Nationalies Youth Resource Development Degree College, Yangon

Nationalies Youth  Resource Development Degree College,  Yangon

Share

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်

19/08/2026

စတုတ္ထနှစ်ပထဝီဝင်အထူးပြုကျောင်းသားကျောင်းသူများ ပါဒကြီးစံပြကျေးရွာသို့ ကွင်းဆင်းလေ့လာခဲ့သည့် မှတ်တမ်း။
၁၅.၈.၂၀၂၆

#ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

Photos from Nationalies Youth  Resource Development Degree College,  Yangon's post 18/08/2026

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ ကောလိပ်ဓမ္မာရုံတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆရာကြီး/ဆရာမကြီးများက ဝတ်ရွတ်ပူဇော်‌နေမှု ကုသိုလ်မှတ်တမ်း။

#ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

Photos from Nationalies Youth  Resource Development Degree College,  Yangon's post 16/08/2026

ဝမ်းပျက် ဝမ်း​လျော​ရောဂါကာကွယ်​ရေးအတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်းမာ​ရေးဌာနက တာဝန်ရှိသူများ၊ ကောလိပ်ဆေးခန်း တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ​ဒီဂရီကောလိပ်(ရန်ကုန်)ရှိ ကျောင်းသူ​ဆောင်များ၏
ရေကန်များ​အား ဆေးခပ်​ပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်နေမှု။
#ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

12/08/2026

NYRDCCကျောင်းတော်ကြီးကို ရောက်လာမယ့် ညီငယ်များသို့

ညီလေး မင်း ဒီကျောင်းတော်ကြီးကိုရောက်လာလို့ အားငယ်နေတာလား?
အားမငယ်ပါနဲ့! မင်းကို နွေးထွေးစွာကြိုဆိုမယ့် ဒုတိယမိဘတွေဖြစ်တဲ့ ဆရာ/ဆရာမတွေနဲ့ စီနီယာအစ်ကိုကြီးတွေရှိတယ် ညီလေး!!!

ညီလေး မင်း ဒီကျောင်းတက်နေရင်း မင်းမိဘတွေကို လွမ်းလို့ ဝမ်းနည်းနေတာလား?
ဝမ်းမနည်းပါနဲ့! မင်းမှာ လွမ်းရမယ့် မိဘရှိသေးတယ်!
တစ်ချို့ မင်းရဲ့ စီနီယာတွေမှာ လွမ်းစရာမိဘတောင် မရှိကြတော့ဘူး ညီလေး!!!

ညီလေး မင်း ဒီကျောင်းတက်နေစဉ် အိမ်ကပိုက်ဆံမပို့ခင်မှာ သုံးစရာပိုက်ဆံမရှိတော့လို့ စိတ်ရှုပ်နေတာလား?
စိတ်မရှုပ်ပါနဲ့! မင်းမှာ အိမ်က ပို့ပေးမယ့် ပိုက်ဆံရှိသေးတယ်!
တစ်ချို့ မင်းရဲ့ စီနီယာတွေမှာ ကျောင်းက တစ်လတစ်ခါထုတ်ပေးတဲ့
မုန့်ဖိုးနဲ့ပဲ နေနေရတဲ့သူတွေရှိတယ် ညီလေး!!!

ညီလေး မင်း ဒီကျောင်းတက်နေတုန်း နေထိုင်မကောင်းလို့ စိတ်ဓာတ်ကျနေတာလား?
စိတ်ဓာတ်မကျပါနဲ့!မင်းကို အစစအရာရာ ပြုစုစောင့်ရှောက်မယ့် မင်းရဲ့ ဂါဒီယမ်အစ်ကိုကြီးတွေရှိတယ် ညီလေး!!!

ညီလေး မင်း ဒီကျောင်းစာတွေ မလိုက်နိုင်လို့ စိတ်ညစ်နေတာလား?
စိတ်မညစ်ပါနဲ့! မင်းမလိုက်နိုင်တဲ့စာတွေကို ကူညီဆောင်ရွက်ပေးမယ့်
သက်ဆိုင်ရာဌာနတွေက ဆရာ/ဆရာမတွေရှိတယ် ညီလေး!!!

ညီလေး မင်း စည်းကမ်းဖောက်လို့ လေ့ကျင့်ရေးဌာန‌ဆရာတွေက
မင်းကိုအပြစ်ပေးလိုက်လို့ ဒေါသထွက်နေတာလား?
ဒေါသမထွက်ပါနဲ့!
ဆရာတွေပေးတဲ့အပြစ်တွေဆိုတာ တစ်နေ့ မင်းအပြင်လောကထဲကို
ရောက်လာတဲ့အချိန်ကျရင် ခံနိုင်ရည်ရှိအောင်လို့ လေ့ကျင့်ပေးလိုက်တာပါ ညီလေး!!!

ညီလေး မင်း ဒီကျောင်းတက်နေစဉ် ပြင်ပမှာ ရှိုးပွဲတွေရှိလို့ မင်းသွားချင်တာကိုမသွားလိုက်ရလို့ အလိုမကျဖြစ်နေတာလား?
အလိုမကျမဖြစ်ပါနဲ့!
ကျောင်းတော်ကြီးက တိုင်းရင်းသားအထိမ်းအမှတ်ပွဲတော်တွေနဲ့
ကမ္ဘာ့နေ့ထူးနေ့မြတ်/နိုင်ငံ့နေ့ထူးနေ့မြတ်ပွဲတော်တွေပြုလုပ်ပေးတဲ့ အထိမ်းအမှတ်ပွဲတော်တွေဆိုတာ မင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရတွေပါ ညီလေး!!!

ညီလေး မင်း ဒီကျောင်းတက်တာ တစ်နှစ်ပြည့်လို့ အိမ်ပြန်ဖို့ ခွင့်တစ်လပေးတာကို
နည်းတယ်ဆိုပြီး အားမလိုအားမရဖြစ်နေတာလား?
အားမလိုအားမရမဖြစ်ပါနဲ့!
မင်းခွင့်ပြန်တာကိုကြည့်ပြီး ပြန်ဖို့အိမ်မရှိပဲ ခွင့်ရက်တစ်လလုံးလုံးကို ကျောင်းတော်ကြီးမှာပဲနေပြီး မင်းတို့ပြန်လာမယ့်ရက်ကို စောင့်မျှော်နေတဲ့
မင်းနဲ့အပတ်စဉ်တူသူငယ်ချင်းတွေ၊ မင်းရဲ့စီနီယာအစ်ကိုတွေရှိတယ်ဆိုတာ သိထားပါ ညီလေး!!!

ညီလေး မင်း နေ့တိုင်းပဲဟင်းစားရလို့ ရိုးအီနေပြီလား?
ရိုးအီမသွားပါနဲ့!
ခု မင်းစားနေတဲ့ပဲဟင်းကို ပြန်လည်တမ်းတကာ စားချင်နေကြတဲ့ နယ်မြေဒေသအသီးသီးကို ရောက်ရှိနေကြတဲ့ မင်းရဲ့ ကျောင်းဆင်း စီနီယာအစ်ကိုကြီးတွေရှိတယ် ညီလေး!!!

ညီလေး မင်း ဒီကျောင်းတက်လိုက်ရလို့ တစ်ချို့လူတွေ မင်းကို တောသားဆိုပြီး နှိမ်ချပြောဆိုဆက်ဆံနေတာကို မင်းစိတ်ထဲမှာ သိမ်ငယ်နေတာလား?
သိမ်ငယ်စိတ်မရှိပါနဲ့!
မင်းရှေ့မှာ ကျောင်းဆင်းသွားတဲ့ စီနီယာအစ်ကိုကြီးတွေကိုယ်တိုင်က
တောသားကြီးတွေဖြစ်ရတာကို ဂုဏ်ယူနေကြတဲ့သူတွေပါ ညီလေး!!!

ညီလေး မင်း ဒီကျောင်းဆင်းတဲ့အချိန်ကျရင် မင်းတာဝန်ထမ်းဆောင်ရတဲ့ဝန်ကြီးဌာနက တစ်ချို့လူတွေရဲ့အမြင်မှာ မကောင်းတဲ့ဌာနဆိုပြီး မြင်ကြတာကို မင်းစိတ်ပျက်နေတာလား?
စိတ်မပျက်ပါနဲ့!
ဝန်ကြီးဌာနတိုင်းက ကောင်းပြီးသားပါ!
မင်းရောက်တဲ့ဌာနမှာ ကောင်းအောင်နေဖို့ပဲ လိုတယ် ညီလေး!!!

ညီလေး မင်း ဒီကျောင်းပြီးသွားလို့ အပြင်လောကကို တာဝန်ထမ်းဆောင်ရမယ့်အချိန်ကျရင် အဆင်မှပြေပါ့မလားဆိုပြီး မင်းစိုးရိမ်နေတာလား?
မစိုးရိမ်ပါနဲ့!
မင်းထက် အပြင်လောကကို စောပြီးရောက်နေကြတဲ့ မင်းရဲ့စီနီယာအစ်ကိုကြီးတွေက မင်းကို ကူညီဖို့ အဆင်သင့်ရှိနေကြတယ် ညီလေး!!!

ထို့ကြောင့် ငါတို့အားလုံးသည် အပြင်လောကမှာ ဌာနမတူ ရာထူးမတူကြသော်လည်း NYRDDCဆိုတဲ့ အမိကျောင်းတော်ကြီးနဲ့ပတ်သက်တဲ့ အရာမှန်သမျှကို ငါတို့အားလုံးရဲ့ ရင်ဘတ်ထဲမှာ NYRDDCဆိုတဲ့ တက်တူးကို ထိုးထားပြီးသားပါ ညီလေး!!!




Karen Lu Zoe Lay



09/08/2026

အပတ်စဉ် ၁၈ သံ‌လွင်ဆောင်နေ ကျောင်းသားတပ်ရင်းမှူး တစ်ဦးရဲ့ မိခင်ကျောင်းတော်ကြီးနဲ့ သူငယ်ချင်းများကို သတိရစိတ်ဖြင့် ရင်မှဖြစ်သည်လာသော သံစဉ်......

"အဖြူရောင်သူငယ်ချင်းများ"

#သီချင်းကိုခံစားနားဆင်ပြီး
ကိုယ်သတိရ‌တဲ့သူငယ်ချင်းများကို mention ခေါ်ပေးကြပါဦး

Photos from Nationalies Youth  Resource Development Degree College,  Yangon's post 07/08/2026

၂၀၂၅-၂၀၂၆ပညာသင်နှစ် သမိုင်းအထူးပြု စတုတ္ထနှစ်ကျောင်းသား၊သူများ၏ ပညာရပ်ဆိုင်ရာစာတမ်းဖတ်ကြားခြင်း အခမ်းအနားကို လေးထပ်စာသင်ဆောင်ရှိ စာသင်ခန်းမတွင်ပြုလုပ်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီး၊ဌာနမှူး(စာပေ)နှင့် ဖိတ်ကြားထားသောပါမောက္ခဆရာကြီး၊ဆရာမကြီးများတက်ရောက်ခဲ့ပါသည်။

ကျောင်းအုပ်ဆရာကြီးက အဖွင့်နုတ်ဆက်စကားပြောကြားခဲ့ပြီး ဌာနမှူး(စာပေ)နှင့် ဆရာကြီးဆရာမကြီးများက ဖတ်ကြားခဲ့ကြသော အဖွဲ့များအလိုက် တင်ပြဆွေးနွေးမှုများကို စိတ်ဝင်တစားနားထောင်ခဲ့ကြပြီး သိလိုသည်များကို မေးခွန်းများမေးမြန်းခြင်း ဖြည့်စွက်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

Photos from Nationalies Youth  Resource Development Degree College,  Yangon's post 31/07/2026

ဒီဂရီကောလိပ် (ရန်ကုန်) ‌
ကျောင်းအုပ်ဆရာကြီးအမှူးပြုသော အလှူရှင်များ စုပေါင်းဆက်ကပ်လှူဒါန်းကြသော (၂၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဒီကနေ့ နံနက် ၉:၀၀နာရီအချိန်တွင် ဒီဂရီကောလိပ် (ရန်ကုန်)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်များ၏ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးနှင့် ပင့်သံဃာများကြွရောက်ချီးမြှင့်ခဲ့ကြပါသည်။

အလိုတော်ပြည့် ဓမ္မစရိယတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

#ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

Photos from Nationalies Youth  Resource Development Degree College,  Yangon's post 27/07/2026

ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ ဆရာကြီးနဲ့ ညွှန်မှူး(စီမံ)ခင်ဗျာ။ 🎂

ဒီဂရီကောလိပ် (ရန်ကုန်) မိသားစုမှ ဆရာတို့အတွက် ပြင်ဆင်ထားတဲ့ မွေးနေ့အမှတ်တရ မှတ်တမ်းဓာတ်ပုံများကို တင်ဆက်ပေးလိုက်ရပါတယ်။

ဆရာတို့အတွက် ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်တဲ့ မွေးနေ့ဖြစ်ပြီး ကျန်းမာခြင်း၊ အောင်မြင်ခြင်း၊ ကံကောင်းခြင်းများ အမြဲတမ်းလိုက်ပါစေကြောင်း ဒီဂရီကောလိပ် (ရန်ကုန်)တွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းမိသားစုများ၊ ကျောင်းသားကျောင်းသူများအားလုံးမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🎂✨

Happy Birthday,! 🎉💙

27/07/2026

🎊ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ ဆရာကြီး🎊🎊

ယနေ့ကျရောက်သော မွေးနေ့မှစ၍ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းနှင့် လိုအင်ဆန္ဒများပြည့်ဝခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဆု‌တောင်းမေတ္တာပို့သအပ်ပါတယ်။🙏🙏🙏

Photos from Nationalies Youth  Resource Development Degree College,  Yangon's post 26/07/2026

မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ဥက္ကဌ ဒေါက်တာဇော်ဦးမှ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသားလူငယ်များသိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲအခမ်းအနား။

#ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon