26/08/2024
ထိုင်းနိုင်ငံကို အကြောင်းအမျိူးမျိုးနဲ့ ရွှေ့ပြောင်းလာရသူတွေထဲ တစ်ချို့က တစ်ကိုယ်ရည် တကာရ ပြောင်းလာလို့ ရပေမယ့် တစ်ချို့ကျ မိသားစုနဲ့ အတူ ကလေးတွေပါ ပြောင်းလာကြရပါတယ်
မိဘတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါများတယ်ဆိုပေမယ့်
တစ်ဖက်မှာလည်း အခက်အခဲတွေက ရှိနေပြန်တယ်
ဘာသာစကားအခက်အခဲ,
ကျန်းမာရေးစောင့်ရှောက်မှု
ပတ်၀န်းကျင်အသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရမှုတွေ နဲ့ စိတ်ဖိစီးမှုတွေ ရှိနေနိုင်ပါတယ်
လူကြီးတွေကလည်း သူ့အသက်အရွယ်နဲ့ စိတ်ဖိစီးမှုတွေ ရှိနေသလို ကလေးတွေမှာလည်း ပတ်၀န်းကျင်အသစ်မှာ ရွယ်တူကလေးတွေနဲ့ ဆက်သွယ်ပြောဆိုလို့ မရဘဲ တစ်ယောက်တည်း isolated ဖြစ်ရင်း စိတ်ဖိစီးနိုင်ပါတယ်
ပညာရေးအနေနဲ့လည်း ဘယ်လိုအတန်းမျိုး ဘယ်လို ကျောင်းမျိုးကို ထားရမလဲဆိုတာ မိဘတွေအတွက် အရမ်း ကို challenge ဖြစ်ပါတယ်
အကယ်၍ ကျောင်းမထားနိုင်သေးဘူးဆိုရင်တောင် ကလေးရဲ့ အသက်အရွယ် တစ်ခုမှာ တတ်သင့်တဲ့ ပညာတွေ တတ်နေဖို့က မိဘတွေအတွက် စိတ်အပူပင်ရဆုံး ကိစ္စပါ။
ကျောင်းထားပြီးပြီဆိုရင်လည်း ကလေးအတွက် ဘာသာစကားကျွမ်းကျင်မှု အစရှိတဲ့ လိုအပ်တဲ့ skill တွေ ဖြည့်ဖို့လည်း စဥ်းစားစရာပါ
ဒီလိုအခြေအနေတွေနဲ့ ကိုက်ညီနေရင် ကလေး ပညာရေးအတွက် ပညာရေးအတွေ့အကြုံရှိပြီး အသက် ၄ နှစ် ၅ နှစ် အရွယ် ကလေးတွေကနေ အသက်၂၀ ကျော် လူကြီးတွေအထိ English language ကို တတ်မြောက်အောင် သင်ကြားပေးခဲ့တဲ့ ဆရာမ နဲ့ ဆွေးနွေးတိုင်ပင်လို့ရမယ်ဆိုရင် စိတ်၀င်စားကြလားရှင့်
အတူတူဆွေးနွေးတိုင်ပင်ပြီး အကြံဥာဏ်တွေ ဖလှယ်လို့ရမယ့် community လေးတစ်ခု ဖန်တီးချင်ပါတယ်
စိတ်၀င်စားတယ် ဆိုရင် အခု Post ကို Screenshot ရိုက်ပြီး page chat box ကို
ပို့ပေးပါရှင့်
အသေးစိတ်ကို ပြန်လည်ပြောပေးသွားပါမယ်ရှင့်