Road Safety Myanmar

Road Safety Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Road Safety Myanmar, Education, No(537) Khattar street/(15) Quarter/Eastdagon (Yangon), Yangon.

24/01/2024

ကျနော် Road safety myanmar ဆိုတဲ့ Fb စာမျက်နှာကိုအကြောင်းအမျိုးမျိုးကြောင့် ရပ်ထားတာနှစ်နဲနဲလေးကြာသွားပါတယ် အားလုံးကိုလေးစားစွာဦးညွှတ်ပါတယ် ခုတော့မရှိသလောက်နဲပါးတဲ့အချိန်တွေထဲကနေ post လေးတွေပြန်တင်မယ်လို့စဉ်းစားထားပါတယ် ယာဉ်လမ်းအန္တာရယ်ကာကွယ်
ရေးပညာပေးတွေဆိုတာကလည်း လမ်းအသုံးပြုသူတော်တော်များများက စိတ်ဝင်စားမှုအားနဲတာရယ်ဒီ့ထက်ရက်ရက်စက်စက်‌ပြောရရင်တော့မလိုအပ်ဘူးလို့ဆိုတဲ့အထိကိုဖြစ်လာတာရယ်စည်းကမ်းလိုက်နာ
မှုလည်းမှာလည်း% ‌တော်တော်များများအားနည်းလာတာရယ်‌ကြောင့်မို့မြန်မာနိူင်ငံကြီးသားကို့ဆွေမျိုးများကိုစာတိုပေစလေးများနဲ့တစ်ဖက်တစ်လမ်းကနေကူညီဘို့ post လေး‌တွေပြန်တင်ပါတော့မယ်ခင်ဗျ။

{ မော်တော်ဆိုက်ကယ်စီးသူများလိုက်နာရန်       ~~~~~~~~~~~~~~~~~~~~~~       စည်းကမ်းများ}               [အပိုင်း (၃) ]     ...
23/01/2022

{ မော်တော်ဆိုက်ကယ်စီးသူများလိုက်နာရန်
~~~~~~~~~~~~~~~~~~~~~~
စည်းကမ်းများ} [အပိုင်း (၃) ]
~~~~~~~~

8/ မော်တော်ဆိုက်ကယ်၏စက်သံကိုဆူညံမြင့်
၍မစီးရ။
မော်တော်ဆိုက်ကယ်များ၏ပုံမှန်အင်ဂျင်စက်သံသည်
ပင်လျှင်လီဘာမြင့်၍မောင်းနှင်လျှင်အသံဆူညံမှုကိုအထိုက်အလျှောက်ဖြစ်စေသဖြင့်စက်သံကိုဆူညံအောင်ပြုလုပ်၍
မောင်းနှင်ခြင်းမပြုရန်စည်းကမ်းသတ်မှတ်ထားခြင်းဖြစ်
သည်။

ဆူညံမှုဖြစ်စေရန်တမင်ရည်ရွယ်၍(အိတ်ဇောဖောက်ခြင်း/
ဖြုတ်ခြင်း)ပြုလုပ်စီးနှင်းမှုများအတွက်မှာမူထိန်းသိမ်းအရေးယူခြင်းများကိုအထူးစီမံချက်ဖြင့်ပင် (အခါကြီးရက်ကြီးများ၊
အခြား လိုအပ်သည့်အချိန်များတွင် ) ဖမ်းစီးအရေးယူလေ့ရှိ
ခြင်းဖြစ်ပါသည်။
မော်တော်ဆိုက်ကယ်မောင်းနှင်အသုံးပြုသူများအပါအဝင်လမ်းအသုံးပြုသူများအားလုံးသည်အများသူငါစိတ်အနှောက်အယှက်ဖြစ်စေသည့်မည်သို့သောကိစ္စရပ်မျိုးကိုမဆိုအများပိုင်လမ်းများပေါ်တွင်ပြုလုပ်ခြင်းမှ
ရှောင်ရှားသင့်ပါသည်၊အလားတူအခြားဆိုးရွားသောအမူအကျင့်များဖြစ်သည့်လမ်းဧရိယာပေါ်တွင်ဆိုက်ကယ်ရပ်တန့်
ထားခြင်း၊ဘေးလူများအနှောက်အယှက်ဖြစ်လောက်အောင်ထုထည်ကြီးမားသည့်ပစ္စည်းများတင်ဆောင်မောင်းနှင်ခြင်း၊
လေးလံကြီးမားသည့်ကုန်ပစ္စည်းများအားဆိုင်ကယ်စီးသူ၏
ခြေနှစ်ဖက်ကြားလက်ကိုင်နောက်တွင်မနိုင်မနှင်းတင်ဆောင်
မောင်းနှင်ခြင်း ၊ နေ့/ညအမြင့်မီးကြီးအချိန်ပြည့်ဖွင့်၍မောင်း
နှင်ခြင်း၊ယာဉ်ရှိပုံမှန်မီးသာမကစူးရှလွန်းသည့် LED မီးလုံးအပိုများ တပ်ဆင် အသုံးပြုခြင်း စသည့် အပြုအမူများအား
လည်းအသိတရားဖြင့်ရှောင်ရှားသင့်လှပေသည်။

9/မော်တော်ယာဉ်များနည်းတူသတ်မှတ်ထားသည့်လမ်း
စည်းကမ်းများကိုလိုက်နာရမည်။

မော်တော်ဆိုက်ကယ်ကဲ့သို့စက်တပ်ယာဉ်များသာမက
ဘီးပါသည့်မည်သည့်ယာဉ်မျိုးဖြစ်စေကာမူမော်တော်ယာဉ်များနည်းတူသတ်မှတ်ထားသည့်ယာဉ်/လမ်းစည်းကမ်းများကိုတသွေမတိမ်းလိုက်နာရမည်ဖြစ်ပါသည်။
အခြေခံလမ်းစည်းကမ်းများသည်စက်ပါခြင်း/စက်မဲ့
ခြင်း၊ယာဉ်၏ပမာဏကြီးခြင်း/သေးခြင်း၊စသည်တို့ကြောင့်လိုတိုးပိုလျှော့ပြုလုပ်၍မရပါ၊ဥပမာအားဖြင့်မည်ကဲ့သို့သောယာဉ်(စက်ဘီး၊လက်တွန်းလည်းစသည့်တို့ကဲ့သို့စက်မဲ့ယာဉ်) မျိုးမဆိုသည်ပင်မည်သို့သောလမ်းအမျိုးအစား ( မြေလမ်း ၊ ကတ္တရာလမ်း ၊ သဲလမ်း၊ကွန်ကရစ်လမ်းစသည်) ပေါ်တွင်မဆိုမည်သို့သော အကြောင်းပြချက် နှင့်မျှ အခြေခံ လမ်းစည်း
ကမ်းများကို ဖောက်ဖျက် မောင်းနှင်၍ မရပါ၊ဥပမာအားဖြင့်
မြန်မာနိုင်ငံ နှင့် မြန်မာနိုင်ငံ ကဲ့သို့ လက်ယျာကပ်မောင်း စနစ်
ကျင့်သုံးသည့် မည်သည့် နေရာဒေသ တွင်မဆို ဘီးတပ်ယာဉ်အားလုံးသည် လက်ယျာဘက်သို့ ကပ်၍သာအမြဲတစေလိုက်နာမောင်းနှင်ရမည်၊၂ဘီးတပ် ယာဉ်များအားလုံး သည်လည်းအချက်ပြမီးပွိုင့်များမှ ညွှန်ကြားသည့် စနစ်များအတိုင်းအမြဲတစေလိုက်နာမောင်းနှင်ရမည်မှာအခြေခံကျသောလမ်းစည်းကမ်းများဖြစ်ပါသည်။
အထက်ဖော်ပြပါစည်းကမ်းများသည်နိုင်ငံတော်မှတရား
ဝင် ပြဌာန်း ထားသော မော်တော် ဆိုက်ကယ် စီးသူများ ဘေး
ကင်းလုံခြုံစေရန် ထုတ်ပြန် ထားသည့် စည်းကမ်းများ ဖြစ်ပါ
သည်။
အပြည့်အဝလိုက်နာနိုင်ပါကတစ်ဦးခြင်းစီအတွက်ဘေးကင်းလုံခြုံမည်ဖြစ်ပြီးတစ်နိုင်ငံလုံးလိုက်နာလုပ်ဆောင်နိုင်ပါကတစ်နိုင်ငံလုံးဘေးကင်းလုံခြုံမည်ဖြစ်ပါသည်။

(မော်တော်ဆိုက်ကယ်များအတွက်ဆောင်ရန်ရှောင်ရန်များ)
----------------------------------
A/မော်တော်ဆိုက်ကယ်မောင်းနှင်စဉ်လက်တစ်ဖက်ဖြင့်ဖုန်း
မပြောရ။
B/ မီးပွိုင့် (သို့) လမ်းဆုံများ၌ ခတ္တရပ်၍ စောင့်ဆိုင်း ချိန်တွင်
တတ်နိုင်သမျှ မော်တော်ယာဉ်များ၏ အရှေ့ (သို့) အနောက်
တွင်သာရပ်တန့်စောင့်ဆိုင်းခြင်းနှင့်ထွက်ခွာမောင်းနှင်ခြင်းပြုလုပ်သင့်ပြီး မော်တော် ယာဉ် နှင့်ရင်ဘောင်တန်း ရပ်တန့်ခြင်း
ထွက်ခွာ မောင်းနှင် ခြင်းမျိုးအား မပြုလုပ်သင့်ပါ ၊ အထူးသ
ဖြင့်လားရာတူချိုးကွေ့သည့်ယာဉ်များ၏ကွေ့ကြောအတွင်း
ဘေးခြင်းယှဉ် ၍ ရင်ဘောင်တန်း ချိုးကွေ့ခြင်းမျိုး၊ကွေ့နေ
သောမော်တော်ယဉ်သွားလမ်းကိုရှေ့မှကန်းလန့်ပိတ်၍ကျော်တက် မောင်းနှင် ခြင်းမျိုးအား အထူး ရှောင်ရှား ရမည် ဖြစ်
ပါသည်။
အဘယ်ကြောင့်နည်းဟူမူယာဉ်နှင့်လားရာတူချိုး
ကွေ့ရာ၌ယာဉ်၏ဘယ်ဘက်ခြမ်းဖြစ်စေယာဘက်ခြမ်းဖြစ်
စေအခြားယာဉ် နှင့်တပြေးတည်း ယာဉ်ကြောထပ်လျှက် ပူး
ကပ်၍ချိုးကွေ့ကြရသောကြောင့်တစ်ဦးဦး၏အမှားဖြင့်မ
တော်တဆမှု ဖြစ်စေနိုင်ခြင်း ၊ တစ်ဦးနှင်တစ်ဦးချိန်ဆမောင်း
နှင်ကြ ရသော ကြောင့် လည်း ယာဉ်ကြော ကြပ်တည်းမှု ကို
ဖြစ်စေခြင်း၊ယာဉ်မောင်းသူအခြင်းခြင်းအကြားတွင်လည်းမလိုလားအပ်သော ကတောက်ကဆ မှုများဖြစ်ပွားနိုင်ခြင်းတို့
ကြောင့်ထိုသို့မောင်းနှင်ရန်မသင့်ခြင်းဖြစ်ပါသည်။
မြို့ပြသည်ယာဉ်ကြောထူထပ်ရာနေရာများဖြစ်သည့်အတွက်စည်းကမ်းအားတသွေမတိန်းလိုက်နာလုပ်ဆောင်ရန်ခက်ခဲနိုင် သော်လည်း စည်းကမ်းမလိုက်နာခြင်းကြောင့် ကြုံ
တွေ့ရမည့် ယာဉ်မတော်တဆမှုထက် စည်းကမ်းစနစ်ဖြင့်မိမိသွားလိုရာသို့ ဘေးမသီ ရန်မခ ရောက်ရှိသွားနိုင်ခြင်းကစည်းကမ်းစနစ် များကိုနားလည်လက်ခံ လိုက်နာခြင်း ၏တန်ဘိုးရလာဒ်ပင်မဟုတ်ပါလော။

C/လမ်းသွယ် အတွင်းမှ မိန်းလမ်းမတစ်ခုသို့ ဝင်ရောက်ချိန်များတွင် free ကြောခေါ် အလွတ်ကွေ့ကြောပေးမထားလျှင်ဦးစားပေးလမ်း ပေါ်မှယာဉ်အား စောင့်ဆိုင်းပြီးမှဝင်ရောက်ရမည်၊ ရပ်တန့်စောင့်ဆိုင်းခြင်းမရှိ ၊ လှည့်၍ပင်မကြည့်ဘဲဘေး
ခြင်းယာဉ် ၍ တဇွတ်ထိုး ဝင်ရောက် မောင်းနှင်ခြင်း မျိုးအား
ယာဉ်ကြောရှင်းနေသည့် တိုင်မည်သို့သော အကြောင်းနှင့်မျှမ
ပြုလုပ်ရ၊တရားဝင်ကွေ့ကြောမရှိသော်လည်းရှိသကဲ့သို့ပြုမူ
မောင်းနှင်ခြင်းမျိုးတွင်တဖက်ယာဉ်မှရပ်ပေးမည်အထင်ဖြင့်ပုံမှန် မောင်းနှင် လာခြင်း မျိုးနှင့်တစ်စုံတစ်ရာသော အခြေအ
နေကြောင့်လွတ်မည်အထင်ဖြင့်ဝင်ရောက်လာပြီးမှထိမ်းသိန်းနိုင်ခြင်းမရှိဘဲမတော်တဆမှုဖြစ်ပွားနိုင်ပါသည်။

D/လမ်းညွှန်း၊လမ်းအမှတ်အသားနှင့်အချက်ပြစနစ်အားလုံးအားလိုက်နာရမည်။
မီးပွိုင့်များသည်လမ်းအသုံးပြုသူအားလုံးနှင့်သက်ဆိုင်သည်ယနေ့ ခေါတ်၏ ၂ဘီးယာဉ်မောင်းနှင်သူ အများစုသည်လမ်း
ရှင်း/မရှင်းသာအဓိကမီးပွိုင့်နီခြင်းစိမ်းခြင်းများက၎င်းတို့နှင်လုံးဝ မသက်ဆိုင် သကဲ့သို့ မောင်းနှင် နေကြသည့် အတွက်မ
တော်တဆမှုများ ဖြစ်ပွား မှုလျော့နဲ ပပျောက်စေရန်မီးပွိုင့်အ
ချက်ပြများ၏ညွှန်ကြားမှုများအတိုင်းလိုက်နာလုပ်ဆောင်ကြရန်အသိပေးရခြင်းဖြစ်ပါသည်။
မီးပွိုင့်ဧရိယာများတစ်လမ်းမောင်းလမ်းများ ၊ (No U turn)ယူပုံမကွေ့ရ၊ ရပ် စသည့်အမိန့်ပေးလမ်းညွှန်များနေရာတွင် မော်တော်ယာဉ် များ နည်းတူ အချိန်ပြည့် လိုက်နာ လုပ်
ဆောင်ရမည်။
ယာဉ်၏ကိုယ်ထည်ပမာဏသေးငယ်ခြင်းသည်အခွင့်အရေး တစ်ရပ် မဟုတ်ပါ ၊ ဆန့်ကျင်ဘက်ယာဉ်ကြောသို့ဝင်
ရောက်ရာတွင်လည်းလမ်းလယ်ကျွန်းများကြားရှိဖြတ်လမ်းတစ်ခုနှင့်တစ်ခုအလှမ်းဝေးကွာနေခြင်းအားအကြောင်ပြ၍အလွယ် ဖြေရှင်း နည်းဖြင့် လမ်းပြောင်ပြန် ဝင်ရောက်ခြင်းမျိုးအားမပြုလုပ်ရပါ ၊ ကားများနည်းတူ စိတ်ရှည်စွာဖြင့် ခွင့်ပြုထားသည့် (သို့) လမ်းညွှန် မှုပြုထားသည့် အတိုင်း တသွေမ
တိမ်းလိုက်နာမောင်းနှင်ရမည်ဖြစ်သည်၊သက်ဆိုင်ရာလမ်းနှင့်ယာဉ် ကြော အခြေ အနေ အားလုံး ကို သုံးသပ် ဆုံးဖြတ် ၍
အန္တရာယ်အကင်းဆုံး ၊ နည်းလမ်းအကျဆုံး စည်းကမ်းများ
နှင့် အညီလိုက်နာမောင်းနှင်နိုင်ရမည်ဖြစ်ပါသည်၊စည်းဘောင်
ကျော်ခြင်းကြောင့်ဖြစ်ပွားသည့်မတော်တဆမှုများ၏ရလဒ်သည်နစ်နာဆုံးရှုံးမှုနှင့်ပြစ်ဒါဏ်ကျခံရမှုပင်ဖြစ်သောကြောင့်နိုင်ငံကြီးသားပီသစွာစည်းကမ်းလိုက်နာနေထိုင်ကြရန်အထူးလိုအပ်ပါသည်။

E / မည်သို့သော အကြောင်း နှင့်မျှ ယာဉ်ကြော ပြောင်းပြန်
မောင်းနှင်ခြင်းမပြုရ။
၂ဘီး၃ဘီးတပ်အနှေးယာဉ်များပင်လျှင်မော်တော်ယာဉ်
များကဲ့သို့မိမိယာဉ်ကြောအတွင်းမှသာမောင်းနှင်ရမည်လမ်း
ကွေ့ များတွင် အနှေးယာဉ် နှင့် ၂ဘီးစက် တပ်ယာဉ် များတ
ဘက် ယာဉ်ကြော အတွင်း ဝင်ရောက် ချိုးကွေ့ ခြင်းမျိုးမပြု
လုပ်ရပါ။

ကျွမ်းကျင်ခြင်းဖြင့်စည်းကမ်းမလိုက်နာခြင်း
ကျွမ်းကျင်ခြင်းဖြင့်တကိုယ်ကောင်းဆန်ခြင်း
ကျွမ်းကျင်ခြင်းဖြင့်အခြားသူများကိုမလေးစားခြင်း
များသည်အနာဂါတ်လူ့ဘောင်လောကအတွက်ကောင်းကျိုးရလာဒ်လားဆုံးရှုံးနစ်နာခြင်းလား
အထူးသဖြင့်အရော်အစားကြီးမားသည့်
ယာဉ်/လမ်းကိစ္စများနှင့်ပါတ်သက်လျှင်ထိုအချက်ကိုခွဲခြားသိမြင်တတ်ရန်လိုအပ်သည်။
အတ္တနဲပါးပြီးအခြားသူများအတွက်အမြဲတစေစဉ်းစားပေးတတ်ခြင်းသည်နိုင်ငံကြီးအမျိုးကောင်းသားတို့၏
ကောင်းမွန်မှန်ကန်သည့်စိတ်ထားဖြစ်သည်၊နိုင်ငံကြီးသား
တိုင်းသည်မိမိအပါအဝင်လူသားတို့၏အသက် နှင့်ဘဝကို
တန်ဘိုးထားလေးစားရကောင်းမှန်းသိသူများဖြစ်သည်။
ဤသို့ဆိုလျှင်ဆန့်ကျင်ဘက်အတွေးအခေါ်နှင့်
စိတ်ဓာတ်ရှိသူတို့၏ခံယူချက်အလွှဲများကြောင့်၎င်းတို့အသုံး
ပြုနေသောလမ်းသည်မည်မျှအန္တရာယ်ကြီးမားကြောင်းမှန်းစနိုင်ကြမည်ဖြစ်ပါသည်။
မော်တော်ဆိုင်ကယ်စီးသူအားလုံးမတော်တဆမှုကင်းဝေးကြ
ပါစေကြောင်းဆုမွန်တောင်းရင်းဖြင့်

( Road Safety Myanmar )

{မော်တော်ဆိုင်ကယ်ဝါသနာကြီးသူများအကြိုက်မင်းသား
ကြီး Peter Fonda ပါဝင်သောနာမည်ကျော်ရုပ်ရှင်Easy
Rider ရုပ်ရှင်ဇတ်ကားပိုစတာပုံအားအမှတ်တရအဖြစ်ဖော်
ပြပေးလိုက်ပါသည်}

{ မော်တော်ဆိုက်ကယ်စီးသူများလိုက်နာရန်~~~~~~~~~~~~~~~~~~~~~~စည်းကမ်းများ} [အပိုင်း (၂) ]~~~~~~~~အပိုင်း (၁) မှမော်တော်ဆို...
16/09/2020

{ မော်တော်ဆိုက်ကယ်စီးသူများလိုက်နာရန်
~~~~~~~~~~~~~~~~~~~~~~
စည်းကမ်းများ} [အပိုင်း (၂) ]
~~~~~~~~

အပိုင်း (၁) မှမော်တော်ဆိုက်ကယ်စီးသူများအတွက်ထုတ်ပြန်ထားသည့်စည်းကမ်းများကိုဆက်လက်ရေးသားရလျှင် >>

5/ ပြိုင်မစီးရ၊ အခြားယာဉ်များအနှောင့်အယှက်
ဖြစ်လောက်အောင်မစီးရ။

မော်တော်ဆိုက်ကယ်မတော်တဆမှုများအား သုံး
သပ်လျှင်အမြန်နှုန်းကြောင့်ဖြစ်ပွားရသည်ကိုအများဆုံးတွေ့ရှိရခြင်း၊ထိခိုက်ဒဏ်ရာရမှုနှင့်အသက်ဆုံးရှုံးမှု
အနဲအများသည်လည်းအမြန်နှုန်းနှင့်တိုက်ရိုက်အချိုးကျနေခြင်းကိုကြည့်ခြင်းအားဖြင့်မော်တော်ဆိုက်ကယ်အားအမြန်မောင်းနှင်ခြင်းသည်မည်မျှအန္တရာယ်ကြီးမားကြောင်းသိနိုင်ပေသည်၊အားကစားတစ်ရပ်အနေ
ဖြင့်မဟုတ်ဘဲတစ်စီးနှင့်တစ်စီးပြိုင်ဆိုင်မောင်းနှင်ကြ
ခြင်းသည်မတော်တဆမှုဖြစ်နိုင်ချေများသည့်အတွက်
ပြိုင်ဆိုင်မောင်းနှင်ခြင်းကိုတားမြစ်ခြင်းဖြစ်သည်။
လမ်းဆိုသည်မှာအသုံးပြုသူအမျိုးမျိုးမှယာဉ်/လမ်းစည်းကမ်းများကိုလိုက်နာလုပ်
ဆောင်ကာ မျှဝေအသုံးပြုကြခြင်းဖြင့်လူဘောင်အဖွဲ့
အစည်း၏ပေါင်းစည်းညီညွှတ်ခြင်းကိုပြသကြသည့်
နေရာဖြစ်ပါသည်။
အခြားလမ်းအသုံးပြုသူများကိုအနှောက်အ
ယှက်ဖြစ်စေသည့်ဗရမ်းဗတာမောင်းခြင်း၊ခရီးတိုလေးအတွင်း၌ပင်လျှင်မြန်နှုန်းမြင့်၍အများသူငါကြောက်ရွံ
အောင်မောင်းနှင်ခြင်း၊ဆိုင်ကယ်အခြင်းခြင်းရင်ဘောင်တန်း၍အပြိုင်စီးနှင်းခြင်းစသည့်အပြုအမူများကိုမပြုလုပ်သင့်ပါ၊ဤအခြေအနေမျိုးမဖြစ်ပွားရအောင်ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာလမ်းအသုံးပြုသူအားလုံး၏
တာဝန်ဖြစ်ပါသည်၊ှသက်ဆိုင်သူမှအစပြုကာအများ
စုအားနှင့်ပညာပေးပြုပြင်မှသာနောင်တစ်ချိန်တွင်
စည်းကမ်းရှိသည့်လူမျိုးဘဝကိုရောက်ရှိနိုင်မည်ဖြစ်ပါသည်။

6/ မော်တော်ဆိုက်ကယ်စီးဦးထုပ်ကိုမေးသိုင်းကြိုး
သေချာစွာတပ်၍စီးရမည်။

ယာဉ်/လမ်းစည်းကမ်းများကိုနားလည်၊လက်
ခံ၊လိုက်နာ၊လုပ်ဆောင်သည့်ဆိုက်ကယ်စီးသူတစ်ဦး
သည်အတန်အသင့်အားဖြင့်တာဝန်ကြေသူဟုပြောနိုင်
သော်ငြားလည်းထို့အတွက်အန္တရာယ်ကင်းပြီဟုတပ်
အပ်ပြော၍မရသေးပါ၊မတော်တဆမှုအန္တရာယ်များမှကင်းဝေးရန်အတွက်မူအန္တရာယ်ကိုကာကွယ်မောင်းနှင်
တတ်ရန်လိုအပ်ပါသည်၊အန္တရာယ်ကာကွယ်မောင်းနှင်
ခြင်းဆိုသည်မှာမတော်တဆမှုဖြစ်ပွားနိုင်သည့်အ
ကြောင်းအရာအားလုံးကိုဦးစွာသိရှိနားလည်ပြီးထိုအ
ကြောင်းအရာအားလုံးမှရှောင်ရှားမောင်းနှင်တတ်ခြင်းကိုဆိုလိုပါသည်။
ဤသို့စည်းကမ်းလိုက်နာ၊ကာကွယ်
မောင်းနှင်ကြသည့်တိုင်အခြားအခြေအနေများကြောင့်မတော်တဆမှုဖြစ်နိုင်ပါသေးသည်၊ဥပမာ လမ်းပေါ်ရှိမမြင်ရသည့်(ဝါ)မြင်သာထင်သာမရှိသောအရာများ
ဖြစ်သည့် >>
(ကျောက်စလစ်ခဲ၊စက်ဆီချောဆီ၊ဖရဲသီးခွံများနှင့်အ အလားတူအသီးသို့မဟုတ်အခွံများစသည်တို့နှင့်လျှင်
မြန်စွာပြေးလွှားနိုင်သည့်တိရိစ္ဆာန်များ)ကြောင့်လည်းမတော်တဆမှုဖြစ်နိုင်ပါသေးသည်၊ထိုအခြေအနေမျိုးတွင်မိမိကိုယ်ကိုထိခိုက်မှုလျှော့နဲအောင်အရေးတယူ
ပြုလုပ်ရန်မှာ မော်တော်ဆိုက်ကယ်စီးသူများအတွက်သီးခြားထုတ်လုပ်ထားသာ PPE ခေါ်တကိုယ်ရည်သုံးကာကွယ်ရေးပစ္စည်းများ(Parsonal Protective Equitments)ဝတ်ဆင်ကာကွယ်ထားခြင်းမှတစ်ပါးအခြားမရှိပါ။ {ပုံတွင်ရှု (အပိုင်း(၁)ဗီဒီယိုတွင်လည်းရှု)}
အန္တရာယ်ကာကွယ်မောင်းနှင်ခြင်းတွင်အမြန်နှုံး
(Speed)သည်အဓိကအကြောင်းတရားတစ်ခုဖြစ်ပါသည်၊ ဥပမာအားဖြင့်မော်တော်ဆိုင်ကယ်တစ်စီးသည်တစ်နာရီလျှင်၅၀ကီလိုမီတာ(50kg/h)ဖြင့်မောင်းနှင်
နေသည်ဆိုပါစို့၊တစ်စုံတစ်ခုသောအကြောင်းကြောင့်
မော်တော်ဆိုက်ကယ်ရုတ်တရက်ရပ်တန့်လိုက်သည့်အခြေအနေတွင်အင်္ဂလိပ်သိပ္ပံပညာရှင်ကြီးဆာအိုင်
ဆက်နျှူတန်ရှာဖွေတွေ့ရှိခဲ့သည့်အင်နာရှာ(ခေါ် )အ
ရှိန်၏သဘောတရားအရမောင်းသူနှင့်ယာဉ်ပေါ်ပါသူ
နှစ်ဦးစလုံးပင်မည်သည့်အတားအဆီးမျှမရှိလျှင် ၅၀ ကီလိုမီတာအရှိန်အတိုင်းဆက်လက်ရွေ့လျှားသွား
မည်ဖြစ်သည်၊လူ၏ခန္ဓာကိုယ်တွင်အလေးဆုံးနှင့်အ
ရေးအကြီးဆုံးဖြစ်သည့်ဦးခေါင်းပိုင်းမှဦးစွာရွေ့လျှားမည်ဖြစ်သောကြောင့်တစ်စုံတစ်ရာနှင့်ထိခိုက်မှုမှသက်သာအောင်မော်တော်ဆိုက်ကယ်စီးဦးထုပ်ဆောင်းခြင်း
ဖြင့်ကာကွယ်ရမည်ဖြစ်ပါသည်၊မတော်တဆမှုဖြစ်ချိန်တွင်ဦးထုပ်မေးသိုင်းကြိုးလျော့ရဲစွာ(သို့) လုံးဝတပ်ထားခြင်းမရှိသူများသည်အမှန်တကယ်မတော်တဆမှု
ဖြစ်ပွားချိန်တွင်ဦးထုပ်ကျွတ်ထွက်၍ဒဏ်ရာအနာတရဖြစ်ကြရသည့်အတွက်ဦးထုပ်ကျွတ်ထွက်မသွားစေရန်မေးသိုင်ကြိုးကိုသေချာစွာတပ်ဆင်ထားရန်စည်းကမ်းသတ်မှတ်ရခြင်းဖြစ်ပါသည်။

7/အန္တရာယ်ဖြစ်နိုင်လောက်အောင်လွှင့်ပျံ့နေသောအဝတ်အစားဖြင့်မစီးရ။

မော်တော်ဆိုင်ကယ်၏အောက်ပါဖွဲ့စည်းပုံများအရလွင့်ပျံ့သောပစ္စည်းများဖြင့်မတော်တဆမှုများဖြစ်
ပေါ်နိုင်ပါသည်။
(က)မောင်းသူ၏ရှေ့နောက်ဘေးဘယ်ညာတွင်အကာအကွယ်မရှိခြင်း။
(ခ) မော်တော်ဆိုင်ကယ်များသည်အများသောအား
ဖြင့်ချိန်းကိုအသုံးပြုကြခြင်း။
(ဂ)ဘီးများသည်စပုတ်တံသို့မဟုတ်ဒလက်များဖြင့်လည်ပတ်နေခြင်း။
စသည်တို့ကြောင့်ယာဉ်ပေါ်ပါမောင်းသူနှင့်အဖော်
ပါသူတို့သည်၎င်းတို့နှင့်ညှိနိုင်ရစ်ပတ်နိုင်သည့်မည်သို့
သောလွင့်ပျှံ့သည့်အရာမှန်သမျှအားဝတ်ဆင်ခြင်းယူ
ဆောင်ခြင်းများမပြုလုပ်ရပါ။
ထိုအရာများအားဥပမာပေးရလျှင် >>
(1)ထမိန် ၊ လုံချည် ၊ စကတ်ရှည် ၊ ပုဆိုး ၊ စောင် ၊ ပုဝါ နှင့်ယာဉ်ပေါ်ပါသူ၏ဆံပင်ရှည် စသည်များ
(2) အဝတ်ဖြင့်ပြုလုပ်ထားသည့် အလံ ၊ လေတံခွန် စသည်များ။
(3)ကြိုးအမျိုးမျိုး
(4) ထီး ၊ တုပ်ကောက် လွယ်အိပ်ကဲ့သို့သောပစ္စည်းများတို့ဖြစ်သည်။

အပိုင်း(3)အားဆက်လက်ရေးသားပါမည်
( Road Safety Myanmar )

မော်တော်ဆိုက်ကယ်စီးသူများအတွက် PPE ခေါ်တကိုယ်ရည်သုံးကာကွယ်ရေးပစ္စည်းများနှင့်ပါတ်သက်
၍ "များများသိလေအကျိုးရှိလေ" ဆောင်ပုဒ်နှင့်ညီ
စေရန်အောက်ပါပုံအားဗဟုသုတရရန်အလို့ငှာဖော်ပြပါသည်။

31/07/2020

{ မော်တော်ဆိုက်ကယ်စီးသူများလိုက်နာရန်
~~~~~~~~~~~~~~~~~~~~~~
စည်းကမ်းများ} [အပိုင်း (၁) ]
~~~~~~~~

1/ မော်တော်ဆိုင်ကယ်၏လက်ကိုင်နှစ်ဖက်ကို
လွှတ်၍မစီးရ ၊ လက်ဖြင်အချက်ပြသည့်အခါကျန်
လက်တစ်ဖက်ဖြင့်စီးနိုင်သည်။

မော်တော်ဆိုင်ကယ်ဆိုသည်မှာဘီးနှစ်
လုံးနှင့်အင်ဂျင်စက်တပ်ယာဉ်တစ်စီးဖြစ်သည်၊မောင်းသူမှယာဉ်ကိုခွ၍မိမိခန္ဓာကိုယ်ကိုယာဉ်နှင့်ဟန်ချက်ညီ
အောင်( ထောင်မတ်အောင် )လက်ကိုင်နှစ်ဖက်ကိုထိန်း
သိမ်းမောင်းနှင်ရသည့်အတွက်သာမန်အားဖြင့်လက်ကိုင်နှစ်ဖက်လုံးအားအမြဲတစေကိုင်ဆောင်ထားရန်လိုအပ်သည်၊ဘီးနှစ်လုံးထဲနှင့်ပေါ့ပါးလျှင်မြန်စွာသွားလာနိုင်ခြင်းကြောင့်မတော်တဆမှုဖြစ်နိုင်ခြေ ရာခိုင်နူံးများ
သောယာဉ်မျိုးဖြစ်သည်၊အကွယ်အကာအဟန့်အတား
မရှိသည့်ဖွဲစည်းပုံမျိုးဖြစ်သည့်အတွက်လည်းမတော်တဆမှုဖြစ်ပွားလျှင်ဆုံးရှုံးနစ်နာမှုကြီးမားနိုင်သေး
သောကြောင့်သတိဖြင့်စည်းကမ်းတကျလိုက်နာမောင်းနှင်သွားလာသင့်လှပေသည်။
မော်တော်ဆိုင်ကယ်တွင်အချက်ပြမီးစနစ်များစုံလင်စွာပါဝင်သော်လည်းလက်ဖြင့်ပါအချက်ပြ
ရန်လိုအပ်သောအခိုက်အတန့်မျိုးနှင့်ကြုံဆုံရလေ့ရှိပါ
သည်၊ဤအခြေအနေအချိန်အခါမျိုးတွင်လက်တစ်
ဖက်ဖြင့်အချက်ပြခြင်းကိုပြုလုပ်နိုင်ခြင်းမှအပအခြား
သောအချိန်တိုင်းတွင်မော်တော်ဆိုင်ကယ်၏လက်ကိုင်နှစ်ဖက်လုံးအားမဖြစ်မနေကိုင်တွယ်မောင်းနှင်ရ
မည်ဖြစ်ပါသည်။

>

* လက်တစ်ဖက်ဖြင့်ခလေးချီခြင်း၊ထီးဆောင်းခြင်း၊
ပစ္စည်းတစ်ခုခုသယ်ဆောင်ခြင်း၊နောက်ကြည့်မှန်ကို
ချိန်ညှိခြင်းများပြုလုပ်၍ဆိုင်ကယ်မောင်းနှင်ခြင်းမပြု
လုပ်ရပါ။
* ယာဉ်မထွက်ခွာမှီနောက်ကြည့်မှန်ချိန်ညှိခြင်း၊အ
ချက်ပြမီးအပါအဝင်အခြားမီးများအားလုံးအား ပုံမှန်အလုပ် လုပ်ခြင်းရှိ မရှိစစ်ဆေးပါ။
*လက်ဖြင့်အချက်ပြခြင်းနည်းစနစ်အမှန်များကိုလေ့လာ၊လိုက်နာ၊လုပ်ဆောင်ပါ။

2/နောက်ထိုင်ခုံတွင်တစ်ဦးထက်ပို၍မတင်ရ ၊ ရှေ့
တွင်မည်သူမျှမတင်စီးရ။
မော်တော်ဆိုင်ကယ်၏နောက်ထိုင်ခုံသည်ခရီးသည်တစ်ဦးသာလိုက်ပါစီးနှင်းရန်နှင့်သင့်တင့်
လျှောက်ပတ်သည့်ပစ္စည်းအနည်းငယ်တင်ဆောင်နိုင်
ရန်အတွက်ရည်ရွယ်၍ခိုင်ခန့်မှု၊အကျယ်အဝန်းနှင့်ခရီးသည်အတွက်ချေနှင်းတန်းစသည်တို့ကိုတွက်ချက်ခါ
ပုံစံဒီဆိုင်းရေးဆွဲထားခြင်းဖြစ်သည်။
ဟန်ချက်ထိန်းညှိခြင်းသည်ယာဉ်၏အလေးချိန်
အနဲအများနှင့်ပါတ်သက်မှုရှိသောကြောင့်နောက်ထိုင်ခုံတွင်တစ်ဦးထက်ပို၍စီးနှင်းခြင်းအားစည်းကမ်းသပ်
မှတ်တားမြစ်ထားခြင်းဖြစ်သည်။
ဆိုင်ကယ်မောင်းသူရှေ့တွင်ခရီးသည်တင်
ဆောင်ခြင်းကိုတားမြစ်ခြင်းမှာခရီးသည်အတွက်နေရာပေးထားရသောကြောင့်မောင်းနှင်ရာတွင်အနှောက်
အယှက်ဖြစ်နိုင်သည့်အတွက်ဆိုင်ကယ်မောင်းသူရှေ့
တွင်ခရီးသည်တင်ဆောင်ခြင်းကိုတားမြစ်ရခြင်းဖြစ်
သည်၊အထူးသဖြင့်ခလေးငယ်များကိုရှေ့တွင်တင်
ဆောင်မောင်းနှင်ခြင်းလုံးဝမပြုလုပ်ရပါ။
မတော်တဆမှုဖြစ်ပွားလျှင်ရှေ့ပိုင်းမှအဦးဆုံး
ဖြစ်ပွားခြင်း၊ရှေ့ပိုင်းသည်လေဒဏ်အခံရဆုံးဖြစ်သည့်အတွက်အဆုပ်နာရောဂါ(အအေးမိရောဂါ)ဖြစ်စေနိုင်
ခြင်းတို့ကြောင့်ခလေးများအားရှေ့တွင်တင်ဆောင်
စီးနှင်းခြင်းကိုတားမြစ်ရခြင်းဖြစ်ပါသည်။

>

*ဆိုင်ကယ်မောင်းနှင်စဉ်တွင်မိမိကိုယ်တိုင်နှင့်နောက်တွင်စီးနှင်းသူနှစ်ဦးစလုံးသည်တကိုယ်ရေသုံးကာ
ကွယ်ရေးပစ္စည်း PPE (personal protective equitment)များဝတ်ဆင်ရမည်၊(ဆိုင်ကယ်စီးသူများအသုံးပြုသည့် >>> ဦးထုပ်၊အင်္ကျီ၊ဘောင်းဘီ၊ဖိနပ်၊
လက်အိပ်စသည်)

3/ပစ္စည်းတင်ပါကနောက်ခုံ၏ဘေးတစ်ဖက်တစ်ချက် ၁၅ စင်တီမီတာ(15 cm) ၆ လက်မ(6 inch)နှင့်
နောက်ဘီးတာယာအစွန်းမှ ၃၁စင်တီမီတာ (31 cm)
၁၂လက်မ(12 inch) ထက်မပိုစေရ ၊ အမြင့်သည်
ယာဉ်စီးသူ၏ပခုံးထက် မမြင့်စေရ။
နောက်ခုံတွင်ပစ္စည်းအနည်းငယ်တင်ဆောင်နိုင်
သော်လည်းသင့်တင့်သည့်ထုထည်နှင့်အလေးချိန်ရှိ
ပစ္စည်းများ၊မောင်းနှင်ခြင်းကိုအနောက်အယှက်မဖြစ်
စေနိုင်သည့်ပစ္စည်းများကိုသာတင်ဆောင်ပါ။
သတ်မှတ်ထားသည်ထက်ဘေးအစွန်းထွက်လျှင်
မောင်းနှင်ထိန်းသိမ်းရာတွင်မနိုင်မနင်းဖြစ်ပြီးတိမ်း
မှောက်နိုင်ခြင်း၊အခြားယာဉ်များ၊လမ်းအသုံးပြုသူများ၊လမ်းပေါ်ရှိအရာများနှင့်ထိခိုက်မိနိုင်ခြင်းများဖြစ်ပွားနိုင်သည်၊နောက်တွင်တင်ဆောင်သောပစ္စည်း၏အ
မြင့်အားစီးသူ၏ပခုံးထက်မမြင့်ရဟုသတ်မှတ်ထား
ခြင်းမှာနောက်ပိုင်းကိုမမြင်နိုင်သည့်အတွကာမျက်ကွယ်ရာ(Blind spot)များဖြစ်ပေါ်လာပြီးအန္တရာယ်ဖြစ်နိုင်သောကြောင့်ဖြစ်သည်ပုံမှန်အားဖြင့်မော်တော်ဆိုက်ကယ်တွင်ယာဉ်၏မျက်ကွယ်ရာ( vehicle blind spot ) မရှိပါ။

4/ အန္တရာယ်ဖြစ်နိုင်သည့်ပစ္စည်းနှင့်မထိန်းသိမ်း
နိုင်လောက်အောင်လေးသည့်ပစ္စည်းများမတင်ရ။
အန္တရာယ်ဖြစ်နိုင်သည့်ပစ္စည်းဆိုသည်မှာလောင်စာဆီအမျိုးမျိုး၊ဓာတုပစ္စည်းများ(အက်စစ်ကဲသို့)၊
ပေါက်ကွဲစေနိုင်သောပစ္စည်းများ၊ချွှန်ထက်သော၊ပြတ်ရှနိုင်သောပစ္စည်းများစသည်တို့ဖြစ်ပြီးလေးပင်သောပစ္စည်းများသည်ဟန်ချက်ပျက်၍တိမ်းမှေက်နိုင်ခြင်း
ကြောင့်၎င်းတို့အားတင်ဆောင်ခြင်းမပြုရခြင်းဖြစ်ပါသည်။
အပိုင်း(၂)အားဆက်လက်ရေးသားပါမည်။

(Road Safety Myanmar)

(မော်တော်ဆိုင်ကယ်အတွက်တကိုယ်ရေသုံးကာကွယ်
ရေးပစ္စည်းများနှင့်အန္တရာယ်ကာကွယ်မောင်းနှင်နည်းအချို့အားဗဟုသုတဖြစ်စေရန်အောက်ပါဗီဒီယိုအားတင်ဆက်ပေးလိုက်ပါသည်။)

{ လမ်းအမှတ်အသားတစ်ခုအဖြစ်အသုံးပြုသည့်~~~~~~~~~~~~~~~~~~~~~~~~~ကြောင်မျက်လုံး(Cat's eye)ခေါ်ရောင်ပြန်မီး~~~~~~~~~~~~~~~~~~...
28/06/2020

{ လမ်းအမှတ်အသားတစ်ခုအဖြစ်အသုံးပြုသည့်
~~~~~~~~~~~~~~~~~~~~~~~~~
ကြောင်မျက်လုံး(Cat's eye)ခေါ်ရောင်ပြန်မီး
~~~~~~~~~~~~~~~~~~~~~~~~~
ကျောက်တုံးလေးများအကြောင်းသိကောင်းစရာ }
~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း ( 1 )
ရောင်ပြန်မီးကျောက်တုံး ( Cat's eye )
ဆိုသည်မှာမော်တော်ကားလမ်းများပေါ်တွင်မြှုပ်ထား
သောရောင်ပြန်မီးကျောက်တုံးလေးများအားခေါ်ဆို
ခြင်းဖြစ်ပြီးထိုအရာလေးများအားလမ်းအမှတ်အသား
(Road stud)တစ်ခုအဖြစ်အသုံးပြုကြသည်။
လမ်းအသုံးပြုသူ၊အထူးသဖြင့်ယာဉ်မောင်း
နှင်သူများ၊လမ်းအားထင်ရှားစွာမြင်နိုင်စေရန်အလင်း
ပြန်နိုင်သည့်ပစ္စည်းများဖြင့်ရောင်ပြန်မီးကျေက်တုံများ
ကိုတီထွင်အသုံးပြုခဲ့ကြခြင်းဖြစ်သည်။
အများအားဖြင့်အလင်းရောင်မရှိသော(သို့)
အလင်းအားနည်းသောလမ်းများနှင့်အဝေးပြေးလမ်းမကြီးများပေါ်တွင်အသုံးပြုလေ့ရှိပြီးမောင်းနှင်လာ
သည့်ယာဉ်၏ရှေ့မီးကြီးအလင်းရောင်ဖြင့်လမ်းသားအတွင်းမြှုပ်ထားသောမီးကျောက်တို့အားအလင်းပြန်
စေကာထိုအလင်းတန်းများဖြင့်လမ်းကိုထင်ရှားစွာမြင်
နိုင်ရန်စီမံပြုလုပ်ထားခြင်းဖြစ်သည်။
ရည်ရွယ်ချက်မှာလမ်း၏ဦးတည်ရာ၊အကွေ့
အကောက်၊ဂျောက်ကမ်းပါးစသည်တို့၏အန္တရာယ်ကိုသတိဖြင့်ရှောင်ရှားမောင်းနှင်နိုင်စေရန်ဖြစ်ပါသည်။
( Cat's eyes )ခေါ်ရောင်ပြန်မီးကျောက်တုံး
လေးများကိုတီထွင်ခဲ့သူမှာ ပါစီရှော( Percy Shaw ) ခေါ်လူလတ်ပိုင်းအရွယ် အင်္ဂလိပ် လူမျိုး လမ်းပြုပြင် ဆရာတစ်ဦးဖြစ်သည်။
များစွာအကျိုးကျေးဇူးကြီးမားသည့်တီထွင်ကြံဆမှု၏ပြယုဂ်ဖြစ်သောထိုကရိယာလေးတွင်စိတ်ဝင်စားဘွယ်နောက်ခံသမိုင်းကြောင်းလေးတစ်ခုကလည်း
ပုံပြင်တစ်ပုဒ်နှယ်ရှိလို့နေပြန်ပါသေးသည်။
အများအတွက်အကျိုးရှိစေသောတီထွင်ကြံ
ဆမှုကြီးပေါ်ပေါက်လာစေခဲ့သည့်စိတ်ကူးတစ်ခုအား
ရုတ်ခြည်း ဖြစ်ပေါ်စေခဲ့သည့် ထိုအဖြစ်အပျက် လေးမှာအောက်ပါအတိုင်းဖြစ်ပါသည်။
ခရစ်သက္ကရာဇ်၁၉၃၃ခု အင်္ဂလန်နိုင်ငံ၏တောင်
ပေါ်မြို့လေးတစ်ခုတွင်ဖြစ်သည် ၊ အလုပ်ပြီး၍အိမ်သို့
အပြန် မောင်းလာသောကားပေါ်တွင်ပါစီတစ်ယောက်
အခက်အခဲများနှင့်ကြုံဆုံနေရပါပြီ ၊ အကြောင်းမှာညအချိန်ဖြစ်နေသည်ကတစ်ကြောင်း၊စတင်ထွက်ခွာချိန်က ဆီးနှင်းများ ပုံမှန်ကျဆင်းနေသော်လည်း အကွ့အ
ကောက်အတက်အဆင်းများသော ဤတောင်ပေါ်ပိုင်း
ကြမှပင် ပို၍် ကျဆင်း လာသည့် ဆီးနှင်းများ ကြောင့်
တစ်ကြောင်းပင်ဖြစ်ပါသည်။
မိမိကား၏ရှေ့မီးကြီးအလင်းရောင်သည်ပင် လမ်း၏
ဦးတည်ရာကိုကောင်းစွာမြင်နိုင်စွမ်းမရှိသဖြင့်ရှေ့သို့
သတိဖြင့်ဖြေး၂မှန်၂သွားရန်မှတစ်ပါးအခြားနည်းမရှိ
တော့ပါ၊ဤအခြေအနေမျိုးတွင်လမ်းအားကောင်းစွာမမြင် ရ သည့် အ တွက် တောင် ပေါ်မှ နက် ရှိုင်း သော
ဂျောက်တွင်းသို့ပြုတ်ကျမသွားဘို့ရန်ဆုတောင်းနေရုံမှလွဲ၍ မည်သို့မျှ မတတ်နိုင်ပြီမို့ အထူးစိုးရိမ်ကြောင့်ကြ
နေရချိန်လည်းဖြစ်ပါသည်။
စမ်းတဝါး၂ဖြင့်သတိထားမောင်းနှင်ရင်းပင်တစ်ခု
သောအကွေ့နေရာသို့အရောက်အတည့်လမ်းအထင်
နှင့်ရှေ့သို့ဆက်၍မောင်းနှင်မည့်ပါစီသည်စူးရှတောက်ပသောအလင်း၂ခုအားရုတ်တရက်တွေ့မြင်လိုက်ရ
သည်နှင့်ကားကိုလျှင်မြန်စွာကွေ့ချပြီးရပ်တန့်၍ကြည့်ရှု့ရာထို အလင်းရောင် နှစ်ခုသည် ညဦးပိုင်း အစာရှာထွက်လာသည့်တောကြောင်ကြီးတစ်ကောင်၏မျက်လုံးနှစ်လုံးမှအလင်းပြန်လာခြင်းဖြစ်ကြောင်း၊ကြောင်
ကြီးရှိသောနေရာ၏နောက်တွင်လမ်းမရှိဘဲဂျောက်ကမ်းပါးကြီးသာရှိကြောင်းကိုလည်းထိတ်လန့်ဘွယ်တွေ့
မြင်လိုက်ရပါသည်။
ဂျောက်တွင်းသို့အတည့်မောင်းနှင်တော့မည့်ပါစီ၏အသက်အားထိုကြောင်ကြီးကကယ်တင်လိုက်
ခြင်းဖြစ်သည်ကိုတွေးတောမိသည့်တခဏ၌ပင်နောင်အနာဂတ်အတွက်ကမ္ဘာပေါ်ရှိလူသားတို့၏အသက်
ပေါင်းများစွာကိုအလားတူအဖြစ်မျိုး၌ထိရောက်စွာကယ်တင်နိုင်မည့်စိတ်ကူးသစ်ကြီးတစ်ခုလက်ခနဲပေါ်
ပေါက်လာခြင်းပင်ဖြစ်ပါသည်။
နောင်တွင်ပါစီရှောသည်လည်း လမ်းအမှတ်
အသားတစ်ခုအဖြစ်အသုံးပြုမည့်(Cat's eyes)ခေါ်
ရောင်ပြန်မီးကျောက်များကိုကနဦး တီထွင်ကြံဆသူ ၊
အောင်မြင်သောလုပ်ငန်းရှင်တစ်ဦးအဖြစ်သမိုင်းတွင်ကဗျည်းထိုးနိုင်ခဲ့ပါသည်။
{ ဤစာအားရောင်ပြန်မီးကျောက်အ
ကြောင်းမေးမြန်းသူညီငယ်အတွက်ရေးသားခြင်းဖြစ်
ပြီးအပိုင်း(2)အားဆက်လက်ရေးသားပါအုံးမည် }
( Road Safety Myanmar )

[ (Cat's eye)ခေါ်ရောင်ပြန်မီးကျောက်တုံးပုံ ]

Defensive driving  trainning course ကို Myint & Association ၏ vantage.တွင် sharing လုပ်ပေးခြင်း 💪
08/11/2019

Defensive driving trainning course ကို Myint & Association ၏ vantage.တွင် sharing လုပ်ပေးခြင်း 💪

ဘေးကင်းသော လုပ်ငန်းခွင်များ ဆီသို့ ဦးတည်လျှက်MOGE, MSP & WIN OSHE Safety Academy
08/11/2019

ဘေးကင်းသော လုပ်ငန်းခွင်များ ဆီသို့ ဦးတည်လျှက်

MOGE, MSP & WIN OSHE Safety Academy

ဘေးကင်းသော လုပ်ငန်းခွင်များ ဆီသို့ ဦးတည်လျှက်MOGE, MSP & WIN OSHE Safety Academy
08/11/2019

ဘေးကင်းသော လုပ်ငန်းခွင်များ ဆီသို့ ဦးတည်လျှက်

MOGE, MSP & WIN OSHE Safety Academy

10/09/2018

《ဘေးရန်ကင်းရှင်းနောက်ဆုတ်ခြင်း》
■သင့်ကားကိုအန္တရာယ်ကင်းအောင်ဘယ်လိုနောက်
ဆုတ်မှာလဲ ?
အထက်ကမေးခွန်းကိုမဖြေခင်ဦးစွာသိထားရမယ့်
အချက်ကတော့ယာဉ်မောင်းနှင်ခြင်းဆိုင်ရာမှာယာဉ်ကိုနောက်ဆုတ်ခြင်းဟာရှေ့ကိုမောင်းနှင်ခြင်းထက်အန္တရာယ်ပိုများတဲ့အတွက်အမှန်တကယ်လိုအပ်မှ
သာနောက်ဆုတ်မောင်းနှင်ခြင်းပြုလုပ်သင့်တယ်ဆိုတာပါဘဲ မိမိယာဉ်ကိုနောက်မဆုတ်ခင်မှာ
နောက်ဆုတ်ဘို့တကယ်လိုအပ်သလား ? နောက်မဆုတ်ဘဲအခြားနည်းလမ်းရောရှိသေးလား ?
ဆိုတာ အရင်သုံးသပ်ရပါမယ် မလိုအပ်ရင်တော့
နောက်မဆုတ်တာကပိုပြီးအန္တရာယ်ကင်းပါတယ်
နောက်ဆုတ်မောင်းနှင်ရမယ်လို့ကြိုသိထားရင်
တော့နောက်ဆုတ်ဘို့မလိုအောင်အားထုတ်ကြည့်
နိုင်ပေမဲ့အလျင်းသင့်သလိုမောင်းနှင်ရင်းနဲ့နောက်
ဆုတ်ဖို့အကြောင်းဖန်လာပြီဆိုရင်တော့
အောက်ပါအချက်လေးတွေကိုလိုက်နာလုပ်ဆောင်
ရတော့မှာဖြစ်ပါတယ် ---

၁/အနဲဆုံးယာဉ်မောင်းရဲ့ဘေးတံခါးမှန်ကိုချပါ
~~~~~~~~~~~~~~~~~~~~~~~~~
(ပြင်ပမှတုံ့ပြန်သံတွေကိုကြားနိုင်အောင်ရည်ရွယ်တာဖြစ်လို့တံခါးမှန်တွေနဲ့ယာဉ်တွင်းကဆူညံသံတွေကို
လျော့ချထားရမှာဖြစ်ပါတယ်တံခါးမှန်အားလုံးမ
ဟုတ်ရင်တောင်အနဲဆုံးယာဉ်မောင်းဘေးကတံခါးကိုတော့ဖွင့်ထားရမှာပါအပြင်ကအသံကိုသေ၂ချာ
ကြားနိုင်ဘို့အတွက်ဆိုရင်လည်းအတွင်းမှာအသံတွေဆူညံမနေဖို့အရေးကြီးပါ သေးတယ်
(ဥပမာ-ကက်ဆက်၊ရေဒီယိုနဲ့စကားသံတွေကိုခဏ
လေးအနားပေးထားရမှာပါ)
ပြင်ပကတုံ့ပြန်သံဆိုတာကတော့မိမိယာဉ်ကတစ်
စုံတစ်ခုခု(သက်ရှိလူ၊ခွေး၊ကြောင်တွေအပါအဝင်)ကိုထိမိ၊ကြိတ်မိ၊နင်းမိလို့ထွက်ပေါ်လာတဲ့အသံတွေနဲ့
အန္တရာယ်ရှိလို့ပတ်ဝန်းကျင်ကတစ်စုံတစ်ယောက်ရဲ့အော်ဟစ်သတိပေးတဲ့အသံမျိုးတွေကိုဆိုလိုတာပါ။

၂/ Back gear (Reverse gear) ထိုးပါ
~~~~~~~~~~~~~~~~~~~~~~
Back ဂီယာထိုးလိုက်တာနဲ့ယာဉ်ရဲ့အနောက်
ဖက်မှာသက်ဆိုင်ရာမီကြီးလင်းလာပါတယ် ဒီမီးရဲ့လုပ်ဆောင်ချက်ကတော့ပတ်ဝန်းကျင်ကမြင်တဲ့လူတွေ့အားလုံးကိုဒီယာဉ်နောက်ဆုတ်လိမ့်မယ်လို့အသိပေးဆက်သွယ်တာရယ် ပြီးတော့ အလင်းရောင်အားနည်းတဲ့အချိန်တွေမှာမိမိယာဉ်
နောက်ကအရာတွေကိုမြင်နိုင်အောင်ရယ်၊[အတော်အတန်မော်ဒယ်မြင့်တဲ့ယာဉ်တွေအတွက်တော့နောက်
ကြည့်ကင်မရာ(BackCamara)ရဲ့မြင်ကွင်းထင်ရှားစေဖို့] ရည်ရွယ်တာဖြစ်ပါတယ် ။

၃/ အချက်ပြမီးဖြင့်ဆက်သွယ်အချက်ပြပါ
~~~~~~~~~~~~~~~~~~~~~~~
နောက်ဆုတ်တိုင်းအတည့်ဆုတ်တာမဟုတ်ပါ
နောက်ညာဒါမှမဟုတ်နောက်ဘယ်စသည်ဖြင့်လိုအပ်သလိုမောင်းနှင်ရတဲ့အခိုက်အတန့်အတွက်ပတ်ဝန်းကျင်ကလူတွေသိနိုင်အောင်အချက်ပြဆက်သွယ်ရ
မှာပါဥပမာ-နောက်ညာဘက်ကိုပါကင်ထိုးမယ်ဆိုပါစို့ Back gear မထိုးခင်ညာအချက်ပြမီးမဖြစ်မနေပြပါ ဒါမှမိမိနောက်ကစောင့်နေတဲ့ယာဉ်က Back gear
မီးနဲ့ညာအချက်ပြမီး၂ခုကိုကြည့်ပြီးရှေ့ယာဉ်ဟာ
ညာဘက်ပါကင်ကိုနောက်ဆုတ်ဝင်လိမ့်မယ်လို့တ
ထစ်ချနားလည်ပြီးအသားကျပြင်ဆင်ပေးမှာပါ။

၎/ရှေ့နောက်ဘေးဘယ်/ညာ(မျက်ကွယ်ရာBlind
~~~~~~~~~~~~~~~~~~~~~~~~~ spot များအပါအဝင်)ကိုကြည့်ပါ
~~~~~~~~~~~~~~~~~~~~
သာမာန်ယာဉ်ငယ်များအတွက်နောက်မဆုတ်မှီနဲ့
နောက်ဆုတ်နေစဉ်အချိန်တွေမှာလိုအပ်သလိုယာဉ်
ဘေး၂ဖက်နှင့် Blind spot များအတွက်ဘယ်/ညာ
ခေါင်းလှည့် ကြည့်နည်းဖြင့် ကြည့်ရှုရမည် ၊ ယာဉ်
နောက်ဖက်အားလုံးကိုနောက်ကြည့်မှန်များ
( Rear view, side view mirrorအားလုံး)နှင့်
နောက်ကြည့်ကင်မရာ( Back Camera ) ပါလျှင်
နောက်ကြည့်ကင်မရာမြင်ကွင်း(Disply Screen)
မှတဆင့်နောက်ဖက်မြင်ကွင်းမြေပြင်အောက်ပိုင်း
များပါကြည့်ရှုရမည်၊ယာဉ်ကြီးဖြစ်လျှင်အပေါ်ပိုင်းကိုပါမြင်နိုင်သမျှဘက်စုံကြည့်ရှုရမည်။
(ဥပမာ-ရေမြောင်းများ၊ဓာတ်ကြိုးများ၏အန္တရာယ်
အတွက်အပေါ်/အောက်ကြည့်ရှုရန်လိုအပ်ပါသည်)

၅/နောက်မဆုတ်မှီဟွန်းသံတိုအနဲဆုံးတစ်ချက်တီးပါ
~~~~~~~~~~~~~~~~~~~~~~~~~~~
အချို့ယာဉ်တွေမှာနောက်ဆုတ်(Back gear on) တာနဲ့ Alarm အချက်ပေးသံမြည်တတ်သလိုအချို့
ဆို"ကားနောက်ဆုတ်မယ်"ဆိုပြီးတောင်အသံထွက်တဲ့ယာဉ်တွေရှိပါတယ်ကြိုက်၏မကြိုက်၏ဘယ်လိုဘဲ
ဖြစ်ပါစေအကျိုးရလာဒ်ကြီးမားမှုကိုတော့လက်ခံရ
မှာပါဘဲ အာရုံအမျိုး၂နဲ့လှုပ်ရှားသွားလာနေကြရတဲ့
လူသားတွေအတွက်တော့သတိပေးတန့်လှန့်တဲ့ဟွန်းသံတိုတီးရချိန်စက္ကန့်ပိုင်းဟာပြန်ရတဲ့အကျိုးကျေးဇူးနဲ့ယှဉ်ရင်တော့ပျော်၂ကြီးလုပ်သင့်တဲ့အလေ့အကျင့်
လေးဖြစ်ပါတယ် ၊ ပြီးရင်တော့သတိလေး နဲ့ နောက်
ဆုတ်နိုင်ပါပြီ။
ယာဉ်မောင်းနှင်ခြင်းဆိုတာအတွေ့အကြုံနဲ့
စမ်းသပ် မောင်းနှင် ရင်း ဒီလိုဘဲ တတ်မြောက်ကျွမ်း
ကျင်သွားနိုင်တဲ့ပညာတစ်မျိုးလို့လူအများကလက်ခံထားကြပေမဲ့ဒီအယူအဆဟာရာနူံးပြည့်တော့မမှန်ပါ ဘူး၊လမ်းတွေပေါ်မှာသွားလာမောင်းနှင်ရုံကျွမ်းကျင်နေသော်ညားမတော်တဆမှုကြီး၂မား၂နဲ့မကြုံတွေ့
သေးသ၍အထိသာအဆင်ပြေနေနိုင်မှာဖြစ်ပါတယ်၊ယာဉ်အန္တရာယ်ကာကွယ်ရေး(Defensive driving) အတတ်ပညာဆိုတာကတော့ယာဉ်မတော်တဆမှုမ
ဖြစ်ခင်ကထဲကအထက်ကဖော်ပြခဲ့တဲ့ယာဉ်နောက်
ဆုတ်တာမျိုးလေးကအစနည်းစနစ်ကျနစွာနဲ့ဧကန် အကျိုးရှိတဲ့အတတ်ပညာမျိုးဖြစ်ကြောင်းနဲ့ဖော်ပြပါ
နောက်ဆုတ် နည်း အတိုင်းမောင်းနှင် ကြရင်း ယာဉ်
အန္တရယ် ကာကွယ် နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါ
တယ်။
(Road safety myanmar)

နောက်ဆုတ်ရင်းပွားနိုင်သောမတော်တဆမှုလေးတစ်ခုဟာကြီးမားတဲ့ဆုံးရှုံးမှုအဖြစ်ပြောင်းလဲသွားနိုင်
တယ်ဆိုတာအသိမ်မွေ့ဆုံးပညာပေးထားတဲ့ vedio လေးတစ်ခုကိုမျှဝေလိုက်ပါတယ်

12/06/2018

ယာဉ်မမောင်းနှင်မှီကြိုတင်စစ်ဆေးခြင်း ( 4 )
~~~~~~~~~~~~~~~~~~~~~~~~

ယာဉ်မမောင်းနှင်မှီကြိုတင်စစ်ဆေးခြင်း ( 3 )မှ
ပန်းများ ( F.L.O.W.E.R.S )စနစ်ဖြင့်ယာဉ်ကြိုတင်
စစ်ဆေးခြင်း ( Prestart check ) အားဆက်လက်
ဖော်ပြရလျှင် ----

F.L.O.W.E.R.S မှ R ၏ကိုယ်စားပြုအဓိပ္ပါယ်မှာ ----
( 6 ) R =Rubbers
~~~~~~~~~~~~
ယာဉ်တွင်ရာဘာနှင့်ပြုလုပ်ထားသည့်အရာ
များအားစစ်ဆေးခြင်း။
ယာဉ်များတွင်ရှိရာဘာဖြင့်ပြုလုပ်သောအရာများ
တွင်အရေးကြီးသည့်အဓိကစစ်ဆေးရမည့်အရာများမှာတာရာများ နှင့် လေကာမှန်ရေသုတ်တံများထိပ်ရှိ ရာဘာဘလိတ် ( Rubber blade ) များဖြစ်သည်။
ရေသုတ်တံ ရာဘာဘလိတ်များကောင်း/မကောင်း
၊ကောင်းမွန်စွာရေသုတ်နိုင်ခြင်းရှိ/မရှိစစ်ဆေးရမည်။
တာရာများ(အပိုဘီးအပါအဝင်)အားစစ်ဆေးရာတွင်
မူယာဉ်အမျိုးအစားအလိုက်ရှိသင့်သည်လေပေါင်၊တာရာပန်းများ၊အပြစ်အနာအဆာများနှင့်တာရာသက်တန်းအတွက်တာရာထုတ်လုပ်သည့်ရက်စွဲစသည် များအားအရှိအတိုင်းစစ်ဆေးရမည်။
"ဘာမှမဖြစ်လောက်သေးပါဘူး" ၊ "ရပါသေးတယ်"
စသဖြင့်သက်ညှာစဉ်းစားပေးခြင်းမျိုးမပြုလုပ်ရန်ဟုဆိုလိုရင်းဖြစ်ပါသည်။
(တာရာနှင့်ပါတ်သက်သည့်သိသင့်သိထိုက်
သည်များအားလည်းသီးခြားရေးသားပါမည်။)

S ၏ကိုယ်စားပြုအဓိပ္ပါယ်မှာ
S = Safety equiments
~~~~~~~~~~~~~~~
အန္တရာယ်ကင်းရှင်းရေးအတွက်အသုံးပြုသည့် ယာဉ်အတွင်းရှိပစ္စည်းများနှင့်အရေးပေါ်ကိစ္စရပ်များ
အတွက်အမြဲတစေသယ်ဆောင်သွားရမည့်လုံခြုံရေးသုံးပစ္စည်းများအားစနစ်တကျစစ်ဆေးခြင်း။
ယာဉ်အန္တရာယ်ကင်းရှင်းရေးပစ္စည်း
များတွင် ယာဉ် အတွင်းရှိ ထိုင်ခုံများမှ လုံခြုံရေးခါး
ပတ်( Safety belt )သည် အရေးကြီး သည့်အသက်
ကယ် ပစ္စည်း ဖြစ်သည့် အတွက် ၎င်းအား အဓိကစစ်
ဆေးရန်လိုအပ်ပါသည်။
မည်သို့သောယာဉ်မျိုးဖြစ်စေကာမူရေဘူယျ
အားဖြင့်စီနှင်းမည့်ခရီးသည်တိုင်းအတွက်ထိုင်ခုံတစ်ခုစီပါရှိရမည် (ခလေးများအတွက်ခလေးထိုင်ခုံသီး
ခြားတပ်ဆင်ရမည်)ထိုင်ခုံတိုင်းတွင်လည်းလုံခြုံရေးခါး ပတ် များ ပါ ရှိရ မည် ဖြစ်ပြီး ယင်း ခါးပတ် များ
ကောင်းမကောင်အလုပ်လုပ်နိုင်ခြင်းရှိမရှိစစ်ဆေးရ
မည်ဖြစ်သည်။
ဖော်ပြထားသည့်ဗီဒီယိုသည်လုံခြုံရေးခါးပတ်
၏စက်မှုပိုင်းဆိုင်ရာဖြစ်သည့်ခါးပတ် အုံကို စမ်းသပ် ပြထားခြင်းဖြစ်ပြီး၊အလားတူစမ်းသပ်နည်းအတိုင်းကားအတွင်းမှလုံခြုံရေခါးပတ်များအားလည်းမလွဲမသွေ စမ်းသပ်ပေးရမည်၊ခါးပတ် ကြိုးကို ရုတ်တရက် စောင့်ဆွဲလျှင်စက္ကန့်ပိုင်းအတွင်းရပ်တန့်သွားသည့်ခါးပတ်သည်သာခရီးသည်များ၏အသက်ကိုကယ်တင်နိုင်မည့်ကောင်းမွန်စွာအလုပ်လုပ်သည့်ခါးပတ်ဖြစ်ပါသည်။
ထိုသို့စမ်းသပ်မှု(functional test)ပြုလုပ်
ခြင်းသည်လုံခြုံရေးခါးပတ်အသုံးပြုသူများအကျိုမဲ့
မဖြစ်စေရန်နှင့်အသုံးပြုရခြင်း၏အကျိုးရလာဒ်ကိုမုချရရှိနိုင်စေရန်ဖြစ်ပါသည်။
လိုအပ်ချိန်တွင်အသုံးပြုနိုင်ရန်ယာဉ်အတွင်း
ဆောင်ထားသင့်သည့်လုံခြုံရေးသုံးပစ္စည်းများမှာ ---
1/ မီးသတ်ဆေးဗူး (Fire extinguisure)
2/ ရောင်ပြန်အင်္ကျီ (Reflective jacket)
3/ သတိပေးတြိဂံရောင်ပြန်အပြား ( Reflective
Triangel )
4/ ရှေးဦးသူနာပြုဆေးသေတ္တာ ( First Aid kit )
5/ ဓါတ်မီး (Torch )
ဖော်ပြပါပစ္စည်းများ(Safety equipments)အား
ယာဉ်အတွင်းမရှိမဖြစ်ဆောင်ထားသင့်သည့်အတွက်စနစ်တကျစစ်ဆေးထုပ်ပိုးထားရပါမည်။
အထက်ဖော်ပြပါယာဉ်မမောင်းနှင်မှီကြိုတင်
စစ်ဆေးခြင်း ( Prestart check ) အားနေ့စဉ်လုပ်
ဆောင်ပေး ခြင်းဖြင့် လုံခြုံ စိတ်ချ ရသောခရီးလမ်း
များအားပိုင်ဆိုင်နိုင်ကြပါစေဟုဆန္ဒပြုပါသည်။

(Road Safety Myanmar)

11/06/2018

ယာဉ်မမောင်းနှင်မှီကြိုတင်စစ်ဆေးခြင်း ( 3 )
~~~~~~~~~~~~~~~~~~~~~~~~

ယာဉ်မမောင်းနှင်မှီကြိုတင်စစ်ဆေးခြင်း ( 2 )မှ
ပန်းများ ( F.L.O.W.E.R.S )စနစ်ဖြင့်ယာဉ်ကြိုတင်
စစ်ဆေးခြင်း ( Prestart check ) အားဆက်လက်
ဖော်ပြရလျှင် ----
F.L.O.W.E.R.S မှ O ၏ကိုယ်စားပြုအဓိပ္ပါယ်မှာ ----
( 3 ) O = Oils
~~~~~~~~~
( ယာဉ်တွင်အသုံးပြုနေသည့်စက်ဆီများအားစစ်
ဆေးခြင်း။ )
ယာဉ်အမျိုးမျိုးရှိရာတွင်မည်သည့်လောင်စာ
ဆီအသုံးပြုသည့်ယာဉ်ဖြစ်စေကာမူသာမန်အားဖြင့်အသုံးပြုရသည့်စက်ဆီများမှာ ----
(1)အင်ဂျင်ဝိုင်
(2) ဂီယာဝိုင်
(3) ဘရိတ်ဆီ
(4) ဟိုက်ဒရောလစ်ဝိုင်(ခ)ပါဝါဆီ စသည်တို့
ဖြစ်ပြီး၎င်းဆီများလျှော့နဲလျှင်ထပ်မံဖြည့်တင်းနိုင်ရန်နှင့်လက်ကျန်ဆီအခြေအနေပေါ်မူတည်၍အသစ်လဲလှယ်ပေးခြင်းတို့ပြုလုပ်နိုင်ရန်ထိုဆီများလျော့နဲခြင်း ရှိ/မရှိ လက်ကျန်ဆီ ၏မျက်မြင်အခြေအနေ နှင့်စွမ်း
ဆောင်ရည်စသည်တို့ကိုစစ်ဆေးခြင်း။

W ၏ကိုယ်စားပြုအဓိပ္ပါယ်မှာ ------
( 4 ) W = water
~~~~~~~~~~
(ယာဉ်များတွင်အသုံးပြုသည်ရေ(water)အားစစ်
ဆေးခြင်း)
ယာဉ်၏ရေတိုင်ဂီအတွက်ယခင်ကရိုးရိုး
သာမာန်ရေကိုသုံးစွဲခဲ့ကြသော်လည်းနောက်ပိုင်းတွင်
သာ၍ကောင်းမွန်သောအပူခံအရည်တမျိုးဖြစ်သည့် ( Ingine coolent water )အားခေတ်စနစ်နှင့်အညီ
တီထွင် အသုံးပြု လာကြသည့်အတွက်သာမာန်ရိုးရိုး
ရေကိုယာဉ်၏ရှေ့၊နောက်လေကာမှန်ရေသုတ်တံရေ
ဗူးအတွက်သာလျင်အသုံးပြုကြခြင်းဖြစ်သည်။
ထို့ကြောင့်ရေတိုင်ဂီအတွင်းရှိ( Ingine coolent
Water)လျှော့နဲခြင်းရှိ/မရှိစစ်ဆေးခြင်း။
ရေသုတ်တံရေဗူး ( wiper fluid box ) အတွင်း
ရေရှိ/မရှိ စစ်ဆေးခြင်း။
ယာဉ်၏ ရှေ့/ နောက် လေကာမှန်များ၊တခါတရံရှေ့
မီးကြီး များတွင်ပါ ရေသုတ်တံ တတ် ဆင် ပေး ထား
သည့်ယာဉ်မျိုးများရှိကြရာ ရှေ့/နောက် လေကာမှန်
များ သန့် ရှင်း ကြည် လင် မှု ရှိ ရန်နှင့်အလင်း ရောင်
ကောင်းစွာရရှိရန် ရှေ့/နောက်မီးကြီးကာဗာများသန့်
ရှင်းရေးအတွက် ရေသုတ်တံကို ရေဖျန်း၍အသုံးပြု
ခြင်း သည်လည်း ယာဉ် အန္တရယ် ကာကွယ်ခြင်းတစ်
မျိုးဖြစ်သည့်အတွက်ရေသုတ်တံဗူးအတွင်း ရေဖြည့်
တင်းခြင်းကိုပုံမှန်လုပ်ဆောင်ရန်လိုအပ်ပါသည်။

E ၏ ကိုယ်စားပြုအဓိပ္ပါယ်မှာ -----
( 5 ) E = Electric
~~~~~~~~~~~
( လျှပ်စစ်နှင့်ပါတ်သက်သည်များအားစစ်ဆေးခြင်း )
ယာဉ်တွင်လျှပ်စစ်နှင့်ပါတ်သက်သည်များ
အလုပ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်မှာ စွမ်းအင်
ထုတ်လုပ်သည့်ယာဉ်၏ဘက်ထရီအိုးကောင်းမွန်ရန်အဓိကလိုအပ်ပါသည်၊လိုအပ်သောပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်နိုင်ရန် ဘက်ထရီအိုး အားနေ့စဉ်စစ်
ဆေးခြင်း။
ယာဉ်တွင်လျှပ်စစ်နှင့်ပါတ်သက်သည့်အခြား
ပစ္စည်းများမှာ -- မီးများအားလုံး(ရှေ့/နောက်မီးကြီး
များ ၊ အချက်ပြမီးများ ၊ ဒိုင်ခွက်ရှိမီးများနှင့်အတွင်း
ခန်းမီများအားလုံး) ဟွန်း၊ရေသုတ်တံ၊နောက်ကြည့်
ကင်မရာ၊လေအေးပေးစက်၊ဆက်သွယ်ရေးအတွက်တတ်ဆင် ထားသည့် ကြိုးမဲ့ ရေဒီယို နှင့် ပါတ်သက်
သောပစ္စည်းများ စသည့် ဝါယာ ဖြင့်သွယ်တန်း ထား
သည်အရာများအားလုံးအားစစ်ဆေးခြင်း။
ထိုအရာများအားလုံးမှာသက်ဆိုင်ရာယာဉ်၏
လိုအပ်ချက်အရတပ်ဆင်ထားခြင်းဖြစ်သည့်အတွက်ထိုအရာများကောင်းမွန်စွာအလုပ်လုပ်ရန်မဖြစ်မနေလိုအပ်ပါသည်။
ဆက်လက်ဖော်ပြပါမည်
( Road Safety Myanmar )

Address

No(537) Khattar Street/(15) Quarter/Eastdagon (Yangon)
Yangon

Telephone

+95943023753

Website

Alerts

Be the first to know and let us send you an email when Road Safety Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Road Safety Myanmar:

Shortcuts

Share

Category