26/10/2024
ပုံပါဟာသကိုနားမလည်ရင် ဒီစာကိုဖတ်ပါ။
━━━━━━━━━━━━━━━━━━━━━━
ပုံထဲမှာ ကြောင်တကောင်နဲ့ ကြက်ဖတကောင်နဲ့ ဒေါသတွေထွက်ပြီး ထချကြတော့မလို ဖြစ်နေပြီ။ အဲ့မှာ ကြက်ဖက ကြောင်ကို ‘p***y' လို့ ခေါ်တယ်။ ကြောင်က ကြက်ဖကို ‘chicken’ လို့ ခေါ်တယ်။
ဟာသလေးက ဒါလေးပဲ။ သိတဲ့အတိုင်း ‘’p***y’ ကို ‘ကြောင်’ ကိုခေါ်တာ။ ‘chicken’ ဆိုတာ ‘ကြက်’ ကိုခေါ်တာ။ ဒီတော့ ကြောင်က ကြက်ဖကို ‘’ကြက်’ လို့ခေါ်တာ၊ ကြက်က ကြောင်ကို ‘’ကြောင်’ လို့ခေါ်တာ ဘယ်မှာ ရယ်စရာ ဖြစ်နေလို့တုန်း။ မဟုတ်ဘူးလား။ ဒီလိုထင်စရာရှိတယ်။
ဒါပေမယ့် တကယ်တမ်းကျ ဒီဟာသက အနက်နှစ်ထပ်ရှိတဲ့ စကားလုံးပေါ်မှာ ကစားသွားတာ။ ဒီစကားလုံးနှစ်လုံးစလုံးမှာ ဘန်းစကားအနက်တွေရှိတယ်။ အားနည်းတဲ့သူ၊ သူရဲဘောကြောင်သူ၊ ငကြောက်လို့ ပြောတာ။ ဒီတော့ အမှန်က ဒီနှစ်ကောင်က တကောင်နဲ့တကောင် စော်ကားမော်ကားပြောနေကြတာ။ ‘ငကြောက်’ လို့ခေါ်ပြီး challenge ခေါ်နေကြတာ။ 🤣 အနက်ရင်းပေါ်မှာ ဘန်းစကားအနက်နဲ့ ဟာသလုပ်သွားတာ။
နောက်ပြီး p***y နဲ့ သတိထားရမှာ တခုရှိသေးတယ်။ နောက်ထပ်အနက်တခုပေါ့။ သူကတော့ အမျိုးသမီးတွေရဲ ယောနိကို ပြောတာ။ ဒီတော့ p***y လို့ပြောရင် တိရိစ္ဆာန်အကောင် ကြောင်ကိုပဲ ပြောတာလား၊ ငကြောက်လို့ပြောတာလား၊ တခြားဟာတခုပဲပြောတာလား ဂရုစိုက်ဖို့လိုတယ်။ ဥပမာ
- She’s got a big p***y!
- Your p***y is beautiful. Can I touch it?
စသဖြင့်ပြောရင် အနက်ကထွေပြားသွားနိုင်လို့ သတိထားသုံးရမယ့်အထဲ ပါတယ်။ မပြောတတ်ရင် ဆဲသလိုဖြစ်တတ်တယ် မဟုတ်လား။ ဟာသတွေထဲမှာတော့ ဒီလိုစကားဖန်ထိုးပြီး ပြက်လုံးတွေထုတ်တတ်ကြတယ်။
ဪ.. ဒါနဲ့ a p***y wound လို့ တွေ့ရင် မကြားဝံ့မနာသာ ‘စ~တ်နာ’ လို့လည်း မလုပ်ကြနဲ့ဦး။ ဒီနေရာမှာတော့ p***y က adj ။ သူ့အနက်က ‘ပြည်ရှိသော’ လို့ပြောတာ။ ဆိုတော့ a p***y wound ဆိုတာ 'ပြည်တွေပြည့်နေတဲ့ အနာ/ဒဏ်ရာ’ လို့ ပြောတာ။
ပြီးတော့ p***ycat လည်း အလားတူပဲ။ ဘာကြောင် ညာကြောင်ဆိုပြီး မဟုတ်တရုတ်တွေ မပြောနဲ့ဦး။ 🤣 ကြောင်နှစ်ကောင်ထပ်သုံးထားတာကလည်း ‘ကြောင်’ ကိုပြောတာပါပဲ။ ဒါပေမယ့် အဲ့အနက်အပြင် နောက်ထပ်အနက်တခုရှိသေးတယ်။ ကြင်နာတဲ့သူ၊ ဖော်ရွေတဲ့သူလို့ပြောတာ။ အထူးသဖြင့် အဲ့ဒီလိုမျိုးမထင်ရတဲ့အခြေအနေမျိုးမှာ သုံးတယ်။
ဥပမာ -
1) He is really a p***ycat. You’ll know it
when you make friends with him.
သူက တကယ်ဖော်ရွေတတ်တဲ့သူပါ။
သူနဲ့မိတ်ဖွဲပြီးရင် မင်းသိသွားလိမ့်မယ်။
2) She doesn't look friendly, but she is
really a p***ycat.
သူ့ပုံက ဖော်ရွေဟန် မရှိဘူး။ ဒါပေမယ့်
တကယ်တမ်းကျ သူက ဖော်ရွေတယ်။
အခုဆို ပုံဟာသကိုလည်း နားလည်ပြီ၊ တခြားသိစရာရှိတာတွေလည်း သိလောက်သဘောပေါက်လောက်ပြီမို့ ဒီနေ့တော့ ဒီလောက်ပါပဲ။ ဖတ်ရင်းမှတ်ရင်း ပြုံးရင်းရီရင်း အင်္ဂလိပ်စာ တိုးတက်ကြပါစေဗျာ။
[M.A. (Eng)]
Ph : 095405564
🚩
Education talks.
It gives you the power to rise up
from the flames to infinity and beyond! 🚩
━━━━━━━━━━━━━━━━━━━━━━━━━
━━━━━━━━━━━━━━━━━━━━━━━━━
26/10/2024