Andaman Eight Mirai

Andaman Eight Mirai Andaman Eight
...Of the STUDENTS...By the STUDENTS...For the STUDENTS WE SUPPORT YOU TO GO JAPAN.

WORK PEMIT VISA TRAINING VISA , STUDENT VISA , NURSE VISA ,

🇯🇵 ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီးမှာ စက်ချုပ်ကျွမ်းကျင်သူတစ်ယောက် နဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ချင်သူများအတွက် သတင်းကောင...
12/08/2026

🇯🇵 ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီးမှာ စက်ချုပ်ကျွမ်းကျင်သူတစ်ယောက် နဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ချင်သူများအတွက် သတင်းကောင်း! 🧵✨

Andaman Eight Agency မှ Training Visa ဖြင့် ဂျပန်သွားရောက်လုပ်ကိုင်မည့် စက်ချုပ်အင်တာဗျူးအတွက် လျှောက်လွှာများ စတင်လက်ခံနေပါပြီခင်ဗျ။

✨ JLPT / NAT-TEST N4 အောင်မြင်ထားသူများကို ပိုမို ဦးစားပေး ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

🇯🇵 တိုကျိုနဲ့ နီးနီးနားနားမှာ လုပ်ကိုင်ခွင့်ရရှိမယ့်အပြင် အနာဂတ်အတွက် ခိုင်မာတဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ရယူလိုက်ပါ။

👉 အသေးစိတ် စုံစမ်းမေးမြန်းပြီး စာရင်းပေးသွင်းရန် -
📞 Phone: 09 - 799 744 199 / 09 - 799 744 299

👘 ဂျပန်နွေရာသီ ပွဲတော်တွေထဲက အကြိုက်ဆုံး Bon Odori (盆踊り) အက 🏮ဂျပန်ရိုးရာ အကတွေထဲမှာ Bon Odori ရဲ့ တီးလုံးအသံနဲ့ ကဟန်ကို ...
10/08/2026

👘 ဂျပန်နွေရာသီ ပွဲတော်တွေထဲက အကြိုက်ဆုံး Bon Odori (盆踊り) အက 🏮

ဂျပန်ရိုးရာ အကတွေထဲမှာ Bon Odori ရဲ့ တီးလုံးအသံနဲ့ ကဟန်ကို အကြိုက်ဆုံးပါပဲ။

နွေရာသီ ပွဲတော်ရောက်ရင် အမျိုးသား၊ အမျိုးသမီးတွေအားလုံး စည်းဝါးညီညီ ဝိုင်းဖွဲ့ ကပြကြတာ သိပ်ကို ချစ်စရာကောင်းပါတယ်။ ✨

ဒါ့အပြင် အမျိုးသား၊ အမျိုးသမီး အများစုက ယက်တောင်လေးတွေ ကိုင်၊ Amigasa (編み笠) လို့ခေါ်တဲ့ ဂျပန်ရိုးရာ နှီးဦးထုပ်လေးတွေ နှင့် ရိုးရာဝတ်စုံများ ဝတ်ဆင်ပြီး ကပြကြတာလဲ ဒီအကရဲ့ အလှပဆုံး သင်္ကေတတစ်ခုပါပဲ။ 🌸

ဂျပန်ရောက်နေကြတဲ့ သူတွေထဲမှာရော ဒီ Bon Odori ပွဲတော်ကို သဘောကျတဲ့သူတွေ ရှိကြလားဟင်?

အမှတ်တရလေးတွေကို Comment မှာ ရေးပေးခဲ့ပါဦးနော်။ 💬✨

🌧️ မြန်မာမှာ မိုးရွာနေပေမဲ့ ဂျပန်မှာတော့ အတော်လေး ပူအိုက်နေတဲ့ နွေရာသီကြီး ရောက်နေပါပြီ... ☀️🇯🇵မြန်မာပြည်ရဲ့ နွေရာသီ ပူတ...
07/08/2026

🌧️ မြန်မာမှာ မိုးရွာနေပေမဲ့ ဂျပန်မှာတော့ အတော်လေး ပူအိုက်နေတဲ့ နွေရာသီကြီး ရောက်နေပါပြီ... ☀️🇯🇵

မြန်မာပြည်ရဲ့ နွေရာသီ ပူတာနဲ့ ဂျပန်ရဲ့ နွေရာသီ ပူတာ မတူဘူးလို့ ဂျပန်ရောက် မြန်မာအများစုက ပြောကြတာ ကြားဖူးကြတယ်မလား? 🤔

မြန်မာပြည်မှာ ပူရင် နေပူရှိန်းရှိန်းနဲ့ ပူတာမျိုးဖြစ်ပေမဲ့ ဂျပန်ရဲ့ နွေရာသီကတော့ စိုထိုင်းဆ (Humidity) အလွန်မြင့်တာကြောင့် လေထုက အငွေ့ပြန်ပြီး ပေါင်းအိုးထဲ ရောက်နေသလိုမျိုး "အပူပေါင်း" တာပါ။

အိမ်ပြင်ခဏလေး ထွက်လိုက်တာနဲ့ ချွေးတွေ ရွှဲရွှဲစိုပြီး လေအေးပေးစက် (Aircon) မရှိရင် မနေနိုင်လောက်အောင် ခံစားရခက်တာမို့ "မြန်မာပြည်ထက် ပိုပူတယ်/ပိုနေရခက်တယ်" လို့ ခံစားရတာဖြစ်ပါတယ်။ 🌡️💦

ဒါကြောင့် Andaman Eight ပရိသတ်ကြီးထဲက ဂျပန်ရောက် ရဲဘော်တို့ရေ...
👉 ဂျပန်ရဲ့ နွေရာသီ အပူဒဏ်ကို ဘယ်လိုများ ဖြတ်သန်းနေကြရလဲ?
👉 မြန်မာပြည် အပူနဲ့ ဘယ်လိုတွေ မတူဘဲ ပိုပူတယ်လို့ ခံစားရလဲဆိုတာ...

ကိုယ်တွေ့ ခံစားချက်လေးတွေကို Comment မှာ ရေးပြခဲ့ကြပါဦးနော်။ 👇💬

မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဆုမွန်ကောင်းတောင်းလွှာ 🌕🙏ယနေ့တွင် ကျရောက်သော မင်္ဂလာအပေါင်းနှင့် ပြည့်စုံ...
28/07/2026

မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဆုမွန်ကောင်းတောင်းလွှာ 🌕🙏

ယနေ့တွင် ကျရောက်သော မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဝါဆိုလပြည့် အခါသမယတွင် Andaman Eight Company Limited ၏ မိတ်ဟောင်း၊ မိတ်သစ်များ၊ သင်တန်းသား/သူများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဂျပန်အဖွဲ့အစည်းများ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။ 🙏

ဝါဆိုလပြည့်နေ့၏ ဓမ္မအလင်းရောင်နှင့်အတူ -

🙏 စီးပွားရေး၊ လူမှုရေး လုပ်ငန်းဆောင်တာများ အားလုံး အဆင်ပြေချောမွေ့စွာ အောင်မြင်ပါစေကြောင်း၊

🙏 ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းနေကြသော လူငယ်များ၏ အိမ်မက်များနှင့် ရည်မှန်းချက်များ အမြန်ဆုံး အကောင်အထည်ပေါ်ပါစေကြောင်း၊

🙏 မိသားစုများ အားလုံး ဘေးဥပဒ်အန္တရာယ်ကင်းဝေးပြီး စိတ်အေးချမ်းသာစွာဖြင့် လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း

Andaman Eight မိသားစုမှ စေတနာမွန်ဖြင့် ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

Andaman Eight Co., Ltd.
(Overseas Employment Agency)

🌊 ဒီနေ့ ဂျပန်မှာ ရုံးပိတ်ရက်ဆိုတာ သိကြလား? 🤔 ဂျပန်နိုင်ငံရဲ့ "ပင်လယ်နေ့" (Marine Day) အကြောင်း တစေ့တစောင်းဂျပန်နိုင်ငံကိ...
20/07/2026

🌊 ဒီနေ့ ဂျပန်မှာ ရုံးပိတ်ရက်ဆိုတာ သိကြလား? 🤔 ဂျပန်နိုင်ငံရဲ့ "ပင်လယ်နေ့" (Marine Day) အကြောင်း တစေ့တစောင်း

ဂျပန်နိုင်ငံကို သွားရောက်ဖို့ ကြိုးစားပြင်ဆင်နေကြတဲ့ Andaman Eight ရဲ့ ချစ်ရတဲ့ ကျောင်းသား/ကျောင်းသူတို့ခင်ဗျ…

ဒီနေ့ (ဇူလိုင်လ ၂၀ ရက်) ဟာ ဂျပန်နိုင်ငံရဲ့ အများပြည်သူရုံးပိတ်ရက်တစ်ခုဖြစ်တဲ့ "Umi no Hi" (海の日) သို့မဟုတ် Marine Day (ပင်လယ်နေ့) ဖြစ်ပါတယ်။

ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံအတွက် ပင်လယ်ပြင်ဟာ အလွန်အရေးပါသလို၊ ပင်လယ်ကြီးရဲ့ ကျေးဇူးတရားတွေကို အောက်မေ့သတိရပြီး နိုင်ငံတော် သာယာဝပြောဖို့ ဆုတောင်းတဲ့အနေနဲ့ ဒီနေ့ကို စည်ကားသိုက်မြိုက်စွာ သတ်မှတ်ကျင်းပတာဖြစ်ပါတယ်။

💡 ပင်လယ်နေ့မှာ ဂျပန်လူမျိုးတွေ ဘာလုပ်ကြလဲ?

☘️ ပင်လယ်ကမ်းခြေသွားကြတယ်: နွေရာသီရဲ့ အစောပိုင်းကာလဖြစ်တာကြောင့် လူအများစုဟာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေသွားပြီး အပန်းဖြေကြပါတယ်။

☘️ Mudballs လွှတ်ကြတယ်: အချို့ဒေသတွေမှာ ပင်လယ်ရေထု သန့်စင်စေဖို့ အကျိုးပြုအဏုဇီဝပိုးမွှားတွေပါတဲ့ ရွှံ့လုံး (Mudballs) တွေကို ပင်လယ်ထဲ ပစ်ထည့်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတွေ လုပ်လေ့ရှိပါတယ်။

☘️ Water Shows & Illuminations: ဆိပ်ကမ်းမြို့တွေဖြစ်တဲ့ ယိုကိုဟားမား (Yokohama) နဲ့ တိုကျိုတို့မှာ ရောင်စုံမီးထွန်းပွဲတွေ၊ ရေပေါ်ဖျော်ဖြေပွဲတွေနဲ့ မီးရှူးမီးပန်းပွဲတွေကို ကြည့်ရှုနိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ ရောက်ရှိပညာသင်ကြား၊ လုပ်ကိုင်နေကြတဲ့ Andaman Eight ရဲ့ ကျောင်းသား/ကျောင်းသူဟောင်းများလည်း မနက်ဖြန် ပိတ်ရက်မှာ ပင်လယ်ကမ်းခြေသွားရင်း နွေရာသီအပန်းဖြေမှုကို အပြည့်အဝ ခံစားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

မြန်မာနိုင်ငံကနေ ဂျပန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ စာတွေ ကြိုးစားနေကြတဲ့ ကျောင်းသား/ကျောင်းသူများလည်း နောက်နှစ်ဆိုရင် ဂျပန်က လှပတဲ့ အပြာရောင်ကမ်းခြေတွေဆီ ရောက်ရှိခံစားနိုင်ပါစေလို့ Andaman Eight မိသားစုက ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

အားလုံးပဲ ပျော်ရွှင်စရာ ကမ်းခြေပိတ်ရက်လေး ဖြစ်ပါစေ။ 🌊☀️

"ဂျပန်စာလည်း တော်ပါရဲ့၊ အလုပ်လည်း ကြိုးစားပါရဲ့... ဒါပေမဲ့ ဘာလို့ ဂျပန်လူကြီးက ကိုယ့်ကို သိပ်သဘောမကျသလို ဖြစ်နေတာလဲ?" 🤔 ...
15/07/2026

"ဂျပန်စာလည်း တော်ပါရဲ့၊ အလုပ်လည်း ကြိုးစားပါရဲ့... ဒါပေမဲ့ ဘာလို့ ဂျပန်လူကြီးက ကိုယ့်ကို သိပ်သဘောမကျသလို ဖြစ်နေတာလဲ?" 🤔

ဂျပန်အလုပ်ခွင်ရဲ့ ရွှေစည်းကမ်းတစ်ခုဖြစ်တဲ့ "Ho-Ren-So" ထဲက Hokoku (報告 - သတင်းပို့ခြင်း/အစီရင်ခံခြင်း) ကို သေချာနားမလည်ကြလို့ပဲ ဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေဟာ အလုပ်တစ်ခုကို တစ်ယောက်တည်း ဆုံးဖြတ်လုပ်တာထက် အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရတာကို တန်ဖိုးထားပါတယ်။ ဒါကြောင့် "ကိုယ့်အထက်လူကြီးကို သတင်းပို့ခြင်း (Hokoku)" က အရမ်းအရေးကြီးပါတယ်။

မိမိရဲ့ လုပ်ငန်းခွင်အခြေအနေကို အမြဲတစေ သတင်းပို့ (Hokoku) တတ်တဲ့ အကျင့်လေးကို မွေးမြူထားမယ်ဆိုရင် ဂျပန်အလုပ်ခွင်မှာ လူချစ်လူခင်ပေါပြီး ရာထူးတိုး၊ လစာတိုးဖို့ လမ်းစဖြစ်လာမှာ သေချာပါတယ်ခင်ဗျာ။ 🙌

ကဲ ဂျပန်ကိုလာမဲ့ သူငယ်ချင်းတွေကိုလည်း သိသွားအောင် Mention ခေါ်ပြီး မျှဝေပေးလိုက်ဦးနော်!

ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့ကတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ "Tanabata" (七夕) သို့မဟုတ် ကြယ်ပွဲတော်ညလေးပဲ ဖြစ်ပ...
07/07/2026

ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့ကတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ "Tanabata" (七夕) သို့မဟုတ် ကြယ်ပွဲတော်ညလေးပဲ ဖြစ်ပါတယ်။ 🎋

🌌 နဂါးငွေ့တန်းဂလက်ဆီရဲ့ တစ်ဖက်တစ်ချက်စီမှာ ကွဲကွာနေကြတဲ့ ရက်ကန်းသည်မလေး Orihime (織姫) နဲ့ နွားကျောင်းသားလေး Hikoboshi (彦星) တို့ ဇနီးမောင်နှံဟာ တစ်နှစ်မှာ တစ်ကြိမ် (ဒီလို ဇူလိုင် ၇ ရက် ညမှာပဲ) မိုးကောင်းကင်ကို ဖြတ်ပြီး ဆုံတွေ့ခွင့် ရကြတာပါ။

ဂျပန်လူမျိုးတွေကတော့ ဒီလိုအမှတ်တရနေ့တွင် ဝါးပင်လေးတွေပေါ်မှာ မိမိတို့ရဲ့ ဆုတောင်းချက်တွေကို ရောင်စုံစက္ကူလေးတွေ (Tanzaku) ပေါ်ရေးပြီး ချိတ်ဆွဲ ဆုတောင်းလေ့ရှိကြပါတယ်။

အားလုံးပဲ ဒီနေ့ညမှာ ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်စရာအချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ၊ လိုအင်ဆုတောင်းတွေလည်း ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🌟

🇯🇵 Training Visa နဲ့ Japan သွားဖို့ ပြင်ဆင်နေပါသလား။Japan ကို Training Visa (Technical Intern Training Program - 技能実習) န...
06/07/2026

🇯🇵 Training Visa နဲ့ Japan သွားဖို့ ပြင်ဆင်နေပါသလား။

Japan ကို Training Visa (Technical Intern Training Program - 技能実習) နဲ့ သွားဖို့ စီစဉ်နေသူတွေအတွက် မဖြစ်မနေ သိထားရမယ့် အခြေခံလိုအပ်ချက်တွေကို မျှဝေပေးလိုက်ပါတယ်။ ကြိုတင်သိထားရင် ပြင်ဆင်ရတာ ပိုမိုလွယ်ကူမြန်ဆန်စေမှာပါ။ ✨

📋 အခြေခံလိုအပ်ချက်များ

🔹 ၁။ အသက်အရွယ်

ပုံမှန်အားဖြင့် ၁၈ နှစ်မှ ၃၃ နှစ်ဝန်းကျင် အထိ အဓိကခေါ်ယူလေ့ရှိပြီး အလုပ်အမျိုးအစားနဲ့ အလုပ်ရှင်ကုမ္ပဏီရဲ့ သတ်မှတ်ချက်ပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ လုပ်ငန်းအချို့တွင် ၃၈ နှစ်ဝန်းကျင်အထိ ခေါ်ယူတတ်ပါသည်။

🔹 ၂။ ပညာအရည်အချင်း

ကန့်သတ်ချက် မရှိပါဘူး။ ဒါပေမယ့် အချို့လုပ်ငန်းခွင်များအတွက် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းလက်မှတ်များ ရှိထားပါက ပိုမိုမျက်နှာပန်းလှပါတယ်။

🔹၃။ ကျန်းမာရေး ကောင်းမွန်ခြင်း

ဂျပန်နိုင်ငံမှာ ရေရှည်အလုပ်လုပ်ကိုင်မှာဖြစ်လို့ မသွားခင် သတ်မှတ်ထားတဲ့ ဆေးစစ်ချက် (Medical Check-up) အားလုံး အောင်မြင်ပြီး ကိုယ်ကာယနှင့် စိတ်ကျန်းမာရေး အပြည့်အဝကောင်းမွန်ရန် အလွန်အရေးကြီးပါတယ်။

🔹 ၄။ ဂျပန်ဘာသာစကား အရည်အချင်း

အလုပ်အမျိုးအစားအလိုက် အခြေခံ ဂျပန်ဘာသာစကား (အနည်းဆုံး N5 သို့မဟုတ် N4 အဆင့်)အောင်မြင်ထားရန် သို့မဟုတ် သတ်မှတ်ထားသော ဘာသာစကားသင်တန်း နာရီပြည့်မီရန် လိုအပ်ပါတယ်။ ဂျပန်စကား ကောင်းကောင်းပြောဆိုနားလည်နိုင်လေလေ လုပ်ငန်းခွင်နှင့် နေထိုင်မှုမှာ ပိုမိုအဆင်ပြေလေလေ ဖြစ်ပါတယ်။

🔹 ၅။ လိုအပ်သော စာရွက်စာတမ်းများ

📄 နိုင်ငံကူးလက်မှတ် (PJ Passport)

🪪 နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နှင့် UID

🏠 အိမ်ထောင်စုစာရင်း

🎓 ဂျပန်စာအောင်လက်မှတ် နှင့် တခြားရှိထားသော Certificate များ

📸 လိုင်စင်ဓာတ်ပုံများနှင့် အခြားလိုအပ်သော ကိုယ်ရေးအချက်များ

📥 Japan အလုပ်အကိုင်များနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Andaman Eight Page ရဲ့ Chat Box သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🤝

🇯🇵 Tokutei Ginou ဘိုးဘွားစောင့်ရှောက်ရေး (Kaigo) ဗီဇာနဲ့ Japan သွားဖို့ ဘာတွေလိုအပ်မလဲ? 🏥💡✨ဂျပန်နိုင်ငံမှာ အလုပ်အကိုင် အ...
01/07/2026

🇯🇵 Tokutei Ginou ဘိုးဘွားစောင့်ရှောက်ရေး (Kaigo) ဗီဇာနဲ့ Japan သွားဖို့ ဘာတွေလိုအပ်မလဲ? 🏥💡✨

ဂျပန်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း အများဆုံးနဲ့ ရေရှည်အခြေချ နေထိုင်ခွင့်အထိ ရရှိနိုင်တဲ့ Tokutei Ginou (Specified Skilled Worker) ဘိုးဘွားစောင့်ရှောက်ရေး (介護 - Kaigo) လုပ်ငန်းနဲ့ သွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတဲ့ ကျောင်းသား၊သူများ သိထားရမယ့် အခြေခံလိုအပ်ချက်တွေကို သေချာလေး စုစည်းပေးလိုက်ပါတယ်ခင်ဗျာ။ 📑

🔔 ၁။ ဘာသာစကား အရည်အချင်း

✅ JFT-Basic (A2 Level) သို့မဟုတ်

✅JLPT N4 နှင့်အထက် အောင်မြင်ထားရပါမယ်ခင်ဗျာ။

🔔 ၂။ ဘိုးဘွားစောင့်ရှောက်ရေး ကျွမ်းကျင်မှု စာမေးပွဲ

✅ Tokutei Kaigo စာမေးပွဲ ကို မြန်မာပိုင်း နှင့် ဂျပန်ပိုင်းဆိုပြီး စာမေးပွဲ (၂) ခုလုံးကို အောင်မြင်ထားဖို့ လိုအပ်ပါတယ်ခင်ဗျာ။

🔔 ၃။ အသက်အရွယ်နှင့် ကိုယ်ခန္ဓာကျန်းမာရေး (Age & Health) 💪

✅ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။

✅ ဘိုးဘွားတွေကို မေတ္တာရှေ့ထားပြီး ပြုစုစောင့်ရှောက်ရမှာဖြစ်လို့ စိတ်ရှည်သည်းခံနိုင်စွမ်းရှိပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။

🔔 ၄။ လိုအပ်သော စာရွက်စာတမ်းများ

📄 နိုင်ငံကူးလက်မှတ် (Passport)

🪪 နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)

🏠 အိမ်ထောင်စုစာရင်း

🎓 ပညာရေးအထောက်အထားများနှင့် Certificate များ

📸 လိုင်စင်ဓာတ်ပုံများနှင့် အခြားလိုအပ်သော ကိုယ်ရေးအချက်အလက် စာရွက်စာတမ်းများ

ဂျပန်နိုင်ငံမှာ လစာ၊ ခံစားခွင့်နဲ့ လုပ်ငန်းခွင် အခွင့်အလမ်းကောင်းမွန်တဲ့အပြင် ရေရှည်မှာပါ အခြေချနေထိုင်ခွင့်အထိ အလားအလာရှိတဲ့ ဒီ Kaigo လမ်းကြောင်းအကြောင်းကို ပိုမိုသိရှိချင်တာပဲဖြစ်ဖြစ်၊ 💭

Kaigo နဲ့ ပက်သတ်ပြီး ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမယ့် ဂျပန်အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေကို ဆွေးနွေးတိုင်ပင်ချင်တာပဲဖြစ်ဖြစ်၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေအတွက် အကြံဉာဏ်တောင်းခံချင်တာပဲဖြစ်ဖြစ်... 🤔

ကျွန်တော်တို့ Andaman Eight က အမြဲတမ်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်ခင်ဗျာ။ Kaigo နဲ့ ပက်သတ်ပြီး သိလိုသမျှကို အသေးစိတ် ဆွေးနွေးအကြံပြုပေးဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ရှိနေလို့ ဘာပဲသိချင်သိချင် Andaman Eight ရဲ့ Page Chatbox (CB) မှာ လွတ်လပ်စွာ လာရောက်မေးမြန်း တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။ 📥✨

🇯🇵 Tokutei Ginou (SSW) Visa နဲ့ Japan သွားဖို့ ပြင်ဆင်နေပါသလား?ဂျပန်နိုင်ငံကို Tokutei Ginou (Specified Skilled Worker -...
29/06/2026

🇯🇵 Tokutei Ginou (SSW) Visa နဲ့ Japan သွားဖို့ ပြင်ဆင်နေပါသလား?

ဂျပန်နိုင်ငံကို Tokutei Ginou (Specified Skilled Worker - 特定技能) ဗီဇာနဲ့ သွားရောက်လုပ်ကိုင်ဖို့ စီစဉ်နေသူတွေအတွက် မဖြစ်မနေ သိထားရမယ့် အခြေခံလိုအပ်ချက်တွေကို စုစည်းမျှဝေပေးလိုက်ပါတယ်။ 💼✨

📋 အခြေခံလိုအပ်ချက်များ

🔹 ၁။ အသက်အရွယ်

ပုံမှန်အားဖြင့် ၁၈ နှစ်ပြည့်ပြီးသူ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။ သို့သော် လုပ်ငန်းအမျိုးအပေါ်မူတည်ပြီး ၃၅ အောက်တွေကို ပိုမိုခေါ်ယူလေ့ရှိတက်ကြပါတယ်။

🔹 ၂။ ဂျပန်ဘာသာစကား အရည်အချင်း

ဂျပန်နိုင်ငံတွင် တိုက်ရိုက်လုပ်ငန်းခွင်ဝင်ရမှာ ဖြစ်လို့ အခြေခံဆက်သွယ်ပြောဆိုနိုင်စွမ်း ရှိရပါမယ်။
The Japan Foundation Test (JFT-A2) အောင်မြင်ထားရန် သို့မဟုတ် JLPT N4 အဆင့် အနည်းဆုံး အောင်မြင်ထားရန် လိုအပ်ပါတယ်။

🔹 ၃။ သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စာမေးပွဲ (Skill Test)

မိမိသွားရောက်လုပ်ကိုင်မယ့် ကဏ္ဍအလိုက် (ဥပမာ - စိုက်ပျိုးရေး၊ အစားအသောက်ထုတ်လုပ်ရေး၊ ဟိုတယ်၊ ဘိုးဘွားစောင့်ရှောက်ရေး စသည်ဖြင့်) ဂျပန်နိုင်ငံက သတ်မှတ်ထားတဲ့ Skill စာမေးပွဲကို ( Tokutei စာမေးပွဲ ) အောင်မြင်ထားရန် လိုအပ်ပါတယ်။

🔹 ၄။ ကျန်းမာရေး ကောင်းမွန်ခြင်း

ဂျပန်နိုင်ငံတွင် ရေရှည်အလုပ်လုပ်ကိုင်နိုင်ရန်နှင့် လုပ်ငန်းခွင်အဆင်ပြေစေရန်အတွက် သတ်မှတ်ထားသော ဆေးစစ်ချက် (Medical Check-up) အားလုံး အောင်မြင်ပြီး ကိုယ်ကာယနှင့် စိတ်ကျန်းမာရေး အပြည့်အဝကောင်းမွန်ရပါမယ်။

🔹 ၅။ အဓိက လိုအပ်သော စာရွက်စာတမ်းများ

📄 နိုင်ငံကူးလက်မှတ် (PJ Passport)
🪪 နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နှင့် UID
🏠 အိမ်ထောင်စုစာရင်း
🎓 ဂျပန်စာအောင်လက်မှတ် နှင့် Tokutei စာမေးပွဲ အောင်လက်မှတ်များ
📸 လိုင်စင်ဓာတ်ပုံများနှင့် အခြားလိုအပ်သော ကိုယ်ရေးအချက်များ

📥 Japan Tokutei Ginou အလုပ်အကိုင်များနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Andaman Eight ရဲ့ Chat Box သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🤝

Address

Khayae Yaik Thar Street
Yangon
11021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959799744199

Alerts

Be the first to know and let us send you an email when Andaman Eight Mirai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share