23/05/2026
မနေ့က Andaman 8 Agency ရဲ့ ကျောင်းသူ အဖွဲ့ (၂) ဖွဲ့လုံး ဂျပန်နိုင်ငံကို အောင်အောင်မြင်မြင်နဲ့ ထွက်ခွာသွားနိုင်ခဲ့ကြပြီး၊ ဒီနေ့မှာတော့ အားလုံးပဲ အဆင်ပြေချောမွေ့စွာနဲ့ ဂျပန်မြေကို ခြေချနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းကောင်းပါးလာပါတယ်။ 🥰
မိမိတို့ရဲ့ အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် Andaman 8 ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဂျပန်ရောက် ရှိနေတဲ့ Andaman 8 မှ ကျောင်းသူ၊ ကျောင်းသား အားလုံးလည်း အလုပ်အကိုင်တွေ အဆင်ပြေပြီး အောင်မြင်တဲ့ ဘဝပန်းတိုင်ကို အမြန်ဆုံး လှမ်းကိုင်နိုင်ပါစေကြောင်း Andaman 8 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 🌸💼
06/05/2026
Andaman Eight မှ နောက်ထပ် ကျောင်းသူ (၂) ဦး ဂျပန်နိုင်ငံသို့ ဒီနေ့မှာပဲ အောင်မြင်စွာ ထွက်ခွာသွားပါပြီ။ ✈️🇯🇵
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ရင်း မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အမိအရ ဆုပ်ကိုင်နိုင်ကြပါစေလို့ Andaman Eight မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ရှေ့ဆက်ရမယ့် ခရီးလမ်းမှာလည်း အောင်မြင်မှုတွေ အလီလီ ရရှိပါစေဦးနော်။ ✨
04/05/2026
🌸 ဂျပန်ရောက်သူတိုင်း စောင့်မျှော်နေတဲ့ Golden Week ပိတ်ရက်ရှည်ကြီး ရောက်ရှိလို့လာပါပြီ! 🇯🇵
ဂျပန်မှာ အလုပ်လုပ်နေတဲ့သူတွေရော၊ ကျောင်းတက်နေတဲ့သူတွေအတွက်ပါ တစ်နှစ်မှာ တစ်ခါပဲရတဲ့ "Golden Week" ဆိုတဲ့ ပိတ်ရက်ရှည်ကြီးက အခုဆိုရင် မေလ (၃) ရက်နေ့ကနေ မေလ (၆) ရက်နေ့အထိ တောက်လျှောက် ပိတ်တော့မှာဖြစ်ပါတယ်။
🤔 ဘာလို့ ဒီရက်တွေကို ပိတ်တာလဲ? (နားရက်တွေရဲ့ အဓိပ္ပာယ်)
ဒီရက်တွေမှာ ဂျပန်နိုင်ငံရဲ့ အရေးကြီးတဲ့ အထိမ်းအမှတ်နေ့တွေ တစ်ဆက်တည်း ကျရောက်နေလို့ ဖြစ်ပါတယ် -
မေလ (၃) ရက် (Constitution Memorial Day): ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ကျင့်သုံးခဲ့တဲ့နေ့ကို ဂုဏ်ပြုတဲ့နေ့ပါ။
မေလ (၄) ရက် (Greenery Day): သဘာဝပတ်ဝန်းကျင်နဲ့ သစ်ပင်ပန်းမန်တွေကို တန်ဖိုးထားတဲ့နေ့ဖြစ်ပြီး တစ်နိုင်ငံလုံး စိမ်းလန်းစိုပြေဖို့ ရည်ရွယ်ပါတယ်။
မေလ (၅) ရက် (Children's Day): ကလေးငယ်တွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ဆုတောင်းပေးတဲ့နေ့ပါ။ အိမ်ရှေ့တွေမှာ "Koinobori" လို့ခေါ်တဲ့ ငါးကျည်းအလံလေးတွေ လွှင့်ထူထားတာကို မြင်တွေ့ရမှာပါ။
မေလ (၆) ရက် (Substitute Holiday): အများပြည်သူရုံးပိတ်ရက်တွေက တနင်္ဂနွေနဲ့ ထပ်နေတဲ့အတွက် အစားထိုးပိတ်ရက်အဖြစ် ထပ်မံအနားရတာပဲ ဖြစ်ပါတယ်။
🚄 Golden Week မှာ ဘာတွေ ထူးခြားလဲ?
ဒီကာလဟာ ရာသီဥတုကလည်း သာယာ၊ ပန်းတွေလည်း ပွင့်တဲ့အချိန်ဖြစ်လို့ ဂျပန်လူမျိုးတွေရော နိုင်ငံခြားသားတွေပါ ခရီးထွက်တာ၊ အပန်းဖြေတာတွေ အများဆုံး လုပ်ကြပါတယ်။ ဒါကြောင့် ရထားတွေ၊ လေယာဉ်တွေနဲ့ လည်ပတ်စရာနေရာတွေမှာ လူအရမ်းစည်ကားတတ်တဲ့ ကာလလည်း ဖြစ်ပါတယ်။
ပင်ပန်းသမျှ အားပြန်ဖြည့်ဖို့အတွက် အကောင်းဆုံး ပိတ်ရက်ရှည်ကြီးမို့လို့...
ဂျပန်ရောက် သူငယ်ချင်းတို့လည်း ဒီရက်တွေမှာ အလုပ်တွေ၊ စာတွေ ခဏနားပြီး စိတ်ကြိုက်အနားယူရင်း ပျော်ရွှင်စရာ Golden Week လေးကို ဖြတ်သန်းလိုက်ကြပါဦးနော်။ ✨
#ဂျပန်ပိတ်ရက်
30/04/2026
ဒီနေ့လို ထူးမြတ်လှတဲ့ ကဆုန်လပြည့်နေ့မှာ
Andaman Eight ရဲ့ မိသားစုဝင်များ၊ ကျောင်းသား၊
ကျောင်းသူများနှင့်တကွ မိတ်ဆွေများအားလုံး ဘေးဘယာ
ဝေးကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း
များနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း
တောင်းအပ်ပါသည်။ 🙏
30/04/2026
ဒီနေ့ ည ၇ နာရီမှာ တွေ့ကြမယ်နော် 😘
🌸 ဂျပန်နိုင်ငံမှာ ဘိုးဘွားစောင့်ရှောက်ရေး (Kaigo) အလုပ်အကိုင်နဲ့ အောင်မြင်ချင်သူတွေအတွက် သတင်းကောင်း 🌸
ဂျပန်သွားဖို့ ရည်မှန်းချက်ထားထားပေမယ့် အင်တာဗျူးမှာ ဘာတွေမေးမလဲ၊ ကိုယ့်ရဲ့အရည်အချင်းတွေကို အလုပ်ရှင်သဘောကျအောင် ဘယ်လိုပြောပြရမလဲဆိုတာ စိတ်ပူနေပါသလား ခင်ဗျ? 🥺
ဒီအခက်အခဲတွေကို ကူညီပေးဖို့အတွက် Andaman Eight ကနေပြီးတော့ Tokutei Kaigo Webinar လေးကို Zoom ကနေတစ်ဆင့် အခမဲ့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ 🎊
✨ ဒီ Webinar မှာ ဘာတွေ လေ့လာခွင့်ရမလဲ?
🔹 အင်တာဗျူး အောင်မြင်ဖို့ နည်းလမ်းများ: အလုပ်ရှင်တွေ သဘောကျမယ့် ဖြေဆိုပုံ လျှို့ဝှက်ချက်များ။
🔹 Kaigo နယ်ပယ်ရဲ့ ဗဟုသုတများ: လက်တွေ့လုပ်ငန်းခွင်မှာ သိထားရမယ့် အခြေခံဗဟုသုတများ။
🔹 ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ တင်ပြပုံ: ဂျပန်အလုပ်ရှင်တွေရှေ့မှာ မိမိရဲ့ အရည်အချင်းကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်ဖို့။
🔹 အခြားသော အခွင့်အလမ်းများ: Kaigo အပြင် တခြားသော အကျိုးကျေးဇူးနဲ့ အခွင့်အလမ်းသစ်များ။
ဂျပန်စာ N4/5 အောင်မြင်ထားပြီးသူများ သို့မဟုတ် ဖြေဆိုဖို့ ပြင်ဆင်နေသူများအားလုံး တက်ရောက်နိုင်ပါတယ်ခင်ဗျ။
📅 Webinar ကျင်းပမည့် အစီအစဉ်
🗓 နေ့ရက်: ဧပြီလ ၃၀ ရက်၊ ၂၀၂၆ (ကြာသပတေးနေ့)
🕖 အချိန်: ညနေ ၇:၀၀ နာရီ
📍 နေရာ: Zoom Application (Online)
📌 စာရင်းပေးသွင်းရန်
_____________________
အောက်က Link မှာ ဖြစ်စေ၊
https://forms.gle/NiYhS4iFxYyg
Edits
ဖော်ပြပါlink တွင် လူပြည့်သွားပါသဖြင့် စာရင်းပေးသွင်းလိုပါက ရုံးသို့တိုက်ရိုက် ဖုန်းခေါ်ဆို စာရင်းပေးသွင်းနိုင်ပါပြီ ခင်ဗျ။
ပုံထဲက QR Code ကို Scan ဖတ်ပြီးဖြစ်စေ အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်။
📞 အသေးစိတ်သိရှိလိုပါက
09 - 799 744 199 / 09 - 799 744 299
23/04/2026
🌸 ဂျပန်နိုင်ငံမှာ ဘိုးဘွားစောင့်ရှောက်ရေး (Kaigo) အလုပ်အကိုင်နဲ့ အောင်မြင်ချင်သူတွေအတွက် သတင်းကောင်း 🌸
ဂျပန်သွားဖို့ ရည်မှန်းချက်ထားထားပေမယ့် အင်တာဗျူးမှာ ဘာတွေမေးမလဲ၊ ကိုယ့်ရဲ့အရည်အချင်းတွေကို အလုပ်ရှင်သဘောကျအောင် ဘယ်လိုပြောပြရမလဲဆိုတာ စိတ်ပူနေပါသလား ခင်ဗျ? 🥺
ဒီအခက်အခဲတွေကို ကူညီပေးဖို့အတွက် Andaman Eight ကနေပြီးတော့ Tokutei Kaigo Webinar လေးကို Zoom ကနေတစ်ဆင့် အခမဲ့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ 🎊
✨ ဒီ Webinar မှာ ဘာတွေ လေ့လာခွင့်ရမလဲ?
🔹 အင်တာဗျူး အောင်မြင်ဖို့ နည်းလမ်းများ: အလုပ်ရှင်တွေ သဘောကျမယ့် ဖြေဆိုပုံ လျှို့ဝှက်ချက်များ။
🔹 Kaigo နယ်ပယ်ရဲ့ ဗဟုသုတများ: လက်တွေ့လုပ်ငန်းခွင်မှာ သိထားရမယ့် အခြေခံဗဟုသုတများ။
🔹 ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ တင်ပြပုံ: ဂျပန်အလုပ်ရှင်တွေရှေ့မှာ မိမိရဲ့ အရည်အချင်းကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်ဖို့။
🔹 အခြားသော အခွင့်အလမ်းများ: Kaigo အပြင် တခြားသော အကျိုးကျေးဇူးနဲ့ အခွင့်အလမ်းသစ်များ။
ဂျပန်စာ N4/5 အောင်မြင်ထားပြီးသူများ သို့မဟုတ် ဖြေဆိုဖို့ ပြင်ဆင်နေသူများအားလုံး တက်ရောက်နိုင်ပါတယ်ခင်ဗျ။
📅 Webinar ကျင်းပမည့် အစီအစဉ်
🗓 နေ့ရက်: ဧပြီလ ၃၀ ရက်၊ ၂၀၂၆ (ကြာသပတေးနေ့)
🕖 အချိန်: ညနေ ၇:၀၀ နာရီ
📍 နေရာ: Zoom Application (Online)
📌 စာရင်းပေးသွင်းရန်
_____________________
အောက်က Link မှာ ဖြစ်စေ၊
https://forms.gle/NiYhS4iFxYyg
Edits
ဖော်ပြပါlink တွင် လူပြည့်သွားပါသဖြင့် စာရင်းပေးသွင်းလိုပါက ရုံးသို့တိုက်ရိုက် ဖုန်းခေါ်ဆို စာရင်းပေးသွင်းနိုင်ပါပြီ ခင်ဗျ။
ပုံထဲက QR Code ကို Scan ဖတ်ပြီးဖြစ်စေ အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်။
📞 အသေးစိတ်သိရှိလိုပါက
09 - 799 744 199 / 09 - 799 744 299
22/04/2026
📢 မြန်မာနိုင်ငံမှာ ထပ်တိုးကျင်းပတော့မည့် Tokutei Gino စာမေးပွဲ အသစ်အကြောင်း
ဂျပန်နိုင်ငံမှာ Specific Skilled Worker (SSW) ဗီဇာနဲ့ အလုပ်လုပ်ကိုင်လိုသူများအတွက် ဂျပန်အစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (METI) မှ တရားဝင်အသိအမှတ်ပြုထားသည့် Industrial Product Manufacturing SSW(i) Exam ကို မြန်မာနိုင်ငံတွင် ဖြေဆိုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
⚙️ စာမေးပွဲအမည်နှင့် အမျိုးအစား
ဤစာမေးပွဲကို製造分野特定技能1号評価試験, SSW(i) Exam for Industrial Product Manufacturing “စက်မှုကုန်ထုတ် ကျွမ်းကျင်မှုစစ်ဆေးခြင်း စာမေးပွဲ" ဟု ခေါ်ဆိုပြီး ကွန်ပျူတာဖြင့်ဖြေဆိုရသော CBT (Computer Based Testing) စနစ်ဖြင့် ကျင်းပမည် ဖြစ်ပါသည်။
🛠 ဖြေဆိုနိုင်သည့် လုပ်ငန်းခွင်ဘာသာရပ်များ
- Machining and Metal Processing (စက်ပစ္စည်းနှင့် သတ္တုပြုပြင်ခြင်း)
- Electric and Electronic Device Assembly (လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း တပ်ဆင်ခြင်း)
- Metal Surface Treatment (သတ္တုမျက်နှာပြင် ပြုပြင်ခြင်း)
- Cardboard Box Manufacturing (ကတ်ထူဖာ ထုတ်လုပ်ခြင်း)
- Precast Concrete Manufacturing (ကွန်ကရစ်ပုံလောင်းပစ္စည်း ထုတ်လုပ်ခြင်း)
- Refuse Derived Fuel Making (အမှိုက်မှ လောင်စာတုံးထုတ်လုပ်ခြင်း)
- Pottery and Porcelain Making (မြေထည်နှင့် ကြွေထည်ပစ္စည်း ထုတ်လုပ်ခြင်း)
- Printing / Bookbinding (ပုံနှိပ်နှင့် စာအုပ်ချုပ်လုပ်ငန်း)
Fabricated Textiles Manufacturing (အထည်အလိပ် ထုတ်လုပ်မှု)
- Sewing (အထည်ချုပ်လုပ်ငန်း)
- Electric wire and cable manufacturing (လျှပ်စစ်နန်းကြိုးနှင့် ကေဘယ်ကြိုး ထုတ်လုပ်ခြင်း)
- Prefabricated housing product manufacturing (အသင့်တပ်ဆင်အိမ်သုံးပစ္စည်း ထုတ်လုပ်ခြင်း)
- Furniture manufacturing (ပရိဘောဂ ထုတ်လုပ်ခြင်း)
Shaped and Monolithic Refractories (မီးခံပစ္စည်း ထုတ်လုပ်ခြင်း)
- Ready-mixed concrete manufacturing (အသင့်စပ်ကွန်ကရစ် ထုတ်လုပ်ခြင်း)
- Rubber Product manufacturing (ရော်ဘာပစ္စည်း ထုတ်လုပ်ခြင်း)
- Bag and Luggage Manufacturing (အိတ်နှင့် ခရီးဆောင်အိတ် ထုတ်လုပ်ခြင်း)
📝 စာမေးပွဲ အချက်အလက်များ
* မေးခွန်းပုံစံ: ရေးဖြေ (၃၀) မေးခွန်း နှင့် လက်တွေ့ (၁၀) မေးခွန်း စုစုပေါင်း (၄၀)။
* အောင်မှတ်: ရေးဖြေ (၆၅%) နှင့် လက်တွေ့ (၆၀%) အထက်ရရှိရန် လိုအပ်ပါသည်။
* အောင်လက်မှတ်သက်တမ်း: စာမေးပွဲအောင်မြင်ပါက ၁၀ နှစ် အထိ သက်တမ်းရှိပါသည်။
အားလုံးဘဲ အဆင်ပြေကြပါစေ ခင်ဗျ။
09/04/2026
မြန်မာ့နှစ်သစ်ကူး မဟာအတာသင်္ကြန် ရုံးပိတ်ရက်အား အသိပေးကြေညာခြင်း
Andaman Eight Company သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရုံးပိတ်မည် ဖြစ်ပါသည်။
ထို့ကြောင့် ဝန်ဆောင်မှုများကို ဧပြီ ၁၀ ရက်နေ့ ညနေ ၄နာရီခွဲအထိ နောက်ဆုံးထား၍ ရယူနိုင်ပြီး၊ ဧပြီ ၂၀ ရက်နေ့မှ ပြန်လည်စတင်၍ ပုံမှန်အတိုင်း ဝန်ဆောင်မှုများကို ရရှိမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အသေးစိတ် တစ်စုံတစ်ရာ သိလိုပါက
09-799744199
09-799744299 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
သင်္ကြန်အတာကာလအတွင်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းသော အားလပ်ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။❤️
08/04/2026
ခရီးစဉ်တစ်လျှောက် အဆင်ပြေပြေနဲ့ ဂျပန်နိုင်ငံကို ရောက်ရှိသွားပါပြီ။ 🌸💼
Andaman 8 ကို ယုံကြည်စွာလက်တွဲခဲ့ပေးကြလို့ ကျေးဇူးတင်ပါတယ်နော်၊ရှေ့ဆက်မဲ့ ဘဝခရီးမှာလည်း အောင်မြင်မှုပေါင်းများစွာ သိမ်းပိုက်နိုင်ပါစေ။
06/04/2026
A8 ကို ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ ကျောင်းသူလေးများ ဒီနေ့မှာတော့ ဂျပန်နိုင်ငံသို့ အောင်မြင်စွာ ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။ 💼✨
ကျောင်းသား/ကျောင်းသူတွေရဲ့ အနာဂတ်ကို ပုံဖော်ပေးဖို့ A8 က အမြဲအသင့် ရှိနေမှာပါ။
ခရီးစဉ်တစ်လျှောက် အဆင်ပြေပါစေ။ 🇯🇵✈️🇲🇲"