NRDC Update

NRDC Update

Share

NYRDDC (Ygn) ရဲ့ လှုပ်ရှားမှုများကိုသိရှိစေမှာဖြစ်ပါတယ်။

Photos from NRDC Update's post 24/04/2026

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ‌ကောလိပ်(ရန်ကုန်)က ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ စုပေါင်း၍ အမျိုးသားကင်ဆာကုသရေးဗဟိုဌာနတွင် တတိယအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား။
#ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

Photos from NRDC Update's post 17/04/2026

နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားနာခြင်း အခမ်းအနား။

17/04/2026

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

ကိုယ်စီဆန္ဒပြည့်ဝကြပါစေ။

#ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

Photos from NRDC Update's post 16/04/2026

ပျော်ပျော်ပါးပါး ရေကစား။

#ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

Photos from NRDC Update's post 16/04/2026

မဟာသင်္ကြန်(အတက်နေ့)
ပြည်သူ့ရင်ပြင်တွင် ကျောင်းသူများ ယိမ်းအဖွဲ့က ပါဝင်ကပြဖျော်ဖြေခဲ့ပါသည်။

#ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

Photos from NRDC Update's post 13/04/2026

၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်အခါသမယကာလတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှစတင်၍ ဧပြီ ၁၆ ရက်အထိ ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) က ကျောင်းသူ ယိမ်းအဖွဲ့မှလည်း ပါဝင်အားဖြည့် ကပြဖျော်ဖြေလျက်ရှိပါသည်။

#ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

09/04/2026

“နွေ၏ အစွန်၊ မိုးငွေ့သွန်သော်

ကျနော်အိမ်ပြန်ရတော့မည်။

ကံ့ကော်ပွင့်လေ၊ ငိုနေသလား၊ ပူဟန်များဖွဲ့

ဝါလဲ့ဝတ်နု၊ မျက်ရည်ဥ"။

(အညာတမာ၊ ကံ့ကော်အလွမ်း)

09/04/2026

သာသည့်မြေသို့
============= ( ငွေတာရီ )

အလှထူးပါဘိ
မြဖူးပြာအငုံနဲ့
လွှာရုံမှာ ညှာစုံကျင်းရော့ထင့်
ဖြူဝင်းငွေမှုန်လွှာတို့
လေယူရာရနံ့ညင်း
သင်းပျံ့ခဲ့ သူ့ခြံမှာ ။

ငါ့ခြံကြည့်ပြန်တော့
မချိပူပွေဖြာခဲ့
မြေပြာမှာ နေစာမတင့်နိုင်ဘု့
ကြည်စရာ နီဝါတွေလည်းမပွင့်လေတော့
စိမ်းရင့်ရောင် နွယ်ချုံဖုတ်တွေက
ရှုပ်‌ထွေးကာ လိပ်ခွေယှက်
အားပျက်စရာ ။

သူ့စခန်း
သာဆန်းရဂုံသွင်မို့
ငါလှမ်းကာခိုဝင်လို့
ပြာငွေစင်ကြိုင်ပျံ့ရှာပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှာလ
လျှောက်သွားကာပျော်လိုလှပါဘိ
မြရောင်စို သည်မြက်ခင်းရယ်နဲ့
ညင်းလေခိုသစ်ရိပ်ညိုမှာဖြင့်
လျောင်းအိပ်လို့ တကိုယ်သာ
ရွှင်ပါချင့်စိတ်ထဲ ။

သို့လဲလေ
မသင့်လျော်ပေဘု့
ငါ့ခြံမြေဥယျာဉ်နန်းဟာလဲ
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကိုသည်လိုဖြေလို့
ကျက်သရေတက်နေဝင့်အောင်လ
ငါ့ခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှု‌မြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနှုတ်ဖို့ခဲ ။ ။
( ငွေတာရီ )
________________________

Photos from NRDC Update's post 09/04/2026

ကျောင်းဆင်း‌ကျောင်းသားများ၏
ပြည်ထောင်စုစိတ်ဓာတ်စာတမ်းဖတ်ပွဲအခမ်းအနား။

Photos from NRDC Update's post 08/04/2026

ပထဝီဝင်ဌာန နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားများ၏ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနား မှတ်တမ်း။

Photos from NRDC Update's post 05/04/2026

နွေအလှပန်းချီ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon