ဒီနေ့တော့ ဘ၀မှာ အားဖြစ်စေမယ့် TED Talk တစ်ပိုင်းတင်ပေးမယ်ဗျို့..... :)
bo1000mall.com
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from bo1000mall.com, Education, Yangon.
17/04/2018
မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်မှု
မြတ်စွာဘုရားဟာ ရဟန်းတော်တွေကို
အမြဲဆုံးမလေ့ရှိတဲ့ အချက် ၂ ချက်ရှိတယ်
အဲဒီအချက်ဟာ ဘာလဲဆိုတော့
စကားပြောမယ်ဆိုရင် တရားစကားတွေပဲပြောဖို့ ၊
ဒုတိယအချက်အနေနဲ့ တရားစကားမပြောဘူးဆိုရင်
မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ နေဖို့ ဟောတယ်။
မြတ်စွာဘုရားဟာ တိတ်ဆိတ်မှုကို အင်မတန်မှ
လိုလားတဲ့သူဖြစ်တယ်နော်။
တိတ်ဆိတ်ငြိမ်သက်မှုဟာ သိပ်အရေးကြီးတယ်...
တခြားဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေကို
ဝင်သွားပြီးကြည့်လိုက်တယ်ဆိုရင် တိတ်ဆိတ်နေတာပဲနော်။
ငြိမ်ပြီးတော့ စကားမပြောပဲနဲ့ လူမှ ရှိရဲ့လားလို့ ထင်လောက်အောင်ပဲ တိတ်ဆိတ်နေတယ်။
မြတ်စွာဘုရားရဲ့ တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့ အဆုံးအမတွေရှိလျက်နဲ့
မြန်မာနိုင်ငံမှာနေတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကမလိုက်နာပါလား။
ဒို့တတွေဟာ ဘုရားရဲ့ အဆုံးအမကို ဒီအချက်လေးတောင် မလိုက်နာနိုင်ဘူးဆိုရင်
တခြားအရာတွေဆိုရင် လိုက်နာဖို့ဆိုတာ အင်မတန်းမှ ခဲယဉ်းတယ်နော်။
ကြည့်လေ ရွှေတိဂုံဘုရားပေါ်သွားဖူးဖူး၊ဆူးလေဘုရားပေါ်သွားဖူးဖူး၊
ဗိုလ်တထောင်ဘုရားပေါ်ပဲသွားဖူးဖူး ဘုရားပေါ်လည့်ပတ်ကြည့် ဆူညံသွားကြတာများတယ်။
ဘုရားကိုလှည့်ပြီးဈေးထဲဝင်သလို အတိုင်းအတာတစ်ခုဖြစ်နေတယ်။
ရိုသေမြတ်နိုးမှု အင်မတန်မှ အားနည်းတယ်နော်။
မြန်မာလူမျိုးတွေရဲ့ အနေအထားဟာ
အဲလိုဖြစ်နေတယ် အများစုကိုပြောတာနော်
လူတိုင်းကိုတော့ မဆိုလိုပါဘူး ထပ်ပြီး ဘယ်သူကမှ
သုတေသနလုပ်မကြည့်လို့ လုပ်ကြည့်လို့ရှိရင် နေ့စဉ်
ဘုရားပေါ်တက်လာတဲ့ သူဘယ်နှစ်ယောက်ရှိလဲ ၊
စကားမပြောဘဲနဲ့ မြတ်စွာဘုရားကို မြတ်မြတ်နိုးနိုးရှိခိုးပြီးသွားတဲ့
သူ ဘယ်နှစ်ယောက်ရှိလဲ ၊ စကားပြော
လှည့်ပတ်လျှောက်ကြည့်တဲ့သူက ဘယ်နှစ်ယောက်၊
ဘုရားတောင်မှ ဦးမချဘဲနဲ့ ထွေလီကာလီစကားတွေပြောပြီး
ဘုရားပေါ်က ပြန်ဆင်းသွားတဲ့သူ ဘယ်နှစ်ယောက် ဆိုတာ
နေ့စဉ် သုတေသနလုပ်ကြည့်ဖို့ ကောင်းတဲ့
အနေအထားဖြစ်နေတယ်
မြန်မာပြည်မှာ
ဘုန်းကြီးတို့ တစ်ခါ ဆူးလေ ဘုရားမှာ
တရားပွဲရှိလို့ တရားသွားဟောတယ် ။
ဘုရားဖူးတဲ့ သူတွေက အပြင်ဘက်ကနေ
ဆူညံနေလို့ တရားဟောလို့ မဖြစ်ပါဘူး။
ဘုရားဖူးလို့ ပြောတဲ့ သူတွေက ဘုရားကို
လှည့်ပတ်ပြီးဆူညံဆူညံနဲ့ စကားပြောသွားတယ်။
နောက်ဆို ဆူးလေဘုရားပွဲက ပင့်တဲ့
တရားပွဲဆို ဘယ်တော့မှ မသွားတော့ဘူး။
ဘာဖြစ်လို့တုန်းဆိုတော့ ဘုရားကြိုက်တဲ့
တိတ်ဆိတ်ငြိမ်သက်မှုကို မလိုက်နာနိုင်တော့
ဘုရားဟောတဲ့ တရားကိုဟောဖို့ ဆိုတာ
အင်မတန်မှ ခဲယဉ်းတဲ့နေရာဖြစ်သွားတယ်
တခြားနိုင်ငံတွေမှာ အင်မတန်မှ
အံသြစရာကောင်းလိုက်အောင် တိတ်ဆိတ်ငြိမ်သက်မှုရှိတယ်။
ဒို့နိုင်ငံမှာ ဗုဒ္ဓဘာသာလို့ပြောပြီး မြတ်စွာဘုရားရဲ့
အဆုံးအမတွေရှိပါလျက်သားနဲ့
ဘုရားစကားကို ဘာဖြစ်လို့ နားမထောင်ကြတာပါလိမ့်မလဲ။
ဘုရားပေါ်တက်လဲ မတိတ်ဆိတ်ဘူး ဘုန်းကြီးကျောင်းသွားလဲ
မတိတ်ဆိတ်ဘူး။
ဆူညံပြီးတော့ နေလေရှိကြတာဟာ
အံသြစရာကောင်းတဲ့အနေအထားတစ်ခုပဲ
မစဉ်းစားမဆင်ခြင်ပဲနေလို့ရှိရင် မသိနိုင်ဘူး ဒီကိစ္စက
စဉ်းစားဆင်ခြင်ဖို့ကောင်းတယ် ပြီးတော့ ဘာသာရေးပွဲတော်
လုပ်တာက
ဘာသာရေးပွဲတော် ဖွင့်တာက ကာမသီချင်းတွေ
ဘာသာရေးနဲ့ ကာမနဲ့ဟာ ဆန့်ကျင်ဘက်ပဲတစ်ခုဘာသာရေးပွဲဆိုတော့
ဘာသာရေးသီချင်းတွေလောက်ပဲ ဖွင့်သင့်တာပေါ့
အဲလို စည်းကမ်းတွေ ဒို့ဆီမှာမရှိဘူး
ဖွင့်တဲ့နေရာက ဘုရား ဖွင့်လိုက်တဲ့ သီချင်းတွေက
နားမကြားသာတဲ့ သီချင်းမျိုး
ဒါတွေကို မစဉ်းစားကြဘူးလားလို့ ဒီလို တွေးတောမိတယ်
တိတ်ဆိတ်ငြိမ်သက်မှုဟာ အင်မတန်မှကို မြတ်နိုးစရာကောင်းတယ်
ဗုဒ္ဓဘာသာဝင်တိုင်း သတိထားလိုက်နာနိုင်ဖို့ အရေးကြီးတယ်နော်
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်မှု
မြတ်စွာဘုရားဟာ ရဟန်းတော်တွေကို
အမြဲဆုံးမလေ့ရှိတဲ့ အချက် ၂ ချက်ရှိတယ်
အဲဒီအချက်ဟာ ဘာလဲဆိုတော့
စကားပြောမယ်ဆိုရင် တရားစကားတွေပဲပြောဖို့ ၊
ဒုတိယအချက်အနေနဲ့ တရားစကားမပြောဘူးဆိုရင်
မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ နေဖို့ ဟောတယ်။
မြတ်စွာဘုရားဟာ တိတ်ဆိတ်မှုကို အင်မတန်မှ
လိုလားတဲ့သူဖြစ်တယ်နော်။
တိတ်ဆိတ်ငြိမ်သက်မှုဟာ သိပ်အရေးကြီးတယ်...
တခြားဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေကို
ဝင်သွားပြီးကြည့်လိုက်တယ်ဆိုရင် တိတ်ဆိတ်နေတာပဲနော်။
ငြိမ်ပြီးတော့ စကားမပြောပဲနဲ့ လူမှ ရှိရဲ့လားလို့ ထင်လောက်အောင်ပဲ တိတ်ဆိတ်နေတယ်။
မြတ်စွာဘုရားရဲ့ တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့ အဆုံးအမတွေရှိလျက်နဲ့
မြန်မာနိုင်ငံမှာနေတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကမလိုက်နာပါလား။
ဒို့တတွေဟာ ဘုရားရဲ့ အဆုံးအမကို ဒီအချက်လေးတောင် မလိုက်နာနိုင်ဘူးဆိုရင်
တခြားအရာတွေဆိုရင် လိုက်နာဖို့ဆိုတာ အင်မတန်းမှ ခဲယဉ်းတယ်နော်။
ကြည့်လေ ရွှေတိဂုံဘုရားပေါ်သွားဖူးဖူး၊ဆူးလေဘုရားပေါ်သွားဖူးဖူး၊
ဗိုလ်တထောင်ဘုရားပေါ်ပဲသွားဖူးဖူး ဘုရားပေါ်လည့်ပတ်ကြည့် ဆူညံသွားကြတာများတယ်။
ဘုရားကိုလှည့်ပြီးဈေးထဲဝင်သလို အတိုင်းအတာတစ်ခုဖြစ်နေတယ်။
ရိုသေမြတ်နိုးမှု အင်မတန်မှ အားနည်းတယ်နော်။
မြန်မာလူမျိုးတွေရဲ့ အနေအထားဟာ
အဲလိုဖြစ်နေတယ် အများစုကိုပြောတာနော်
လူတိုင်းကိုတော့ မဆိုလိုပါဘူး ထပ်ပြီး ဘယ်သူကမှ
သုတေသနလုပ်မကြည့်လို့ လုပ်ကြည့်လို့ရှိရင် နေ့စဉ်
ဘုရားပေါ်တက်လာတဲ့ သူဘယ်နှစ်ယောက်ရှိလဲ ၊
စကားမပြောဘဲနဲ့ မြတ်စွာဘုရားကို မြတ်မြတ်နိုးနိုးရှိခိုးပြီးသွားတဲ့
သူ ဘယ်နှစ်ယောက်ရှိလဲ ၊ စကားပြော
လှည့်ပတ်လျှောက်ကြည့်တဲ့သူက ဘယ်နှစ်ယောက်၊
ဘုရားတောင်မှ ဦးမချဘဲနဲ့ ထွေလီကာလီစကားတွေပြောပြီး
ဘုရားပေါ်က ပြန်ဆင်းသွားတဲ့သူ ဘယ်နှစ်ယောက် ဆိုတာ
နေ့စဉ် သုတေသနလုပ်ကြည့်ဖို့ ကောင်းတဲ့
အနေအထားဖြစ်နေတယ်
မြန်မာပြည်မှာ
ဘုန်းကြီးတို့ တစ်ခါ ဆူးလေ ဘုရားမှာ
တရားပွဲရှိလို့ တရားသွားဟောတယ် ။
ဘုရားဖူးတဲ့ သူတွေက အပြင်ဘက်ကနေ
ဆူညံနေလို့ တရားဟောလို့ မဖြစ်ပါဘူး။
ဘုရားဖူးလို့ ပြောတဲ့ သူတွေက ဘုရားကို
လှည့်ပတ်ပြီးဆူညံဆူညံနဲ့ စကားပြောသွားတယ်။
နောက်ဆို ဆူးလေဘုရားပွဲက ပင့်တဲ့
တရားပွဲဆို ဘယ်တော့မှ မသွားတော့ဘူး။
ဘာဖြစ်လို့တုန်းဆိုတော့ ဘုရားကြိုက်တဲ့
တိတ်ဆိတ်ငြိမ်သက်မှုကို မလိုက်နာနိုင်တော့
ဘုရားဟောတဲ့ တရားကိုဟောဖို့ ဆိုတာ
အင်မတန်မှ ခဲယဉ်းတဲ့နေရာဖြစ်သွားတယ်
တခြားနိုင်ငံတွေမှာ အင်မတန်မှ
အံသြစရာကောင်းလိုက်အောင် တိတ်ဆိတ်ငြိမ်သက်မှုရှိတယ်။
ဒို့နိုင်ငံမှာ ဗုဒ္ဓဘာသာလို့ပြောပြီး မြတ်စွာဘုရားရဲ့
အဆုံးအမတွေရှိပါလျက်သားနဲ့
ဘုရားစကားကို ဘာဖြစ်လို့ နားမထောင်ကြတာပါလိမ့်မလဲ။
ဘုရားပေါ်တက်လဲ မတိတ်ဆိတ်ဘူး ဘုန်းကြီးကျောင်းသွားလဲ
မတိတ်ဆိတ်ဘူး။
ဆူညံပြီးတော့ နေလေရှိကြတာဟာ
အံသြစရာကောင်းတဲ့အနေအထားတစ်ခုပဲ
မစဉ်းစားမဆင်ခြင်ပဲနေလို့ရှိရင် မသိနိုင်ဘူး ဒီကိစ္စက
စဉ်းစားဆင်ခြင်ဖို့ကောင်းတယ် ပြီးတော့ ဘာသာရေးပွဲတော်
လုပ်တာက
ဘာသာရေးပွဲတော် ဖွင့်တာက ကာမသီချင်းတွေ
ဘာသာရေးနဲ့ ကာမနဲ့ဟာ ဆန့်ကျင်ဘက်ပဲတစ်ခုဘာသာရေးပွဲဆိုတော့
ဘာသာရေးသီချင်းတွေလောက်ပဲ ဖွင့်သင့်တာပေါ့
အဲလို စည်းကမ်းတွေ ဒို့ဆီမှာမရှိဘူး
ဖွင့်တဲ့နေရာက ဘုရား ဖွင့်လိုက်တဲ့ သီချင်းတွေက
နားမကြားသာတဲ့ သီချင်းမျိုး
ဒါတွေကို မစဉ်းစားကြဘူးလားလို့ ဒီလို တွေးတောမိတယ်
တိတ်ဆိတ်ငြိမ်သက်မှုဟာ အင်မတန်မှကို မြတ်နိုးစရာကောင်းတယ်
ဗုဒ္ဓဘာသာဝင်တိုင်း သတိထားလိုက်နာနိုင်ဖို့ အရေးကြီးတယ်နော်
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
မြန်မာနှစ်ဆန်းတရက်နေ့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ပြောကြားသွားတဲ့ နှစ်သစ်ကူးနူတ်ခွန်းဆက်စကားတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေရှိခဲ့ပြီး မတ်လ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူ သစ္စာပြုပြီးနောက်ပိုင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက အချက်အများစု ပြန်လည်ပါဝင်ခဲ့ပါတယ်။
We must attack for Rules of Law, not for money.
⭐️⭐️⭐️⭐️ ကားအခွန် လွတ်အောင် ⭐️⭐️⭐️⭐️
ပြည်ပမှာအလုပ်လုပ်ပြီး မြန်မာပြည်မှာ အိမ်၊ ကားဝယ် လိုသူတွေ အတွက် ကိုယ့်လိုမဖြစ်ရအောင် ..
Sophia တနှစ်ကျော်က ရန်ကုန်ပြန်လာပီး ကားဝယ်တော့ dealer အခွန်စောင်ရမယ်ဆိုတော့ ငွေ ဖြု ပြနိုင်ရင် သက်သာတယ် ဆိုတာသိတယ် Singapore မှာလုပ်ခဲ့တဲ့ အခွန် ဆောင်ထားတာ တွေ လည်းရှိပါတယ်
ဒါပေမဲ့ dealer က သေသေချာချာနားမလည်တဲ့ လူဖြစ်ပီး ကိုယ့်ကို wrong info ပေးခဲ့တယ်
အမရယ် အမဆောင်ခဲ့တဲ့ အခွန်ပမာဏ သိန်း ၁၀၀ ပဲထား အဲ့ထဲပ % နဲနဲလောက် ပြန်ရမှာ ပြန်တွက် ကြည့်ရင် အမ ပေးကိုပေးရမှာပဲ သက်သာလှ ၄/၅ သိန်းဆိုလို့  ဟယ်ငါ ဟိုမှာ အခွန်ဆောင်တာ တလ သိန်း တရာ မရှိလို့  မထူးဘူး အခွန်ဆောင် ခဲ့တယ် မလိုအပ်ပဲ သိန်း ၃၀ ကျော် အပြည့် ပေးခဲ့ရပါတယ်
တကယ်ကသူနားမလည်တာပါ
Singapore ကပြန်လာပြီးကားဝယ် အခွန် မဆောင်ရ သေးတဲ့ အကိုတယောက်လာတော့ အကိုရေ ညမကတော့ မသိလို့ ပေးလိုက်ရတယ် အကိုတို့ အလှည့် ကျရင် IRAS က အခွန်စာရွက်ယူသွား အကို ပီးရင် ငွေဖြု ပြကြည့် ရတယ်
ညမတုန်းက မရဘူးထင်လို့ မပြခဲ့တာ ဆိုတော့ သူ တကယ်သွားခဲ့တယ် အခွန်လုံးဝ လွတ် သွားပါတယ် ၂၀၁၂ နောက်ပိုင်းဆောင်ခဲ့သမျ အကုန် အကျုံး ဝင်ပါတယ်တဲ့ ( ၂၀၁၂ အရှေ့မှာ USD1=60 နဲ့ဖြတ်လို့  ပါတဲ့ )
ပြီးတော့ အခွန်လွတ်ဖို့ က ဆောင်ခဲ့တဲ့အခွန်ကိုကြည့်ရတာ မဟုတ်ပါဘူး
တကယ်က တနှစ်စာဝင်ငွေ - 25% နှူန်း
ထွက်လာတဲ့ amount က ကားဖိုးထက် ကျော်ရင် အခွန်တပြားမှပေးစရာမလိုပါဘူးတဲ့
ဥပမာ ၂၀၁၆ တနှစ်စာ ဝင်ငွေ SG$ 40000 - ( 40000*25% ) = 30000 $
30000* ကာလဒေါ်လာပေါက်ဈေး
ဥပမာ 1SG$ =1000 MMK ဆို 30000*1000 = 30000000 = သိန်း၃၀၀
ကားက သိန်း၃၀၀ ဆို အခွန်ပေးစရာမလိုပါ
ကားက သိန်း ၃၀၀ ထက်ပိုမယ်ဆို ၂၀၁၆ အပြင် ၂၀၁၇ က ဝင်ငွေ စာရွက်ပါပြပီး ပေါင်း ယူလို့ ရပါတယ်
ကားကသိန်း ၃၀၀ အောက်ဆိုပိုတဲ့ဝင်ငွေ ပမာဏကို စာရွက်ထဲ ပြန်ထည့်ပေးပါတယ်
ဒီအကိုတွေကတော့ ၂၀၁၆ က ဝင်ငွေ ပမာဏနဲ့ တင် ကားဖိုးထက်ကျော်လို့  တနှစ်စာနဲ့ လွတ် ခဲ့ပါတယ် တဲ့
နောက်ကားဝယ်မယ်ဆို ၂၀၁၂ နောက်ပိုင်းရှိ သမျ စာရွက် က ဟာကိုတင်လို့ ရပါတယ်
IRAS ကပေးတဲ့ tax စာရွက်လေးသာယူသွားပါ
ကားအခွန်ပြင် အဝယ်ခွန်လဲ လွတ်ပါတယ်
Credit : Sophia Black
10 April 2018
တရားဥပဒေ စိုးမိုးရေး
အားရင် အားသလို Shark Tank နဲ့ အခြား ပညာရမယ့် Video တွေပြန်တင်ပေးပါ့မယ်ခင်ဗျာ.. ကျွန်တော်တို့ အချိန်ကုန် အပင်ပန်းခံပြီး ကြိုးစားထားရတာဖြစ်တာကြောင့် Like and Share လုပ်ပြီး အားပေးကြပါခင်ဗျာ။
bo1000mall Admin Team
လက်ရှိ မှတ်ပုံတင်အစား Smart Card တွေလုပ်ပေးမယ်ဆိုရင်ဖြင့်.
Delivery လုပ်ခဲ့တဲ့အတောအတွင်းမှာ ခန့်ခဲ့တဲ့ဝန်ထမ်းတော်တော်များများဟာ လုပ်ငန်းရဲ့ Vision ကို အကောင်အထည်ဝိုင်းဖော်ရင်း ကိုယ့် Vision ပါပြည့်လာနိုင်တယ်ဆိုတဲ့ အမြင်ထည့်ပေးပေမယ့် နားမလည်ကြဘူး။
ခန့်ခဲ့တဲ့ဝန်ထမ်းတွေထဲမှာ အလုပ်သမားဥပဒေ စာအုပ်ကြီးကိုင်ပြီး ရှိသမျှ အခွင့်အရေးတွေကို တောင်းဆို၊ တကယ်တမ်းကိုယ်လုပ်ပေးရမယ့် တာဝန်ကျတော့ မကျေပွန်ကြ။
ဝန်ထမ်းအချို့ရဲ့ လုပ်ရပ်က ဘယ်လောက်တောင်ဆိုးလဲဆိုတော့ ၀န်ထမ်းအချင်းချင်း ငွေကိုခိုးတဲ့သူနဲ့၊ လုပ်ငန်းတွင်းက ငွေကို ခိုးတဲ့သူနဲ့၊ အလုပ်ချိန်အတွင်း ရုပ်ရှင်ကြည့်နေတာတွေ၊ ပုဂ္ဂိုလ်ရေး လုပ်နေတာတွေ၊ လုပ်ငန်းတာဝန်ကျေပွန်သလိုလိုနဲ့ အတွင်းကျိတ် ကောက်နေတာတွေ စုံလို့ပါပဲ။
နောက်ဆုံးကြုံတွေ့ခဲ့ရတာကတော့ လုပ်ငန်းထဲက ငွေကို ဘုံးထားတာကို စစ်ဆေးလို့ပေါ်မှ ငွေလှည့်ထားတာပါဆိုပြီး နားလည်ပါးရိုက်လုပ်တဲ့ ၀န်ထမ်းပါပဲ။ တော်တော် ဖျံကျတဲ့ ၀န်ထမ်းလို့ ဆိုရပါမယ်။
လုပ်ငန်းတစ်ခုလုံးကို ယုံယုံကြည်ကြည်နဲ့ ဦးဆောင်ခိုင်းခဲ့တာကိုမှ လုပ်တယ်ဆိုတော့ တော်တော်လေးတော့ ခံပြင်းမိခဲ့တာအမှန်ပါ။ ဘုံးသွားတဲ့ ငွေ အပြည့်မရခဲ့ပေမယ့် သင်ခန်းစာတွေ တော့ တော်တော်များများရခဲ့တာအမှန်ပါ။
မြန်မာနိုင်ငံမှာ လူတစ်ယောက်ရဲ့ စာရိတ္တကို ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာနဲ့ ဆုံးဖြတ်လို့မရပါ။ သူဘယ်မှာ နှစ်ကြာကြာလုပ်ခဲ့တယ်ဆိုတာလည်း အဓိကမကျပါဘူး။ ဖြစ်နိုင်ရင် လာလျှောက်သူလုပ်ခဲ့တဲ့ အလုပ်တွေဆီကို ဖုန်းဆက်ပြီး ထိုသူအကြောင်း မေးမြန်းလိုက်တာ အကောင်းဆုံးပါ။ (ကျွန်တော်မလုပ်ခဲ့မိတာကိုက အမှားတစ်ခုပါ)
ကျွန်တော်ကြားဖူးတဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာတော့ လူတွေပြစ်ဒဏ်ကျူးလွန်ပြီဆိုရင် သူတို့ ရဲ့ ကျူးလွန်မှုဒေတာ တွေကို ကွန်ပျူတာ ဒေတာဘေ့စ် မှာ တစ်ခါတည်း မှတ်သားထားတယ်လို့သိရပါတယ်။
တကယ်လို့ပြစ်ဒဏ်ကျူးလွန်ထားသူဆိုရင် အလွယ်တကူသိနိုင်ပြီး အလုပ်ခန့်ထားရေးမှာ တော်တော်လေးစဉ်းစားလို့ရသွားပါတယ်။ လူတိုင်းရဲ့ အချက်အလက်ကို ကွန်ပျူတာ ဒေတာဘေ့စ်လုပ်ထားသင့်ပြီလို့ထင်ပါတယ်။ ဒီတော့ ကျွန်တော် ဖြစ်စေချင်တာက
လူတိုင်းကို လက်ရှိပေးနေတဲ့ မှတ်ပုံတင်အစား Smart Card တွေလုပ်ပေးသင့်ပါပြီ။
ဒီရက်ပိုင်း တရားဥပဒေစိုးမိုးမှုအခြေအနေ တွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာ Video File တွေ တက်တက်လာတော့ Admin လည်း Video File တစ်ခုကို ဘာသာပြန်တင်ဆက်ပေးဖို့ရှိပါတယ်။
ဒါကတော့ တရားမျှတမှုဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေကို အတတ်နိုင်ဆုံး ဖော် ထုတ်ပေးမယ့် Video File တစ်ခုဖြစ်ပါတယ်။
မကြာခင် တင်ဆက်ပေးမှာဖြစ်တဲ့အတွက် စောင့်မျှော် အားပေးကြပါဦးခင်ဗျာ..
ကျေးဇူးအထူးတင်ရှိပါတယ်။
bo1000mall Admin Team
ဝန်ထမ်းအလိုရှိသည် (Delivery Man)
လစာ ၁၂၀၀၀၀ ကျပ် + ရက်မှန်ကြေး + ကော်မရှင် (အမျိုးသမီးများပါ လျှောက်ထားနိုင်ပါသည်)
- ရန်ကုန်မြို့တွင်း မည်သည့် နေရာမဆို သွားလာနိုင်ရမည်။
- အခြေခံပညာ အထက်တန်းအဆင့်ဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
- စက်ဘီး၊ ဆိုင်ကယ် စီးတတ်သူကို ဦးစားပေးမည်။
- အဖွဲ့အစည်းနှင့် လိုက်လျောညီထွေစွာဆက်ဆံတတ်သူဖြစ်ရမည်။
- မိမိအကျင့်စာရိတ္တကောင်းမှုကို ယုံကြည်သူဖြစ်ရမည်။
လျှောက်ထားလိုသူများအနေဖြင့် အမှတ် ၁၀၉၊ မြေညီ၊ ယမုံနာစံပြ ၃ လမ်း၊ ဒေါပုံမြို့နယ် (ဒေါပုံသင်္ဘောကျင်းမှတ်တိုင်တွင်ဆင်းရန်) CV Form၊ ရဲစခန်းထောက်ခံစာ၊ ရက်ကွက်ထောက်ခံစာ၊ သန်းခေါင်စာရင်းမိတ္တူနှင့်တကွ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။
ဖုန်းနံပါတ် ။ ။ 09424077710၊ 09424077720
www.facebook.com/bo1000mall
bo1000mall.com Education
ထိုင်းကိုကျော်မယ်ဆိုလို့ 
ထိုင်း မှာ ကားတစ်စီးကို လိုင်စင်ကြေး
အာမခံကြေး ဘီးခွန် ညအိပ်ခွန်
ဘာခွန် ညာခွန် အပြီးအစီး
လိုင်စင်သက်တမ်းတိုးရင် တစ်နှစ်ကျသင့်ငွေဟာ
အိမ်စီးကားငယ် ကျပ် ၅၀၀၀၀ ကျော်လောက်ပါ...
တံခါးလေးပေါက်ဆိုရင်တော့ ၂ ဆ ကုန်ကျပါမယ်...
ထိုင်းတစ်နိုင်ငံလုံး ကြိုက်တဲ့နေရာသွား...
တံတားကြေး လမ်းကြေး မြို့ဝင်ကြေး
နောက်ဘာမှန်းမသိတဲ့ ဘာကြေး ညာကြေးတွေ
လုံးဝ(လုံးဝ)မရှိ အခုမော်တော်ယာဉ်အသုံးပြုသူတွေကို
လည်ပင်းညှစ်ဖို့ ကြံစည်နေတဲ့
ဥပဒေမှာမပါတဲ့ နယ်ကျော်မြို့ဝင်ကြေးဆိုတာ
ကြားတောင် မကြားဖူးပါ...
တောကတက်လာတဲ့ကားရော
နယ်ကတက်လာတဲ့ကားရော
ဘန်ကောက်ထဲဝင် ချင်းမိုင်ထဲဝင်
တစ်ပြားမှ ပေးစရာမလို...
မြို့ရှောင် မိုးပျံတံတား
အမြန်လမ်းကဖြတ်ရင်တော့
လမ်းကြေးပေးရပါတယ်...
မြို့ထဲလမ်းက သွားရင်
တစ်ပြားမှပေးစရာ မလို...
ပြည်နယ် တိုင်းနံပါတ်ပြား
(YGN/MDY)စသည်ဖြင့်ခွဲထားတာ
ယာဉ်တိုက်မှု့ဖြစ်ရင် ဒုစရိုက်မှုတစုံတရာဖြစ်လာရင်
ဘယ်နယ်က ယာဉ်လဲ သိအောင်လို့ပါ...
အမည်ပြောင်း နယ်ပြောင်းလျှောက်
ကြာချိန် အလှည့်ကျရင် ၁ဝ မိနစ်...
ကုန်ကျငွေ ကျပ် ၃၀၀၀၀ ကျော်ခန့်သာ...
ဌာနဆိုင်ရာနဲ့ဆက်ဆံရာမှာ
မြန်မာပြည်နဲ့ ပြောင်းပြန်အချိုးကျတယ်...
လမ်းတွေကလည်းကောင်းလိုက်တာ...
ပုရွတ်ဆိတ်ဆင်းဝပ်စရာနေရာတောင်မရှိ...
လမ်းမီးတွေကလည်း လင်းလိုက်တာ...
ရှေ့မီးကြီးမဖွင့်ဘဲ မောင်းလို့ရတယ်...
မြို့ထဲတင်မဟုတ်ဘူး...
ဟိုင်းဝေးလမ်းမတိုင်း...
ကျုပ်တို့ဆီကလမ်းတွေက
မုန့်လင်မယားဒယ်အိုးပေါ်
ကားမောင်းနေရတဲ့အတိုင်း
ဘယ်ရှောင်လည်းချိုင့်
ညာရှောင်လည်းကျင်းနဲ့...
ထိုင်းမှာ လူတစ်ယောက်ပျမ်းမျှဝင်ငွေဟာ
ကျပ် (၇) သိန်းကျော် အနည်းဆုံးရှိပါတယ်...
လူတစ်ယောက်
အစာ အဟာရပြည့် အောင် အသီးအနှံပါအဝင်
ကောင်းစွာစားသုံးနိုင်တယ်...
လုပ်ငန်းခွန် ဝင်ငွေခွန်ဆောင်ထားပြီးရင်
ဘာစားစား ဘာဝယ်ဝယ်
အခွန် သုံးလေးထပ်ပေးဆောင်စရာမလို...
ကျန်းမာရေး ဝန်ဆောင်မှု အခမဲ့...
ခွဲထားတဲ့ အနာဆေးထည့်ချိန်တန်လို့
ဆေးရုံမသွားရင် ညနေ ၂ နာရီကျော်ရင်
ဆေးရုံက ကျေးဇူးပြု၍ အနာဆေးလာထည့်ပေးပါရှင်လို့
ဖုန်းဆက်ခေါ်လိမ့်မယ်...
အစိုးရဆေးရုံတွေက ပေးတဲ့ဝန်ဆောင်မှုကိုပြောတာပါ...
ဆေးရုံက လူနာထမင်း အဟာရ အခမဲ့ကျွေးတယ်
လူနာကို ဂရုစိုက်တာလည်းပြောစရာမလို...
ပညာရေးကတော့...
နွားနို့စစ်စစ် တစ်နေ့တစ်ထုတ်တိုက်တယ်...
ကျောင်းပိတ်ရက်ရှည်အတွက်
အိမ်ကိုထည့်ပေးလိုက်တယ်....
ထမင်း နေ့လည်စာ အခမဲ့ကျွေးတယ်...
ကျောင်းဝတ်စုံ ၂ စုံစာဝယ်ပြီးရင်
ဘောင်ချာပြပြီး ကျောင်းမှာ
ငွေထုတ်ရုံသာ...
မြန်မာပြည်လို့ မဆန့်မပြဲ
ကြီးတဲ့သူကြီး ဝတဲ့သူ ဝတ်မရ မဖြစ်တော့...
ကလေးတွေကို
စည်းကမ်းမဲ့အမှိုက်ပစ်ရင် ရှက်တတ်အောင်...
တာဝန်ယူတတ်သူတွေဖြစ်အောင်...
ကျောင်းတွေက လေ့ကျင့်ပုံစံပေးသင်ကြားပေးတယ်...
မူလတန်းအဆင့်မှာတောင်
မေးခွန်းမှားတာမရှိပါ...
နိုင်ငံတကာနဲ့ ယှဉ်ပြောနေသူများ
ဘယ်နိုင်ငံမှာ ဘယ်လိုကောက်တယ်ပြောနေသူများ
မြန်မာနိုင်ငံက ပြည်သူတွေအတွက်
ဘာတွေဝန်ဆောင်မှုပေးပြီးပြီလဲ...
ဘယ်လိုတွေလုပ်ပေးပေးပြီးလဲ
ဖြေပေးပါ...
နယ်ကျော်မြို့ဝင်ကြေး
ရန်ကုန်နဲ့ မန်းလေးမှာကောက်ခံလိုသူများ
ဘယ်မှာလဲ လမ်းမီး...
လမ်းအခြေအနေတွေ ဘယ်လိုရှိလဲ...
လမ်းပြအမှတ်အသား...
ဘေးအန္တရာယ်ကင်းရှင်းမှု ရောင်ပြန်တွေ
ပြည့်စုံအောင် တပ်ပြီးပြီလား...
မော်တော်ယာဉ်အသုံးပြုသူတွေအတွက်
ဘာတွေ ဝန်ဆောင်မှုလုပ်ပေးပြီးပြီလဲ...
BOT စနစ်က အလီဘာဘာတို့
အကောင်အထည်ဖော်ခဲ့တာမို့
စာချုပ်မပြည့်မချင်း ကြိတ်ခံရဦးမှာပေါ့လေ...
ဒီလောက် လမ်းတံတားကြေး...
မြို့ဝင်ကြေး ဟိုကြေး ဒီကြေးတွေများနေတာကို...
ရန်ကုန်နဲ့ မန်းလေးက နယ်ကျော်မျြို့ဝင်ကြေးကောက်လို့
ကျန်ပြည်နယ်နဲ့ တိုင်းတွေက
အကုန်လိုက်ကောက်ရင်
ဘယ်လိုလုပ်ကြမှာလဲ...
ကျုပ်တို့က ဆီပုလင်းခါးကြားထိုးထားရုံသာရှိတော့မှာပေါ့...
နယ်ကျော်မြို့ဝင်ကြေး ကောက်ခံဖို့
လုပ်နေတဲ့သူတွေ မျက်တောင်မွေးတစ်ဆုံးသာ
ကြည့်တာလားပြောကြပါဦး...
ခင်ဗျားတို့ပြော ပြောနေတဲ့
ပြည်သူတွေအတွက်တို့
ပြည်သူနဲ့တစ်သားတည်းတို့က
ဘယ်မှာလဲ ဘယ်တော့ဖြစ်မှာလဲ...
ရန်ကုန်နဲ့ မန်းလေးလောက်ကားကြပ်တာ
မဖြေရှင်းတတ်ရင် မလုပ်တတ် မကိုင်တတ်ရင်
ဘန်ကောက်မှာ ကားအစီးရေ
သိန်းနဲ့ချီမောင်းနေတာကို
လမ်းမပိတ်အောင် ကားမပိတ်အောင်
ဘယ်လိုစီစဉ် ညွှန်ကြားလုပ်ကိုင်တယ်ဆိုတာ...
သွားလေ့လာသင့်ပါတယ်...
မရှက်ပါနဲ့ မတတ်တာဆိုတာ
နားမလည်တာဆိုတာ သင်မှတတ်တာပါ...
ကျွန်တော်လည်း နယ်စပ်မှာကားတွေပြင်မရတဲ့ဟာတွေ
ထိုင်းကလာပြင်ပေးရတာမို့
မရှက်ဘဲ ထိုင်းမှာ သွားသင်လာရတာပါ...
ကိုယ်မှ မတတ်တာကိုး...
ခုထိလည်း Update ဖြစ်အောင်
ထိုင်းရော မြန်မာပါမှာ သင်နေရတုန်းပါ...
အဲ့ဒီတော့ ကျွန်တော်ပြောချင်တာ
ခု ပြည်သူတွေ စီးပွားကျနေတယ်...
စားရေး သောက်ရေးခက်ခဲတာကြောင့်...
မှုခင်းတွေတိုးလာတယ်...
ပြည်သူတွေအဆင်မပြေဘူး...
အရင်အစိုးရလက်ထက်ကထက်...
ပိုပြီး ကြပ်တည်းလာကြတယ်....
တစ်ခုခုလုပ်ချင်တယ် လုပ်မယ်ဆို
ပြည်သူတွေ မျက်နှာကို အရင်ကြည့်စေချင်တယ်...
လေနဲ့အာလူးဖုတ်ရကြေးဆို
ဒီနှစ်ကုန် အမေရိကန်ကို ကျော်စေရမယ်
(စလုံးလောက်တော့ပျင်းလို့ ထည့်မပြော)
ကျွန်တော်လည်း ပြောတတ်တာဘဲလေ...
ဖြစ်မလားဆို လက်သုံးစကားအတိုင်း
စောင့်ကြည့်ပါဦး စောင့်ပါဦးပေါ့ဗျာ...
NLD လည်းမဟုတ်
USDP လည်းမဟုတ်ပါ...
ပါတီစွဲမရှိ လူပုဂ္ဂိုလ်စွဲမထား
နိုင်ငံကို တိုးတက်အောင်လုပ်မယ့်သူ
ပြည်သူတွေအတွက် လုပ်မယ့်သူ
မည်သူ့ကို မဆိုထောက်ခံမှာပါ...
အန်တီစုကိုလည်း ထောက်ခံပါတယ်
အမေအိုကြီးဆွဲတဲ့ နောက်တွဲတွေပေါ်မှာ
အခန့်သားထိုင်စီးပြီး
လေကြီးလေကျယ်တွေပြော
လုပ်သမျှ တစ်ခုမှဖြစ်မလာ
ပြည်သူတွေကို ရွေးကောက်ပွဲမတိုင်ခင်
ကတိတွေပေး အာလူးပူရီရောင်း...
ရွေးကောက်ပွဲပြီး တစ်နှစ်ကျော်တော့
ပြည်သူတွေကို ဂျင်းသုတ်ရောင်းဖို့ကြံစည်နေတာတော့
အပြုသဘော ဝေဖန်ထောက်ပြရမှာဘဲ...
မကြိုက်လည်း မတတ်နိုင်...
သမ္မတကြီးကိုယ်တိုင်က
အစိုးရကို ဝေဖန်ထောက်ပြကြပါဆိုလို့
မအားတဲ့အထဲက ဝေဖန်ထောက်ပြရတာပါဗျာ...
ပြည်နယ်ဝန်ကြီးနဲ့ YBS ထူထောင်သူ ရန်ကုန်မြို့ကနေချင်စဖွယ်ကောင်းလာပီလို့ပြောတဲ့သူကြီး ကိုလေးစားလျှက်ပါ …
crdကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
11241