18/03/2026
Solar System Theme လေးနဲ့အညီ Guided Play Time လေးမှာ သားသားမီးမီးတို့ စိတ်ဝင်တစားနဲ့ ပျော်ပျော်ပါးပါး သင်ယူခဲ့ကြတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ စကြဝဠာထဲက ဂြိုဟ်လေးတွေရဲ့ အမည်နာမတွေနဲ့ အရောင်အသွေးတွေကို Sorting Activity လေးကနေတစ်ဆင့် လက်တွေ့ခွဲခြား သင်ယူနေကြတာပါ။ ဒီလိုကစားပေးခြင်းဖြင့် -
• ဂြိုဟ်အမျိုးအစားတွေကို ခွဲခြားတတ်စေပြီး စူးစမ်းလိုစိတ်ကို မြှင့်တင်ပေးပါတယ်။
• ညှပ်လေးတွေ အသုံးပြုပြီး ကစားရတဲ့အတွက် လက်ချောင်းကြွက်သားလေးတွေကို အားကောင်းစေပါတယ်။
• အရောင်အသွေးစုံလင်တဲ့ ပစ္စည်းလေးတွေနဲ့ ကိုယ်တိုင်ဖန်တီးရတဲ့အတွက် စိတ်ကူးဉာဏ်ကို ဖွံ့ဖြိုးစေပါတယ်။
ချမ်းမြေ့မေတ္တာ မူကြို
🏫 လိပ်စာ: အမှတ်(၈)၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
📞 ဆက်သွယ်ရန်: 09 768 936 862
17/03/2026
🌤️ အခုရွာနေတဲ့မိုးက ဘာမိုးလဲ?
အခု မတ်လထဲမှာ ရွာနေတဲ့မိုးက အဝေးကြီးကလာတဲ့ အက်ဆစ်မိုးမဟုတ်ပါဘူး ဖေဖေမေမေတို့ရေ။
🌞နွေဦးမိုးသာ ဖြစ်ပါတယ်။
ကလေးငယ်တွေအတွက် အက်ဆစ်မိုးက အန္တရာယ်ရှိလား?
အက်ဆစ်မိုးဆိုတာ အရေပြားကို ချက်ချင်းလောင်စေတာမျိုး မဟုတ်ပါဘူး။ မိုးရေထဲ ခဏမိရုံနဲ့လည်းခေါင်းကိုက်တာ၊ အသက်ရှူရခက်တာမျိုး မဖြစ်နိုင်ပါဘူး။
မိဘများ သတိထားရမည့်အချက်များ
🔹"အထူး" "အရေးပေါ်" "သတိ" စတဲ့ စာသားတွေနဲ့ ခြောက်လှန့်ထားတဲ့ သတင်းတွေဆိုရင် မယုံကြည်ပါနဲ့။
🔹အက်ဆစ်မိုးကြောင့်မဟုတ်ဘဲ ရာသီဥတုအကူးအပြောင်းကြောင့် ဖြစ်တတ်တဲ့ နှာစေး၊ ချောင်းဆိုးနဲ့ လေထုထဲက ဖုန်မှုန့် များကို သတိထားပါ။
🔹နွေဦးမှာ ရွာတဲ့မိုးက လေပြင်းတိုက်တာ၊ မိုးသီးကြွေတာမျိုး ပါတတ်လို့ ကလေးတွေနဲ့အပြင်ထွက်ရင် သတိထားပါ။
အက်ဆစ်မိုးဟာ သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးတစ်ခု ဖြစ်ပေမယ့်၊ လူကို ချက်ချင်းအန္တရာယ်ပေးမယ့်အခြေအနေတော့ မဟုတ်ပါဘူး။ စိုးရိမ်စိတ်ကြောင့် ကလေးငယ်တွေကို အိမ်ပြင်မထွက်ခိုင်းတာမျိုး မလုပ်ဘဲ ပုံမှန်အတိုင်း သွားလာနိုင်ပါတယ်။ မိဘများအနေနဲ့ မလိုအပ်ဘဲ ထိတ်လန့်တာမျိုးမဖြစ်စေဖို့ရည်ရွယ်ပြီး ဗဟုသုတအဖြစ် ဒီဆောင်းပါးလေးကို ချမ်းမြေ့မေတ္တာ မူကြိုမှ တင်ပြပေးလိုက်ရပါတယ်ရှင်။
🏠 ကျောင်းလိပ်စာ: အမှတ်(၈)၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
📞 ဆက်သွယ်ရန်: 09 768 936 862
#ချမ်းမြေ့မေတ္တာမူကြို
11/03/2026
ဒီလရဲ့ Solar System သင်ခန်းစာမှာ သားသားမီးမီးလေးတွေကိုယ်တိုင် ကမ္ဘာဂြိုဟ်လေးတွေကို ကိုယ်တိုင်ဆေးခြယ်ပြီး ခေါင်းပတ်လေးတွေ ဖန်တီးခဲ့ကြပါတယ်။
သင်ခန်းစာကို လက်တွေ့လုပ်ဆောင်ရင်း ကလေးတို့ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ သားသားမီးမီးတို့ရဲ့ ပုံရိပ်လေးများကို မျှဝေလိုက်ပါတယ်ရှင့်။
🏠 ကျောင်းလိပ်စာ: အမှတ်(၈)၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
📞 ဆက်သွယ်ရန်: 09 768 936 862
#ချမ်းမြေ့မေတ္တာ
05/03/2026
📊 သားသားမီးမီးတို့ရဲ့ လူမှုဆက်ဆံရေးစွမ်းရည်ကို အမှတ်ပေးကြည့်ရအောင်!
သားသားမီးမီးတို့ ဘဝအတွက် အရေးကြီးတဲ့ Social Skill (လူမှုဆက်ဆံရေးစွမ်းရည်) ဘယ်လောက်ရှိလဲဆိုတာ သိရအောင် ဒီအချက် (၃၀) ကို မိဘတွေကိုယ်တိုင် အမှတ်ပေးကြည့်ကြမယ်နော်။ (တစ်ချက်ကို ၁ မှတ်နှုန်းနဲ့ တွက်ပေးပါရှင်။) ✨
✅ တစ်ဦးချင်း ဆက်သွယ်ပြောဆိုမှု 🗣️
၁။ နာမည်ခေါ်ရင် ချက်ချင်းလှည့်ကြည့်လား?
၂။ ကိုယ်လိုချင်တာကို အော်ငိုမယ့်အစား စကားနဲ့ တောင်းတတ်လား?
၃။ တစ်ဖက်လူက ပြုံးပြရင် ပြန်ပြုံးပြတတ်လား?
၄။ နာမည်နဲ့ အသက်မေးရင် ဖြေတတ်လား?
၅။ ဝမ်းနည်းတာ၊ ပျော်တာတွေကို ဖော်ပြတတ်လား?
၆။ အဝတ်အစားလဲတာ၊ ဖိနပ်စီးတာမျိုးမှာ ကိုယ်တိုင်လုပ်ချင်စိတ်ရှိလား?
✅ သူငယ်ချင်းတွေနဲ့ ရောနှောဆက်ဆံမှု 👫
၇။ တခြားကလေးတွေဆော့နေရင် ဘေးကကြည့်မနေဘဲ ဝင်ဆော့လား?
၈။ ကစားတဲ့အခါ အလှည့်ကျစောင့်ရမယ်ဆိုတာကို နားလည်လား?
၉။ "ကျေးဇူးတင်ပါတယ်"၊ "တောင်းပန်ပါတယ်" ဆိုတာမျိုး ပြောတတ်လား?
၁၀။ ကိုယ့်အရုပ် ဒါမှမဟုတ် မုန့်ကို သူငယ်ချင်းကို ဝေမျှပေးလား?
၁၁။ မဝေမျှချင်တဲ့အခါမှာလည်း ရန်ဖြစ်မယ့်အစား စကားနဲ့ ပြောပြလား?
၁၂။ အဖွဲ့လိုက်ကစားရတဲ့ ဂိမ်းတွေမှာ စည်းကမ်းအတိုင်း လိုက်ဆော့လား?
✅ စိတ်ခံစားမှုနဲ့ ကိုယ်ချင်းစာစိတ် ❤️
၁၃။ သူငယ်ချင်းတစ်ယောက်ယောက် တစ်ခုခုဖြစ်ရင် စိတ်ပူတဲ့အမူအရာ ပြသလား?
၁၄။ မိဘက ဝမ်းနည်းဟန်ဆောင်ရင် လာချော့တတ်လား?
၁၅။ အလိုမကျတဲ့အခါ ဒေါသထွက်မယ့်အစား စကားနဲ့ ပြောပြလား?
၁၆။ အသစ်အဆန်းတွေကို တွေ့ရင် မကြောက်ဘဲ စူးစမ်းလား?
၁၇။ အမှားလုပ်ရင် ရှက်တာ ဒါမှမဟုတ် ဝန်ခံချင်တဲ့စိတ်ရှိလား?
၁၈။ တစ်ခုခုလုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်လား?
✅ စိတ်ကူးယဉ်ပြီး ဆော့ကစားမှု 🧸
၁၉။ ဟန်ဆောင်ကစားနည်းတွေ ဆော့တတ်လား?
၂၀။ အရုပ်တွေကို အသက်ရှိသလို စကားပြောပြီး ဆော့တတ်လား?
၂၁။ ကစားနည်းတစ်ခုကို ၅ မိနစ်ကနေ ၁၀ မိနစ်အထိ အာရုံစိုက်လား?
၂၂။ လူကြီးတွေရဲ့ ညွှန်ကြားချက်ကို နားလည်လား?
၂၃။ တစ်ခုခုလုပ်လို့ အဆင်မပြေရင် နောက်တစ်နည်းနဲ့ ထပ်ကြိုးစားလား?
၂၄။ သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး တစ်ခုခုကို အတူတူဆော့လား?
✅ အပြင်လောကနဲ့ လိုက်လျောညီထွေရှိမှု 🌍
၂၅။ အပြင်သွားရင် ထွက်မပြေးဘဲ မိဘနဲ့အတူ သွားလား?
၂၆။ အစားအသောက်အသစ်တွေကို မြည်းစမ်းကြည့်တတ်လား?
၂၇။ ဆော့ပြီးရင် အရုပ်တွေကို ပြန်သိမ်းတတ်လား?
၂၈။ လူကြားထဲမှာ ထိန်းမနိုင်သိမ်းမရ ဂျီကျတာမျိုး ရှိလား?
၂၉။ လူကြီးတွေ စကားပြောရင် ကြားဖြတ်မပြောရဘူးဆိုတာ သိလာလား?
၃၀။ ကျောင်းမှာ မိဘနဲ့ခွဲပြီး နေခဲ့ဖို့ အသားကျလွယ်သလား?
🚨 အမှတ် ၁၀ မှတ်အောက်ပဲ ရတယ်ဆိုရင် ဒါတွေချက်ချင်းလုပ်ပါ။
အသက် ၃ နှစ်ကျော်နေပြီဖြစ်ပေမဲ့ ၁၀ မှတ်တောင် မပြည့်ဘူးဆိုရင် ဒါဟာ ကလေးရဲ့ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှုအတွက် အထူးဂရုစိုက်ရမယ့် အခြေအနေ ရောက်နေပါပြီ။ ⚠️
၁။ ဖုန်းနဲ့ TV ကို ချက်ချင်းဖြတ်ပါ။ 📵
ဖုန်းကြည့်နေတဲ့ ကလေးဟာ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်နေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို နှေးကွေးစေပါတယ်။
၂။ ကလေးနဲ့အတူ ဆော့ကစားပေးပါ။ 🧩
ကလေးက သူ့အလိုလို လူမှုဆက်ဆံရေး တတ်လာမှာမဟုတ်ပါဘူး။ မိဘက ကလေးနဲ့အတူ အချိန်ပေးပြီး ဆော့ပေးပါ။
၃။ အပြင်ထွက်ပြီး ပေးကစားပါ။ 🏃♂️
ကစားကွင်း၊ ပန်းခြံ ဒါမှမဟုတ် အိမ်နီးနားချင်း ကလေးတွေရှိတဲ့နေရာကို နေ့တိုင်းခေါ်သွားပါ။ တခြားကလေးတွေဆော့တာကို အတူကြည့်ပေးပါ။
၄။ မူကြိုကျောင်းပို့ပါ။ 🎒
အိမ်မှာ မိဘတစ်ယောက်တည်း သင်ပေးဖို့ဆိုတာ အကန့်အသတ်ရှိပါတယ်။ ချမ်းမြေ့မေတ္တာမူကြို မှာဆိုရင် စနစ်တကျ လေ့ကျင့်ပေးမယ့် ဆရာမတွေ၊ အသက်တူ သူငယ်ချင်းတွေရှိတဲ့အတွက် ကလေးရဲ့ Social Skill ဟာ အချိန်တိုအတွင်းမှာ သိသိသာသာ တိုးတက်လာမှာပါ။
အမှတ်နည်းနေရင် စိတ်မပူပါနဲ့။ ချမ်းမြေ့မေတ္တာမူကြို ကလည်း သားသားမီးမီးတို့ကို ကူညီပံ့ပိုးပေးဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်ရှင်။ 🤗💖
🏠 ကျောင်းလိပ်စာ: အမှတ်(၈)၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
📞 ဆက်သွယ်ရန်: 09 768 936 862
#ချမ်းမြေ့မေတ္တာမူကြို
04/03/2026
Farm Animals Theme လေးနဲ့အညီ Guided Play Time လေးမှာ သားသားမီးမီးတို့ ပျော်ပျော်ပါးပါး ကစားခဲ့ကြတဲ့ပုံရိပ်လေးဖြစ်ပါတယ်။ ခြံထဲမှာ ဘယ်တိရစ္ဆာန်လေးတွေ ရှိလဲ၊ ဘယ်သူက ဘယ်လိုအော်လဲဆိုတာကို Sorting Activity လေးကနေတစ်ဆင့် သင်ယူနေကြတာပါ။ ဒီလိုကစားပေးခြင်းဖြင့် ကလေးတို့ရဲ့ -
• ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို တိုးတက်စေပါတယ်။
• လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှုကို အားကောင်းစေပါတယ်။
• သူငယ်ချင်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိစေပါတယ်။
ချမ်းမြေ့မေတ္တာ မူကြို
🏫 လိပ်စာ: အမှတ်(၈)၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
📞 ဆက်သွယ်ရန်: 09 768 936 862
03/03/2026
ချမ်းမြေ့မေတ္တာမူကြိုရဲ့ ပျော်ရွှင်စရာ သင်ယူမှုအတန်းတွေထဲမှာ ပါဝင်ဖို့ စောင့်ဆိုင်းနေတဲ့ ဖေဖေ၊မေမေတို့အတွက် သတင်းကောင်းပါရှင်။ အခုဆိုရင် အောက်ဖော်ပြပါ အတန်းလေးတွေအတွက် ကျောင်းသားသစ်များ ထပ်မံလက်ခံပေးနေပြီဖြစ်လို့ အမြန်ဆုံး ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
🎒 လက်ခံနေသည့် အတန်းများ
Full-Time Preschooler Class (၃ - ၄ နှစ်)
ပထမဆုံး ကျောင်းစတက်မယ့် ကလေးလေးတွေအတွက် အဆင်ပြေဆုံးအတန်း။
ကစားရင်း သင်ယူရင်းနဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေကို အကောင်းဆုံး ပျိုးထောင်ပေးမှာပါ။
Full-Time Junior KG Class (၄ - ၅ နှစ်)
စာဖတ်စွမ်းရည် (Jolly Phonics) နဲ့ သင်္ချာ၊ သိပ္ပံ အခြေခံတွေကို စနစ်တကျ လေ့ကျင့်ပေးမယ့် အတန်း။
Part-Time (အချိန်ပိုင်း အတန်းများ)
မနက် ၉:၀၀ မှ နေ့လည် ၁၂:၀၀ အထိ။
နေ့လည် ၁၂:၃၀ မှ ညနေ ၃:၃၀ အထိ။
အချိန်ပိုင်းလေးပဲ တက်ရောက်ချင်တဲ့ ကလေးတွေအတွက် အထူးသင့်လျော်ပါတယ်။
💡 ဘာကြောင့် "ချမ်းမြေ့မေတ္တာ" ကို ရွေးချယ်သင့်သလဲ?
လုံခြုံစိတ်ချရမှု: ကလေးတွေအတွက် အိမ်မှာနေရသလို စိတ်အေးချမ်းစေမယ့် ပတ်ဝန်းကျင်။
ထိရောက်တဲ့သင်ကြားမှု: Play-based Learning နဲ့ Jolly Phonics ကို အခြေခံပြီး တစ်ဦးချင်း ဂရုစိုက်မှုအပြည့်နဲ့ သင်ကြားပေးခြင်း။
ဘက်စုံဖွံ့ဖြိုးမှု: ဉာဏ်ရည်၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညီညွတ်မျှတစွာ ဖွံ့ဖြိုးအောင် ဂရုစိုက်ခြင်း တို့ဖြင့် သင်ကြားပေးပါတယ်။
🏠 ကျောင်းလိပ်စာ: အမှတ်(၈)၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
📞 ဆက်သွယ်ရန်: 09 768 936 862
#ချမ်းမြေ့မေတ္တာမူကြို
24/02/2026
ရန်ကုန်မှာ မြူတွေဆိုင်းနေတာလား၊ လေထုညစ်ညမ်းနေတာလား?
ဖေဖေမေမေတို့ရေ … မနက်ခင်းမှာ မြင်နေရတဲ့ မှုန်မှုန်ဝါးဝါးအငွေ့အသက်တွေကမြူတွေ မဟုတ်ဘဲ ကလေးတို့ရဲ့ အဆုတ်ကို ဒုက္ခပေးမယ့် ဖုန်မှုန့်သေးသေးလေးတွေ ဖြစ်ပါတယ်။
❓ လေထုညစ်ညမ်းခြင်းဆိုတာ ဘာလဲ။
ရှူရှိုက်နေတဲ့ လေထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ အလွန်သေးငယ်တဲ့ အမှုန်လေးတွေ၊ မီးခိုးငွေ့နဲ့ ဓာတ်ငွေ့ဆိုးတွေ သတ်မှတ်ပမာဏထက် ပိုများနေတာကို ဆိုလိုတာပါ။ ကလေးတွေက လူကြီးတွေထက် အသက်ရှူနှုန်း မြန်တဲ့အတွက် ဒီအဆိပ်ငွေ့တွေကို ပိုပြီး ရှူမိတတ်ကြပါတယ်။
အယူအဆအမှားများ
❌နှင်းကျတာပဲ၊ အေးအေးလေးနဲ့ ကောင်းတယ်။
✅ နှင်းနဲ့ ရောနှောနေတဲ့ မီးခိုးငွေ့တွေဟာ အဆုတ်ထဲအထိ ရောက်နိုင်ပါတယ်။
❌အိမ်ထဲမှာပဲ နေရင် ဘာမှမဖြစ်ဘူး။
✅ပြတင်းပေါက်တွေ ဖွင့်ထားရင်၊ အိမ်ထဲမှာ ဆေးလိပ်သောက်တာ၊ အမွှေးတိုင်ထွန်းတာတွေ ရှိရင် အိမ်ထဲကလေက ပိုညစ်ညမ်းနိုင်ပါတယ်။
❌ လေထုညစ်ညမ်းတာက အသက်ရှူလမ်းကြောင်းအတွက်ပဲ ကြောက်ရတာ
✅ လေထုညစ်ညမ်းမှုက အသက်ရှူလမ်းကြောင်းတင်မကဘဲ ကလေးရဲ့ အရေပြားကို ယားယံစေတာ၊ မျက်စိစပ်တာ၊ ခေါင်းကိုက်တာနဲ့ ရေရှည်မှာ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ သက်ရောက်မှုရှိနိုင်ပါတယ်။
⚠️ လေထုညစ်ညမ်းမှုကြောင့် ကလေးတွေမှာ ဘာတွေဖြစ်နိုင်လ1. ချောင်းဆိုးခြင်း၊
2. နှာချေခြင်း၊
3. မျက်စိစပ်ခြင်း၊
4. လည်ချောင်းနာခြင်း။
5. ရေရှည်ဆိုးကျိုးအနေနဲ့ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ အဆုတ်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ ကိုယ်ခံအား ကျဆင်းခြင်း။
✅ ဆောင်ရန်
1. အပြင်မထွက်ခင် AirVisual လို Application မျိုးနဲ့ လေထုအခြေအနေကို အမြဲစစ်ပါ။ IQ Air AirVisual ကတော့ လူသုံးများတဲ့ app ဖြစ်ပါတယ်။ App တွေထဲမှာ AQI ဂဏန်းကို ကြည့်ရတာ ရှုပ်နေရင် အရောင် ကိုပဲ ကြည့်ပါ။
2. အပြင်ထွက်ရင် ကလေးနဲ့ တော်မယ့် N95/KN95 mask တွေကို စနစ်တကျ တပ်ပေးပါ။ (ရိုးရိုး Surgical mask က အမှုန်အမွှားလေးတွေကို သိပ်မကာကွယ်နိုင်ပါ)။
3. ရေများများတိုက်ပါ: လည်ချောင်းကို စိုစွတ်စေပြီး အဆိပ်အတောက်တွေ ဖယ်ရှားဖို့ ရေများများ သောက်ခိုင်းပါ။
4. ဗီတာမင် C နဲ့ E ကြွယ်ဝတဲ့ သစ်သီးဝလံတွေက ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်ပေးပါတယ်။
🚫 ရှောင်ရန်
1. အပြင်မှာ ပြေးလွှားဆော့ကစားတာကို နားထားပါ။
2. အိမ်ထဲမှာ ဆေးလိပ်သောက်ခြင်း၊ အမွှေးတိုင်ထွန်းခြင်း၊ ခြင်ဆေးခွေထွန်းခြင်းတို့ကို ရှောင်ကြဉ်ပါ။
3. အမှိုက်ရှို့ခြင်းနဲ့ မီးခိုးထွက်တဲ့ အလုပ်တွေကို အနီးအနားမှာ မလုပ်ပါနဲ့။
လက္ခဏာပြလာရင် ဘယ်လိုကုသမလဲ?
ကလေးကို လေကောင်းလေသန့်ရတဲ့ အခန်းထဲမှာ အနားယူစေပါ။အသက်ရှူနှုန်းအရမ်းမြန်လာရင် ဒါမှမဟုတ် ရင်ဘတ်ထဲက မြည်သံထွက်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။
လေထုအရည်အသွေး (AQI) ကို တိုင်းတာဖော်ပြပေးနေတဲ့ Sourceေလးတွေကိုလည်းဖော်ပြပေးသွားပါ့မယ်နော်။
၁။ IQAir (AirVisual)
Link: https://www.iqair.com/myanmar/yangon
၂။ World Air Quality Index (WAQI)
Link: https://waqi.info/city/myanmar/yangon/
၃။ U.S. Embassy Yangon (Air Quality Monitor)
Link: https://www.google.com/search?q=https://www.airnow.gov/international/us-embassies-and-consulates/%23Myanmar$Yangon
ချမ်းမြေ့မေတ္တာ မူကြို
🏫 ကျောင်းလိပ်စာ: အမှတ်(၈)၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
📞 ဆက်သွယ်ရန်: 09 768 936 862
20/02/2026
We are Hiring! Class Teacher & Assistant Teacher
ချမ်းမြေ့မေတ္တာမူကြိုမှာ အနာဂတ်ကြယ်ပွင့်လေးတွေကို မေတ္တာနဲ့ ပြုစုပျိုးထောင်ပေးဖို့ စိတ်အားထက်သန်တဲ့ ဆရာမများ အလိုရှိပါတယ်။
📢 အလုပ်အကိုင် အခွင့်အလမ်းများ (Teacher Vacancies)
၁။ Class Teacher — (၂) ဦး
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
ECCD သင်တန်းဆင်းထားသူ ဦးစားပေးမည်။
မူကြိုသင်ကြားရေး အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။
စိတ်ရှည်သည်းခံပြီး အင်္ဂလိပ်စာ အခြေခံကောင်းမွန်သူဖြစ်ရမည်။
၂။ Assistant Teacher — (၂) ဦး
ဆယ်တန်းအောင် (သို့မဟုတ်) ဘွဲ့ရရှိထားသူဖြစ်ရမည်။
ကလေးများကို အမှန်တကယ် ချစ်မြတ်နိုးပြီး ဂရုစိုက်ပေးနိုင်သူဖြစ်ရမည်။
သင်ကြားရေးဝါသနာပါပြီး တက်ကြွဖျတ်လတ်သူဖြစ်ရမည်။
မူကြိုလုပ်ငန်းအတွေ့အကြုံရှိပါက ပိုမိုဦးစားပေးမည်။
📩 လျှောက်ထားရန်
မိမိတို့၏ CV Form နှင့် အထောက်အထားများကို အောက်ပါ Viber နံပါတ်သို့ ပေးပို့၍ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
📍 ကျောင်းလိပ်စာ: အမှတ်(၈)၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
📞 ဆက်သွယ်ရန်: 09 768 936 862
#ချမ်းမြေ့မေတ္တာမူကြို
18/02/2026
Guided play time မှာ သားသားမီးမီးတို့ သဘောကျတဲ့ sorting activity လေး!
ရောင်စုံရေဘဝဲလက်လေးတွေထဲကို အရောင်တူတာ ထည့်ရတဲ့ လေ့ကျင့်ခန်းလေး ပြုလုပ်နေကြတဲ့ ပုံရိပ်လေးများကိုဖော်ပြလိုက်ပါတယ်ရှင့်။
ချမ်းမြေ့မေတ္တာမူကြို
🏫 ကျောင်းလိပ်စာ: အမှတ်(၈)၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်
📞 ဆက်သွယ်ရန်: 09 768 936 862, 09 730 160 08
16/02/2026
Happy Chinese New Year!
ချမ်းမြေ့မေတ္တာ မူကြို ရဲ့ တရုတ်နှစ်သစ်ကူး အမှတ်တရ လက်ဆောင်လေးများ 🏮🐲
CMMT ရဲ့ သားသားမီးမီးတို့က နှစ်သစ်ကူးအကြောင်းကို ဗဟုသုတရယူရုံတင်မကဘဲ၊ ကိုယ်တိုင်ကိုယ်ကျ ရုပ်ပုံလေးတွေ ဖန်တီးရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြပါတယ်။
ချမ်းမြေ့မေတ္တာ မူကြို
🏫 ကျောင်းလိပ်စာ: အမှတ်(၈)၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်
📞 ဆက်သွယ်ရန်: 09 768 936 862