Yonsei Level (1_2)သင်ရိုး အသစ်တန်း
Phyu Sin Chan Myae Korean Language Center
ကိုရီယား ဘာသာစကား နှင့် EPS သင်တန်းကျောင်း၏ Page အသစ် ဖြစ်ပါသည်။
EPS တန်းခွဲသစ်များကို လစဉ် ဖွင့်လှစ်သင်ကြားပေးပါသည်။
EPS တန်းများအပြင် Yonsei တက္ကသိုလ် (Level)
1 to 6 တန်းများကိုလည်း သင်ကြားပေးလျက်ရှိပါသည်။
ကိုရီယားမှာ ကျောင်းသွားတက်မယ့် ကျောင်းသားများအား Level တန်း စနစ်သစ်သင်ရိုး special class မှာ 4 skills လေ့ကျင့်ပေးနေပါတယ်။
ကျောင်းလျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုလည်းပေးနေပါပြီ။
ဆက်သွယ်စုံစမ်းရန်
09777674040
09798080774
ဖြူစင်ချမ်းမြေ့ ကိုရီးယားဘာသာစကား
သင်တန်းကျောင်း(1)
အမှတ်(71/ A) 5လွှာ_ ညာ /သမိန်ဗရမ်းလမ်း
တာမွေမြို့နယ်
ဖြူစင်ချမ်းမြေ့ ကိုရီးယားဘာသာစကား
သင်တန်းကျောင်း(2)
အမှတ်(12/A) မေတ္တာရိပ်မွန်အိမ်ရာ ၊တာမွေဗလီ အနီး ၊ (Prince Hotel အရှေ့ )လမ်းထောင့်ပန်းရောင်တိုက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
#ကိုရီယားကျောင်းလျှောက်
04/05/2025
👉မန္တလေး၊စစ်ကိုင်း ငလျင်အတွက် အလှူငွေများ ကောက်ခံရရှိခဲ့ရာ သင်တန်းကျောင်းမှ မိတ်ဆွေများနှင့် နိုင်ငံခြားရောက် ကျောင်းသား ကျောင်းသူများက မိမိတို့ တက်နိုင်သလောက် ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြရာ အလှူငွေ သိန်း(၉ဝ)ကျော်ရရှိခဲ့ပါတယ်။
🌹🌹🌹ပထမအကြိမ် မန္တလေး
🌷🌷🌷ဒုတိယအကြိမ် စစ်ကိုင်း
⚘️⚘️⚘️တတိယအကြိမ်
စစ်ကိုင်းမှ ကျောင်းပြိုသွားသော ဆရာလေးများအတွက် ထပ်မံလှူဒါန်း ဖြစ်ပါတယ်။
🌺-ပထမဆုံး အလှူခံပေးရသော အကျိုးဆောင် ကုသိုလ်
🌺-ဒုတိယ ဝိုင်းဝန်းလှူဒါန်းကြပါသော အလှူရှင်များ ကုသိုယ်
🌺-မြေပြင်လက်တွေ့လုပ်ဆောင်နေသော အဖွဲ့များနှင့် ချိတ်ဆက်ပေးသော ကုသိုလ်
🌺-ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းပေးသူများ ၏ ကုသိုလ် ----စသည်ဖြင့် အများကောင်းမှုကြောင့် ရရှိလာသော ကုသိုလ်အကျိုးကို အားလုံးကိုယ်စား မျှဝေပေးလိုက်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေ.....🙏🙏🙏
13/04/2025
👋 Hello ..👋 hello .. ပြီးခဲ့တဲ့တခေါက် စစ်ကိုင်း_ငလျင်ဒဏ်သင့်ပြည်သူတွေဆီကို ဆရာမတို့ရဲ့ အများစုပေါင်းအလှူငွေထဲက 💸 သိန်း ၂၀ ပေးပို့လှူဒါန်းထားကြောင်း အသိပေးထားတာလေး.. အခုလှူဒါန်းပြီးစီးကြောင်း သတင်းဓါတ်ပုံတွေ ရလို့ပြန်တင်ပြတာပါ။ 😊
☘
တင်ပြခဲ့ပြီးသလိုပဲ ဆိုတဲ့ page က Yes, We can help team နဲ့ ဆရာမတို့အပါအဝင် အခြားအလှူရှင်များစွာ မြေပြင်အရောက် ပူးပေါင်းလှူဒါန်းရာမှာ စစ်ကိုင်းကို လိုအပ်တဲ့ပစ္စည်းများ ဧပြီ ၉ ရက်နေ့မှာ ပို့ဆောင်လှူဒါန်းနိုင်ခဲ့ပါတယ်။ 💪💪
ပုံတွေကတော့ ဆိုတဲ့ page ကတဆင့်ပြန်လည်ကူးယူ ဖော်ပြပေးတာပါ။ ဗွီဒီယိုဖိုင်ကိုပါ ကြည့်ချင်ရင် သူတို့တင်ထားပေးတာတိုက်ရိုက်ကြည့်လို့ရအောင် အောက်မှာလင့်ခ်ထည့်ပေးထားပါတယ်။ 👇👇
https://www.facebook.com/share/v/1BVnzSaY94/
☘
ဆက်လက်ပြီးလည်း အဲ့ဒီအဖွဲ့နဲ့ပဲပူးပေါင်းကာ အင်းလေးဒေသမှ ပျက်စီးသွားတဲ့အိမ်များအတွက် တနိုင်တပိုင်တဲလေးများ ပြန်တည်ဆောက်ပေးဖို့အရေးမှာ ဆရာမတို့ဆီထည့်ဝင်လှူဒါန်းထားကြတဲ့အများအလှူငွေထဲမှ 💸 ၁၅ သိန်းကျပ်ကို ထပ်မံထည့်ဝင်လှူဒါန်းပေးထားပါတယ်ရှင်။ 😊
☘
မနေ့ကတင်ပေးခဲ့တဲ့ စာရင်းရှင်းတမ်းအရ ဆရာမတို့ဆီထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း 💸 သိန်း ၉၀ ကျော်ရရှိထားတဲအနက်က
💝 မန္တလေးကို ၁၅ သိန်း၊
💝 စစ်ကိုင်းကို သိန်း ၂၀၊
💝 အင်းလေးကို ၁၅ သိန်း…
စုစုပေါင်း 💸 သိန်း ၅၀ လှူဒါန်းပြီးပါပြီ။ ကျန်ရှိနေသေးတဲ့ 💸 သိန်း ၄၀ ကျော်ကို အခြားလိုအပ်တဲ့ ဒေသတွေကို ပို့ဆောင်လှူဒါန်းနိုင်ဖို့၊ သင့်လျော်ရာအဖွဲ့များနဲ့ ထပ်မံချိတ်ဆက်ကာ အခြေအနေအချိန်အခါပေါ်မူတည်ပြီး လိုအပ်သလိုလှူဒါန်းပေးသွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ 🤗
ပါဝင်လှူဒါန်းပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ငလျင်ဘေးသင့်ဒေသက ပြည်သူများကိုယ်စား လှိုက်လှိုက်လှဲလဲ ကျေးဇူးတင် 🙏 စကားပြောလိုပါတယ်။
(ထပ်မံပါဝင်လှူဒါန်းလိုပါက Messenger ကတဆင့် ဆက်သွယ်ပါ၊ Kpay နှင့် Wavepay account ပို့ပေးပါမယ်။ ကျေးဇူးပါရှင်။ 🙏)
10/04/2025
(3.4.2025)မှ(10.4.2025)အထိ ငလျင် ဘေးအတွက်ဒုတိယအကြိမ် ကောက်ခံရရှိသော အလှူငွေစာရင်း ဖြစ်ပါတယ်။😊
အားလုံးစုပေါင်းလှူဒါန်းပေးမှုကြောင့်
သိန်းပေါင်း(90)ကျော် ရရှိထားပါတယ်။🥰
🌺🌺🌺🌺🌺🌺🌺
ရရှိထားသောအလှူငွေ အားလုံးကို ထိရောက်မှုအရှိဆုံးမြေပြင်မှာ ကိုယ်တိုင်ကိုယ်ကျ လုပ်းအားပေးနေသောအဖွဲ့များနှင့် ချိတ်ဆက်ကာ စနစ်တကျ လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။♥️♥️♥️
ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို ရရှိတာနဲ့ သင်တန်းကျောင်း Page မှာ ဖော်ပြပေးသွားပါမယ်
07/04/2025
🤩 ငလျင်အလှူ...တို့ဝိုင်းကူမယ်ဟေ့ 💪 ဆိုပြီး တို့တတွေရဲ့စုပေါင်းအားနဲ့ တနိုင်တပိုင် ဝိုင်းလှူထားကြတဲ့ထဲက #ဒုတိယသုတ်အလှူ အဖြစ် အလှူငွေ 💸 #သိန်း၂၀ကျပ်ကို #စစ်ကိုင်းသို့ ပေးပို့လှူဒါန်းထားပါတယ် အမျိုးတို့ရေ 😊
☘️
နယ်ခံအသိက စစ်ကိုင်းဘက်မှာ မရှိသေးတာကြောင့် ယုံကြည်စိတ်ချရတဲ့ အဖွဲ့တွေထဲက
ကိုယ်တိုင်ကိုယ်ကျ ထိထိရောက်ရောက် လှူဒါန်းပေးနိုင်ခဲ့တဲ့ ဆိုတဲ့ page က Yes,We can help team နဲ့ ပူးပေါင်းကာ သူတို့ရဲ့ ဒုတိယအကြိမ် စစ်ကိုင်းကိုသွားလှူမယ့်အထဲ အလှူငွေထည့်ဝင်ခဲ့ပါတယ်။ 💪
☘️
ဒီအဖွဲ့လေးဟာဆိုရင် ပထမအကြိမ်မှာကတည်းက #မန္တလေး ၊ #အမရပူရ နဲ့ #စစ်ကိုင်း မြို့တွေဆီကို ငွေကျပ် 💸သိန်း ၃၀၀ ကျော်စာ အလှူပစ္စည်းများအား တကယ်လိုအပ်နေတဲ့သူတွေဆီကိုသာ ရောက်ရှိသွားစေဖို့ … ဒေသခံတွေရဲ့ 🫶 အကူအညီနဲ့ 👵🧓👴 သက်ကြီးရွယ်အိုတွေကိုပါမကျန် ထိထိရောက်ရောက် လှူဒါန်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။
☘️
သေချာအစီအစဉ်တွေ ကြိုဆွဲပြီးမှ အပင်ပန်းခံကာ၊ ချောင်ကျပြီး အလှူရှင်တွေမရောက်သေးတဲ့ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေဆီအထိ ကိုယ်တိုင်ကိုယ်ကျ ဝင်လှူခဲ့တာမျိုးပါ။ 💕
☘️
📌မလှူခင်မှာ ရှေ့ပြေး scout အဖြစ် 🏍 ဆိုင်ကယ်နဲ့ အရင်သွားကြည့်တယ်
📌လိုအပ်တဲ့အိမ်ခြေတွေ၊ လိုအပ်မဲ့ အလှူပစ္စည်းအရေအတွက်တွေ မှတ်ပြီး ပစ္စည်းနဲ့ 🛻 ကားရှိရာဆီ စားသောက်ဆိုင်သုံးစကားပြောစက်နဲ့ ဆက်သွယ်တယ်
📌ဒေသခံတွေအကူအညီနဲ့ လိုက်ကြည့်စစ်ဆေးပြီးတဲ့နောက်မှ တကယ်လိုအပ်နေတဲ့အိမ်တွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားလှူတယ် 💕
📌တချို့ကျလဲ တကယ်ပျက်စီးနေတဲ့အိမ်ကိုပြပြီး အလှူခံပေမဲ့ ဘေးကဒေသခံတွေက အဲ့တာသူ့အိမ်မဟုတ်ဘူး ၊ သူကအဲ့မှာမနေဘူးလို့ အော်ကြတာမျိုးဆို မလှူဘဲ အလိမ္မာနည်းသုံး လှည့်ထွက်တယ်... စသဖြင့်ပေ့ါ။ 🤷🤷♀️
☘️
လှူဒါန်းပေးခဲ့ပြီးတဲ့ မြို့တွေက 🧏♂️🧏♀️🧏 ဒေသခံတွေရဲ့ အကူအညီတောင်းခံမှုတွေကို ဆက်တိုက် 👂 နား 👂စွင့်နေရာက... စစ်ကိုင်းမြို့လမ်းဘေးမှာ အိပ်နေရတဲ့ ❤️🩹 ငလျင်ဘေးသင့်ပြည်သူ...
🏘 🏡 🏠 အိမ်ခြေ ၁၅၀ စာ အတွက် ယာယီနေစရာအဖြစ်
💝 အိမ်မိုးကာဖို့ တာလပတ် ( 15' x 15' size _ ၁၅၀ ခု)
💝 အိမ်မိုးကာဖို့ တာလပတ် ( 12' x 9' size _ ၁၅၀ ခု)
💝 ၂ ယောက်အိပ်ခြင်ထောင် (၁၅၀ ခု)
💝 ခြင်ဆေး၊ ခြင်ဖျန်းဆေး (၁၅၀ ခု)
💝 ရေစစ် (၃၀၀ ခု)
💝 စတီးဇွန်း / စတီးဇလုံ၊ ဆေးဝါး နှင့် အခြားပစ္စည်းများ (မိသားစု ၁၅၀ စာ)
စတာတွေ လိုအပ်နေတယ်လို့ သိရတာကြောင့် ဒုတိယအကြိမ်အဖြစ် စစ်ကိုင်းကို ထပ်မံချိတ်ဆက် 🥰 လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။
☘️
💰အလှူငွေ ပူးပေါင်းထည့်ဝင်လိုပါက (7th/April/2025 _ ည ၈ နာရီ) နောက်ဆုံးထားပြီး ဆိုတဲ့ page က Yes,We can help team သို့ ထည့်ဝင်လို့ရကြောင်း ကျွန်မတို့ဆက်သွယ်စုံစမ်းတဲ့အချိန်မှာ အသိပေးဖိတ်ခေါ်ပါတယ်။ 🙇♂️🙇
☘️☘️
ဖြူစင်ချမ်းမြေ့ သင်တန်းကျောင်းနှင့် မိတ်ဆွေ၊ ကျောင်းသား ကျောင်းသူများ စုပေါင်းအလှူအဖြစ် 💰 ကျပ်သိန်း ၂၀ ပေးပို့လှူဒါန်းပြီးကြောင်းပါ။ 🥰
☘️☘️
နောက်ရက်ကစပြီး သင်္ကြန်မတိုင်ခင် #စစ်ကိုင်း သို့ လိုအပ်သည့်ပစ္စည်းများ 💕ပေးပို့ကာ Network တည်ဆောက်ခဲ့တဲ့ ဒေသခံများနှင့် 🤝 🤝ချိတ်ဆက်ပြီး ထုံးစံအတိုင်း တကယ်လိုအပ်သူများထံသို့ ထိထိရောက်ရောက်ပေးပို့လှူဒါန်းမှာ ဖြစ်ပါတယ်။🥰
လှူပြီးတဲ့အခါမှာလည်း လှူဒါန်းပြီးကြောင်း ပို့စ်ထပ်တင်ပေးပါမယ်ရှင်။ 💕
☘️
စိတ်ပါဝင်စားသူများ ဆိုတဲ့ page က Yes,We can help team သို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ၊ ကျွန်မတို့ဆီကိုဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
☘️
(7th/April/2025 _ ည ၈ နာရီ)ထက် နောက်ကျပြီး Yes,We can help team သို့ ပေးပို့လှူဒါန်းတာတွေကိုတော့ နောက် Campaign ဖြစ်တဲ့ #ပျဉ်းမနား ၊ #ရမည်းသင်း၊ #ပျော်ဖွယ်၊ #တောင်ငူ Campaign မှာ ဆက်လက်ခံပေးမယ့်အကြောင်းသိရပါတယ်။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
👩🏫 #ဖြူစင်ချမ်းမြေ့ 👭👬 #စုပေါင်းအလှူပထမအသုတ် ကို #မန္တလေး ဘက်သို့ နယ်ခံတွေကတဆင့် 💰 #ကျပ် ၁၅ သိန်း စာတန်ဖိုးရှိ ပစ္စည်းများ ထိရောက်စွာ လှူဒါန်းပြီးစီးကြောင်း အောက်ပါလင့်ခ်မှာတင်ပြခဲ့ပြီးဖြစ်ပါတယ်။ 😊 👇
https://www.facebook.com/phyusinchanmyaekorea/posts/122185086614094740
🌿🌿🌿
ပထမအကြိမ် အလှူငွေစာရင်းရှင်းတမ်းကတော့ ဒီမှာပါ။ 👇
https://www.facebook.com/photo/?fbid=122184887804094740&set=a.122109807422094740&checkpoint_src=any
🌿🌿🌿
စာရင်းရှင်းတမ်းပို့စ် တင်ပြီးနောက်ပိုင်း အလှူငွေ 💰 ၇ သိန်းတစ်ခါ၊ 💰သိန်း ၂၀ တစ်ခါ ထပ်မံရရှိထားတာကိုတော့ နောက်တစ်ကြိမ် စာရင်းရှင်းတမ်းမှာ ထည့်သွင်းဖော်ပြပေးပါရစေ။🙏
☘️
ကျန်ရှိ 💸အလှူငွေများကိုလည်း အခြားလိုအပ်နေသေးသော မြို့များသို့ထပ်မံပေးပို့လှူဒါန်းသွားပါမယ်ရှင်။ ☺️
☘️
(👩🦰ကျွန်မတို့ထံ ပါဝင်လှူဒါန်းလိုပါက 👋 Messenger ကတဆင့် ဆက်သွယ်ပါ၊ 🔖Kpay နှင့် 🔖Wavepay account ပို့ပေးပါမယ်။ ကျေးဇူးပါရှင်။🙏 )
☘️
04/04/2025
👋 Hello.. အမျိုးတို့ရေ .. ငလျင်ဘေးအတွက် စုပေါင်းအင်အားနဲ့ အလှူငွေထောက်ပံ့ခြင်း၊ ကနဦးအလှူ ၁၅ သိန်းရဲ့ လုပ်ဆောင်ချက်၊ ထိရောက်မှု Activities လေးတွေ ဖော်ပြလိုက်ပါတယ်။☺️
ဧပြီ ၂-ရက်နေ့မှာ မန္တလေး နယ်ခံပရဟိတလူငယ်များက ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းလေ့လာပြီး လိုအပ်လျက်ရှိနေကြသေးတဲ့ မိုးကာဖျင်များနှင့် ရေသန့်ကဒ်အနည်းငယ်တို့ကို မနေ့က ဧပြီ ၃-ရက်နေ့မှာ ချမ်းအေးသာစံ၊ အမရပူရ၊ မဟာအောင်မြေ စတဲ့မြို့နယ်များနဲ့ ဆေးရုံကြီးတို့မှာ သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။
ရာသီဥတုပူပြင်းတဲ့ ခုလိုကာလမှာ ဒီမိုးကာစတွေက 🌞အပူဒဏ်ကိုရော၊ မကြာခင် 💦 မိုးရွာချနိုင်ချေတွေအတွက် 🌧️မိုးဒဏ်ကိုပါ အထိုက်အလျောက် ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့ကြောင့် မိုးကာဖျင် ကိုက်-၄၀၀ ဝယ်ပြီး တစ်အိမ်ထောင်စာအရွယ် ဖျင်စများဖြတ်ရာ ချပ်ရေ (၁၃၀) ရရှိပြီး အောက်ပါနေရာများမှာ အသီးသီးသွားရောက်ကာ အားတက်သရော လှူဒါန်းပေးခဲ့ကြပါတယ်။ 💪
• ☘️ချမ်းအေးသာစံမြို့နယ်၊ ရွှေဘုံသာဘုရားဝင်းထဲ ခိုလှုံလျက်ရှိသူများအား မိုးကာစ (၅၇) ချပ်
• 🌿အမရပူရမြိုနယ်ရှိ အထိအခိုက်များခဲ့ပြီး အကူအညီရရှိမှုနည်းခဲ့တဲ့ မူစလင်အများစုနေထိုင်ရာ ဘုံးအိုးရွာလေးအတွက် မိုးကာစ (၅၀) ချပ်
• 🍀မဟာအောင်မြေမြို့နယ်က ငလျင်ဘေးရော မီးဘေးပါတပြိုင်တည်းခံစားခဲ့ရတဲ့ စိန်ပန်းရပ်မှ လူများအတွက် မိုးကာစ (၅) ချပ်
• 🍃ဆေးရုံကြီးမှာ ကုသမှုခံယူလျက် အဆောက်အဦးပြင်ပမှာ အဆင်ပြေသလိုနေနေရသူများအတွက် ဆေးရုံဝန်ထမ်းများပါဝင်တဲ့ ပရဟိတအဖွဲ့နဲ့ချိတ်ဆက်ပြီး မိုးကာစ (၁၈) ချပ်
အစရှိသည်တို့ကို ရေသန့်ကဒ်အချို့နဲ့တွဲကာ သက်ဆိုင်ရာ ကယ်ဆေးရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်ပြီး လက်လှမ်းမီသလောက် အသီးသီး ပို့ဆောင်လှူဒါန်းခဲ့ပါတယ်။
ယခုသွားရောက်လှူဒါန်းပေးကြတဲ့ နယ်ခံပရဟိတလူငယ်များ👭👬ကိုယ်တိုင်က ငလျင်ဒဏ်ခံရသူများဖြစ်ကာ ထိခိုက်ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ပေမယ့် လျှပ်စစ်မီးနဲ့ ရေ ပြတ်တောက်မှု၊ ကြီးမြင့်နေတဲ့ကုန်စျေးနှုန်း၊ ပူပြင်းတဲ့ရာသီမှာ အနံ့အသက်ပေါင်းစုံကြား ခြိမ်းခြောက်လျက်ရှိတဲ့ ကျန်းမာရေးအန္တရာယ် စတဲ့ အသီးသီးသောအခက်အခဲတို့ကို 🦾 ကြံ့ကြံ့ခံအံတုပြီး လုပ်အားပေးနေကြတာဖြစ်ပါတယ်။ 🫡 Respect ပါ။ 🫡
🏞️ပုံတွေထဲမှာ ပစ္စည်းဝယ်ဘောင်ချာများနှင့် သွားရောက်လှူဒါန်းပုံတို့ကို တွေ့နိုင်ပါတယ်။ အလှူခံပုဂ္ဂိုလ်တို့ရဲ့ ပုံများမပါဝင်ဘဲ အလှူလက်ခံပေးတဲ့ ကယ်ဆယ်ရေးအဖွဲ့များနှင့် လုပ်အားပေးသူများ၊ သွားရောက်လှူဒါန်းပေးသူ နယ်ခံပရဟိတလူငယ်များပုံသာ ပါဝင်ပါတယ်။ 🌄
စာရင်းရှင်းတမ်းအနေနဲ့
⁃ ✅ပစ္စည်းဝယ်ယူ၊ သွားရောက် ပို့ဆောင်ဖို့အတွက် 🚛 ကားငှားခ (၁၀၀,၀၀၀) ကျပ်၊
⁃ ✅ရေသန့်ကဒ် ၂၀ အတွက် (၉၀,၀၀၀) ကျပ်
⁃ ✅မိုးကာစ ကိုက်-၄၀၀ အတွက် (၁,၂၄၀,၀၀၀) ကျပ်
⁃ ✅နယ်ခံပရဟိတလူငယ်များရဲ့ လိုအပ်တဲ့နေရာများမှာ အသေးသုံးစရိတ်တို့ဖြစ်ပါတယ်။
ကျန်ရှိနေသေးတဲ့ 💸အလှူငွေများကိုလည်း ✳️စစ်ကိုင်း နှင့် ✳️အခြားလိုအပ်သောနေရာတို့မှာ ထပ်မံလှူဒါန်းသွားမှာဖြစ်ပြီး Activities များကို ယခုလိုထပ်မံတင်ပြသွားပါမယ်။
ယခင်နေ့က စာရင်းရှင်းတမ်းပို့စ် တင်ပြီးနောက်ပိုင်း ထပ်မံ၍ 💰အလှူငွေ ၇-သိန်း ရရှိထားရာ၊ နောက်ထပ်ရရှိလာမယ့် အလှူငွေများနဲ့ပေါင်းပြီး စာရင်းတင်ပြပေးပါမယ်။ ထည့်ဝင်လှူဒါန်းလိုတဲ့ အလှူရှင်များကိုလည်း ထပ်မံဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🤗
(ပါဝင်လှူဒါန်းလိုပါက 🍃Messenger ကနေ ဆက်သွယ်ပါ၊ ☘️Kpay နှင့် 🌿Wavepay account ပို့ပေးပါမယ်။ ကျေးဇူးပါ။ 🙏)
02/04/2025
4လပိုင်း1ရက်နေ့မှာ မန္တလေးရှိ နယ်ခံ လူငယ်တွေ ဦးဆောင်တဲ့ ယုံကြည်ရတဲ့ ပရဟိတအဖွဲ့တစ်ခု
နဲ့ ချိတ်ဆက်မိပါတယ်။ကိုရီးယားမှာ ရှိကြတဲ့ တပည့်များရော ၊ပြည်တွင်းမှာရှိတဲ့ မိတ်ဆွေများပါ အားတက်သရော ဝိုင်းဝန်းလှူဒါန်းကြသည့်အတွက် (2)ရက်အတွင်းမှာဘဲ အလှူငွေ (4118200)
ကျပ်/လေးဆယ့်တစ်သိန်းတစ်သောင်းရှစ်ထောင့်နှစ်ရာကျပ်ကို လက်ခံရရှိထားပါတယ်။
ဆရာမ မတည်အလှူငွေနဲ့ဆို လေးဆယ့်ငါးသိန်းဝန်းကျင်ဖြစ်ပါတယ်။ကနဦးအနေနဲ့ နေ့တွင်းချင်း အလှူငွေ(1500000)-တစ်ဆယ့်ငါးသိန်းကိုလှူဒါန်းပြီးဖြစ်ပါတယ်။မနက်ဖြန်မှာ ကနဦးလှူဒါန်းထားသည်များကို
ပုံများနှင့်တကွထပ်တင်ပေးပါမယ်။
ကျန်ရှိအလှူငွေများကိုလည်း ထိရောက်မှုရှိစွာ ဆက်လက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။အလှူရှင်စာရင်းကို ဖော်ပြရခြင်းမှာ အခြားရည်ရွယ်ချက် တစ်စုံတစ်ရာ မပါဘဲ လှူဒါန်းသူများကို ဂုဏ်ပြုချင်တဲ့ သဘောသာဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံ လုပ်ငန်းခွင်မှာ အတူအလုပ် လုပ်ကိုင်နေတဲ့ ဗီယက်နမ်နိုင်ငံသားတစ်ဦးကလည်း ငွေကျပ် နှစ်သိန်းကိုးသောင်းငါထောင်ကို ငလျင်ဘေးကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားများအတွက် လှူဒါန်းပေးခဲ့ပါတယ်။
နောက်ရက်တွေလည်း ဆက်လက်လှူဒါန်းနိုင်ပါတယ်။လှူဒါန်းလိုပါက Messenger မှာ Kpay နဲ့ Wavepay AC ကိုပို့ပေးပါမယ်။
01/04/2025
ငလျင်ဘေးသင့်ဒေသများအတွက် အလှူတွင်ပါဝင်နိုင်ကြောင်းဖိတ်ခေါ်ပါတယ်။
မန္တလေးမှ နယ်ခံပရဟိတခေါင်းဆောင်တစ်ယောက်နဲ့ အရင်ကတည်းက အပြင်မှာလူချင်းသိထားတာရှိပြီး ထိုလူနဲ့အဖွဲ့က လိုအပ်တဲ့ နေရာများကို ကိုယ်တိုင်ကိုယ်ကျလိုက်လှူပေးနေတာရှိပါတယ်။ သူ့ဆီကဆက်သွယ် အကူအညီတောင်းခံလာလို့ ငလျင်ဒဏ်သင့်ပြည်သူများထံ တိုက်ရိုက်လှူဒါန်းမှုများကို ဆရာမနဲ့အတူ သူငယ်ချင်း၊ မိတ်ဆွေများ ၊ကျောင်းသားကျောင်းသူများ အတူစုပေါင်း လုပ်ဆောင်သွားဖို့ စိတ်ကူးပါတယ်။
လက်ရှိလှူဒါန်းနေတာကတော့ ပြည်ကြီးတံခွန်မြို့နယ်မှ အိုးအိမ်တိုက်တာများပြိုကျပျက်စီးသွားလို့ စားဝတ်နေရေး၊ ကျန်းမာရေး၊ အစစအရာရာ ခက်ခဲပြီး အပြင်ထွက်ကာ အဆင်မပြေမှုပေါင်းစုံကြား နေ၊ စားနေရသူများကို လိုအပ်တာများ အတတ်နိုင်ဆုံးထောက်ပံ့လှူဒါန်းနေပါတယ်။ အမရပူရဘက်က မြဘယက်စာချကျောင်း ပြိုကျသွားလို့ အခက်အခဲဖြစ်နေတဲ့ သံဃာတော်များအတွက်လည်း ယာယီကျောင်းဆောင်ဆောက်ဖို့ မတည်လှူဒါန်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဆက်လက်ပြီးလည်း ဆေးရုံဆေးခန်းတွေမှာ မနိုင်ဝန်ဖြစ်ပြီး ဆေးကုသမှုခံယူဖို့ လိုအပ်နေသော လူနာများ၊ သက်ကြီးရွယ်အို.. ကလေးနဲ့ ကိုယ်ဝန်ဆောင်များ၊ အကူအညီလိုအပ်နေသော အလွှာပေါင်းစုံမှလူများ၊ ကိုယ့်စရိတ်ကိုယ်စား အရပ်သားလုပ်အားပေးများ (စားစရာမရှိလည်း လုပ်အားပေးနေကြသူများ)..အားလုံး.. အားလုံးကို လက်လှမ်းမီသလောက် အစားအစာ၊ ဆေးဝါးနဲ့ အခြားလိုအပ်သည်များကို ထောက်ပံ့လှူဒါန်းသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒီအတွက် မြေပြင်အဖွဲ့ နယ်ခံအရပ်သားများက ဘယ်နေရာဘာလိုနေလဲ ကိုယ်တိုင်ကိုယ်ကျလေ့လာစုံစမ်းကာ၊ လိုအပ်သည်များ ရှာဖွေဝယ်ယူထောက်ပံ့လျက်ရှိသလို၊ ဆက်လက်လုပ်ဆောင်သွားဖို့လည်းရှိပါတယ်။
ဆရာမတို့အနေနဲ့ အဲ့ဒီအဖွဲ့နဲပူးပေါင်းပြီး ငွေအားနိုင်သလောက် ဝိုင်းထောက်ပေးနိုင်ကြရင်ဖြင့် တကယ်အကျိုးရှိ ထိရောက်တဲ့ ကာလဒါနအလှူကြီးကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အထူးသဖြင့်
ကိုးရီးယားမှာရောက်ရှိလုပ်ကိုင်နေကြတဲ့ ဆရာမရဲ့တပည့်များကို အဓိကရည်ရွယ်ပြီး အလှူအတွက် နှိုးဆော်လိုပါတယ်။ အရင့်အရင်အခါများကလို ကယ်ဆယ်ထောက်ပံ့ရေးတွေမှာ လက်မနှေးဘဲ တက်ကြွစွာပါဝင်လေ့ရှိတဲ့ ဆရာမရဲ့တပည့်များကို ယုံကြည်အားကိုးပြီး အလှူရှငိဖိတ်ခေါ်တဲ့ပို့စ်ကို တင်လိုက်ပါတယ်။
ဆရာမရဲ့ Kpay ကို အလှူငွေလွှဲလှူနိုင်ပါတယ်။ CB ကတဆင့်ဆက်သွယ်ပါ။
ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူခံနေပါပြီ။
အထိရောက်ဆုံးဖြစ်အောင် မြေပြင် ပရဟိတအဖွဲ့နဲ့ ချိတ်ဆက်မိပါပြီ။
ကိုရီယားမှာ ကျောင်းသွားတက်မယ့် ကျောင်းသားများအား Level တန်း စနစ်သစ်သင်ရိုး special class မှာ 4 skills လေ့ကျင့်ပေးနေပါတယ်။
ကျောင်းလျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုလည်းပေးနေပါပြီ။
ဆက်သွယ်စုံစမ်းရန်
09777674040
09798080774
ဖြူစင်ချမ်းမြေ့ ကိုရီးယားဘာသာစကား
သင်တန်းကျောင်း(1)
အမှတ်(71/ A) 5လွှာ_ ညာ /သမိန်ဗရမ်းလမ်း
တာမွေမြို့နယ်
ဖြူစင်ချမ်းမြေ့ ကိုရီးယားဘာသာစကား
သင်တန်းကျောင်း(2)
အမှတ်(12/A) မေတ္တာရိပ်မွန်အိမ်ရာ ၊တာမွေဗလီ အနီး ၊ (Prince Hotel အရှေ့ )လမ်းထောင့်ပန်းရောင်တိုက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
#ကိုရီယားကျောင်းလျှောက်
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
အမှတ် ၇၁၊ သမိန်ဗရမ်းလမ်း၊ တာမွေ၊ ရန်ကုန်မြို့။
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 00:00 - 00:15 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |