Juicy World

Juicy World ပြီးပြည့်စုံသော နည်းစနစ်များဖြင့် သင်ကြားပေးနေပါသည်။

ဆိုင်ဖွင့်ဖို့ တကယ် စဉ်းစားထားပါသလား❓▪️အအေးဆိုင်လေးတစ်ဆိုင်လည်း ဖွင့်ချင်တယ်။ ▪️အအေးသင်တန်းတွေကလည်း များလွန်းလို့ ဘယ်ဟာတ...
15/05/2021

ဆိုင်ဖွင့်ဖို့ တကယ် စဉ်းစားထားပါသလား❓

▪️အအေးဆိုင်လေးတစ်ဆိုင်လည်း ဖွင့်ချင်တယ်။
▪️အအေးသင်တန်းတွေကလည်း များလွန်းလို့ ဘယ်ဟာတတ်ရမလဲမသိဘူးဖြစ်နေတယ်။

⚠️ဒီလိုတွေ ဒွိဟဖြစ်ရင်း ဘာမှမတတ်လိုက်ရဘဲ သူများတွေ ဆိုင်ဖွင့်နေချိန် ကိုယ်မဖွင့်လိုက်ရတဲ့ အဖြစ်မျိုး အဖြစ်မခံပါနဲ့။

အအေးရောင်းဖို့ တကယ်ရည်ရွယ်ထားတယ်ဆိုရင် သင်တန်းရွေးချယ်နေတဲ့အဆင့်မှာပဲ ရပ်တန့်နေလို့ မရပါဘူး❌

👉ကိုယ်အတွက် တကယ်အသုံးဝင်တဲ့ သင်တန်းတစ်ခုကို သေချာစုံစမ်းရွေးချယ်ပြီး ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါ👍👍

ဆိုင်ဖွင့်ပြီး 💰ဝင်ငွေရှာဖို့ စိတ်အားထက်သန်သူတွေအတွက် 🔹Juicy World သင်တန်းက အာမခံချက်အပြည့်နဲ့ 🤝ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်👍

🔸ဆိုင်တစ်ဆိုင်စာ menu အပြည့် သင်ပေးပါတယ်

🔸ကုန်ကြမ်းတွေ ဝယ်ရမခက်အောင် တစ်ခါတည်းရောင်းပေးပါတယ်

🔸သင်တန်းပြီးတာနဲ့ ဆိုင်တန်းဖွင့်ချင်စိတ်ဖြစ်အောင် သင်ပေးပါတယ်

🔸စျေးမရောင်းတတ်ရင်လည်း စျေးရောင်းတတ်အောင် သင်ပေးပါတယ်

ဒီလောက် ပြီးပြည့်စုံနေတဲ့ ဝန်ဆောင်မှုကို ရယူဖို့ သင့်ဖက်က 📞ဖုန်းလေးတစ်ချက်ဆက်ပြီး သင်တန်းအပ်လိုက်ရုံပဲဖြစ်ပါတယ်။

ကျန်တဲ့ကိစ္စတွေကို Juicy World သင်တန်းမှ တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်🤗🤗

သင်တန်းတတ်ပြီး ဆိုင်ဖွင့်ထားသူရဲ့ ဆိုင်လေးတွေကို လေ့လာရန် အောက်ပါလင့်ခ်ကို နှိပ်ပါ⬇️⬇️
http://shorturl.at/isHU5

သင်တန်းအသေးစိတ်လေ့လာရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။⬇️⬇️
https://www.facebook.com/1210696386016965

သင်တန်းသား Review များကို လေ့လာရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။⬇️⬇️
http://shorturl.at/uvM36

ဘာလင့်ခ်မှ မနှိပ်ချင်ဘူးဆိုရင်တော့ ☎️09788813883 ကိုသာ ဆက်သွယ်ပြီး စုံစမ်းမေးမြန်းလိုက်ပါ။





“ရောင်းကောင်းဖို့ ခေါင်းသုံးပါ”▫️စျေးစရောင်းတော့ ဘယ်ကနေ ဘယ်လိုရောင်းရမလဲမသိ▫️စျေးဝယ်ကို မရယ်မပြုံးပြတတ်၊ သူဝယ်တာရောင်းရု...
13/05/2021

“ရောင်းကောင်းဖို့ ခေါင်းသုံးပါ”

▫️စျေးစရောင်းတော့ ဘယ်ကနေ ဘယ်လိုရောင်းရမလဲမသိ
▫️စျေးဝယ်ကို မရယ်မပြုံးပြတတ်၊ သူဝယ်တာရောင်းရုံပဲ သဘောထား
▫️ပိုဝယ်ချင်လာအောင် မရှင်းပြတတ်၊ မိတ်မခေါ်တတ်….စတဲ့ အချက်တွေကြောင့်

တစ်နေ့ တစ်နေ့ ထိုင်နေရတာများတယ်။

ကြာတော့ လူလဲ စိတ်ညစ်လာတယ်။

👆အထက်ပါ အတိုင်း ကျွန်တော့်သင်တန်းသား လူငယ်တစ်ယောက် လာညည်းတာကြားရတော့ စျေးရောင်းကောင်းဖို့ ယတြာတစ်ခု ပေးလိုက်တယ်။

➡️ရောင်းကောင်းဖို့ ခေါင်းသုံးပါ ဆိုတဲ့ ယတြာပါ⬅️

🔺ကိုယ်က ဘယ်လောက် ကောင်းအောင် ပြင်ဆင်ထား၊ ဝယ်မယ့်သူ မရှိရင် လွှင့်ပစ်ရမှာပဲ။

အဲ့တော့ စျေးရောင်းတဲ့ နေရာမှာ ခေါင်းသုံးရမယ်🤔

ဆိုင်ဖွင့်ပြီး ပြီးရော စျေးဝယ်လာအောင် စောင့်နေလို့မရဘူး😔

🔹စျေးဝယ်ရှိတဲ့ ဘယ်နေရာမဆို ရောက်အောင်သွားပြီး လာဝယ်အောင်လုပ်ရမယ်။

(ရောက်အောင် သွားရမယ်ဆိုလို့ အိမ်ပေါက်စေ့ လိုက်ခေါ်ခိုင်းတာမဟုတ်ဘူးနော်)

🔹Social media တွေကနေ ကြော်ငြာရမယ်၊ Word of Mouth marketing ဆိုတဲ့ တစ်ယောက်တစ်စကား တစ်ယောက်နားရောက်အောင် လုပ်ရမယ်။

မြေပြင်မှာလည်း ကိုယ့်ဆိုင်က လမ်းသွားလမ်းလာတွေရဲ့ အမြင်ကို ဆွဲဆောင်ထားဖို့လိုတယ်။

ဥပမာ- ဆိုင်းဘုတ်အရောင်က လူတိုင်းကို ဖမ်းစားထားနိုင်မယ့် အရောင်မျိုး၊ မြေကြီးပေါ် ထောင်လို့ရတဲ့ ဆိုင်းဘုတ်တွေထားရမယ်။

🔹စျေးဝယ်တိုင်းကို ကိုယ့်ကျေးဇူးရှင်လို သဘောထားပြီး ဆက်ဆံရမယ်။ အမြဲအပြုံးနဲ့ ကြိုဆိုရမယ်။

စျေးဝယ် မှန်မှန်မှားမှား သည်းခံတတ်ရမယ်။
(တစ်ချို့ ရိုင်းတဲ့ စျေးဝယ်တွေဆို တတ်နိုင်သလောက် သည်းခံပါ၊ သည်းခံလို့မရတဲ့အဆုံး ဘာမှပြန်မပြောဘဲ အပြုံးနဲ့သာ အနိုင်ယူတတ်ပါစေ)

Word of Mouth marketing က ကောင်းတဲ့နေရာမှာလည်း ကောင်းသလို၊ မကောင်းသတင်းအနေနဲ့ ပြန့်သွားရင်လည်း တော်တော်လေး ထိခိုက်ပါတယ်။

ဒါကို စျေးဝယ်တွေကပဲ လုပ်ဆောင်တာမို့လို့ အထူးသတိထားပြီး ဝန်ဆောင်မှုပေးပါ။

🔹နောက်တစ်ခုက စျေးဝယ်တွေကို ရိုးသားစွာ ဆက်ဆံပါ။

ဥပမာ - အအေးတစ်ခွက်က ကြာနိုင်မယ်ဆိုရင် ဘယ်လောက်ကြာမှာဖြစ်ကြောင်း ကြိုတင်အသိပေးပါ၊ ပါဝင်ပစ္စည်းတစ်ခု ကုန်နေရင်လည်း အခြားတစ်ခုနဲ့ အစားထိုးပေးလို့ရမလား မေးပါ။
အသိမပေးဘဲ မရှိ၊ရှိတာ ထည့်မပေးပါနဲ့။

🔹Menu ရွေးချယ်ရခက်နေတဲ့ စျေးဝယ်တွေကို ၎င်းတို့ရဲ့ အကြိုက်နဲ့ ကိုက်ညီမယ့် menu တွေကို ကူညီရွေးချယ်ပေးပါ။
ကိုယ်ရောင်းချင်တာကိုပဲ အတင်းမရောင်းပါနဲ့။

🔹ဝယ်သူ ရောင်းသူ ကြား ရင်းနှီးမှု တစ်ခုကို တည်ဆောက်ပါ။

🔹နောက်တစ်ခေါက်ပြန်လာဝယ်တဲ့ စျေးဝယ်ဆိုတာ ကိုယ့်ဆိုင်အရည်အသွေးကို သတ်မှတ်ပေးတဲ့ အမှတ်တစ်မှတ်ပါ။
ပြန်လာဝယ်သူ များလာလေ အမှတ်တွေများလာလေပါပဲ။

🔹ဆိုင်ရဲ့ သန့်ရှင်းမှုကို အထူးဂရုပြုပါ။ အအေးခွက်ထဲပါသွားတဲ့ ဆံပင်မွှေး တစ်မွှေး၊ ပန်ကန်ဆေးတဲ့ စတီးဖတ် တစ်ဖတ် က ဆိုင်ရောင်းအားကို အောက်ဆုံးအထိ ထိုးကျသွားအောင် လုပ်နိုင်ပါတယ်။

အအေးဆိုင်ဆိုတာ ပုရွက်ဆိတ်၊ ကြွက်၊ ပိုးဟပ်၊ ယင်ကောင်၊ မှို၊ ရေညှိ တွေနဲ့ မကင်းပါဘူး။ အအေးခွက်တွေ၊ စတီးshaker တွေရဲ့ အတွင်းအောက်ခြေတွေကိုသေချာဆေးပါ။

ခြောက်သွေ့အောင်ထားပါ။

ဒါမှ အငြိအချွှဲတွေ အအေးထဲမပါမှာဖြစ်ပါတယ်။

🔹ကုန်ကြမ်းတွေကို အမျိုးအစားခွဲပြီး လေလုံအောင်ထားသင့်တာထား၊ အအေးခန်းထဲ ထည့်သင့်တာထည့်ပါ။ ဒါမှ အမှုန့်တွေဆို ခဲတာ၊ အရည်တွေ ချဉ်ကုန်တာ၊ မှိုတတ်တာတွေကို တားဆီးနိုင်မှာပါ။

🔹နောက်ပြီး အအေးဖျော်ခါနီး ကုန်ကြမ်းတွေကို မြည်းစမ်းကြည့်တာ၊ အနံ့ခံကြည့်တာမျိုးလုပ်ပါ။ ကိုယ် မသိဘဲ အရသာ ပျက်နေတဲ့ ကုန်ကြမ်းတွေ အအေးမှာ မသုံးမိစေရန်ဖြစ်ပါတယ်။

🔲ဒီအချက်လေးတွေကိုပဲ ယတြာချေသလို နေ့စဉ်လုပ်ဆောင်သွားမယ်ဆိုရင် သိသိသာသာကြီးကို ရောင်းအားကောင်းလာစေမှာဖြစ်ပါတယ်။

📣သတင်းကောင်းဗျို့….သတင်းကောင်း…📣Juicy World သင်တန်းကျောင်း မှ သင်တန်းသားများ သင်တန်းကြေးပေးချေမှု အဆင်ပြေလွယ်ကူစေရန် Ban...
12/05/2021

📣သတင်းကောင်းဗျို့….သတင်းကောင်း…📣

Juicy World သင်တန်းကျောင်း မှ သင်တန်းသားများ သင်တန်းကြေးပေးချေမှု အဆင်ပြေလွယ်ကူစေရန် Bank transfer 💳 နဲ့လည်း လက်ခံပေးနေပါတယ်နော်

အပြင်မှာ Percentage နဲ့ 💰ငွေထုတ်မယ့် အစား Juicy World မှာ သင်တန်းတက်ပြီး ပေးရတဲ့ ငွေကြေးပမာဏထက် ပိုတန်တဲ့ အခွင့်အလမ်းတွေကို ရယူလိုက်ပါ🤗🤗

ဒါ့အပြင် Early Bird Promotion ရတဲ့ သင်တန်းသားတွေအနေနဲ့လည်း သင်တန်းကြေး ၁၅၀,၀၀၀ ကျပ် ကို Bank ကနေ transfer လုပ်ပြီး 💲cash back ၂၀,၀၀၀ ကျပ် ချက်ချင်းရယူလိုက်ပါ

သင်တန်းအသေးစိတ်ကို အောက်ပါလင့်ခ်တွင် လေ့လာနိုင်ပါတယ်👇👇
https://www.facebook.com/1210696386016965

သင်တန်းအသေးစိတ် စုံစမ်းရန် ☎️ဖုန်း - 09788813883

“ရေရှိရင် ငွေရှိတယ်”သင်တန်းစတဲ့ ပထမရက်မှာ ထုံးစံအတိုင်း သင်တန်းသားတွေ အချင်းချင်း မိတ်ဆက်ကြတဲ့အခါသင်တန်းသား အမတစ်ယောက် က...
11/05/2021

“ရေရှိရင် ငွေရှိတယ်”

သင်တန်းစတဲ့ ပထမရက်မှာ ထုံးစံအတိုင်း သင်တန်းသားတွေ အချင်းချင်း မိတ်ဆက်ကြတဲ့အခါ

သင်တန်းသား အမတစ်ယောက် က သူ့ကိုယ်သူ မိတ်ဆက်ရင်း လက်ရှိ လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြောပြတာလေးကြားရတော့ နဲနဲစိတ်ဝင်စားသွားတယ်

သူ့အလုပ်က ရန်ကုန်က လူစည်ကားတဲ့ စျေးတစ်ခုမှာ အအေးရောင်းတာ..

အအေးရောင်းတယ်ဆိုလို့ ဆိုင်နဲ့ ကနားနဲ့ ရောင်းတာမဟုတ်

စတီးဗန်းလေးပေါ် အအေးခွက်လေးတွေ တင်ပြီး စျေးထဲက စျေးသည်တွေကို လိုက်ရောင်းပေးတာ

ရောင်းတဲ့ အအေးကလည်း သံပုရာရည် တစ်မျိုးတည်း

သံပုရာရည်တစ်မျိုးတည်း ရောင်းရတယ်ဆိုလို့ အထင်မသေးလိုက်နဲ့အုံး

တစ်နေ့ သံပုရာသီး အနည်းဆုံး အလုံး၁၀၀ ကုန်တယ်

ရောင်းကောင်းတဲ့ နေ့ဆို အလုံး ၂၅ဝလောက်ကုန်တယ်

အအေးတစ်ခွက်ကို သံပုရာသီးတစ်လုံးဆိုတော့ သံပုရာအလုံးရေ နဲ့ ရောင်းရတဲ့ခွက်အရေအတွက်က တူတူပဲ

သံပုရာရည် တစ်ခွက်ကိုမှ ၃ဝဝကျပ်တည်းနဲ့ရောင်းတာ ဘယ်လောက်မြတ်လဲအောက်မှာကြည့်

သံပုရာသီး တစ်လုံးကို ၅ဝကျပ်၊ နောက် ခွက်ဖိုး၊ သကြားဖိုး၊ ရေခဲဖိုး က ၅ဝကျပ်ပဲထား၊ တစ်ခွက် အရင်း ၁ဝဝကျပ်။

တစ်နေ့ကို ခွက် ၁ဝဝကုန်တော့ ၂၀,၀၀၀ ကျပ်လောက်ကတော့ အသာလေးပဲ။
နေပူတဲ့နေ့တွေဆို လေး၊ငါးသောင်းဆိုတာ အိတ်ထဲ လွယ်ထားရုံပဲ။

တစ်လ ပျမ်းမျှ ၆သိန်းလောက်တော့ ဝင်တယ်။ ဒီမှာတင် နဲနဲလေးစားသွားပြီ။။

တစ်ဆက်တည်း အဲ့အမကပြောသေးတယ်

“ဆရာ့သင်တန်းတက်ဖို့ကို ကျမမှာ မအားတာနဲ့ တော်တော်လေး အချိန်ယူလိုက်ရတယ်”
“ဒီနေ့ ရောင်းရမဲ့ ဝင်ငွေကော၊ သင်တန်းကြေးကော၊ လမ်းစရိတ်၊ စားစရိတ်ပါ ရင်းထားမို့ သင်တန်းပြီးရင် အတိုးချပြန်ဝင်ဖို့ ဆရာ တာဝန်ယူပေးရမယ်” တဲ့…
သင်တန်းပြီးတော့

“ဆရာရေ နောက်နေ့တွေအတွက် ရောင်းစရာတွေစုံနေတော့ ဘာရောင်းရမလဲတောင်မသိတော့ဘူး”

လို့ပြောပြီး ထွက်သွားတဲ့ အဲ့အမကို ကြည့်ရင်း ကျွန်တော့်စိတ်ထဲ
“အော် စီးပွားဆိုတာ ရှာတတ်ရင် ရေကိုတောင် ငွေဖြစ်အောင် ပြောင်းနိုင်ပါလား” တွေးရင်း ကျန်ခဲ့လေတော့တယ်။

တကယ်တော့လည်း ကျွန်တော့်သင်တန်းသားတွေထဲမှာ ရေကို ငွေဖြစ်အောင် ပြောင်းနိုင်တဲ့သူတွေ အများကြီးရှိပါတယ်။

တစ်ချို့ဆိုရင် တွန်းလှည်းအအေးဆိုင်လေး ကနေ ဆိုင်နဲ့ကနားနဲ့ဖြစ်၊ ဒီကတစ်ဆင့် စားစရာလေးတွေပါ တွဲတင်၊ ရောင်းကောင်းတော့ ဆိုင်ကြီးကနားကြီးဖြစ်၊ အခုဆို ဝင်ငွေတွေကောင်းပြီး အဆင်ပြေနေကြပြီ။

ဒါကြောင့် မဖြစ်နိုင်ဘူးလို့ တွေးနေတာတွေကို ရပ်ပြီး လက်တွေ့အကောင်အထည်ဖော်ကြည့်ပါ။

ဗေဒင်မေးစရာမလိုဘဲ တစ်နေ့အောင်မြင်လာလိမ့်ဆိုတာကို ရှေ့မှာ အဆင်ပြေသွားကြတဲ့ ကျွန်တော့်သင်တန်းသားတွေကို သက်သေထားပြီး ရဲရဲကြီး အာမခံလိုက်ပါရစေ….

“ဝင်ငွေတိုးဖို့ ဈေးရောင်းမယ်”ဒီခေတ်ကာလ ဘာလုပ်ရမလဲစဉ်းစားရခက်နေရင် Juicy World ရဲ့ အကူအညီကို ရယူလိုက်ပါ👍👍🧋Milk Tea ဆိုင်ဖ...
10/05/2021

“ဝင်ငွေတိုးဖို့ ဈေးရောင်းမယ်”

ဒီခေတ်ကာလ ဘာလုပ်ရမလဲစဉ်းစားရခက်နေရင် Juicy World ရဲ့ အကူအညီကို ရယူလိုက်ပါ👍👍

🧋Milk Tea ဆိုင်ဖြစ်ဖြစ်၊ 🥤အအေးဆိုင်ဖြစ်ဖြစ် တစ်ခွက် 💲၅၀၀တန်မှ 💲၃၅၀၀တန်အထိ ရောင်းချနိုင်တဲ့ အအေးမျိုးစုံကို ဆိုင်ဖွင့်နိုင်သည် အထိ အာမခံ သင်ကြားပေးနေပြီး လိုအပ်တဲ့ ကုန်ကြမ်း၊ ပစ္စည်းကိရိယာ နှင့် ရောင်းချပုံ နည်းစနစ်တွေကိုပါ ဖြည့်ဆည်းပေးနေပါတယ်။

🟢အပြောမဟုတ် လက်တွေ့သက်သေပြတဲ့Juicy World သင်တန်းကျောင်းမှာ တက်ရောက်ခဲ့သူ ၁,၀၀၀ကျော် ရှိပြီဖြစ်ပြီး ရန်ကုန်၊ မန်းလေး၊ နေပြည်တော် မှသည် ကရင်၊ချင်း၊ကချင်၊ရှမ်း အစရှိတဲ့ ပြည်နယ်များမှာ ဆိုင်များ ဖွင့်လှစ်နိုင်အောင် ကူညီပေးပြီးဖြစ်ပါတယ်။

သင်တန်းတစ်ချို့ ဖွင့်လှစ်ထားတဲ့ ဆိုင်များကို လေ့လာလိုပါက အောက်ပါလင့်ခ်ကို နှိပ်ပါ⬇️⬇️
http://shorturl.at/isHU5

သင်တန်းသားများ၏ review များလေ့လာရန် အောက်ပါလင့်ခ်ကိုနှိပ်ပါ⬇️⬇️
http://shorturl.at/uvM36

သင်တန်းတက်ပြီး တတ်မြောက်မှုမရှိဘူးဆိုရင်လည်း သင်တန်းကြေးအပြည့်အဝ ပြန်အမ်းပေးမှာဖြစ်ပါတယ်😲😲

နိုင်ငံခြားမှ 📜လက်မှတ်များရယူထားသည့် အတွေ့အကြုံရှိ သင်တန်းဆရာ ကိုယ်တိုင် သင်ကြားပေးမှာဖြစ်တဲ့အတွက် တတ်မြောက်မှုအတွက် အာမခံပါတယ်🤗🤗

🟥ယခင်တန်းခွဲ ၂ခုမှ အကောင်းဆုံးMenu များကို အထူးရွေးထုတ်ပြီး သင်ကြားပေမယ့် သီးသန့်တန်းခွဲဖြစ်တဲ့အပြင် စျေးနှုန်းလည်း တစ်တန်းစာသာ ကျသင့်မှာဖြစ်ပါတယ်။

သင်တန်းအကြောင်းအရာကို အောက်တွင် လေ့လာနိုင်ပါတယ်👇👇

Milk Teaဆိုင် စနစ်တကျဖွင့်နိုင်ဖို့အတွက်

🔘Milk Tea ဖျော်ရာတွင် အခြေခံကျသည့်

🔸လက်ဖက်ခြောက်ကျိုနည်း (အိမ်သောက်ပုံစံ မဟုတ် ဆိုင်သုံးပုံစံ ကျိုနည်း)

🔸ပုလဲပြုတ်နည်း၊ အရသာသွင်းနည်း (စနစ်တကျ ပြုတ်တတ်၊ ထားသိုတတ်မှ ရောင်းတန်းဝင်ပါမယ်)

🔸Grass Jelly ပြုလုပ်နည်း

🔸Milk Tea Topping အမျိုးမျိုးအသုံးပြုနည်း

🔸Cheese Foam ပြုလုပ်နည်း

🔸Cream ပြုလုပ်နည်း အစရှိတဲ့ မရှိမဖြစ် အခြေခံနည်းလမ်းများမှ စ၍

▪️Red Tea
▪️Black Tea
▪️Green Tea
▪️Matcha Tea
▪️Jasmine Green Tea စသည့် လက်ဖက်ခြောက်အမျိုးမျိုးကို အသုံးပြု၍ ဖျော်စပ်ရသော Milk Tea အမျိုးအစား များစွာ ကို အသေးစိတ် သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

❗️(သင်ကြားချိန်အတွင်း မိမိ ဖျော်စပ်လိုသော Milk Tea အမျိုးအစားများကိုလည်း ဆွေးနွေးမေးမြန်းနိုင်ပါတယ်၊ ဒါမှတ်…ဒါသင်မဟုတ်ပါ)❗️

🔘ထို့အပြင် အခြား Cold Drinks မျိုးစုံရောင်းချနိုင်ဖို့အတွက်

🔹ရာသီပေါ်အသီးဖျော်ရည်အမျိုးမျိုး

🔹အဆင့်မြင့် အသီး Smoothies အမျိုးမျိုး

🔹ကာလာစုံ ဆိုဒါမျိုးမျိုး

🔹ဒိန်ချဉ်အခြေခံ ဖျော်ရည် အမျိုးမျိုး

🔹Milkshake အမျိုးမျိုး

🔹စီးပွားဖြစ် ဂျယ်လီပြုလုပ်နည်း

🔹အသင့်သောက် ဂျယ်လီ milkshake အမျိုးမျိုး ပြုလုပ်နည်း

🔹ဒိန်ချဉ် ပြုလုပ်နည်း ( ဆိုင်တွင် တင်ရောင်းနိုင်သည် အထိ)

🔹ပူတင်းပြုလုပ်နည်း

🔹ဖာလူဒါ

🔹ရေခဲသုပ် စတာတွေအပြင် 👇👇

▪️ကုန်ကြမ်းများထားသိုနည်း
▪️တာရှည်ခံအောင် ပြုလုပ်နည်း
▪️စနစ်တကျ သကြားရည်ကျိုနည်း
▪️ကုန်ကြမ်းတန်ဖိုး တွက်ချက်နည်း
▪️စျေးကွက်ဝင် Menu ထုတ်နည်း
▪️အအေးခွက်အရွယ်အစား ရွေးချယ်နည်း အစရှိတဲ့ အအေးအမျိုးအစားများစွာကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

👉(အထက်ဖော်ပြပါ များသည် ခေါင်းစဉ်ကြီးများဖြစ်ပြီး တစ်ခုချင်းစီအောက်၌ ခေါင်းစဉ်ငယ်များ ပါဝင်မည်ဖြစ်သည်)👈

🏠ဆိုင်ဖွင့်လိုသူများအတွက် လိုအပ်သည့် Menu အပြည့်ပါဝင်မည်ဖြစ်ပြီး ဆိုင်ဖွင့်နိုင်သည်အထိ ကူညီဆွေးနွေးပေးသွားမည်ဖြစ်သည်✅

▶️သင်တန်းအချက်အလက်◀️

▫️သင်တန်းရက် - မေလ ၂၂ရက် မှ ၂၃ရက် အထိ
▫️သင်တန်းချိန် - နံနက် ၉နာရီ မှ ညနေ ၄နာရီ အထိ

▫️သင်တန်းနေရာ - အမှတ် (၄၅၀)၊ မြတ်သီရိလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

♦️သင်တန်းကြေး - ၁၅၀,၀၀၀ ကျပ် ( Early bird promotion - ၁၃၀,၀၀၀ ကျပ်)♦️

သင်တန်းတက်ရောက်လိုပါက ဆက်သွယ်ရန်
☎️ဖုန်း- 09788813883





"သင်တန်းကြော်ငြာပို့စ်ရဲ့  Behind the scene" သင်တန်းအကြောင်း ကြော်ငြာတော့မယ်ဆိုတော့ သင်တန်း ဘယ်နေ့ဖွင့်မယ်၊ ဘာတွေ သင်ပေး...
10/05/2021

"သင်တန်းကြော်ငြာပို့စ်ရဲ့ Behind the scene"

သင်တန်းအကြောင်း ကြော်ငြာတော့မယ်ဆိုတော့ သင်တန်း ဘယ်နေ့ဖွင့်မယ်၊ ဘာတွေ သင်ပေးမယ်ဆိုတာလောက်ပဲ မရေးချင်ဘူး။

ဒါပေမယ့် သင်တန်းမှာ ဘယ်လိုသင်ပါတယ်၊ ဘာအတွက် သင်ပေးပါတယ်လို့ အသေးစိတ်ရေးပြန်တော့လည်း စာရှည်လို့ ဖတ်ကြမှာမဟုတ်ပြန်ဘူး။ (ဒါပေမယ့် ဒီပို့စ်မှာတော့ သည်းခံပြီး ဖတ်လိုက်ပါ)🙏🙏

ကျွန်တော့်သင်တန်းရဲ့ ရည်ရွယ်ချက် က အအေးဖျော်တတ်အောင် သင်ဖို့ထက် ဆိုင်စဖွင့်ရဲအောင် စိတ်ခွန်အားပေးဖို့၊ ဆိုင်ဖွင့်ပြီးနောက် ကြုံတွေ့ရမယ့် အသေးအမွှားပြဿနာက အစ ဖြေရှင်းတတ်ဖို့၊ မိတ်ခေါ်တတ်ဖို့ စတာတွေကို အဓိက သင်ပေးချင်တာပါ။

❌ရော့…ဖျော်ရည် ဘယ်နှမျိုးဖျော်နည်း…အဲ့အတိုင်းဖျော်…အသေမှတ်…အလွတ်ကျက်… ပုံစံမျိုးကို သဘောမကျလို့ သင်တန်းစဖွင့်ကတည်းက ဘယ်ဖျော်ရည်ဆိုရင် ဘယ်အဆီမျိုးကိုသုံး၊ ဘာနဲ့အစားထိုးဖျော်လို့ရတယ်၊
အချိန်ကြာလာရင် အရောင်မည်းသွားတာ၊ အရည်အဖတ် သက်သက်ကွဲသွားတာ ဘာကြောင့်၊ ကုန်ကြမ်းဘယ်လိုရွေးရတယ်၊ စျေးဘယ်လိုတွက်ရတယ် စသည့်ဖြင့် အသေးစိတ် သင်ပေးခဲ့တယ်။

🔶ယခု ဖွင့်မဲ့သင်တန်းဆိုရင် ယခင်တန်းခွဲ ၂ခု က အကောင်းဆုံး နဲ့ အရောင်းရဆုံး Menu တွေကိုသာ ရွေးထုတ်ပြီး သီးသန့်သင်ပေးသွားမှာဖြစ်ပါတယ်။
အဲ့လိုသင်ပေးလို့ တန်းခွဲ ၂ခုစာ မပေးရပါဘူး။
⚠တစ်တန်းစာပဲ ကျသင့်မှာဖြစ်ပါတယ်။
အဓိက ရည်ရွယ်ချက်က ဆိုင်မြန်မြန်ဖွင့်နိုင်ပြီး မြန်မြန်ရောင်းကောင်းအောင်ပါ။

နောက်ပြီး ကုန်ကြမ်းတွေလဲ အပြင်မှာ လိုက်ဝယ်စရာမလိုအောင် စုဆောင်းထားပေးပါတယ်။

သင်တန်းတက်ပြီး တကယ်ဆိုင်မဖွင့်နိုင်ဘူးဆိုရင် သင်တန်းကြေးအပြင် လမ်းစရိတ်ပါပြန်ပေးလိုက်ပါမယ်။
အဲ့လောက်ထိကို အာမခံပါတယ်။ နောက်တစ်ခု ထပ်အာမခံလိုက်ပါအုံးမယ်။

ပုံမှန်ရောင်းစျေး နဲ့ တစ်နေ့ အအေး ခွက် ၃၀ ရောင်းရရင်ကို တစ်လ ၆၀၀,၀၀၀ ကျော်မြတ်ဖို့ အာမခံပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်လည်း ဆိုင်ဖွင့်ရောင်းနေလို့ပါ။

အဲ့တော့ လူကြီးမင်းတို့ဘက်က ယုံကြည်မှုတစ်ခုနဲ့သာ လာခဲ့ပါ။
ရရှိမယ့် အကျိုးအမြတ်အတွက် အစွမ်းကုန်ဆောင်ရွက်ပေးဖို့ Juicy World က အသင့်ရှိနေပါတယ်။

သင်တန်းပြန်ဖွင့်တာ အခြေအနေတွေပုံမှန်ပြန်ဖြစ်နေပြီလားဆိုရင်တော့ ကျွန်တော်က တော့ No ပါပဲလို့ ဖြေပါရစေ…😔😔😔ဧပြီလ ကတည်းက သင်တ...
10/05/2021

သင်တန်းပြန်ဖွင့်တာ အခြေအနေတွေပုံမှန်ပြန်ဖြစ်နေပြီလားဆိုရင်တော့
ကျွန်တော်က တော့ No ပါပဲလို့ ဖြေပါရစေ…😔😔😔

ဧပြီလ ကတည်းက သင်တန်းဘယ်တော့ ဖွင့်မလဲ မေးလာတဲ့သူတွေအများကြီးရှိပေမယ့် စိတ်အခြေအနေအရ သင်တန်းတွေခေတ္တရပ်နားထားကြောင်းသာ အကြောင်းပြန်ခဲ့ပါတယ်။

သို့သော် ခက်ခဲနေတဲ့အခြေအနေတွေကြားထဲ လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ စားဝတ်နေရေး ဆိုတဲ့ အခြေခံလိုအပ်ချက်တွေကို အရင် ဖြည့်ဆည်းဖို့လိုပါတယ်။

ယခုကာလမှာ ဝန်ထမ်းကနေ အလုပ်လက်မဲ့ဖြစ်သွားသူတွေ၊ လုပ်ငန်းရှင်ကနေ ရုတ်တရက် လုပ်ငန်းရပ်လိုက်ရသူတွေ စသည်ဖြင့် ပြဿနာ အခက်အခဲတွေကို ရင်ဆိုင်နေရသူတွေ အများကြီး ရှိပါတယ်။

စနစ်တကျ သင်ကြားတတ်ရင် တတ်မြောက်တာအလွယ်ဆုံး၊ အရင်းအနှီးနည်းဆုံး နဲ့ ဝင်ငွေရှာရအလွယ်ဆုံးဖြစ်တဲ့ အအေးလုပ်ငန်း ကို စီးပွားရေး အခက်အခဲတွေကြား အသက်ရှူပေါက်တစ်ခုအဖြစ် ဖန်တီးပေးနိုင်ဖို့ သင်တန်းတွေပြန်ဖွင့်ရခြင်းပဲဖြစ်ပါတယ်။

Juicy World ရဲ့ တန်းခွဲသစ်ကို မေလ ၂၂ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

ယခုလို သင်တန်းပြန်ဖွင့်တဲ့အတွက် တစ်စုံတစ်ရာ စိတ်အနှောင့်အယှက်ဖြစ်သွားတယ်ဆိုရင် ဒီနေရာကနေ တောင်းပန်စကားဆိုပါရစေ….🙏🙏🙏

သင်တန်းအသေးစိတ်အချက်အလက်များကို မကြာမီ ကြေညာပေးသွားပါမယ်။

ဒီခေတ်ကြီးထဲ သင်တန်းမဖွင့်ချင်သေးသော်လည်း သင်တန်းတက်ရောက်လိုသူ အများအပြား ဆက်သွယ်လာတဲ့အတွက် မေလထဲ ဖွင့်နိုင်အောင် ကြိုးစ...
07/05/2021

ဒီခေတ်ကြီးထဲ သင်တန်းမဖွင့်ချင်သေးသော်လည်း သင်တန်းတက်ရောက်လိုသူ အများအပြား ဆက်သွယ်လာတဲ့အတွက် မေလထဲ ဖွင့်နိုင်အောင် ကြိုးစားပေးသွားပါမယ်။

ယခင် သင်တန်း သင်ရိုးများထဲ မှ ယခု ရာသီဥတုအနေအထား၊ စျေးကွက်အနေအထားအရ အရောင်းသွက်တဲ့ menu တွေကို စနစ်တကျ ထုတ်နုတ်ပြီး Special Class တစ်ခု ဖွင့်ဖို့စီစဉ်နေပါတယ်။

သင်တန်းကြေးကိုလည်း တတ်နိုင်သလောက် လျှော့ပေးသွားမှာဖြစ်ပါတယ်။

Juicy World ရဲ့ သင်တန်းများဟာ အိမ်မှာဖျော်သောက်ရုံအတွက် သင်ပေးတာမဟုတ်ဘဲ ဆိုင်ဖွင့်နိုင်ရန် အဓိက သင်ကြားပေးခြင်းဖြစ်တဲ့အတွက် သင်တန်းတက်ရောက်သူတွေရဲ့ ဝင်ငွေတိုးပွားနိုင်ဖို့ ရည်ရွယ်ပြီး ပြန်လည်ဖွင့်လှစ်ပေးခြင်းသာဖြစ်ပါတယ်။

သင်တန်းချိန်ကို မကြာမီကြေငြာပေးသွားမှာဖြစ်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် - 09788813883 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

နှစ်သစ်ချိန်ခါမှာ စိတ်သစ်၊ လူသစ် နဲ့ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း နှင့် ရည်မှန်းချက် ပန်းတိုင်အသစ်တွေကိုလည်း ပြည့်ပြည့်...
16/04/2021

နှစ်သစ်ချိန်ခါမှာ စိတ်သစ်၊ လူသစ် နဲ့ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း နှင့် ရည်မှန်းချက် ပန်းတိုင်အသစ်တွေကိုလည်း ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်ပါစေကြောင်း Juicy World မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Address

အမှတ် (၄၅၀)၊ မြတ်သီရိလမ်း၊ ၃၇ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Yangon

Telephone

09788813883

Website

Alerts

Be the first to know and let us send you an email when Juicy World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category