27/03/2020
🎯 Using HAVE🎯
================
🎈 Have ဆိုတဲ့ အသုံးအနှုန်း ကိုတော့ အများအားဖြင့် -မှာရှိတယ် လို့ပဲ သိထားကြပါတယ်။
Have ရဲ့ အသုံး၀ငိပုံတွေအများကြီးရှိပါတယ်။
🎈 Have/ Has ကိုတော့ အများအားဖြင့် ပိုင်ဆိုင်မှုကိုပြတဲ့နေရာမှာ သုံးတယ်။
ဥပမာ... I have a computer.
He has a car.
We have a small house.
🎈 နေက်တစ်မျိုးကတော့ Have got နဲ့လဲ သုံးပေးလို့ရပါတယ်။ ( has got)
ဥပမာ ... I have got a computer.
He has got a car.
We have got a small house.
🎈 Have နဲ့ Have got ဘာကွာသလဲလို့ မေးရင်တော့.... got ကွာတယ်လို့ပဲ
ဖြေရမှာပဲ။
ဒါပေမဲ့ တော်တော်ကြီးကိုကွာပါတယ်။ အထူးသဖြင့် .....
negative နဲ့ question မှာ ပိုသိသာပါတယ်။
🎈 Have got ကိုငြင်းမယ်၊ မေးမယ်ဆိုရင်တော့
has/have + v3 ဖြစ်လို့
တစ်ခါတည်း not တန်းပေါင်းလို့ရပါတယ်။
👉 ဥပမာ ...- I have got a car. I have not got a car. Have you got a car?
👉 - He has got a dog. He has not got a dog. Has he got a dog?
👉 -we have taken a bath. we have not taken a bath. Have u taken a bath?
🎈 I have a car မှာဆိုရင်တော့ HAVE က main verb ဖြစ်သွားပါပြီ။
not ပေါင်းပေးလို့မရတော့ပါ။
👉 ဥပမာ ...i have a car ကို i have not a car ဆိုပီးတော့ လုပ်လို့မရပါဘူး။
Tense ကိုပြန်ကြည့်ရပါလိမ့်မယ်။
🎈 verb 1 အများ ဆိုရင်တော့ do not+ v1 နဲ့ငြင်းပြီး Do+s+v1 နဲ့မေးရတယ်။
👉 ဥပမာ ... i have a car. I do not have a car. Do you have a car?
🎈 verb 1 အနဲ ဆိုရင်တော့ does not+v1 နဲ့ငြင်းပြီး Does+s+v1 နဲ့ မေးရတယ်။
👉 ဥပမာ ...He has a dog. He doesn't have a dog. Does he have adog?
🎈 verb 2 ဆိုရင်တော့ did not+v1 နဲ့ငြင်းပြီး Did+s+v1 နဲ့မေးပါတယ်။
👉 ဥပမာ ... She had a car last week. She did not havea car last week.
Did she have a car last week?
🎈 နောက်ပြီးတော့ have ကို breakfast, lunch,dinner နဲ့ တခြားစားစရာ တစ်ခုခု
မှာလည်း သုံးလို့ရပါတယ်။
Yu can...
👉 - have breakfast.
👉 - have a party.
👉 - have a class.
👉 - have a cup of coffee/ tea.
👉 - have a cold. ( အအေးမိ)
အသုံး၀င်မည့် ဥပမာ sentences
👉 Have a nice day!!!
ပျော်စရာ နေ့တစ်နေ့ ဖြစ်ပါစေ။
👉 She is going to have a baby next week.
ရှေ့တစ်ပတ် ကလေးမွေးတော့မယ်။
👉 I have got an appointment.
ချိန်းထားတာလေးရှိလို့ပါ။
👉 She is having a baby.
သူမကိုယ်၀န်ရှိနေပြီ။
ကဲ....study လုပ်လိုက်ကြပါဦး
လိုချင်တာတွေရှိရင်လဲ ပြောကြပါ။
အစစအရာရာ အဆင်ပြေ ကြပါစေ။
Sayar Antony