Kharismatic Learning Center

Kharismatic Learning Center သင်ယူလေ့လာ သူများ ကိုယ်တိုင် ပါဝင်စဉ်းစား သုံးသပ်ခြင်းဖြင့် မျှော်မြင်တတ်သော အလေ့အကျင့်ကောင်းများ ရရှိရန်။

Kharismatic  Learning Center ရဲ့ ဆရာမ ​ဒေါ်စပယ် ​ရေးသားထား​တဲ့ ✨ "ကြယ်တစ်ခင်း လင်းစမ်းပါ​စေ" ✨ဆိုတဲ့ ရသ စာစုစာအုပ်က​လေး ...
27/08/2025

Kharismatic Learning Center ရဲ့ ဆရာမ ​ဒေါ်စပယ် ​ရေးသားထား​တဲ့ ✨ "ကြယ်တစ်ခင်း လင်းစမ်းပါ​စေ" ✨ဆိုတဲ့ ရသ စာစုစာအုပ်က​လေး ဇူလိုင်လ ​နောက်ဆုံးပတ်မှာ ထွက်ရှိခဲ့ပါတယ် 📖

👉🏻 အခုဆိုရင် City mart စာအုပ်ဆိုင်များနဲ့ အခြား​သော စာအုပ်ဆိုင်များ​ပေါ်မှာ စတင် ​ရောင်းချ​နေပါပြီ 👈🏻

စာ​ရေးသူက စာအုပ်လေးအကြောင်း ခုလို ဖွင့်ဆိုထားပါတယ် ✍🏼

⭐️ ကြယ်ဆိုတာ စကြဝဠာထဲက ဓါတ်​ငွေ့အစုအ​ဝေးကြီး လို့ ဆိုကြ​ပေမဲ့ ကျွန်မက​တော့ ​ကောင်းကင်​မြေမှာ ​ပေါက်​နေတဲ့ ပန်းက​လေး​တွေပမာ ထင်စားမိပါတယ်။

🌃 ညဘက် ​ကောင်းကင်ကြီး ဆီမှာ လမသာခဲ့ရင်တောင် တလက်လက် အလင်း​ရောင်​လေးနဲ့ကြယ်က​လေး တချို့​ဟာ ​လမ်းပြ​နေကြတယ်မဟုတ်လား။

🌠 ပိန်းပိတ်တဲ့ အ​မှောင်ထုထဲမှာ​ ဒီကြယ်ပွင့်လေး​တွေရဲ့ ကိုယ်ပိုင်အလင်းပျပျ ​လေး​တွေက အားတစ်ခုပါပဲ။

✍🏼 ကျွန်မရဲ့ စိတ်အကြည်ဓါတ်​ရချိန်မှာ ရေးဖြစ်ခဲ့တဲ့ စာ​တပုဒ်ခြင်းစီဟာလည်း ကျွန်မအတွက် ကြယ်​တွေ ပမာပါပဲ။

🎨 ပန်းချီဆရာမ နီဇူလိုင်ရဲ့ လက်ရာ​တွေဟာလဲ သူ့ရဲ့ ကြယ်က​လေး​တွေပါပဲ။

🌟 ကြယ်က​လေး​တွေနဲ့ ကျွန်မတို့ လမ်း​လျှောက်ခဲ့ကြပါတယ်။ ရှိသမျှအလင်း​လေးနဲ့ အ​မှောင်ကို ​ထွင်းဖောက်ရင်း​ပေါ့။

ဒါ​ကြောင့် . . ကြယ်တစ်ခင်း လင်းစမ်းပါ​စေ ✨✨

*******
ဝယ်ယူရရှိနိုင်တဲ့ စာအုပ်အရောင်းဆိုင်တွေ

☘️ ရန်ကုန်မြို့မှာဆိုရင် ...

📌 City mart များ
📌 Ocean များ
📌 ငါတို့ စာပေ
📌 ပန်းဆက်လမ်း
📌 Book Tree စာပေ ပန်းဆိုးတန်း
📌 စာပေနန်းတော် စာပေ (၃၆)လမ်း အလယ်
📌 ကိုထွန်း စာပေ (၃၆)လမ်း အထက်
📌 အင်းဝ စာအုပ်တိုက် ပန်းဆိုးတန်း
📌 အပါးတော်မြဲ ရေကျော်
📌 Book Town
📌 စာပေလောက စာအုပ်ဆိုင်များ
📌 ပါရမီ စာပေ ၂၉လမ်း အထက်
📌 ကိုလတ် စာပေ ၃၁လမ်းအထက်
📌 စောဦး စာပေ ၃၁လမ်း အထက်
📌 ရာပြည့် စာပေ ပန်းဆိုးတန်း
📌 အင်းဝစာပေ လှည်းတန်း
📌 ပန်းချီအိမ် စာပေ လှည်းတန်းစင်တာ (ပထမထပ်)
📌 ဖန်မီးအိမ် စာပေ လှည်းတန်းစင်တာ (ပထမထပ်)

☘️ နေပြည်တော်မှာဆိုရင် ...

📌 Junction
📌 Ocean

☘️ မန္တလေးမြို့မှာဆိုရင် ...

📌 City mart များ
📌 Ocean များ
📌 စိတ်ကူးချိုချို စာပေ
📌 ဆုလာဘ် စာပေ

☘️ တောင်ကြီးမြို့မှာဆိုရင် ...

📌 City mart
📌 Ocean

☘️ နယ်အမှာများနဲ့ အွန်လိုင်းက မှာယူချင်တယ်ဆိုရင် ...

📌 ရသယဉ်စွန်းတန်းစာအုပ်တိုက် Facebook စာမျက်နှာ Chat box ကနေလည်း ဝယ်ယူရရှိနိုင်ပါတယ်

🔥 ကမ္ဘာဦးလူသားတွေ မီးကို စတင်အသုံးချနိုင်ခဲ့ခြင်းဟာ  သက်ရှိလောကရဲ့ ထိပ်ဆုံးကို ရောက်သွားတဲ့အကြောင်းရင်းတခုလို့ ပညာရှင်တွ...
01/08/2024

🔥 ကမ္ဘာဦးလူသားတွေ မီးကို စတင်အသုံးချနိုင်ခဲ့ခြင်းဟာ သက်ရှိလောကရဲ့ ထိပ်ဆုံးကို ရောက်သွားတဲ့အကြောင်းရင်းတခုလို့ ပညာရှင်တွေက ဆိုကြပါတယ်။

🛰 မီးကိုတွေ့ပြီးတဲ့နောက် ကျောက်ခေတ်၊သံခေတ်၊ကြေးခေတ်တွေကိုဖြတ်သန်းရင်း၊ အသစ်အသစ်တွေကို စူးစမ်းလေ့လာကြရင်းဒီကနေ့ ကမ္ဘာကြီးဟာစတုတ္ထစက်မှုတော်လှန်ရေးလို့ အမည်ပေးထားတဲ့ Industry 4.0 ခေတ်ကြီးဆီ ရောက်လို့လာပါပြီ။

အခုဆိုရင် VR နည်းပညာလို့ခေါ်တဲ့ ပုံရိပ်ယောင်ဝန်းကျင်တု (Virtual Reality) ကိုဖန်တီးပြီး ပညာရေး၊လူမှုရေး၊စီးပွားရေး ကဏ္ဍအသီးသီးမှာအသုံးပြုဖို့ကြိုးစားနေကြပါပြီ။

နည်းပညာတော်လှန်ရေးတွေနဲ့အတူ အတွေးအခေါ်တော်လှန်ရေးတွေလည်းခေတ်အဆက်ဆက် ပေါ်ထွန်းလာကြပါတယ်။

မျိုးဆက်တွေကွာခြားလာတာနဲ့အမျှ အတွေးအခေါ်တွေဟာလည်း ပြောင်းလဲလာကြပါတယ်။

မပြောင်းလဲတာက လူသားတွေဟာ အမြဲပဲ အသစ်အသစ်တွေကို စူးစမ်းလေ့လာလိုကြတာပါပဲ။

အထူးသဖြင့်တော့မျိုးဆက်သစ် လူငယ်တွေဟာ အတွေ့အကြုံသစ်တွေကိုစူးစမ်းလိုတယ်၊ အတွေးအခေါ်သစ်တွေကိုနှစ်သက်တယ်၊ လွတ်လပ်မှုကိုမြတ်နိုးကြတယ်။

လူငယ်ဆိုတာ အားသစ်အင်သစ်တွေနဲ့ပြည့်ဝနေသူတွေပါ။

ဒီအင်အားတွေထဲမှာ စာနာတတ်တဲ့စိတ်၊ မြော်မြင်တတ်တဲ့ ဉာဏ်ရည် တွေ ကို ဖြည့်လိုက်ရင် နည်းပညာတော်လှန်ရေး၊ အတွေးအခေါ်တော်လှန်ရေးတွေကို သယ်ဆောင်လာတဲ့ လူငယ်တွေရဲ့ စွမ်းဆောင်မှုဟာ လူ့ဘောင်ကိုလင်းလက်စေမှာ အမှန်ပါပဲ။

🌻 ဆန်းဖလားဝါး၏ ပန်းချီသင်တန်းများကို ပုဂံပန်းချီသင်တန်းအဖြစ် ၁၉၈၀ မှ ၁၉၈၂ အထိ၊ ရန်ကုန် YMCA တွင် ၁၉၈၃ မှ ၂၀၀၀ ခုနှစ် အထိ...
20/09/2023

🌻 ဆန်းဖလားဝါး၏ ပန်းချီသင်တန်းများကို ပုဂံပန်းချီသင်တန်းအဖြစ် ၁၉၈၀ မှ ၁၉၈၂ အထိ၊ ရန်ကုန် YMCA တွင် ၁၉၈၃ မှ ၂၀၀၀ ခုနှစ် အထိ သင်ကြားခဲ့ပြီး၊ ဆန်းဖလားဝါးအမည်ဖြင့် ၁၉၉၄ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့သည်။ 🌻

👉 ဆန်းဖလားဝါး၏ ပုံမှန် သင်တန်းများ 👈
===========================

1. ကလေးပန်းချီ အလုပ်ရုံ (6 နှစ်မှ 12 နှစ်) 🧒🎨 - ကလေးများ၏ တီထွင်ဖန်တီးမှု၊ စိတ်ကူးစိတ်သန်း ကောင်းမွန်မှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ စုပေါင်း လုပ်ဆောင်တတ်မှု တို့ကို ဦးစားပေး လုပ်ဆောင်စေသော သင်တန်း ဖြစ်ပါသည်။

📣 လစဉ်သင်တန်းကြေး = 50,000 ကျပ်
📌 သင်ထောက်ကူ ပစ္စည်းကို သင်တန်းသားမှ ယူလာရန် ဖြစ်ပါသည်။
မှတ်ချက် - ပုံဆွဲ စက္ကူ၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ရောင်စုံခဲတံ (သို့မဟုတ်) ခရေယွန် (သို့မဟုတ်) ပတ်စတယ်၊ ပိုစတာရေဆေး၊ စုတ်တံ၊ ရောင်စုံစက္ကူ၊ စက္ကူအထူ စသည့် ပစ္စည်းများ လိုအပ်မည် ဖြစ်ပြီး၊ သင်ခန်းစာအလိုက် လိုအပ်သည့် ပစ္စည်းများကို ကြိုတင် အကြောင်းကြားပေးပါမည်။

2. အသက် 12 နှစ် အထက် အခြေခံပန်းချီ 🧑‍🎨 (ကြာမြင့်ချိန်- 3 လ)
📣 လစဉ် သင်တန်းကြေး = 30,000 ကျပ်
📌 သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသားမှယူလာရန် ဖြစ်ပါသည်။
မှတ်ချက် - ပုံဆွဲ စက္ကူ/စာအုပ်၊ ခဲတံ၊ ခဲဖျက် တို့လိုအပ်မည် ဖြစ်ပါသည်။

3. အသက် 12 နှစ် အထက် အခြေခံပန်းချီ+တီထွင်ဖန်တီးမှု (သို့မဟုတ်) လုပ်ငန်းပန်းချီ 🎨🖌️ (ကြာမြင့်ချိန်- 6 လ)
📣 လစဉ်သင်တန်းကြေး = 50,000 ကျပ်
📌 သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသားမှ ယူလာရန် ဖြစ်ပါသည်။
မှတ်ချက် - ပုံဆွဲ စက္ကူ၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ရောင်စုံခဲတံ(သို့မဟုတ်) ခရေယွန် (သို့မဟုတ်) ပတ်စတယ်၊ ပိုစတာရေဆေး၊ စုတ်တံ၊ ရောင်စုံစက္ကူ၊ စက္ကူအထူ စသည့် ပစ္စည်းများ လိုအပ်မည် ဖြစ်ပြီး သင်ခန်းစာအလိုက် လိုအပ်သည့် ပစ္စည်းများကို ကြိုတင်အကြောင်းကြားပေးပါမည်။

👉 သင်တန်းချိန်
⏰ သင်ချိန် 1 နာရီခွဲ ကြာမြင့်ပြီး၊ အချိန်အသေးစိတ်ကို မေးမြန်းနိုင်ပါသည်။

👉 သင်တန်းနေရာ
🏡 ရှမ်းကုန်းလမ်း - (စနေ - တနင်္ဂနွေ)
🏡 ကြို့ကုန်း - (တနင်္လာ၊ အင်္ဂါ)

လစဉ် မည်သည့်ရက်မှ မဆို စတင်တက်ရောက်နိုင်ပြီး၊ သတ်မှတ်ထားသည့် သင်ရိုးအတိုင်း၊ သင်ကြားချိန် ၈ ကြိမ်အပြည့် သင်ကြားပေးပါမည်။ (မှတ်ချက် - သင်တန်းသားဖက်မှ ပျက်ကွက်ပါက သင်ကြားချိန် ၂ ကြိမ်ထိ ဆရာမှ ပြန်လည် အစားထိုး သင်ကြားပေးမည် ဖြစ်ပါသည်။ ဆရာဘက်မှ ပျက်ကွက်ခဲ့ပါက အချိန်ပြည့် ပြန်လည် အစားထိုးသင်ကြားပေးမည် ဖြစ်ပါသည်။)

☎️ ဆက်သွယ်ရန် - 09788827180 နှင့် Sunflower Art Gallery & Art Classes Facebook စာမျက်နှာမှ တဆင့် ဆက်သွယ်နိုင်ပါသည်။

📣 (အသက် ၄ နှစ်မှ ၆ နှစ်အတွင်း ကလေးများအတွက် သိပ္ပံ ဘာသာရပ် အခြေခံကို နားလည်စေမည့် သင်ခန်းစာများကို၊ ရှေးဦးကလေးငယ်စောင့်ရှောက်ခြင်းနှင့် ဖွံဖြိုးမှု နည်းစနစ်များ (ECCD)၊ တီထွင်ဖန်တီးမှု ပန်းချီ (Creative Art) သင်ခန်းစာများဖြင့် တပတ်တွင် (၃) ရက် အောက်တိုဘာလဆန်းမှ စတင်ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။

သင်တန်းအသေးစိတ်ကို ထပ်မံကြေညာပါမည်။

စိတ်ဝင်စားသူ မိဘများ ကြိုတင် စုံစမ်းနိုင်ပါသည် ဖုန်း- ၀၉၄၂၀၀၀၃၈၅၇)

"​ခေတ်ကို ဘယ်လိုတိုးဝင်ကြမလဲ" နည်းပညာ​တိုးတက်မှု​တွေ အဟုန်ပြင်းလှတဲ့ ဒီ​နေ့​ခေတ်ကြီးမှာ တကယ့်အစစ်အမှန်​တွေက အတုအ​ယောင်​တ...
24/03/2023

"​ခေတ်ကို ဘယ်လိုတိုးဝင်ကြမလဲ"

နည်းပညာ​တိုးတက်မှု​တွေ အဟုန်ပြင်းလှတဲ့ ဒီ​နေ့​ခေတ်ကြီးမှာ တကယ့်အစစ်အမှန်​တွေက အတုအ​ယောင်​တွေ​အောက်မှာ မထင်မရှားဖြစ်​နေတတ်ပါတယ်။

ဆက်သွယ်မှုမီဒီယာ​တွေကလဲကိုယ့်နံ​​ဘေးပတ်ဝန်းကျင်မှာ​ပေါများလွန်းတဲ့အတွက် သတင်း​တွေဟာ မြန်ဆန်စွာ ပြန့်နှံ့​နေပါတယ်။

​ဖောင်းပွတဲ့သတင်း​တွေကြား အစစ်အမှန်ကို ​ရွေးတတ်ဖို့ အတွက် စာကို ဘယ်လိုဖတ်ကြမလဲ ဆိုတာ​လေးကို လူငယ်​တွေထံ လက်ဆင့်ကမ်းရင်း . .

'သုတ' သာမက 'ရသ' ကိုလည်း ခံစားတတ်​စေဖို့ တိုက်တွန်းခဲ့ပါတယ်။

လူငယ်​တွေ တိုင်းပြည်ကို ဆင်ခြင်ဥာဏ်များနဲ့ တည်​ဆောက်နိုင်ကြပါ​စေ​ကြောင်း Kharismatic Learning Center ကဆုမွန်​တောင်းရင်း ဒီက​နေ့ ကြိုးစားသင်ပြခဲ့ပါတယ်။

ခရီးတစ်ခု သွားကြမယ်ဆိုရင် ဘယ်ကိုသွားမှာလဲ၊ ဒီခရီးက ငါသွားချင်တဲ့ခရီးလား၊ ခရီးသွားနိုင်ဖို့ ငါ့မှာ ဘာတွေလိုအပ်မလဲ ဆိုတာတွ...
10/02/2023

ခရီးတစ်ခု သွားကြမယ်ဆိုရင် ဘယ်ကိုသွားမှာလဲ၊ ဒီခရီးက ငါသွားချင်တဲ့ခရီးလား၊ ခရီးသွားနိုင်ဖို့ ငါ့မှာ ဘာတွေလိုအပ်မလဲ ဆိုတာတွေကို စဉ်းစားကြဖူးပါတယ်။

ဒီလိုပါပဲ ဘဝခရီးတစ်ခုကိုသွားနေတဲ့ လူသားတွေအဖို့ ကိုယ်ဘာတွေလုပ်ချင်တာလဲ၊ ဘာတွေလိုအပ်မလဲ ဆိုတဲ့ အချက်တွေဟာ အရေးကြီးပါတယ်။
ဘဝခရီးကိုလျှောက်လှမ်းဖို့ ခွန်အားအပြည့်ရှိနေတဲ့ လူငယ်များအတွက် ကိုယ့်ရွေးချယ်မှုတွေကို ကိုယ်တိုင်ကျေနပ်နိုင်မှုဟာ အောင်မြင်မှုရဲ့ သော့ချက် ပါပဲ။

ဒီကနေ့ Compu Tech ICT Institute ကပြုလုပ်တဲ့ ‘Friday Talk Program’ မှာ ကျောင်းသား၊ကျောင်းသူများအတွက် KMT က ဆရာမဒေါ်စပယ် ဝေမျှခဲ့တဲ့ အကြောင်းအရာလေးကတော့ “ကိုယ်ဟာဘယ်သူလဲ” ဆိုတာပါပဲ။

ဆွေးနွေးပွဲလေးဖြစ်မြောက်အောင် ဖိတ်ခေါ်ပေးခဲ့ပါသော Compu Tech ICT Institute မှ ကျောင်းအုပ်ဆရာကြီးဒေါက်တာဝင်းဌေး၊ Activity များပြုလုပ်ရာမှာ တက်တက်ကြွကြွပါဝင်အားဖြည့်ခဲ့ပါသော ဆရာ၊ဆရာမများနှင့်တကွ Compu Tech ကျောင်းသူ၊ကျောင်းသားအားလုံးကို Kharismatic Learning Center က များစွာကျေးဇူးတင်ရှိပါတယ်။

Kharismatic မှာ ဖွင့်လှစ်မည့် ပန်းချီသင်တန်း​လေးပါ 🎨
23/01/2023

Kharismatic မှာ ဖွင့်လှစ်မည့် ပန်းချီသင်တန်း​လေးပါ 🎨

Kharismatic Learning Center က “စေတနာ . . ဝါသနာ . . နည်းနာ ၊ သင်ကြားမှုအနုပညာ” လို့  အမည်ပေးထားတဲ့ တစ်ပတ်တာ Online သင်တန်...
11/12/2022

Kharismatic Learning Center က “စေတနာ . . ဝါသနာ . . နည်းနာ ၊ သင်ကြားမှုအနုပညာ” လို့ အမည်ပေးထားတဲ့ တစ်ပတ်တာ Online သင်တန်းလေး ရပ်နားထားချိန်မှာ ဒီသင်တန်းလေးကို အွန်လိုင်းကမဟုတ်ပဲ ပြင်ပမှာ လာရောက်သင်ကြားပေးဖို့ စေတနာရှင်တစ်စု က Kharismatic ကို ဖိတ်ခေါ်ခဲ့ပါတယ်။

အနီးအပါးရွာက ကလေးတွေအားကိုးအားထားပြုကြတဲ့ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းလေး မှာ ဒီစေတနာရှင်များက လိုအပ်တဲ့ အဆောက်အဦများ၊ စာအုပ်စာတမ်း၊ ငွေကြေးများလှူနေခဲ့ကြတာ နှစ်တော်တော်ကြာခဲ့ပါပြီ။ ဒီတခါတော့ သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမလေးတွေအတွက် အထောက်အကူပြုမယ့် သင်တန်းလေးတစ်ခု လုပ်ပေးပြီးလှူချင်တယ်လို့ ဆိုပါတယ်။

Kharismatic Learning Center အနေနဲ့ ဒီဖိတ်ခေါ်ချက်ကို ရရှိချိန်မှာ အင်မတန် ဝမ်းသာမိပါတယ်။ တပတ်တာလုပ်ခဲ့တဲ့ Online Course လေးကိုလည်း သူတို့လိုက်လံပို့ဆောင် အချိန်ပေးနိုင်တဲ့ တစ်ရက်တာနဲ့ ကိုက်ညီအောင် ပြုပြင်ပြီး သင်ကြားရေးဆရာတွေအတွက် အရေးပါလှတဲ့ ဘလွန်းသီအိုရီကို ကျောင်းသင်ရိုးစာအုပ်များနဲ့ချိတ်ဆက်သင်ကြားပေးခဲ့ပါတယ်။

ပဲခူးမြို့အနီး အလိုင်နီဆည်နံဘေးက သာယာလှတဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ သဘာဝလေကိုအားပါးတရ ရှူရှိုက်ရင်း တစ်ရက်တာ သင်ကြားမှုကို ပျော်ပျော်ရွှင်ရွှင်ပြုလုပ်ခဲ့နိုင်ပါတယ်။

အောင်သိဒ္ဓိဘုန်းတော်ကြီးသင်အလယ်တန်းကျောင်းမှ ဆရာတော်၊ သင်တန်းဖြစ်မြောက်စေဖို့ ကမကထပြုလုပ်ခဲ့သူအလှူရှင်များနဲ့ သင်တန်းမှာ စိတ်ပါလက်ပါ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ သင်တန်းသားများကို ကျေးဇူးတင်ရှိပါကြောင်း Kharismatic က လေးစားစွာ မှတ်တမ်းတင်အပ်ပါတယ်။

ပြီးခဲ့တဲ့တပတ်က Life Skills သင်ကြားမှု အရေးကြီးကြောင်း ဆွေးနွေးခဲ့ပြီးပါပြီ။ 'ဘဝတွက်တာ ကျွမ်းကျင်စရာ' ကိုသင်ကြားတဲ့အခါ ဆ...
14/11/2022

ပြီးခဲ့တဲ့တပတ်က Life Skills သင်ကြားမှု အရေးကြီးကြောင်း ဆွေးနွေးခဲ့ပြီးပါပြီ။

'ဘဝတွက်တာ ကျွမ်းကျင်စရာ' ကိုသင်ကြားတဲ့အခါ ဆရာတွေရဲ့ သင်ကြားမှုပုံစံတွေက အမျိုးမျိုးရှိနိုင်၊ ဖန်တီးနိုင်ကြပါတယ်။

မူလတန်းကလေးငယ်တွေအတွက် "လက်ဆေးခြင်း" ဆိုတဲ့ အကြောင်းအရာလေးကို သင်ကြားမယ် ဆိုပါစို့။ သင်ကြားနည်းပုံစံအမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

ပထမဦးဆုံး "လက်ဆေးတယ်" ဆိုတာဘာလဲဆိုတာကို ကလေးတွေသိရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီကမှတဆင့်
👉 ဘာကြောင့်လက်ဆေးရလဲ
👉 ဘယ်လိုအချိန်တွေမှာ လက်ဆေးသင့်သလဲ
👉 ဘယ်လိုလက်ဆေးကြမလဲဆိုတာတွေကို နားလည်သဘောပေါက်ရပါမယ်

နောက်ဆုံးမှာ မှန်မှန်ကန်ကန်လက်ဆေးတတ်မှုကို လေ့ကျင့်ပေးရပါမယ်။

ဒီအချက်တွေကို သင်ကြားရာမှာ စာဖတ်ပြ ရှင်းလင်းပြောပြတာထက် ပုံလေးတွေ၊ ကဗျာလေးတွေ၊ သီချင်းလေးတွေကို အသုံးပြုပြီး သင်ကြားပေးမှုဟာ ပိုပြီးထိရောက်မှုရှိပါတယ်။

ကိုဗစ်ကာလကြီးမှာ 'လက်ကိုခဏခဏဆေးပါ' 🎶 ဆိုတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ လူတွေကျေကျေနပ်နပ်လက်ဆေးချင်လာအောင် ပညာပေးခဲ့တာ မှတ်မိကြဦးမှာပါ။ ဘယ်လိုဘယ်ပုံဆေးရမယ်ဆိုတာကိုလည်း မီဒီယာတွေကတဆင့် ပြည်သူတွေဆီ ထိထိရောက်ရောက် ပို့ဆောင်ပေးခဲ့ပါတယ်။

အခုလည်း ကလေးငယ်တွေကို Activity ​လေးတွေလုပ်ဆောင်စေပြီး မှန်မှန်ကန်ကန် လက်ဆေးတတ်ကြဖို့ . . .

ဆရာ​တွေရဲ့ အားထုတ်မှု ​တွေနဲ့ အတူ က​လေးတို့နှလုံးသားထဲထိ ​ရောက်​အောင် ​ပျော်​ပျော်ရွှင်ရွှင် သင်ကြား​ပေးကြပါစို့။ 👍

ပညာသင်ယူ/သင်ကြားခြင်းတွေကို ဘာကြောင့်လုပ်ကြတာပါလဲ? 📚ဘဝတလျှောက်မှာ ကောင်းမွန်မှန်ကန်စွာ နေထိုင်ရှင်သန်စေဖို့၊ ဝပြောသာယာတဲ...
04/11/2022

ပညာသင်ယူ/သင်ကြားခြင်းတွေကို ဘာကြောင့်လုပ်ကြတာပါလဲ? 📚

ဘဝတလျှောက်မှာ ကောင်းမွန်မှန်ကန်စွာ နေထိုင်ရှင်သန်စေဖို့၊ ဝပြောသာယာတဲ့ လူ့ဘောင် ဖြစ်ထွန်းစေဖို့လို့ ကောက်ချက်ချရင် မှားမယ်မထင်ပါဖူး။

တရားမျှတတဲ့ လူမှုပတ်ဝန်းကျင်တစ်ရပ်ဟာ သာယာဝပြောမှုကိုလည်း ဆောင်ကျဉ်းနိုင်ပါတယ်။
လူသားတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာတရား၊ စာနာမှုတွေနဲ့ ဆက်ဆံကြရင် သာယာဝပြောတဲ့ လူမှုဝန်းကျင်ဖြစ်လာတော့တာပေါ့။

ဒါကြောင့် ပညာရေးမှာ Life Skills လို့ ဆိုကြတဲ့ လူမှုရေးပညာရပ်လို ဘာသာတွေကို အလေးပေးသင်ကြားဖို့ဟာ အရေးကြီးကြောင်း ပညာရှင်အဆက်ဆက်က ထောက်ပြခဲ့ကြပါတယ်။

Life Skills ဆိုတာကို မြန်မာမှုပြုထားတဲ့ “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်ဟာ မူလတန်းအရွယ် ကတည်းက စနစ်တကျ သင်ကြားပေးသင့်တဲ့ အရေးကြီးတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ကျောင်းအတော်များများမှာ ဘဝတွက်တာအချိန်တို့ ကာယအချိန်တို့ဆိုရင် ကလေးတွေကို ကျောင်းဝင်းထဲ မြက်နှုတ်ခိုင်းတာ ဒါမှမဟုတ် သင်ခန်းစာများတဲ့ တခြားဘာသာရပ်တစ်ခုကို အစားထိုးသင်တာမျိုးတွေပဲ များကြပါတယ်။

ဆရာတွေက တန်ဖိုးမထားတဲ့အခါ ကလေးတွေကလည်း ဒီဘာသာရပ်တွေဟာ သင်္ချာ၊ အင်္ဂလိပ်စာစတဲ့ ဘာသာရပ်တွေလို အရေးမပါဖူးလို့ ထင်မှတ်သွားကြပါတယ်။

တကယ်လို့ သင်ကြားခဲ့ရင်ကော ဘယ်လိုပုံစံမျိုးနဲ့ ကလေးတွေ ရင်ထဲ ရောက်ရှိအောင်သင်မလဲဆိုတာဟာ ဆရာတွေအတွက် စိန်ခေါ်ချက်တစ်ခုပါပဲ။

ဒီစိန်ခေါ်ချက်ကို ဘယ်လို ဖြေရှင်းကြရင်ကောင်းမလဲ ဆိုတာကို ဝိုင်းဝန်းအဖြေရှာကြည့်ကြရအောင်လား။ 🤝

၅ ကြိမ်မြောက် Better Learning Online Class လေး ပြီးဆုံးခဲ့ပြန်ပါပြီ။ 🎉🥳ကျောင်းစာတွေ၊ လိုင်းအခက်အခဲတွေကြားကပဲ ကြိုးစားတက်...
06/09/2022

၅ ကြိမ်မြောက် Better Learning Online Class လေး ပြီးဆုံးခဲ့ပြန်ပါပြီ။ 🎉🥳

ကျောင်းစာတွေ၊ လိုင်းအခက်အခဲတွေကြားကပဲ ကြိုးစားတက်ရောက်ပေးခဲ့ကြတဲ့ ကလေးတွေကို ကျေးဇူးတင်မိပါတယ်။ ❤️

ဒီသင်တန်းလေးဟာ ကလေးတို့ရဲ့ ထင်မြင်ချက်တွေ၊ ဆွေးနွေးမှုတွေကို အလေးပေးပြုလုပ်စေခဲ့တဲ့ သင်တန်းလေးဖြစ်တာမို့ သူတို့လေးတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ သင်တန်းကို ပိုပြီး သက်ဝင်လှုပ်ရှားစေပါတယ်။

ဆယ်ကျော်သက်တို့ရဲ့ အတွေးလေးတွေက ပွင့်လင်းလွတ်လပ်ပြီး ချစ်စရာကောင်းနေပါတယ်။ သူတို့လေးတွေဖန်တီးထားတဲ့ ကဗျာလေးတွေကို ဖတ်ကြည့်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

ထပ်မံဖွင့်လှစ်နိုင်ဖို့လည်း ကြိုးစားသွားပါမယ်ရှင်။ 🌻



✨Frequently Asked Questions (FAQs) ✨Better Learning သင်တန်းနှင့် ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို ဖော်ပြပေးလိုက်...
02/08/2022

✨Frequently Asked Questions (FAQs) ✨

Better Learning သင်တန်းနှင့် ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ထပ်မံသိရှိလိုတာတွေ ရှိခဲ့ရင်လဲ Comment မှာ မေးမြန်းနိုင်သလို ၀၉ ၇၅၅၂၁၈၀၄၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ☎️

သင်တန်းအသေးစိတ်အချက်အလက်များကို ကြည့်ရှုရန် : https://www.facebook.com/1557646990962876/posts/5306121966115341/

Address

Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959755218044

Website

Alerts

Be the first to know and let us send you an email when Kharismatic Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Kharismatic Learning Center:

Shortcuts

Share

Category