Purple Words IELTS

Purple Words IELTS

Share

Best Place For IELTS Exam

18/02/2026

ကိုယ့်ရဲ့ IELTS Journey လေ့လာရတဲ့အစအဆုံးအနှစ်ချုပ်ကဘာလဲ?



-Mingalarpar

-ကိုယ်ရဲ့ IELTS Journey အစအဆုံးလေ့လာနည်းများကိုအောက်ပါအတိုင်းအနှစ်ချူပ်လို့ရပါတယ်

(1) know your current position

-IELTS လေ့လာရတာကို ကိုယ်မရောက်ဖူးသေးတဲ့ဒေသတခုစီခရီးသွားနေရတယ်လို့သဘောထားကြည့်ပါ

-ပထမဆုံးကိုယ်လုပ်ရတာကတော့ ကိုယ်ဘယ်နားရောက်နေလဲဆိုတာသိဖို့ပါပဲ

-ဒီအတွက်လုပ်လို့ရတာ ၂ နည်းရှိပါတယ်

-ကိုယ့်ရဲ့ လက်ရှိ English Level ကိုစစ်လို့ရတယ်

-အောက်ပါ link မှာကိုယ့်ရဲ့ လက်ရှိ English Level အခမဲ့စစ်လို့ရပါတယ်

https://englishonline.britishcouncil.org/free-english-level-test-cefr-2/

-ကိုယ့်ရဲ့ လက်ရှိ IELTS Band Score ကိုစစ်လို့ရတယ်

-အောက်ပါ link မှာ ကိုယ့်ရဲ့ လက်ရှိ IELTS Band Score ကိုအခမဲ့စစ်လို့ရပါတယ်

https://engnovate.com/

-ပထမဆုံးတော့ ကိုယ့်လက်ရှိရောက်နေတဲ့နေရာကိုသိဖို့ပါပဲ

(2) where you want to go

-ဒုတိယအနေနဲ့ကိုယ်သိသင့်တာကတော့ ကိုယ်ဘယ်သွားချင်တာလဲ ကိုယ်ဘယ်ရောက်ချင်တာလဲဆိုတာပါပဲ

-ဒီအတွက်ကိုယ် ၂ ခုသိဖို့လိုပါတယ်

-Minimum Band Score Requirement

-ကိုယ်ရရမယ့်အနည်းဆုံး Band Score ကဘယ်လောက်လဲ?

-IELTS ဖြေမယ်ဆို လူတိုင်းမှာ ကိုယ်ရရမယ့် အနည်းဆုံး Band Score ဆိုတာရှိပါတယ်

-ကိုယ်ကျောင်းလျှောက်မယ်ဆိုရင်လက်ခံတဲ့ အမှတ်အလုပ်လျှောက်မယ်ဆို လက်ခံတဲ့ အမှတ်ကိုဆိုလိုတာပါ လူတိုင်းမှာရှိပါတယ်

-အများအားဖြင့်တော့ 5.5, 6.0, 6.5 ဖြစ်တာများပါတယ်

-ကျောင်းရဲ့ Web Site အလုပ်ရဲ့ Web Site Embassy Web Site မှာရေးထားပါတယ်

-ကိုယ်လိုချင်တဲ့ Desired Band Score ကဘယ်လောက်လဲ?

-Desired Band Score ဆိုတာကတော့ ကိုယ်လိုချင်တဲ့ အမှတ်ဖြစ်ပြီးတော့များလေကောင်းလေပါပဲ

(3) everyone’s journey is different

-လူတိုင်းလူတိုင်းရဲ့ IELTS လေ့လာရတဲ့ ခရီးဟာ မတူပါဘူး

-ဘာလို့လဲဆိုတော့

-တယောက်နဲ့တယောက် IELTS စလေ့လာတုန်းက current band score မတူဘူး

-တယောက်နဲ့တယောက်သွားမယ့်နိုင်ငံ မတူသလို လျှောက်မယ့် program မတူတဲ့အတွက် minimum band score မတူဘူး

-တယောက်နဲ့တယောက် ကိုယ်လိုချင်တဲ့ desired band score မတူဘူး

-တယောက်နဲ့ တယောက် တနေ့အချိန်ပေးတာခြင်း မတူဘူး

(4) only 3 steps in IELTS

-ဘယ်လိုတွေပဲကွဲပြားနေပါစေ ကိုယ့်ရဲ့ IELTS Band Score တက်လာဖို့ဆိုတာအေဋက်ဖော်ပြပါ ၃ ချက်မှန်ရပါမယ်

-ကိုယ်လေ့လာလိုက်တဲ့ Step မှန်ရမယ်
(right step)

-ကိုယ်လေ့လာလိုက်တဲ့ Tactic မှန်ရမယ်
(right tactic)

-ကိုယ်နေ့တိုင်း IELTS နဲ့ပတ်သတ်တာ တခုမဟုတ်တခုလုပ်နေရမယ် (daily exposure)

(5) IELTS band score is made of 3 things

-IELTS Band Score ဆိုတာ အချက် ၃ ချက်နဲ့ပဲ ဖွဲ့စည်းထားတာ

-Receptive skill
(ကိုယ်ဟာ Academic English နဲ့ရင်းနှီးမှုရှိမရှိ)

-Exam tactic
(Question type တခုချင်းစီရဲ့ သတိထားရမယ့်အချက်လေးတွေသိမသိ)

-Exam Practice
(IELTS Past Paper/Cambridge Paper/Mock test လေ့ကျင့်မှုရှိမရှိ)

(6) work on your weakness

-IELTS လေ့လာသူတိုင်း ကိုယ်လိုအပ်နေတာဟာ အပေါ်က ၃ ချက်ထဲကတခုခုဖြစ်မှာပါ

-ကိုယ်လိုနေတာဟာ Academic English နဲ့ရင်းနှီးဖို့လိုတာဖြစ်ရင်ဖြစ်မယ်

-Academic English နဲ့ရင်းနှီးဖို့ ကိုယ့်ကိုနည်းနည်းတွေးစေတဲ့အရာ thought provoking ဖြစ်တာလေးတွေနဲ့ ကိုယ်နဲ့ရင်းနှီးဖို့ ထိတွေ့ဖိုလိုပါတယ်

-Question type တခုခုကကိုယ့်ကိုအမှတ်နည်းနေစေတာဖြစ်ရင်ဖြစ်မယ်

-ဒီအတွက် Question Type စုံအောင်လေ့လာနေဖို့လိုတယ် Past Paper/Mock Test တွေခဏခဏလေ့ကျင့်ပြီး ကိုယ်ဖြေခဲ့တဲ့ Paper တွေကို revise ပြန်လုပ်ကြည့်ပြီးတော့ ဘယ် Question Type ပါလာရင်ကိုယ် အမှတ်နည်းသွားတာလဲပြန်ရှာဖို့လိုပါတယ်

-Exam Practice ခေါ်တဲ့ Mock test or Cambridge IELTS Paper တွေကိုယ်လေ့ကျင့်တဲ့ အကြိမ်အရေအတွက်နည်းနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်

-ကိုယ်အားနည်းနေတာဘယ်အပိုင်းလဲပြန်လိုက်ရှာတတ်ရပါတယ်

-ကိုယ်ဘယ်အပိုင်းအားနည်းနေတာလဲသိဖို့ကတော့ IELTS Past Paper/Cambridge Paper/Mock Test ဖြေတော့မှသာထွက်လာတာပါ

စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS

11/02/2026

Purple Words Student´s Testimonial




Pan Yaung Cheal
Occupation : Student
Attended class : Regular exam

Listening : 7.5
Reading : 7.0
Speaking : 6.0
Writing : 6.5

Overall : 7.0

Mingalarpar

ညီမက purple world ieltsမှာ regular exam class မှာတက်ခဲ့တဲ့ကျောင်းသူတစ်ယောက်ပါ သူငယ်ချင်းကနေတစ်ဆင့်သိခဲ့ပြီး recommendလုပ်လို့တက်ဖြစ်ခဲ့တာပါ ။

ဆရာသွင်ဦးညီအတန်းကိုသင်ခဲ့တဲ့တစ်လျှောက် pressure လုံးဝမရှိခဲ့ပါဘူး နေ့တိုင်း exam tips တွေကို remind လုပ်ပေးပြီးတော့ ielts နဲ့ပက်သက်တဲ့ routinesတွေကို outline ပါဆွဲပေးခဲ့ပါတယ်။

ညီမ pressure အဖြစ်ဆုံးဖြစ်ခဲ့တဲ့ reading ကို အတန်းထဲမှာပဲ ဆရာသွင်ဦးညီနဲ့တူတူ လိုက်လုပ်တော့ နည်းလမ်းတွေလည်းသိပြီး ညီမတကယ် လိုချင်ခဲ့တဲ့ reading ဖြေနည်းကိုသိခဲ့တာပါ

skimming and scanning ဆိုတာကို သိခဲ့ပေမယ့် ဆရာနဲ့ကျမှ ဒီနည်းလမ်းကို apply လုပ်နိုင်သွားတာပါ။

class ပြီးတော့ receptive skills မှာအမှတ်ပိုများချင်တာနဲ့ reading နဲ့ listening ကို များများလုပ်ပါတယ် ဆရာပြောသလို မဖြေခင် Cambridge 5အုပ်ကိုလုပ်ခဲ့ပါတယ်။

listening တွက်ကတော့ ဆရာပြောသလို bbc news ကြည့်ပါတယ်။ ဒါမဲ့သတင်းတွေကနားလည်ရခက်တော့ bbc world service podcastနဲ့ manufacturing documentaries တွေပဲကြည့်ဖြစ်ပါတယ်။ writing ကတော့ topic တစ်ခုစီကို စုံအောင်ရေးပါတယ် ပြီးတော့ ပြန်ဖတ်ရင်းနဲ့ online မှာပဲ feedback ပြန်တောင်းပါတယ်။

speaking ကတော့ youtube မှာပဲ video ကြည့်ဖြစ်ပါတယ် speaking partner မရလိုက်တော့ practice တော့သိပ်မရှိခဲ့ဘူး။

exam မှာလည်း part 3 မှာအမှတ်ပိုယူမယ်လို့တွေးထားပေမဲ့ ဖြေတာကို ခဏခဏဖြတ်ချခံရတော့ သိပ်အားမရလိုက်ပါဘူး။

ဆရာသွင်ဦးညီပြောသလို ielts လေ့လာရင် daily routine တစ်ခုလိုကိုထည့်ပြီးလုပ်သင့်တယ်လို့ထင်ပါတယ်။

အရေးကြီးဆုံးကတော့ feedback ပေါ့နော် ဆရာ့ကိုwriting တွေပို့ရင် feedback ပြန်ပေးပါတယ်

ကိုယ်အားနည်းနေတဲ့နေရာကို ထောက်ပြလိုက်တော့ အဲ့နေရာကိုပဲအာရုံစိုက်မိသွားပြီး ဖိလုပ်ဖြစ်တော့ အမှတ်ကတက်လာနိုင်တာပေါ့နော်။

ဆရာ့ရဲ့ tips တွေကိုသေသေချာချာလိုက်နာရင် လိုချင်တဲ့ target ကိုရောက်နိုင်ပါတယ်။ ရှေ့လျှောက်ဖြေမယ့်သူတွေကိုလည်း လိုချင်တဲ့bandတွေကိုရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

10/02/2026

IELTS လေ့လာသူတိုင်း Reader Digest ပုံမှန်ဖတ်သင့်ပါတယ်



-Class မှာပဲစာသင်သင် online မှာပဲ post တင်တင် live တက်တက် အမြဲတမ်းဆရာ့ရည်ရွယ်ချက်က IELTS လေ့လာသူတိုင်း ကိုယ်ရရမယ့် Band Score ပထမဆုံးတခေါက်နဲ့ရသွားဖို့ကိုပဲရည်ရွယ်တာပါ

-လူတိုင်းရဖို့ ဆရာစာသင်နေတာပါ

-IELTS ဖြေတယ်ဆိုတာ Academic English Exam ကိုဖြေနေတာပါ

-IELTS မှာ band score ကောင်းဖို့ ၃ ခုလိုပါတယ်

(1) Academic English နဲ့ရင်းနှီးဖို့လိုတယ်

(2) Exam Tactics and Strategy နဲ့ရင်းနှီးဖို့လိုတယ်

(3) Cambridge IELTS Old Question Paper တွေလေ့ကျင့်နေကျဖြစ်ဖို့လိုပါတယ်

-ဒီ ၃ ချက်လုံးပြည့်စုံမှသာ Band Score ကောင်းတာပါ Reader Digest ဖတ်တာက ပထမ တချက်ကိုဖြေရှင်းဖို့အတွက်ပါ

-Academic English ဆိုတာ Topic အကြောင်းအရာတခုခုကို English Language နဲ့ဖော်ပြထားတာကိုဆိုလိုတာပါ

IELTS လေ့လာနေသူ ကျောင်းသူကျောင်းသားအမျိူးအစား

-ဆရာတို့မြန်မာနိုင်ငံမှာ လက်ရှိ IELTS လေ့လာနေသူဟာ ၂ မျိုးပဲ ရှိပါတယ်

-ပထမတမျိုးက Academic English နဲ့ရင်းနှီးပြီးသားသူ ဘယ်သူတွေလဲဆိုတော့ ဆရာဝန်တွေ GCE O Level နဲ့ GED ဖြေတဲ့တဲ့ကျောင်းသားတွေ International School တက်တဲ့သူတွေပါ

-ဒုတိယ တမျိုးကတော့ Academic English နဲ့မရင်းနှီးသေးတဲ့သူတွေပါ ဒါကတော့အထက်ဖော်ပြပါ ကျောင်းသူကျောင်းသားအမျိုးအစားကလွဲလို့ကျန်တဲ့သူအများစုပါ

-ကိုယ်ဟာ ပထမ ကျောင်းသား Group ထဲမှာပါနေတယ်ဆိုရင်တော့ Reader Digest ကမဖတ်သွားလဲရပါတယ် ဘာလို့ဆို ပထမ Group ထဲကကျောင်းသားကျောင်းသူတွေဟာ IELTS မလေ့လာခင်တချိန်ချိန်ထဲက နှစ်ပေါက်အောင် Academic English နဲ့ရင်းနှီးအောင်လုပ်ခဲ့လို့ပါ

-ကိုယ်ဟာ ဒုတိယ ကျောင်းသား Group ထဲမှာပါနေတယ်ဆိုရင် ပုံမှန်လေးဖတ်သင့်ပါတယ်

-ဆရာ့ class တက်သူများဆိုရင်တော့ Foundation Class ပြီးတဲ့အချိန်မှာဖတ်သင့်ပါတယ် Exam Preaparation Class စတဲ့အချိန်မှာဖတ်သင့်ပါတယ်

ဘာလို့ဖတ်သင့်တာလဲ?

-Reader Digest ဖတ်ချင်းအားဖြင့် ကိုယ့် IELTS Journey မှာ ဘာတွေအကျိုးရှိမလဲဆိုတော့

-Vocabulary တိုးလာမယ်

-ကိုယ့်ရဲ့ English Language Comprehension Skill တိုးလာမယ်

-Listening မှာဆို Section 3 နဲ့ Section 4 ကိုပိုမှန်လာမယ်

-Reading မှာဆို IELTS Reading ဖြေတာမြန်လာမယ် ဘယ်နားဘာပါလဲပိုမှတ်မိလာမယ်

-Speaking နဲ့ Writing Task 2 မှာဆိုရင် ပြောစရာစကားရေးစရာစာ idea generation ကောင်းလာမယ်

ဘယ်လိုဖတ်သင့်သလဲ?

-Leisurely ပဲဖတ်ဖို့ပါပဲ ခါတိုင်းကိုယ်အားနေတဲ့အချိန်မှာ ကိုယ်အားလို့လုပ်တဲ့အရာကို တတ်နိုင်သမျှ IELTS လေ့လာတဲပခေါင်းစဥ်အောက်ထဲကိုထည့်နိုင်လေလေ ကိုယ့် IELTS Journey ဟာမြန်လေလေပါပဲ

-ပုံမှန်လေးနေ့စဥ် ကိုယ်နှစ်သက်တဲ့ article လေးတခုဖတ်သွားပါ

-ကောင်းတာကတော့ ကိုယ့်ရဲ့ IELTS Journey အစ ဒါမှမဟုတ် foundation ပြီးလို့ exam preparation စလုပ်လုပ်ချင်းတလကိုဖတ်သင့်တာပါ

-တချိန်လုံးဖတ်နေရမယ်မဆိုလိုပါဘူး ကိုယ့် IELTS Journey အစမှာဖတ်ရမှာပါ နောက်ပိုင်းကတော့ IELTS Cambridge Old Question Paper မေးခွန်းဟောင်းတွေပဲလေ့ကျင့်သွားရတာပါ

-IELTS Reading ကိုလဲ exam tactics ပဲသုံးပြီး အဖြေရှိတဲ့နေရာကို ရှာဖြေတာမှန်ပေမယ့်လဲပဲ အဖြေရှိတဲ့နေရာ ဝါကျ ၂ ကြောင်း ၃ ကြောင်းလောက်တော့ကိုယ်ဖတ်ရမှာဖြစ်ပြီး အဲ့ဒါကိုတော့နားလည်ဖို့လိုတယ် နားလည်တာမြန်ဖို့လိုတယ်

ဘယ်မှာဖတ်ရမလဲ?

-Paper Book တွေကတော့ စာအုပ်ဆိုင်တော်တော်များများမှာရောင်းပါတယ် ဝယ်ရခက်တဲ့အရာမဟုတ်ပါဘူး up to date ဖြစ်စရာလဲမလိုပါဘူး ကိုယ်အဆင်ပြေတာဖတ်ရုံပါပဲ

-Online ကနေ ebook ပဲဖတ်ချင်တယ်ဆိုရင် ဆရာတို့ purple words ရဲ့ telegram channel မှာ download လုပ်ယူလို့ရပါတယ်

-Download link

https://t.me/+EnFRfSteumtmMjc9

-Reader Digest ကိုကိုယ့် IELTS Journey အစမှာဖတ်ချင်းအားဖြင့် ဘာတွေထပ်အကျိုးရှိလဲဆို

(1) နောက်ပိုင်းမှာ ကိုယ့် band score မတက်လာတဲ့ပြဿနာကို အတိုင်းအတာတခုထိဖြေရှင်းနိုင်မယ်

(2) Cambridge IELTS Old Question Paper စာအုပ်တွေ Exam Tactic ကိုယ်သိပြီး လေ့ကျင့်တဲ့အခါ လေ့ကျင့်တဲ့ speed သိသိသာမြန်သွားပါလိမ့်မယ်

-အကျဥ်းချုပ်အားဖြင့် ကိုယ်ဟာ IELTS Exam မြန်မြန်ဖြေချင်တယ်ဆိုရင် ပထမတလကို Reader Digest ပုံမှန်ဖတ်လိုက်တာဟာ ကိုယ်လေ့လာတဲ့ခရီးကိုကာလတိုသွားစေမှာပါခင်ဗျာ

-ဆရာ့ class တက်သူများဆိုရင် Foundation ပြီးလို့ Foundation class ကာလတုန်းက class ထဲက vocab တွေကျက်ဖြစ်တယ်ဆိုရင် Foundation ပြီးတဲ့အခါ Reader Digest ပုံမှန်ဖတ်လို့ရမှာပါ

စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS

Photos from Purple Words IELTS's post 10/02/2026

British TV series ကြည့်ရင်း IELTS လေ့လာမယ်



-IELTS လေ့လာရတာ ကိုယ့်အတွက် pressure များတယ်ထင်ရင် UK TV series လေးတွေကြည့်တာကောင်းတဲ့အလေ့အကျင့်လေးတခုပါပဲ

-IELTS ဆိုတာ ကိုယ့် English Language Level နဲ့သင့်တော်တာကိုလုပ်ရတာဖြစ်ပြီး ကိုယ်ဟာ IELTS Course ကိုလေ့လာတယ်ဆိုရင် ကိုယ်လေ့လာလိုက်တဲ့ IELTS Course ဟာကိုယ့်အတွက်လွယ်လဲမလွယ်သလိုခက်လဲမခက်နေရပါဘူး

-Basic English Level ကစလို့ Advanced English Level ထိ English Language Level မျိုးစုံအတွက် သင့်တော်မယ့် IELTS Course မျိုးစုံရှိပါတယ်

-UK က Series လေးတွေကြည့်မယ်ဆိုရင် အောက်ဖော်ပြပါ ၃ ချက်နဲ့ကိုက်အောင်လုပ်ပါ

-Subtitle မပါပဲ ကိုယ်နားလည်နိုင်မယ့် series ဖြစ်ရမယ်

-ကိုယ်လဲကြည့်ရသဘောကျရမယ် (ဆရာလဲကိုယ်သဘောကျတဲ့ series တွေပဲရွေးထားတာပါ)

-List ထဲက series တွေဟာ အောက်ရောက်သွားလေလေ တဖြည်းဖြည်းနဲ့ပိုခက်ခက်သွားလေလေပါ

(1) Mind Your Language Series

-Old series တခုဖြစ်ပြီး Basic English Level ရှိသူများကအစ ကြည့်လို့နားလည်မယ့် series ပါ

-ခုခေတ်ကာလထိ Popular ဖြစ်ဆဲ series ဖြစ်ပြီး online မှာ ကိုယ်ကြည့်ဖူးချင်လဲကြည့်ဖူးမှာပါ

-ဟာသ series ဖြစ်ပြီး အတော့်ကိုရီရပါတယ်

(2) A Bit of Fry and Laurie

-အပေါ်ကတခုလောက်မရီရပေမယ့်လဲ ဆရာသဘောကျလို့ထည့်ပေးထားတာပါ သူလဲ ဟာသ series ပါပဲ

(3) Carry On series

-Carry On series ကဆရာဆယ်ကျော်သက်ဘဝတုန်းက တော်တော်ကြိုက်ခဲ့တဲ့ series ပါ

-သူကပြောသွားတဲ့စကားကိုနားလည်မှရီရတာဖြစ်ပြီး ဇာတ်လမ်းထဲကတကယ့်အဖြစ်အပျက်ပါဝင်နေတဲ့သူတွေအတွက်ကတော့ ရီစရာမဟုတ်ပေမယ့် ကြည့်နေတဲ့သူ third person အနေနဲ့ကြည့်မယ်ဆို ရီရတဲ့ series ပါ

-Mind Your Language ထက်စာရင် နည်းနည်းလေးတော့ခက်မယ်ဆိုတော့ intermediate level လောက်မှကြည့်လို့အဆင်ပြေမှာပါ

(4) Doctor Who

-Doctor Who series ကတော့ ဆရာ့ personal favourite ဖြစ်ပြီး Doctor Who character က ဆရာ့အကြိုက်ဆုံး character ပါ

-Doctor Who series ကစပြချိန်ဆို 1950 လောက်ဖြစ်ပြီး The longest TV series လို့တောင်ပြောရမလားပါပဲ

-Doctor Who character ကသရုပ်ဆောင်တွေ ပြောင်းသွားပေမယ့်လဲ plot ကတော့ ဒီ ဇာတ်လမ်းပါပဲ

-Special effect တွေညံ့တာကို နည်းနည်းလေး ခဏခေါက်ထားပြီး ဆက်ကြည့်မယ်ဆို သဘောကျမှာပါ Doctor Who ပရိသတ်ကလဲသပ်သပ်ရှိပြီး ဆရာ့လို Doctor Who series ကြိုက်တဲ့သူတွေကလဲ အရမ်းကြိုက်ပါတယ် Doctor Who series ကအရမ်းကြိုက်ရင်ကြိုက် မကြိုက်ရင် အရမ်းမုန်းပဲ

-Intermediate လောက်ရှိမှကြည့်လို့အဆင်ပြေမယ့် series ပါ

(5) Cunk on Britain/Cunk on Earth

-ခုခေတ်နောက်ပိုင်းထွက် ဟာသ Series ထဲမှာ အရမ်း popular ဖြစ်နေတာကတော့ Cunk On Britain နဲ့ Cunk On Earth ပါ

-ဘာလဲဆို သူကတကယ်နားလည်တဲ့ professor တွေကို interview တယ်ပြီးရင် ပေါက်ကရတွေပဲထိုင်ပြောနေတာ ရုပ်တည်ကြီးနဲ့ထိုင်နောက်နေတာပါ

-Cunk on Earth/Cunk on Britain series ၂ ခုကို subtitle မပါပဲ ကိုယ်ကြည့်နေပြီး ဟီးဟီးဟားဟား နဲ့ထိုင်ရီနေပြီဆိုရင် ကိုယ့် IELTS Listening band score ဟာ 7.0 အနည်းဆုံးရဖို့သေချာသွားပါပြီ

-နောက်တခုသဘောကျတာက သူ့ series က သူ​တင်ပြနေတဲ့အကြောင်း knowledge ရှိလေပိုရီရလေပါပဲ

-Upper Intermediate လောက်ရှိမယ်ဆို အဆင်ပြေမယ့် series ပါ

(6) The Thin Blue Line

-Mr Bean ပါတဲ့ ဒီ series ဟာပြောတဲ့စကားတွေကရီရတာပါ British Slang တွေ idiom တွေလဲအများကြီးသုံးတတ်တဲ့အတွက် Upper Intermediate လောက်မှ အဆင်ပြေပါလိမ့်မယ် ရီလဲတော်တော်ရီရပါတယ်

(7) Sherlock

-BBC ကထုတ်တဲ့ Sherlock ကိုနောက်ဆုံးမှထားထားတာက ဆရာ့ list ထဲမှာ အခက်ဆုံးဖြစ်လို့ပါ

-Subtitle မပါပဲကြည့်မယ်ဆို သူပြောသွားတာကိုတော်တော်ကိုလိုက်ဖမ်းနေရပါလိမ့်မယ်

-Sherlock series recommend ပေးတာက information တွေ စုပြုံပြီး ရောက်လာတာကို သဘောကျလို့ပါ

-Sherlock ကြည့်ဖို့ကတော့ Advanced လောက်ဖြစ်မှ အဆင်ပြေမှာပါ

-ကိုယ့် Level နဲ့ကိုက်မယ့် series ကို ညတိုင်း ၂ပတ်လောက်အရင်ကြည့်ပါ ဒီလိုလုပ်ပြီးမှ Exam Tactic လေ့လာပြီး Cambridge IELTS Old Question Paper တွေဖြေမယ်ဆို ကိုယ့် band score တက်လာတာ အများကြီးပိုမြန်တယ်ဆိုတာကို ကိုယ်ကိုယ်တိုင် သိလာပါလိမ့်မယ်

-ဆရာ့ class တက်မယ်ဆိုလဲ ကိုယ့် level နဲ့ကိုက်မယ့် class ကိုတက်ပါ

Purple Words မှ IELTS Result ထွက်သူများကိုကြည့်ရန်

https://www.facebook.com/100064687449473/posts/887465153419725

IELTS နဲ့ပတ်သတ်ပြီး E books များ free download လုပ်ချင်တယ်ဆိုရင် ဆရာတို့ Purple Words Telegram channel မှာရှိပါတယ်

https://t.me/purplewordsyourdailyieltspartner

-IELTS နဲ့ပတ်သတ်တဲ့ Resources တွေအကုန်လုံးကို Level နဲ့ခွဲပြီး တနေရာထဲလေ့လာလို့ရအောင် စုပေးထားတယ် ´Resources for IELTS by Sayar Thwin Oo Nyi´ ဆိုတဲ့စာအုပ် Telegram channel မှာရှိပါတယ်

-ဆရာ့ရဲ့ Youtube channel link
https://m.youtube.com//videos

-Overall band score 8.0 ရဖူးသူဆရာသွင်ဦးညီ သင်ပါတယ်

ဆရာသွင်ဦးညီရဲ့ personal account
https://www.facebook.com/thwin.nyi

စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS

10/02/2026

ဘာလို့ဆရာတို့မြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေ IELTS နဲ့ပတ်သတ်ရင်ဂျင်းထည့်ခံရတာလဲ?



-အောက်ပါအချက်တွေကြောင့်ပါ

-IELTS နဲ့ပတ်သတ်ရင် ဆရာတယောက်အနေနဲ့ အကောင်းဆုံးပေးလို့ရတဲ့အကြံကတော့ တတ်နိုင်သမျှစောစောစီးစီးစလေ့လာထားဖို့ပါပဲ

-ကိုယ့်ဟာကိုယ် self study လုပ်တာဖြစ်ရင်ဖြစ်မယ် သင်တန်းတက်တာဖြစ်ရင်ဖြစ်မယ် တတ်နိုင်သမျှစောစောလေ့လာထားဖို့ပါပဲ

-ဘာလို့လဲဆိုတော့

(1) ကိုယ်ကျောင်းလျှောက်ရမယ့်အချိန်ဟာကန့်သတ်ချက်ရှိတယ် IELTS Exam ကလတိုင်းဖြေလို့ရတယ်ဆိုရပေမယ့် ကျောင်းတွေဟာလတိုင်းဖွင့်နေတာမဟုတ်ပါဘူး သူ intake ရှိတဲ့အချိန်ပဲလျှောက်လို့ရတာဖြစ်တဲ့အတွက် သူ intake ခေါ်တဲ့အချိန်မှာ ကိုယ်က ready ဖြစ်နေဖို့လိုပါတယ်

(2) IELTS Exam ဖြေဖို့ပြင်ဆင်ချိန်ဟာ တယောက်နဲ့တယောက် ကြာချိန်မတူပါဘူး

(3) IELTS ဖြေဖို့လေ့လာရတာဟာ General Englush လေ့လာတုန်းကလိုမဟုတ်ပါဘူး IELTS Exam ဟာလဲ General English Exam နဲ့ဘာမှမတူပါဘူး ကိုယ်တခါမှဖြေဖူးခဲ့တဲ့ Exam တခုမဟုတ်တဲ့အတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုတာပါ

(1) IELTS Past Papers are GPS of your IELTS Journey

-IELTS နဲ့ပတ်သတ်ပြီးကျောင်းသားတွေတတ်သမျှ issue တွေရဲ့ တဝက်လောက်က ကိုယ့်ရဲ့ IELTS Journey အစမှာ IELTS Past Paper တစုံလောက်မဖြေဖူးခဲ့ မမြင်ဖူးခဲ့ရတာပါပဲ တခြားမဟုတ်ပါဘူး

-Past Paper တစုံလောက် ကိုယ့်ရဲ့ IELTS Journey အစမှာ ကိုယ်ဖြေဖူးခဲ့တယ်ဆိုရင် နောက်ပိုင်းကိုယ်တက်သမျှပြဿနာတွေရဲ့ 50% လောက်ကမဖြစ်တော့ပဲရှောင်ရှားသွားလို့ရသွားပါပြီ

-Exam Paper ဟာအလွယ်တကူနေရာတကာမှာရတယ်ဆိုတာကိုယ်မသိဘူး IELTS Exam Paper တွေဟာ လူတိုင်းအကြိမ်ကြိမ်ခဏခဏ လေ့ကျင့်သွားရတယ်ဆိုတာကိုယ်မသိတာ လက်မခံတာကြောင့် ကိုယ်ဟာဂျင်းထည့်ခံရတာပါ

-IELTS Band Score ဆိုတာ တွက်ချက်လို့ရတဲ့အရာတခုဖြစ်ပြီး ကိုယ့်ရဲ့ Band Score ဟာ Past Paper ဖြေကြည့်ပြီးတော့ပဲတွက်လို့ရတာပါ

-IELTS Past Paper ဆိုတာဟာကိုယ့်ရဲ့ IELTS Journey ရဲ့ GPS System လေးဖြစ်ပြီး ကိုယ်ဘယ်နားရောက်နေတယ်ဆိုတာကိုပြသနိုင်တယ် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ရောက်ဖို့ ကိုယ်ဘယ်လောက်လိုသေးလဲဆိုတာကိုသိနိုင်တာမို့ ချိန်ဆလို့ရပါတယ်

-Past Paper ကိုမမြင်ဖူးတော့ သူများပါးစပ်ထဲကပြောတဲ့စကားကိုလိုက်ယုံနေရပါတယ် သူများက Intetmediate Level နဲ့ ၂ လ အတွင်း Band 7 ရတယ်ပြောလဲကိုယ်ကယုံရင်ယုံလိုက်တာပါပဲ

-ဘာလို့ဆို ကိုယ်မှ Past Paper မမြင်ဖူးတာကို

(2) Parasite Marketing System

-IELTS လေ့လာသူကျောင်းသားကော IELTS သင်တန်းတွေကိုပါ အကြီးအကျယ် ဒုက္ခပေးတာကဒီတခုပါပဲ

-Patasite Marketing ဆိုတာသူ့ရဲ့ Official Terminology ဖြစ်ပြီး ဘာလဲဆိုတော့ စျေးကွက်ထဲမှာ နာမည်ရနေတဲ့သူ ကျောင်းသားတွေယုံကြည်နေတဲ့ Training Center နဲ့အလားတူလိုက်လုပ် Copy ကူးရင်းသူ့စျေးကွက်ကိုလိုက်ယူတာပါ

-အဲ့ဒါကြောင့်ကျောင်းသားတွေဟာ ဂျင်းသင်တန်းနဲ့တကယ်အစစ်အမှန်သင်တန်းပိုမခွဲတတ်ပဲဖြစ်နေတာပါ

-နာမည်ရပြီးသားသူ online မှာတင်တဲ့ post နဲ့ content တွေနဲ့ အလားတူပဲ post လုပ်တာတင်တာပါ

-ဥပမာနာမည်ရပြီးသူက ဒီနေ့ Class ထဲကပုံတင်တယ်ဆိုရင် ဂျင်းထည့်တဲ့သူကလဲ Class ထဲကပုံပဲတင်တယ် နာမည်ရပြီးသားသူက ဒီနေ့ Listening နဲ့ပတ်သတ်တဲ့သတိထားရမယ့် အချက်တွေတင်ရင် ဒီနေ့ကိုပဲ ဂျင်းထည့်မယ့်သူက Listening နဲ့ပတ်သတ်တဲ့သတိထားရမယ့် အချက်တင်ပါတယ် Content Creation လုပ်လို့ရမယ့်နည်းလမ်းတွေအများကြီးရှိပေမယ့် သူမလုပ်ပါဘူး

-အဲ့လိုလုပ်ပြီးတဖက်မှာလဲ ခုမှစသင်တဲ့ ဆရာဆရာမ လေးတွေခေါ်ပြီး Class တွေအများကြီးလုပ်လိုက်တာပါ

-အဲ့တော့ Original သမားကထားပါတော့ ၁၀ နှစ်လောက်ဒီလိုနာမည်ကောင်းလေးရဖို့ နေ့စဥ်အားစိုက်ထုတ်ပြီးရင်းခဲ့ရတယ်ဆိုပါတော့ သူကတော့ ခဏလေးနဲ့ အဲ့ ၁၀ နှစ်ရင်းစရာမလိုပဲ အတူတူပဲသယောင်ဖြစ်သွားပါတယ်

-ရည်ရွယ်ချက်ရှိရှိနဲ့ သေသေချာချာ တွက်ဆ plan ချပြီးလုပ်တာဖြစ်ပြီးဘာလို့လုပ်တာလဲဆိုတော့ တခြားသူရဲ့ Brand Identity ကိုခိုးချင်လို့ပါ

-ဘာနဲ့တူလဲဆိုတော့ မုန့်ထုတ်တယ်ဆိုရင် Packaging တူအောင်လုပ်လိုက်သလိုပါပဲ Packaging ပဲတူနေတာ အထဲမှာတော့အများကြီးကွဲပါတယ်

-ဆရာ့သင်တန်းဒီလိုလုပ်ခံရတာ ၃ နှစ်ပါ ခုလဲတခြားသော IELTS သင်တန်းတွေ General Englush သင်တန်းတွေလဲ အဲ့လိုလုပ်တာခံနေရပါတယ်

-ကျောင်းသားအတွက်ကတော့ ဒီပြဿနာပြေလည်စေမယ့်နည်းကလွယ်လွယ်လေးဖြစ်ပြီး သင်တန်းတခုတက်တော့မယ်ဆိုရင် တကယ်တက်ဖူးတဲ့သူကို အမြင်မှာသွားမေးတာပါပဲ သင်တန်း ၂ ခုကိုယျဥ်တော့မယ်ဆိုရင် ၂ ခုလုံးကိုတက်ဖူးတဲ့သူကိုအပြင်မှာမေးရပါတယ်

-Parasite Marketing ကိုခံရတဲ့သင်တန်းအနေနဲ့ကတော့ ရုတ်တရက်ကိုယ့်ဟာကိုယ်သွားနေတာကနေ ဝုန်းကနဲဆိုသလို လုပ်စရာတွေအများကြီးပေါ်လာတတ်ပါတယ် ဒါမယ့်ကိုယ်သိရမှာတချက်ထဲပါပဲ လုံးဝအရှုံးမပေးပါနဲ့

(3) High Achiever Band Score Culture

-တတိယအချက်ကတော့ Band Score မြင့်မြင့်ထွက်တဲ့သူများအောင်လုပ်တာပါ

-ကျောင်းသားတွေဟာ IELTS သင်တန်းတက်ခါနီးဆို Band Score မြင့်ထွက်တာပဲမြင်ကျပါတယ် ဒီကျောင်းသားစလေ့လာတုန်းကဘယ် Level နဲ့စခဲ့လဲဆိုတာမမြင်ကျပါဘူး

-ဂျင်းထည့်မယ့်သူကအဲ့တော့ ဘာလုပ်လဲဆိုတော့ Academic English နဲ့ရင်းနှီးပြီးသားကျောင်းသားတွေကိုယ့်စီအမြဲလာတက်မယ့်နည်းကိုရှာပါတယ်

-ရှာတော့ဘာလုပ်လဲဆိုတော့ International School တွေ GCE O Level သင်တန်းကျောင်းတွေနဲ့ GED ကျောင်းတွေ ရန်ကုန်မြို့ကနာမည်ကြီးကျောင်းတွေ အကုန်နဲ့ချိတ်ထားလိုက်ပါတယ် ချိတ်ထားပြီး ငါတို့စီလာတက်မယ်ဆို ဘယ်လောက်ဘယ်လောက်ပြန်ပေးမယ် cash back ရှိတယ်ဆိုပြီး လုပ်လိုက်ပါတယ် အဲ့မှာ အဲ့ကကျောင်းသားတွေက Band Score ကောင်းကောင်းထွက်လာကျပါတယ်

-အဲ့တော့ဒီကျောင်းသားတွေအမြဲရနေတော့ Band Score ကောင်းတဲ့သူဟာ အမြဲထွက်ပါတယ် သင်တဲ့သူလဲသင်တတ်စမလိုတော့ဘူး အတွေ့အကြုံရှိစရာမလိုတော့ဘူး ကျောင်းသားတွေရင်ဆိုင်နေရတဲ့ပြဿနာတွေ ဖြေရှင်းတတ်စရာမလိုတော့ပါဘူး

(4) Lack of Networking Among Students

-ပြဿနာကကျောင်းသားတွေကြားထဲမှာ အဆက်အသွယ်မရှိကျတာပါ

-ခေတ်ကာလအခြေအနေကြောင့် IELTS လေ့လာတဲ့အခါ တိတ်တိတ်လေးလေ့လာတယ် ကိုယ့်သူငယ်ချင်းအရင်းကြီးတွေကိုတောင်မပြောတော့ဘူး

-အဲ့တော့ ဘာဖြစ်လဲဆိုတော့ IELTS Exam ဖြေဖူးသူနဲ့ မဖြေဖူးသူကြားမှာ အဆက်အသွယ်ပြတ်နေပါတယ်

-ကိုယ့် identity မဖော်ပြချင်ဘူးဆိုလဲပဲ မဖော်ပြပဲနဲ့ ကိုယ့်အတွေ့အကြုံလေးတွေ share သင့်ပါတယ် ဒါမှကိုယ့်နောက်မှာ ဖြေမယ့်နောက်နောင်လူတွေ မလိုလားအပ်တဲ့အချိန်တွေပိုက်ဆံတွေမကုန်တော့မှာပါ

(5) Times are desperate

-အခြေအနေအချိန်အခါတွေကအားလုံးအသည်းအသန်ဖြစ်နေတဲ့အခါကျတော့ Common sense ပျောက်သွားတာပါ ပုံမှန်အခြေအနေဆိုရင်တော့ ဒီလိုတွေမဖြစ်ပါဘူး

-ဒါမယ့် ကိုယ်သိသင့်သိထိုက်တာသိတော့မှသာ ကိုယ်ရသင့်ရထိုက်တဲ့ Band Score ရတာပါ

(6) Mistakenly believe that more expensive means better

-စာသင်တဲ့လောကဟာ service industry ကြီးတခုဖြစ်လာပြီး ကျောင်းသားနဲ့ဆရာဆရာမကြားမှာလဲ teacher student relationship ကအရင်လိုမဟုတ်တော့ပါဘူး

-ကျောင်းသားတွေကလဲ ဂျင်းထည့်ခံရတော့ သူတို့လဲ ဘယ်သူက ဆရာ ဆရာမစိတ်ရှိလဲ ဘယ်သူကမရှိဘူးဆိုပြီး ရောရောသွားတတ်ပါတယ်

-သိသင့်တာက သင်တန်းတခုနဲ့တခုဟာ ´မတူပါဘူး´ ဆိုတာပါပဲ

-ဆရာ ဆရာမနဲ့ကျောင်းသားကျောင်းသူတွေကြား စေတနာထားတာ အပြန်အလှန်လေးစားမှုရှိတာ ပွင့်ပွင့်လင်းလင်းရှိတာ ရင်းရင်းနှီးနှီးရှိတာမျိုးဖြစ်သင့်ပါတယ်

-ဒါဟာ ဆရာတို့မြန်မာ Culture မှာအရင်ထဲက ရှိပြီးသားအရာတခုပါ ဆရာတို့မြန်မာလူမျိုးတွေမှ ရှိတာမဟုတ်ပဲ တခြားလူမျိုးတွေ တခြားနိုင်ငံတွေမှာလဲ ရှိတဲ့အရာတခုပါ

-အခုလိုမျိုး Professional မဆန်တဲ့သူတွေရဲ့ လုပ်ရပ်တွေကြောင့် ဒီ Culture ဟာပျောက်သွားမှာတော့မဟုတ်ပါဘူး

-မေ့နေကျတာလို့ ဆရာထင်ပါတယ်

-သင်ကြားသူနဲ့သင်ယူသူ အချင်းချင်း နားလည်မှု တည်ဆောက်ယူလို့ရပါတယ်

-ဒီလိုအပြန်အလှန်လေးစားယုံကြည်မှုဟာလဲ အလွန်အရေးကြီးတဲ့အချက်ဖြစ်ပြီး ကိုယ့်ရဲ့ IELTS Journey ကိုဖြောင့်ဖြူးစေတဲ့အရာ ကိုယ့်ရဲ့ IELTS Exam ကိုမြန်မြန်ဖြေလို့ရအောင်လုပ်ပေးတဲ့ အဓိကမောင်းနှင်အားပါပဲခင်ဗျာ

-စျေးကြီးတဲ့သင်တန်းမှကောင်းတယ်ထင်တယ် စျေးသက်သာရင် မကောင်းဘူးထင်တယ် အဲ့ဒါဆို စေတနာတွေ ဘယ်နားသွားထားလဲ?

(7) Believing in Misinformation

-ကျန်ခဲ့မှာဆိုးလို့နောက်ဆုံးတခုကတော့ ဂျင်းထည့်တယ်ဆိုတာ မဟုတ်တာတွေကို Marketing ကောင်းကောင်းနဲ့ ဟုတ်တယ်ထင်အောင်လုပ်တာကို ဂျင်းထည့်တယ်ခေါ်တာပါ

-ဂျင်းစကားကိုယုံလို့ကိုယ့်ရဲ့ IELTS Journey ဟာမလိုအပ်ပဲ ရှုပ်ထွေးလာတာပါ

-ဂျင်းစကားဆိုတာမှာ ကျောင်းသားကြားချင်တာပဲပြောပြီး IELTS နဲ့မဆက်စပ် မဟုတ်တာကိုဟုတ်တယ်လုပ်တာပါ

-IELTS မှာမေးခွန်းဟောင်းတွေမရှိဘူး

-သင်တန်းကပေးတာပဲကြည့်တခြားကြည့်စရာမလိုဘူး

-Linking words တွေဟာအရမ်းအရေးပြီးတယ်

-Intermediate နဲ့ ၂ လနေ Band 7 ရတယ်

-6.5 ကနိမ့်တယ်

-၃ ပတ်နဲ့ IELTS လေ့လာလို့ရတယ်

-သင်တန်းကစစ်ပေးမှ ကိုယ့် Band Score သိနိုင်တာ

-Speaking နဲ့ Writing မှာ feedback ရရင် အရာရာအဆင်ပြေပြီ စသည်အားဖြင့် ကျောင်းသားကြားချင်တာပဲရွေးပြောတာပါ

-ဂျင်း class တခုဟာ သူပြောတဲ့စကားတွေအမြဲ contradict ဖြစ်နေတတ်ပါတယ်

-ဆိုလိုတာက သူ့စကားဟာ အမြဲပါဘူး အမြဲပြောင်းပြောင်းနေတတ်တယ် ၆ လတခါလောက်ပြောင်းတတ်တယ် ဆရာမှတ်မိသလောက်

-ပြီးခဲ့တဲ့ ၆ လကသူပြောခဲ့တာကတမျိုး ခု ၆ လလောက်ကြာတော့ သူပြောတာ နောက်တမျိုးဖြစ်သွားပြီး ပြီးခဲ့တဲ့ ၆ လ လောက်ကနဲ့ဆို ဘာမှမတူပါဘူး

-ဆရာ့အမြင်ကအမှန်တော့ဒါတွေမလိုအပ်ပဲဖြစ်နေတာတွေပါ

-IELTS ဆိုတာဟာလဲ အဲ့လောက်ရှုပ်ထွေးရမယ့်အရာမဟုတ်ပါဘူး အဲ့လောက်ရှုပ်ထွေးနေရင်လဲ ဘယ်သူမှဖြေတော့မှာမဟုတ်ပါဘူး

-အပေါ်ကအချက်တွေကျောင်းသားတွေမသိလဲ ဘာမှမဖြစ်ပါဘူး

-ကိုယ်လုပ်ရမှာက Official IELTS Preparation Materials တွေကြည့်ဖို့ပါပဲ ဒါလေးလုပ်တယ်ဆိုကိုယ့် Journey မှာဖြောင့်ဖြူးသွားပါလိမ့်မယ်

-အဓိကကတော့ IELTS နဲ့ပတ်သတ်တဲ့ Awareness နည်းနေတာပါ

-ဘာလို့နည်းလဲဆိုတော့ ကျောင်းသားတွေဟာ Information တခုမှန်မမှန်ကို Marketing ကောင်းမကောင်းနဲ့ဆုံးဖြတ်နေလို့ပါ

-Marketing ကောင်းတဲ့နည်းနဲ့ဖြန့်တဲ့ IELTS Information ဆိုမှန်တယ်လို့ရင်ပြီး Marketing မကောင်းတဲ့နည်းနဲ့ဖြန့်တဲ့ IELTS Information ဆိုမှားတယ်လို့ထင်တတ်လို့ပါ

-အားလုံးဝိုင်းဝန်းပြီး Awareness မြှင့်လိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ

-ဘယ်လိုပဲဖြစ်စေကာမှု ကျောင်းသားဟာ IELTS Exam ဖြေတဲ့နေ့ရောက်ရင်တော့ သူသိသွားပါလိမ့်မယ်

Purple Words မှ IELTS Result ထွက်သူများကိုကြည့်ရန်

https://www.facebook.com/100064687449473/posts/887465153419725

-IELTS နဲ့ပတ်သတ်တဲ့ Resources တွေအကုန်လုံးကို Level နဲ့ခွဲပြီး တနေရာထဲလေ့လာလို့ရအောင် စုပေးထားတယ် ´Resources for IELTS by Sayar Thwin Oo Nyi´ ဆိုတဲ့စာအုပ် Telegram channel မှာရှိပါတယ်

https://t.me/purplewordsyourdailyieltspartner

-IELTS နဲ့ပတ်သတ်ပြီး E books များ free download လုပ်ချင်တယ်ဆိုရင် ဆရာတို့ Purple Words Telegram channel မှာရှိပါတယ်

-ဆရာ့ရဲ့ Youtube channel link

https://m.youtube.com//videos

-Overall band score 8.0 ရဖူးသူဆရာသွင်ဦးညီ သင်ပါတယ်

ဆရာသွင်ဦးညီရဲ့ personal account
https://www.facebook.com/thwin.nyi

စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS

Photos from Purple Words IELTS's post 10/02/2026

IELTS လေ့လာသူများ Ted Talk နဲ့ BBC Radio ပုံမှန်နားထောင်သင့်ပါတယ်



-လူတိုင်း လူတိုင်း IELTS မှာသူတို့ရရမယ့် band score ကိုအမြန်ဆုံးရဖို့ ဆရာစာသင်တာပါ ဆရာ share သမျှတွေ သင်သမျှတွေအားလုံးဟာ ဒီရည်ရွယ်ချက်တခုထဲအောက်မှာပါပဲ

IELTS Exam မှာ Band Score ကောင်းဖို့ဘာလိုလဲ?

-IELTS လေ့လာတယ်ဆိုတာ ၃ ခုလုပ်နေရတာပါ

(1) Academic English နဲ့ရင်းနှီးအောင်လုပ်ပြီး ကိုယ့်ရဲ့ English Language Level တက်လာရမယ်

(2) Exam Tactic and Strategy နဲ့ရင်းနှီးလာရမယ်

(3) Cambridge IELTS Old Question Paper မေးခွန်းဟောင်းတွေလေ့ကျင့်နေကျဖြစ်ရမယ်

IELTS Listening Exam Format ကဘာလဲ?

-IELTS Listening သည် ၄ ပိုင်းရှိပါတယ်

Section (1)
Daily English Conversation

Section (2)
Daily English Conversation

Section (3)
University Related Topic

Section (4)
Mini Documentary

-Section 1 and 2 သည် daily english conversation ဖြစ်ပြီး အဆင်ပြေချင်တယ်ဆိုရင် UK movies တွေများများကြည့်ဖို့လိုပါတယ်

-Section 3 သည် University နဲ့ဆိုင်တဲ့ကိစ္စ တခုခုဖြစ်ပြီး အဆင်ပြေချင်တယ်ဆို Ted Talk ပုံမှန်နားထောင်ပါ

-Section 4 သည် Documentary အသေးစားလေးဖြစ်ပြီး အဆင်ပြေချင်တယ်ဆို BBC radio ပုံမှန်နားထောင်ပါ

ကိုယ့်လက်ရှိ Band Score ဘယ်လောက်လဲသိချင်ရင် ဘာလုပ်ရမလဲ?

-IELTS Exam Format ကဘယ်လိုပုံစံလဲ ကိုယ့်လက်ရှိ Band Score ဘယ်လောက်ရှိလဲသိချင်တယ်ဆိုရင် Cambridge IELTS Old Question Paper နံပါတ်စဥ်နဲ့စာအုပ် တအုပ်အုပ်ကိုယူပြီူဖြေကြည့်ပါ စာအုပ်ရှေ့ပိုင်းမှာ မေးခွန်း ၄၀ မှာဘယ်နှစ်ခုမှန်တယ်ဆို band score ဘယ်လောက်လဲရေးထားပါတယ် စာအုပ်ရှာရခက်တယ်ဆို ဆရာတို့ Purple Words telegram channel ကနေ download လုပ်ပါ

-Download link
https://t.me/+EnFRfSteumtmMjc9

IELTS Exam Tactic ကဘာလုပ်ပေးတာလဲ?

-IELTS Listening သည် ကိုယ်ကြားလိုက်တာကို နားလည်မှဖြေလို့ရတာပါ နားမလည်ပဲဖြေလို့မရပါဘူး

-Listening Exam Tactic ဆိုတာ ကိုယ်သတိထား
သင့်တာလေးတွေကိုသတိထားနိုင်ဖို့ လုပ်ပေးတာပါ

-ဘယ်လောက်ကောင်းတဲ့ Listening Exam Tactic ပဲဖြစ်စေကာမှု IELTS Listening သည် ကိုယ်ကြားလိုက်တာကို နားလည်မှသာဖြေလို့ရမှာပါ ဒါကြောင့်မို့ ကိုယ့်ရဲ့ English Comprehension Skill နားလည်နိုင်စွမ်းကောင်းဖို့လိုပါတယ်

ကိုယ့်ရဲ့ Listening Comprehension Skill တက်လာအောင်ဘာလုပ်ရမလဲ?

-British Movie လေးတွေပုံမှန်ကြည့်ပါ

-Ted Talk ပုံမှန်နားထောင်ပါ

-BBC radio channel လေးတွေပုံမှန်ကြည့်ပါ

-British Movie ကြည့်ချင်းအားဖြင့် British Accent နဲ့ကိုယ်နဲ့ရင်းနှီးသွားပါလိမ့်မယ်

-Listening Section 3 သည် Academic အရမ်းဆန်ပါတယ် Ted Talk ကလဲ Academic ဆန်တဲ့အတွက် အဆင်ပြေပါတယ်

-Listening Section 4 သည် Documentary အသေးစားလေးတခုလိုပါပဲ Section 4 အဆင်ပြေဖို့ BBC radio ပုံမှန်နားထောင်သင့်ပါတယ်

-Ted Talk နဲ့ BBC Radio ပုံမှန်နားထောင်ခြင်းအားဖြင့် Speaking နဲ့ Writing Task 2 မှာ ပြောစရာရေးစရာ idea ထွက်လာတာမြန်ပါလိမ့်မယ်
ဘယ်မှာဘယ်လို နားထောင်ရမလဲ?

-Ted Talk နားထောင်မယ်ဆို ကိုဟ်စိတ်ဝင်စားမယ့် Topic ကိုပဲရွေးနားထောင်ပါ subtitle နဲ့မကြည့်ပါနဲ့ နားမလည်ဘူးဆို သူပြောသွားတာကို ရေးထားတဲ့စာ transcript သွားရှာဖတ်ပါ Ted Talk ကို application နဲ့နားထောင်ဖို့ အောက်ပါ link မှာ download လုပ်ပါ

https://play.google.com/store/apps/details...

-BBC Radio က application တွေကအများကြီးပါပဲ အလွယ်ဆုံးကနေစပြောပြီး တဆင့်ခြင်းတက်သွားရအောင်ပါ

-အလွယ်ဆုံးကတော့ BBC Learning English ပါပဲ သူက English စာပဲသင်ပေးတာဖြစ်လို့ IELTS နဲ့တော့ မစပ်ဆင်ပါဘူး ဒါမယ့်တခြားအရာတွေခက်နေမယ်ဆိုရင် ဒီကစပါ

-BBC Learning English နားထောင်ရန် download လုပ်ဖို့ link

https://play.google.com/store/apps/details...

-ဒုတိယကတော့ BBC 6 minute English ပါ ဒါကလဲ English စာပဲသင်ပေးတာဆိုပေမယ့် IELTS နဲ့တော့ ဆက်စပ်ပါတယ် ဘာလို့ဆို အကြောင်းအရာ Topic တခုခုပါလာတာမို့ပါ

-BBC 6 minute English နားထောင်ရန် download လုပ်ရန် link

https://play.google.com/store/apps/details...

-တတိယကတော့ BBC Radio channel တွေဖြစ်ပြီး အဲ့မှာ program ပေါင်းစုံ topic ပေါင်းစုံ entertainment ကစလို့ news အဆုံး ကိုယ်ကြိုက်တဲ့ program ကို နားထောင်ပါ

-BBC World News နားထောင်ရန် download လုပ်ရန် link

https://play.google.com/store/apps/details...

-ဆရာသဘောအကျဆုံးကတော့ BBC Hard Talk ဆိုတဲ့ program ပါ

-ကိုယ်နဲ့အဆင်ပြေကိုယ်စိတ်ဝင်စားပြီး ကိုယ့်လက်ရှိ English Level နဲ့သင့်တော်တာကိုနားထောင်ပြီး တဖြည်းဖြည်းနဲ့ခက်တာကို ပြောင်းနားထောင်ပါ

-ကိုယ့်ရဲ့ Leisure activity အားတဲ့အချိန်မှာလုပ်တဲ့အရာကို ခုလို IELTS လေ့လာတဲ့ခေါင်းစဥ်အောက်ကိုရောက်အောင်လုပ်သွားခြင်းအားဖြင့် Exam ကိုမြန်မြန်ဖြေလို့ရလာပါလိမ့်မယ်ခင်ဗျာ

-တချို့ကလဲပြောပါလိမ့်မယ် ငါကတော့ ဒါတွေနားထောင်ခဲ့တာမဟုတ်ဘူး Exam Tactic ပဲလေ့လာပြီးဖြေခဲ့တာဆိုတဲ့ကျောင်းသူကျောင်းသူတွေက IELTS မလေ့လာခင်ထဲက Academic English နဲ့ရင်းနှီးပြီးသားကျောင်းသားကျောင်းသူတွေပါ ဒါမယ့် ဒီလိုကျောင်းသားတွေသည် လူနည်းစုပါ လူအများစုမဟုတ်ပါဘူး

-ဒါလေးတွေနားထောင်ခြင်းအားဖြင့် အထက်ဖော်ပြပါ band score ကောင်းဖို့လိုအပ်ချက် ၃ ခုထဲက Academic English နဲ့ရင်းနှီးဖို့ ပထမတချက်ကိုပြေလည်သွားစေပါလိမ့်မယ်

-ဒါလေးတွေနားထောင်စေချင်တာကအကြောင်းအရင်း ၂ ချက်ကြောင့်ပါ

-ပထမတချက်ကတော့ Exam Tactic သည်အရေးကြီးတယ်ဆိုပေမယ့် Exam Tactic သည် အရာအားလုံးကိုပြေလည်သွားစေမယ့်ဟာမဟုတ်ပါဘူး ကိုယ်ကြုံနေရတဲ့ပြဿနာရဲ့ ၃ ပုံ ၁ ပုံကို Exam Tactic ခေါ်ပါတယ်

-ဒုတိယ တချက်ကတော့ exam မြန်မြန်ဖြေချင်တယ်ဆိုရင် ကိုယ့်အားတဲ့အချိန် leisure activity မှာကိုယ်လုပ်တဲ့အရာဟာ IELTS လေ့လာတဲ့အောက်ရောက်နေမယ်ဆို အချိန်တိုအတွင်းမြန်မြန်ဖြေနိုင်မှာပါခင်ဗျာ

-ဒုတိယတချက်နဲ့ တတိယတချက်ပြေလည်စေဖို့ နည်းလမ်းလေးတွေကိုလဲ ဆရာဆက်ပြီးတင်ပေးသွားပါမယ်

-အကယ်လို့များကိုယ်က Cambridge IELTS Old Question Paper လေးတွေဖြေနေကျဖြစ်ပြီး ကိုယ့်အမှတ်မတက်လာဘူးဆိုရင် အထက်ဖော်ပြပါ တခုခုကိုပုံမှန် တပတ်လောက်နားထောင်ကြည့်ပြီးမှ ပြန်ဖြေမယ်ဆို ကိုယ့်အမှတ်အတိုင်းအတာတခုထိပြန်တက်လာပါလိမ့်မယ်

-ကိုယ့်ရဲ့ IELTS Journey အစမှာ Cambridge IELTS Old Question Paper ထဲက Listening and Reading တစုံလောက်က်ိုဖြေကြည့်ချင်းအားဖြင့် ကိုယ်ဟာ self study ပဲလုပ်လုပ် သင်တန်းပဲတက်တက် နောက်တခေါက် နောက်တစုံကိုဖြေကြည့်လို့ ကိုယ့်အမှတ် ကိုယ့် band score တက်လာလား မတက်လာဘူးလားဆိုတာကို အလွယ်တကူသိနိုင်ပါတယ်

စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS

10/02/2026

ကိုယ့်ရဲ့ Band Score တက်လာဖို့ အများစုအချိန်ပေးရတက်ပါတယ်



-ကိုယ်က 7.5 လောက်လိုချင်တယ် လက်ရှိမှာ Advanced English Level ရှိတယ်ဆိုရင် 1 or 2 months အတွင်းရနိုင်ပါတယ်

-ကိုယ်က 7.5 လောက်လိုချင်တယ် လက်ရှိမှာ Upper Intermediate English Level ရှိတယ်ဆိုရင် 2 or 3 months လောက်အတွင်းရနိုင်ပါတယ်

-ကိုယ်က 7.5 လောက်လိုချင်တယ် လက်ရှိမှာ Intermediate English Level ရှိတယ်ဆိုရင် 4 or 5 months လောက်အတွင်းရနိုင်ပါတယ်

-ကိုယ်က 7.5 လောက်လိုချင်တယ် လက်ရှိမှာ Pre Intermediate English Level ရှိတယ်ဆိုရင် 6 or 7 months လောက်အတွင်းရနိုင်ပါတယ်

-ကိုယ်က 7.5 လောက်လိုချင်တယ်လက်ရှိမှာ Basic English Level ရှိတယ်ဆိုရင် 8 or 9 months လောက်အတွင်းရနိုင်ပါတယ်

-ဆရာ့စီမှာ Pre Intermediate Level ကနေ စလေ့လာပြီး 7.5 လောက်ထိရသွားဖူးသူတွေရှိပါတယ်

-ဒါမယ့် Pre Intermediate Level ကနေ 8 ထိရသွားဖူးတဲ့သူတော့မရှိဘူးသေးပါဘူး

-IELTS လေ့လာတဲ့ကြာချိန်ဟာ ကိုယ့်လက်ရှိ English Level နဲ့ကိုယ်လိုချင်တဲ့ Band Score ကွာခြားချက်မှာမူတည်ပါတယ်

-ကွာခြားချက်များလေ အချိန်ပိုပေးရလေ ကွာခြားချက်နည်းလေ တချိန်ပေးရတာနည်းလေပါ

-အဲ့တော့ အချိန်ကုန်သွားတိုင်းကော ကိုယ့် Band Score တက်လာမှာလားဆို မတက်လာပါဘူး

-တလပြီးတလအချိန်တွေသာကုန်သွားတယ် ကိုယ့် Band Score တက်လာလားမတက်လာဘူးလား မသိပဲ IELTS Journey မှာ တဝဲလည်လည်ဖြစ်နေတဲ့သူတွေမြန်မာပြည်မယ်အများကြီးပါပဲ

-ဒါမယ့်ဒါမဖြစ်သင့်တဲ့ကိစ္စပါ ဘာလို့ဆို ကိုယ့်လက်ရှိ English Level ဘယ် Level ရောက်နေနေ ကိုယ် Band Score ဘယ်လောက်ပဲလိုချင်နေနေ IELTS ဆိုတာ ဖြေရှင်းလို့ရတဲ့အရာတခုပါ

-ကိုယ့် Band Score တက်လာဖို့က ဒီ ၃ ချက်မှန်ဖို့လိုပါတယ်

(1) Right Step

-ကိုယ်လေ့လာလိုက်တဲ့ Course မှန်ရတယ်

-ကိုယ်က Upper Intermediate နဲ့ Advanced Level ရှိတယ်ဆိုရင် Upper Intermediate နဲ့ Advanced Level သမားတွေအတွက် ထုတ်ထားတဲ့ IELTS Course Book နဲ့လေ့လာရပါတယ်

-ကိုယ်င Pre Intermediate or Intermediate Level ဆိုရင် Pre Intermediate or Intermediate Level သမားတွေအတွက်ထုတ်ထားတဲ့ IELTS Course Book နဲ့လေ့လာရပါတယ်

-English Level မတူရင် ကိုယ်လေ့လာရတဲ့ IELTS Course Book ကအစမတူတော့ပါဘူး

-ကိုယ့် Level နဲ့ကိုက်တာလေ့လာတော့မှသာ ကိုယ့်အတွက် လွယ်လဲမလွယ်နေတော့ဘူး ခက်လဲမခက်နေတော့ပဲ ကိုယ့် Band Score တက်လာမှာပါ

-ဘာနဲ့တူလဲဆို ကိုယ် General English လေ့လာတုန်းက ကိုယ်က Pre Intermediate Level ရှိနေတာကို Upper Intermediate Course Book နဲ့သွားလေ့လာတဲ့အခါ စာမလိုက်နိုင်သလိုပါပဲ

-IELTS Course Book တွေဟာ English Level အလိုက်ခွဲထားတဲ့ Course Book တွေရှိပြီး အဲ့ English Level အလိုက်ခွဲထားတဲ့ Official IELTS Course Book တွေနဲ့လေ့လာသွားမယ်ဆိုရင် IELTS လေ့လာနေရင်းနဲ့ကိုယ့် English Level ပါတက်လာစေမယ့် သင်ခန်းစာလေးတွေပါပြီးသားပါ

-အဲ့ဒါကြောင့် IELTS လေ့လာတဲ့အခါ Official IELTS Preparation Material တွေဖြစ်ဖို့အလွန်အရေးပြီးပါတယ်

-အဲ့ဒါစာအုပ်အဖုံးမှာ တံဆိပ်ပါပါတယ် ´Official´ or ´Cambridge´ ဆိုတာပါတယ်

(2) Right Tactic

-ကိုယ်လေ့လာတဲ့နည်းလမ်းမှန်ကန်ရပါတယ်

-ဘာကတော့ သင်ကြားတဲ့သူနဲ့အများကြီးသက်ဆိုင်သွားတာပါ

-IELTS သင်တဲ့နေရာမှာကျွမ်းကျင်မှုရှိမရှိဆိုတာကို ဘာနဲ့တိုင်းရလဲဆိုတော့ English Level နိမ့်နေတဲ့သူတွေကိုကော Band Score ကောင်းအောင် ဆွဲခေါ်ပေးနိုင်လားဆိုတာနဲ့တိုင်းရပါတယ်

-လေ့လာတဲ့နည်းလမ်းမှန်မှကိုယ့် Band Score တက်လာတာပါ မမှန်ဘူးဆို အချိန်တွေပဲကုန်သွားပြီးမတက်လာတော့ပါဘူး

-တော်ပြီးသားသူတွေပဲရွေးသင်နေတယ်ဆိုရင် Band Score ကောင်းတာထွက်ပါတယ်

-ဒါပေမယ့် စာသင်တ​တ်တဲ့ skill set အတွေ့အကြုံဟာ တော်ပြီးသားသူပဲသင်နေသမျှ စာမသင်တတ်လာပါဘူး

-တနည်းအားဖြင့် တော်ပြီးသားသူပဲရွေးသင်နေတဲ့ ဆရာဆရာမဟာ သူဟာလဲ စာသင်တတ်လာမှာမဟုတ်ပါဘူး

-ညံ့တဲ့ကျောင်းသားကို တော်လာအောင်သင်တတ်တော့မှသာ ကျောင်းသားတွေဖြစ်တတ်ကြုံရတတ်တဲ့ issue လေးကို နားလည်လာမှာဖြစ်ပြီး ညံ့တဲ့ကျောင်းသား ဖြစ်တတ်တဲ့ပြဿနာကို ဖြေရှင်းရင်းနဲ့မှ စာသင်တတ်လာတာပါ

-ဆရာဆရာမဆိုတာလဲ နေ့စဥ်နဲ့အမျှကျောင်းသားအကြောင်းနားလည်အောင်ကျောင်းသားစီကနေပြန်သင်ယူနေရတာပါပဲ

(3) Daily Exposure

-ကိုယ်လေ့လာလိုက်တဲ့ Step လဲမှန်သွားပြီ ကိုယ်လုပ်လာနေတဲ့ Exam Tactic လဲမှန်သွားပြီဆိုတော့မှသာ Exam မြန်မြန်ဖြေချင်တယ်ဆိုရင် နေ့တိုင်းအချိန်ပေးပါ

-နေ့တိုင်း IELTS နဲ့ပတ်သတ်တာတွေအတွက်အချိန်မပေးခင်မှာ အထက်ဖော်ပြပါ ၂ ခု မှန်မှရပါမယ်

-ကိုယ်လေ့လာ့လိုက်တဲ့ Step လဲမမှန်ဘူး Exam Tactic လဲမမှန်ပဲ အချိန်သွားပေးနေမယ်ဆို အချိန်ကြာလေ လမ်းလွဲလေ လိုချင်တဲ့ပန်းတိုင်ရောက်ဖို့နဲ့ ပိုပိုဝေးဝေးလာလေပဲဖြစ်လာမှာပါ

-Daily Exposure နေ့တိုင်းအချိန်ပေးတယ်ဆိုတာ မနက်မိုးလင်းကနေမိုးချုပ်စာကြည့်စားပွဲမှာထိုင်ပြီး စာလုပ်နေရတာမျိုးမဟုတ်ပါဘူး

-အဲ့လို မနက်မိုးလင်းကမိုးချုပ်စာလုပ်နေလို့လဲ ကိုယ့် Band Score တက်လာမှာမဟုတ်ပါဘူး

-IELTS နဲ့ဆက်စပ်နေပြီး ကိုယ်နဲ့အဆင်ပြေမယ့် ကိုယ့် English Level နဲ့ကိုက်မယ့် ´Lifestyle´ တခုဖန်တီးရတာပါ

-IELTS ဆိုတာ Habit Building Process ပါ Exam ဖြေနိုင်ဖို့အတွက်ကောင်းမွန်တဲ့ အလေ့အကျင့် ပိစိကွေးသေးသေးလေးတွေ ခဏခဏလုပ်ရင်းတည်ဆောက်ရတာပါ

-ဘာတွေလဲဆိုတော့ ဆရာ recommend ပေးတာကတော့အောက်ဖော်ပြပါတွေဖြစ်ပြီး List ထဲရေးထားတာအကုန်လုပ်ရမယ်မဟုတ်ပါဘူး

-ကိုယ်နဲ့အဆင်ပြေတာလုပ်ပါ အဆင်မပြေတာမလုပ်ပါနဲ့

-IELTS လေ့လာတဲ့ခရီးမှာ ကျောင်းသားတိုင်းတူတာဆိုလို့ IELTS Past Paper တွေလေ့ကျင့်ရတာပဲရှိတာပါ

-IELTS Past Paper တွေလေ့ကျင့်ရတာကလွဲရင် ကျောင်းသားတိုင်းတယောက်နဲ့ တယောက် လေ့လာရတာမတူပါဘူး ဘာလို့ဆို တယောက်နဲ့တယောက်ကျောင်းသားတွေဟာအကြိုက်မတူလို့ပါ

-Vocabulary ပုံမှန်ကျက်

-BBC news ပုံမှန်နားထောင်

-British TV series လေးတွေပုံမှန်ကြည့်

-Cambridge IELTS Past Paper လေးတွေဖြေ

-Speaking Partner တယောက်ရှာပြီးစကားပြော

-IELTS Advantage ဝင်ကြည့်

-Reader Digest Magazine ပုံမှန်ဖတ်

-Writing Samples လေးတွေပုံမှန်ဖတ်

-IELTS Ryan မှာ IELTS Speaking ကျင့်

-Documentary ပုံမှန်ကြည့်

-Writing Task 2 အကြမ်းချရေး

-Speaking Part 2 and Part 3 အကြမ်းချရေး

-Ted Talk နားထောင် Commencement Speech နားထောင်

-ကိုယ့် English Level နဲ့သင့်တော်တာပဲလုပ် မသင့်တော်တာမလုပ်နဲ့

-Past Paper တွေဖြေကြည့်လို့ Reading and Listening မေးခွန်း ၄၀ မှာ ၂၀ အောက်ပဲရတယ်ဆို Foundation ကစလေ့လာ ​Past Paper တွေဖြေတာကိုရပ် receptive skill လုပ်

-Past Paper တွေဖြေကြည့်လို့ ၂၀ ကျော်တယ်ဆို ဆက်ဖြေ

-Mock Test ဝင်ဖြေ

-Networking လုပ် ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဘယ်သူ IELTS ဖြေဖူးလဲလိုက်မေး IELTS Group တွေမြန်မာပြည်က Group ကောနိုင်ငံခြားက Group တွေလိုက် Join

-ကိုယ်သဘောကျတာလုပ် သဘောမကျတာမလုပ်နဲ့

-IELTS Past Paper တွေလူတိုင်းလေ့ကျင့်ရတာကလွဲရင်ကျန်တာတွေကတော့ တယောက်နဲ့တယောက်ကွဲသွားတယ်

-ဒီ ၃ ချက်ကို ဘယ်လောက်မှန်အောင်လုပ်နိုင်သလဲဆိုတာက ကိုယ် IELTS Exam ဖြေရတာဘယ်လောက်ကြာမလဲဆိုတာကိုဆုံးဖြတ်ပေးသွားတာပါ

-ဒီ ၃ ချက်ကို မှန်အောင်လုပ်နိုင်လေ Exam မြန်မြန်ဖြေလို့ရလေ ဒီ အချက်လွဲလေ အချိန်ပိုကြာလေပါပဲ

-ကိုယ့် Band Score တက်မတက်ကလဲ IELTS Past Paper နဲ့ပဲတိုင်းလို့ရပါတယ် တခြားဘာနဲ့မှတိုင်းလို့မရပါဘူး

-အဲ့တော့ IELTS လေ့လာတာဘယ်လောက်ကြာလဲဆိုတာဟာ ဒီ ၃ ချက်ကို ဘယ်လောက်မှန်အောင်ကိုယ်လုပ်နိုင်သလဲဆိုတာမှာမူတည်ပါတယ်

-ပုံသေတော့မရှိပါဘူး

-ဒါမယ့်မြန်ပြည်ကကျောင်းသားတွေပြဿနာက စာမလုပ်တာမဟုတ်ပဲနဲ့ IELTS Misinformation ခေါ်တဲ့ မဟုတ်မမှန်တာတွေကိုသွားယုံနေမိတာပါ

-ဒါကြောင့်မို့ ကိုယ့်သူငယ်ချင်းထဲမှာ ဘယ်သူ IELTS ဖြေဖူးလဲဆိုတာမေးဖို့အရေးကြီးပါတယ်

Purple Words မှ IELTS Result ထွက်သူများကိုကြည့်ရန်
https://www.facebook.com/100064687449473/posts/887465153419725

IELTS နဲ့ပတ်သတ်ပြီး E books များ free download လုပ်ချင်တယ်ဆိုရင် ဆရာတို့ Purple Words Telegram channel မှာရှိပါတယ်

https://t.me/purplewordsyourdailyieltspartner

-IELTS နဲ့ပတ်သတ်တဲ့ Resources တွေအကုန်လုံးကို Level နဲ့ခွဲပြီး တနေရာထဲလေ့လာလို့ရအောင် စုပေးထားတယ် ´Resources for IELTS by Sayar Thwin Oo Nyi´ ဆိုတဲ့စာအုပ် Telegram channel မှာရှိပါတယ်

-ဆရာ့ရဲ့ Youtube channel link
https://m.youtube.com//videos

စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


145/147 (C), 5th Floor, Thein Phyu Road, Kandawkalay, Mingalar Taung Nyunt Township
Yangon
11181