University of Pharmacy, Myanmar

University of Pharmacy, Myanmar The Best & Most Efficient Pharmacy is within Our Own System! University of Rx Happy Pills

06/08/2026
31/07/2026

✨🌟𝐂𝐚𝐫𝐞𝐞𝐫 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬🌟✨

🔸 𝗣𝗼𝘀𝗶𝘁𝗶𝗼𝗻 : 𝗣𝗵𝗮𝗿𝗺𝗮𝗰𝗶𝘀𝘁 ( 10 ) 𝗣𝗼𝘀𝘁𝘀 🔸

🔶 𝗥𝗲𝗾𝘂𝗶𝗿𝗲𝗺𝗲𝗻𝘁 :
▪️ Bachelor Degree in Pharmacy (B.Pharm)
▪️ Appointment will be on a full-time basis.
▪️ Strong communication and interpersonal skills.
▪️ Good critical thinking and problem solving skills.
▪️ Ability to work cooperatively in a team environment
▪️ Computer literate (Microsoft office package)
▪️ Candidates with relevant working experience may be considered for the senior position.

Interested candidates should submit application with a CV, to Human Resource Department, Grand Hantha International Hospital (No-3, Corner of Nar Nat Taw Street and Kyee Myin Daing Kan Nar Road, Kamaryut Township, Yangon, Myanmar) or can send it via email.

📧 𝗛𝗥 𝗘𝗺𝗮𝗶𝗹 : 𝗵𝗿@𝗴𝗿𝗮𝗻𝗱𝗵𝗮𝗻𝘁𝗵𝗮.𝗰𝗼𝗺

☎️ 𝗛𝗥 𝗛𝗼𝘁𝗹𝗶𝗻𝗲 : 𝟎𝟏 𝟐𝟑𝟏 𝟕𝟔𝟎𝟎 , 𝟎𝟏 𝟕𝟓𝟐 𝟑𝟎𝟎𝟎

Only short-listed candidates will be contacted for interview.

☘️ " 𝐆𝐫𝐞𝐞𝐧. 𝐆𝐫𝐚𝐧𝐝. 𝐂𝐚𝐫𝐞 𝐅𝐨𝐫 𝐓𝐡𝐞 𝐏𝐞𝐨𝐩𝐥𝐞" 🍀

𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

🇲🇲
24/07/2026

🇲🇲

13/07/2026

■ဆေးညွှန်းနောက်ကွယ်က လျှို့ဝှက်ချက်များနှင့် ဆေးဝါးပညာရှင်ဘဝ

Written By - သိမ့်သိမ့်ဝင်း (B.Pharm)

( ၁ )

“B.Pharm” ဆိုတဲ့ ဘွဲ့နောက်ဆက်တွဲ စာလုံးလေးကို အမည်နောက်မှာ ကပ်ခွင့်ရခဲ့တဲ့နေ့က ကျွန်မရင်ထဲမှာ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ ပြည့်နှက်နေခဲ့တာ ယနေ့တိုင်အမှတ်ရနေဆဲပါ။ ဆေးဝါးဗေဒ ပညာရပ်တွေကို နှစ်ပေါင်းများစွာ စာတွေကျက်မှတ်ခဲ့ရပြီးနောက် ဆေးဘက်ဆိုင်ရာ ကုတ်အကျႌ (White Coat) ကို ဝတ်ဆင်ပြီး ဆေးဆိုင်ကောင်တာနောက်မှာ စတင်ရပ်တည်ခဲ့တဲ့နေ့က ကမ္ဘာကြီးကိုတောင် ကယ်တင်နိုင် တော့မလိုလို။ သို့သော် လက်တွေ့လောကဆိုတာ စာမေးပွဲခန်းထက် အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်ပြီး စိန်ခေါ်မှုတွေ များပြားလှမှန်း သိလာရဖို့ သိပ်မကြာလိုက်ပါဘူး။

ဆေးဝါးပညာရှင် (Pharmacist) တစ်ယောက်အနေနဲ့ အလုပ်သင်သက်တမ်းကနေ လက်တွေ့လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါ ပထမဆုံးရင်ဆိုင်ရတဲ့ စမ်းသပ်ချက်ကတော့ ဘာသာစကားအတတ်ပညာပဲ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်တွေ၊ ဆေးရုံတွေက ထွက်လာတဲ့ ဆေးညွှန်း (Prescription)တွေဟာ ကျွန်မတို့အတွက်တော့ နေ့စဉ်ဖြေရှင်းရတဲ့ ဉာဏ်စမ်းပဟေဠိတွေပေါ့။ ဆရာဝန်ကြီးအချို့ရဲ့ လက်ရေးတွေဟာ မျဉ်းကွေးလေး တစ်ကြောင်း ဖြစ်ချင်ဖြစ်မယ်။ အောက်ကိုဆွဲချလိုက်တဲ့ အမြီးလေးတစ်ခုကိုကြည့်ပြီး ဒါဟာ အကိုက်အခဲ ပျောက်ဆေးလား၊ သွေးတိုးကျဆေးလား ဒါမှမဟုတ် ပဋိဇီဝဆေးလားဆိုတာကို မျက်မှောင်ကြုတ်ပြီး ခန့်မှန်းရပါတယ်။

ကျောင်းမှာသင်ခဲ့ရတုန်းကတော့ ဆေးညွှန်းတစ်ခုမှာ ဆေးအမည်၊ သောက်သုံးရမယ့် အကြိမ်ရေ၊ ဆေးပမာဏ (Dosage) အတိအကျပါရမယ်လို့ အရိုးစွဲအောင် သင်ခဲ့ရတာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ လူနာတွေယူလာ တဲ့ ဆေးညွှန်းအချို့ဟာ ဖတ်ရခက်ရုံတင်မကဘဲ အမှားအယွင်းတွေပါ ပါလာတတ်ပါတယ်။ ဥပမာ ဆေးညွှန်း ထဲမှာ ရေးထားတဲ့ ဆေးပမာဏက သတ်မှတ်ချက်ထက် လွန်ကဲနေတာမျိုး၊ ဒါမှမဟုတ် လူနာမှာရှိနေတဲ့ တခြားရောဂါအခံနဲ့ မတည့်တဲ့ ဆေးမျိုးပါလာတတ်တာမျိုးပါ။ ဒီလိုအချိန်မျိုးမှာ Pharmacist တစ် ယောက်ရဲ့အခန်းကဏ္ဍက အသက်တစ်မျှ အရေးကြီးလာပါတယ်။

လူနာကတော့ ဆေးအမြန်ရချင်လို့ ကောင်တာမှာ ခြေတုန်လက်တုန်စောင့်နေတတ်ပေမဲ့ ကျွန်မတို့ကတော့ မသေချာတဲ့ ဆေးညွှန်းတစ်ခုအတွက် အမှားမခံနိုင်ပါဘူး။ “ခဏလေး စောင့်ပေးပါနော်” လို့ လူနာကို တောင်းပန်ပြီး ဆေးညွှန်းရှင် ဆရာဝန်ဆီ ဖုန်းဆက်ကာ “ဆရာ ဒီလူနာအတွက် ရေးထားတဲ့ ဆေးပမာဏက ဒီလောက် ဖြစ်နေလို့ပါ၊ ပြန်စစ်ပေးပါဦးရှင်” လို့ လိမ္မာပါးနပ်စွာ ညှိနှိုင်းရပါတယ်။ ဆရာဝန်က အလုပ်ရှုပ်နေလို့ မှားရေးမိတာကိုလက်ခံပြီး ကျေးဇူးတင်စကားဆိုကာ ဆေးညွှန်းပြင်ပေးလိုက်တဲ့အခါမှပဲ ရင်ထဲကအလုံးကြီး ကျသွားရပါတယ်။ ကောင်တာနောက်က အရောင်းစာရေးလေးတွေက ဆေးဘူးကို အလွယ်တကူ ထုတ်ပေးနိုင်ပေမဲ့ အဲဒီဆေးညွှန်းနောက်ကွယ်က အန္တရာယ်တွေကို စစ်ထုတ်ပေးဖို့ကတော့ B.Pharm ဘွဲ့ရ ဆေးဝါးပညာရှင်တွေရဲ့တာဝန်ပဲ ဖြစ်ပါတယ်။

( ၂ )

ဆေးညွှန်းလက်ရေးတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီးတဲ့နောက် ဒုတိယမြောက် ကြုံရတဲ့စမ်းသပ်ချက်ကတော့ ဆေးဆိုင်ကို ပြေးလာကြတဲ့လူနာတွေရဲ့ အခေါ်အဝေါ်အလွဲတွေနဲ့ ဆန်းပြားတဲ့ တောင်းဆိုမှုတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ဆေးဝါးဗေဒဗဟုသုတ နည်းပါးကြသေးတာမို့ ဆေး အမည်တွေကို ကိုယ်ကြားဖူးသလို စိတ်ကူးထဲရှိသလို ခေါ်ဝေါ်ပြီး လာဝယ်တတ်ကြတာ နေ့စဉ်အလုပ်တစ်ခုလို ဖြစ်နေပါပြီ။

“သမီး။ မမကြီးကို “ပါရာဇီတာ”တစ်ကတ် လောက်ပေးပါဦး”လို့လာဝယ်ရင်Pharacetamol (ပါရာစီတမော) မှန်း ချက်ချင်းသိနိုင်လို့ တော်သေးတာပေါ့။ တစ်ခါတလေကျရင် “ညည်းတို့ဆိုင်မှာ အသည်းပုံ ဆေးလုံးလေး ရှိလား” တို့၊ “ဟိုတစ်ခါက ဝယ်သွားတဲ့ အဝါရောင်ဆေးတောင့်လေးပေးပါ” တို့ ဆိုပြီး လာမေးတဲ့အခါ ကျွန်မတို့ Pharmacist တွေမှာ စုံထောက်ကြီး ရှာလော့ဟုမ်းသဏ္ဌာန် ဖမ်းရပါတော့တယ်။ ဆေးဝါးလောကမှာ အရောင် တူ၊ ပုံစံတူပေမဲ့ အာနိသင်ကောင်းကင်နဲ့ မြေကြီးလိုကွာခြားတဲ့ဆေးတွေ အများကြီးရှိတာမို့ ရောဂါလက္ခဏာကို သေချာပြန်မေး၊ အရင်ကသောက်ဖူးတဲ့ ဆေးဘူးခွံကိုပြခိုင်းပြီး စိတ်ရှည်လက်ရှည် လိုက်လံစိစစ်ပေးရပါတယ်။

အဆန်းဆုံးကတော့ “အကြောဆေး” နဲ့ “အားဆေး” အပေါ်ထားရှိတဲ့ လူထုရဲ့အယူအဆအမှားတွေပါပဲ။ “သမီး။ အမေက သွေးတိုးရှိတယ်။ ဇက်ကြောတွေတက်နေလို့ အကြောဆေးလေးတစ်လုံးလောက် ထိုးပေးပါလား” ဆိုပြီး ဆိုင်ထဲဝင်လာတတ်ကြပါတယ်။ သူတို့ခေါ်တဲ့ အကြောဆေးဆိုတာက ဗီတာမင် ဘီကွန်ပလက်စ် (Vitamin B Complex ) ဆေးကို ဆိုလိုတာပါ။ ဒါပေမဲ့ သွေးတိုးနေတဲ့အချိန်မှာ မလိုအပ်ဘဲ အကြောဆေး သွင်းတာ၊ ဒါမှမဟုတ် စပ်ဆေးတွေ အလွယ်တကူ ဝယ်သောက်တာဟာ ဘယ်လောက် အန္တရာယ်များကြောင်း၊ သွေးတိုးကျဆေးကိုပဲ စနစ်တကျ သောက်ရမှာဖြစ်ကြောင်း ရှင်းပြတဲ့အခါ အချို့က နားလည်ကြပေမဲ့ အချို့ကတော့ “ဆေးဆိုင်က ဆေးကို ရောင်းမစားချင်ဘူး။ ဆရာကြီး လုပ်နေတယ်”ဆိုပြီး မျက်စောင်းထိုး ဆောင့်အောင့် ထွက်သွားကြတာမျိုးလည်း ကြုံရပါတယ်။

နောက်ပြီး “စပ်ဆေး” ဆိုတဲ့ အရာကလည်း ကျွန်မတို့ Pharmacist တွေအတွက် အဓိက ရန်သူတော်ကြီးပေါ့။ လူနာအများစုက ဆေးတစ်လုံးချင်းစီရဲ့ အာနိသင်ကိုမသိဘဲ တစ်ခါသောက်ရင် သက်သာရောဆိုတဲ့ စိတ်နဲ့ ဆေးမျိုးစုံ ရောစပ်ထားတဲ့ စပ်ဆေးတွေကို အလွယ်တကူ အားကိုးတတ်ကြပါတယ်။ အဲဒီစပ်ဆေးတွေထဲမှာ စတီးရွိုက် (Steroid) ဆေးဝါးတွေ အလွန်အကျွံ ပါဝင်နေတတ်ပြီး ရေရှည်မှာ ကျောက်ကပ်ပျက်စီးတာ၊ အစာအိမ်ပေါက်တာတွေ ဖြစ်နိုင်မှန်း သိပ္ပံနည်းကျသင်ယူခဲ့ရတဲ့ ကျွန်မတို့ကတော့ ရင်တမမ ဖြစ်ရပါတယ်။ လူနာတွေကို စေတနာရှေ့ထားပြီး “စပ်ဆေးတွေ မသောက်ပါနဲ့ အန်တီရယ်။ ဘေးထွက်ဆိုး ကျိုးများပါတယ်” လို့ ပြောလိုက်တိုင်း “ငါကတော့ သောက်နေကျပဲ။ ဘာမှမဖြစ်ပါဘူး” ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျွန်မတို့ရဲ့B.Pharm ဘွဲ့ကြီးဟာ ကောင်တာအောက်ကို ခေတ္တလျှောကျ သွားရပြန်ပါတယ်။ ဒီလို အယူ အဆဟောင်းတွေ၊ အလေ့အထအမှားတွေ ကြားထဲကနေ လူနာတွေ ဘေးအန္တရာယ်ကင်းဖို့ စိတ်ရှည်လက်ရှည် ပညာပေးရတာဟာ Pharmacist တစ်ယောက်ရဲ့ နေ့စဉ် ရုန်းကန်ရတဲ့ နိစ္စဓူဝအလုပ်တစ်ခုပဲဖြစ်ပါတယ်။

Read More - - - >>>https://news-eleven.com/article/313335

■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

09/07/2026

‘ဆေးဝါးတွေကို Quality Control လုပ်နေရတဲ့ pharmacist တွေ မဖြစ်မနေ တက်ရောက်သင့်တဲ့ ISO Awareness Training’

ယနေ့ခေတ် ဆေးဝါးလုပ်ငန်းခွင် (Pharmaceutical Industry) နဲ့ Healthcare Sector တွေမှာ Pharmacist တွေအနေနဲ့ ဆေးဝါးဆိုင်ရာ အသိပညာအပြင် နောက်ထပ် မဖြစ်မနေ သိထားသင့်တာက အရည်အသွေးစီမံခန့်ခွဲမှုစနစ် (Quality Management System) ပါပဲ။ သင်က pharmacist တယောက် အနေနဲ့
👉 နိုင်ငံတကာ အဆင့်မီ ISO Standards တွေအကြောင်းကို လေ့လာချင်တယ်
👉 လုပ်ငန်းခွင်မှာ ISO Audit လာစစ်မယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ၊ ဘယ်လို Compliance တွေ လိုအပ်လဲဆိုတာ သိထားချင်တယ်
👉 Quality Assurance (QA), Regulatory Affairs ဒါမှမဟုတ် Management Level တွေမှာ Career ကို မြှင့်တင်ချင်ပေမယ့် ISO အပိုင်းကို အခုထက်ပိုပြီး လေ့လာချင်တယ်
💡 ဒါဆိုရင်တော့ အခုလာမယ့် စနေနေ့ည MYPG ကနေ အထူးစီစဉ်ပေးလိုက်တဲ့ ISO Awareness Training ကို မဖြစ်မနေတက်ရောက်ဖို့ လိုနေပြီနော်။

📌 Topic: ISO Awareness Training
ဒီ Webinar လေးမှာ ISO ဆိုတာ ဘာလဲ၊ ဘာကြောင့် လုပ်ငန်းတွေမှာ အရေးပါတာလဲဆိုတဲ့ အခြေခံ သဘောတရားတွေကို ရှင်းလင်းလွယ်ကူစွာ သိရှိနားလည်နိုင်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🎙️ Expert Speaker
ဒီ Training အတွက် Management နဲ့ Quality System ပိုင်းမှာ ကျွမ်းကျင်တဲ့ အတွေ့အကြုံရင့် Trainer ကိုယ်တိုင်က လာရောက်ဝေမျှပေးသွားမှာပါ။
Speaker: Ms. Nay
Academic Background: M.Com, D.MAR (UK)
Current Position: System Advisor & Trainer (Management | Risk | Quality | Health, Safety & Environment- QHSE)

📅 Event Details
Date: 11th July 2026 (Saturday)
Time: 7:00 PM to 9:00 PM (MMT)
Platform: ZOOM Online (Free Webinar)
"Upgrade Your Standards, Elevate Your Career!"

Pharmacist တိုင်း မဖြစ်မနေ သိထားသင့်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေအကြောင်းကို အခမဲ့ လေ့လာနိုင်မယ့် အခွင့်အရေးပါ။ နေရာကန့်သတ်ထားတာဖြစ်လို့ သင့်ရဲ့ Career ကို အဆင့်မြှင့်တင်ဖို့ အခုပဲ အောက်က Link မှာ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ရအောင်နော်။ 👇
🔗 https://forms.gle/jwQbFp4a98jgBmee7

02/07/2026
30/06/2026
26/06/2026

"အပြောင်းအလဲ သိပ်များတဲ့ ရန်ကုန်ဆေးစျေးကွက်အတွက် ဘာတွေလေ့လာထားပြီးပြီလဲ ?"

ယနေ့ ရန်ကုန်ဆေးဝါးစျေးကွက်ထဲမှာ စီးပွားရေးလုပ်နေရတဲ့ Pharmacist တိုင်း ဒီအချက်တွေကြောင့် ခေါင်းကိုက်နေရတတ်ပါတယ်

👉 စျေးထပ်တက်ဦးမယ်အထင်နဲ့ အရင်းစိုက်ပြီး စုဝယ်လိုက်မှ စျေးပြန်ကျသွားလို့ အရင်းမြုပ်နှံမှု များသွားတာ

👉 လူနာလာမေးတဲ့ အဓိကဆေးတွေက မရှိနေဘဲ မရောင်းရတဲ့ဆေးတွေကတော့ Expired ဖြစ်တဲ့အထိ ပစ္စည်းကျန်နေတာ

👉 အမြတ်ရနေတယ်ဆိုပေမဲ့ လက်ထဲမှာ ငွေသားမရှိဘဲ Stock တွေထဲမှာတင် ငွေ အမြောက်အမြား ပိတ်မိနေတာ

💡 "အမြတ်ရဖို့ထက် အရှုံးမရှိဘဲ မပြိုလဲအောင် ထိန်းနေရတဲ့ ဒီလိုကာလမျိုးမှာ သင့်ဆေးဆိုင်ကို စမတ်ကျကျနဲ့ ရေရှည်ဘယ်လို လည်ပတ်မလဲ?"

💡 ဒီစိန်ခေါ်မှု အကျပ်အတည်းတွေကို အတူတူ ကျော်ဖြတ်နိုင်ဖို့ MYPG မှ အထူးစီစဉ်လိုက်တဲ့ "အခမဲ့ Live Webinar" ကို အခုလာမယ့် Sunday ညမှာ ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

📌 Topic: Inventory / Stock Management in Volatile Market (Yangon)

🎙️ Expert Speaker

Speaker: Ms. Khin Kyi Kyi Zin
B.Pharm
CEO & Founder of Myat Thazin Pharmacy

အစ်မဟာ Professional Pharmacy Management Consultant Experience များစွာ ရှိထားပြီး နှစ် ၂၀ ကြာ မြတ်သဇင်ဆေးဆိုင် ဆိုင်ခွဲများ ကို စီမံခဲ့သလို လက် ရှိမှာလည်း Consultant အနေနဲ့ ရွှေမန်းဆေးဆိုင် (တာမွေ) ဆိုင်ခွဲများ ဇီဝဆေးဆိုင် ဆိုင်ခွဲများ နဲ့ ရာမဆေးဆိုင် (ရွှေပြည့်စုံဈေး)တို့ကို Training coach လုပ်ပေးနေပါတယ်

ဒီ Webinar ကို join ခြင်းအားဖြင့် မငြိမ်မသက်ဖြစ်နေတဲ့ ဆေးစျေးကွက်နဲ့ ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန် အချက်တွေနဲ့ လက်တွေ့ နည်းဗျုဟာတချို့ကိုပါ ရရှိသွားမှာ ဖြစ်ပါတယ်။

📅 Event Details
Date: 28th June 2026 (Sunday)
Time: 7:30 PM
Platform: ZOOM Online (Free Webinar)

"Smarter Stock, Stronger Business!"

အခုလိုကာလမှာ ဆေးဆိုင်ပိုင်ရှင်တွေ၊ ဆေးဆိုင်မန်နေဂျာတွေနဲ့ ကိုယ်ပိုင်ဆေးဆိုင်ထောင်ဖို့ စိတ်ကူးရှိတဲ့ Pharmacist တိုင်း မဖြစ်မနေ နားထောင်ပြီး ပြင်ဆင်ထားသင့်တဲ့ Session လေးတခု ဖြစ်ပါတယ်။

နေရာကန့်သတ်ထားတာဖြစ်လို့ အခုပဲ အောက်က Link မှာ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ရအောင်နော်။ 👇

🔗 https://forms.gle/QchVmNfhhKje6ws47

Address

Yangon

Website

Alerts

Be the first to know and let us send you an email when University of Pharmacy, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to University of Pharmacy, Myanmar:

Shortcuts

Share