21/12/2025
Islamic Studies Page in Myanmar
To study Islam
21/12/2025
မန္တလေးနန်းမြို့တွင်းမှာ ဗလီ ၃ လုံးရှိခဲ့တာပါ။
" မန္တလေးမြို့ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်ကြီး များစတင် တည်ဆောက်ခဲ့သော ခုနှစ်များနှင့်
ဗလီဝတ်ကျောင်းတော်ကြီး၏ အလှူရှင်ဒကာများ "
" ချမ်းအေးသာစံမြို့နယ် "
ဂျွန်းဗလီ ( 1863 )
မင်းတုန်းမင်းအသုံးတော်ခံ ဘုရင့်အဝယ်တော်ဦးဘိုး
တိုက်တန်းဗလီ ( 1865 ) ကုန်သည်တော်ဦးချို
အမြောက်တန်းဗလီ ( 1863 )
သွေးသောက်ကြီးဦးရန်နိုင်
တောင်ဆင်ကျုံးဗလီ ( 1863 )
စာတော်ဖတ်သူကြွယ်မင်းဦးစံပျော်
မြောက်ဆင်ကျုံးဗလီ ( 1863 ) သူကြွယ်မင်းဦးစံသီး
တောင်အိုးဘိုဗလီ ( 1875 )
သီပေါမင်းလက်ထက် အကောက်အုပ်မင်းအပ္ပဒူရှကူးရ်
ရတနာပုံအိုးဘို ( မြောက်အိုးဘိုဗလီ - 1863 )
ကုန်သည်ခေါင်းမင်းဦးချိန်
တောင်ဘလူဗလီ ( 1863 )
ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူ ဦးနု၏ အဆက်အနွယ်များ
ကုန်းရိုးတန်းဗလီ ( 1863 )
ဘုရင့်နန္ဒဝန်ဥယျာဉ်မှူးဦးဖိုး ( 1900 တွင်ဖျက်သိမ်းခဲ့)
အရှေ့ကုန်းရိုးဗလီ ( 1900 )
ပထမ ကုန်းရိုးတန်းဗလီကြီးအား ဘုရင့်နန္ဒဝန်ဥယျာဉ်မှူး ဦးဖိုးမှဆောက်လုပ်ခဲ့ပြီး ကိုလိုနီခေတ် တွင် ဖျက်သိမ်းခံခဲ့ရကာ အရပ်သူအရပ်သားများမှ နေရာရွှေ့၍ ပြန်တည်ခဲ့
အနောက်ကုန်းရိုး ( ဗဟိုဗလီ ) ( 1900 )
ပထမကုန်းရိုးတန်းဗလီကြီးအဖျက်ခံခဲ့ရ ၍ မူလဒကာနန္ဒဝန်ဦးဖိုး ၏ သားများမှ နေရာရွှေ့၍ ပြန်တည်ခဲ့
အိုးတော်ဗလီ ( 1875 )
ဘုရင့်ရာဖြတ်တော် ကျောက်ကုန်သည်
ကေတီဦးဘသက်
ကပ်ကျေးတန်း ( တပယ်စျေးဗလီ - 1863 )
တပယ်မြို့စားဦးဖိုးရစ်
စကြာမြောက်ဗလီ ( 1863 )
စကြာအမြောက်တပ်ဗိုလ်မင်းဦးနှစ်
စကြာတောင်ဗလီ ( 1863 )
စကြာအမြောက်တပ်ဗိုလ်မင်းဦးဟာရှင်
ဖလံဘိုဗလီ ( 1863 )
စကြာအမြောက်တပ် တပ်မှူးဦးရာဘော်
ပျဉ်ထောင်ဗလီ ( ယခုမရှိ )
ကုလားပျိုတောင်ဗလီ ( 1858 )
ဗြဲတိုက်သံတော်ဆင့်မင်း ဦးဘိုး
ကုလားပျိုမြောက်ဗလီ ( 1863 )
သွေးသောက်ကြီးဦးရန်နိုင်
ဆိုင်းတန်းဗလီ ( 1863 )
ပတ္တမြားကုန်သည်ဦးညိမ်း
ဒေါင်းရိုးဗလီ ( 1848 )
ရေနန်းစကြာမီးသဘောင်္မှူး ဦးဖော့
( မန္တလေးမြို့မတည်မီ ပုဂံမင်းလက်ထက်တွင်ဆောက်လုပ်ခဲ့ )
ကိုယ်ရံတော်ဗလီ ( 1870 )
ကိုယ်ရံတော်တပ်မှူးဦးနွဲ့ကလေး
အရှေ့အပ်ချုပ်တောင်ဗလီ ( 1863 )
ခလီဖွာဟ်ဦးဘိုးမွှား
အရှေ့အပ်ချုပ်မြောက်ဗလီ ( 1863 )
ကုန်သည်တော်ဦးရ
အနောက်အပ်ချုပ်ဗလီ ( 1919 )
ပိုးကုန်သည်ဦးမြ - ဒေါ်ဒေါ်ပု
ရတနာပုံဗလီ ( 1863 )
ကိုယ်ရံတော်တပ်မှူး ဦးမောင်မောင်လှိုင်
ဒေးဝန်းဗလီ ( 1875 )
ဟာဂျီဦးဘိုးမြစ်
သျှီအာဗလီ ( 1864 )
အခွန်ဝန်ဘရ်ကာရ်အလီ
မြောက်ကြယ်ခတ်ဗလီ
( ယခုမရှိ မှတ်တမ်းမှတ်ရာမကျန်ခဲ့)
" အောင်မြေသာစံမြို့နယ် "
စူရတီဗလီ ( 1859 )
အခွန်ဝန်အကောက်ဝန် လောကဗိမာန်လှေတော်အုပ်
ကျောက်ရဲမြို့စား မူလ္လာအစ္စမန်အင်
သူဌေးတန်းဗလီ ( 1863 )
ဘင်္ဂလားကုန်သည်တော် မဟာသုဝဏ္ဏသေဌဘွဲ့ရ
သူဌေးမင်းဦးမောင်ကြီး
ကျောက်ဗလီ ( 1878 )
အသုံးတော်ခံစိန်ကုန်သည်စိန်မမချို
မင်္ဂလာဗလီ ( 1870 )
ကုန်သည်တော်ဦးမွှတ်
စစ်ကိုင်းတန်းဗလီ ( 1863 )
မြမန်းစကြာသဘောင်္တော်မှူး အဝယ်တော်ဦးမြနှင်း
နှင်းဆီခြံဗလီ ( 1935 )
မီးသတ်ဗိုလ် ဗိုလ်နှင်းဆီ
ဟင်ဒွတ်စ်စတာန်နီဗလီ ( 1905 )
ကုန်သည်တော်ရှိတ်အမာနက်ခ်
ဧချိုင့်ဗလီ ( ယခုမရှိ )
အလယ်ဘောင်ဗလီ ( 1863 )
စကြာအမြောက်တပ်မှူးဦးရာရှစ်
ရွှေပန္နက်ဗလီ ( မန္တလေးနန်းတွင်းဗလီ ယခုမရှိ )
ရွေးလကျာင်္ဗလီ ( မန္တလေးနန်းတွင်းဗလီ ယခုမရှိ )
နန်းရှေ့စျေးဗလီ ( 1880 )
အိန္ဒိယကုန်သည်တော် အဗ္ဗဒူလ်အဇစ်
ဝလီခံဗလီ ( 1863 )
ဝလီခံမြင်းတပ်ဗိုလ်
နန်းရှေ့ရွာသာဗလီ ( 1883 )
အက္ကပတ်မြို့ဝန် ပင်လယ်မြို့စား
မင်းကြီးမဟာမင်းထင်ရာဇာဦးချုံ
တောင်နွားခြံကုန်း ( မိဘစျေးဗလီ - 1880 )
သီပေါမင်းလက်ထက်ကန်ထရိုက်တာစကားပြန်ဦးဗလူး
မြောက်နွားခြံကုန်းဗလီ
( တည်ဆောက်သည့်ခုနှစ်နှင့်မှတ်တမ်းမှတ်ရာရှာမတွေ့ရ )
ခဝါစုဗလီ ( ယခုမရှိ )
ဥယျာဉ်တော်ဗလီ ( ယခုမရှိ )
ဃရာနာဗလီ ( ယခုမရှိ )
စိတ်ပုတီးစုဗလီ ( ယခုမရှိ )
ဦးရွှေတောင်ဗလီ ( ယခုမရှိ )
" မဟာအောင်မြေမြို့နယ် "
သံလမ်းဗလီ ( 1863 )
သမာဓိမြို့ဝန်ဦးဖိုး
လွှတောင်ဗလီ ( 1863 )
ပိုးကုန်သည်ဦးဝင်း
ယပ်ထမ်းဗလီ ( 1863 )
ပိုးကုန်သည်ဦးဖေ
မြကုန်းပေါ်ဗလီ ( စံပယ်တောဗလီ - 1870 )
အပျိုတော်ဒေါ်ချို
ရွှေဘုန်းရှိန်ဗလီ ( 1785 )
ဘိုးတော်ဘုရားလက်ထက်ကမန်တပ်မှူးဦးရွှေအိုး
စိန်ပန်းဘဂါင်္လီဗလီ ( 1905 )
သဘောင်္ကုန်သည် သူဌေးမင်းကျောက်ဒါရီး
ပန်းဆက်ဗလီ ( 1863 )
ပန်းတော်ဆက်ခေါင်းမင်းအနွယ်တော်ဟာဂျီမဒေါ်ဒေါ်ဖွား
ဝေါခြံဗလီ ( ယခုမရှိ )
မိဖုရားခေါင်ကြီးအပျိုတော်ဒေါ်နန်းရိပ်
ပန်းသေးဗလီ ( 1868 )
ပန်းသေးကုန်သည်ခေါင်းမင်း မာတူတူး
ဘုန်းအိုးဗလီ ( ပုရပိုက်ထဲတွင် ဘုန်းတန်းခိုးဗလီ
1863 )
စကြာအမြောက်တပ်ဗိုလ်မင်း ဦးကြယ်
မင်္ဂလာအလယ်ဗလီ ( 1863 )
စကြာအမြောက်တပ်ဗိုလ်မင်း ဦးရောက်
အနောက်ဗလီ ( 1863 )
ကသည်းရခိုင်ဦးစီးမှူး အဒါသန့်
ဆူးလေဗလီ ( 1863 )
စကြာအမြောက်တပ်ဗိုလ်မင်း ဦးမောင်
လက်ပံဗလီ ( 1863 )
စကြာအမြောက်တပ်သွေးသောက်ကြီး ဦးပြောင်း
" ချမ်းမြသာစည်မြို့နယ် "
ဒေါနခြံတောင်ဗလီ ( 1785 )
ဘိုးတော်ဘုရားလက်ထက်တည်ဆောက်ခဲ့၍ ဗလီ့ဒကာရှာမတွေ့ရ
ဒေါနခြံမြောက်ဗလီ ( ယခုမရှိ )
ဒေါနခြံဇာဝေယာဗလီ ( 1903 )
ဂိုဏ်းသခင်ဒါဒါလေး
သိုးခြံဗလီ ( 1785 )
ဘိုးတော်ဘုရားလက်ထက်သူဌေးမင်း ဦးအောင်သူ
ကံရှာဗလီ ( 1785 )
ဘိုးတော်ဘုရားလက်ထက် ကမန်လေးသည်တော်တပ်မှူးဦးအောင်သာ
ဆင်ဖြူကန်ဗလီ ( ယခုမရှိ )
" ပြည်ကြီးတံခွန်မြို့နယ် "
( ပြည်ကြီးတံခွန်မြို့နယ်မှဗလီဝတ်ကျောင်းတော်များမှာ ဘိုးတော်ဘုရားလက်ထက် မဟာမုနိဘုရားကြီး ရခိုင်ပြည်မှ အမရပူရသို့ပင့်ဆောင်လာခဲ့စဉ် ပါလာခဲ့သော ရခိုင်ကမန်လေးသည်တော်များ နေထိုင်ရန်မြေနေရာနှင့်တကွ ဗလီဝတ်ကျောင်းတော်များပါတည်ဆောက်ခဲ့၍ မန္တလေးပတ်ဝန်းကျင်တွင်ရှေးအကျဆုံးဗလီဝတ်ကျောင်းတော်များဖြစ်ခဲ့သည် )
တောင်မြင့်မင်္ဂလာဗလီ ( 1785 )
တောင်မြင့်အရှေ့ဗလီ ( 1785 )
တောင်မြင့်အလယ်ဗလီ ( 1785 )
တောင်မြင့်အနောက်ဗလီ ( 1785 )
ကော့သာလီဗလီ ( ယခုမရှိ )
ရေတွင်းပျက်ဗလီ ( ယခုမရှိ )
တောင်ပုဏ္ဏားကုန်းဗလီ ( ယခုမရှိ )
ဟာဂျီထက်နောင်ဦး
Ref : ရွှေဘိုဦးဘဦး ( ရွှေမန်းနှစ်တစ်ရာပြည့်မြန်မာမွတ်စလင်တို့၏ အတ္ထုပတ္တိ )
မောင်မောင်ကြီး(မန်း)
( မင်းနှင့်လွှတ်တော်မှတည်ဆောက်ခွင့်ပြုခဲ့သောပြန်တမ်းဝင်အစ္စလာမ့်သာသနာ့ဝတ်ကျောင်းတော်များ )
Source -Htet Naung Oo /Google
#မန္တလေးနန်းမြို့တွင်းမှာဗလီ၃လုံးရှိခဲ့တာပါ။
မန္တလေး နန်းတွင်းဗလီများ
******************
မင်းတုန်းမင်းတရားကြီးလက်ထက်မှာ ဘုရင့်ကိုယ်ရံတော်တပ်မှူးချုပ်က
အဗ်ဒွလ်ကရင်းမ်ခန်-ဖြစ်ပါတယ်-
ကိုယ်ရံတော်တပ်မှူးချုပ် အဗ်ဒွလ်ကရင်းမ်ခန် ဟာ နန်းတော်တွင်းမှာ တာ၀န်ထမ်းဆောင်နေရင်း အစ္စလာမ်ဘာသာ၀င်တဦးဖြစ်တာနဲ့အညီ နေ့စဉ် တနေ့ (၅) ကြိမ်၀တ်ပြုမှုကို အစုအရုံး(ဂျမာအသ်)နဲ့ ပြုလေ့ရှိပါတယ်။
တပ်မှူးချုပ်ဟာ နန်းရှေ့ ၀လီခန်ဗလီမှာ အစဉ်အမြဲ၀တ်ပြုလေ့ ရှိခဲ့ပါတယ်-
အဲ့ဒီလိုနန်းတော်ထဲကနေ အပြင်ကို တနေ့ ၅ကြိမ် ပုံမှန်ထွက် ပြီး၀တ်ပြုတာဟာ ပထမပိုင်းမှာ ဘာပြသနာမှ မရှိခဲ့ပါဘူး-
ဒါပေမဲ့ မန္တလေးနန်းတွင်းမှာ မြင်ကွန်း မြင်းခုံတိုင် အရေးအခင်းဖြစ်ပွားခဲ့ပြီး အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးတဲ့နောက် လုံခြုံရေးတွေတင်းကြပ်လိုက်တဲ့ အခါ တပ်မှူးချုပ်အဗ်ဒွလ်ကရင်းမ်ခန်အတွက် ပြသနာဖြစ်လာခဲ့ ပါတယ်-
နန်းတော်တွင်းလုံခြုံရေးအရ ညနေနေ၀င်ချိန်မှ မနက်နေအလင်းရောင်ကောင်းစွာရတဲ့အချိန်အထိ နန်းမြို့ရိုး တခါးများကို လုံး၀ပိတ်ထားရမည် မည်သူမှ အ၀င်အထွက် မပြုလုပ်ရ-ဆိုတော့-
အဗ်ဒွလ်ကရင်းမ်ခန် အတွက် မနက် အာရုံတက်(ဖဂျေရ်)၀တ် ပြုချိန်-ညနေ နေ၀င်(မဂ်ရစ်ဘ်)၀တ်ပြုချိန် နဲ့ ညဦးယံ(အေရှာ) ၀တ်ပြုချိန်တွေမှာ အခက်အခဲဖြစ်လာပါတယ်-
ဒီအတွက် သူ့ကို ခြွင်းချက်အနေနဲ့ အချိန်မရွေး၀င်ထွက်ခွင့်ပြု ဖို့ မင်းတုန်းမင်းတရားကြီးထံ လျှောက်ထားတဲ့အခါ-
မင်းတုန်းမင်းတရားကြီးက နန်းတွင်းမှ အပြင်သို့ အချိန်မရွေး ၀င်ထွက်ခွင့်ကို မပေးခဲ့ဘဲ-
နန်းမြို့တွင်း နန်းမြို့ရိုးရဲ့ အရှေ့တောင်ဒေါင့်မှာ ကိုယ်တော်တိုင် ရွှေဖြင့်ပဏ္ဍက်ရိုက်ပြီး ဗလီတလုံး ဆောက်လုပ်ပေးကာ ၅ကြိမ်မပျက် ၀တ်ပြုစေခဲ့ပါတယ်-
'ရွှေပဏ္ဍက်ဗလီ' လို့အမည်တွင်ခဲ့ပါတယ်-
အင်္ဂလိပ်အစိုးရလက်ထက်မှာ အရာရှိတွေကစားဖို့ POLO GROWN (ပိုလို ကစားကွင်း) တည်ဆောက်တဲ့အချိန်မှာ ကစားကွင်း ဧရိယာနဲ့ မလွတ်ကင်းလို့ ဆိုပြီး ရွှေပဏ္ဍက်ဗလီ ကိုဖျက်ပြီး-မြနန်းစံကျော် ရွှေနန်းတော်ကြီးရဲ့ အနောက်ဖက်ကို ပြောင်းရွှေ့ ဆောက်လုပ်ပေးခဲ့ပါတယ်-
ကျွန်တော်တို့ကိုယ်တိုင် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ဘူးတဲ့
အဆိုပါ နန်းတွင်းဗလီဟာ ၁၉၉၇ခုနှစ်-တိုင်မှူးဗိုလ်ချုပ် ထွန်းကြည်လက်ထက် မှာ စစ်တပ်ရဲ့ ဖြိုဖျက်တာကိုခံခဲ့ရ ပါတယ်-
အဲ့ဒီနန်းတွင်းဗလီကိုဖြိုဖျက်တာဟာ- ဘုရားကြီးဗိုက်ဖောက်မှု ကိုမကျေမနပ်ဖြစ်နေတဲ့ သံဃာတွေကို အလယ်ဘောင်ရပ်က
မဟုတ်မမှန် လုပ်ကြံထားတဲ့ မုဒိန်းမှုနဲ့ အာရုံလွှဲပြီး အစ္စလာမ် ဘာသာ၀င်တွေအပေါ် အကြမ်းဖက်မှုတွေလုပ်စေခဲ့တဲ့နေ့က ဘဲဖြစ်ပါတယ်-
နန်းတွင်းဗလီကို နန်းတွင်းမှာ စစ်တပ်ကဖျက်ဆီးနေတဲ့အချိန် နဲ့ တချိန်ထဲ တပြိုင်ထဲမှာဘဲ မန္တလေးမြို့တွင်းမှာ အလယ်ဘောင်ဗလီနှင့် အစ္စလာမ်ဘာသာ၀င်အိမ်များနဲ့အတူ
ဒေါင်းရိုးဗလီ-စိန်ပန်းဗလီ-ပန်းဆက်ဗလီ-ဒေး၀န်းဗလီ-ရွှေဘုန်းရှိန်(ဘုရားကြီး)ဗလီ-ကွမ်းခြံလွှတောင်ဗလီ-သံလမ်း ဗလီ တွေ အတိုက်အခိုက် အဖျက်အဆီးခံခဲ့ရပါတယ်-
အခြားဗလီအများအပြားလဲ အပေါ်ယံ ဖျက်ဆီးခံခဲ့ရပါတယ်-
မြို့ထဲကဗလီတွေက အတိုက်အခိုက်ခံရတဲ့အဆင့်သာရှိပြီး
နန်းတွင်းဗလီကတော့ အဆုံးတိုင်ဖြိုဖျက်ခံခဲ့ရတာပါ-
နောက်ထပ် နန်းမြို့တွင်းမှာရှိခဲ့တဲ့ဗလီက နန်းမြို့ ထောင်တွင်းဗလီဖြစ်ပါတယ်-
အင်္ဂလိပ်အစိုးရလက်ထက်က ဆောက်လုပ်ခဲ့တာပါ-
ထောင်တွင်းက အချုပ်ဆောင်နဲ့ အကျဆောင် ခွဲခြားထားရာ မှာ ထောင်ဗလီက အကျဆောင်ဘက်ခြမ်းမှာရှိတာပါ-
ခတ်သေးသေးလေးပါဘဲ ၁၅ပေ/ပေ၂၀လောက်ပတ်ချာလည် စတုရန်းပုံ အုတ်တိုက်အဆောက်အဦးလေးပါ-
မဲန်ဘာရ်-မဲဟ်ရာဘ် နဲ့ ကုရ်အာန်စာအုပ်များ ဝိုသူရေသန့်စင် ရန်များနဲ့ ဗလီအင်္ဂါရပ် စုံလင်ပါတယ်-
ကျွန်တော်ထောင်ထဲမှာနေရစဉ်က ကိုယ်တိုင်ဖတ်ခဲ့ဘူးပါတယ်-
နန်းမြို့တွင်းက နောက်ထပ် ဗလီတလုံးကလဲ ထောင်ဗလီပါဘဲ-
နန်းတွင်း ထောင်အုပ်ရိုးရဲ့အပြင်ဘက် မလှမ်းမကမ်းမှာ အစ္စလာမ်ဘာသာ၀င် ထောင်အမှုထမ်းအရာထမ်းတွေ ၀တ်ပြုနိုင်ဖို့ အင်္ဂလိပ်အစိုးရက ဆောက်လုပ်ပေးခဲ့တာပါ-
နောက်ပိုင်းမှာ ၀တ်ပြုသူမရှိ ထိမ်းသိမ်းစောင့်ရှောက်ခွင့်မရ တော့လို့ အဆောက်အဦးအအိုအဟောင်းတခုအဖြစ်ဘဲ ရှိနေ ပါတော့တယ်-
၁၉၉၂ခုနှစ် က ကျွန်တော် ထောင်၀င်စာသွားတွေ့ရင်းမြင်ခဲ့ ရတာကတော့ အမိုးအကာအချို့ ပြိုပျက်နေပြီးတော့ အကျဉ်း ထောင် ၀န်ထမ်းမိသားစုများရဲ့ ထောင်၀င်စာ ပစ္စည်းရောင်းချ တဲ့ စျေးဆိုင်တွေဖွင့်ထားတာပါဘဲ-
အတွင်းပိုင်းမှာတော့ ဗလီဆရာအသုံးပြုတဲ့ တရားဟောစင် (မဲန်ဘာရ်) နဲ့ ရှေ့ဆောင်ဆရာ၀တ်ပြုတဲ့နေရာ(မဲဟ်ရာဘ်) တို့ ကို အပျက်အဆီးများအောက်မှာ သိသာထင်ရှားစွာ တွေ့ခဲ့ရ ပါသေးတယ်။
အဲ့ဒီတော့ ကျွန်တော်တိတိကျကျပြောလိုတာက-
#မန္တလေးနန်းမြို့တွင်းမှာဗလီ၃လုံးရှိခဲ့တာပါ။
Source Hj U Maung Maung / Google
30/03/2025
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
11181