02/05/2024
ကိုရီးယားစာကို အခုမှစတင်လေ့လာမဲ့ ကျောင်းသား/သူတွေ အနေနဲ့ ဒီအချက် (2) ချက်ကို သိကိုသိထားသင့်ပါတယ်နော် 💁🏼♀️
📌နံပါတ် (၁) အချက်
Textbook တွေကရော ဘယ်နှစ်မျိုးရှိတာလဲ? ကိုရီးယားစာလေ့လာမယ်ဆိုရင် ဘယ်လို Textbook မျိုးနဲ့ စာလေ့လာသင့်လဲ?
ကိုရီးယားစာလေ့လာနေတဲ့ ကျောင်းသား/သူတွေ အသုံးများတဲ့ Textbook 3 မျိုးရှိပါတယ်။ အဲ့တာတွေကတော့ -
• Yonsei ( ယွန်းဆယ်)
• Sejong ( ဆယ်ဂျုံး )
• Fun Fun
ဆိုပြီး ဖြစ်ပါတယ်။
Sejong Textbook နဲ့ Fun Fun Textbook ကတော့ အသုံးနည်းတဲ့ textbook တွေဖြစ်ပါတယ်။
သင်တန်းကျောင်း အများစုကတော့ Yonsei Textbook နဲ့ဘဲ သင်ကြားပေးကြပါတယ်။ ဘာလို့လဲဆိုတော့ Yonsei Textbook မှာ Reading, Listening, Writing, Gammer နဲ့ Vocabulary တွေကို မျှတအောင် ထည့်သွင်းပေးထားပြီး Speaking Practice အတွက်ပါ သင်ခန်းစာတွေပါဝင်တာကြောင့် ကိုရီးယားစာကိုအခုမှစတင်လေ့လာမဲ့ ကျောင်းသား/သူတွေအနေနဲ့ Yonsei Textbook နဲ့လေ့လာသင့်ပါတယ်နော် 💕
📌နံပါတ် (၂ ) အချက်
ကိုရီးယားဘာသာစကားမှာ Level ဘယ်နှစ်ခုရှိလဲ?
ကိုရီးယားစာ Level အနေနဲ့ ကတော့
• Basic
• Level 1
• Level 2
• Level 3
• Level 4
• Level 5
• Level 6 အထ်ိ ဆိုပြီး Level 7 ခုရှိပါတယ်။
UpMaster Korean Language Center မှာ Basic ကိုတော့ UpMaster မှ Founder Tr များ ရေးဆွဲထားသော ကိုယ်ပိုင်သင်ရိုးဖြင့် သင်ကြားပေးပြီး Level 1 to 4 ကိုတော့ Yonsei Korean Textbook ဖြင့် သင်ကြားပေးပါတယ်။
Yonsei Textbook တွင် Level 1 ကို 1-1 နှင့် 1-2 ဆိုပြီး စာအုပ် 2 အုပ်ခွဲပါတယ်။ တစ်အုပ်ဆီကို လေ့လာချိန် ၁ လခွဲ ( 6 weeks ) ဆီ ကြာမြင့်ပြီး 1-1, 1-2 နှစ်အုပ်လုံးကို လေ့လာပြီးမြောက်မှသာ Level 1 ပြီးမြောက်တယ်ကို သတ်မှတ်ပါတယ်။ Level 2, Level 3, Level 4 များလဲ အလားတူပေမဲ့ လေ့လာရန်ကြာမြင့်ချိန်တော့ Level အလိုက် ကွဲပြားပါတယ်။
ကိုရီးယားစာတွင် Basic မှစပြီး Level 1 to 6 ရှိပေမဲ့
UpMaster တွင် Basic to Level 4 ထိ သင်ကြားပေးပါတယ်။
Level 3,4 ထိ သင်ကြားပြီးတဲ့အခါ Self Study လုပ်ပြီး ကိုရီးယားသံရုံးကဦးစီးကျင်းပတဲ့ ကိုရီးယားဘာသာစကားအရည်အချင်းစစ် စာမေးပွဲ ( Topik Exam ) Topik 2 ကိုဝင်ရောက်ဖြေဆိုနိုင်တဲ့အတွက် Level 4 ထိ သင်ကြားပေးခြင်း ဖြစ်ပါတယ်။ (Topik အကြောင်းကို နောက်ပိုင်း Post များတွင် ရှင်းလင်းပေးပါမယ်ရှင် )
ကိုရီးယားစာနှင့်ပတ်သတ်တဲ့ ဗဟုသုတများစွာကို Sharing လုပ်ပေးမှာဖြစ်လို့ Page လေးကို Like & Follow လေးလုပ်ထားပါအုံးနော်။ One By One အတန်းများကိုလဲ Page Chatbox တွင် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါပြီ 🥰