30/06/2024
ESLC Hospitality Learning & Development Center
ESLC is All Level of Housekeeping Training including Public Area Professional Commercial Cleaning.
30/06/2024
09/03/2024
အချိန်ပြဝေါဟာရလေးတွေ ကျက်မှတ်လို့ရအောင်တင်ပေးလိုက်ပါတယ်...
Tenses (၁၂) မျိုး အနှစ်ချုပ်
🔺🔺🔺🔺🔺🔺🔺🔺🔺🔺
ပစ္စုပ္ပန်မှာ
1. Present Simple - I study. (ပုံမှန်လေ့လာ)
2. Present Continuous - I am studying.
(လေ့လာနေရင်းတန်းလမ်း)
3. Present Perfect - I have studied.
(လေ့လာ ပြီးဖြစ်)
4. Present Perfect Continuous - I have been studying. (လေ့လာ နေပြီးဖြစ်)
အတိတ်မှာ
5. Past Simple - I studied. (လေ့လာခဲ့တယ်)
6. Past Continuous - I was studying.
(လေ့လာနေခဲ့ရင်း တန်းလန်း)
7. Past Perfect - I had studied.
(လေ့လာခဲ့ပြီးဖြစ်)
8. Past Perfect Continuous - I had been studying. (လေ့လာနေခဲ့ပြီးဖြစ်)
အနာဂတ်မှာ
9. Future Simple - I will study. (လေ့လာ(လိမ့်)မယ်)
10. Future Continuous - I will be studying.
(လေ့လာနေရင်းတန်းလန်း ဖြစ်လိမ့်မယ်)
11. Future Perfect - I will have studied.
(လေ့လာပြီး ဖြစ်လိမ့်မယ်)
12. Future Perfect Continuous - I will have been studying. (လေ့လာ နေပြီး ဖြစ်လိမ့်မယ်)
#မြန်မာဘာသာပြန်ထက်ဘယ်အခြေအနေမှာဘယ်Tenseသုံးရမလဲနားလည်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။
With love,
Sayar Zay
1. On time = အချိန်မှန်။
2. Just in time = အချိန်မှီပဲ။
3. Take time off = အားလပ်ချိန်ယူပါ။
4. Keep time = အချိန်တိကျသည်၊ ဆက်ထိန်းထားသည်။
5. Spend time = အချိန်ကိုအသုံးချသည်။
6. Waste time = အချိန်ဖြုန်းတယ်။
7. Make time for = အချိန်ပေးပါ။
8. Save time = အချိန်ကုန်သက်သာတယ်။
9. Set time = အချိန်သတ်မှတ်ချိန်။
10. Kill time = အချိန်ဖြုန်းသည်။
11. Run out of time = အချိန်ကုန်သည်။
12. Stall for time = အချိန်ဆွဲသည်။
13. Free time = အားလပ်ချိန်။
14. Have a hard time = ပင်ပန်းခက်ခဲတဲ့ကာလကြုံသည်။
15. Have time = အချိန်ရှိတယ်။
16. Take your time = ဖြည်းဖြည်းလုပ်ပါ။
17. The same time tomorrow = မနက်ဖြန်ဒီလိုအချိန်ပဲ။
18. Tell time = အချိန်ပြောပြသည်။
19. Precious time = အဖိုးတန်အချိန်။
20. Pass the time = အချိန်ကုန်လွယ်စေသည်။
21. Leisure time = အားလပ်ချိန်။
22. Spare time = အချိန်ပို။
🍀ESLC Hospitality Learning and Development Center 🍀
💁သိထားသင့်တဲ့ လေဆိပ်ဆိုင်ရာ အသုံးနှုန်းလေးများ
1. Airport = လေဆိပ်။
2. Arrival = ဆိုက်ရောက်သည်။
3. Departure = ထွက်ခွာသည်။
4. Boarding = စီးနင်းလိုက်ပါခြင်း။
5. Landing = လေယာဉ်ဆင်းခြင်း။
6. Immigration = လူ၀င်မှုကြီးကြပ်ရေး။
7. Money Changer = ငွေလွှဲကောင်တာ။
8. Ticket Counter = လက်မှတ်ကောင်တာ။
9. Escalator = စက်လှေကား။
10. Waiting Room = နားနေခန်း။
11. Customs = အကောက်ခွန်။
12. Terminal = လေဆိပ်ခန်းမဆောင်။
13. Baggage = အထုပ်အပိုး။
14. Bus Stand = ဘတ်စ်ကားရပ်နားရာ။
15. Taxi Stand = အငှားယာဉ်ရပ်နားရာ။
16. Lift = ဓာတ်လှေကား။
17. Asiel seat = လူသွားလမ်းဘေးထိုင်ခုံ။
18. Runway = လေယာဉ်ပြေးလမ်း။
19. Check-In = အ၀င်စာရင်းကောင်တာ။
20. Passport = နိုင်ငံကူးလက်မှတ်။
😊Thank you......
15/02/2024
https://www.facebook.com/100063697840792/posts/884931556973431/?mibextid=CDWPTG
တနေ့ မှာ လုပ်ငန်း အတွေ့အကြုံ ရှိတဲ့ တပည့်တယောက် က ဆရာ ရယ် ကျွန်တော် နိုင်ငံခြား interview တွေ ဖြေတာ မအောင်ဘူး ပဲ ဖြစ်နေတာ ၊ လုပ်ပါ ဆရာရယ် သင်ပေး ပါဦး ဆိုပြီး အိမ် မှာ ပူစာပါလေရော ၊
ဒါကြောင့် ကျွန်တော် က ပြောလိုက်တယ် ၊ ဆင်ပြောင်ကြီး အမြီးကျမှ တစ် ဆိုတာမျိုးပေါ့လို့ ၊
ဆရာ တို့ လည်း အရင် က အဲ့လို ကြုံဘူးပါတယ် ၊ ဆရာ ဆိုရင် လေး ငါး ခါလောက် ဖြေဆိုရတယ် ၊ အဓိက က interview အထှာလေး တွေ သိသွားရင် ဘာမေးမယ် ၊ ဘာပြန်ပြောမယ် ၊ လိုရင် တိုရင်း အချက်အလက် နဲ့ ထိမိ နေအောင် ပြန်ပြော နိုင်ဖို့ပဲ ၊
Interview level မတူညီ ရင် တော့ မေးတဲ့ မေးခွန်း ဖြေတဲ့ အဖြေ တွေ ကလည်း ခြားနား နေပြန်ရော ၊ interview view ဆိုတာ နဲ့ လူတိုင်း နီးပါးလောက် စိတ်လှုပ်ရှား မှု့တွေ ရှိနိုင်တော့ ကိုယ်သိတာ တွေ ကို အချက်အလက် ညီညာ စွာ မပြော ပြ နိုင်ကြဘူး၊ ဆရာတို့ မြန်မာ တွေ က အဲ့အချက် ကို ပြင်ရမယ် ၊ သူများ နိုင်ငံ က လူတွေ က နည်းနည်း သိ များများ ပြောပြီး ရာထူး တွေ ယူကြတယ် ၊ ဆရာတို့ မြန်မာ တွေ က သူတို့ထက် ကျွမ်းကျင်တယ် ၊ ဒါပေမယ့် မပြောပြတက်ဘူး ၊ မထုတ်ဖေါ်တက် တော့ မသိ သလိုမျိုး ထင်ခံ ကြရတယ် ၊
အခုလည်း ဒီ အတိုင်းပဲ ၊ မြန်မာပြည်က သင်တန်း တွေ မှာ အယောက်တရာ view ရင် ၁၀ ယောက်လောက်တောင် pass မဖြစ်ကြဘူး ၊ အဓိက က တော့ English နဲ့ The Point of answering က လွန်စွာ အရေးကြီးတယ် ၊
ဥပမာ ၊ Myself မှာ အချက်အလက် မညီညာ မပြည့် စုံကတည်း က interview တဲ့ သူက စိတ်ခု နေလေရော ၊ အဲ့တော့ နောက်မေးခွန်း တွေ ဆက်တိုက် မေးတော့ တာပဲ ၊
ဒါပေမယ့် Myself ကို ကောင်းကောင်း ပြောပြနိုင် ရင် interview တဲ့ သူက level အလိုက် အဆင်ပြေ နိုင်သလောက် ရှိရင် မေးတဲ့ မေးခွန်း က နည်းနည်း သွားတယ် ၊ ဒါ အရာရှိတိုင်း ရဲ့ သဘော ပဲ၊
ဒါကြောင့် Interview Questions and Answers ဆိုတာ နောက်ဆုံး စာမေးပွဲ ကြီး တခု ဖြစ်ပြီး Career ကို ဆက်သွယ် ပေးတဲ့ တံတား တခုပါ ၊ ပန်းတိုင်ကို ရောက်အောင် သွားနိုင်ကြပါစေ ၊
စေတနာဖြင့်
ဦးအေးကို ( The Housekeeper )
Hospitality Learning & Development Center
14/02/2024
🏫ဟို တယ် ဆို တာ ဘာ လဲ ?⭐️⭐️⭐️⭐️⭐️5 star 4 star စသဖြင်မည်သည့် အချက် တွေ ပေါ်မှာ မှု တည် ပြီး ခွဲခြား ထား ကြ သလဲ ?
အတို ဆုံး ဖြစ် အောင် ကြိုးစား ရေး ထား ပါသည် . အဓိက အချက် တွေ ကို ပဲ ဖေါ် ပြ ပေး ပါမည် .
ဟိုတယ် ဆို တာ ခတ္တခဏ ငှား ရန်း နေ နိုင် ဖို့ အသင့် ဖြစ် နေ သော အဆောက် အဦး ( နှင့် ) ဝန်ဆောင် မှု့ ပေး သော နေ ရာ ပါ. လူသား တို့ အတွက် နောက် ထပ် ယာယီ အိမ် ( သို့ ) အခန်း တခု လို လဲ ဆို နိုင် ပါ တယ် .
Hotel , Motels, Guest House , Inn , resorts, residence, service apartments စသဖြင့် အမျိုး အစား ခွဲ ကာ ⭐️⭐️⭐️⭐️⭐️1 star , 2 star to 7 stars အထိ အဆင့် သတ်မှတ် ထား ရှိ ပါ သည် .
⭐️ဝမ်း star က နေ ဆယ်ဗင်း star အထိ ဘယ် လို တွေ rating လုပ် ထား သလဲ ?
⭐️ Star သတ်မှတ် ချက် သည် နိုင်ငံ တကာ စံညွှန်း ကို လိုက် နာ ကာ ဟိုတယ် နှင့် ခရီး သွား လာ ရေ ဝန်ကြီး ဌာန မှ စစ်ဆေး ကာ သတ်မှတ် ပေး သည် .
အခြေခံ အား ဖြင့်
👉၁. အဆောက် အဦး . Building Facilities
အထပ် အရေ အတွက် Number of floor
ကြမ်းခင်းအမျိုးအစား Type of Floor
အခန်း အရေ အတွက် Number of room
အခန်း အမျိုးအစား Type of room
အကျယ် အဝန်း Area of room
လသာဆောင် နေရာ Exclusive Balcony
ပြတင်းပေါက် နေရာ Exclusive Window
ချက်ပြုတ်စရာ နေရာ Exclusive Kitchen
အိမ်သာအရေအတွက် နှင့် အမျိုး အစား Number and Type of Toilet
ရေချိုးခန်း အရေအတွက်နှင့် အမျိုး အစား Number and Type of Shower
အစည်းအဝေး ခန်း Exclusive Meeting room
ခန်းမ နေရာ Exclusive Ballroom
ဧည့်ခံ နေရာ lobby Area
အဆောက်ဦး လျှောက် လမ်း Corridor Area
ဓါတ်လှေကား ( သို့ ) စက်လှေကား elevator or escalator
မီးဘေး ကင်းစင် ရေး စနစ်များ တပ်ဆင် ထားမှု fire safety system
စားသောက်ဆိုင် အမျိုးအစားများ Various of Restaurant
ကားရပ်နား သော နေ ရာ Car Parking Area
ဟယ်လီကော်ပတာ ရပ်နားရန်နေ ရာ helicopter landing port
ရေကူးကန် နှင့် ရေပူ ချိုး သော နေရာ swimming pool and whirlpool bath
အားကစား နေရာ Gym and play ground area. စသဖြင့် - ကျန်ပါ သေးသည် .
ဤအရာ တွေကို တွက် ချက် ပြီး ⭐️star ခွဲ ပါ တယ် . ဘယ်လောက် အဆင့်မြင့် တပ်ဆင် တည် ဆောက် ထား သလဲ . အားလုံး ပါဝင်သလား . ဘယ်အမျိုး အစား တွေ လဲ စသဖြင့် ပေါ့
👉၂ . အခန်းအတွင်း ဆင်ယဉ်မှု In Room facilities ( or ) Supply
Bell လူခေါ် ခေါင်းလောင်း
ဧည်ခန်း ထိုင်ခုံ များ living room Sofa seater
တီဗီ အမျိုး အစား နှင့် အရွယ် အစား Size and Type of TV
အိပ်ယာ အရွယ် နှင့် အမျိုးအစား Type of Bed and quality
တယ်လီဖုန်း Telephone
မီးနှင့် ဆိုင် ရာတပ် ဆင် ထား မှု lighting
Facilities
နေရောင် ကာ ခန်းစီး အမျိုးအစား Type of Curtain and drapes
ကောဇော အခင်း အမျိုးအစား နှင့် အရွယ် Type and Size of carpet
ပန်းနှင့် အပင် များ ( အစစ် ) Flower and plant
ချက်ပြုတ် ရန် အိုးခွက် ပန်းကန်းများ Kitchen items available in room
ရေခဲသေတ္တာ fridge
ဟင်းနွေး စက် microwave
မီးဖို Hot plate
ပေါင် မုန့် ဖုတ် စက် Toaster
အရက် အတွက် ရေခဲ
သေတ္တာ Mini Bar
ရေနွေးကြိုစက် Kettle
လေအေးပေးစက် ( သို့ ) လေပေးစက် ပန်ကာ Air conditioning or Fan
မီးပူ နှင့် တိူက် ဆင် iron and iron board
အကျီ ချိတ် Cloth Hanger
မီးခံသေတ္တာ safe Box
Bin အမှိုက်ပုန်း
ကလေးအိပ်စင် နှင့် အပို ဧည်သည် အိပ်သည့် အိပ်ယာ
Baby Cot and Extra Bed
ထမင်းစား စားပွဲ နေ ခုံ အရေ အတွက် Dining Table and number of chair
ရေချိုးခွက် နှင့် ထိုင်အိမ်ခွက် အမျိုးအစား Type of Bath tub and WC Bowl
မျက်နှာသစ် ကန် Basin
အလှပြင် နေရာ vanity Area
ပန်းကန်ဆေး ကန် sink
ခေါင်းလျော်ရည် ဆပ်ပြာ အမျိုးအစား နှင့် အရည် အတွက် များ Type and Number of bathroom Amenity စသဖြင့်
🙂ထပ် ပြော ပြ လျှင် A4 နှစ်မျက် နာလောက် ကျန်အုံး မည် . ဤအရာ များ တပ်ဆင် မှု အမျိုး အစား နှင့် အရေအတွက် ပေါ် တွင် မှု တည်ကာ star ⭐️ ခွဲခြား ပြန် သည် .
👉၃. Availability Services ဝန်ဆောင် မှု အပိုင်း
ကား ရပ်နား ခြင်း ဝန်ဆောင်မှု Valet service
အကြိုအပို့ ဝန်ဆောင် မှုlimousine service
ခရီးသွား ဝန်ဆောင်မှု Tours and traveling service
ဧည်ုကြို ဝန်ဆောင်မှု Butler and Reception service
ကျန်းမာ ရေး ဝန်ဆောင် မှု clinical service
အနိပ် နှင့် အလှပြင် ပိုင်း ဆိုင်ရာ ဝန်ဆောင် မှု Spa and Beauty Care service
အခန်း ရှင်း လင်းရေး ဝန်ဆောင် မှု 24 hours Housekeeping ervice
အစားအသောက် ဝန်ဆောင်မှု 24 hours Room dining service and restaurant
အင်တာနက် နှင့် ကွန်ပြူ တာ ဝန်ဆောင်မှု networking and IT service
အခန်း ပြုပြင် ထိန်းသိမ်းရေ ဝန်ဆောင် မှု engineering service
အားကစား ဝန်ဆောင်မှု Gym and spot trainer service ကလေး ထိန်း ဝန်ဆောင် မှု baby sitting service
ပျောက်ဆုံး နှင့် ရှာတွေ့ ဝန်ဆောင်မှု lost and found service
စသဖြင့် - ကျန်ပါသေး သည်
👉၄. အခြား ဆိုင်ရာ ပြင်ဆင်မှု Other requirement
နှစ်တာ ရင်းနှီး လှည်ပတ် မှု . Yearly Budget
ဝန်ထမ်း ဦး ရေ နှင့် ဌာန number of Employees and departments
ဝန်ထမ်း ခွဲ သတ်မှတ် တူညီ ဝတ်ဆင် မှု Uniform အပေါ် မှာ လည်း မှု တည်သည် .
အဆောက်အဦး ထိန်းသိမ်း ခြင်း နည်းစနစ် engineering system
ရေသန့် စဉ် မှု့ မီး သုံးစွဲ မှု နှင့်Eco ဆိုင် စနစ် လိုက်နာမှု Water and electrical Sustainability system
လိုက်နာရမည့် နည်း နှင့် မှတ်ချက် များ ဥပဒေ Administration and report record policy and procedure
လုံခြုံ ရေး နှင့် အန္တရာယ် နှင့် ကျန်းမာ ရေးHealth and safety procedures
Kitchen Hygiene procedure
Guest comment procedure
ISO audit
အပိုပစ္စည်းတောင်း ဆို အဆင်သင့် မှု On request items စသဖြင့်
အထက် ပေါ် ပြ ပါ အဓိက အကြောင်း အရာ ကြီး ၄ ခု ပေါ် တွင် အခြေ ခံ မှု တည် ကာ ⭐️ star သတ်မှတ် ခွဲ ခြား ခြင်း ကို ပြု လုပ် ကြ ပေသည် .
မှတ်ချက် - တချို့ အချက် အလက် များ ကို စာတို အောင် ထည့် သွင်း ထားခြင်း မရှိ ပါ . ပိုမို အသေးစိပ် အကြောင်း အရာ များ လိုအပ် ပါ က email ပို့ကာ တောင်းဆို နိုင် ပါ သည် .
စာရေး သူ သည် နိုင်ငံ ရပ်ခြား ⭐️ Five Star Hotel ( 6 လုံး ) pre opening team တွင် ပါ ဝင် လုပ် ကိုင် ဖွင့် လှစ် ခဲ့ ပါ သည် . တတ်သိသမျှသာ
စေတနာ ဖြင့်
အေးကို
Click here to claim your Sponsored Listing.
Location
Website
Address
Yangon