Mon Unity Foundation - သဇိုင်ညဳသၟဟ်မန်

Mon Unity Foundation - သဇိုင်ညဳသၟဟ်မန်

Share

Mon Unity is Mon Strength. Building our Mon people's strength through education, economics, cooperation, and unity.

Photos from Mon Unity Foundation - သဇိုင်ညဳသၟဟ်မန်'s post 12/02/2026

Walk for Peace ဆရာ‌တော်တွေ
ငြိမ်းချမ်းရေး လမ်းလျှောက်ခရီးစဥ် ပြီးဆုံးသွားပေမယ့်
တကမ္ဘာလုံးငြိမ်းချမ်းရေး ရရှိဖို့ကအလှမ်းဝေးနေကြဆဲပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ပြည်နယ်များကိုဖြတ်သန်းလမ်းလျှောက်သွားကြစဥ်
ဗုဒ္ဓဘာသာဆရာတော်တွေကို ကြိုဆိုအားပေးကြသူ ၉၅% နှင့်အထက်ဟာ
ဗုဒ္ဓဘာသာဝင်တွေမဟုတ်ကြပါဘူး။

Walk for Peace ဆရာတော်တွေကြောင့်
ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ကိုးကွယ်ယုံကြည်မှုအပေါ် ပိုပြီးနားလည်လာကြမှာ ဖြစ်ပြီး
Walk for Peace လမ်းလျှောက်ခရီးစဥ်တလျှောက် ကြားနေကြ
“May you and all beings be well, happy and at peace“ ဆုတောင်းစကားက
ဘာသာခြားလူသားတွေကြားမှာလည်း ဆက်လက်ရှင်သန်နေပါဦးမည်....

04/02/2026

#အကြိမ်_၈၀_မြောက်_မွန်အမျိုးသားနေ့_ဗဟိုအခမ်းအနား ကို
မွန်တို့၏ ယခင် မင်းနေပြည်တော် #သုဝဏ္ဏဘူမိ_သထုံပြည် တွင် ကျင်းပသွားမည်

မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ယခင်ကမော်လမြိုင်မြို့ပေါ်တွင်သာ ကျင်းပခဲ့ရာမှ ၂၀၀၈ ခုနှစ်မှ စတင်ပြီး မြို့နယ်အလိုက်လှည့်လည်ကျင်းပလာခဲ့ရာ ၇၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ဇင်းကျိုက်မြို့၊ ပေါင်မြို့နယ်တွင် အောင်မြင်စွာကျင်းပပြီးစီးနိုင်ခဲ့ပြီး အကြိမ် ၈၀ မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်တို့၏ မူလမင်းနေပြည်တော် သုဝဏ္ဏဘူမိ သထုံပြည်တွင် ကျင်းပရန်ရှိပါသည်။ မြို့နယ်၊ ကျေးရွာအလိုက် အလှည့်ကျကျင်းပလာခဲ့သော မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားမှာ ၁၉ နှစ်တာ တိုင်ခဲ့ပြီး ကျင်းပခဲ့သည့်နေရာများမှာ -
၆၁ ကြိမ်မြောက် - မုဒုံမြို့ (၂၀၀၈ ခုနှစ်မှ စတင်၍)
၆၂ ကြိမ်မြောက် - ကမာမိုရွာ၊ ချောင်းဆုံမြို့
၆၃ ကြိမ်မြောက် - လမိုင်းမြို့၊ ရေးမြို့နယ်
၆၄ ကြိမ်မြောက် - သံဖြူဇရပ်မြို့
၆၅ ကြိမ်မြောက် - ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်
၆၆ ကြိမ်မြောက် - ပေါင်မြို့
၆၇ ကြိမ်မြောက်- ကမာဝက်မြို့၊ မုဒုံမြို့နယ်
၆၈ ကြိမ်မြောက် - ရေးမြို့
၆၉ ကြိမ်မြောက် - ကလော့ရွာ၊ချောင်းဆုံမြို့နယ်
၇၀ ကြိမ်မြောက် - ကျိုက်မရောမြို့
၇၁ ကြိမ်မြောက် - ဇာသပြင်ရွာ၊ဘားအံမြိုနယ်
၇၂ ကြိမ်မြောက် - ပဲခူးမြို့
၇၃-၇၄-၇၅ ကြိမ်မြောက် - မော်လမြိုင်မြို့
၇၆ ကြိမ်မြောက် - ရန်ကုန်မြို့
၇၇ ကြိမ်မြောက် - ကမာမိုရွာ၊ချောင်းဆုံမြို့
၇၈ ကြိမ်မြောက် - မော်လမြိုင်မြို့
၇၉ ကြိမ်မြောက်- ဇင်းကျိုက်မြို့၊ပေါင်မြို့နယ် တို့ ဖြစ်ကြပါသည်။

02/02/2026

မွန်အမျိုးသား‌နေ့မှသည် မွန်တမျိုးသားလုံးလွတ်မြောက်ရေးဆီသို့......

မွန်တမျိုးသားလုံးလွတ်မြောက်ဖို့အတွက် အစဥ်အလာအဆက်ဆက် ကျင်းပလာခဲ့သည့် မွန်အမျိုးသားနေ့ဟာ ယခုနှစ်ဆိုရင် ၇၉ ကြိမ် တိုင်ခဲ့ပါပြီ။

ခေတ်စနစ်ဆိုးမွေများကြားက ခက်ခက်ခဲခဲ၊ ဖိနှိပ်မှုမျိုးစုံကြားက ကျင်းပလာခဲ့ရသည့် မွန်အမျိုးသားနေ့ဟာ ယခုအချိန်မှာတော့ ထိုက်သင့်သလောက် လွတ်လွတ်လပ်လပ်ကျင်းပခွင့်ရလာသော်လည်း မွန်လူမျိုးတို့ လိုလားတဲ့ လွတ်လပ်ခွင့်တော့ မရှိသေးတာ တွေ့ရပါတယ်။ မွန်အမျိုးသားနေ့ အခမ်းအနားတွေ ကျင်းပရာမှာ မိမိတို့ရဲ့ မွန်ယဥ်ကျေးမှု အကအလှ တွေ၊ အလံတင်အခမ်းအနား တွေဖြင့် စည်စည်ကားကားကျင်းပနိုင်သော်လည်း မွန်တမျိုးသားလုံး လွတ်မြောက်ရေးဆိုင်ရာ သမိုင်းကြောင်းတွေ၊ တော်လှန်ရေးသမိုင်းကြောင်းတွေကိုတော့ ပွင့်ပွင့်လင်းလင်းတင်ပြဟောပြောခွင့် မရှိတာတွေ့ရပါတယ်။ ဥပမာအားဖြင့် မွန်လူမျိုးတို့ရဲ့ အခါကြီးရက်ကြီးကာလ မွန်အမျိုးသားနေ့ ရောက်တိုင်း ပါတီ၊ အဖွဲ့အစည်းအသီးသီးတွေ သဝဏ်လွှာများ ပေးပို့ကြသော်လည်း တန်းတူညီမျှမှု၊ လွတ်လပ်မှုအတွက် ကြိုးစားနေကြသည့် တော်လှန်ရေးအင်အားစုတွေနှင့်သက်ဆိုင်တဲ့ ပါတီ၊ အဖွဲ့အစည်းတွေရဲ့ သဝဏ်လွှာများကိုတော့ မွန်အမျိုးသားနေ့ ကျင်းပရေး စင်မြင့်တွေက မတင်ပြရဲကြတာကိုကြည့်ရင် လက်ရှိကျင်းပနေတဲ့ မွန်အမျိုးသားနေ့ အခမ်းအနားဟာ လွတ်လပ်သည့်အခမ်းအနားတရပ် မဟုတ်နိုင်ပါ။

မွန်အမျိုးသားနေ့မှ မွန်တမျိုးသားလုံး၏ စုစည်းမှုအင်အားကို ဖော်ညွှန်းပြသနိုင်သော်လည်း ဒီလိုအခမ်းအနား၊ ပွဲလမ်းသဘင်ကျင်းပယုံဖြင့် မွန်လူမျိုးများ လွတ်မြောက်သွားမည် မဟုတ်ပါ။ မွန်အမျိုးသားနေ့ကို သဘင်ပွဲလမ်းအသွင််ဖြင့်သာ ဆက်လက်ကျင်းပသွားပြီး အဲဒီတစ်ရက်တာအတွက်ပဲ အမျိုးဂုဏ်၊ဇာတိဂုဏ်ဖော်ပြသွားမည့်အစား ရေရှည် မွန်တမျိုးသားလုံးလွတ်လပ်ခွင့်အတွက် မွန်အမျိုးသားနေ့အခမ်းအနားတွင် မွန်လူမျိုးများပါဝင်ဆင်နွှဲကြသလို အားလုံးကပူးပေါင်းပါဝင်ကြပါက မွန်လူမျိုးတို့လိုလားသော ခရီးပန်းတိုင် ပိုနီးစပ်မည် ဖြစ်သည်။ ။

Photo: 79th MND ကွာန်ယိုက်၊ အလုံပွိုင်ဍုင်တကအ်ခ္ခိုင်

09/01/2026

ပြည်ပရောက် မွန်ပြည်နယ်သားများနည်းတူ
ပြည်တွင်းရှိ မွန်လူငယ်အများစုမှာလည်း
စစ်ကော်မရှင်၏ ၂၀၂၅ ရွေးကောက်ပွဲတွင် မဲထည့်ရန် စိတ်ပါဝင်စားမှုနည်းပါး
== == == == == == == == ==
မွန်ပြည်နယ်မှ ပြည်ပရောက်နေကြသူတွေ သိန်းနှင့်ချီ ရှိသော်လည်း စစ်ကော်မရှင်၏ ၂၀၂၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးကြသူတွေ ၈၄ ယောက်သာ ရှိခဲ့ပြီး ထိုထဲ မွန်ပါတီကို မဲထည့်ကြသည့် မွန်တွေ အနည်းအကျဥ်းသာ ပါဝင်ပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းကို ကြည့်ရင် ရွေးကောက်ပွဲမှာ မဲသွားထည့်ကြဖို့ မွန်ပါတီမှ မွန်ဒေသအတွင်းရှိ မွန်လူငယ်တွေကို စည်းရုံးခဲ့ရာမှာ ထိထိရောက်ရောက် မအောင်မြင်ခဲ့သော်လည်း အသက်ကြီးပိုင်းနှင့် အသက်လတ်ပိုင်း မွန်တချို့တွေကိုတော့ အတော်အသင့်စည်းရုံးနိုင်ခဲ့ပြီး ရွေးကောက်ပွဲမှာ ၂ နေရာ အနိုင်ရခဲ့ပါတယ်။ ထင်သလောက် အောင်မြင်မှုမရခဲ့သော မွန်ညီညွတ်ရေးပါတီဟာ မဲလာရောက်မပေးကြသူနှင့် ရွေးကောက်ပွဲ ဆန့်ကျင်ကြသူတွေကို အပြစ်တင်ပေမယ့် ၎င်းတို့ ၁ နေရာစာ ဆုံးရှုံးခဲ့ရတဲ့ ငြင်းပွားဖွယ် ကြိုတင်မဲကိစ္စတွေကိုတော့ တစုံတရာ တရားဝင်ဝေဖန်တာမျိုး မတွေ့ရပါဘူး။

ပြည်ပရောက် မွန်များ၊ ပြည်တွင်းရှိ မွန်များ (အထူးသဖြင့် ပညာတတ်မွန်လူငယ်များ) မှာ မိမိတို့ မွန်ပါတီကိုပင် မဲမပေးခဲ့ကြသည့် အကြောင်းအရင်းတွေကို ပြန်ကြည့်ရင် ဒီရွေးကောက်ပွဲကနေတဆင့် အပြောင်းအလဲ တစုံတရာရရှိဖို့ မယုံကြည်လို့ ဖြစ်သလို လက်ရှိအာဏာရယူထားတဲ့ အစုအဖွဲ့က ၎င်းတို့၏ဆက်စပ်ပါတီကို ဒီရွေးကောက်ပွဲကတဆင့် တရားဝင်အာဏာရရှိစေခြင်းသာဖြစ်ကြောင်း ယုံကြည်လက်ခံထားကြလို့ ဖြစ်နိုင်ပါတယ်။ ကိုယ်ထည့်လိုက်သည့်မဲတစ်ပြားကြောင့် စစ်တပ်ကြောထောက်နောက်ခံပြု အာဏာရှင်စနစ် ပိုမိုကြာရှည်သွားစေပြီး ၎င်းတို့ကို ပြန်လည်ဒုက္ခပေးမည့် စစ်မှုထမ်းဥပဒေ ပိုမိုတည်တံ့သွားမှာ စိုးရိမ်ကြတာလည်း ဖြစ်နိုင်ပါတယ်။

လွှတ်တော်ထဲ ပါဝင်ခွင့်ရှိမှ၊ အစိုးရထဲ ပါဝင်ခွင့်ရှိမှ ကိုယ့်လူမျိုးအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုလုပ်ဆောင်ခွင့်ရမည်ဆိုပြီး ၎င်းတို့ပါတီကို မဲထည့်ကြဖို့ စည်းရုံးနေတဲ့ မွန်ညီညွတ်ရေးပါတီဟာ လက်ရှိမှာလည်း အာဏာရယူထားသူတို့နဲ့ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်တွေမှာ ပူးပေါင်းပါဝင်နေကြဆဲဖြစ်သည့်တိုင် တခြားဒေသနည်းတူ ပေါ်တာဆွဲခံနေရတဲ့ပြသနာ၊ အလောင်းကစားဝိုင်းတွေကြောင့် သူခိုးဒုစရိုက်ပေါများတဲ့ပြသနာ၊ ကုန်စျေးနှုန်းကြီးမားပြီး စားဝတ်နေရေးကျပ်တည်းတဲ့ ပြသနာတွေ ကြုံတွေ့နေရတဲ့ မွန်ပြည်နယ်သားတွေအတွက် တခုခုလုပ်ပေးနိုင်တာမျိုး မရှိပါဘူး။

ရွေးကောက်ပွဲအပိုင်းဆက်များ မကျင်းပခင်ကတည်းက ဘယ်ပါတီနိုင်မည်ကို ကြိုတင်သိရှိထားကြပြီးသား ဖြစ်သလို ရွေးကောက်ပွဲ ပထမပိုင်းအပြီး ကြိုတင်သိရှိထားခဲ့သည့်အတိုင်း အဖြေထွက်နှင့်ပြီးသားဖြစ်သဖြင့် ကျန်ရှိသော မွန်ပြည်နယ် ၅ မြို့နယ်မှာ ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းမှာလည်း မွန်ပြည်သူတွေ၊ အထူးသဖြင့် ပညာတတ်မွန်လူငယ်တွေ မဲသွားထည့်မည့်အလားအလာ ပိုမိုနည်းသွားစေမယ်လို့ ယုံကြည်ထားကြပါတယ်။

Crd သ္ဂံင်မန်

Photos from Mon Unity Foundation - သဇိုင်ညဳသၟဟ်မန်'s post 06/01/2026

အနောက်တိုင်းသားတို့ အာရုံစိုက် ဝန်းရံပေးကြသည့်
ရဟန်းတော်တစ်စု၏ Walk For Peace
==========
ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော် ၁၉ ပါးဟာ ကမ္ဘာ့နေရာတလွှားက နေရာတော်တော်များများကို ခြေချင်ဖြင့် မိုင်ပေါင်း ၂၃၀၀ ချီ ငြိမ်းချမ်းရေးခရီးဆန့် လမ်းလျှောက်နေပြီး ရဟန်းသံဃာတော်တို့ ခေတ္တနားခိုရာနေရာတွေမှာလည်း ညဦးပိုင်း ငြိမ်းချမ်းရေးတရားတော်များ ဟောကြားပေးတာ တွေ့ရပါတယ်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသူ ရဟန်းတော်စုကို ဗုဒ္ဓဘာသာဝင်မဟုတ်ကြသည့်တိုင် အနောက်တိုင်းသားတွေဟာ ကြည်ညိုလေးစားမှုတို့ဖြင့် ဝန်းရံကူညီခဲ့ကြတာလည်း တွေ့ရပါတယ်။ ငြိမ်းချမ်းရေးခရီးခြေချင်လျှောက် ရဟန်းတော်တွေ ဖြတ်သန်းရောက်ရှိမည့် နေရာများမှာ လူစုလူဝေးတို့ဖြင့် စုရုံးရောက်ရှိပြီး ကြိုဆိုနေကြတာကိုလည်း နေရာတော်တော်များမှ တွေ့ကြရပါတယ်။

လူသားချင်းအတူတူ ဘာသာတရားတွေကွဲပြားကြသော်လည်း ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာ တရားတွေလိုချင်တာခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။

Photos from Mon Unity Foundation - သဇိုင်ညဳသၟဟ်မန်'s post 04/01/2026

အတုအယောင်ရွေးကောက်ပွဲကတဆင့်
သမ္မတရာထူးရယူခဲ့သည့် အာဏာရှင် မာဒူရို
ဖမ်းဆီးခံလိုက်ရခြင်းကြောင့်
ပျော်ရွှင်နေကြသည့် ဗင်နီဇွဲလားပြည်သူတွေ

03/01/2026

တရုတ်နိုင်ငံက အကာအကွယ်ပေးနေခဲ့တဲ့
ဗင်နီဇွဲလားသမ္မတကို အမေရိကန်နိုင်ငံက ကုန်းတွင်း
စစ်ဆင်ရေးစတင်ပြီး ၂ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းကြောင့်
တရုတ်နိုင်ငံ၏ အကာအကွယ်ရယူနေကြရသည့်
တခြားအာဏာရှင်များအတွက် စိုးရိမ်မှုများ တိုးလာစေပြီ

02/01/2026

ရွေးကောက်ပွဲ ပထမပိုင်းအောင်မြင်ကြောင်း
ကြေငြာခဲ့သည့် စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုများ
ပိုမိုလုပ်ဆောင်လာသဖြင့် အများပြည်သူများ
(အထူးသဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့်ဒေသများ)
ပိုမို ဂရုစိုက်နေထိုင်ကြပါရန်
စစ်ရေး၊ နိုင်ငံရေးစောင့်ကြည့်သူများမှ နှိုးဆော်ထားတာ တွေ့ရပါသည်။

01/01/2026

လိုအင်ဖြိုးမောက် - ၂၀၂၆ ဖြစ်ကြပါစေ
= = = = = = = = = = = = =
သၞာံ ၂၀၂၆ ဏအ် - ကဵုဂွံပေင်တဴကဵု အတိုင်နွံပၟိက်အိုတ်ညိ

Photos from Mon Unity Foundation - သဇိုင်ညဳသၟဟ်မန်'s post 28/12/2025

တ္ၚဲသၟတ်မန် အလန်စုဒ္ဒသမ တုဲဒှ်အာကီုလေဝ်
သၟတ်မန်တအ်သီုဖအိုတ် စိုတ်ဓါတ်နာဲဂှ် ဆက်ဂိုင်ကေတ်တုဲ
ဂကူပိုဲမန်ညံင်ဂွံဗၠးၜး ဆက်ဂိုတ်ဂစာန်အာ ညဳညဳသာသာစိုအ်............

26/12/2025

ဟိုတ်နူမန်နွံဍုင်မ္ၚးတအ် ဟွံစုတ်မာဲညးသကအ်တုဲ
မန်နွံပ္ဍဲဍုင်ကွာန်မန်တအ်လေဝ် ကၠုင်စုတ်မာဲညးသ္ကအ်ညိဟာဂှ်
ဗော်ညဳသၟဟ်မန်ဒှ်ဓဝိင်
===========
ပြည်ပရောက်မွန်များ မဲမပေးကြသဖြင့် ပြည်တွင်းရှိမွန်များလည်း မဲလာရောက် မပေးကြမှာကို မွန်ညီညွတ်ရေးပါတီမှ စိုးရိမ်နေပါတယ်။

မွန်ပြည်နယ်အတွက် ပြည်ပရောက် မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်မဲကို ဒီဇင်ဘာလ (၂၅) ရက်၊ မွန်းလွဲ (၁) နာရီအချိန်က မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး‌ ရွှေမြိုင်ခန်းမတွင် ရေတွက်ခဲ့ကြရာ မွန်ပြည်နယ်အတွင်းမှ နိုင်ငံပေါင်း (၂၂) နိုင်ငံသို့ ရောက်ရှိနေသူတွေထဲ မဲပေးရန်လျှောက်ထားသူ မဲဆန္ဒရှင်ပြည်သူ (၁၀၄)ဦးအနက် (၈၄)ဦး ကြိုတင်မဲများပေးခဲ့ကြခြင်းဖြစ်ပါတယ်။

Credit: photo and sources

25/12/2025

တ္ၚဲကောန်ဂကူမန် မရနုက်ကဵု ၇၉ ဝါ (ဗဟဵု) ဂှ် ကၠောန်ဗဒှ်အာ ပ္ဍဲဍုင်ဇိုင်ကျာ်၊ ပွိုၚ်ဍုင်ပံင်ဏောင်။
= = = = = = = = = = = = =
၇၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို
ဇင်းကျိုက်မြို့၊ ပေါင်မြို့နယ်မှာ ကျင်းပသွားမည်။

သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် ဟံသာဝတီနန်းတော် တည်ထောင်သည့် တပို့တွဲလဆုတ် (၁) ရက်နေ့ကို အစွဲပြု၍ ထိုနေ့ကျရောက်တိုင်း မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်လူမျိုးများနေထိုင်ရာ ဒေသအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး ဗဟိုအခမ်းအနားကိုတော့ အလှည့်ကျသည့်မြို့နယ်များမှာ လှည့်လည်ကျင်းပသည့်စနစ်ဖြင့် ကျင်းပခဲ့ကြကာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ တပို့တွဲလဆုတ် ၁ ရက်နေ့မှာ ကျရောက်မည့် ၇၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကိုတော့ ဇင်းကျိုက်မြို့၊ ပေါင်မြို့နယ်မှာ ကျင်းပသွားမည် ဖြစ်ပါသည်။

မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနား အစီအစဉ်များကို နယ်ပေါင်းစုံမှ ဗင်ခရာအဖွဲ့များဖြင့်ချီတက်ခြင်း၊ မွန်အလံတော် အလေးပြုခြင်း၊ ကျဆုံးသွားခဲ့ရသော မွန်သူရဲ‌ကောင်း၊ရဟန်းရှင်လူဘိုးဘွားမိဘများအား ရည်စူးပြီး ရဟန်းသံဃာတော်များအားဆွမ်းကပ်ခြင်းနှင့်ဆွမ်းတော််လောင်းလှူခြင်း၊ စာပေပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ အလှမယ်ပြိုင်ပွဲအပြင် အဆို၊အက အစီအစဉ်များဖြင့် ခမ်းခမ်းနားနား ကျင်းပသည့် မွန်လူမျိုးများ အထွတ်အမြတ်ထားသော နေ့ထူးတရက်လည်း ဖြစ်ပါသည်။

Photo - ၇၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ မြေစိုက်ပိုက်စတာ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon