Tokyo Ichiban Japanese Language School

Tokyo Ichiban Japanese Language School ဂျပန်လို ပြောတတ်ဖို့ အတူကြိုးစားလေ?

Top-J ​စာမေးပွဲလေးလာပါပြီ....👆👆👆👆👆👆👆👆👆ဖောင်လက်ခံသည့်ရက် - (april-4 မှ april-22) ရက်နေ့အထိဖြေဆိုမည့်ရက် - 15-May-2022
04/04/2022

Top-J ​စာမေးပွဲလေးလာပါပြီ....
👆👆👆👆👆👆👆👆👆

ဖောင်လက်ခံသည့်ရက် - (april-4 မှ april-22) ရက်နေ့အထိ

ဖြေဆိုမည့်ရက် - 15-May-2022

၂၀၂၁ခုနှစ်နို၀င်ဘာလတွင်ကျင်းပမည့်(TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့်ပတ်သတ်၍အသိပေးကြေငြာခြင်း---------------------------...
01/10/2021

၂၀၂၁ခုနှစ်နို၀င်ဘာလတွင်ကျင်းပမည့်(TOP-J) စာမေးပွဲလျှောက်ထားခြင်းနှင့်ပတ်သတ်၍အသိပေးကြေငြာခြင်း
-------------------------------------------------------------------------------------------------
၂၀၂၁ခုနှစ်၊နို၀င်ဘာလ(၁၄)ရက်နေ့တွင်ကျင်းပမည့်(Top-J)စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့်သူများ အောက်ဖော်ပြပါ လမ်းညွှန်အတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
ကျင်းပမည့်စာမေးပွဲအဆင့်​-
Basic (N4+N5), Intermediate (N3+N2), Advance (N1)
စာမေးပွဲကြေး​​​- ၄၀,၀၀၀ကျပ်
လျှောက်လွှာလက်ခံမည့်ကာလ ​- အောက်တိုဘာလ (၆) ရက်နေ့ မနက် (၉)နာရီနာရီ မှ အောက်တိုဘာလ (၂၀) ရက်နေ့ ညနေ (၄)နာရီအတွင်း။
TOP-J နှင့်ပတ်သက်၍-
TOP-Jသည်ဂျပန်နိုင်ငံ၏ STUDY in JAPAN မှ အသိအမှတ်ပြုထားပြီး၊ THE ASIAN FOUNDATION FOR INTERNATIONAL SCHOLARSHIP INTERCHANGEမှကျင်းပပြုလုပ်သော ဂျပန်ဘာသာအရည်အချင်းစစ် စာပေးပွဲတစ်ခု ဖြစ်ပါသည်။
အဓိကအသုံးချနိုင်သည့်ရည်ရွယ်ချက်များမှာ -
၁။ဂျပန်ဘာသာစကားစွမ်းရည်ကိုစစ်ဆေးရန်။
၂။တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်။
၃။ပညာသင်ဆုလျှောက်ထားရန်လိုအပ်ချက်တောင်းဆိုသည့်အခါ။
၄။အလုပ်အကိုင်လျှောက်ထားသည့်အချိန်တွင်သက်ဆိုင်ရာအဖွဲ့အစည်းမှဂျပန်ဘာသာအရည်အချင်းအသိအမှတ် ပြုစာမေးပွဲအောင်လက်မှတ်တောင်းဆိုသည့်အခါ။
Website (ဂျပန်ဘာသာ) https://www.topj-test.org/
လျှောက်လွှာလျှောက်ထားခြင်း။
အောက်ဖော်ပြပါ“TOP J Online Application Form”သို့အောက်တိုဘာလ (၆)ရက်နေ့ မနက် (၉)နာရီမှ စတင်ကာ ဝင်ရောက်လျှောက်ထားရပါမည်။​
https://docs.google.com/.../1FAIpQLScaNufeF3o.../viewform...
Online Application Form ဖြည့်စွက်ခြင်းအားကြိုတင်လေ့လာထားနိုင်ရန်နမူနာပုံများအား ပူးတွဲဖော်ပြထားပါသည်။


​Online Application Form ပါအချက်အလက်များကိုဖြည့်စွက်ပြီး၊ Attachmentတွင်သက်သေခံကဒ်ပြား (ID) အားပူးတွဲတင်ပြရမည်။ ပူးတွဲတင်ပြရာတွင်နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ ပတ်စပို့၊ ကျောင်းသားကဒ်(အစိုးရမူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်း၊တက္ကသိုလ်၊ကောလိပ်)များကိုသာ လက်ခံ သွားပါမည်။ သက်သေခံကဒ်ပြားFile Name အား စာမေးပွဲလျှောက်ထားသူ၏ “အမည်-1” ဖြင့် ပြုလုပ်ပေးပါ။
(Eg: “AUNGAUNG-1.jpg”)
​ဆက်လက်ပြီးTestVoucherတွင်ကပ်ရန်အတွက်ဓါတ်ပုံကိုUploadလုပ်ရပါမည်။ဓါတ်ပုံသည်မျက်နှာကိုရှေ့တည့်တည့်မှရိုက်ထားရမည်ဖြစ်ပြီး၊နောက်ခံ(BackGround)သည်အရောင်တမျိုးတည်းဖြစ်နေရပါမည်။ ဓါတ်ပုံFile Name အား မိမိ “အမည်-2”ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-2.jpg”)
နောက်ဆုံးအနေဖြင့်စာမေးပွဲကြေးပေးသွင်းထားသောငွေသွင်းပြေစာအားပူးတွဲပေးရပါမည်။ ငွေသွင်းပြေစာFile Name အား မိမိ “အမည်-3” ဖြင့် ပြုလုပ်ပေးပါ။ (Eg: “AUNGAUNG-3.jpg”)
ငွေပေးသွင်းရမည့်အဆင့်ဆင့်အားအောက်ပါLinkမှတဆင့်၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
https://drive.google.com/.../1Xk2ZLvkM8I.../view
​Online Application Form ပါနေရာများအားလုံးကိုဖြည့်စွက်ပြီး၊အထက်ဖော်ပြပါဖိုင် (၃)ခုအားUpload လုပ်ပြီး “Submit” button ကိုနှိပ်ပြီးပါကဖောင်တင်ခြင်းပြီးဆုံးမည်ဖြစ်ပါသည်။
​Online မှလျှောက်ထားရန်နှင့် Online မှငွေပေးချေရန်အခက်အခဲ ရှိပါသူများအနေဖြင့်MAJA စာမေးပွဲလက်ခံဌာနသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ ကိုဗစ်ရောဂါကာကူးစပ်မှုကာကွယ်ရေးအတွက် ဖုန်းဖြင့် ကြိုတင်ဘွတ်ကင်ယူသည့်စနစ်ဖြင့်သာလျှောက်လွှာများကို လက်ခံပေးသွားမည် ဖြစ်ပါသည်။
Test Voucher ထုတ်ယူခြင်း။
​လျှောက်ထားသူများအနေဖြင့်Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကိုonline application formတွင်ရွေးချယ်ထားသောနည်းလမ်းအတိုင်း ပေးပို့ပေးသွားမည် ဖြစ်ပါသည်။
Email ဖြင့်ထုတ်ယူမည့်သူများအား နိုဝင်ဘာလ၁ရက်နေ့မှ၆ရက်နေ့အတွင်း Email ပေးပို့ပေးသွားမည် ဖြစ်ပါသည်။ ထိုရက်အတွင်းမိမိတို့၏ Email အဝင်အားသေခြာစွာစစ်ဆေးရန်လိုအပ်ပါသည်။
​လူကိုယ်တိုင်လာရောက်ထုတ်ယူမည့်သူများအားနိုဝင်ဘာလ၁ရက်နေ့မှ၁၂ရက်နေ့အတွင်း(တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာနေ့များ)တွင်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
ကိုဗစ်ရောဂါကူးစပ်မှုကာကွယ်ရေးအတွက် လာရောက်မည့်နေ့မတိုင်မှီတွင် ဖုန်းဖြင့်ကြိုတင်ဘွတ်ကင်ယူပြီးလာရောက်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
စုံစမ်းမေးမြန်းရန် -
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။ 09-428 756 746, 09-428 613 848

၂၀၂၀ ခုနှစ် ဇူလိုင်လတွင် မကျင်းပဖြစ်ခဲ့သည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) အတွက် စာမေးပွဲကြေး ပြန်လည်ထုတ်ပေးခြင်း(...
27/09/2021

၂၀၂၀ ခုနှစ် ဇူလိုင်လတွင် မကျင်းပဖြစ်ခဲ့သည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) အတွက် စာမေးပွဲကြေး ပြန်လည်ထုတ်ပေးခြင်း(နောက်ဆုံးအကြိမ်)နှင့် ပတ်သက်၍ကြေငြာခြင်း။
-----------------------------------------------------------------------
၂၀၂၀ခုနှစ် ဇူလိုင်လတွင်မကျင်းပဖြစ်ခဲ့သည့်ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT)အတွက် စာမေးပွဲကြေး ပြန်လည်ထုတ်ယူရန် ၂၀၂၀ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့တွင် ပထမအကြိမ် ထုတ်ပြန်ကြေငြာခဲ့ပြီး၊ လျှောက်လွှာ တင် ရမည့်ကာလကို ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့မှ သြဂုတ်လ(၃၁)ရက် အထိ သတ်မှတ်ပြီး စာမေးပွဲကြေး များ ပြန်လည်ထုတ်ပေးခဲ့ပါသည်။
https://www.facebook.com/117985645021854/posts/1735129019974167/
၂၀၂၀ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံကြေငြာခဲ့ပြီး၊ ပထမအကြိမ်၏ သတ်မှတ် ရက် နောက်ပိုင်းတွင် ပေးပို့လာသော စာမေးပွဲကြေး ပြန်လည် ထုတ်ယူခွင့်လျှောက်လွှာများအတွက် ဆက်လက် ထုတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
https://www.facebook.com/117985645021854/posts/1797712810382454/
စာမေးပွဲကြေး ပြန်လည်ထုတ်ပေးခြင်းအား ယခုအချိန် (၂၆.၉.၂၀၂၁)အထိ ၂၀၂၀ခုနှစ်ဇူလိုင်လ စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသူ၏ ၉၅% ခန့်အား ပြန်လည်ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ အကြောင်း အမျိုးမျိုး ကြောင့် စာမေးပွဲကြေး ပြန်လည်ထုတ်ယူရန် ကျန်ရှိနေသေးသော စာမေးပွဲလျှောက်ထားသူများ အနေဖြင့် စက်တင်ဘာလ ၂၇ရက် မှ အောက်တိုဘာလ ၃၀ရက်အတွင်းလျှောက်ထားကြပါရန်ထပ်မံကြေငြာအပ်ပါသည်။ ယခင်က စာမေးပွဲကြေးပြန်လည် ထုတ်ယူခြင်းအား လျှောက်ထားခဲ့သော်လည်း၊ ငွေသားဖြင့် ထုတ်ယူလိုခြင်း စသည်တို့ကြောင့် လက်ခံရယူထားခြင်း မရှိသေးသောသူများအားလုံး ပြန်လည်လျှောက်ထားပေးပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။
ယခုအကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်ပြီး၊ အောက်တိုဘာလ ၃၀ ရက် နောက်ပိုင်းတွင် ၂၀၂၀ခုနှစ် ဇူလိုင်လ JLPT၏ စာမေးပွဲကြေးများကို ပြန်လည်ထုတ်ပေးတော့မည် မဟုတ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
စာမေးပွဲကြေးပြန်လည်ထုတ်ယူခွင့်လျှောက်ထားရန်နည်းလမ်း
-----------------------------------------------------------
Covid-19 ကူးစက်ရောဂါ ပြန့်နှံ့မှုနှင့် ဘဏ်လုပ်ငန်းလည်ပတ်မှု အခြေအနေများကြောင့်၊ AYA, KBZ, CB Bank (၃)ဘဏ်၏ iBanking နှင့် Pay စနစ် များဖြင့် ထုတ်ပေးသွားမည် ဖြစ်ပါသည်။ မိမိ၏ကိုယ်ပိုင်အကောင့်မရှိပါလျင်၊ အခြားသူ၏အကောင့်ဖြင့်လည်း လျှောက်ထားထုတ်ယူနိုင်ပါသည်။ လက်ရှိအခြေအနေတွင် ငွေသားဖြင့်ထုတ်ပေး ခြင်းအား မပြုလုပ်နိုင်ပါသဖြင့် iBanking နှင့် Payစနစ်များဖြင့်သာ ထုတ်ပေးနိုင်ခြင်းကို နားလည် လက်ခံပေးစေလို ပါသည်။
စာမေးပွဲကြေး ထုတ်ယူခွင့်အား လျှောက်ထားရာတွင် အောက်ဖော်ပြပါစာရွက်စာတမ်းများကို Viber (သို့) Email ဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။
တစ်ဦးချင်းလျှောက်ထားသူများ -
(၁) Test Voucher (သို့) ငွေသွင်းစလစ်
(၂) စာဖြေသူလျှောက်ထားစဉ်က တင်ခဲ့သည့် သက်သေခံကဒ်ပြား (မှတ်ပုံတင်၊ လိုင်စင်၊ Passport စသည်..)
(၃) စာမေးပွဲကြေးပြန်ထုတ်ခွင့်လျှောက်လွှာ
https://www.ascoja-maja.org.mm/.../Application%20Form...
ကျောင်းအလိုက်လျှောက်ထားသူများ -
(၁) စာမေးပွဲကြေးထုတ်မည့် ကျောင်းသားစာရင်း
(၂) Test Vouchers (သို့) ငွေသွင်းစလစ်
(၃) ငွေလက်ခံမည့် ဘဏ်အကောင့်ပိုင်ရှင်၏ မှတ်ပုံတင်
(၄) စာမေးပွဲကြေးပြန်ထုတ်ခွင့်လျှောက်လွှာ
https://www.ascoja-maja.org.mm/.../Application%20Form...
စာမေးပွဲကြေးထုတ်သည့် လျှောက်လွှာများအား ၂၀၂၀ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ လျှောက်ထားစဉ်အခါက လျှောက်လွှာများဖြင့် တိုက်ဆိုင်စစ်ဆေး၍ လိုအပ်ချက်များ၊ ကွဲလွဲချက်များရှိပါက ဆက်သွယ်မေးမြန်းပြီး မှန်ကန်ပါက စာမေးပွဲကြေးများ ပြန်လည်ထုတ်ပေးပါမည်။
ရန်ကုန်၊ ပဲခူး စာဖြေဌာများအတွက်
----------------------------------
Email- [email protected]
(သို့မဟုတ်)
Viber - 09-428 783 860
မန္တလေး စာဖြေဌာနအတွက်
---------------------------
Email - [email protected]
(သို့မဟုတ်)
Viber- 09-255 162 533
အထောက်အထားပြည့်စုံသည့်လျှောက်လွှာများအား လျှောက်ထားသည့်ရက်မှ(၂)ပတ်အတွင်း ငွေလွှဲပေးပို့ပေးသွား မည် ဖြစ်ပါသည်။
JLPTကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)

N5 Level အတွက် ခန်းဂျီး🇯🇵No.25🈴ခန်းဂျီးပုံစံ 🈴時Time /hour {အချိန်၊ နာရီ}くんよみ(ဂျပန်အသံထွက်)🇯🇵🇯🇵🇯🇵とき, どきおんよみ(တရုတ်အသံထွက်)...
15/09/2021

N5 Level အတွက် ခန်းဂျီး🇯🇵

No.25
🈴ခန်းဂျီးပုံစံ 🈴



Time /hour {အချိန်၊ နာရီ}

くんよみ(ဂျပန်အသံထွက်)
🇯🇵🇯🇵🇯🇵
とき, どき

おんよみ(တရုတ်အသံထွက်)
🇨🇳🇨🇳


Eg.
時計(とけい) watch
これは だれの時計ですか。
Kore wa dare no tokei desuka.
ဒီဟာက ဘယ်သူရဲ့ နာရီလဲ။

何時(なんじ) what time
毎朝、 何時におきますか。
Maiasa nanji ni okimasuka.
မနက်တိုင်း ဘယ်နှစ်နာရီမှာ အိပ်ယာထလဲ။

時々(ときどき) sometimes
時々、映画(えいが)をみます。
Tokidoki , eiga wo mimasu.
တခါတရံ, ရုပ်ရှင် ကြည့်တယ်။

.25_ N5
Ichiban Japanese Language School

N5 Level အတွက် ခန်းဂျီး🇯🇵No.24🈴ခန်းဂျီးပုံစံ 🈴門Gate {ဂိတ်ပေါက်}くんよみ(ဂျပန်အသံထွက်)🇯🇵🇯🇵🇯🇵かどおんよみ(တရုတ်အသံထွက်)🇨🇳🇨🇳モンEg.*専門(...
13/09/2021

N5 Level အတွက် ခန်းဂျီး🇯🇵

No.24
🈴ခန်းဂျီးပုံစံ 🈴



Gate {ဂိတ်ပေါက်}

くんよみ(ဂျပန်အသံထွက်)
🇯🇵🇯🇵🇯🇵
かど

おんよみ(တရုတ်အသံထွက်)
🇨🇳🇨🇳
モン

Eg.
*専門(せんもん) speciality*
わたしの専門はコンピューターです。
Watashi no senmon wa konpyu-ta- desu.
ကျွန်တော်ရဲ့အဓိကမေဂျာက ကွန်ပြူတာပါ။

*門(もん) gate*
あれは東京(とうきょう)大学(だいがく)の門です。
Are wa toukyou daigaku no mon desu.
ဟိုးဟာက တိုကျိုတက္ကသိုလ်ရဲ့ဂိတ်ပေါက်ပါ။

.24_ N5
Ichiban Japanese Language School

N5 Level အတွက် ခန်းဂျီး🇯🇵No.23🈴ခန်းဂျီးပုံစံ 🈴校School  {ကျောင်း}くんよみ(ဂျပန်အသံထွက်)🇯🇵🇯🇵🇯🇵🈚おんよみ(တရုတ်အသံထွက်)🇨🇳🇨🇳コウEg.学校(が...
11/09/2021

N5 Level အတွက် ခန်းဂျီး🇯🇵

No.23
🈴ခန်းဂျီးပုံစံ 🈴



School {ကျောင်း}

くんよみ(ဂျပန်အသံထွက်)
🇯🇵🇯🇵🇯🇵
🈚

おんよみ(တရုတ်အသံထွက်)
🇨🇳🇨🇳
コウ

Eg.
学校(がっこう) school

あの人は学校の先生ですか。
anohito wa gakkou no sensei desuka?
ဟိုလူက ကျောင်းကဆရာလား?
🔝🔝🔝🔝🔝🔝🔝🔝🔝🔝🔝🔝

中学校(ちゅうがっこう)
junior high school

あれは中学校ですか。
いいえ、高校です。
are wa chuugakkou desuka?
iie, kou kou desu.
ဟိုးဟာက အလယ်တန်းကျောင်းလား?
ဟင့်အင်း၊ အထက်တန်းကျောင်းပါ။
🔝🔝🔝🔝🔝🔝🔝🔝🔝🔝🔝🔝🔝

高校生(こうこうせい)
high school student

弟(おとうと)は高校生です。
otouto wa koukousei desu.
မောင်လေးက အထက်တန်းကျောင်းသားပါ။

.23_ N5
Ichiban Japanese Language School

N5語彙の中で「い」と「う」で始まる動詞などです。ご参考に😇
05/09/2021

N5語彙の中で「い」と「う」で始まる動詞などです。
ご参考に😇

N5 Level အတွက် ခန်းဂျီး🇯🇵No.22ခန်းဂျီးပုံစံ 学လေ့လာသင်ယူသည်Study / Learningくんよみ(ဂျပန်အသံထွက်)🇯🇵🇯🇵🇯🇵まな-びますおんよみ(တရုတ်အသံထွက...
05/09/2021

N5 Level အတွက် ခန်းဂျီး🇯🇵

No.22
ခန်းဂျီးပုံစံ



လေ့လာသင်ယူသည်
Study / Learning

くんよみ(ဂျပန်အသံထွက်)
🇯🇵🇯🇵🇯🇵
まな-びます

おんよみ(တရုတ်အသံထွက်)
🇨🇳🇨🇳
ガク

Eg.
* 学生(がくせい) student
バクさんも学生です。
Baku san mo gakusei desu.
Mr Baku လည်း ကျောင်းသားပါ။

* 学校(がっこう) school
あれは学校です。
Are wa gakkou desu.
ဟိုဟာက ကျောင်းပါ။

* 小学校(しょうがっこう)
elementary school
リンダさんは小学校の先生です。
Rinda san wa shougakkou no sensei desu.
Ms Rinda ကမူလတန်းကျောင်းရဲ့ဆရာမပါ။

.22_ N5
Ichiban Japanese Language School

N5 動詞形「あ」で始まる動詞など。。。
04/09/2021

N5 動詞形
「あ」で始まる動詞など。。。

N5 Level အတွက် ခန်းဂျီး🇯🇵No.21ခန်းဂျီးပုံစံ 生အသက်ရှင်သည်မွေးဖွားသည်Life /Birthくんよみ(ဂျပန်အသံထွက်)🇯🇵🇯🇵🇯🇵い-きますう-まれます(なま)  (...
04/09/2021

N5 Level အတွက် ခန်းဂျီး🇯🇵

No.21
ခန်းဂျီးပုံစံ



အသက်ရှင်သည်
မွေးဖွားသည်
Life /Birth

くんよみ(ဂျပန်အသံထွက်)
🇯🇵🇯🇵🇯🇵
い-きます
う-まれます
(なま) (raw)မချက်ရသေးသောအစိမ်း

おんよみ(တရုတ်အသံထွက်)
🇨🇳🇨🇳
セイ
ショウ

Eg.
学生(がくせい) student
わたしは学生です。
Watashi wa gakusei desu.
ငါက ကျောင်းသားပါ။

誕生日(たんじょうび) birthday
誕生日は3月19日です。
Tanjoubi wa sangatsu jyuukunichi desu.
မွေးနေ့က မတ်လ19ရက်နေ့ပါ။

生きます(い-きます) to live
わたしは100さいまで生きたいです。
Watashi wa hyaku sai made ikitaidesu.
ငါက အသက်တစ်ရာအထိ အသက်ရှင်ချင်တယ်။

生まれます(う-まれます) to be born
わたしはパリで生まれました。
Watashi wa Pari de umaremash*ta.
ငါက ပဲရစ်မြို့မှာ မွေးခဲ့တာပါ။

.21_ N5
Ichiban Japanese Language School

N5 Level အတွက် ခန်းဂျီး🇯🇵No.20ခန်းဂျီးပုံစံ 先Before, ahead (အရင်)くんよみ(ဂျပန်အသံထွက်)🇯🇵🇯🇵🇯🇵さきおんよみ(တရုတ်အသံထွက်)🇨🇳🇨🇳センEg.先生...
03/09/2021

N5 Level အတွက် ခန်းဂျီး🇯🇵

No.20
ခန်းဂျီးပုံစံ



Before, ahead (အရင်)

くんよみ(ဂျပန်အသံထွက်)
🇯🇵🇯🇵🇯🇵
さき

おんよみ(တရုတ်အသံထွက်)
🇨🇳🇨🇳
セン

Eg.
先生(せんせい) teacher
メアリーさんは先生です。
Me‌ari san wa sensei desu.
မယ်အရိစံက ဆရာပါ။

先に(さきに) first of all/go ahead
どうぞ、お先に。
Dozo, Osaki ni.
လုပ်ပါ၊ အရင်သွားပါ။

.20_ N5
Ichiban Japanese Language School

N5 Level အတွက် ခန်းဂျီး🇯🇵No.19ခန်းဂျီးပုံစံ 何What (ဘာ/ဘယ်~)くんよみ(ဂျပန်အသံထွက်)🇯🇵🇯🇵🇯🇵なになんおんよみ(တရုတ်အသံထွက်)🇨🇳🇨🇳カEg.何歳(なんさい...
01/09/2021

N5 Level အတွက် ခန်းဂျီး🇯🇵

No.19
ခန်းဂျီးပုံစံ



What (ဘာ/ဘယ်~)

くんよみ(ဂျပန်အသံထွက်)
🇯🇵🇯🇵🇯🇵
なに
なん

おんよみ(တရုတ်အသံထွက်)
🇨🇳🇨🇳


Eg.
何歳(なんさい) how old
ジュンさんは何歳ですか。
Jun san wa nan sai desu ka.
ဂျွန်စံ က အသက်ဘယ်လောက်လဲ။

何(なん) what
あれは何ですか。
Are wa nan desu ka.
ဟိုးဟာက ဘာလဲ။

何(なに) what
あしたは何をしますか。
Ash*ta wa nani wo shimasu ka.
မနက်ဖြန် ဘာ ကို လုပ်မလဲ။

.19_ N5
Ichiban Japanese Language School

Address

No. 842, Bo Moe Street, 11 Ward, East Dagon Township
Yangon
11211

Alerts

Be the first to know and let us send you an email when Tokyo Ichiban Japanese Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tokyo Ichiban Japanese Language School:

Shortcuts

Share