CAD - Series

CAD - Series သင်တန်း စုံစမ်းလိုသူများ..
🔰 𝘍𝘢𝘤𝘦𝘣𝘰𝘰𝘬 𝘔𝘦𝘴𝘴𝘦𝘯𝘨𝘦𝘳 |
☎️ 09 420 111 210 « 𝘛𝘦𝘭𝘦𝘨𝘳𝘢𝘮 » မှ
ဆက်သွယ်နိုင်ပါသည်။

🔰AutoCAD အတွက် ကိုယ်ပိုင် Template (.dwt) ပြင်ဆင်ထားတာဟာ..Project တစ်ခုစတိုင်း Layer တွေပြန်ချိန်ရတာ၊ Dimension Style တွ...
04/08/2026

🔰AutoCAD အတွက် ကိုယ်ပိုင် Template (.dwt) ပြင်ဆင်ထားတာဟာ..

Project တစ်ခုစတိုင်း Layer တွေပြန်ချိန်ရတာ၊ Dimension Style တွေ ပြန်ပြင်ရတာ၊
Border Frame တွေ ရှာထည့်နေရတာတွေကို
မလိုတော့ဘဲ..အချိန် အများကြီး သက်သာစေတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်..

​စနစ်ကျပြီး သုံးရလွယ်ကူတဲ့ Custom Template တစ်ခု ဖန်တီးဖို့အတွက် အဓိက အစိတ်အပိုင်း (၅) ခု ကို စနစ်တကျ ပြင်ဆင်ရပါမယ်..

​၁။ Units နှင့် Limits သတ်မှတ်ခြင်း (Units & Limits)
​Drawing မစခင် Measurement System အမှန်ကို သတ်မှတ်ထားရပါမယ်။

✅ Command UN (Units) ရိုက်ပါ။
◦ ​Type: Decimal (မက်ထရစ်စနစ်အတွက်) သို့မဟုတ် Architectural (ပေ/လက်မ အတွက်)
◦ ​Precision: 0 သို့မဟုတ် 0.00 ကြိုက်တာ ရွေးပါ။
◦ ​Insertion Scale: Millimeters သို့မဟုတ် Inches တခုခုရွေးပါ။

✅ Command LIMITS ရိုက်ပြီး Drawing Area အကျယ်ကို ကြိုတင် သတ်မှတ်ထားနိုင်ပါတယ်။

​၂။ Standard Layer System တည်ဆောက်ခြင်း (Layer Properties)

​Layer Name၊ Color၊ LineType များကို စနစ်တကျ ခွဲခြားထားခြင်းဖြင့် Drawing ကြည့်ရတာ ရှင်းလင်းပြီး On/Off သား/ဖျောက် လုပ်ရတာ လွယ်ကူစေပါတယ်..

✅ ​Command LA (Layer) သို့သွား၍ အောက်ပါအတိုင်း Preset များ ဖန်တီးထားပါ..

နမူနာ အနေနဲ့
A-Wall
White / Cyan
Continuous
0.35 mm

A-Door-Win
Green
Continuous
0.18 mm

A-Text
Yellow
Continuous
Default

A-Dim
Red / Color 10
Continuous
0.13 mm

A-Center
Red
CENTER
0.15 mm

A-Hatch
Color 8 (Dark Gray)
Continuous
0.09 mm

Defpoints
White
Continuous
Default

၃။ Annotation Styles ပြင်ဆင်ခြင်း (Text & Dimension Styles)
​မတူညီသော Drawing Scale များအတွက် Dimension ရော Text ပါ ကြည့်ကောင်းစေရန် Preset ချိန်ထားရပါမယ်..

✅​Text Style (ST)
• ​Font Name ကို Standard ဖြစ်သော Arial, Romans စသည်ဖြင့် လိုအပ်သလိုသတ်မှတ်ပါ..

✅​ Dimension Style (D)
• ​New Style တစ်ခုဖန်တီးပြီး လိုအပ်တဲ့အတိုင်း ချိန်ပါ။
ဥပမာ -
◦ ​Lines: Ext lines, Baseline spacing ချိန်ရန်။
◦ ​Symbols and Arrows: Arrow size (ဥပမာ- 2.5mm) သတ်မှတ်ရန်။
◦ ​Text: Text height (2.5mm or 3.0mm)

​၄။ Layout Tab နှင့် Dynamic Title Block (Paper Space)
​Model Space မှာ ဆွဲထားတာကို စကေးမှန်မှန် Print ထုတ်ဖို့ Layout Space တွင် Title Block (Border Frame) ကို ပြင်ထားရပါမယ်..

နမူနာ အနေနဲ့ -
Layout Tab သို့ သွားပါ (ဥပမာ- Layout1 ကို A3-Landscape ဟု Rename ပေးပါ)။

Layout Tab ပေါ် Right-click > Page Setup Manager > Modify ကိုနှိပ်ပါ။
◦ ​Printer/Plotter: DWG To PDF.pc3
◦ ​Paper Size: ISO full bleed A3 (420.00 x 297.00 MM)
◦ ​Plot Area: Layout
◦ ​Scale: 1:1

✅ Title Block ဖန်တီးခြင်း
◦ ​A3 စာရွက်ဆိုဒ်အပြည့် Border Frame ဆွဲပါ။
◦ ​Project Name, Drawing Title, Scale, Date, Drawn By စသည့် အချက်အလက်များအတွက် တည်ဆောက်ထားပါ။

​၅။ Essential Blocks နှင့် Multi-Leaders ပြင်ဆင်ခြင်း
​ခါတိုင်း ထပ်ခါထပ်ခါ သုံးနေရတဲ့ Symbol များကို Block အဖြစ် သိမ်းထားပါ။

• ​Multi-Leader Style (MLS): Detail Arrow များ၊ Section Marking များအတွက် Arrow head နှင့် Text size ကို Preset ချိန်ထားပါ။

• Standard Blocks
◦ ​North Arrow
◦ ​Grid Heads
◦ ​Door/Window Callouts & Level Marks
◦ ​ကိုယ်ပိုင် Company Logo / Stamp

အထက်ပါ Settings များအားလုံး ပြင်ဆင်ပြီးရင်တော့ Drawing ပေါ်မှာ မလိုအပ်သော လိုင်း/ဆွဲလက်စပုံများကို ဖျက်ထုတ်ပါ (File Blank ဖြစ်နေရပါမယ်)။

ဘယ်ဘက်အပေါ်ဆုံး AutoCAD Logo Icon > Save As > AutoCAD Drawing Template (.dwt) ကို ရွေးပါ။
File Name ပေးပါ (ဥပမာ- MY_COMPANY_A3_TEMPLATE.dwt)။
Save ကို နှိပ်ပါ။

Description Box ကျလာပါက Template ၏ အကြောင်းအရာများ မှတ်ချက်ရေးပြီး OK နှိပ်ပါ။
နောက်တခါ File New ခေါ်ရင် လုပ်ထားတဲ့ Template File ကို ရှာပြီး ဖွင့်လို့ရပါပြီ။

▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]
𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐

🔰SolidWorks မှာ ဒီလို Dimensions ပေါ်အောင် ဘယ်လိုလုပ်ရလဲ ဆရာ..?ပြုလုပ်နည်း အဆင့်ဆင့်ကို ပြောပြပေးထားပါတယ် ခင်ဗျ..✅Telegr...
01/08/2026

🔰SolidWorks မှာ ဒီလို Dimensions ပေါ်အောင် ဘယ်လိုလုပ်ရလဲ ဆရာ..?

ပြုလုပ်နည်း အဆင့်ဆင့်ကို ပြောပြပေးထားပါတယ် ခင်ဗျ..

✅Telegram မှာ Tutorial Video လေ့လာလိုသူများ အတွက်..
https://t.me/komyosharing/456?single

▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]
𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐

🔰 AutoCAD လေ့လာနေသူများအတွက်..လေ့ကျင့်စရာ  2D Drawing လေးများ..▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐
24/07/2026

🔰 AutoCAD လေ့လာနေသူများအတွက်..
လေ့ကျင့်စရာ 2D Drawing လေးများ..

▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]
𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐

🔰AutoCAD မှာ ပုံလေးတွေ ဆွဲတတ်ရုံနဲ့ လုပ်ငန်းခွင်မှာ အဆင်ပြေနိုင်လား..?✅ အဖြေကတော့ "မလုံလောက်သေးပါဘူး.."AutoCAD Command တ...
17/07/2026

🔰AutoCAD မှာ ပုံလေးတွေ ဆွဲတတ်ရုံနဲ့ လုပ်ငန်းခွင်မှာ အဆင်ပြေနိုင်လား..?

✅ အဖြေကတော့ "မလုံလောက်သေးပါဘူး.."

AutoCAD Command တွေ သိပြီး Line, Circle, Trim, Offset နဲ့ Drawing ဆွဲတတ်တာက အခြေခံပဲ ဖြစ်ပြီး တကယ့်လုပ်ငန်းခွင်မှာတော့ ဒီထက်ပိုပြီး သိထားရမယ့်အရာတွေ အများကြီးရှိပါတယ်..

1. Layer Management Layer တွေကို စနစ်တကျ သုံးတတ်ရမယ်.. Color, Linetype, Lineweight နဲ့ Naming Rule တွေကို နားလည်ထားရင် Drawing က သေသပ်ပြီး ပြင်ဆင်ရလည်း လွယ်ကူပါတယ်..

2. Dimension & Annotation Dimension Style, Text Style, Leader, Scale တွေကို မှန်ကန်စွာ သုံးတတ်ရမယ်.. Drawing က လှရုံမဟုတ်ဘဲ ဖတ်ရလည်း လွယ်ရပါမယ်..

3. Block & Attribute တူညီတဲ့ Object တွေကို Block အဖြစ် အသုံးပြုနိုင်ရင် အလုပ်မြန်လာသလို၊ ပြင်ဆင်ရတာလည်း အချိန်ကုန်သက်သာပါတယ်..

4. Layout & Plot Model Space မှာ ဆွဲတတ်ရုံနဲ့ မပြီးပါဘူး.. Layout, Viewport, Scale, Plot Setting, CTB/STB တွေကို နားလည်မှ Print ထုတ်တဲ့အခါ အမှားမဖြစ်ပါဘူး..

5. CAD Standard Layer Naming, Text Height, Dimension Style, Lineweight စတဲ့ Standard တွေကို လိုက်နာနိုင်ရင် Team နဲ့ အလုပ်လုပ်တဲ့အခါ ပိုအဆင်ပြေပါတယ်..

6. Drawing ကို ဖတ်တတ်ရမယ် Architectural, Structural, Mechanical Drawing တွေကို ဖတ်ပြီး နားလည်နိုင်ရင် အလုပ်လုပ်ရတာ ပိုမြန်ပြီး အမှားလည်း လျော့နည်းပါတယ်..

7. Shortcut & Productivity Command Alias, Object Snap, Selection Technique, Properties, Match Properties, Quick Access Tools တွေကို ကျွမ်းကျင်ရင် အလုပ်လုပ်တဲ့ Speed က အများကြီးတိုးလာပါတယ်..

8. Problem Solving Skill Font ပျောက်တာ၊ Xref Error, Plot မထွက်တာ၊ Scale မကိုက်တာ၊ Missing File စတဲ့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့လည်း လိုပါတယ်..

✅ ဒါကြောင့် အနှစ်ချုပ်ပြန်‌ပြောရရင် လုပ်ငန်းခွင်မှာ လိုအပ်တာက "AutoCAD ဆွဲတတ်သူ" မဟုတ်ဘဲ "AutoCAD နဲ့ အလုပ်ပြီးမြောက်အောင် လုပ်နိုင်သူ" ဖြစ်ပါတယ်..

▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]
𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐

🔰AutoCAD မှာ Block အသုံးပြုခြင်းရဲ့ အဓိက အကျိုးကျေးဇူးတွေက ဘာတွေလဲ..?1️⃣ အလုပ်လုပ်တဲ့အချိန်ကို သက်သာစေတယ်တူညီတဲ့ Object ...
05/07/2026

🔰AutoCAD မှာ Block အသုံးပြုခြင်းရဲ့ အဓိက အကျိုးကျေးဇူးတွေက ဘာတွေလဲ..?

1️⃣ အလုပ်လုပ်တဲ့အချိန်ကို သက်သာစေတယ်
တူညီတဲ့ Object တစ်ခုကို ထပ်ခါထပ်ခါ ဆွဲနေစရာမလိုတော့ပါဘူး။ Block တစ်ခုဖန်တီးထားရုံနဲ့ လိုသလောက် Insert လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

2️⃣ Drawing ကို စနစ်တကျဖြစ်စေတယ်
Door, Window, Furniture, Electrical Symbol, Mechanical Part စတဲ့ Object တွေကို Block အဖြစ် သိမ်းဆည်းထားနိုင်တာကြောင့် Drawing က ပိုပြီး သန့်ရှင်းသပ်ရပ်ကာ Professional ဆန်လာပါတယ်။

3️⃣ ပြင်ဆင်ရတာ ပိုမိုလွယ်ကူတယ်
Block Definition ကို ပြင်လိုက်တာနဲ့ အဲဒီ Block ကို အသုံးပြုထားတဲ့ Instance အားလုံးကို တစ်ပြိုင်နက် Update လုပ်နိုင်ပါတယ်။ Object တစ်ခုချင်း လိုက်ပြင်နေစရာ မလိုတော့ပါဘူး။

4️⃣ File Size ကို လျှော့ချပေးနိုင်တယ်
တူညီတဲ့ Object တွေကို Copy ကူးထားတာထက် Block အဖြစ် အသုံးပြုထားရင် Drawing File Size ကို ပိုမိုထိန်းချုပ်နိုင်ပြီး File ဖွင့်တဲ့အမြန်နှုန်းလည်း ကောင်းလာနိုင်ပါတယ်။

5️⃣ အမှားဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
Standard Block တွေကို အသုံးပြုထားရင် Object အရွယ်အစား၊ Shape နဲ့ Detail တွေ တူညီနေမှာဖြစ်လို့ Drawing တစ်ခုလုံးရဲ့ Quality ကို ထိန်းသိမ်းနိုင်ပါတယ်။

6️⃣ Teamwork လုပ်တဲ့အခါ ပိုအဆင်ပြေတယ်
Project တစ်ခုကို လူအများနဲ့ တွဲလုပ်တဲ့အခါ Standard Block Library ရှိထားရင် လူတိုင်းက တူညီတဲ့ Symbol နဲ့ Component တွေကို အသုံးပြုနိုင်ပြီး Drawing Standard ကို အလွယ်တကူ ထိန်းသိမ်းနိုင်ပါတယ်။

7️⃣ Productivity ကို မြှင့်တင်ပေးတယ်
Block ကို ကျွမ်းကျင်စွာ အသုံးပြုတတ်လာရင် အလုပ်ပြီးမြောက်တဲ့နှုန်း ပိုမြန်လာပါတယ်။ Dynamic Block နဲ့ Attribute Block တွေကိုပါ တွဲဖက်အသုံးပြုတတ်ရင် Professional Workflow တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]
𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐

🔰 AutoCAD မှာ Plot ထုတ်တဲ့အခါပုံ၊ စာသားတွေ ပျောက်သွားရင် ဒါတွေကိုစစ်ကြည့်ပါ..​(1) Layer Setting မှာ Plot ကို OFF ထားမိတဲ...
22/06/2026

🔰 AutoCAD မှာ Plot ထုတ်တဲ့အခါ
ပုံ၊ စာသားတွေ ပျောက်သွားရင် ဒါတွေကိုစစ်ကြည့်ပါ..

​(1) Layer Setting မှာ Plot ကို OFF ထားမိတဲ့အခါ Print ထုတ်ရင် မပေါ်ပါဘူး..

LA (Enter), Layer တခုချင်းစီမှာ Plot ကို စစ်ပါ..
OFF ထားရင် ပြန် ON ပေးပါ..

(2) Defpoints Layer ထဲရောက်နေတဲ့ စာတွေ ပုံတွေက Print ထုတ်ရင် မပေါ်ပါဘူး..

​Defpoints ဆိုတဲ့ Layer က AutoCAD ရဲ့ သဘာဝအရ ဘယ်တော့မှ Print ထုတ်လို့မရတဲ့ Layer ဖြစ်ပါတယ်..

ဒါကြောင့် ကိုယ့်ရဲ့ စာ၊ ပုံတွေဟာ Defpoints Layer အောက်ထဲ ရောက်နေရင် တခြား Layer တစ်ခုခုဆီ ပြောင်းပေးပါ..

(3) ​Plot Style Table မှန်မမှန် ပြန်စစ်ပါ..

​ပုံထုတ်လိုက်တဲ့အခါ လိုင်းတွေက အရောင်တွေမတူပဲ ထွက်လာတာမျိုး၊ Line Type, Line Weight တွေ မတူတာမျိုး ဖြစ်တတ်ပါတယ်..

Plot Box ရဲ့ ညာဘက်အပေါ်ထောင့်က Plot style table မှာ ကိုယ်သတ်မှတ်ထားတဲ့ .ctb file (ဥပမာ- Monochrome.ctb) ကို သေချာ ရွေးပေးထားဖို့ လိုပါတယ်..

(4) Line Color, Line Type, Line Weight များကို ဖြစ်နိုင်ရင် Layer Setting အောက်ကပဲ ပြင်ပေးပါ..

Properties မှာတော့ By Layer ပဲ ထားသင့်ပါတယ်..

တခါတလေ Layer တခုတည်းအောက်မှာပဲ Line Color, Type, Weight မတူအောင် ခွဲထားချင်တဲ့အခါမှသာ မတူအောင် ခွဲထားပေးလို့ရပါတယ်..

(5) ​Text Style မှာ Font Missing မဖြစ်အောင် စစ်ကြည့်ပါ..
SHX Font သို့မဟုတ် TTF Font မရှိရင် စာသားတွေ ပျောက်နိုင်ပါတယ်..
STYLE Command နဲ့ Text Style တွေကို စစ်ဆေးပါ..

(6) Annotation Scale မှန်မမှန် စစ်ပါ..
Annotative Text, Dimension, Block တွေသုံးထားရင် Scale မကိုက်ရင် Plot ထဲမှာ မပေါ်နိုင်ပါ..
Status Bar မှာ Annotation Scale ကို စစ်ပါ..

(7) Draw Order ကို စစ်ပါ..
Hatch, Wipeout, Solid Fill တွေက Text သို့မဟုတ် Object တွေကို ဖုံးနေတတ်ပါတယ်..
Bring to Front / Send to Back ကို အသုံးပြုပြီး ပြန်စီနိုင်ပါတယ်..

(8) Plot Style (CTB/STB) ကို စစ်ပါ..
Color တချို့ကို White (255) ပေးထားရင် ပုံနှိပ်တဲ့အခါ မပေါ်တာမျိုး ရှိနိုင်ပါတယ်..
အသုံးပြုနေတဲ့ CTB File ကို စစ်ဆေးကြည့်ပါ..

▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]
𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐

🔰 SolidWorks မှာ Lifting Hook ဆွဲနည်း..SolidWorks အခြေခံနားလည်ရင် လိုက်ပါလေ့ကျင့်နိုင်ပါတယ်..✅ ဆွဲသားနည်း အစအဆုံး Tutori...
19/06/2026

🔰 SolidWorks မှာ Lifting Hook ဆွဲနည်း..

SolidWorks အခြေခံနားလည်ရင် လိုက်ပါလေ့ကျင့်နိုင်ပါတယ်..

✅ ဆွဲသားနည်း အစအဆုံး Tutorial Video ကို ဒီကနေ လေ့လာနိုင်ပါတယ် ခင်ဗျ..
https://t.me/komyosharing/452?single

▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]
𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐

🔰လေ့ကျင့်စရာ AutoCAD 2D လေးများ..▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]
11/06/2026

🔰လေ့ကျင့်စရာ AutoCAD 2D လေးများ..

▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]

🔰AutoCAD File ဖွင့်လို့ မရတော့လို့ ဘယ်လိုလုပ်ရမလဲ..?ပျက်စီးသွားတဲ့ AutoCAD File တွေကို ပြန်ယူလို့ ရနိုင်လား..?​Project တ...
08/06/2026

🔰AutoCAD File ဖွင့်လို့ မရတော့လို့ ဘယ်လိုလုပ်ရမလဲ..?
ပျက်စီးသွားတဲ့ AutoCAD File တွေကို ပြန်ယူလို့ ရနိုင်လား..?

​Project တစ်ခုလုံး ညမအိပ်တမ်း ဆွဲထားရတဲ့ AutoCAD ဖိုင်ကြီးက Save ခါနီးမှ Crash ဖြစ်သွားလို့ဖြစ်ဖြစ်..

ပြန်ဖွင့်တဲ့အခါ "Drawing file is not valid" ဆိုပြီး Error တက်လာလို့ဖြစ်ဖြစ် AutoCAD Drafter တိုင်း ရင်ဘတ်ထဲ မကောင်းဖြစ်ဖူးကြမှာပါ..

AutoCAD မှာ ပျက်စီးသွားတဲ့ဖိုင်တွေကို ပြန်ယူလို့ရမယ့် နည်း‌လမ်းတွေထဲမှာ..နည်းလမ်း (၁) ခုက ".bak" ဖိုင်ကို ".dwg" ပြောင်းနည်း ဖြစ်ပါတယ်..

​ဒါကတော့ AutoCAD Professional ဆွဲသူတိုင်း မသိမဖြစ် သိထားရမယ့် တကယ့် အသုံးဝင်မယ့်နည်းလမ်း ဖြစ်ပါတယ်..

AutoCAD မှာ ဖိုင်တစ်ခုကို Save လိုက်တိုင်း အဲဒီဖိုင်ရှိရာ Folder ထဲမှာ နာမည်တူ Backup ဖိုင် (.bak) တစ်ခု အလိုအလျောက် ထွက်လာလေ့ရှိပါတယ်..

📌 File ပြန်ယူနည်း အဆင်ဆင့် 📌

​အဆင့် (၁): မိမိ Drawing ဖိုင်ရှိတဲ့ Folder ထဲကို ဝင်ပါ..

​အဆင့် (၂): ပျက်သွားတဲ့ဖိုင်ရဲ့ နာမည်နဲ့တူတဲ့ .bak ဖိုင်ကို ရှာပါ.. (ဥပမာ- FloorPlan.bak)

​အဆင့် (၃): အဲဒီဖိုင်ကို Right-click နှိပ်ပြီး Rename လုပ်ပါ။ ဖိုင်ရဲ့အနောက်က .bak ဆိုတဲ့ စာသားကို ဖျက်ပြီး .dwg လို့ ပြောင်းလိုက်ပါ..(ဥပမာ- FloorPlan.bak ကို FloorPlan_Backup.dwg)

​အဆင့် (၄): Warning Box တက်လာရင် "Yes" ကို နှိပ်ပါ။ ပြီးရင် အဲဒီဖိုင်ကို AutoCAD နဲ့ ပုံမှန်အတိုင်း ဖွင့်လိုက်ရုံပါပဲ..

​⚠️ သတိပြုရန် ⚠️
(၁) ကွန်ပျူတာမှာ .bak ဆိုတဲ့ extension မမြင်ရရင် File Explorer ရဲ့ အပေါ်က View Tab သို့မဟုတ် Options ထဲမှာ "Hide extensions for known file types" ဆိုတာကို Uncheck (အမှန်ခြစ်ဖြုတ်) ပေးထားဖို့ လိုအပ်ပါတယ်..

(၂) ပုံဆွဲနေစဉ်အတွင်း (၁၀) မိနစ်တကြိမ်လောက်မှာ File ကို save ပေးပါ.. ဒါမှ နောက်ဆုံး (၁၀) မိနစ် အချိန်အထိ ဆွဲထားတာကို Backup လုပ်ပေးမှာ ဖြစ်ပါတယ်..

(၃) ဒီလို Backup File တွေ လုပ်ပေးနိုင်ဖို့ AutoCAD Option ထဲက Open and Save > Create backup copy with each save ကို ON ထား ပေးရမှာ ဖြစ်ပါတယ်..

▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]

🔰AutoCAD မှာ ​အများစုက Text ရေးရင် ရိုးရိုး Standard Text ကိုပဲ သုံးလေ့ရှိကြပေမယ့် တခါတလေ Drafter တချို့က Annotative Tex...
02/06/2026

🔰AutoCAD မှာ ​အများစုက Text ရေးရင် ရိုးရိုး Standard Text ကိုပဲ သုံးလေ့ရှိကြပေမယ့် တခါတလေ Drafter တချို့က Annotative Text ကို သုံးကြပါတယ်။ သူတို့နှစ်ခုရဲ့ ကွာခြားချက်နဲ့ အသုံးဝင်ပုံက ဘာဖြစ်မလဲ..?

"Annotative Feature" ကို ဘာလို့ သုံးသင့်တာလဲ?
​Drawing တစ်ခုကို Scale မတူတဲ့ Viewports တွေ (ဥပမာ - 1:50 တစ်ပုံ၊ 1:100 တစ်ပုံ) နဲ့ Layout (Paper Space) မှာ ပြသတဲ့အခါ ရိုးရိုးစာသားတွေက Scale အလိုက် သေးသွားတာ၊ ကြီးသွားတာမျိုး ဖြစ်တတ်ပါတယ်။

Text Style မှာ "Annotative" ကို Checkbox လေး အမှန်ခြစ်ပေးထားရင် Drawing Scale ဘယ်လောက်ပဲ ပြောင်းပြောင်း၊ စာလုံးရဲ့ Size (ဥပမာ - 2.5mm) က Print ထုတ်ရင် ပုံသေအတိုင်း လှလှပပလေး ပေါ်နေမှာ ဖြစ်ပါတယ်။ Scale ပြောင်းတိုင်း စာလုံးလိုက်ကြီးနေတာ၊ သေးနေတာမျိုး မဖြစ်တော့ပါဘူး။

Annotative Text ပြုလုပ်နည်း အဆင့်ဆင့်

(၁) ST (Enter)
Text Style Dialog Box ပွင့်လာပါလိမ့်မယ်။

​(၂) New Style အသစ်တစ်ခု ဆောက်ပါ
​ညာဘက်အပေါ်နားက "New..." ခလုတ်ကို နှိပ်ပါ။
​Style Name နေရာမှာ နာမည်ပေးပြီး [OK] နှိပ်ပါ။

​(၃) Annotative Option ကို အမှန်ခြစ်ပေးပါ
​Font Name မှာ မိမိကြိုက်နှစ်သက်ရာ Font ကို ရွေးပါ။ ​ပြီးရင် "Annotative" ဆိုတဲ့ Checkbox လေးကို ON ပေးလိုက်ပါ။

​(၄) Paper Text Height သတ်မှတ်ပါ
​Annotative ကို အမှန်ခြစ်လိုက်တာနဲ့ ဘေးက Height နေရာဟာ "Paper Text Height" ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။

​အဲဒီနေရာမှာ စာရွက်ပေါ်မှာ ပေါ်ချင်တဲ့ Size (ဥပမာ - Normal စာသားတွေအတွက် 2.5 သို့မဟုတ် ခေါင်းစဉ်တွေအတွက် 3.5) ကို ထည့်ပေးပါ။ (ယူနစ်က mm သမားဆို mm၊ inches သမားဆို inches အတိုင်း ထည့်ရမှာပါ)
​ပြီးရင် [Apply] ကို နှိပ်၊ [Close] နဲ့ ပိတ်ပြီး ထွက်လိုက်ပါ။

​(၅) မိမိအသုံးပြုမယ့် Drawing Scale ကို ရွေးချယ်ပါ
​Drawing မဆွဲခင် (သို့မဟုတ်) စာမရေးခင် AutoCAD Screen ရဲ့ အောက်ခြေညာဘက် (Status Bar) မှာရှိတဲ့ Annotation Scale (ဥပမာ - 1:1, 1:50, 1:100) ထဲက မိမိလက်ရှိအသုံးပြုမယ့် Scale ကို အရင်ရွေးပေးထားပါ။

​(၆) စာသားစတင်ရေးသားပါ
​Keyboard ကနေ MT (Multi-Line Text) သို့မဟုတ် DT (Single-Line Text) ရိုက်ပြီး [Enter] ခေါက်ပါ။
​Screen ပေါ်မှာ နေရာကလစ်နှိပ်ပြီး မိမိရေးချင်တဲ့ စာသားကို ရိုက်ထည့်လိုက်ပါ။

(၇) မတူညီတဲ့ View Port တွေရဲ့ View Port Scale တွေကို သက်မှတ်ပါ။
အဆင့် (၄) မှာ သတ်မှတ်ခဲ့တဲ့အတိုင်း လက်ရှိ Scale နဲ့ အလိုအလျောက် ကိုက်ညီတဲ့ စာလုံး Size နဲ့ ပေါ်လာပါလိမ့်မယ်။

​Drawing ကို Scale အသစ်တစ်ခု (ဥပမာ - 1:50 ကနေ 1:100) သို့ ပြောင်းလိုက်လို့ စာသားတွေ ပျောက်သွားခဲ့ရင်..

Model Space ထဲကို သွားပြီး အဲဒီ Text ကို Select မှတ်၊ Properties (Ctrl + 1) ထဲဝင်ပြီး Annotative Scale နေရာမှာ မိမိပြောင်းလိုက်တဲ့ Scale အသစ်ကို Add ပေးလိုက်ရင် ရပါပြီး..။

​▫️Ko Myo [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]

Address

..
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959420111210

Website

Alerts

Be the first to know and let us send you an email when CAD - Series posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to CAD - Series:

Shortcuts

Share