COLOURS School

COLOURS School For Your Child's Better Future

New Year Wish Art and Craft
01/01/2026

New Year Wish Art and Craft

New Year Wish Art and Craft.
01/01/2026

New Year Wish Art and Craft.

01/01/2026

Happy New Year 2026

23/12/2025

X'mas 2025 &
MERRY CHRISTMAS & HAPPY NEW YEAR

X-mas party 2025WISH YOU MERRY CHRISTMAS & HAPPY NEW YEAR!
23/12/2025

X-mas party 2025

WISH YOU MERRY CHRISTMAS & HAPPY NEW YEAR!

01/12/2025

ဒီရက်ပိုင်း ကလေးတွေမှာ အတွေ့ရများတဲ့ပါးစပ်ထဲကအနာလေးတွေအကြောင်းရေးမယ်လို့စဉ်းစားထားတာကြာပါပြီမအားတာရယ် ကလေးအတွက်အချိန်ပေးနေတာရယ်နဲ့မရေးဖြစ်ဘူး တိုက်တွန်းတဲ့မေမေတစ်ယောက်ကြောင့်ကြိုးစားပြီးရေးလိုက်ပါတယ် လိုအပ်ချက်လေးတွေရှိခဲ့ရင်လဲနားလည်ပေးကြပါ
ကျောင်းဖွင့်ခါစရက်ဖြစ်တော့KGတန်းစတက်ကြတဲ့ကလေးတွေရှိသလို မူကြိုစထားကြတယ်ဆိုတဲ့ကလေးတွေလဲရှိပါတယ်
အဲ့ဒီအချိန်မှာ ကျွန်မတို့မေမေတွေသိပ်သတိမထားမိတာက သားသားတို့မီးမီးတို့ရဲ့စိတ်ဖိစီးမှု ကိုပါ
အိမ်မှာနေနေကျကလေးဟာကျောင်းဆိုတဲ့ပတ်ဝန်းကျင်အသစ်ကိုသွားရတော့မယ်ဆိုတဲ့အခါ ဒါမှမဟုတ် မူကြိုကနေ ကျောင်းကြီးကို တက်ရတော့မယ်ဆိုတဲ့အခါစိတ်လှုပ်ရှားမှုဖြစ်တတ်သလို တချို့ကလေးတွေမှာကြောက်ရွံ့စိတ်ကြောင့်စိတ်ဖိစီးမှုတွေရှိလာတတ်ပါတယ် အဲ့ဒီအတွက်စိတ်ဖိစီးမှုကို ကာကွယ်ဖို့အတွက် မေမေတို့အနေနဲ့ ကလေးကို မူကြို/ကျောင်းဟာ အိမ်မှာလိုပဲလုံခြုံမှုပေးနိုင်တယ်ဆိုတာရယ် ဆရာမတွေဟာမေမေလိုပဲချစ်ခင်ကြင်နာမှုပေးနိုင်တယ်ယုံကြည်စိတ်ချလို့ရတယ်ဆိုတာ ပြောပြထားဖို့လိုတယ် (ကလေးကို အားပေးပါ)
ထားမဲ့မူကြို /ကျောင်းတို့ကိုတော့ကြိုတင်လေ့လာထားဖို့လိုပါတယ်
စိတ်ဖိစီးမှုဒဏ်ကို ကာကွယ်ဖို့ ဒါ့အပြင်ဒီလိုရာသီဥတုမှာဖြစ်လေ့ရှိတဲ့တုန်ကွေးရောဂါကို ခံနိုင်ရည်ရှိဖို့
Vitamin C များများပါတဲ့အစားအစာတွေကျွေးဖို့လိုပါတယ်
လိုအပ်ရင်Vitamin Cပါတဲ့အားဆေးတိုက်ဖို့လိုပါမယ်
ဥပမာ Enervon C kidzလိုမျိုးပေါ့
အကယ်၍ကလေးဟာစိုးရိမ်ပူပန်စိတ်တွေများနေခဲ့တယ်ဆိုရင်တော့ ပါးစပ်ထဲမှာအနာကလေးတွေထွက်လာတတ်ပါတယ် အဲ့ဒီအနာလေးတွေကို Apthous Ulcer (stress ulcer)လို့ခေါ်ပါတယ်
အနာလေးတွေဟာ တခုထဲလဲဖြစ်နိုင်သလို
အများကြီးလဲဖြစ်နိုင်ပါတယ်
အနာရှိန်ကြောင့်ကလေးဟာအစားအသောက်ပျက်လာနိုင်ပါတယ် ဂျီကျတာတွေဖြစ်လာနိုင်ပါတယ်
အနာသက်သာအောင်paracetamolအရည်တိုက်ပေးနိုင်ပါတယ် အဲ့ဒီနောက်မှာတော့ သွားဆရာဝန်ထံပြသပြီးလိုအပ်တဲ့ကုသမှုကိုခံယူဖို့လိုပါတယ် သွားဆရာဝန်ဆီကို သွားပြတဲ့အခါမှာလဲ သားသားမီးမီးတို့အနာသက်သာအောင်ဆရာဝန်က ပြုလုပ်ပေးမှာမို့ကြောက်စရာမလိုကြောင်းကြိုပြောပြထားပေးပါ
ကလေးကိုလဲအိပ်ရေးဝအောင်အိပ်စေဖို့လိုပါတယ် ပါးစပ်အနာကြောင့် အစာစားဖို့ငြင်းဆန်နေတတ်ပါတယ် အစာပျော့ပျော့လေးတွေဆိုရင်တော့ အဆင်ပြေပါလိမ့်မယ် အပူအစပ်တွေနဲ့ဆိုဒါပါတဲ့ အချိုရည်တွေဟာနာကျင်မှုကို ပိုဆိုးစေတာကြောင့် ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်
သားသားမီးမီးတို့ပျော်ရွှင်စွာကျောင်းတက်နိုင်ကြပါစေ

Credit

18/11/2025

#၇နှစ်မပြည့်တဲ့ကလေးတွေကိုလိမ်ပြောတယ်လို့ မသတ်မှတ်သင့်ဘူးဆိုပြီး
ကလေးဆရာဝန်တွေက အဆိုရှိပါတယ်
😊😊ကလေးက ဘာကြောင့်လိမ်ပြောရတာလဲ အပြစ်တင်ခံရဖူးလို့ပါ အိမ်ကလူကြီးတွေ က လိမ်ပြောတတ်လို့ ကလေးလိမ်ပြောရတယ်
😊😊ဆိုလိုတာက ထမင်းကုန်အောင်စားရင် အရုပ်ဝယ်ပေးမယ် ထမင်းကုန်အောင်စားတယ် ဒါပေမဲ့ ပြောပြထားသလို ဝယ်မပေးဘူး
😌😌လူကြီးမိဘက ရေချိုးမယ် ကလေးကပတ်ပြေးနေလို့ အပြင်ကိုလည်လည်ခေါ်သွားမယ် ရေချိုးရင် ဒါပေမဲ့ ချိုးပြီး အပြင်ခေါ်မထွက်ဘူး ဒါကြောင့် ကလေးလည်း
ဖြစ်လာတဲ့အခြေနေပေါ်မူတည်ပြီး အဆင်ပြေသလိုနေလိုက်တာမျိုး
😌😌အပြစ်တင်ခံရမှာကြောက်လို့ အမှန်တိုင်းမပြောတော့ဘူး
😄😄ပြသနာဖြစ်မယ်လို့ မတွေးတတ်တော့ ပုံမှန်နေတယ်လို့ပဲသတ်မှတ်ပြီး နေလိုက်တော့တာပါ
😍😍အသေးအဖွဲကအစ ဂတိတည်ပေးပါ မဖြစ်နိုင်တာကို ကလေးရှေ့ မပြောသင့်ပါဘူး ဖြစ်နိုင်တာကို ပဲ တိတိကျကျပြောပေးပါ
😊😊၂နှစ်အရွယ်ကစလို့ ရေဖိတ်ကျတယ် အမေကဆူတယ် အပြစ်တင်တယ် အဲဒါတွေကို ကလေးကကြိုသိနေတဲ့အခါ ရေဖိတ်ကျအောင် လုပ်တဲ့သူက သူမဟုတ်ဘူးလို့ ငြင်းမိပါလိမ့်မယ်
😊😊ဖြစ်နေတဲ့အခြေနေကို အမှန်အတိုင်း မပြောတာလောက်ပါပဲ လိမ်ပြောတယ်လို့ မသတ်မှတ်သင့်ပါဘူး
😍😍မေမေကပါးနပ်စွာ သမီးရေယူဖိတ်တာဟုတ်လား ဒါဆိုရင်တော့ သမီးလမ်းလျောက်ရင် ခြေချော်လဲနိုင်တယ် ဒါကြောင့် မေမေနဲ့သမီး ခြောက်အောင်ကူသုတ်ကြမယ်
ဆိုပြီး ပြောလို့ရသလို
😍😍သမီးရေယူဖိတ်တာကို မေမေသိနေတယ် ဒါကြောင့် ရေခြောက်သွားအောင် ဘယ်လိုလုပ်သင့်လဲ ဆိုပြီး ကလေးတွေးခေါ်တတ် ပြသနာကို မိဘက အတူဖြေရှင်းပြနိုင်တယ်ဆိုတဲ့ သက်သေကိုပြပါ
တစ်ခုခု ကွဲတာပဲဖစ်ဖြစ် နို့ဖိတ်တာ အစားဖိတ်တာကို အပြစ်မတင်ပါနဲ့
ဖြစ်လာတာကို မေမေနဲ့အတူဖြေရှင်းမယ် မေမေဝမ်းသာတယ် သားက အမှန်တိုင်းပြောပြတာကို လို့ အစချီပြီး ချီးကျူးပေးပါ
အမေက ကလေးအမှားလုပ်မိတဲ့အခါ သတိရှိပေးပြီး ဒေါသနဲ့ မဖြေရှင်းပဲ စိတ်အေးအေး ဖြေရှင်းပေးရင် ကလေးက အမှန်တိုင်း ပြောတတ်ဖို့ လမ်းပြနိုင်တဲ့မိဘကို စံပြယူမှာပါ
သားသမီးတွေက မိဘတွေရဲ့ Reaction ကိုပဲ ကြည့်ပြီး အတုယူနေတာမို့ စိတ်ရှည်ပေးနိုင်ရင် စိတ်ရှည်ပေးတဲ့ကောင်းကျိုးကို မိဘတွေ ခံစားရမှာဖြစ်သလို ဒေါသထွက်ပြရင်လည်း ဆိုးကျိုးကို ရင်ဆိုင်ရမယ်ဆိုတာ အရမ်းသေခြာပါတယ်
ဒါကြောင့် ၇ နှစ်အောက်ကလေးရှေ့မှာ စကားပြောရင် ရတာကို ရအောင်လုပ်ပေးပါ မရတာက်ို ပြတ်သားပေးပါ ဂတိတည်ပေးဖို့ အကြံပြု တိုက်တွန်း လိုက်ပါရစေ

Credit

Address

No. 50, Shwe Taung Tan Street, Lanmadaw Township
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00

Telephone

+959454560011

Website

Alerts

Be the first to know and let us send you an email when COLOURS School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to COLOURS School:

Shortcuts

Share