MylifeinJapan : Won

MylifeinJapan : Won • Tips for Japan’s scholarships
• Working lifestyle in Tokyo

🇯🇵 “ဂျပန်ရောက်သွားရင် ဘဝအဆင်ပြေပြီ” ဆိုတာ မှန်ပါတယ်။မြန်မာမှာရှိတုန်းကအခြေအနေထက် စားဝတ်နေရေး၊ လုံခြုံရေးနဲ့ အခွင့်အလမ်းတ...
20/08/2026

🇯🇵 “ဂျပန်ရောက်သွားရင် ဘဝအဆင်ပြေပြီ” ဆိုတာ မှန်ပါတယ်။

မြန်မာမှာရှိတုန်းကအခြေအနေထက် စားဝတ်နေရေး၊ လုံခြုံရေးနဲ့ အခွင့်အလမ်းတွေ ပိုကောင်းသွားတဲ့သူတွေ အများကြီးရှိပါတယ်။
ပိုကောင်းတဲ့နိုင်ငံမှာ နေရတယ်ဆိုတာ စိတ်ပိုပျော်နေရမယ်လို့တော့ မဆိုလိုဘူးလေနော်

တစ်ဖက်မှာလည်း အပြင်ကလူတွေ မမြင်နိုင်တဲ့ အခက်အခဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားတဲ့သူတွေလည်း ရှိပါတယ်။

ဂျပန်က စနစ်တကျရှိပြီး နေထိုင်ရတာအဆင်ပြေတဲ့နိုင်ငံဖြစ်ပေမယ့်၊ အထီးကျန်မှု၊ အလုပ်ဖိအားနဲ့ လူမှုဆက်ဆံရေးအကွာအဝေးတွေကြောင့် စိတ်ပင်ပန်းလွယ်တဲ့ ပတ်ဝန်းကျင်တစ်ခုလည်း ဖြစ်တယ်။

「住みやすいけど、生きにくい。」
“နေထိုင်ရတာအဆင်ပြေပေမယ့် ဘဝကိုရှင်သန်ရတာခက်တယ်” လို့ ပြောကြတယ်။

ဒါကြောင့် ကိုယ့်စိတ်ကို မပြိုလဲအောင် စောင့်ရှောက်နိုင်ဖို့ကလည်း တကယ်အရေးကြီးပါတယ်။

အခုတလော “ရုတ်တရက် စိတ်ဖောက်ပြန်သွားတယ်” လို့ စိတ်ပိုင်းဆိုင်ရာအရေးပေါ်အခြေအနေတွေကို မကြာခဏကြားလာရပါတယ်။

လူတစ်ယောက်ဟာ တစ်ရက်တည်းနဲ့ ရုတ်တရက် ပြိုလဲသွားတာ မဟုတ်ပါဘူး။
ပြိုလဲသွားတဲ့နေ့ကသာ အပြင်လူအတွက် “ရုတ်တရက်” ဖြစ်တာပါ။

သူ့အတွင်းမှာတော့ နာကျင်မှုတွေ၊ စိုးရိမ်မှုတွေနဲ့ စိတ်ဖိစီးမှုတွေ အချိန်ကြာကြာ တဖြည်းဖြည်းစုပုံလာပြီးမှ တစ်နေ့မှာ ပေါက်ထွက်သွားတာ ဖြစ်နိုင်ပါတယ်။

▪️ စိတ်လေးလံနေတယ်
▪️ ဘာကိုမှ မပျော်နိုင်တော့ဘူး
▪️ ဘာလုပ်လုပ် စိတ်မပါဘူး
▪️ ရှေ့ဆက်ရမယ့် ရည်မှန်းချက်ကို မမြင်တော့ဘူး
▪️ “ဘာကြောင့် အသက်ရှင်နေရတာလဲ” လို့ တွေးမိလာတယ်

ဒီလိုခံစားချက်တွေ တစ်ရက်နှစ်ရက်မဟုတ်ဘဲ ဆက်တိုက်ဖြစ်လာရင် တစ်ယောက်တည်း မခံစားနေပါနဲ့။

ယုံကြည်ရတဲ့သူတစ်ယောက်ကို ပြောပြပါ။ ကျောင်းက Counselor၊ ကုမ္ပဏီက 産業医 ဒါမှမဟုတ် နီးစပ်ရာ 心療内科/精神科 ဆီမှာလည်း အကူအညီတောင်းနိုင်ပါတယ်။

🚑 ကိုယ့်ကိုယ်ကို ဒါမှမဟုတ် တခြားသူကို အန္တရာယ်ဖြစ်နိုင်တဲ့ အရေးပေါ်အခြေအနေဆိုရင် 119 ကို ချက်ချင်းခေါ်ပါ။

အကူအညီတောင်းတာ အားနည်းတာမဟုတ်ပါဘူး။
ကိုယ့်စိတ်ကို ပြန်ကယ်တင်ဖို့ သတ္တိရှိတာပါ။ 🤍

ကိုယ့်ကိုကိုယ်ပြန်ကယ်တင်နိုင်တာ ကိုယ်တိုင်ပါ။

🇯🇵 ဂျပန်မှာ ပလာတာစားချင်တဲ့သူတွေအတွက် ဒီတစ်ခု Recommend ပါတယ် 😋業務スーパーတခါသွားရင်၅ထုပ်လောက်အမြဲဝယ်ဖြစ်တယ်။အေးခဲထားတဲ့ပလာတာ...
19/08/2026

🇯🇵 ဂျပန်မှာ ပလာတာစားချင်တဲ့သူတွေအတွက် ဒီတစ်ခု Recommend ပါတယ် 😋

業務スーパーတခါသွားရင်၅ထုပ်လောက်အမြဲဝယ်ဖြစ်တယ်။

အေးခဲထားတဲ့ပလာတာဖြစ်လို့ စားချင်တဲ့အချိန် フライパン ဒါမှမဟုတ် トースター နဲ့ ပူပူလေးလုပ်စားလိုက်ရုံပဲ
အပြင်သားက ကြွပ်ကြွပ်လေး၊ အတွင်းသားက နူးနူးအိအိလေးနဲ့ တော်တော်စားကောင်းတယ်။
တစ်ထုပ်မှာ ၅ ချပ် ပါတယ်။

🇲🇲🇯🇵 外国人တစ်ယောက်အနေနဲ့ スーパーゼネコンကို ဘယ်လိုအလုပ်လျှောက်ခဲ့လဲ? 🏗️ဝန်းက スーパーゼネコンကို 外国人သီးသန့်ခေါ်တဲ့「外国人採用枠」ကနေ လျှောက်ခဲ့တ...
19/08/2026

🇲🇲🇯🇵 外国人တစ်ယောက်အနေနဲ့ スーパーゼネコンကို ဘယ်လိုအလုပ်လျှောက်ခဲ့လဲ? 🏗️

ဝန်းက スーパーゼネコンကို 外国人သီးသန့်ခေါ်တဲ့「外国人採用枠」ကနေ လျှောက်ခဲ့တာမဟုတ်ပါဘူး။ 🙅🏻‍♀️

ဂျပန်တက္ကသိုလ်မှာ Master တက်နေတဲ့ 新卒ကျောင်းသူတစ်ယောက်အနေနဲ့၊ ဂျပန်ကျောင်းသားတွေနဲ့အတူ ပုံမှန်「新卒採用」ကနေ လျှောက်ခဲ့တာပါ။ 👩🏻‍🎓

📚 ဝန်းရဲ့ Background ကတော့
🎓 မြန်မာနိုင်ငံမှာ Civil Engineering ဘွဲ့ရခဲ့တယ်
🇯🇵 ဂျပန်မှာ Civil Engineering နဲ့ Master ဆက်တက်ခဲ့တယ်
🎯 ကျောင်းပြီးရင် ကိုယ်လေ့လာခဲ့တဲ့ပညာနဲ့ဆိုင်တဲ့အလုပ်ကို ဆက်လုပ်ချင်ခဲ့တယ်

အလုပ်ရှာတဲ့အခါ 建設業界ထဲက ゼネコンတွေကို အဓိကထားပြီး လေ့လာခဲ့ပါတယ်။ 🔍🏢

📝 လျှောက်ခဲ့တဲ့ Process ကတော့ အကြမ်းဖျင်းအားဖြင့်

1️⃣ 🌐 ကုမ္ပဏီရဲ့ 採用サイトကနေ Entry လုပ်ခြင်း
2️⃣ 🏢 会社説明会 ၊ 現場見学တက်ခြင်း
3️⃣ 📄 Entry Sheet နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေတင်ခြင်း
4️⃣ 💻 Web Test / 適性検査 ဖြေခြင်း
5️⃣ 🗣️ Interview အဆင့်ဆင့်ဝင်ခြင်း
6️⃣ 🎉 နောက်ဆုံး 内定 ရရှိခြင်း

💡 ကုမ္ပဏီနဲ့ လျှောက်တဲ့နှစ်အလိုက် Selection Process ကတော့ အနည်းငယ်ကွာနိုင်ပါတယ်။

🌏 外国人ဖြစ်ပေမဲ့ သီးသန့် Selection Process ရှိခဲ့တာမျိုးမဟုတ်ဘဲ၊ ဂျပန်ကျောင်းသားတွေနဲ့ တူညီတဲ့အဆင့်တွေကို ဖြတ်သန်းခဲ့ရပါတယ်။

🎯 အလုပ်လျှောက်တဲ့အချိန်မှာ အဓိကပြင်ဆင်ခဲ့တာကတော

✅ Company Research
✅ Entry Sheet
✅ Web Test
✅ Interview

အဓိကကြည့်တာတွေက
ဂျပန်စာကောင်းကောင်းရရမယ်။
Technical Knowledge ရှိရမယ်။
ကိုယ့်ရဲ့ပညာရေး၊ အတွေ့အကြုံနဲ့ အနာဂတ် Career Goal တွေက ကုမ္ပဏီမှာလုပ်ရမယ့်အလုပ်နဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ရှင်းပြနိုင်ရမယ်။🔗

外国人တစ်ယောက်အနေနဲ့ スーパーゼネコンကို လျှောက်ဖို့ မဖြစ်နိုင်တာမဟုတ်ပါဘူး။ 💪🏻
လျှောက်မယ့်ကုမ္ပဏီအကြောင်းကို သေချာလေ့လာပြီး လိုအပ်တဲ့အရာတွေကို ကြိုတင်ပြင်ဆင်ထားဖို့က ပိုအရေးကြီးပါတယ်။ 🏗️✨

💬 スーパーゼネコン အလုပ်လျှောက်တာနဲ့ပတ်သက်ပြီး ဘယ်အပိုင်းကို သိချင်ဆုံးလဲ?

ဝန်းမျှဝေပေးခဲ့တဲ့အကြောင်းအရာတွေကနေ ဗဟုသုတရပြီး အထောက်အကူပြုတယ်ဆိုရင် Like & Share လေး လုပ်ပေးသွားကြပါဦးရှင်။ 🤍

နောက် Post တွေမှာ ဘာအကြောင်းအရာတွေကို မျှဝေပေးစေချင်လဲဆိုတာကိုလည်း Comment မှာ ပြောပြခဲ့ဦးနော်။ 👇

🇯🇵 Japan မှာ PR လျှောက်ဖို့ ၁၀ နှစ်ပြည့်မှပဲရမယ်လို့ ထင်နေတဲ့သူများအတွက် ကိုယ့်ရဲ့ Point ကို အရင်တွက်ကြည့်ဖို့ အကြံပေးချ...
18/08/2026

🇯🇵 Japan မှာ PR လျှောက်ဖို့ ၁၀ နှစ်ပြည့်မှပဲရမယ်လို့ ထင်နေတဲ့သူများအတွက် ကိုယ့်ရဲ့ Point ကို အရင်တွက်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

ဝန်းလည်း ဂျပန်စရောက်ခါစမှာ PR ရဖို့ဆိုရင် ဂျပန်မှာ ၁၀ နှစ်နေပြီးမှ လျှောက်လို့ရမယ်လို့ပဲ ထင်ခဲ့ပါတယ်။

နောက်ပိုင်း Master’s ပြီးလို့ Company ဝင်ပြီး PR အကြောင်းသေချာလေ့လာကြည့်မှ လျှောက်နိုင်တဲ့လမ်းကြောင်းက လူတစ်ယောက်နဲ့တစ်ယောက် မတူဘူးဆိုတာ သိလာခဲ့ပါတယ်။

🧑‍💼 ပုံမှန်အလုပ် Work Visa နဲ့လျှောက်မယ့်သူဆိုရင်

ယေဘုယျအားဖြင့် ဂျပန်မှာ ဆက်တိုက် ၁၀ နှစ်အထက်နေထိုင်ထားပြီး အဲဒီထဲက အနည်းဆုံး ၅ နှစ်ကို သတ်မှတ်ထားတဲ့ Work Visa သို့မဟုတ် Residence Status နဲ့ နေထိုင်ထားဖို့လိုပါတယ်။

ဒါပေမဲ့ လူတိုင်း ၁၀ နှစ်စောင့်စရာမလိုပါဘူး။
အောက်ပါသူတွေက သတ်မှတ်ထားတဲ့နှစ်အသီးသီးပြည့်ရင် PR လျှောက်လို့ရပါတယ်။

💍 日本人・永住者・特別永住者 ရဲ့အိမ်ထောင်ဖက်

👨‍👩‍👧 日本人・永住者・特別永住者 ရဲ့သားသမီး

🏠 定住者 Visa ကိုင်ထားသူ

🕊️ Refugee သို့မဟုတ် Complementary Protection ရရှိထားသူ

🎓 高度人材 Point ရှိသူ

ဝန်းလို ဂျပန်မှာ Master’s ပြီးပြီး Company ဝင်ထားသူတွေအတွက်တော့ 高度人材 Point လမ်းကြောင်းကို
တွက်ကြည့်သင့်ပါတယ်။

Point တွက်တဲ့နေရာမှာ
📚 ပညာအရည်အချင်း
🎂 အသက်
💼 လုပ်ငန်းအတွေ့အကြုံ
💴 နှစ်စဉ်ဝင်ငွေ
🗣️ ဂျပန်စာအရည်အချင်း
🎓 ဂျပန်တက္ကသိုလ်ပြီးထားခြင်း
စတဲ့အချက်တွေ ပါဝင်ပါတယ်။

✅ Point 70 ကို ၃ နှစ်ဆက်တိုက်ပြည့်ထားကြောင်း သက်သေပြနိုင်ရင် — ၃ နှစ်လမ်းကြောင်း

✅ Point 80 ကို ၁ နှစ်ဆက်တိုက်ပြည့်ထားကြောင်း သက်သေပြနိုင်ရင် — ၁ နှစ်လမ်းကြောင်း

高度専門職 Visa ကိုင်ထားသူမှပဲ ဒီလမ်းကြောင်းနဲ့ လျှောက်နိုင်တာမဟုတ်ပါဘူး။

သက်ဆိုင်ရာအချိန်မှာ Point ပြည့်ခဲ့ကြောင်း အထောက်အထားနဲ့ သက်သေပြနိုင်ရင်ရပါတယ် 📑

🎯 ကိုယ်က ဘယ် PR လမ်းကြောင်းနဲ့ကိုက်ညီလဲ၊ ကိုယ့်ရဲ့ 高度人材 Point ဘယ်လောက်ရှိလဲဆိုတာ အရင်တွက်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

17/08/2026

ဂျပန်ရောက်ပြီး ပထမဆုံးကြုံရတဲ့ နွေရာသီတုန်းက မနက်ဆို Alarm မလိုဘူး။
မနက်တိုင်း セミအသံကြောင့် ပိတ်ရက်တောင် ဆက်မအိပ်နိုင်ဘူး😂
အဲဒီတုန်းကတော့ အဲ့အသံကိုတကယ်မုန်းခဲ့တာ

ဂျပန်ရောက်ခါစက တက္ကသိုလ်အဆောင်မှာနေတယ်။
အဆောင်ရှေ့မှာ 桜အပင်တန်းကြီးရှိတယ်။
桜ပွင့်တဲ့အချိန်ဆိုရင် အရမ်းလှပေမဲ့ နွေရောက်ရင် အဲဒီအပင်တွေဆီကနေ セミအသံတွေ တစ်နေ့လုံးကြားရတယ်။

အခု ဂျပန်ရောက်တာ လေးနှစ်ပြည့်ပြီ။ ဒီနှစ် セミအသံပြန်ကြားတော့ နွေရောက်ပြီပဲ လို့တွေးမိတယ်။ 2022ခုနှစ် Ehime တက္ကသိုလ်အဆောင်မှာ နေခဲ့တဲ့အချိန်တွေကိုလည်း နည်းနည်းပြန်သတိရမိတယ်။

🇯🇵 ဂျပန်မှာ အလုပ်ပြောင်းချင်တယ်ဆိုတာနဲ့ အရင်ဆုံး 退職届 မတင်လိုက်ပါနဲ့။ဂျပန်မှာ 転職 လုပ်တဲ့အခါ အလုပ်အသစ်ရှာရုံတင်မကဘဲ၊ Visa ...
17/08/2026

🇯🇵 ဂျပန်မှာ အလုပ်ပြောင်းချင်တယ်ဆိုတာနဲ့ အရင်ဆုံး 退職届 မတင်လိုက်ပါနဲ့။

ဂျပန်မှာ 転職 လုပ်တဲ့အခါ အလုပ်အသစ်ရှာရုံတင်မကဘဲ၊ Visa နဲ့ ငွေကြေးအခြေအနေတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
အလုပ်မပြောင်းခင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက် (၈) ချက်ကိုဖော်ပြလိုက်ပါတယ်။

1️⃣ ဘာကြောင့် အလုပ်ပြောင်းချင်တာလဲ သေချာအောင်လုပ်ပါ
• လစာတိုးချင်လို့လား?
• Career Growth လိုချင်လို့လား?
• Work-Life Balance ပိုကောင်းချင်လို့လား?
• Site မသွားဘဲ Office / Design ဘက်သွားချင်လို့လား?
• လက်ရှိအလုပ်ခွင်အခြေအနေကြောင့်လား?
ကိုယ်လိုချင်တဲ့အချက် ၃ ချက်နဲ့ လုံးဝလက်မခံနိုင်တဲ့အချက် ၃ ချက်ကို ကြိုရေးထားရင် company ရွေးတဲ့အခါ ပိုလွယ်ကူလာပါလိမ့်မယ်။

2️⃣ ကိုယ့်ရဲ့ Skills နဲ့ လုပ်ငန်းအတွေ့အကြုံကို စာရင်းပြုစုပါ
“ဘာတာဝန်တွေလုပ်ခဲ့လဲ” ဆိုတာအပြင်
• ဘယ်လို Project တွေမှာ ပါဝင်ခဲ့လဲ?
• ကိုယ်တာဝန်ယူခဲ့တဲ့အပိုင်းက ဘာလဲ?
• ဘယ် Software နဲ့ Technical Skills တွေသုံးနိုင်လဲ?
• ဘာပြဿနာကို ဘယ်လိုဖြေရှင်းပေးခဲ့လဲ?
• ကိုယ့်ကြောင့် အချိန်၊ ကုန်ကျစရိတ် ဒါမှမဟုတ် အလုပ်လုပ်ပုံ ဘယ်လောက်တိုးတက်ခဲ့လဲ?
ဆိုတာတွေကို ကိန်းဂဏန်းနဲ့ ဖော်ပြနိုင်အောင် ပြင်ထားပါ။

3️⃣ လျှောက်လွှာစာရွက်စာတမ်းတွေကို ကြိုပြင်ပါ
✅ 履歴書 — ကိုယ်ရေးရာဇဝင်
✅ 職務経歴書 — လုပ်ငန်းအတွေ့အကြုံအသေးစိတ်
✅ Portfolio / Work Samples
✅ ဘာသာစကားနဲ့ သက်ဆိုင်ရာ Certificate များ
အလုပ်တိုင်းကို CV တစ်စောင်တည်းနဲ့ မလျှောက်ဘဲ လျှောက်မယ့် Position နဲ့ကိုက်ညီအောင် ပြင်ရေးတာ ပိုထိရောက်ပါတယ်။

4️⃣ Interview မေးခွန်းတွေကို ကြိုလေ့ကျင့်ပါ
ဂျပန်ကုမ္ပဏီတွေမှာ မကြာခဏမေးတတ်တာတွေက
• 転職理由 — ဘာကြောင့် အလုပ်ပြောင်းချင်တာလဲ?
• 志望動機 — ဘာကြောင့် ဒီကုမ္ပဏီကိုရွေးတာလဲ?
• 自己PR — ကိုယ့်ရဲ့အားသာချက်ကဘာလဲ?
• လက်ရှိအလုပ်မှာ ဘာတွေလုပ်နေလဲ?
• ရှေ့ဆက် ဘယ်လို Career တည်ဆောက်ချင်လဲ?
လက်ရှိကုမ္ပဏီကို အပြစ်တင်မပြောဘဲ ကိုယ်လိုချင်တဲ့ Career Direction နဲ့ ချိတ်ဆက်ပြီး ဖြေတတ်အောင် ပြင်ထားပါ။

5️⃣ လစာတစ်ခုတည်းမကြည့်ဘဲ အလုပ်အခြေအနေအားလုံးကို စစ်ပါ။
• 基本給 — အခြေခံလစာ
• Bonus နဲ့ Allowances
• 固定残業代 ပါ/မပါ
• တစ်လပျမ်းမျှ Overtime
• အလုပ်နေရာနဲ့ 転勤 ရှိ/မရှိ
• Remote Work ရနိုင်/မရနိုင်
• Paid Leave နဲ့ ပိတ်ရက်
• Probation Period
• တကယ်လုပ်ရမယ့် Job Responsibilities
労働条件通知書 သို့မဟုတ် 雇用契約書 ကို သေချာဖတ်ပါ။

6️⃣ ကိုယ့်ရဲ့在留資格နဲ့ အလုပ်အသစ်ကိုက်ညီမှုရှိ/မရှိ စစ်ပါ။
အလုပ်အသစ်မှာ လုပ်ရမယ့်တာဝန်က လက်ရှိ在留資格ရဲ့ ခွင့်ပြုထားတဲ့လုပ်ငန်းအတွင်း ဝင်/မဝင် စစ်ဆေးပါ။
技術・人文知識・国際業務၊ 高度専門職 စတဲ့သတ်မှတ်ထားတဲ့在留資格 ကိုင်ထားသူတွေက အလုပ်ဟောင်းနဲ့契約ပြီးဆုံးတာ၊ အလုပ်အသစ်နဲ့契約စတင်တာကို ဖြစ်ရပ်ဖြစ်တဲ့နေ့ကစပြီး ၁၄ ရက်အတွင်း ကိုယ်တိုင်入管ဆီ届出လုပ်ရပါတယ်။

7️⃣ အလုပ်မရှိဘဲနေရမယ့်ကာလအတွက် ငွေကြေးပြင်ထားပါ။
ဖြစ်နိုင်ရင် လက်ရှိအလုပ်လုပ်နေချိန်မှာပဲ အလုပ်အသစ်ရှာပါ။
✅ Written Job Offer ရရှိခြင်း
✅ အလုပ်အခြေအနေကို စာဖြင့်အတည်ပြုခြင်း
✅ အလုပ်စဝင်မယ့်နေ့ သတ်မှတ်ပြီးခြင်း
ဒီအချက်တွေပြီးမှ အလုပ်ထွက်မယ့်ရက်ကို ဆုံးဖြတ်တာ ပိုလုံခြုံပါတယ်။
အလုပ်နှစ်ခုကြား အချိန်ကွာမယ်ဆိုရင် နေထိုင်စရိတ် ၃ လကနေ ၆ လအထိနဲ့ Health Insurance၊ Pension၊ Resident Tax ကုန်ကျစရိတ်တွေကိုပါ တွက်ထားပါ။

8️⃣ အလုပ်ထွက်တဲ့အခါ လိုအပ်မယ့်စာရွက်စာတမ်းတွေကို မမေ့ပါနဲ့။

* 源泉徴収票
* 雇用保険被保険者証
* 健康保険資格喪失証明書 — 国民健康保険 ပြောင်းဝင်မယ်ဆို
* 離職票 — အလုပ်လက်မဲ့ထောက်ပံ့ကြေး လျှောက်မယ်ဆို
* マイナンバー သို့မဟုတ် 基礎年金番号 ကို အတည်ပြုနိုင်တဲ့စာရွက်စာတမ်း
離職票 က အလုပ်လက်မဲ့ထောက်ပံ့ကြေးအတွက် အဓိကလိုအပ်ပြီးပါတယ်။ 雇用保険被保険者証 ရှိ/မရှိကို အလုပ်မထွက်ခင်စစ်ဖို့ Hello Work ကလည်း အကြံပြုထားပါတယ်။
源泉徴収票 ကို အလုပ်ထွက်ပြီး တစ်လအတွင်း အလုပ်ဟောင်းကုမ္ပဏီက ထုတ်ပေးရပါတယ်။

အခု အလုပ်ပြောင်းချင်နေတဲ့ အဓိကအကြောင်းရင်းက
① လစာ
② Work-Life Balance
③ Career Growth
④ အလုပ်ခွင်အခြေအနေ
ဘယ်အချက်ကြောင့်လဲဆိုတာ နံပါတ်လေးနဲ့ Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ 👇🏻

အလုပ်ပြောင်းဖို့ စဉ်းစားနေသူတွေ ဒီ Post ကို Save ထားပြီး လိုအပ်မယ့်သူကိုလည်း Share ပေးထားပါနော်။ 📌

#ဂျပန်မှာအလုပ်လုပ်ခြင်း #ဂျပန်အလုပ်အကိုင် #転職 #転職応援 #転職したいけど勇気ない

16/08/2026

စပါးခင်းပြင်ကြီးတွေ မြင်တိုင်း ရန်ကုန်–မန္တလေး ရထားလမ်းဘေးက လယ်ကွင်းတွေကို သတိရလိုက်တာ 🌾

#夏休み旅行

#長野県

🇯🇵 ဂျပန်ကုမ္ပဏီမှာ ဝန်းကိုယ်တိုင်ကြုံခဲ့ရတဲ့ အခက်အခဲများ“အဓိကက အလုပ်မလုပ်တတ်လို့ ခက်ခဲခဲ့တာထက် ကိုယ်သိထားတာကို တခြားသူတွ...
16/08/2026

🇯🇵 ဂျပန်ကုမ္ပဏီမှာ ဝန်းကိုယ်တိုင်ကြုံခဲ့ရတဲ့ အခက်အခဲများ

“အဓိကက အလုပ်မလုပ်တတ်လို့ ခက်ခဲခဲ့တာထက် ကိုယ်သိထားတာကို တခြားသူတွေ နားလည်အောင်ရှင်းပြရတာနဲ့ မပြောထားပေမယ့် အလုပ်ခွင်ထဲမှာ နားလည်ထားရမယ့် စည်းမျဉ်းတွေ(暗黙のルール)ကိုနားလည်ဖို့ကပိုခက်ခဲ့တာပါ။”

ဂျပန်မှာ ကျောင်းတက်ခဲ့တာနဲ့ ဂျပန်ကုမ္ပဏီမှာ ဝန်ထမ်းတစ်ယောက်အဖြစ် အလုပ်လုပ်ရတာက တကယ်မတူပါဘူး။

ဝန်းက Master’s ကို English-taught course နဲ့ပြီးခဲ့တာမို့ ဂျပန်စကားကို အပြည့်အဝအသုံးပြုရတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို အလုပ်စဝင်ချိန်မှာမှ တကယ်ကြုံခဲ့ရပါတယ်။
ဒါကြောင့် ပထမတစ်နှစ်မှာ အလုပ်ပိုင်းထက် Communication နဲ့ Work Culture ဘက်မှာ အသားကျဖို့ ပိုပြီးအချိန်ယူခဲ့ရပါတယ်။

တကယ်ကိုယ်တိုင်ခက်ခဲခဲ့တဲ့အရာတွေကတော့

1️⃣ နေ့စဉ်သုံးဂျပန်စာနဲ့ အလုပ်သုံးဂျပန်စာ မတူခြင်း

ဂျပန်လို ပုံမှန်စကားပြောနိုင်ပေမယ့် Meeting ထဲမှာ မြန်မြန်ပြောတဲ့စကားတွေ၊ 敬語၊ 専門用語၊ ဖုန်းပြောပုံနဲ့ Email ရေးပုံတွေကို နားလည်အသုံးပြုနိုင်ဖို့ အစောပိုင်းမှာ အချိန်တစ်ခုယူခဲ့ရပါတယ်။
အထူးသဖြင့် ကိုယ်သိထားတဲ့ Technical အကြောင်းအရာတွေကို ဂျပန်လို တိတိကျကျရှင်းပြဖို့က ခက်ခဲတာမို့ ပြောတတ်အောင် လေ့ကျင့်ယူခဲ့ရပါတယ်။

2️⃣ တိုက်ရိုက်မပြောတဲ့ Communication ပုံစံ

တချို့ညွှန်ကြားချက်တွေကို အားလုံးရှင်းရှင်းလင်းလင်း မပြောဘဲ အခြေအနေနဲ့ ပြောဆိုပုံကိုကြည့်ပြီး ကိုယ့်ဘာသာနားလည်ရတာတွေရှိပါတယ်။
ဘာလုပ်ရမလဲဆိုတာတင်မကဘဲ
• ဘယ်အချိန်မှာလုပ်ရမလဲ
• ဘယ်သူ့ကိုအရင်ပြောရမလဲ
• ဘယ်လောက်အထိ ပြင်ဆင်ထားရမလဲ
ဆိုတာတွေကိုပါ စဉ်းစားရပါတယ်။
ဒီလို “空気を読む” ရတဲ့အပိုင်းက ဝန်းအတွက် အချိန်ယူခဲ့ရပါတယ်။

3️⃣ 報・連・相 ကို လေ့ကျင့်ရခြင်း

ဝန်းကတော့ အလုပ်ကို တတ်နိုင်သလောက်ပြီးအောင်လုပ်ပြီးမှ Result ပြချင်တဲ့အကျင့်ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဂျပန်ကုမ္ပဏီမှာ အလုပ်လုပ်နေစဉ်အတွင်း Progress၊ ကြုံနေရတဲ့ပြဿနာနဲ့ မသေချာတဲ့အချက်တွေကို အစောကြီး Report လုပ်ဖို့ အရေးကြီးပါတယ်။
ပြဿနာကို ကိုယ့်ဘာသာဖြေရှင်းပြီးမှ ပြောမယ်ဆိုပြီး စောင့်နေမိရင်
“ဘာကြောင့် အစောကြီးမပြောခဲ့တာလဲ”
ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။

4️⃣ မသိတာကို မေးဖို့ကြောက်ခဲ့ခြင်း

မေးခွန်းများများမေးရင် အလုပ်မတတ်ဘူးလို့ထင်ကြမလား၊ အလုပ်များနေတဲ့သူကို အနှောင့်အယှက်ဖြစ်မလားဆိုပြီး မေးဖို့ကြောက်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ မသိဘဲ အချိန်အကြာကြီးလုပ်ပြီးမှ မှားတာထက် ကိုယ်နားလည်ထားတာကို အရင်ရှင်းပြပြီး အစောကြီးမေးတာက ပိုကောင်းတယ်ဆိုတာ နောက်ပိုင်းမှာ သိလာခဲ့ပါတယ်။

5️⃣ အသေးစိတ်အထိ စစ်ဆေးရခြင်း

Drawing၊ Calculation၊ File name၊ Email စာကြောင်းနဲ့ Meeting minutes ကအစ ကိုယ်နဲ့အတူလုပ်နေသူတွေသာမက အဲဒီအလုပ်အကြောင်း မသိသေးတဲ့သူတစ်ယောက် ဖတ်ကြည့်ရင်တောင် နားလည်နိုင်အောင် စနစ်တကျပြင်ဆင်ထားဖို့ လိုပါတယ်။

6️⃣ Language ကြောင့် ကိုယ့်အရည်အချင်းကို သံသယဝင်မိခြင်း

ခေါင်းထဲမှာ ကိုယ်ပြောချင်တာနဲ့ ဖြေရှင်းနည်းရှိနေပေမယ့် ဂျပန်လို အပြည့်အဝမရှင်းပြနိုင်တဲ့အခါ ကိုယ်က အလုပ်မတတ်သလို ခံစားရတတ်ပါတယ်။
တကယ်တော့ Technical skill မရှိတာမဟုတ်ဘဲ ကိုယ်သိထားတာကို ဖော်ပြဖို့ စကားလုံးမလုံလောက်သေးတာပါ။
ဒီအချိန်မှာ ကိုယ့်ရဲ့ Technical ability နဲ့ Language ability ကို ခွဲမြင်နိုင်ဖို့လိုသလို ဘာသာစကားကိုလည်း ဆက်ပြီးတိုးတက်အောင် လေ့လာဖို့လိုပါတယ်။

7️⃣ “ဒီနေရာမှာ ငါတစ်ယောက်တည်း ကွဲနေသလား” ဆိုတဲ့ခံစားချက်

အလုပ်ပတ်ဝန်းကျင်မှာ နိုင်ငံခြားသားနည်းတဲ့အခါ Lunch time၊ Small talk၊ ဟာသတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြား ရင်းနှီးဖို့ကအစ အချိန်ယူရပါတယ်။
အပြင်ကကြည့်ရင် အဆင်ပြေနေသလိုမြင်ရပေမယ့် အတွင်းမှာတော့ အထီးကျန်သလို ခံစားရတဲ့နေ့တွေလည်း ရှိခဲ့ပါတယ်။

✅ ဝန်းအတွက် အထောက်အကူဖြစ်ခဲ့တာတွေကတော့

• မသိတဲ့ Technical စကားလုံးတွေကို မှတ်စုရေးထားခြင်း
• ညွှန်ကြားချက်ကို ကိုယ်နားလည်သလို ပြန်ပြောပြီး Confirm လုပ်ခြင်း
• ပြဿနာဖြစ်မှ မပြောဘဲ Progress ကို အစောကြီးမျှဝေခြင်း
• မေးခွန်းမေးတဲ့အခါ ကိုယ်စဉ်းစားထားတဲ့ ဖြေရှင်းနည်းကိုပါ ပြောခြင်း
• ဂျပန်လူမျိုးတစ်ယောက်လို ပြောနိုင်ဖို့ထက် ရှင်းလင်းပြီး ယုံကြည်ရတဲ့သူဖြစ်ဖို့ ဦးစားပေးခြင်း

အခုအချိန်အထိလည်း အရာအားလုံးကို Perfect ဖြစ်အောင် လုပ်နိုင်တာမဟုတ်သေးပါဘူး။

ဒါပေမဲ့ ဒီအခက်အခဲတွေကြောင့် ပိုပြီးစနစ်ကျလာစေတယ်၊ မသိတာကို မေးရဲလာစေတယ်၊ မတူညီတဲ့ယဉ်ကျေးမှုနဲ့ အလုပ်ပတ်ဝန်းကျင်အတွင်း အဆင်ပြေအောင်လုပ်တတ်လာစေပါတယ်။

※ ဒီအကြောင်းအရာက ဝန်းကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံကို မျှဝေထားတာဖြစ်ပြီး ကုမ္ပဏီ၊ ဌာနနဲ့ လုပ်ဖော်ကိုင်ဖက်တွေပေါ်မူတည်ပြီး အတွေ့အကြုံကွာခြားနိုင်ပါတယ်။

#ဂျပန်မှာအလုပ်လုပ်ခြင်း

အခုနောက်ပိုင်း Scholarship လျှောက်ဖို့ ပြင်ဆင်ကြိုးစားလာကြတဲ့ ကျောင်းသား/သူတွေ ပိုများလာပါတယ်။ 💪🏻👩🏼‍💻Scholarship အမျိုးအ...
16/08/2026

အခုနောက်ပိုင်း Scholarship လျှောက်ဖို့ ပြင်ဆင်ကြိုးစားလာကြတဲ့ ကျောင်းသား/သူတွေ ပိုများလာပါတယ်။ 💪🏻👩🏼‍💻

Scholarship အမျိုးအစားတွေ အများကြီးရှိသလို ထောက်ပံ့ပေးတဲ့ ကုန်ကျစရိတ်နဲ့ ပမာဏတွေကလည်း Program တစ်ခုနဲ့တစ်ခု မတူကြပါဘူး။

ဒီ Post မှာတော့ Fully Funded Scholarship နဲ့ Partially Funded Scholarship တို့ရဲ့ ကွာခြားချက်ကို ပြောပြပေးပါမယ်။

🎓 “Fully Funded Scholarship” ဆိုတာ Tuition Fees ပဲပေးတာလား?

အဖြေကတော့ - မဟုတ်ပါဘူး။ ❌

ယေဘုယျအားဖြင့် Fully Funded Scholarship ဆိုတာ ကျောင်းတက်နေစဉ် လိုအပ်မယ့် အဓိကပညာသင်နဲ့ နေထိုင်မှုဆိုင်ရာကုန်ကျစရိတ်အားလုံး သို့မဟုတ် အများစုကို Scholarship Program ဘက်က ထောက်ပံ့ပေးတာကို ဆိုလိုပါတယ်။

✅ ပါဝင်နိုင်တာတွေက
• Tuition Fees
• Monthly Stipend — လစဉ်နေထိုင်စရိတ်
• Airfare / Travel Cost
• Admission / Enrollment Fees
• Health Insurance
• Accommodation / Dormitory Support
• Research သို့မဟုတ် စာအုပ်ဖိုး

ဒါပေမဲ့ Fully Funded လို့ ရေးထားတိုင်း အထက်ပါအချက်အားလုံး မဖြစ်မနေပါဝင်တာတော့ မဟုတ်ပါဘူး။ Scholarship တစ်ခုနဲ့တစ်ခု ထောက်ပံ့ပေးတဲ့အရာတွေ မတူနိုင်ပါဘူး။

🔹 Partially Funded Scholarship ဆိုတာကရော?

Partially Funded Scholarship ဆိုတာ စုစုပေါင်းပညာသင်စရိတ်နဲ့ နေထိုင်မှုကုန်ကျစရိတ်အားလုံးကို အပြည့်အဝမထောက်ပံ့ဘဲ ကုန်ကျစရိတ်အချို့ကိုသာ ထောက်ပံ့ပေးတာဖြစ်ပါတယ်။

Tuition Fees ကိုပဲ ထောက်ပံ့ပေးတာရှိသလို၊ Tuition Fees မပါဝင်ဘဲ နေထိုင်စရိတ်၊ Travel Cost သို့မဟုတ် တခြားကုန်ကျစရိတ်တွေကို ထောက်ပံ့ပေးတာမျိုးလည်း ရှိပါတယ်။

ဥပမာအားဖြင့်
• Tuition Fees ပဲ ထောက်ပံ့ပေးတာ
• Tuition မပါဘဲ Monthly Stipend + Travel Cost ပေးတာ
• Tuition 50% လျှော့ပေးပြီး Stipend အနည်းငယ်ပေးတာ
• Tuition + Insurance ပေးပေမဲ့ Accommodation မပါတာ
• သတ်မှတ်ထားတဲ့ Grant ပမာဏတစ်ခုပဲ ပေးတာ
စတဲ့ပုံစံမျိုးတွေ ဖြစ်နိုင်ပါတယ်။

📌 အဓိကကွာခြားချက်

Fully Funded ➡️ အဓိကကုန်ကျစရိတ်အားလုံး သို့မဟုတ် အများစုကို ထောက်ပံ့ပေးတာကြောင့် ကိုယ်တိုင်ပေးရမယ့်ပမာဏ နည်းတတ်ပါတယ်။

Partially Funded ➡️ စုစုပေါင်းကုန်ကျစရိတ်အချို့ကိုသာ ထောက်ပံ့ပေးပြီး မပါဝင်တဲ့ကျန်ကုန်ကျစရိတ်တွေကို ကိုယ်တိုင်တာဝန်ယူရပါတယ်။

⚠️ “100% Tuition Waiver” ရတာနဲ့ “Fully Funded Scholarship” ဖြစ်တယ်လို့ မယူဆသင့်ပါဘူး။
Tuition အပြည့်လွတ်ငြိမ်းခွင့်ရပေမဲ့ Monthly Stipend၊ Travel Cost နဲ့ နေထိုင်စရိတ် မပါဘူးဆိုရင် Full Tuition Scholarship ဖြစ်နိုင်ပေမဲ့ ကျောင်းတက်နေစဉ် ကုန်ကျစရိတ်အားလုံးကို ထောက်ပံ့ပေးတဲ့ Fully Funded Scholarship မဟုတ်နိုင်ပါဘူး။

ဒါကြောင့်Scholarship မလျှောက်ခင်
✅ ဘယ်ကုန်ကျစရိတ်တွေ ပါဝင်သလဲ?
✅ Tuition ကို ဘယ်လောက်ရာခိုင်နှုန်း ထောက်ပံ့သလဲ?
✅ Monthly Stipend ဘယ်လောက်ရမလဲ?
✅ Travel Cost နဲ့ Insurance ပါသလား?
✅ ထောက်ပံ့ပေးမယ့်ကာလ ဘယ်လောက်ကြာသလဲ?
✅ နောက်နှစ်တွေမှာ Scholarship ဆက်လက်ရရှိဖို့ သတ်မှတ်ချက်ရှိသလား?
ဆိုတာတွေကို Benefits / Financial Coverage အပိုင်းမှာ သေချာဖတ်ကြည့်ဖို့ လိုပါတယ်။

Scholarship နာမည်မှာ “Full” ဆိုတဲ့စကားလုံး ပါတာထက် ကိုယ်လျှောက်မယ့် Program က ဘယ်ကုန်ကျစရိတ်တွေကို တကယ်ထောက်ပံ့ပေးသလဲဆိုတာက ပိုအရေးကြီးပါတယ်။ 🎓✨

ဝန်းမျှဝေပေးခဲ့တဲ့အကြောင်းအရာတွေကနေ ဗဟုသုတရပြီး အထောက်အကူပြုတယ်ဆိုရင် Like & Share လေး လုပ်ပေးသွားကြပါဦးရှင်။ 🤍

နောက် Post တွေမှာ ဘာအကြောင်းအရာတွေကို မျှဝေပေးစေချင်လဲဆိုတာကိုလည်း Comment မှာ ပြောပြခဲ့ဦးနော်။ 👇

ဂျပန်မှာ PR (အမြဲနေထိုင်ခွင့်) ရဖို့ 年収က အဓိကကျတဲ့ အချက်တခုဖြစ်လာပါတယ်။ ✅2026 အောက်တိုဘာကစပြီး ဝင်ငွေစံနှုန်းကို တင်းကျပ...
15/08/2026

ဂျပန်မှာ PR (အမြဲနေထိုင်ခွင့်) ရဖို့ 年収က အဓိကကျတဲ့ အချက်တခုဖြစ်လာပါတယ်။ ✅

2026 အောက်တိုဘာကစပြီး ဝင်ငွေစံနှုန်းကို တင်းကျပ်ဖို့ လက်ရှိ proposal ထွက်ထားပါတယ်။ Proposal အရ 世帯人数အလိုက် Japanese household average income ထက်မြင့်ပြီး ဆက်တိုက်တည်ငြိမ်နေခြင်း ကိုကြည့်မယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ household-size average ထက်မြင့်ရမယ်လို့သာ ဖော်ပြထားပြီး၊ အသုံးပြုမယ့် တိကျတဲ့ငွေပမာဏနဲ့ တွက်နည်းကို Immigration က အပြီးသတ်မကြေညာရသေးပါဘူး။

အခုဂျပန်မှာ ကျောင်းတက်နေတဲ့ သူတွေ အလုပ်စရှာတဲ့ ကာလဖြစ်တဲ့အတွက် 年収 မြင့်တဲ့ construction companies 10ခုကိုဖော်ပြပေးလိုက်ပါတယ်။

အလုပ်စစဝင်တဲ့ ပထမနှစ်တွေ (မာစတာပြီးထားတဲ့သူ) ကိုပေးတဲ့ 年収 ပေါ်ကိုအခြေခံပြီးဖော်ပြလိုက်ပါတယ်။
(Bonus, overtime feesထည့်မတွက်ထား ပါ)

五洋建設 – Penta-Ocean⁠ က Base ¥320,000 + fixed overtime 45 နာရီ ¥112,050 ကိုပါတွက်ပြီးပေးတာဖြစ်ပါတယ်။

Overtime မပါတဲ့ pure base salary အမြင့်ဆုံးက Daiwa House ¥362,000/month ဖြစ်ပါတယ်။

鹿島建設 – Kajima⁠
大林組 – Obayashi⁠
成建設 – Taisei
清水建設 – Shimizu⁠

ကတော့ လစာအတူတူဘဲဖြစ်ပါတယ်။

Address

Tokyo
Yangon

Website

Alerts

Be the first to know and let us send you an email when MylifeinJapan : Won posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to MylifeinJapan : Won:

Shortcuts

Share