Cho Zin Wint

Cho Zin Wint

Share

Building omnichannel eCommerce Apps and teaching PMP!
💙 💛

30/03/2026

Sydney Opera House တည်ဆောက်ခဲ့ခြင်းရဲ့ "Anomaly" (ပုံမှန်မဟုတ်တဲ့ ထူးခြားဖြစ်စဉ်) ဟာ Project Management လောကမှာ "Classical Failure" နဲ့ "Iconic Success" ကြားက ကွာဟချက်ကို လေ့လာရာမှာ စဉ်းစားစရာတွေ အများကြီးပေးခဲ့တဲ့ သာဓကကောင်းတစ်ခုပါ။

ဒီ Sydney Opera House ကို တည်ဆောက်ဖို့အတွက် မူလခန့်မှန်းခြေ AU$ 7 Million လျာထားခဲ့ပေမဲ့ တကယ်ပြီးသွားတဲ့အခါ AU$ 102 Million အထိ ကုန်ကျသွားခဲ့ပါတယ်။ ဒါဟာ 1,400% ကျော် Over budget ဖြစ်သွားခဲ့တာပါ။

Budget ပိုသွားသလိုပဲ Project Timeline အရ ကြည့်ပြန်ရင်လည်း ၁၉၅၉ ခုနှစ်မှာ စတင်ခဲ့ပြီး ၁၉၆၃ မှာ အပြီးသတ်ဖို့ မှန်းထားခဲ့ပေမဲ့၊ တကယ်တမ်း ၁၉၇၃ ခုနှစ်ကျမှ ပြီးစီးခဲ့တာပါ။ Project က ၁၀ နှစ်တိတိ နောက်ကျခဲ့တာမျိုးဆိုတော့

ဒါကို Project Failure ဖြစ်သွားပြီလို့ ပြောလို့ရတာပေါ့နော်။

ဒါပေမဲ့ သူ့ရဲ့ Value Realization ကို ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့...
✔️ Sydney Opera House ဟာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သွားခဲ့တယ်။
✔️ သြစတြေးလျနိုင်ငံရဲ့ လူသိအများဆုံး Landmark ကြီး ဖြစ်လာခဲ့တယ်။
✔️ တစ်နှစ်ကို လာရောက်လည်ပတ်သူပေါင်း ၁၀.၉ သန်းအထိ ရှိလာခဲ့တယ်။

ဒါဆိုရင် ဒီ Project ကို အောင်မြင်တယ်ပြောမလား၊ ရှုံးနိမ့်တယ် (Fail ဖြစ်တယ်) လို့ ပြောကြမလား❔

ဒီ Project ဟာ Time နဲ့ Cost မှာ Fail ဖြစ်ခဲ့ပေမဲ့ ရေရှည်တန်ဖိုး (Value) မှာတော့ အကြီးအကျယ် အောင်မြင်သွားတာကို တွေ့ရမှာပါ။ ဆိုလိုတာက Process Failure ဖြစ်ခဲ့ပေမဲ့ Value Success တော့ ဖြစ်သွားခဲ့ပါတယ်။

အရင်က Project တစ်ခုကို "On time, Within budget, Within scope" ဆိုတဲ့ Triple Constraint (Iron Triangle) နဲ့ပဲ တိုင်းတာခဲ့ပေမဲ့၊ PMI က ထွက်ရှိထားတဲ့ PMBOK 8th Edition မှာတော့ Value Delivery System ကို ပိုပြီး ဦးစားပေးလာပါတယ်။

ခေတ်သစ် Project Manager တစ်ဦးဟာ Project တစ်ခုလုပ်တဲ့အခါမှာ "Project တစ်ခုဟာ သတ်မှတ်ထားတဲ့ အချိန်နဲ့ ငွေကြေးအတွင်းမှာ ပြီးစီးသွားပေမဲ့ ဘယ်သူမှ အသုံးမပြုဘူး၊ တန်ဖိုးမရှိဘူးဆိုရင် အဲဒါဟာ ရှုံးနိမ့်မှုပါပဲ။ Project ပြီးသွားတာက ပန်းတိုင်မဟုတ်ဘဲ ဒီ Project ကနေ ရရှိမယ့် စီးပွားရေးအကျိုးကျေးဇူး၊ လူမှုအသိုက်အဝန်းအကျိုးကျေးဇူးတွေကသာလျှင် ပန်းတိုင်အစစ်အမှန်" ဆိုတဲ့ Mindset ဖြင့် Project များကို အောင်မြင်အောင် စီစဉ်ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။

🟪🟪🟪🟪🟪
Cho Zin Wint
(30th March 2026)
PMP Coach

20/11/2025

တစ်ရက်.. ကျွန်မအလုပ်ကိစ္စတွေရှုပ်နေတုန်း
ညီမတစ်ယောက်ရဲ့ Messages တွေ
အစောင်(၂၀)လောက် တောက်လျှောက်ကို ဝင်လာပါတယ်…။

သူက တော်ရုံဆို messages ပို့တဲ့သူမဟုတ်..
သူ့ ပို့တာတွေ ဖတ်အပြီး သူအနေနဲ့
လုပ်ငန်းခွင်မှာ Trauma အကြီးကြီး
ရနေတာသိလိုက်ရချိန်မှာ..
ကျွန်မ အနေနဲ့ စဉ်းစားစရာတွေ
တန်းစီပေါ်လာခဲ့တာပါပဲ။

ဒီညီမရဲ့ message ထဲမှာ..
"အစ်မ... ညီမရဲ့ အထက်လူကြီးကလေ..
ရုံးချိန်အတွင်း သူ့ရဲ့ Personal ကိစ္စတွေ
လုပ်ခိုင်းတယ်။ညီမတို့ မီတင်တတ်တိုင်းလည်း
မီတင်ခန်းထဲအထိ သူ့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို
ညီမကို သယ်ခိုင်းပါတယ်။နောက်ပြီး…"

အခြား မခိုင်းသင့်တဲ့ Personal ကိစ္စတွေပါ
ခိုင်းတာမျိုးရှိသေးတယ်ဆိုပေမယ့်
အသေးစိတ် မဖော်သင့်တာလည်းဖြစ်…
မဖော်ပြလည်း ဒီဆောင်းပါးလေးက
အသက်ဝင်နေပါပြီလို့ ယူဆပါတယ်။

ဒီညီမကို အဲ့လိုတွေ အကူအညီတောင်းတိုင်းမှာ..
သူက လုံးဝမငြင်းခဲ့ဘဲ အမြဲတမ်း
စနစ်တကျ လုပ်ပေးခဲ့ပါတယ်သူက ထပ်ပြောပါတယ်။

"ညီမက မငြင်းရက်ခဲ့ဘူးအစ်မ။
စားဝတ်နေရေးအတွက် အလုပ်လုပ်တာဆိုတော့လေ။
ငြင်းလိုက်ရင်လည်း အလုပ်လုပ်ရတာ
အဆင်မပြေတော့မှာ ဆိုးတာမျိုး။
ကိုယ်ကို လိုလို့ ခိုင်းတာလား၊
တမင်ခိုင်းတာလားလည်း မသိတော့ဘူး
ဘာခိုင်းခိုင်း လုပ်ပေးရင်းကနေ ငြင်းမရတော့တာ”

တစ်နာရီကျော်ကြာလောက် သူက ရင်ဖွင့်တယ်။
သူပြောတာတွေကို သေချာနားထောင်ပြီး မေးတော့...
သူ့ကို ခိုင်းတဲ့ကိစ္စတိုင်းမှာ တဖက်သူက
ပေါ့ပေါ့ပါးပါး နဲ့ ချိုချိုသာသာ ခိုင်းခဲ့တာပါ။

တချို့အရာတွေ Personal ကိစ္စကို
ခိုင်းခဲ့တယ်ဆိုပေမယ့် Request လုပ်သလိုမျိုး ပြောခဲ့တော့...
အထက်လူကြီးအနေနဲ့ ကလည်း ငါ့ဘက်က Respect ထားပြီး
Personal ကိစ္စခိုင်းတာပဲ.. သူအဆင်ပြေမှာပေါ့
ဆိုတာမျိုး ရှိပုံပေါ်ပါတယ်။

ဒီညီမ ကလည်း.. “ဟုတ်ကဲ့ အစ်မ။
ရပါတယ်.. လုပ်ပေးထားပါမယ်” ဆိုတာမျိုးနဲ့
ပြန်ဖြေခဲ့တာမျိုးပေမယ့်…
စိတ်ပိုင်းဆိုင်ရာ တော်တော် အဆင်မပြေနေခဲ့ပါဘူး။

နောက်ဆုံးအနေနဲ့ ဒီညီမလေး
ရင်ဖွင့်လာတဲ့ စကားတစ်ခွန်းကြောင့်
ဒီညီမလေးက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ
Trauma တွေကို ဘယ်လို ကုစားမလဲဆိုတာကို
သိလိုက်ရလို့.. ကျွန်မ အနေနဲ့ စိတ်သက်သာရာ
ရခဲ့ပါတယ်...။

“အစ်မရယ်.. ညီမက အောက်ခြေက
တက်လာခဲ့တာဆိုတော့ နောင်တစ်ချိန်
ကိုယ်အမြင့်ရောက်လို့
ခေါင်းဆောင် တစ်ယောက်ဖြစ်လာရင်
ကိုယ့်လက်အောက်အောက်ငယ်သားတွေ အပေါ်‌
ဘယ်တော့မှာ အဲ့လိုမျိုး မလုပ်ဘူး။
အခု အစ်မကို ရင်ဖွင့်ပြောပြတာကလည်း…
အစ်မ Train ပေးနေတဲ့ Manager တွေကို
ညီမတို့လို နေရာကနေ ခံစားရတာတွေကို
ပြောပြစေချင်လို့ပါ” တဲ့..

ဒီမှာ ကျွန်မတို့ခေါင်းဆောင်ပိုင်းတွေ ဆင်ခြင်စရာရှိတာက..
ကိုယ့်လက်အောက်ငယ်သားတွေက မငြင်းဘူးဆိုတိုင်း..
ကိုယ်ဖက်က နူးနူးညံ့ညံ့ Requestလုပ်နေတိုင်း…
သူတို့က မငြင်းဘဲ သေချာ လုပ်ပေးနေတယ် ဆိုတိုင်းမှာ
သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်ပြေနေသလား ဆိုတာကို
ကျွန်မတို့ နားလည်သင့်ပါပြီ။

Personal ကိစ္စနှင့်ပတ်သတ်ပြီး ဆောင်ရန် ရှောင်ရန်တွေ
ဆက်ရေးချင်ပေမယ့် စာရှည်သွားမှာက တစ်ကြောင်း..
စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း သိချင်တာမျိုးဖြစ်တော့..

နောက်ဆုံးအနေနဲ့ ပြောချင်တာက..
လုပ်ငန်းခွင်မှာ တချို့ Personal ကိစ္စတွေက
ရုံးနှင့် သက်ဆိုင်လို့ ခိုင်းတာပဲရှောင်လွဲလို့မှ မရတာ..ဆိုတာမျိုး
ကိုယ့်ဘက်က Excuse တွေ ရှိခဲ့ရင်တောင်
လုံးဝ မလုပ်ခိုင်းခြင်းဖြင့်..

အတတ်နိုင်ဆုံး ဆင်ခြင်နိုင်ကြမည့် မန်နေဂျာ၊
ခေါင်းဆောင်များဖြစ်အောင်ကြိုးစားရင်း
Healthy Working Environment ဖြစ်အောင်
ကျွန်မတို့အတူတူ တည်ဆောက်သွားကြပါစို့လားရှင်။

𝗖𝗵𝗼 𝗭𝗶𝗻 𝗪𝗶𝗻𝘁 (PMP Coach)

👩‍🏫 November လထဲမှာ 𝑷𝑴𝑷 𝑬𝒙𝒂𝒎 𝑷𝒓𝒆𝒑 𝑪𝒐𝒖𝒓𝒔𝒆 Batch 14 ဖွင့်လှစ်ထားပြီး 𝙊𝙣𝙚 𝙤𝙣 𝙊𝙣𝙚 𝘾𝙤𝙖𝙘𝙝 ကိုတော့ တစ်လ တစ်ယောက် သင်ကြားပေးနေပါသည်။

💎 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗿 တစ်ဦး ရဲ့ 𝗰𝗮𝗿𝗲𝗲𝗿 မှာ 𝗣𝗠𝗣 𝗰𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ရှိမှ ပြည့်စုံမှာပါ။ 💎

11/11/2025

အခုနောက်ပိုင်း
လုပ်ငန်းခွင် အသီးသီးမှ ခေါင်းဆောင်တွေ
Manager အလျောင်းအလျာတွေနဲ့
စကားပြောဖြစ်တိုင်း သူတို့ ကြုံရတဲ့ ပြဿနာတွေက
ဘူနေကြတဲ့ အထက်လူကြီးကိစ္စတွေ ဖြစ်နေတတ်တယ်။

Oversea မှာ အလုပ်လုပ်နေတဲ့
အသိညီမ တစ်ယောက် ဆို…
“မမ.. မန်နေဂျာတွေကို
Stress Releasing technique တွေပါ
ထည့်ရှင်းပြပေးပါလား?
အနာဂတ် မန်နေဂျာ အလောင်းလျာတွေက
ဒါတွေ သေချာ ကိုင်တွယ်သွားနိုင်ရင်..
Entire Teams/Organization အတွက်ပါ
အကျိုးရှိတာမလို့ပါ။”
“ဘူနေတဲ့ မန်နေဂျာ တွေက Teams အတွက်
အဆိပ်ပင်ပဲမလို့လေ…🥺” တဲ့။

ဘူနေတဲ့ မန်နေဂျာတွေကလေ…
သူတို့ကို ဘာလုပ်ပေး လုပ်ပေး..
Appreciation ပေးတာမျိုး..
ကျေနပ်သွားတာမျိုးမရှိဘူး..
ဘာအလုပ်ပဲလုပ်လုပ် သူပြောတဲ့ နည်း အတိုင်း
လိုက်လုပ်မှ ကြိုက်တဲ့သူမျိုးဆိုတော့…
ကြာတော့ သူနဲ့ အလုပ်လုပ်ရတဲ့သူက
ပင်ပန်းလာတတ်တယ်။

ကိစ္စတခုရှင်းပြရင်လည်း
သေချာ အချိန်ပေးရှင်းပြတာမျိုး မရှိ..
Active Listening မလုပ်ကြဘဲ…
ကိုယ်မှားခဲ့ရင်တော့.. Blameမယ်။
Workload တွေများနေလည်း
Results အမြန်ရဖို့ Demand လုပ်တတ်တာမျိုး..

တစ်ခါတစ်လေမှာ.. ကိစ္စတစ်ခုကို
မပြီးနိုင်မစည်းနိုင် ပြောနေတတ်တာမျိုး..
အခြားသူတွေရဲ့ Opinions ကို
Respect ထားတာမျိုးလည်းမရှိတော့..

အဲ့လိုလူတွေ နဲ့ အလုပ်လုပ်ရတဲ့အခါတွေဆို
လူက energy drain နေရတာမျိုးပေါ့..။

ဒီလို အပြုအမှုတွေက "Professional မဆန်ဘူး"လို့တောင် ပြောလို့ရတယ်။

ဒီလို မန်နေဂျာနဲ့ မဖြစ်မနေ အလုပ်တွဲလုပ်ရတဲ့အခါ..
ကိုယ့်ဘက်က ပိုပြီးရင့်ကျက်ပြလိုက်ပါ..
သူတို့ကိုယ်တိုင်ကလည်း
Insecure ဖြစ်နေတာမျိုးလည်းဖြစ်တတ်တော့..
သူတို့ပုံစံအတိုင်း ပြန်လည် တုံပြန်မယ့် အစားတည်ငြိမ်စွာနေပေးလိုက်ပါ..။

Project Deadlinesတွေနှင့် ပတ်သတ်ပြီးတော့လည်း
သူတို့ကို တိကျသေချာတဲ့ Results ပေးနိုင်ဖို့..
ကိုယ့်ဖက်က Well Prepared လုပ်ထားတာမျိုး.. Organized ဖြစ်နေတာမျိုး..
နောက်ပြီး သူတို့ အကြိုက်တွေကဘာလဲ..?
အလုပ်လုပ်တဲ့အခါ Speed မြန်တာမျိုး
ကြိုက်တာလား..? Perfection လိုချင်တာလား..?

ဒါမှမဟုတ် သူတို့ စကားကို နာခံစေချင်တာလား..?
သူတို့ကို Report တင်တဲ့အခါမှာလည်း..
Brief Summary လား..? Details Reports ကြိုက်တာမျိုးလားပေါ့..

ဒါတွေကို အရင် ခွဲခြမ်း စိတ်ဖြာပြီး
နားလည်အောင်အရင်လုပ်ပါ။

သူတို့အကြိုက် အတိုင်း လိုက်ပြီး
လုပ်ပေးရတာမျိုးလည်း ရှိမယ်။
အရေးကြီးတဲ့ တစ်ချက်က…
သူတို့ဆီက Negative energy တွေက ကိုယ့်ကို လှောင်စေတာမျိုး မဖြစ်ဖို့ နဲ့..
ကိုယ့်ကို နားလည်ပေးနိုင်မည့် လုပ်ငန်းခွင်မှ
အခြားအထက်လူကြီးဆီက
Consultation ယူတာတွေလည်း လုပ်သင့်ပါတယ်။

“Respect earns Respect” ပါ..။

အဲ့လိုတွေလုပ်မယ်ဆိုရင်တော့
တစ်ချိန်ချိန်မှာ သူတို့ဘက်ကလည်း
ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။

ကိုယ့်အနေနဲ့ သတိချပ်သင့်တာကတော့..
ကိုယ့်ရဲ့ Personal Well Being နှင့်
စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုထက်
အခြား အရေးကြီးတာမျိုးမရှိဘူးဆိုတာကိုပဲ..

ကိုယ့်ဘက်က သည်းခံနိုင်စွမ်းတွေ မရှိတော့တာမျိုး၊ Mental ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုမျိုး ကြုံလာခဲ့ရင်တော့… စနစ်တကျ စီစဉ်မှုတွေ လုပ်ပြီး
လွတ်ချစရာရှိတာ လွတ်ချပြီး လုပ်ငန်းခွင်အသစ်ကို
ပြောင်းသင့်တာမျိုးကလည်း "အဖြေမှန်" ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

🟪🟪🟪🟪
6th November 2025
𝗖𝗵𝗼 𝗭𝗶𝗻 𝗪𝗶𝗻𝘁 (PMP Coach)
________________________________________
👩‍🏫 November လထဲမှာ 𝑷𝑴𝑷 𝑬𝒙𝒂𝒎 𝑷𝒓𝒆𝒑 𝑪𝒐𝒖𝒓𝒔𝒆 Batch 14 ဖွင့်လှစ်ထားပြီး
👩‍🏫 𝙊𝙣𝙚 𝙤𝙣 𝙊𝙣𝙚 𝘾𝙤𝙖𝙘𝙝 အတွက်ကတော့ Chatbox တွင်အသေးစိတ် မေးမြန်းနိုင်ပါသည်။
________________________________________
💎 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗿 တစ်ဦး ရဲ့ 𝗰𝗮𝗿𝗲𝗲𝗿 မှာ 𝗣𝗠𝗣 𝗰𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ရှိမှ ပြည့်စုံမှာပါ။ 💎

20/02/2025

Online Marketplace မှာ အခိုင်အမာ ရပ်တည်နိုင်ဖို့ ကိုယ်ပိုင် eCommerce App နှင့် Website တည်ဆောက်ထားခြင်းက လုပ်ငန်းရှင်တိုင်း ရှောင်လွဲလို့ မဖြစ်နိုင်တဲ့အရာ ဖြစ်ပါတယ်။

အချို့လုပ်ငန်းရှင်တွေက နည်းပညာ စိန်ခေါ်မှုတွေ၊ လုပ်ငန်းလိုအပ်ချက်တွေ သိပြီး software တွေ ဝယ်ယူကြတယ်။ ဒါပေမယ့် IT နယ်ပယ်နဲ့ မရင်းနှီးကြတာကြောင့်... ရွေးချယ်မှု မှားသွားတဲ့အခါ Applications တွေကို သုံးရန် နှောက်နှေးကုန်တတ်ကြပါတယ်။

Software ရွေးချယ်မှု ဘယ်လို မှားကြတာလည်းဆိုတော့
❗️Applications ထွက်လာဖို့ အချိန်အကြာကြီးစောင့်ရတယ်.. ဒါက ကိစ္စမရှိသေးပေမဲ့..
❗️ထွက်လာတဲ့ Application နဲ့ Website တွေက User-friendly မဖြစ်ဘဲ အသုံးပြုရခက်ခဲနေတယ်...
❗️Error တွေများပြီး လုပ်ငန်းလိုအပ်ချက်တွေကိုမဖြည့်စွက်နိုင်ဘဲ လွဲချော်နေတယ်...

စံချိန်မီတဲ့ eCommerce Software ကောင်းတစ်ခု ရွေးချယ် နိုင်ဖို့နှင့် ဝယ်ယူပြီးနောက်ပိုင်း မှာလည်း မိမိလုပ်ငန်းမှာ Application ကို ထိထိ ရောက်ရောက် အသုံးချနိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။

eCommerce Software ကောင်းတစ်ခု ရွေးချယ်ဖို့ နည်းလမ်းများ

✔️ တကယ်လိုအပ်မှ လုပ်ရန်
ကိုယ်နှင့် လုပ်ငန်းတူတွေက App တွေ Website တွေ လုပ်လို့ ကိုယ်တိုင်လိုက်လုပ်တာမျိုးမဟုတ်ဘဲ… တကယ်လိုအပ်လို့ လိုက်လုပ်တာမျိုးဖြစ်ဖို့လို့ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်း ဈေးကွက် ချဲ့ထွင်ဖို့ eCommerce Software ကို အသုံးပြုမယ်ဆိုရင်လည်း End Users တွေ တကယ် အကျိုးရှိရှိ အသုံးပြုနိုင်ရန်အတွက် Strategy များသေချာရေးဆွဲပြီးမှ Software ကို ဝယ်ယူဖို့ဆုံးဖြတ်သင့်ပါတယ်။

✔ Software Company ၏ Feedback များကို ကြည့်ရန်
Software ကို တကယ်အသုံးပြုနေကြတဲ့ end user တွေကကော အလွယ်တကူအသုံးပြုနေမှုရှိလား?
မိမိ ကိုယ်တိုင်လည်း အဲဒီ့ Software များကို Download ပြုလုပ် စမ်းသပ်အသုံးပြုကြည့်ခြင်းဖြင့်လည်း ရွေးချယ်မှု လွယ်ကူ မှန်ကန်စေမှာပါ။

✔ Payment Integration ရှိ/မရှိ စစ်ဆေးရန်
ကိုယ့် Software က လူသုံးများသည့် Payment company ကြီးများဖြစ်တဲ့ Kpay နှင့် WaveMoney စတာတွေနှင့် Automated ချိတ်ဆက်၍မရ ဖြစ်နေရင်လည်း အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ကိုယ်နှင့်စကားပြောထားသည့် Software company ကို.. ဒီလို Payment company ကြီးများနှင့် ချိတ်ဆက်လို့ရနိုင်ရဲ့လား အသုံးပြုနေတာမျိုးကောရှိပြီလား ဆိုတာကို အရင်ဦးဆုံး ဆန်းစစ်သင့်ပါတယ်။

✔ Scalability & After-Sales Support
eCommerce software ဆိုတာ Online Application များဖြစ်လို့.. Continuous Improvement များက လိုအပ်နေမှာပဲဖြစ်တယ်။ ကိုယ်နှင့် လက်တွဲမည့် Software company partner ‌၏ After Sale service များက အရေးကြီးသလို.. Software အသုံးပြုနေစဉ် server down သွားတာမျိုး ကြုံတွေ့ခဲ့ရပါကလည်း company က ဘယ်လောက် မြန်မြန်ဆန်ဆန် ပြင်ဆင်ပေးနိုင်မှာလည်း ဆိုတာမျိုးကလည်း အရေးကြီးတာပဲဖြစ်တယ်။

တချို့ Software company တွေက ဒီ eCommerce ကို specialized ရေးသားနေတာမျိုးမဟုတ်ပဲ လုပ်ငန်းရှင်များ ၏ လိုအပ်ချက်ကြောင့်သာ ရေးသားပေးတယ်ဆိုရင်တော့ နှစ်အနည်းငယ်ကြာလို့ Features အသစ်များလိုအပ်တဲ့အခါ ထို company များနှင့် ညှိနှိုင်းဆွေးနွေးရာမှ အခက်အခဲတွေ့တာမျိုးနှင့်လည်း ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ်နှင့် လက်တွဲမည့် Company ၏ ရည်ရှည် Plan နှင့် eCommerce Software နှင့်ပါတ်သတ်သည့် Company ၏ အလားအလာ များကို မေးမြန်းခြင်းကလည်း လိုအပ်လှပါတယ်။

✔ Price vs. ROI (Return on Investment) တွက်ဆရန်
ကိုယ်ဝယ်ယူလိုက်တဲ့ Software က ကိုယ့်လုပ်ငန်းရဲ့ ဘယ်လိုအပ်ချက် ကွက်လပ်ကို ဖြည့်မှာလည်း.. လုပ်ငန်းရဲ့ Return on investment ဘယ်လောက်ရှိမှာလဲ? ဆိုတာကို အရင်နားလည် သိရှိမှာသာလျှင်.. ကုန်ကျစရိတ် သောင်းဂဏန်းမှ နှစ်စဉ်ကြေး ရာဂဏန်းအထိ ရှိတဲ့ Software ဈေးနှုန်းတွေအကြား..… ဘယ် Package ကို ရွေးချယ်မှာလည်းဆိုတာကို လွယ်လင့်တကူ ဆုံးဖြတ်နိုင်မှာပဲဖြစ်တယ်။

ဖော်ပြပါ Customer များ ကြုံတွေ့လေ့ရှိကြတဲ့ အခက်အခဲတွေကတော့ ကျွန်မကိုယ်တိုင် 2020 မှာကတည်း က ShopDoora (ရှောပ့်ဒိုရာ) eCommerce Software နှင့်ပါတ်သတ်ပြီး Customer ရာဂဏန်းကျော်ကို ယနေ့အချိန်အထိ Consulting လုပ်ပေးခဲ့သည့် အတွေ့အကြုံများကို အခြေခံပြီး ရေးသားထားခြင်းသာဖြစ်ပါတယ်။

မိမိ၏ လုပ်ငန်းက တကယ် eCommerce လိုအပ်နေပြီလား❓
ရွေးချယ်မှုမှန်ကန်အောင် ဘယ်လိုလုပ်မှာလည်း❓

စတာတွေ အတွက် ဒွိဟဖြစ်နေပြီဆိုရင်တော့ ယခု Post ၏ Comment မှာဖြစ်စေ Chat Box သို့ဖြစ်စေ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။

🟪🟪🟪🟪
20th Feb 2025
𝗖𝗵𝗼 𝗭𝗶𝗻 𝗪𝗶𝗻𝘁 (PMP Coach)

18/02/2025

❝ ကိုယ့်ဝန်ထမ်းတွေရဲ့ အကောင်းဆုံး 𝗩𝗲𝗿𝘀𝗶𝗼𝗻 ကို ဖန်တီးပေးနိုင်ဖို့ ❞
Empathetic Leadership ဆိုတဲ့ Mindset က မန်နေဂျာတိုင်း.. ခေါင်းဆောင်တိုင်းမှာ ရှိသင့်တယ်လို့ မပြောပါဘူး။ မဖြစ်မနေကို ရှိရမှာပါ။

ဒီ Mindset ရှိတဲ့ မန်နေဂျာများနှင့် အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေက သူတို့ကို Value ထားတယ်လို့ ခံစားရတယ်။ အခုလို AI ခေတ်၊ လူအချင်းချင်း တွေ့ဆုံပြောဆို ဆက်ဆံမှုတွေ မပါပဲ အလုပ်တွေ ပြီးမြောက်လာတဲ့ ခေတ်မှာ အချင်းချင်း ယုံကြည်မှု တည်ဆောက်ဖို့၊ လက်တွေ့ပူးပေါင်းဆာင်ရွက်မှုအားကောင်းလာဖို့.. နှင့် လုပ်ငန်းခွင် ကော ဝန်ထမ်များ ပါ Healthy ဖြစ်နေဖို့က Empathetic Leadership ဆိုတဲ့နည်းဗျူဟာက အကောင်းဆုံး 🛡️ လက်နက်ပါပဲ။

ဆိုကြပါစို့.. ကိုယ့်အထက် လူကြီးက သူ့ရဲ့ အချိန်တကူတကပေးပြီး ကိုယ်အဆင်မပြေတာတွေကို နားထောင်ပေးတယ်.. ကိုယ့်ရဲ့အားနည်းချက်တွေကို နားလည်ပေးတယ်.. အကြံဉာဏ်တွေ ပေးပြီး လမ်းညွန်မှုတွေပေးတယ်ဆိုရင် ကိုယ့်အနေနဲ့ဘယ်လို ခံစားရလဲ?

💭 ဒီမှာ Scenario တစ်ခုကို ကြည့်ကြည့်ရအောင် အထက်လူကြီးတစ်ယောက်က သူ့လက်အောက်ငယ်သားရဲ့ Poor Performance နဲ့ပါတ်သတ်ပြီး မေးခွန်းမေးတဲ့အခါမှာ..

“မင်း ရဲ့ Performance ကိုစောင့်ကြည့်နေတာ တော်တော်ကြာပြီ။ အခုအချိန်ထိ တိုးတက်မှုရှိမလားဘူး။ ဒီလကုန်လို Performance မတိုးတတ်ဘူးဆိုရင်တော့ ငါလည်း မကူညီနိုင်တော့ဘူးနော်။”

နှင့်

“အလုပ်မှာ အဆင်ပြေရဲ့လား.. Performance တွေက ဒီထက်ကောင်းလို့ရနိုင် ရဲ့သားနဲ့.. ဒီရက်ပိုင်း ဘယ်လိုဖြစ်သွားတာလဲ? အိမ်နဲ့ကော အဆင်ပြေရဲ့လား? Company ဘက်ကကော ဘာကူညီပေးရအုံးမလဲ? အမက စိုးရိမ်လို့မေးတာပါ။” 😊

ဆိုတဲ့ Conversations (၂) ခုမှာ Empathetic Leadership ရှိသူက ဒုတိယ Approach ဖြင့် ဝန်ထမ်းများကို ဦးဆောင်လေ့ရှိကြတယ်။ ဝန်ထမ်းတွေကို နားလည်မှုတွေပေးတယ်.. သူတို့အခက်အခဲကို သေချာနားထောင်ပေးပါတယ်။

🧩 ခေါင်ဆောင်တွေက ကိုယ့်ဝန်ထမ်း တွေကို စာနာ နားလည်ပေးခြင်းအားဖြင့် သူတို့ရဲ့ အခက်အခဲအတားအဆီးများကို ဖြေလျော့ပေးယုံသာမက.. သူတို့ရဲ့ ငုတ်လျှိုးနေတဲ့ စွမ်းဆောင်ရည်များကိုပါ မီးမောင်းထိုးပြနိုင်တာဖြစ်လို့.. လုပ်ငန်းခွင် က လိုအပ်ချက်ကွက်လပ်တွေ ကို သူတို့ကပဲ ဖြည့်ပေးသွားပါလိမ့်မယ်။

🤝 Paycheck တွေက ဝန်ထမ်းတွေကို ခဏပဲ ထိန်းထားနိုင်တာပါ။ ဝန်ထမ်းတွေကို ရည်ရှည် Keep လုပ်ထားနိုင်ရန်အတွက်ကတော့ ဝန်ထမ်းတွေ နှင့် Connection တွေ တည်ဆောက်တာတွေ.. သူတို့ Burnout ဖြစ်နေတာတွေကို ဖြေလျော့ပေးနိုင်တဲ့ လုပ်ငန်းခွင်တွေကသာလျှင် ဝန်ထမ်းတွေကို ရည်ရှည် မြဲအောင်ထိန်းထားနိုင်မှာပါ။

🎧 Active Listening လုပ်တယ် ဆိုပြီး သူတို့ကိုပေးမပြောပဲ ကိုယ်ပေးချင်တဲ့ Message တွေကိုပဲမရပ်မနား ပြောဆိုနေလို့မရသလို သူတို့ကို နားထောင်ပေးယုံနှင့်လည်း မလုံလောက်တော့ပါဘူး။ သူတို့ရဲ့ လိုအပ်ချက်များကို တကယ် ဖြည့်စည်းပေးတာတွေ လိုအပ်ချက်များအတွက် ထက်တိုး Follow up လုပ်ပေးတာတွေပါလိုအပ်ပါမယ်။

သူတို့ဘက်က အကြံဉာဏ်တွေ အဆင်မပြေမှုတွေကို ထုတ်ဖော်ပြောဆိုလာတဲ့ အခါမျိုးမှာလည်း သူတို့ ရဲ့ Job Safety တွေ ထိခိုက်သွားတာမျိုးမရှိအောင်လည်း Safe place တစ်ခု တည်ဆောက်ထားပေးရမှာပါ။

ခေါင်းဆောင်များ.. မန်နေဂျာ အနေဖြင့် မိမိတို့ဘက်မှ မှားခဲ့တာ မျိုးရှိခဲ့ရင်လည်း မှားနေကြောင်း ဝန်ခံ ပေးခြင်းအားဖြင့်လည်း နားလည်မှုတည်ဆောက်တဲ့အခါ ပိုပြီးလွယ်ကူအဆင်ပြေလာမှာပဲဖြစ်တယ်။ ✔️

ကိုယ့်ရဲ့ ခေါင်းဆောင်က ကိုယ့်ကို စစ်မှန်စွာ ဂရုစိုက်ပေးတဲ့ လုပ်ငန်းခွင်မျိုးမှာ ဝန်ထမ်းတွေ ကျေနပ်ပျော်ရွှင်ကြတယ်ဆိုတာကတော့ ဧကန်မုချ မလွဲမသွေပါပဲ။ ✔️

🟧🟧🟧🟧
မိမိ၏ ထင်မြင်ယူဆချက်များနှင့် ဆွေးနွေးလိုပါကလည်း PMP Coach မှ ပုံမှန် ဖွင့်လှစ်ထားတဲ့ 𝗣𝗠𝗣 𝗘𝘅𝗮𝗺 𝗣𝗿𝗲𝗽 𝗖𝗼𝘂𝗿𝘀𝗲 ကို ဖိတ်ခေါ်ပါတယ်ရှင်။
🟪🟪🟪🟪
18th Feb 2025
𝗖𝗵𝗼 𝗭𝗶𝗻 𝗪𝗶𝗻𝘁 (PMP Coach)

30/01/2025

🔺 Project တစ်ခုရဲ့ Scope Management ကိုလေ့လာတဲ့အခါမှာ Iron Triangle ကို နားမလည်လို့ မရပါဘူး။

🔻 Iron Triangle မှာ.. Triple Constraints ဆိုတဲ့ Time, Scope နှင့် Cost ဆိုတဲ့ elements ကြီး သုံးခုရှိပါတယ်။ ဒီမှာ အရေးကြီးတာက ဒီ constraints (၃) မျိုးအလုပ်လုပ်ပုံက Predictive Methodology နှင့် Agile Project Methodology အကြား မတူညီကွဲပြားတာကို မန်နေဂျာ တစ်ဦးအနေဖြင့် နားလည်သိရှိဖို့လည်း လိုအပ်ပါလိမ့်မယ်။

🔺 Iron Triangle အကြောင်းပြောဖြစ်တိုင်း ကျွန်မ က ဒီအောက်ပါ မေးခွန်းလေးကို မေးပြီးမှ ဆက်ပြီး ဆွေးနွေးလေ့ရှိပါတယ်။

“ကိုယ်လုပ်နေတဲ့ Project မှာ ဒီ Constraints (3) ခုအပြင် အခြား ဘယ်အရာ (Knowledge Areas) တွေက ကိုယ့်အတွက် အရေးကြီးဆုံးလို့ထင်လည်း? Resources လား? Quality လား? ဒါမှမဟုတ် Risk Management လား?”

💬 တချို့ပြန်ဖြေတာက.. “Project တစ်ခုမှာ Customer Satisfaction ကို ပေးနိုင်မည့် Quality ကသာလျှင် အရေးကြီးဆုံး” လို့ ဖြေကြသလို….

🗯️ အချို့ကလည်း “Project တစ်ခုကို Manage လုပ်တဲ့အခါမှာ.. Resource ကိုထိန်းနိုင်ရင် Successful delivery လုပ်နိုင်ဖို့ ရာခိုင်နှုန်းများတာဖြစ်လို့… People Management ကတော့ အရေးကြီဆုံးပါ” လို့ ဖြေကြတဲ့သူတွေလည်းရှိပါတယ်။

သူ့ဟာနှင့်သူတော့ မှန်ကြပါတယ်။ ကျွန်မ အမြင်ကတော့ Project တစ်ခုမှာ အခြား knowledge areas တွေထက် Scope က ပိုပြီး Weight အများဆုံးလို့ ထင်မြင်ယူဆပါတယ်။ 💡

✔️ Project တစ်ခုမှာ Scope နှင့် ပါတ်သတ်ပြီး Clarity ရှိနေရင် သာမာန်ထက် Risk ပိုနည်းမယ်။ Project Quality အတွက်စဉ်းစားရာမှာလည်း Scope က boundary ထဲရှိပြီးသားဖြစ်လို့.. Quality control နှင့် testing တွေ အတွက် timeline တွေ estimate လုပ်ရာမှာ ပိုလွယ်ကူလာမယ်။ Project Cost က လည်း တွက်ရတာ ပုံမှန်ထက် ပိုရိုးရှင်းလာပါမယ်။

📐Scope Creep ဖြစ်ခြင်း၊ Change Request များရှိခြင်းကို ရှောင်လွဲလို့ရသည့်ကိစ္စ မဟုတ်သော်လည်း… Scope က လိုတာထက်ရှုပ်နေရင်.. အမြဲတမ်း ရှင်းရခက်နေရင် ကိုယ့်ရထားတဲ့ Resources က “A+” players တွေပဲဖြစ်ခဲ့ရင်တောင်.. Project Scope က အမြဲ ပြောင်းနေ မငြိမ်နေတော့.... ကာလကြာလာတာနှင့် အမျှ ကိုယ့်ရဲ့ team member တွေဟာ.. Project မှာ လုပ်ချင်စိတ် motivate တွေလည်း ပျောက်လာနိုင်သလို ယုံကြည်ချက်တွေလည်း ပျောက်သွားနိုင်ပါတယ်။

ဒီ ရှုပ်နေတဲ့ Scope ကို ရှင်းအောင်လုပ်တာ ကဘယ်သူ့အလုပ်ဖြစ်မလည်း? Project Manager ရဲ့ တာဝန်ပဲမဟုတ်လား?

🌊 ဒါဆို Agile မှာတော့ Rolling Wave Planning ဆိုတဲ့ techniques ကိုသုံးထားလို့ Scope ကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ near term မှ သိရမယ် ဒါဆို ဘယ်လို လုပ်မလည်းလို့မေးရန်ရှိပါမယ်။ ပြောချင်တာက အဲ့ဒီ့ near term မှာကတည်းက Scope ကို အထိုင်ကျဖို့ နှင့် Sprint planning များကို သေချာအချိန်ယူ ရေးဆွဲဖို့.. Stakeholder များနှင့် Agreement သေချာယူနိုင်ဖို့ က အဲ့ဒီ့ Iteration အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်မှာပဲဖြစ်တယ်။

“အရှုပ်ထဲမှာရှင်းအောင်နေ” ဆိုတဲ့စကားလုံးကို အသုံးပြုဖို့.. Project Management မှာတော့ “Scope ကိုရှင်းထုတ်ပါလို့” ပဲပြောပါရစေ။ ✔️

🗯️ မိမိ၏ ထင်မြင်ယူဆချက်များနှင့် အခြားသော experiences များကို sharing လုပ်လိုပါက လည်း Comment မှာဖြစ်စေ၊ PMP Coach မှ (၂) လတစ်ကြိမ် ဖွင့်လှစ်ထားတဲ့ Exam Prep Course မှာဖြစ်စေ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်။ 💬

🟪🟪🟪🟪
30th Jan 2025
𝗖𝗵𝗼 𝗭𝗶𝗻 𝗪𝗶𝗻𝘁 (PMP Coach)

Photos from Cho Zin Wint's post 24/01/2025

PMP Coach မှာ တစ်လအတွင်း Exam အောင်မြင်ခဲ့သူ (3) ဦးနှင့် တစ်ခဏတာ...

Exam ခန်းထဲက ထွက်လာတိုင်း ကျောင်းသူတွေက ..
သူတို့ရဲ့ဆရာမကို ဖုန်းလှမ်းဆက်ကြတယ်..

"ဆရာမရေ.. ညီမတော့ စာမေးပွဲအခန်းထဲကနေ အပြင်ရောက်လာမှန်တောင်မသိဘူး.."
"တီချယ်ရေ.. ညီမက အလုပ်တစ်ဘက် နဲ့.. နားချိန် တောင်မရခဲ့ပါဘူး။"
"ညီမကတော့ Exam ခန်းထဲက ဒရွတ်တိုက် ထွက်လာခဲ့ရတာနော်"
"Techal, my brain is not fully function at the moment"

ကျောင်းသူတွေ ရဲ့ ခွန်အားစိုက်ထုတ်မှု.. မဆုတ်မနှစ် ကြိုးစားမှုတွေအတွက် အလွန် အားရကျေနပ် မိပါတယ်။

ဒီ 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 ဆိုတဲ့ Certificate ကို ရရှိနိုင်ဖို့အတွက်လည်း စနစ်တစ်ကျ ပြင်ဆင်ခဲ့ကြ.. လုံလောက်တဲ့ အားထုတ်မှုတွေ ကြောင့်သာလျှင်.. Exam ကို အောင်မြင်ခဲ့ကြတာပါ။

Exam က တော်တော် ခက်ခဲပါတယ်။

Exam အောင်မြင်ဖို့ အချိန် ကို လုံလုံလောက်လောက် ပေးဖို့လိုပါတယ်။

Exam အတွက် ပြင်ဆင်နေချိန် Stress တွေ အလွန်များလာလို့.... ကိုယ် အလုပ်နှင့်.. မိသားစုတွေ နဲ့တောင် ရံဖန်ရံခါ အထစ်ငေါ့တွေ ဖြစ်တတ်လို့ ကိုယ့်ရဲ့ Emotion ကို သေချာ manage လုပ်နိုင်အောင်.. ကြိုးစားကြဖို့ ကျောင်းသူကျောင်းသားတိုင်း ကို မှာရတာလည်း ကျွန်မရဲ့ အလုပ်တစ်ခုလိုဖြစ်နေပါပြီ။

ဘယ်လောက်ပဲ ခက်ခဲခက်ခဲ.. အောင်မြင်အောင် ဖြေဆိုမည် ဆိုတဲ့ ဆုံးဖြတ်ချက်နှင့်သွားရင်တော့ မဖြစ်နိုင်စရာမရှိပါဘူး။

Exam အောင်မြင်စွာဖြေဆိုခဲ့ကြတဲ့ ညီမ 𝐘𝐢𝐧 𝐓𝐡𝐢𝐫𝐢 𝐊𝐡𝐚𝐢𝐧𝐠 , 𝐏𝐡𝐲𝐨 𝐏𝐚 𝐏𝐚 𝐇𝐚𝐧 နှင့် 𝐌𝐲𝐚𝐭 𝐓𝐡𝐞𝐭 𝐊𝐡𝐚𝐢𝐧𝐠

🎊 𝑪𝒐𝒏𝒈𝒓𝒂𝒕𝒖𝒍𝒂𝒕𝒊𝒐𝒏𝒔 𝒐𝒏𝒄𝒆 𝒂𝒈𝒂𝒊𝒏!
𝒀𝒐𝒖 𝒂𝒍𝒍 𝒕𝒓𝒖𝒍𝒚 𝒅𝒆𝒔𝒆𝒓𝒗𝒆 𝒊𝒕! 🥂

မိမိအနေဖြင့် PMP ဖြေဆိုချင်တယ်.. အခက်အခဲ ကြုံနေရတယ် ဆိုရင်တော့ PMP Coach ရဲ့ page ကို အခုပဲ ဆက်သွယ်လိုက်ပါရှင်။

💎 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗴𝗲𝗿 တစ်ဦး ရဲ့ 𝗰𝗮𝗿𝗲𝗲𝗿 မှာ 𝗣𝗠𝗣 𝗰𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ရှိမှ ပြည့်စုံမှာပါ။

19/11/2024

အသိမိတ်ဆွေ တစ်ဦးနှင့် 𝗗𝗲𝗹𝗲𝗴𝗮𝘁𝗶𝗼𝗻 အကြောင်းပြောဖြစ်တော့
“ရုံးမှာတော့ ညီမလက်အောက်က ဝန်ထမ်းတချို့ကို Delegate လုပ်ရတာ လုံးဝအားမရဘူး။ သူတို့ကို လုပ်ခိုင်းလိုက်ရင် အချိန်တွေ ပိုကြာကုန် အဆင်မပြေတာတွေများနေတော့ ကိုယ်တိုင်ပဲ ဝင်လုပ်လိုက်တော့တယ်” တဲ့…

ဒီလိုအခြေအနေမျိုးကို ‌လူတိုင်းနီးပါ ကြုံဖူးကြမှာဖြစ်ပြီး Delegation အကြောင်းမဆွေးနွေးခင် Leader တစ်ဦးရဲ့ အရည်အသွေးတွေကို ပြန်ကြည့်တဲ့အခါမှာ ကိုယ့်ရဲ့ Team Member များကို Guiding နှင့် Coaching ပြုလုပ်ခြင်း၊ လုပ်ပိုင်ခွင့်တွေပေးခြင်းဖြစ်တဲ့ Empowering ပြုလုပ်ခြင်းဆိုတဲ့ အခြေခံသဘောတရားတွေကို မေ့ထားလို့တော့မရပါဘူး။

ခေါင်းဆောင်တစ်ဦးအနေဖြင့် အောက်ပါ ဆောင်ရန်၊ ရှောင်ရန် ‌တွေကို နားလည် သွားတဲ့အခါမှာတော့ Delegation က ပိုပြီးလွယ်ကူ အဆင် ပြေလာမှာပဲဖြစ်တယ်။

1️⃣ ဘယ်သူ့ကို 𝗗𝗲𝗹𝗲𝗴𝗮𝘁𝗲 လုပ်မှာလည်း?
Tasks တိုင်းကို Delegate လုပ်လို့မရနိုင်ပါဘူး။ တချို့ ချက်ချင်းပြီးရန်လိုတဲ့ High Priority tasks တွေက ကိုယ်တိုင်ဝင်ပါမှ ရနိုင်တာပါ။ နောက်ပြီး မဖြစ်နိုင်တဲ့ Task တွေကို team member များကို assign မချသင့်ပါ။ ကိုယ် Delegate လုပ်မည့် task များအတွက်
1) ဝန်ထမ်းတွေကို Training တွေပေးဖို့လိုနေသေးလား?
2) အခြားဘာ supporting တွေလိုသေးလည်း?
3) လုပ်ပိုင်ခွင့်တွေကောပေးထားရဲ့လား?
စတာတွေကို ပြင်ဆင်သုံးသပ်ပြီးမှသာလျှင် delegation ပြုလုပ်သင့်ပါတယ်။

2️⃣ 𝗠𝗶𝗰𝗿𝗼𝗺𝗮𝗻𝗮𝗴𝗲 လုပ်နေတာလား 𝗙𝗲𝗲𝗱𝗯𝗮𝗰𝗸 ပေးချင်တာလား?
Micro management ကို မန်နေဂျာ တော်တော်များများက ရှောင်ခြင်ကြတယ်။ Delegate လုပ်ထားတယ်ဆိုပြီး လုပ်ပိုင်ခွင့်တွေ အပြည်အဝ မပေးပဲ Step by Step စောင့်ကြည့်နေတာတွေ နေရာတိုင်း ဝင်ပါနေခြင်းတွေကလည်း ဝန်ထမ်းတွေအတွက် New Skill တွေ မရနိုင်သလို Career Growth လည်းမဖြစ်စေပါဘူး။

Project status တွေဆွေးနွေးတဲ့အခါမှာ ဝန်ထမ်းတွေ သက်သောင့်သက်သာ ဖြစ်နေစေရန်အတွက် နှစ်ဦးနှစ်ဖက် Comfortable ဖြစ်စေမည့် Communication Channel များကို သေချာ တည်ဆောက်ထားဖို့လိုပါမယ်။ Regular Check-ins လုပ်ခြင်း နှင့် ကိုယ့်ဘက်မှ feedback တွေ ပေးနေခြင်းဖြင့်လည်း Delegation tasks များအတွက် များစွာအထောက်အကူဖြစ်စေမှာပါ။

3️⃣𝗙𝗮𝗶𝗹 ဖြစ်ခဲ့ရင်ကော လက်ခံပေးနိုင်ပါ့မလား?
တချို့ အလွန်တိကျသေချာလွန်းသူ Perfection သမားတွေကြတော့ ဝန်ထမ်းတွေကို Delegation လုပ်လိုက်ရင် တလွဲတွေ လုပ်လိုက်မှာကို ကြောက်ကြတယ်။

မန်နေဂျာ အနေဖြင့် ကိုယ့် team member များရဲ့ strengths နှင့် weakness များကို သိရှိနေပြီး Idea အသစ်တွေ၊ New approach တွေကိုလည်း လက်ကမ်းကြိုဆိုနိုင်မှ အဆင်ပြေမှာပါ။ အမှားအယွင်းများရှိခဲ့ရင်လည်း စိတ်ရှည်သည်းခံဖို့နှင့် ပြစ်တင်ပြောဆိုမှုများ မပြုရန် မန်နေဂျာများမှ နားလည်ထားရပါမယ်။

4️⃣ 𝗖𝗿𝗲𝗱𝗶𝘁 ကောပေးရဲ့လား?
လုပ်ငန်းတာဝန်များပြီးဆုံးသွားလို့ team member များကို Credit မပေး အသိအမှတ်မပြုပဲ နေခြင်းကလည်း ဝန်ထမ်းနှင့် မန်နေဂျာနှင့်အကြား ပိုပြီး ဝေးကွာသွားစေတဲ့ အကြောင်းအရာများမှ တစ်ခုပဲဖြစ်တယ်။

Credit ပေးရင်လည်း Project ကို ဦးဆောင်နေသူ တစ်ဦးတည်းကိုပဲကွက်ပြီး ပေးတာမျိုးမဟုတ်ပဲ နောက်ကွယ်မှ တကယ် အလုပ်လုပ်ပေးနေသူအားလုံးကိုလည်း ထိထိရောက်ရောက် အသိအမှတ်ပြုသင့်ပါတယ်။

တစ်ခါတစ်လေမှာ အပန်းမကြီးတဲ့ ကျေးဇူးတင် စကားတစ်ခွန်းကြောင့် အဖုအထစ် အဆိုင်အခဲအချို့ ကို ဖြေလျော့ပေးလိုက်နိုင်တယ်ဆိုတာလည်း မမေ့သင့်ပါဘူး။

🟧🟧🟧🟧
𝗗𝗲𝗹𝗲𝗴𝗮𝘁𝗶𝗼𝗻 နှင့်ပါတ်သတ်ပြီး ကိုယ်ပိုင် experiences များနှင့် ယှဉ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ချင်တယ်.. Project Management Principle များကို အသေးစိတ်နားလည်ချင်တယ် ဆိုရင်တော့ PMP Coach က ဖွင့်လှစ်ထားတဲ့ 𝗣𝗠𝗣 𝗘𝘅𝗮𝗺 𝗣𝗿𝗲𝗽 𝗖𝗼𝘂𝗿𝘀𝗲 ကို ဖိတ်ခေါ်ပါတယ်ရှင်။
🟪🟪🟪🟪
19th Nov 2024
𝗖𝗵𝗼 𝗭𝗶𝗻 𝗪𝗶𝗻𝘁 (PMP Coach)

11/10/2024

တစ်ခါက မြန်မာပြည်မှ ဆေးကုမ္မဏီကြီးတစ်ခုနှင့် Loyalty Point System နှင့်ပါတ်သတ်ပြီး မီတင်လုပ်တော့.. အဲ့ဒီ့မှာ IT manager က သူတို့ ရဲ့ Requirements နှင့်ပါတ်သတ်ပြီး Category လေးတွေခွဲပြီး ချပြတယ်။ သူတို့ရဲ့ Requirements ကို Diagram တွေ Details တွေ နဲ့ ကြိုတင်ပြင်ဆင်ထားပြီး တာကို တွေ့ရတော့ သဘောကျနေမိတယ်။ Core features တွေဆွေးနွေးအပြီး.. documents အဆုံးမှာ တချို့ features တွေကို သူက ဘာထက်ပြီး ရှင်းပြလည်းဆိုတော့.. ဒီ features တွေကတော့ ကျွန်တော်တို့ က လိုချင်တယ်.. ဒါပေမဲ့ Nice to have ပေါ့နော်တဲ့.. ကိုယ့်စိတ်ထဲ မန်နေဂျာ နှင့် IT team ကို အမှတ်တွေ ပေးနေမိတယ်။

ဒီလို ပြင်ဆင်ခြင်းအားဖြင့်.. Customer နှင့် Vendor နှစ်ဦးအကြား.. Project ၏ objective ကို ပြီးစီးအောင် ဆောင်ရွက်နိုင်သလို.. Project ၏ vision နှင့် roadmap ကို နှစ်ဦးနှစ်ဖက် ကောင်းမွန်စွာအလွယ်တကူ သိနိုင်လို့ မလိုအပ်တဲ့ အခက်အခဲ အတားအဆီး တော်တော်များများကို ကြိုတင် ရှောင်လွှားနိုင်မှာပဲဖြစ်တယ်။

ဒါဆို IT Manager ပြောခဲ့တဲ့ .. Nice to have ဆိုတာ ဘာလည်းဆိုတာကို လေ့လာကြည့်ရအောင်နော်။

IT manager က 𝗠𝗼𝗦𝗖𝗼𝗪 analysis ကို သုံးခဲ့တာပဲဖြစ်ပြီးတော့.. 𝗠𝗼𝗦𝗖𝗼𝗪 မှာ Must-have, Should-have, Could-have နှင့် Won't-have ဆိုတဲ့ Categories ကြီး (၄) မျိုးရှိပါတယ်။

💎 𝗠𝘂𝘀𝘁-𝗵𝗮𝘃𝗲: သူမပါပဲ Project လုံးဝအသုံးပြု၍မရနိုင်ဘဲ project ၏ အဓိပ္ပါယ်က အဲ့ဒီ့ features တွေပါဝင်မှသာလျှင် အသက်ဝင်မည့် features များကိုတော့ must-have features များလို့ သတ်မှတ်ပါတယ်။ e-g: eCommerce software တွေမှာဆိုရင် Shopping Cart features မပါဝင်ရင် project ကလည်း အသုံးမဝင်ဖြစ်နေမှာပါ။

💎 𝗦𝗵𝗼𝘂𝗹𝗱-𝗵𝗮𝘃𝗲: တချို့ features တွေက အရေးကြီးတယ်.. ဒါပေမဲ့ မရှိမဖြစ်တော့ မဟုတ်ဘူး။ Project အောင်မြင်ရန်အတွက် အဲ့ဒီ features တွေမပါလည်း ဖြစ်တယ် ဆိုပေမဲ့.. သူတို့ ပါခဲ့ရင်တော့ Project ရဲ့ တန်ဖိုး က ပိုပြီး တတ်တာလိုမျိုးပေါ့.. ရှိသင့်တဲ့ features ထဲမှာပါပါတယ်။ e-g: eCommerce software တွေမှာဆိုရင် Promo Code features ကရှိသင့်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ features တွေမပါလည်း Project က အလုပ်လုပ်တယ်။ Market ထဲကို မိတ်ဆက်လို့ရမှာပဲဖြစ်တယ်။

💎 𝗖𝗼𝘂𝗹𝗱-𝗵𝗮𝘃𝗲: သူရှိရင်ကောင်းမှာပဲ ဆိုတဲ့ Nice to have ပဲဖြစ်တယ်။ Could-Have လို့ သုံးပါတယ်။ သူက Project ရဲ့ core functionality များကို သက်ရောက်မှုမရှိတဲ့အပြင် Project က အဲ့လို features များကို ထည့်လိုက်လို့.. delay ဖြစ်ကုန်မယ်.. စရိတ်တွေ တက်သွားမယ်ဆိုရင်တော့ အဲ့လို features မျိုးကို ဖြုတ်ချထားသင့်ပါတယ်။ e-g: Articles modules တွေကို eCommerce software မှာထည့်ခြင်းက Nice to have ပဲဖြစ်တယ်။

💎 𝗪𝗼𝗻’𝘁-𝗵𝗮𝘃𝗲: တချို့ Requirements တွေကြတော့.. Project ရဲ့ ရည်ရွယ်ချက် နှင့် လုံးဝ သွေဖယ်နေတာမျိုးပဲဖြစ်ပြီး Scope creep မဖြစ်ရန်အတွက် Project မှ တမင် ဖြုတ်ထားတာတွေ ရှိတယ်။ e-g: Expense modules ကို eCommerce Software Project မှာ ထည့်ပြီးရေးသားခြင်းမပြုတာမျိုးပဲဖြစ်တယ်။

𝗠𝗼𝗦𝗖𝗼𝗪 analysis ကို အသုံးပြုမယ်ဆိုရင်တော့.. Key stakeholders များနှင့် project features ၏ Prioritization များကို ကနဦးသဘောတူညီမှုတွေ ပြုလုပ်ထားခြင်းအားဖြင့်.. Project မှာ ဖြစ်လာနိုင်ခြေရှိသော အလားအလာ များကို နှစ်ဖက်လုံး သိရှိနေမှာပဲဖြစ် သဘောထား ကွဲလွဲမှု များရှိခဲ့သော်.. သာမာန်ထက် ဖြေရှင်းရလွယ်ကူစေမှာပဲဖြစ်တယ်။

🟧🟧🟧🟧
𝗠𝗼𝗦𝗖𝗼𝗪 နှင့်ပါတ်သတ်ပြီး အသေးစိတ် ထက်သိချင်တယ်.. မိမိ၏ ကိုယ်ပိုင် experiences များနှင့် ယှဉ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ချင်တယ်ဆိုရင်တော့ PMP Coach က ဖွင့်လှစ်ထားတဲ့ PMP Exam Prep သင်တန်းကို ဖိတ်ခေါ်ပါတယ်ရှင်။

🟪🟪🟪🟪
11th Oct 2024
𝗖𝗵𝗼 𝗭𝗶𝗻 𝗪𝗶𝗻𝘁 (𝗣𝗠𝗣 𝗖𝗼𝗮𝗰𝗵)

07/10/2024

သင့်ရဲ့ 𝗠𝗕𝗧𝗜 က ဘာလည်း❓

💡MBTI ဆိုတာ လူတွေရဲ့ Personality Type တွေကို Assessment လုပ်တဲ့ Tool 🧠 တစ်ခုပဲဖြစ်ပြီး.. လုပ်ငန်းခွင်တွေမှ ဝန်ထမ်းများ၏ စိတ်ဝင်စားမှု နှင့် အားသာချက်များကို ကြည့်ပြီး Decision Making များ လွယ်လင့်တကူ ပြုလုပ်နိုင်ရန်.. Communication များ တိုးတက်ကောင်းမွန်လာပြီး.. Conflict များဖြေရှင်းရန် နှင့် Management နှင့် Leadership Development များပြုလုပ်ရန်အတွက် MBTI ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိကြတယ်။

MBTI မှာ Categories (4) မျိုးရှိပြီး

1️⃣ Extraversion/Introversion
2️⃣ Sensing/Intuition
3️⃣ Thinking/Feeling
4️⃣ Judging/Perceiving

Category တစ်ခုခြင်းဆီ၏ အစ စကားလုံးများဖြင့် Personality Type (16) မျိုးကို အမည်ပေးထားခြင်းပဲဖြစ်တယ်။

𝗘𝘅𝘁𝗿𝗮𝘃𝗲𝗿𝘀𝗶𝗼𝗻 (𝗘) : Extrovert သမားတွေကတော့.. တတ်တတ်ကြွကြွ နေတတ်သူ.. outgoing person တွေပဲဖြစ်တယ်။ သူတို့ တွေက ငြိမ်ငြိမ် နေရာတာကို လုံးဝ မကြိုက်ကြဘူး.. အဲ့လိုနေရရင် စိတ်ဓါတ်ကျတတ်ပါတယ်။ Center of Attention ဖြစ်ရတာကို နှစ်သက်ကြပြီး.. သူ့တို့ရဲ့ Energy ကို Recharge လုပ်တဲ့ ပုံစံကတော့ လူတွေနှင့် တွေ့ဆုံခြင်းပဲဖြစ်တယ်။

𝗜𝗻𝘁𝗿𝗼𝘃𝗲𝗿𝘀𝗶𝗼𝗻 (𝗜) : Introvert သမားတွေကတော့ Extrovert နှင့်ပြောင်းပြန်.. တစ်ကိုယ်တည်းနေရတာကို သဘောကျသူ private ဆန်ဆန်နေတတ်သူဖြစ်တယ်။ Activity များစွာမှ ကင်းကင်းနေတတ်သူပါ။ အတွေ့အခေါ်အယူအစများ စဉ်းစားနေရခြင်း ဖြင့် အချိန်ကုန်တတ်.. ခုံမင်တတ်သူပဲဖြစ်တယ်။ သူ့ရဲ့ energy ကို Recharge လုပ်တဲ့ ပုံစံကတော့ လူတွေနဲ့ ဝေးရာမှာ နေလိုက်ခြင်းပဲဖြစ်တယ်။

𝗦𝗲𝗻𝘀𝗶𝗻𝗴 (𝗦) : Sensing ရှိတဲ့သူတွေက လက်ရှိအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေက ယုတ္တိကြရဲ့လား.. အခြေအမြစ်ရှိရဲ့လား ဆိုတာတွေကို အသေးစိတ် သုံးသပ်မှုများပြုလုပ်တယ်။ သူတို့အတွက် လက်ကိုင်ထားတဲ့အရာ ကတော့ Data ပဲဖြစ်တယ်။

𝗜𝗻𝘁𝘂𝗶𝘁𝗶𝗼𝗻 (𝗜) : Intuition သမားတွေကတော့ ဆက်စပ်တွေးခေါ်ရတာကို နှစ်ချိုက်သူများ နှင့် အနာဂါတ်ကို ဟောကိန်းထုတ်ရန် စိတ်ဝင်စားသူများပဲဖြစ်တယ်။ အကြောင်းအရာများကို ဖွဲ့နွဲ့ပြီး ညွန်းဆိုတတ်တဲ့ သူတွေ နောက်ပြီး... Data တွေကို သုံးသပ်တဲ့အခါမှာလည်း ထို data ရဲ့ နောက်ဆက်တွဲ နှင့်တကွ.. data ဖြစ်ပေါ်လာပုံ.. အခြေခံ သဘောတရားတွေ သီအိုရီ အယူအစတွေကို ကြည့်လေ့ရှိကြတယ်။

𝗧𝗵𝗶𝗻𝗸𝗶𝗻𝗴 (𝗧) : အတွေးသမား Thinkers တွေကတော့ “အလုပ်ကို စေ့စေ့စပ်စပ်မလုပ်တဲ့သူတွေ.. logical မကျတဲ့သူတွေ နဲ့တွေနဲ့ အလုပ်လုပ်ရတဲ့အခါမှာ” သက်တောင့်သက်သာ မရှိသလို.. ပွင့်ပွင့်လင်းလင်း ဝေဖန်မှု တွေပေးတတ်ကြတယ်။ ကိစ္စတစ်ခုကို မဆုံးဖြတ်ခင်မှာ ဘာတွေခြွင်းချက် ရှိနေတာလည်း တရားမျှတမှု ရှိရဲ့လား စတာတွေကို အဖက်ဖက်မှ လေ့လာစမ်းစစ်မှုများ ပြုလုပ်ပြီးမှာသာလျှင် ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို အတည်ယူလေ့ရှိသူတွေပါ။

𝗙𝗲𝗲𝗹𝗶𝗻𝗴 (𝗧) : ခံစားချက်ကိုရှေ့တန်းတင်ပြီး.. ဆုံးဖြတ်တတ်ကြတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်က အခြားသူကို ဘယ်လို သက်ရောက်မှု ရှိသွားမှာ လည်း နောက်ပြီး.. သူတို့ရဲ့ personal value တွေကို ကို ပါငှဲ့ကွက် ပြီး ခွင့်လွတ် နားလည်မှုတွေပေးတတ်ကြတယ်။ အခြားသူများရဲ့ ကောင်းတဲ့အချက်တွေကို ချီးမွမ်းထောပဏာ ပြုလေ့ရှိကြပြီး.... လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံလေ့ ရှိတဲ့သူတွေပဲဖြစ်တယ်။

𝗝𝘂𝗱𝗴𝗶𝗻𝗴 (𝗝) : သမားများကတော့ ကိစ္စများကို အပြီးသတ်ဖို့ရန်ပဲ အာရုံစိုက်တတ်ကြပြီး.. ဆုံးဖြတ်တဲ့အခါမှာလည်း deadlines များနှင့် စည်းမျဉ်းစည်းကမ်းများပေါ်မှုတည်ပြီး အတည်ယူပါတယ်။ အရာတိုင်းကို အသေးစိတ်ကအစ ကြည့်တတ်ပြီး ကိုယ့်လုပ်နေတဲ့ ကိစ္စတိုင်းမှာ plan တွေကို သေချာချလေ့ရှိသူပါ။

𝗣𝗲𝗿𝗰𝗲𝗶𝘃𝗶𝗻𝗴 (𝗣) : ကတော့ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာများကို ချပြတယ်.. နောက်ပြီး deadlines များနှင့် စည်းမျဉ်းစည်းကမ်းးများကိုလည်း အတင်းအကြပ် လုပ်လေ့မရှိပါဘူး.. ကိစ္စတော်တော်များများကို မီးစဉ်ကြည့်က ကြတာပေါ့ ဆိုတဲ့ သူများပဲဖြစ်တယ်။

🟧🟧🟧🟧
MBTI နှင့်ပါတ်သတ်ပြီး အသေးစိတ် ထက်သိချင်တယ်.. မိမိ၏ ကိုယ်ပိုင် experiences များနှင့် ယှဉ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ချင်တယ်ဆိုရင်တော့ PMP Coach က ဖွင့်လှစ်ထားတဲ့ PMP Exam Prep သင်တန်းကို ဖိတ်ခေါ်ပါတယ်ရှင်။

🟪🟪🟪🟪
7th Oct 2024
Cho Zin Wint (PMP Coach)

24/09/2024

ကိုယ့်ရဲ့ 𝗧𝗲𝗮𝗺 ကို 𝗛𝗶𝗴𝗵 𝗣𝗲𝗿𝗳𝗼𝗿𝗺𝗮𝗻𝗰𝗲 𝗧𝗲𝗮𝗺🏆 ဖြစ်အောင်
တည်ဆောက်ချင်တယ် ဆိုရင်တော့ ဒီအချက်တွေ သိထားသင့်ပါတယ်..

နောက်ပြီး အခုပြောသွားမဲ့.. Terms (၅) 💡 ခုကို PMI က လည်းအတော်သဘောကျတယ်ထင်တယ်..

PMP Exam မှာ မကြာခဏပါလာကြောင်း‌ ကျောင်းသားအများစုက.. လာပြောလေ့ရှိကြလို့... လေ့လာကြည့်ရအောင်နော်...

1️⃣ 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲
လုပ်ငန်းခွင်တွေမှာ Sense of urgency ရှိမှာသာလျှင် အလုပ်ကို အားသွန်ခွန်စိုက်လုပ်ကြတာတွေ Effort တွေ ထည့်ကြတာတွေ ကြုံဖူးကြမှာပါ။ ကျောင်းသားအများစုက စာမေးပွဲနီးခါနီးကျတော့မှာ စာကို အပါတ်တကုတ်လုပ်ကြတာမျိုးပေါ့။

Syndrome syndrome ကို Student များကိုပဲ ဦးတည်ပြီးပြောထားတာမျိုးမဟုတ်ပဲ Manufacturing လုပ်ငန်းခွင်တွေ၊ Engineering field နှင့် IT industry စတဲ့ လုပ်ငန်းခွင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာ များကို ဆိုလိုတာပဲဖြစ်တယ်။

Time Management အားနည်းခြင်း ကြောင့် လည်း ဖြစ်နိုင်သလို… လုပ်ရမည့် tasks တွေက overloaded ဖြစ်ခြင်းနှင့် ကိုယ်တိုင် Burn out ဖြစ်ပြီး ဘယ် tasks တွေကို focus ထားရမှာလည် ဆိုတာကို ကွဲကွဲပြားပြား မဝေ ခွဲနိုင်တဲ့အခါမျိုးတွေမှာလည်း ဖြစ်တတ်ပါတယ်။

2️⃣ 𝗣𝗮𝗿𝗸𝗶𝗻𝘀𝗼𝗻’𝘀' 𝗟𝗮𝘄
လေ့လာတွေ့ရှိချက်တွေအရ လူသဘောသဘဝ အရ..
လူတော်တော်များများဟာ.. အလုပ်တစ်ခု ပြီးမြောက်ရန်အတွက် “တကယ်လိုအပ်တဲ့အချိန် ထက်... ကိုယ့်ကို ပေးထားတဲ့အချိန် ဘယ်လောက်များမှာလည်း” ဆိုတာကို ပိုပြီးအာရုံစိုက်တတ်ကြပါတယ်။

ဒီလို mindset တွေကြောင့်.. အချိန်တွေဖြုန်းပစ်တာတွေ ..
အလုပ်မတွင်ကျယ်… ထိရောက်မှု မရှိတာတွေ…
အလုပ်ပြီးမြောက်ရန်အတွက် လိုအပ်တဲ့အချိန်ထက် အချိန် ရနိုင်သလောက်ရအောင် ယူတတ်တဲ့အပြုအမှုမျိုး ကိုဆိုလိုတာပဲဖြစ်တယ်။

3️⃣ 𝗦𝗮𝗻𝗱𝗯𝗮𝗴𝗴𝗶𝗻𝗴
Project delivering များနှင့်ပါတ်သတ်ပြီး.. Stakeholders များကို ကတိကဝတ် တွေ အများကြီး ပေးမနေတော့ပဲ.. over delivering လုပ်ပြခြင်းပဲ ဖြစ်တယ်။ “Under promising and over delivering” ပါ။

Project နှင့်ပါတ်သတ်ပြီး ကိုယ်ရဲ့ လက်တွေ့ စွမ်းဆောင်ချက်များက Expectations တွေကို ကျော်လွန်နေခြင်းပဲဖြစ်တယ်။ “Exceed Expectations” ပါ။

4️⃣ 𝗗𝗿𝗼𝗽𝗽𝗲𝗱 𝗕𝗮𝘁𝗼𝗻
ဘယ် project ကိုပဲကြည့်ကြည့်.. handover process တွေကလည်း ရှောင်လွဲလို့ မရတဲ့ ကိစ္စတွေပဲဖြစ်တယ်.. Project management မှာ Dropped Baton ဆိုတာက တော့.. Project နှင့်ပါတ်သတ်တဲ့ လွဲပြောင်းပေးရမည့် critical information တွေ, ကျန်ရှိနေသေးတဲ့ tasks များကို Project မှာ လက်လွဲတာဝန်ယူရမည့်သူကို handover သေချာ မလုပ်ခဲ့ခြင်းကြောင့် Project delay
ဖြစ်ကုန်တာတွေ Communication issues များစွာနှင့် Project fail ဖြစ်နိုင်တဲ့အထိ ရင်ဆိုင် ကြုံတွေ့တတ်ကြပါတယ်။

Project အကူးအပြောင်းကာလတွေဖြစ်တဲ့ transition period တွေမှာ communications များ သေချာ မလုပ်ခဲ့ တာတွေ… Project နှင့် ပါတ်သတ်ပြီး handover ယူမည့် resources က available ဖြစ်မနေတာကြောင့် အချိန်တွေ အလဟဿ ဖြစ်ရတဲ့ situation တွေမှာလည်း Dropped Baton လို သုံးနှုန်းလေ့ရှိကြပါတယ်။

5️⃣ 𝗦𝗲𝗹𝗳-𝗣𝗿𝗼𝘁𝗲𝗰𝘁𝗶𝗼𝗻
PMP Practice အရ.. Self-protection ဆိုတာ.. Project ၏ အောင်မြင်မှုများကို အဟန့်တားဖြစ်စေမည့်.. risk များ.. conflicts များနှင့် issues များကို safeguard သဖွယ် ကာကွယ်နိုင်ရန်အတွက် Project Manager နှင့် team member များမှ Strategy များ ရေးဆွဲ ဆောင်ရွက်ကြဖြင်းပဲဖြစ်တယ်။

လုပ်ငန်းခွင်တွေမှာ professionalism ရှိခြင်း.. နှိုးနှိုးကြားကြား ရှိနေပြီး self-protection များလုပ်နေမှ သာလျှင်.. Project နှင့်ပါတ်သတ်တဲ့ အထက်ဖော်ပြပါ အခက်အခဲ အတားအဆီးများ.. risk များမှ ထိထိရောက်ရောက် ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

🟧🟧🟧🟧

အထက်ဖောပြပါ Terms (5) ခု နှင့်ပါတ်သတ်ပြီး အသေးစိတ် ထက်သိချင်တယ်.. မိမိ၏ ကိုယ်ပိုင် experiences များနှင့် ယှဉ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ချင်တယ်ဆိုရင်တော့ PMP Coach က ဖွင့်လှစ်ထားတဲ့ PMP Exam Prep သင်တန်းကို ဖိတ်ခေါ်ပါတယ်ရှင်။

🟪🟪🟪🟪

24th Sept 2024
Cho Zin Wint (PMP Coach)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon