08/09/2020
"ကိုယ့်မြို့ရန်ကုန်ကို
ဝိုင်းကယ်ကြရအောင်လား"
မိဘပြည်သူများရှင်
အရေးကြီးလို့
သတိပေးတောင်းဆိုပါရစေ။
အဓိက လူနာအရေအတွက်ရှေ့ပြေးနေတဲ့
ကျွန်မတို့ မြို့ရွှေရန်ကုန်က
မိဘပြည်သူများ
၁။တတ်နိုင်သမျှ
အိမ်ပြင်မထွက်ဘဲနေလို့ရလျှင် အိမ်ထဲမှာနေရန်။
၂။လိုအပ်၍လမ်းထွက်တိုင်း
Mask ကို နှာခေါင်းနှင့်ပါးစပ်တို့ကိုလုံအောင်တပ်ပါ။
၃။မေးစေ့တွင်လုံးဝမချိတ်ပါနဲ့။ မေးစေ့တွင်ချိတ်ထားစဉ် နှာခေါင်း၊ပါးစပ်ပတ်ဝန်းကျင်တွင် ပိုးများကပ်နေနိုင်ခြင်း၊(သို့) အသက်ရှူစဉ်ပါသွားခြင်း၊ (သို့) မေးစေ့ကနေ အပေါ်သို့ ဆွဲအုပ်လိုက်ပါက အကယ်၍ ရောဂါပိုးရှိ နေသော ပတ်ဝန်းကျင်ဖြစ်နေပါက ရောဂါပိုးများ အလုံးလိုက်အုပ်ရှူခိုင်းသလို ဖြစ်တဲ့အတွက် အန္တရာယ်အထူးများပါတယ်။
၄။သုံးပြီးသား Mask အလွယ်တကူ လွှင့်မပစ်ပါနဲ့။
၅။Face Shield ထပ်တပ်လိုကတပ်နိုင်ပါသည်။
သို့သော် Mask မတပ်ဘဲ
Face Shield တခုတည်းတပ်၍ ရောဂါ ကူးစက်မှုကိုမကာကွယ်နိုင်ပါ။
၆။အပြင်က ပြန်လာသည်နှင့်
လက်ဆေးပါ။
အဝတ်အစားတခါတည်းဆပ်ပြာရည်စိမ်ပါ။
ရေချိုးလျှင်အကောင်းဆုံးပါ။
အသုံးပြု ပြီးMask ကို ဆပ်ပြာရည် စိမ်ထားသော
အလုံပိတ်ဗူးနှင့်အိမ်အဝင်တွင်ထား၍ စွန့်ပစ်ပါ။
၇။အပြင်ထွက်လျှင် Hand Gel ဆောင်ပါ။
၈။အိပ်ရေးဝအောင်အိပ်၍
အဟာရပြည့်ဝအောင်စားပါ။
၉။အချိန်နှင့်တပြေးညီကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သော သတင်းများကို တိကျစွာလိုက်နာပါ။
၁၀။အနည်းဆုံး ၂ ပတ်လောက် အနေအထိုင်၊ အပြုအမူ၊ အသွားအလာ
ထိန်းပေးပါ။
မိမိအသိစိတ်ဖြင့်
Semi Lock Down လုပ်ပါ။
၁၁။မိမိ စားဝတ်နေရေးအတွက် အပြင်ထွက်
စီးပွားရှာရင်း၊ အိမ်သို့ ရောဂါပိုးများ ပြန်သယ်မသွားဖို့သည်တစ်ဦးစီ၏လိုက်နာထိန်းသိမ်းရမည့် ကျင့်ဝတ်ဖြစ်ပါသည်။
၁၂။ဆေးရုံတွေမှာ
အနံ့မရ၊ အရသာမရှိ၊ဖျား၍
ရောက်ရှိလာသော လူနာအရေအတွက်
Suspected Case တွေ များပြားလာနေတာမို့
မိဘပြည်သူ မည်သူတစ်ဦးတစ်ယောက်ကို မျှ
အစွန်းအထင်း
အပွန်း အပဲ့ မခံလိုသဖြင့်
မိမိ မဆင်ခြင်မိတဲ့ခဏတွင်
အိမ်က ဘိုးဘိုးဖွားဖွား
နာတာရှည်လူနာများ
သားငယ်၊သမီးငယ်များကို
မထိခိုက်စေပါရန်
အားလုံးစောင့်ထိမ်း
လိုက်နာပေးကြပါလို့
မေတ္တာထားသတိပေးပါရစေ
Dr.ဝင်းသန္တာဖြူ
ဆေးရုံအုပ်
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး