21/09/2026
IELTS Reading Band Score မတက်လာရင်ဘာလုပ်သင့်လဲ?
-Mingalarpar
-IELTS လေ့လာသူတွေကြားထဲမှာ Reading Band Score မတက်လာတာ တက်လိုက်ကျလိုက်ဖြစ်နေတာ fluctuate ဖြစ်နေတာဟာ ကြုံရလေ့ရှိတဲ့ အခက်အခဲတခုပါပဲ
-ဒီတော့ပထမဆုံးကိုယ်သိသင့်တာကတော့ ကိုယ်တယောက်ထဲဖြစ်နေတာမဟုတ်ဘူးဆိုတာပါပဲ
-ဒုတိယအချက်အနေနဲ့သိသင့်တာကတော့ ဒါကိုယ်ဖြေရှင်းလို့ရတယ်ဆိုတာပါပဲ
-IELTS ဆိုတာ သူ့ရဲ့ Band Score ကတိတိကျကျရှိပါတယ်
-IELTS နဲ့ဆိုတာကိုယ်ဖြေရှင်းလို့ရတဲ့အရာတခုပါပဲဆိုတာ သိစေချင်ပါတယ်ခင်ဗျာ
-ကိုယ့်ရဲ့ Reading Band Score တက်လာလားမတက်လာဘူးလားဆိုတာကတော့ Mock Test ဖြေတဲ့အခါ Past Paper ဖြေတဲ့အခါ Exam Practice လုပ်တဲ့အခါ Cambridge Paper ဖြေတဲ့အခါသိနိုင်ပါတယ်
-ဒီလိုကြုံတွေ့နေရပြီဆိုရင် အကြောင်းအရင်း ၃ ခုပဲရှိပါတယ်
-ဒီမေးခွန်းလေး ၃ ခုကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်စေချင်ပါတယ်
(1) Is there a question type that is challenging for me?
-Reading band score တက်လိုက်ကျလိုက်ဖြစ်နေတဲ့ အဖြစ်အများဆုံးအကြောင်းအရင်းကတော့ Question Type တခုခုကကိုယ့်ကိုအဆင်မပြေအောင်လုပ်နေတာပါ
-ကိုယ်ဟာလေ့ကျင့်တာများလာပြီ ကိုယ့်ရဲ့ Band Score fluctuate ဖြစ်နေတယ်ဆိုရင်ပြန်စစ်ရပါမယ်
-ကိုယ်ဖြေခဲ့တဲ့ Reading Paper တွေပြန်ကြည့်ပြီးတော့ ဘယ် Question Type ပါလာရင် ကိုယ့်ရဲ့ Band Score သိသိသာသာကျသွားလဲဆိုတာလိုက်ရှာရပါတယ်
-တယောက်နဲ့တယောက်တော့မတူပါဘူး
-တချို့အတွက်က True False Not Given
-တချို့အတွက်က Multiple Choice
-တချို့အတွက်က Heading
-တချို့က Searching Information
-ကိုယ်ဖြေထားတဲ့ Paper တွေပြန်ကြည့်ရမှာပါ သူများဖြေထားတာလိုက်ကြည့်ရမှာမဟုတ်ပါဘူး
-ဘာလို့လဲဆိုတော့သူမရတဲ့ Question Type နဲ့ကိုယ်မရတဲ့ Question Type တူချင်မှတူမှာပါ
-အများစုအတွက်တော့ အပေါ်က ၄ မျိုးပါပဲ
-ကိုယ်အားနည်းနေတဲ့ Question Type ကိုတွေ့ပြီဆိုရင် အဲ့ Question Type နဲ့ပတ်သတ်တဲ့ Exam Tactic ကိုပြန်လေ့လာရပါမယ်
-အမြဲတမ်းနေ့တိုင်း Past Paper တွေပဲလေ့ကျင့်နေရတာမျိူးမဟုတ်ပါဘူး
(2) Is my receptive skill good enough for my desired band score?
-ဒုတိယအဖြစ်အများဆုံးကတော့ Receptive skill အားနည်းနေတာပါ
-Receptive Skill ဆိုတာ ဆရာ့အခေါ်အဝေါ်ဖြစ်ပြီးတော့ ကိုယ့်ရဲ့ English Reading Comprehension Skill စာဖတ်အားကိုပြောတာပါ
-သိကျတဲ့အတိုင်း IELTS Reading Paper တွေဟာ Exam Tactic သုံးပြီးတော့ အဖြေရှိမယ့်နေရာကိုရှာပြီးဖတ်ဖြေပါတယ်
-အစအဆုံးဖတ်မဖြေပါဘူး scanning သွားပြီးဖြေပါတယ် ဒါမှအချိန်မှီတာပါ
-သို့သော်လဲပဲ ဘယ်လိုနည်းလမ်းနဲ့ပဲ scanning သွားသွား Keyword ရှိတဲ့တဝိုက်တော့ကိုယ်ဖတ်ရပါသေးတယ်
-ဒီလိုဖတ်တဲ့အခါ အတိုင်းအတာတခုထိတော့ ကိုယ်နည်းနည်းပါးပါးနားလည်ရပါသေးတယ်
-ဒီလိုနည်းနည်းပါးပါးနားလည်ဖို့လုပ်တာကို Receptive Skill လို့ခေါ်ပါတယ်
-လက်ရှိခေတ်ကာလလူငယ်တွေကြားထဲမှာတော့ Level Up လုပ်တယ်ခေါ်ပါတယ်
-Receptive Skill လုပ်ဖို့က တခုခုပုံမှန်ဖတ်လေ့ဖတ်ထရှိရပါမယ်
-IELTS Reading Paper တွေကလွဲလို့တခြားသော ကိုယ်စိတ်ဝင်စားတဲ့အရာတခုခုဖတ်လေ့ရှိရတယ်
-ကိုယ့်ရဲ့ Leisure Activity အနေနဲ့လုပ်ရတာဖြစ်ပါတယ် ကိုယ်သဘောကျတာကိုယ်ဖတ်လို့ရတယ် အဓိကကပုံမှန်ဖတ်လေ့ရှိဖို့ပါပဲ
-Short story, poem, novel, magazine, news article, blog, reader digest တခုခုပေါ့ ကိုယ်စိတ်ဝင်စားတာတခုခုဆိုရပါတယ်
-Reader Digest Magazine ကတော့ IELTS လေ့လာသူများအတွက်အသင့်တော်ဆုံးအကောင်းဆုံးပါပဲ
-ကိုယ်ဖတ်လိုက်တဲ့အရာဟာ English Language ပဲသင်ပေးတဲ့အရာတခုမဖြစ်ရပါဘူး
-Topic အကြောင်းအရာတခုခုပါတာဖြစ်ရပါမယ်
-ဒီအရာကိုဖတ်လိုက်လို့ ကိုယ်က English စာပဲတတ်သွားတယ်ဆိုရင် ကိုယ်ဟာ General English လေ့လာနေတာပါ
-ဒီအရာကိုဖတ်လိုက်လို့ English Language အပြင် အကြောင်းအရာ Topic တခုခုပါလာတယ်ဆိုရင် ကိုယ်ဟာ IELTS လေ့လာနေတာပါ
-ဒီလိုတခုခုဖတ်ရင်းနဲ့ Vocabulary ပုံမှန်ကျက်ရပါတယ်
-ကိုယ်ကအစထဲက IELTS မတိုင်ခင်ထဲကတခုခုပုံမှန်ဖတ်လေ့ရှိတဲ့သူဆိုရင်တော့ ဒီအချက်မလိုတော့ပါဘူး
-ကိုယ့်ရဲ့ IELTS Reading band score fluctuation အရမ်းဖြစ်နေတာဟာ ကိုယ့်ရဲ့ English Comprehension Skill အားနည်းနေလို့လဲဖြစ်နိုင်ပါတယ်
-Academic English နဲ့ကိုယ်ရင်းနှီးဖို့လိုတဲ့အတွက် Academic English ဆန်တဲ့အရာတခုခုပုံမှန်ဖတ်ဖို့လိုပါတယ်
(3) Do I have enough exam practice
-တတိယအဖြစ်အများဆုံးကတော့ ကိုယ်ကိုယ်တိုင်ကိုကလေ့ကျင့်တဲ့အကြိမ်အရေအတွက်နည်းနေသးတာပါ
-IELTS Exam Practice လုပ်တယ်လို့ခေါ်တဲ့ Past Paper လေ့ကျင့်တာ Mock Test ဖြေတဲ့အရာဟာ ခဏခဏလုပ်ရတဲ့အရာတခုပါပဲ
-Frequency အကြိမ်အရေအတွက်ပေါ့လေ ဒါလဲအရေးကြီးပါတယ် ဘာလို့လိုလဲဆိုသူက Question Type တွေများနေတာကို
-ဒီ Question Type တွေကိုစုံအောင်လေ့ကျင့်မိဖို့ပဲအတိုင်းအတာတခုထိအချိန်ပေးရပါတယ်
-တချို့ကလဲ ၂ စုံ ၃ စုံလောက်လေ့ကျင့်ပြီးပြီဆို ဖြေပြီးပြီထင်တတ်ကျပါတယ်
-Exam Practice လုပ်ရတာပင်ပန်းတဲ့အတွက် ဆရာ့ class ထဲမှာဆိုရင်တော့ ဆရာနဲ့အတူတူလုပ်တာပါ
-ဆရာနဲ့အတူတူလေ့ကျင့်တဲ့အကြိမ်အရေအတွက်များလာတာနဲ့အမျှကိုယ့်ရဲ့ Band Score ဟာလဲသိသိသာသာတက်လာပါလိမ့်မယ်
-မည်သို့ပင်ဆိုစေကာမှုကိုယ်ဟာ လေ့ကျင့်နေပါရက်နဲ့ ကိုယ့်ရဲ့ IELTS Reading Band Score fluctuate ဖြစ်နေတယ်ဆိုရင် အထက်ဖော်ပြပါ ၃ ခုထဲက တခုခုကြောင့်ပဲဖြစ်ပါလိမ့်မယ်
-ဘယ်အချက်လဲသိပြီဆိုရင် အဲ့အချက်ကိုအချိန်ခဏသွားပေးပြီး တခြား ၂ ခုကို ခဏရပ်ထားရပါတယ်
-Alternative Method ဒီလိုအလှည့်ကျသွားလေ့ရတာကို IELTS Journey လို့ခေါ်တာပါ
-စာအုပ်တွေဆရာတို့ Telegram channel မှာ free download လုပ်လို့ရပါတယ်
ဆရာသွင်ဦးညီ Tik Tok link
www.tiktok.com/.thwin.oo.nyi
Purple Words မှ IELTS Result ထွက်သူများကိုကြည့်ရန်
https://www.facebook.com/100064687449473/posts/887465153419725
Purple Words မှ IELTS Result ထွက်သူများကိုကြည့်ရန်
https://www.facebook.com/100064687449473/posts/887465153419725
-IELTS နဲ့ပတ်သတ်တဲ့ Resources တွေအကုန်လုံးကို Level နဲ့ခွဲပြီး တနေရာထဲလေ့လာလို့ရအောင် စုပေးထားတယ် ´Resources for IELTS by Sayar Thwin Oo Nyi´ ဆိုတဲ့စာအုပ် Telegram channel မှာရှိပါတယ်
https://t.me/purplewordsyourdailyieltspartner
-IELTS နဲ့ပတ်သတ်ပြီး E books များ free download လုပ်ချင်တယ်ဆိုရင် ဆရာတို့ Purple Words Telegram channel မှာရှိပါတယ်
-ဆရာ့ရဲ့ Youtube channel link
https://m.youtube.com//videos
-Overall band score 8.0 ရဖူးသူဆရာ
သွင်ဦးညီ သင်ပါတယ်
စေတနာဖြင့်
သွင်ဦးညီ
Purple Words IELTS