ရဲ့ ရင်ထဲက "မေတ္တာတရား (Heart)" ကို ခေတ်မီ "သိပ္ပံပညာ (Science)" နဲ့ လက်နက်တပ်ဆင်ပေးဖို့ အချိန်တန်ပါပြီ။

အဲ့ဒါကြောင့် ‎Aye Yate Education မှ လေးလေးနက်နက် ဂုဏ်ယူစွာနဲ့

‎"Teach to Lead - Certificate in Social Emotional Learning and Neurocognitive Leadership" ကို မိတ်ဆက်ပေးပါရစေ။

‎ဒီသင်တန်းဟာ လက်မှတ်တစ်ခုရဖို့ သက်သက် မဟုတ်ပါဘူး။

‎ဒီသင်တန်းဟာ အကျပ်အတည်းကာလ (Crisis) ကြားထဲမှာ လမ်းပျောက်နေတဲ့ ကလေးတွေအတွက်... တီချာတို့ကို "လမ်းပြကြယ် (Guiding Star)" တွေ ဖြစ်လာစေမယ့် ခရီးစဉ်တစ်ခုပါ။

‎ဒီခရီးစဉ်မှာ တီချာတို့ ဘာတွေ ယူဆောင်သွားရမလဲ?

‎🌱 The Heart of Healing (ကုစားခြင်း)

‎ကလေးတွေရဲ့ စိတ်ဒဏ်ရာကို နားလည်ပြီး၊ သူတို့ရဲ့ နှလုံးသားတံခါးကို ဖွင့်နိုင်မယ့် Social Emotional Learning (SEL) နည်းပညာတွေ...

‎🧠 The Science of Learning (ဦးနှောက်ရဲ့ လျှို့ဝှက်ချက်)

‎ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကို ဘယ်လိုပုံစံသွင်းမလဲ၊ မှတ်ဉာဏ်တွေကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ Educational Neuroscience နည်းပညာတွေ...

‎🛡️ The Art of Leadership (ဦးဆောင်မှု အနုပညာ)

‎စာသင်ခန်းထဲမှာတင်မကဘဲ... ကလေးတွေရဲ့ ဘဝကိုပါ ဦးဆောင်လမ်းပြပေးနိုင်မယ့် Neurocognitive Leadership စွမ်းရည်တွေ...

‎စတာတွေပဲဖြစ်ပါတယ်။

‎တီချာတို့ရေ...

‎ဆရာဝန်တွေက လူ့အသက်ကို ကယ်ကြပါတယ်။ ကျွန်တော်တို့ ဆရာ/ဆရာမတွေကတော့ လူ့ဘဝ နဲ့ စိတ်ဝိညာဉ်ကို မျိုးဆက်နဲ့ချီပြီးပုံဖော်ကြပါတယ်။

‎ဒီတာဝန်ကြီးကို ထမ်းဆောင်ဖို့ တီချာတို့တစ်ယောက်တည်း ရုန်းကန်မနေပါနဲ့တော့။

‎ကျွန်တော်တို့ Aye Yate Education နဲ့အတူ... ကလေးတွေရဲ့ အနာဂတ်ကို ပုံဖော်ဖို့ လက်တွဲကြပါစို့။

‎🗓 သင်တန်းစမည့်ရက် - January 9, 2026
‎💻 သင်ကြားမည့်ပုံစံ - Zoom (Instructor-led) & Google Classroom

‎❤️ သင်တန်းကြေးကတော့ ၁၀၀ ရာခိုင်နှုန်း အခမဲ့ဖြစ်ပါတယ်။

‎အသေးစိတ်သိရဖို့ အောက်ပါ Course Syllabus ကိုဖတ်ရှုစေချင်ပါတယ်။

https://drive.google.com/file/d/1uKkSff1OeIa7nKdEqBK9ceDOvCB2djd1/view?usp=drivesdk

‎သင်တန်းမှဘာတွေသင်မှာလဲ အချိန်ဇယားတွေကဘယ်လိုရှိလဲသိချင်ရင်တော့ အောက်ပါ academic calendar ကိုဖတ်ရှုနိုင်ပါတယ်။

https://docs.google.com/spreadsheets/d/1McuSR6hDu5EjbHGnGZbn7Dk_cl_USmxg9YiACFO3fpo/edit?usp=drivesdk

‎သင်တန်းလေးကို စိတ်ပါဝင်စားလို့ register လုပ်ချင်တယ်ဆိုရင်တော့_

‎ဒီပိုစ့်လေးကို အတူတကွတက်ရောက်ချင်တဲ့

‎သူငယ်ချင်း ၃ယောက်အား Tag တွဲ မန်းရှင်းခေါ်

‎Public ဖြင့် share ပြီး Screenshot လေးကို ပေ့ခ်ျမတ်စင်ဂျာမှာ လာရောက်ပေးပို့ကာ

‎Rgistration Form Link ကိုရယူနိုင်ပါပြီ။

‎စေတနာကို အသိပညာနဲ့ ပေါင်းစပ်ဖို့ အေးရိပ်နှင့်အတူ လေ့လာကြပါစို့။


28/12/2025

မင်္ဂလာပါ တီချာတို့ရေ....❤️💐

ဒီနေ့တော့ ဆရာမတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲဆိုတာ ပြန်မေးချင်ပါတယ်။

"ငါက သင်္ချာသင်တဲ့ဆရာမ ငါက အင်္ဂလိပ်စာသင်တဲ့ဆရာ စသည်ဖြင့်..." ဒီလိုပဲ မြင်ကြပါသလားရှင်?

တကယ်တော့ ကျွန်မတို့ရဲ့ အလုပ်က အဲဒီထက် အများကြီး ပိုနက်နဲပါတယ်။

ကျွန်မတို့ဟာ "Brain Architects (ဦးနှောက်ဗိသုကာ)" တွေလို့ပြောလို့ရပါတယ်။

ဒီနေ့ပုံပြင်လေးကတော့ "ဆရာမ ဒေါ်လှိုင်" နဲ့ "ကိုကို" အကြောင်းပါ။

ဆရာမ ဒေါ်လှိုင်က Mathematics ဆရာမပါ။

စေတနာအရမ်းရှိတယ်။ ကလေးတွေ သင်္ချာတွက်တတ်စေချင်လွန်းလို့ အတန်းထဲမှာ အမြဲတမ်း အသံကုန်ဟစ်ပြီး သင်တယ်။

ပုစ္ဆာမှားတွက်ရင် ဒဏ်ပေးတယ်။ ဒေါ်လှိုင် ထင်နေတာက "ငါ ဒီလို ဖိအားပေးမှ ကလေးတွေ သင်္ချာကိန်းဂဏန်းတွေကို သေချာမှတ်မိမှာ" လို့ ယူဆထားသူတစ်ယောက်ဖြစ်ပါတယ်။

ကဲဒါဆို ကိုကို့ဘက်ကို တစ်ချက်လှည့်ကြည့်ကြရအောင်လားရှင့်။

တကယ်တမ်း ကိုကို့ ရဲ့ ဦးနှောက်ထဲမှာ ဘာဖြစ်နေသလဲ?

တကယ်တမ်းတော့ ဆရာမသင်္ချာသင်နေချိန်တွေမှာ ကိုကို့ရဲ့ ဦးနှောက်ထဲမှာ သင်္ချာ ဖော်မြူလာတွေ တွက်နည်းတွေက နေရာမယူလိုက်ပါဘူး။

အစားထိုး ဝင်ရောက်သွားတာက "သင်္ချာ = ကြောက်စရာ" ဆိုတဲ့ မှတ်ဉာဏ်ပါပဲ။

နှစ်ပေါင်း (၂၀) ကြာတဲ့အထိ... ကိုကိုဟာ ဂဏန်းတွေကို မြင်လိုက်တာနဲ့ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတုန်းပါပဲ။

ဒီအခြေအနေဖြစ်သွားတဲ့အခါဆရာမ ဒေါ်လှိုင် သင်ပေးလိုက်တာ "သင်္ချာ" မဟုတ်ပါဘူး။

"အကြောက်တရား (Fear)" လိုဖြစ်သွားပြန်ပါတယ်။ စေတနာကနေ ဝေဒနာဖြစ်သွားသလိုပေါ့။

ဟုတ်ကဲ့ပါ တီချာတို့ရေ... အာရုံကြောသိပ္ပံ (Neuroscience) မှာ အကျော်ကြားဆုံး စကားတစ်ခွန်း ရှိပါတယ်ရှင်။

အဲ့ဒါကတော့ "Neurons that fire together, wire together." (အတူတူ အလုပ်လုပ်တဲ့ နူရွန်တွေဟာ အချင်းချင်း ချိတ်ဆက်သွားကြတယ်)ပါတယ်တဲ့။

ဒါကို Neuroplasticity လို့ ခေါ်ပါတယ်။

ဆရာမတစ်ယောက် အတန်းထဲမှာ စကားပြောလိုက်တိုင်း၊ ပြုမူလိုက်တိုင်း ကလေးရဲ့ ဦးနှောက်ထဲမှာ လမ်းကြောင်းအသစ်တွေ ဖောက်လုပ်နေတယ်ဆိုတာ ကျွန်မတို့ သတိပြုရပါမယ်။

ဆရာမ ဒေါ်လှိုင်က "သင်္ချာ" နဲ့ "အပြစ်ပေးမှု/အော်ငေါက်မှု" ကို တွဲပေးလိုက်တဲ့အတွက်... ကိုကို့ရဲ့ ဦးနှောက်ထဲမှာ [Math + Fear] ဆိုတဲ့ ဝါယာကြိုး ဆက်သွားပါတယ်။

ဒါကြောင့် နောက်ပိုင်းမှာ ကိုကိုက သင်္ချာစာအုပ်ကို ကိုင်လိုက်တာနဲ့ အလိုလို လက်တုန်နေတာပါ။

ဒါဟာ သူညံ့တာ မဟုတ်ပါဘူး။ ဦးနှောက်က အဲဒီလို "Wire" လုပ်ခံလိုက်ရလို့ပါ။

တကယ်လို့ ဆရာမက ပြောင်းပြန် လုပ်ပေးခဲ့ရင်ရော?

"သင်္ချာပုစ္ဆာ" နဲ့ "အောင်မြင်မှု (Achievement)" ကို တွဲပေးလိုက်ရင် ကလေးရဲ့ ဦးနှောက်ထဲမှာ [Math + Dopamine] ဆိုတဲ့ လမ်းကြောင်း ပေါ်လာပါမယ်။

ဒါဆိုရင် အဲဒီကလေးဟာ ကြီးလာတဲ့အထိ စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တဲ့သူ ဖြစ်လာပါလိမ့်မယ်။

ဒီနေရာမှာ သတိပြုရမှာက တီချာတို့က သူတို့ရဲ့ ဇီဝကမ္မ (Phisiological Process) တွေကို ပြောင်းလဲနေတယ်ဆိုတာပါပဲ။

ကျွန်မတို့ သင်လိုက်တဲ့ စာတစ်ကြောင်း၊ ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ လေထဲမှာ ပျောက်သွားတာ မဟုတ်ပါဘူး။

ကလေးရဲ့ ဦးနှောက်ထဲမှာ Physical Structure (ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံ) ကို ထာဝရ ပြောင်းလဲပစ်လိုက်တာပါ။

ဒါဆိုရင် Brain Architect တစ်ယောက် ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား?

ကျွန်မတို့ရဲ့ စေတနာတွေက ကလေးတွေအတွက် "လမ်းကြောင်းမှန်" ဖြစ်စေသလား၊ "လမ်းကြောင်းမှား" ဖြစ်စေသလား ဆိုတာ ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။

ကလေးတွေရဲ့ ဦးနှောက်ကို ဘယ်လိုပုံစံသွင်းမလဲ?

ကိုယ့်ရဲ့ သင်ကြားနည်းက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးသလား၊ ဖျက်ဆီးသလား?

ဒါတွေကို သိပ္ပံနည်းကျ နားလည်ပြီး လက်တွေ့အသုံးချဖို့အတွက် Aye Yate Education ရဲ့ "Teach to Lead" Course မှာ Educational Neuroscience Module (26TL02) ကို ထည့်သွင်းထားပါတယ်။

လာမယ့် Jan 9th မှာ စတင်မယ့် ဒီသင်တန်းမှာ... စာသင်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေရဲ့ ဦးနှောက်ကို အကောင်းဆုံး တည်ဆောက်ပေးမယ့် Brain Architect တစ်ယောက်အဖြစ် ကူးပြောင်းလိုက်ကြဖို့ အတူတကွလေ့လာဖို့ ဖိတ်ခေါ်ပါရစေရှင်။




Photos from Aye Yate - အေးရိပ်'s post 25/12/2025

မင်္ဂလာပါ ဆရာ/ဆရာမတို့ခင်ဗျာ...

Wisdom Eye MOOCs အစီအစဉ်ဟာ Aye Yate Education မှ စီစဉ်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရင်ဖွင့်လှစ်ခဲ့တဲ့ သင်တန်းတွေကို တက်ရောက်ဖို့ လွဲချော်ခဲ့တဲ့ ဆရာ/ဆရာမတို့အတွက် ဘယ်အချိန်၊ ဘယ်နေရာမှာမဆို အလွယ်တကူ လေ့လာသင်ယူနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။

ဆရာအတတ်ပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကို အားပေးဖို့နဲ့ ကျွမ်းကျင်မှု (Skills) အသစ်တွေကို အချိန်တိုအတွင်းမှာ ထိထိရောက်ရောက် လေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဒီ Micro-courses (သင်တန်းတို) တွေကို အခမဲ့ ပံ့ပိုးပေးထားတာပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Formal Certificate ထုတ်ပေးတာမျိုးတော့ မရှိပါဘူးခင်ဗျာ။

ဒါပေမဲ့ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု Digital Badge တွေကိုတော့ အောက်ပါအတိုင်း ရယူနိုင်ပါတယ်။

- Final Project (သို့မဟုတ်) Quiz ပါဝင်တဲ့ သင်တန်းများအတွက် - သတ်မှတ်ထားတဲ့ Project သို့မဟုတ် Quiz ကို ဖြေဆိုတင်ပြပြီးတဲ့အခါ Page Messenger (သို့မဟုတ်) Telegram Group ကနေတစ်ဆင့် Badge ကို တောင်းဆိုနိုင်ပါတယ်။

- Final Project မပါဝင်တဲ့ သင်တန်းများအတွက် - မိမိလေ့လာရရှိခဲ့တဲ့ အကြောင်းအရာတွေကို စာမျက်နှာ (၂) မျက်နှာခန့် Reflection Essay ပြန်လည်ရေးသားပြီး Telegram (သို့မဟုတ်) Email ကနေ ပေးပို့ရမှာ ဖြစ်ပါတယ်။ ပေးပို့ပြီးပါက Page Messenger (သို့မဟုတ်) Telegram Group ကနေတစ်ဆင့် Badge ကို တောင်းဆိုနိုင်ပါတယ်။

လက်မှတ်တစ်ခုရဖို့ထက် အမှန်တကယ် လေ့လာသင်ယူမှုကို ဦးစားပေးတဲ့ ဆရာ/ဆရာမတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

လက်ရှိမှာ ဒီ Platform ဟာ တည်ဆောက်ဆဲ (Under Development) ကာလဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက် အနည်းငယ် ရှိနိုင်ပါတယ်။ ဒါကြောင့် ဆရာ/ဆရာမတို့အနေနဲ့ နားလည်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

(English Translation)

Wisdom Eye MOOCs is an initiative powered by Aye Yate Education. Our primary mission is to offer flexible learning opportunities for those who missed previous courses, allowing you to learn anytime, anywhere.
We provide free micro-courses designed to help you acquire specific skills quickly, with the goal of empowering innovative teacher education.

Please note that we do not issue formal certificates. However, digital badges are available upon completion.

- For courses with a final project or quiz: Submit your work, then request your badge via Page Messenger or our Telegram Group.

- For courses without a final assessment: Please write a 2-page reflection essay on what you gained from the course and send it via Telegram or email. And request your badge via Page Messenger or our Telegram Group.

Thank you for prioritizing learning over credentials.

As this platform is currently under development, you may encounter minor technical issues. We appreciate your patience and understanding as we improve.


25/12/2025

ဘုရားသခင်သည်ဤလောကကိုချစ်သောကြောင့်မိမိ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည် ဖြစ်၍၊ ထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရကြလိမ့်မည်။

ယောဟန် ၁၆:၂၇

Merry Christmas to you all. ❤️

24/12/2025

‎မင်္ဂလာပါ တီချာတို့ရေ...🤍☺️

‎ဒီနေ့တော့ ကျွန်တော်တို့ အထင်လွဲလေ့ရှိတဲ့ "အိပ်ငိုက်တဲ့ ကလေးတွေ" အကြောင်း ပြောပြချင်ပါတယ်။ 🤗

‎ဒီပုံပြင်လေးကတော့ "ဆရာဦးမင်း" နဲ့ "ကျော်စွာ" ဆိုတဲ့ ကလေးအကြောင်းပါ။

‎ကျော်စွာက (၉) တန်းကျောင်းသား။ လူကောင်ထွားသလောက် အတန်းထဲမှာ အမြဲတမ်း ခေါင်းမှောက်အိပ်နေတတ်ပါတယ်။ 😴

‎ဆရာဦးမင်း အတန်းဝင်ရင် အမြဲမြင်ရတဲ့ မြင်ကွင်းကတော့... ကျော်စွာက နောက်ဆုံးခုံမှာ တရှူးရှူး အိပ်ပျော်နေတာပါပဲ။

‎ဆရာဦးမင်းလည်း လူငယ်ဆရာဆိုတော့ စိတ်မြန်ပါ‌သေးတယ်။

‎"ဟေ့ကောင် ကျော်စွာ... မင်း ညက ဂိမ်းတွေထိုင်ဆော့ပြီး မအိပ်ဘူးမလား။ ကျောင်းကို အိပ်ရာနဲ့ မှားနေလား၊ ထစမ်း!" လို့ စာအုပ်နဲ့ ခုံကို ရိုက်ပြီး နှိုးလိုက်တယ်။

‎ကျော်စွာက လန့်နိုးလာတယ်။ မျက်လုံးတွေက နီနေခဲ့ပါ‌ေသးတယ်။

‎"ဆရာ... ကျွန်တော်... ကျွန်တော်..."

‎"ဘာမှ ဆင်ခြေမပေးနဲ့။ မင်းလို ပျင်းတဲ့ကောင်မျိုး ငါမမြင်ဖူးဘူး။ မျက်နှာသွားသစ်ချည်" ဆိုပြီး ဆူလိုက်ပါတော့တယ်။

‎ကျော်စွာက အဲ့အချိန်မှာ ခေါင်းငိုက်စိုက်နဲ့ ထွက်သွားခဲ့ပါတယ်။

‎တဖက်မှာ ဆရာဦးမင်းကတော့ "ငါ့အတန်းကို လေးစားမှု မရှိဘူး" လို့ပဲတွေးနေခဲ့ပါတော့တယ်။

‎ဒါပေမဲ့ တကယ်တမ်း ကျော်စွာ့အိမ်မှာ ဘာဖြစ်နေလဲ ဆရာဦးမင်း မသိပါဘူး။

‎ကျော်စွာတို့‌နေတဲ့ ရွာဘက်ပိုင်းက ညဘက်ဆို သေနတ်သံတွေ ကြားရတယ်။ မိသားစုက မလုံခြုံဘူး။ ညဘက်ဆို ကျော်စွာက အိပ်မပျော်ရဲဘူး။ သူတို့အိမ်ကို စောင့်ရှောက်ဖို့ တံခါးဝမှာ နားစွင့်နေရတဲ့အခြေအနေပါ။

‎မနက်ကျောင်းရောက်မှပဲ "ကျောင်းက လုံခြုံတယ်" ဆိုတဲ့ စိတ်နဲ့ သူ့ခန္ဓာကိုယ်က အလိုလို အိပ်ပျော်သွားတာပါ။

‎သူ အိပ်နေတာ ပျင်းလို့ မဟုတ်ပါဘူး။

‎သူ့ရဲ့ အာရုံကြောစနစ် (Nervous System) က ပင်ပန်းလွန်းလို့ "Shutdown" ချလိုက်တာပါ။

‎Behavior is the Language of the Brain (အပြုအမူဆိုတာ ဦးနှောက်ရဲ့ ဘာသာစကား) ပါတဲ့။

‎တီချာတို့ရေ... အတန်းထဲမှာ အိပ်ငိုက်တာ၊ ငေးငိုင်တာတွေကို "Disrespect (မလေးစားမှု)" လို့ ချက်ချင်းတန်းပြီးမမြင်ပါနဲ့။

‎ဒါဟာ "Trauma Response" တွေလည်းဖြစ်နိုင်တယ်ဆိုတာ သတိရပေးပါဦးနော်။

‎ကလေးတစ်ယောက် (သို့) လူတစ်ယောက်ဟာ အန္တရာယ် (Stress/Trauma) နဲ့ ကြုံလာရင် ဦးနှောက်က (၃) မျိုး တုံ့ပြန်ပါတယ်။

‎ 🔴 Fight (တိုက်ခိုက်)
‎ရန်လိုမယ်၊ ပြန်ခံပြောမယ်။ (ဒါကို ဆရာတွေက ရိုင်းတယ်လို့ ထင်ကြတယ်)

‎🔴 Flight (ထွက်ပြေး)
‎အတန်းလစ်မယ်၊ ရှောင်ဖယ်မယ်။

‎ 🔴 Freeze (အေးခဲ)
‎ဒါက ကျော်စွာ ဖြစ်နေတာပါ။ ကြောက်လွန်းလို့၊ ပင်ပန်းလွန်းလို့ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ဘဲ "ငြိမ်သက် (Numb)" သွားတာပါ။

‎ကျောင်းဆိုတာ ဘေးကင်းရာ

‎Trauma ရနေတဲ့ ကလေးတွေအတွက် အိပ်ပျော်နိုင်တဲ့ ပြောရမယ်ဆိုရင် စိတ်လုံခြုံမှုပေးနိုင်တဲ့ တစ်ခုတည်းသော နေရာက "ကျောင်း" ဖြစ်နေတတ်ပါတယ်။

‎အိမ်မှာ မအိပ်ရဲဘဲ ကျောင်းရောက်မှ အိပ်ပျော်တာဟာ... တကယ်တော့ ဆရာ့အတန်းကို ယုံကြည်လို့ပါ။ စိတ်ချရတယ်လို့ ခံစားနေရတာဖြစ်နိုင်ပါတယ်။

‎ဆရာဦးမင်းက အိပ်နေတဲ့ ကျော်စွာကို ဆူလိုက်ခြင်းဟာ... ကလေးအတွက် တစ်ခုတည်းသော "Safe Zone" ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားပါတယ်။

‎ကျွန်တော်တို့ မြင်ရတဲ့ "အိပ်ငိုက်ခြင်း" ဆိုတာ ရေခဲတောင်ရဲ့ ထိပ်ဖျား (Tip) ပါ။
‎ရေအောက်မှာ ဖုံးကွယ်နေတာက "Chronic Fatigue", "Hyper-vigilance" တွေ ဖြစ်ပါတယ်။

‎ဒါဆို ဆရာဦးမင်း ဘာလုပ်သင့်သလဲ?

‎"မင်းပျင်းလိုက်တာ" လို့ ပြောမယ့်အစား...
‎"ကျော်စွာ... မင်း နေမကောင်းဘူးလား၊ ညက အိပ်ရေးမဝဘူးလား" လို့ ဂရုစိုက်တဲ့ လေသံနဲ့ မေးကြည့်ပါ။

‎Label တပ်တာကို ရပ်ပြီး၊ အပြုအမူ (Behavior) ရဲ့ နောက်ကွယ်က အကြောင်းရင်း (Root Cause) ကို ရှာဖွေတာဟာ Neurocognitive Leader တစ်ယောက်ရဲ့ အလုပ်ပါ။

‎တီချာတို့ အတန်းထဲမှာရော... ကျော်စွာလို ကလေးတွေ ရှိနေပြီလား?

‎သူတို့ကို "ပျင်းတယ်" လို့ တန်းပြီးမသက်မှတ်ခင် သူတို့ရဲ့ Nervous System ကို ဘယ်လိုကူညီရမလဲဆိုတာ သိထားဖို့ လိုပါတယ်။

‎ဒီအကြောင်းအရာတွေကို အသေးစိတ် လေ့လာဖို့ Aye Yate Education ရဲ့ "Teach to Lead" သင်တန်းမှာ...Stress, Trauma and the Learning Brain, Trauma-Informed Practices ဆိုပြီး သီးသန့် သင်ခန်းစာတွေ ပါဝင်ပါတယ်။

‎လာမယ့် Jan 9th မှာ စတင်မယ့် ဒီသင်တန်းမှာ...
‎ကလေးတွေရဲ့ အပြုအမူကို အပေါ်ယံမကြည့်ဘဲ၊ ဦးနှောက်ရဲ့ ဘာသာစကားကို နားလည်နိုင်တဲ့ ဆရာကောင်းတစ်ယောက် ဖြစ်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address


Yangon