Tr. Lucy Htar Htar

Tr. Lucy Htar Htar

Share

Describe who you are!

21/12/2025

Scholarship Mindset မရှိဘဲနဲ့ စကောလားရှစ် မလျှောက်ကြပါနဲ့ 🙅❌

လူတစ်ယောက် တိုးတက်ဖို့အတွက် Mindset ဆိုတာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်သလိုပဲ Scholarship တစ်ခုရဖို့ဆိုတာကလည်း အဲ့ဒီ Scholarship နဲ့ထိုက်တန်တဲ့ Mindset တော့ရှိဖို့လိုအပ်ပါတယ်။ တစ်ခါတလေ ကိုယ်ကအရမ်းကြိုးစားနေမဲ့လည်း Mindset တစ်ခု ခိုင်ခိုင်မာမာမရှိဘူးဆိုရင် လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားနိုင်သလို Scholarship အရမ်းလိုချင်နေပေမဲ့လည်း ဘယ်ကစလို့လုပ်ရမယ်မှန်းမသိဖြစ်စေရင် ဒီ Mindset ကို အရင်ပြောင်းလဲကြည့်ပါ 👇

Scholarship Mindset မှာ ဘာတွေပါဝင်လဲ❓

✅ Clear Objectives

ကိုယ့်‌ရွေးချယ်မဲ့ ကျောင်း၊ Major ကဘာလဲ၊ ဘာကြောင့် Scholarship ကို လိုအပ်တာလဲ၊ Scholarship Requirements တွေနဲ့ကိုက်ညီအောင် ဘာတွေပြင်ဆင်ထားရမလဲဆိုတာတွေကို သေချာသိရှိနားလည်ထားဖို့လိုအပ်ပါတယ်။

✅ Proactive Research

ဒီလိုသိရှိနားလည်လာဖို့ ဘာလုပ်ရမလဲဆိုတော့❗Research, Research, Research❗
အင်တာနက်နဲ့ အလွယ်အကူရှာဖွေလို့ရနေတဲ့ခေတ်မှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်လိုချင်တာလေးတော့ရအောင် ရှာတတ်သင့်ပါတယ်။ Senior တွေမျှဝေပေးထားတဲ့ Scholarship Information တွေလည်း တော်တော်များများ ပြည့်ပြည့်စုံစုံရှိတာမလို့ ကိုယ့်ဘက်က အားစိုက်ထုတ်ပြီး ရှာဖွေပါ၊ လေ့လာပါ၊ အကြံဉာဏ်တွေတောင်းပါ။ အကြံဉာဏ်တောင်းတဲ့အခါမှာလည်း Humble ဖြစ်နေဖို့ လိုအပ်ပါတယ်။

✅ Growth-Oriented Approach

ဘယ် Scholarship တွေ လျှောက်ရမလဲသိသွားပြီ၊ အဲ့အတွက် စပြီးပြင်ဆင်တော့မယ်ဆိုရင် ရှိထားသင့်တာတစ်ခုက Growth-Oriented Approach လို့ခေါ်ပါတယ်။ Scholarship Process တစ်လျှောက်လုံးကို ကိုယ့်ရဲ့ Skills တွေတိုးတက်လာဖို့ အခွင့်အရေးအနေနဲ့အသုံးချလို့ရပါတယ်။ Writing Skill, Research Skill, Networking Skill စသဖြင့် ကိုယ့် Personal Development အတွက် အထောက်အကူဖြစ်စေမှာပါ။

✅ Authenticity

ခုနကပြောသွားတဲ့ Writing Skill မှာ Scholarship လျှောက်ဖို့ အရေးကြီးတာတစ်ခုက Authenticity ပါ။ ကိုယ့်အရည်အချင်း၊ ရည်မှန်းချက်၊ Goals တွေက Authentic ဖြစ်နေရပါမယ်။ ကိုယ်က ဘယ်လောက်ပဲ Academic Writing တော်တော် ကိုယ့်ရဲ့ Authenticity ကို ချမပြနိုင်ဘူးဆိုရင် Scholarship နဲ့ ဝေးနေတုန်းဝေးနေဆဲဖြစ်ပါလိမ့်မယ်။

✅ Diligence and Organization

🚨 Essay တွေတော့ ရေးလို့ပြီးပြီ၊ Requirements တွေက စုဖို့လိုသေးတယ်၊ Deadline ကလည်းကပ်နေပြီ 🚨
အဲ့ဒီလိုတွေ Rush မဖြစ်ရအောင် Documents တွေ၊ Essay တွေ၊ လျှောက်မဲ့ Scholarship တွေရဲ့ Deadline တွေကို သေချာ Prepare လုပ်တတ်တဲ့ Organization Skill ကလည်း လိုအပ်လာပြန်ပါတယ်။

ကျောင်းလျှောက်ဖို့လိုအပ်တဲ့ Documents တွေကို Ctrl list မှာ Notary ပြန်လို့ရပါတယ်နော် 👇
https://www.facebook.com/share/p/1F4QYisv7Z/

✅ Resilience

နောက်ဆုံးဆိုပေမဲ့ အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ Resilience Skill ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရမယ်ဆိုတာမှာ စကောလားရှစ်ကလည်း လောကဓံတရားထဲပါလာပါပြီ။ Scholarship အတွက် စတင်ပြင်ဆင်ခဲ့ရတဲ့ အချိန်တွေကစ ဘယ်လို Result ပဲရလာရလာ ကြိုးစားမှုတွေရပ်တန့်မသွားအောင် Resilience ‌ကို လက်ကိုင်ထားနိုင်ဖို့လိုအပ်ပါတယ်။

ဒီနေ့မျှဝေပေးခဲ့တာတွေအကုန်လုံးက Scholarship လိုချင်တဲ့ လူငယ်တစ်ယောက်မှာရှိထားသင့်တဲ့ Scholarship Mindset တွေဖြစ်ပါတယ်။
ဒါတွေ ကိုယ့်မှာရှိလားဆိုလာ သေချာပြန်ဆန်းစစ်ပြီး လိုအပ်တာတွေကို အခုကတည်းကစ ပြင်ဆင်ထားလိုက်တော့နော် 🙌

19/12/2025

🇲🇲 စစ်ပွဲကြောင့် ပညာရေးနဲ့အဆက်ပြတ်သွားခဲ့တဲ့ မြန်မာလူငယ်တွေ အတွက်

UK ရဲ့ University of Manchester မှ Fully-Funded Bachelor Scholarship
(Requirements တွေအားလုံးကို အသေးစိတ် နားလည်အောင်ရှင်းပြထားပါတယ်)

ဒီ Scholarship Programme ဟာ
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခ၊ လုံခြုံရေးမရှိမှု၊ ဖိအားတွေကြောင့်
ပညာရေးနဲ့ အဆက်ပြတ်ခဲ့ရတဲ့ လူငယ်တွေ အတွက်
အလွန်ကို ကိုက်ညီတဲ့ Humanitarian-based Fully Funded Scholarship တစ်ခုဖြစ်ပါတယ်။

🔴 1️⃣ မြန်မာနိုင်ငံရဲ့ စစ်ပွဲ / ပဋိပက္ခ သက်ရောက်မှုကို တိုက်ရိုက် ခံစားထားရသူ ဖြစ်ရပါမယ်

ဒီ Scholarship ရဲ့ အဓိကဆုံး requirement က
👉 War / Armed conflict impact ဖြစ်ပါတယ်။

University of Manchester က
အောက်ပါအခြေအနေမျိုးတွေကို ရှာနေပါတယ်👇

• 🇲🇲 မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခ၊ လုံခြုံရေးမရှိမှုကြောင့်
အန္တရာယ်မြင့်ဒေသမှာ နေထိုင်နေရသူ
• 🏚 နေရပ်ရွှေ့ပြောင်းနေရသူ (IDP)
• နယ်စပ်ထွက်ပြေးနေရသူ / refugee အခြေအနေရှိသူ
• စစ်ရေးဖိအား၊ ဖမ်းဆီးမှု၊ ခြိမ်းခြောက်မှုတွေကြောင့်
ပုံမှန်ဘဝနဲ့ ပညာရေးကို ဆက်မလုပ်နိုင်တော့သူ

📌 အရေးကြီးဆုံးအချက်
ဒီအခြေအနေတွေဟာ
👉 နောက်ဆုံး ၃ နှစ်အတွင်း ဖြစ်ပွားခဲ့ရပါမယ်
(လက်ရှိထိ သက်ရောက်မှုရှိနေဆဲ ဖြစ်ရပါမယ်)

➡️ ဒီအချက်အရ
မြန်မာနိုင်ငံသားတွေက အလွန်ကို ကိုက်ညီတဲ့ target group ဖြစ်ပါတယ်။

🔴 2️⃣ စစ်ပွဲကြောင့် ပညာရေးလမ်းကြောင်း ပြတ်တောက်ခဲ့ရသူ ဖြစ်ရပါမယ်

ဒီ Scholarship က
“ငွေမရှိလို့ မတက်နိုင်တာ” ထက်
👉 အခြေအနေကြောင့် မတက်နိုင်တော့တာ ကို အဓိကထားပါတယ်။

မြန်မာလူငယ်များအတွက် ကိုက်ညီတဲ့ ဥပမာ👇

• University တက်ဖို့ စီစဉ်ထားပေမယ့်
စစ်ပွဲ၊ အခြေအနေကြောင့် မစနိုင်ခဲ့
• University တက်နေစဉ်
ကျောင်းပိတ်သိမ်း၊ လုံခြုံရေးမရှိလို့ ထွက်ပြေးရ
• မိသားစု၊ လုံခြုံရေး၊ စီးပွားရေး အခြေအနေကြောင့်
ဆက်လက်ပညာမသင်နိုင်တော့

📌 ဒါပေမယ့် အရေးကြီးတာတစ်ချက်
✔️ စစ်ပွဲမဖြစ်ခင်က
👉 Academic performance ကောင်းသူ ဖြစ်ခဲ့ရပါမယ်

🔴 3️⃣ UK / EU မှာ အရင်တက်ဖူးသူ မဖြစ်ရပါ (မြန်မာလူငယ်အတွက် အားသာချက်)

ဒီ Programme က
👉 UK / EU ပညာရေးအခွင့်အရေး မရဖူးသေးတဲ့ လူငယ်တွေ ကို ဦးစားပေးပါတယ်။

ဒါကြောင့်👇

❌ အရင်က UK / EU မှာ
– Degree
– Diploma
– Long-term study
တက်ဖူးရင် မကိုက်ပါ

➡️ မြန်မာနိုင်ငံသားအများစုအတွက်တော့
ဒီအချက်က အားသာချက်ကြီး ဖြစ်ပါတယ်။

🔴 4️⃣ လက်ရှိ UK / EU ထဲမှာ မနေထိုင်ရပါ

• လက်ရှိ UK သို့မဟုတ် EU နိုင်ငံအတွင်း
နေထိုင်နေရင် ဒီ scholarship ကို မလက်ခံပါ

ဘာကြောင့်လဲဆိုတော့👇
University of Manchester မှာ
UK/EU ထဲနေသူများအတွက်
👉 Article 26 / Refugee scheme သီးသန့်ရှိပြီးသား ဖြစ်လို့ပါ။

ဒီ Programme က
👉 မြန်မာလို အပြင်ဘက်မှာ ပိတ်မိနေတဲ့ လူငယ်တွေ ကို ရည်ရွယ်ထားတာပါ။

🔴 5️⃣ Undergraduate Course ကို UCAS နဲ့ လျှောက်ထားပြီးသား ဖြစ်ရပါမယ်

Scholarship မလျှောက်ခင်👇

✔️ University of Manchester
✔️ September 2026 intake
✔️ Undergraduate (Year 1)
ကို UCAS system နဲ့ လျှောက်ထားပြီးသား ဖြစ်ရပါမယ်

❌ အောက်ပါ course မပါ👇
– Medicine
– Dentistry
– Nursing
– Architecture

📌 Foundation Year ပါတဲ့ degree အချို့ကိုတော့
ခွင့်ပြုထားပါတယ်။

🔴 6️⃣ English Language Requirement (မြန်မာကျောင်းသားများ အထူးသတိထားရန်)

• Scholarship / UCAS လျှောက်ချိန်မှာ
👉 IELTS / TOEFL မရှိသေးလည်း လျှောက်လို့ရပါတယ်

ဒါပေမယ့်👇
✔️ Offer letter ထဲမှာ ဖော်ပြထားတဲ့
English requirement ကို မဖြစ်မနေ ဖြည့်နိုင်ရပါမယ်

❌ Duolingo English Test ကို
University of Manchester က လက်မခံပါ

💡 နောက်ဆုံးအရေးကြီးတဲ့အချက် (မြန်မာလူငယ်များအတွက်)

ဒီ Scholarship က

✔️ စစ်ပွဲကြောင့် ဘယ်လိုပညာရေးပျက်သွားလဲ
✔️ အခွင့်အရေးရရင် ဘယ်လိုအသုံးချမလဲ
✔️ မြန်မာ့အသိုင်းအဝိုင်းကို ဘယ်လို ပြန်အကျိုးပြုမလဲ

ဒီ ၃ ချက်ကို
ရိုးသား၊ တိကျပြီး နားလည်အောင် ပြောနိုင်ရင်
ဒီ Scholarship က
👉 မြန်မာနိုင်ငံသားလူငယ်တွေအတွက် အမှန်တကယ် အခွင့်အရေးကြီး ဖြစ်ပါတယ် 🇲🇲✨

16/12/2025

Thanks for being a top engager and making it on to my weekly engagement list! 🎉 Alisx Antonio, Rose Mary, Monica Yuri Thae, Alice Zowa

07/12/2025

Hi! Pls watch and learn about something interesting!

05/12/2025

🇰🇭🇮🇩🇱🇦🇲🇾🇲🇲🇵🇭🇹🇭🇹🇱🇻🇳

DAAD Scholarship funded by the German Federal Ministry for Economic Cooperation and Development (BMZ), is granting scholarships for development-related Master studies -- for individuals who wish to pursue a career in teaching and/or research at a higher education institution in Southeast Asia.

The two-year Master program at Asian Institute of Technology (AIT), School of Environment, Resources and Development (SERD) aims at fostering strong, internationally oriented higher education systems in Southeast Asia with the capacity to contribute to sustainable development.

Eligible Countries
Cambodia, Indonesia, Lao, Myanmar, Malaysia, Philippines, East Timor, Thailand and Vietnam

Scholarships are awarded for the duration of the standard period of study for the chosen programme (up to a maximum of 22 months). Please state the entire period for which you wish to apply for a scholarship in your application.

Deadline: 15 November 2025

For details, please check it in the comment.

Credit: Department of Development and Sustainability, AIT

29/11/2025

Kid Online Class be like!

19/11/2025

How strong the wind is! Life is short so enjoy every moment.

07/11/2025

Hi! Been a while!

03/11/2025

🇲🇲Calling Myanmar Students!

The Suu Myat Than Foundation Scholarship 2026 now opens for Myanmar students.

Eligibility Criteria for Scholarship Recipients:

To be eligible for the Suu Myat Than Education Foundation Scholarship, applicants must meet the following criteria:

-Myanmar Background: Applicants must hold Myanmar citizenship or provide documentation confirming prior residency in Myanmar before the current crisis.

-Accredited Enrollment in Asia: Applicants must be currently enrolled or have received an unconditional offer for full-time study at an accredited higher education institution located in Asia.

-Demonstrated Financial Need: Applicants must demonstrate significant and verifiable financial need to complete their education due to hardship resulting from conflict or displacement.

-Academic Commitment: Applicants must show a clear commitment to completing their educational program and provide documentation confirming satisfactory academic standing.

Application End Date: December 15, 2025

For details, please check it in the comment.

Credit: Suu Myat Than Foundation

02/11/2025

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


No. 36, Yankin Street, Myaynigone, Sanchaung Township
Yangon
11111