31/01/2026
SU Educational Services - S.E.S
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SU Educational Services - S.E.S, Education, Shweyinaye Pagoda Road, 18 Quarter, Hlaingtharyar, Yangon.
31/01/2026
31/01/2026
မြန်မာနိုင်ငံ ပညာရေးရဲ့ အဓိက ပြဿနာက လူမတော်လို့ မဟုတ်ပါဘူး — “စနစ်” ကြောင့်ပါ။ ယနေ့အချိန်အထိ သင်ကြားပုံက မှတ်သားမှုအခြေပြု (rote learning) ပဲ ဖြစ်နေပါတယ်။
မေးခွန်းမေးတတ်အောင် လေ့ကျင့်မပေးဘူး။ အငြင်းအခုံ၊ ဆွေးနွေးခြင်းတွေကို “မလုပ်ရဘူး” လို့ သဘောထားတတ်ကြပါတယ်။
ဒါရဲ့ အကျိုးဆက်က စာတတ်ပေမယ့် မစဉ်းစားတတ်၊ ဘွဲ့ရှိပေမယ့် ပြဿနာ မဖြေရှင်းတတ်တဲ့ လူတန်းစား ပေါ်လာတာပါ။
ဆရာ/ဆရာမတွေလည်း စနစ်ရဲ့ သားကောင်တွေပါ။ ဆရာ/ဆရာမ အချို့မှာ အရည်အချင်း မရှိလို့ မဟုတ်ပါဘူး။ လစာနည်းခြင်း၊ အပိုအလုပ်များခြင်း၊ သင်ချင်သလို သင်ခွင့်မရနိုင်ခြင်းကြောင့် အင်အားမပြည့်တဲ့ သင်ကြားမှု ဖြစ်လာတတ်ပါတယ်။
“အမှတ်ကောင်းရင် အောင်မြင်ပြီ” ဆိုတဲ့ အယူအဆကြောင့် စာမေးပွဲအောင်ရင် ပညာတတ်ပြီလို့ ယူဆတဲ့ စနစ်ကြောင့်
မိဘတွေက အမှတ်ကိုပဲ အရေးထားလာကြပြီး ကလေးတွေကလည်း အမှတ်ရဖို့အတွက်ပဲ သင် နေရပါတယ်။
လူဘဝအတွက် အရေးကြီးတဲ့စဉ်းစားနိုင်စွမ်း၊ ကိုယ်ပိုင်အမြင် ဖော်ပြနိုင်မှု၊ စိတ်ခံစားချက် ထိန်းချုပ်နိုင်မှုတွေကို ပညာရေးထဲမှာ သင်ကြားမပေးနိုင်ပါဘူး။ ဒါကြောင့် လူကြီးဘဝရောက်လာတဲ့အခါ ဆုံးဖြတ်ချက် မခိုင်မာ၊ သူများပြောသမျှ အလွယ်ယုံတဲ့ လူတွေ ဖြစ်လာတတ်ပါတယ်။
ပညာရေးဟာ သီးသန့်မရပ်တည်နိုင်ပါဘူး။ စီးပွားရေး ကျပ်တည်းမှုကြောင့်
မိဘတွေမှာ ငွေရှာရတဲ့ ဖိအားများပြီး
ကလေးရဲ့ ပညာရေးကို သေချာစောင့်ရှောက်ဖို့ ခက်ခဲလာပါတယ်။
ဒီနေရာကနေ ပညာရေး နောက်ကျကျန်ခဲ့ရတာပါ။
နိုင်ငံရေး မတည်ငြိမ်ရင် ပညာရေးလည်း မတည်ငြိမ်နိုင်ပါဘူး။ လွတ်လပ်စွာ စဉ်းစားခွင့် မရှိတဲ့ ပညာရေးဟာ
ဒီတိုင်းပဲ လည်ပတ်နေပြီး တိုးတက်မလာနိုင်ပါဘူး။ အကြီးဆုံးပြဿနာက “စာမတတ်တာ” မဟုတ်ပါဘူး။ “စဉ်းစားခွင့် မရှိတာ” ပါ။
အထက်တန်းကနေ တက္ကသိုလ်အထိ
လက်တွေ့မပါတဲ့ ပညာရေး ဖြစ်နေတာက အဓိက ပြဿနာပါ။ စာအုပ်ထဲက စာကိုပဲ သင်ခဲ့ရပြီး လက်တွေ့ စမ်းသပ်ခန်း၊ Field work၊ Problem-solving၊ Project-based learning
(စီမံကိန်းအခြေပြု သင်ကြားမှု) တွေကိုလုံလုံလောက်လောက် မရကြပါဘူး။
ဒါကြောင့် စာကို သိပေမယ့် အသုံးချဖို့ အခွင့်မရတဲ့ ဘွဲ့ရတွေ ဖြစ်လာကြပါတယ်။ အဆိုးဆုံး Cycle (အရေးကြီးဆုံး)က လက်တွေ့မပါတဲ့ ပညာရေးကြောင့် လက်တွေ့မကျတဲ့ ဘွဲ့ရတွေ ပေါ်လာတယ်။ အဲဒီဘွဲ့ရတွေထဲက
လက်တွေ့မသင်နိုင်တဲ့ ဆရာတွေ ဖြစ်လာတယ်။ နောက်မျိုးဆက်ကိုလည်း
လက်တွေ့မပါတဲ့ ပညာပဲ ပြန်သင်ပေးပါတယ်။ ဒီစက်ဝန်းကို စနစ်မပြောင်းမချင်း မပြတ်နိုင်ပါဘူး။
PhD & Shadow Thesis ပြဿနာမှာ
PhD ဆိုတာ အသိပညာအသစ် တစ်ခု ဖန်တီးနိုင်ရမယ့် အဆင့်ပါ။ Research question ထုတ်နိုင်ရမယ့် အဆင့်ပါ။
ဒါပေမယ့် shadow thesis ကို ငွေပေးပြီး ဝယ်လို့ရနေတာက Individual ethics ပျက်တာ မဟုတ်ဘဲ Academic integrity စနစ် ပျက်နေခြင်း ကို ပြနေပါတယ်။
နောက်ဆုံး အရေးကြီးဆုံးအချက်က
မြန်မာပညာရေးရဲ့ ပြဿနာက လူတွေ မတော်လို့ မဟုတ်ပါဘူး။ စဉ်းစားဖို့ မလိုတဲ့ စနစ်ထဲမှာ ရှင်သန်ခိုင်းထားလို့ပါ။
ဒါပေမယ့် မြန်မာလူငယ်တွေမှာ ဉာဏ်ရည် မနည်းပါဘူး။ Online learning, self-study, community learning တွေနဲ့ စနစ်မကောင်းပေမယ့် ကိုယ့်ဘာသာကိုယ် ကြိုးစားနေသူတွေ ရှိနေပါတယ်။
ပညာရေးစနစ် ပျက်နေလည်း ပညာရေးကို မပျောက်ပျက်အောင် ဆွဲကိုင်ထားနိုင်တဲ့ လူတွေ ရှိနေသေးပါတယ်။
မေးခွန်းမမေးတတ်အောင် ကြီးပြင်းလာတဲ့ လူငယ်တွေကို “ဘာကြောင့် မမေးလဲ” လို့ မေးခြင်းက တရားမျှတမှု မရှိပါဘူး။
Crd
26/12/2025
🌲🌲🌲
30/10/2025
#မူကြိုဆရာမ ထပ်မံခေါ်ယူခြင်း...
#အမြန်အလိုရှိသည်
#အထက်တန်းအောင်
08/10/2025
😁 Teeth က စပြီး...
❤️❤️ Good Habits 👍👍👍တွေ အကြောင်း...ပြောပြ...
🪥🪥🪥 Brush your teeth song ဆိုပြီး အဆုံးသတ်...
💚💚💚💚
07/10/2025
ကလေးတွေအတွက် အဝစား ပါဆယ်ပါဆွဲ...
#ကြာဇံချက်
05/10/2025
ကမ္ဘာ့ ဆရာများနေ့မှာ သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို ရိုသေစွာ ကန်တော့အပ်ပါသည်🙏🙏🙏
03/10/2025
သီတင်းကျွတ်ပွဲတော်...🎉🎉🎉
🎇🎆🧨သူတို့လေးတွေပျော် ❣️❣️❣️
29/09/2025
ကလေးများအား ဒီနေ့ ကျွေးဖြစ်တာလေး...
အားပါးတရစားပေးကြလို့ ကျေးဇူးပါ ကလေးတို့ရေ❤️❤️❤️
Click here to claim your Sponsored Listing.
Location
Category
Website
Address
Shweyinaye Pagoda Road, 18 Quarter, Hlaingtharyar
Yangon
YANGON