KMT Training Center

KMT Training Center

Share

Welcome KMT Training Center

KMT Training Center တွင်
Training Sector မှ- ရုံးလုပ်ငန်းစွမ်းရည်မြှင့်သင်တန်းများ သင်ကြားလေ့ကျင့်ပေးမှာဖြစ်ပါတယ်။
Counselling Sector မှ- ဆွေးနွေးတိုင်ပင် အောင်ပွဲဝင် အစီအစဉ်လေး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

28/10/2025
06/10/2025

#သီတင်းကျွတ်ကာလရဲ့မီးရောင်စုံလေးတွေ မြန်မာနိုင်ငံအနှံ့ ထွန်းလင်းတောက်ပလာချိန်လေးမှာ ချစ်ခင်ရသူတွေနဲ့အတူ တန်ဖိုးဖြတ်မရတဲ့ မြတ်နိုးပျော်ရွှင်ဖွယ် သီတင်းကျွတ်လေးဖြစ်ပါစေ။

အခုလို သီတင်းကျွတ်ရဲ့ မီးရောင်စုံလေးတွေကနေတစ်ဆင့်

• မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ရယ်မောပျော်ရွှင်စရာများနှင့် ပြည့်နေတဲ့ အမှတ်တရတွေ
• နွေးထွေးမှုနဲ့အတူ ချစ်ခင်စည်းလုံးမှုကို ပြသနိုင်တဲ့ အခိုက်အတန့်တွေ
• သီတင်းကျွတ်မီးရောင်တွေလို တောက်ပလာမယ့် အခွင့်အလမ်းတွေ
• နောင်နှစ်တွေကြာတဲ့အထိ မေ့ဖျောက်မရနိုင်တဲ့ ဘဝရဲ့ အမှတ်တရတွေအဖြစ် ပြည့်စုံစေမှာပါ။

ဒါ့အပြင် ပျော်ရွှင်ဖွယ် မိသားစုဘဝကို အချင်းချင်း ကာကွယ်စောင့်ရှောက်နိုင်ဖို့ 🚨Emergency Alert System အက်ပလီကေးရှင်း ဖြင့် မိသားစုချင်း ချိတ်ဆက်ထားနိုင်ပါဖို့ -

မိသားစုကြွယ်ဝချမ်းသာမှုအတွက် ငွေကြေးစုဆောင်းနိုင်ရန် ဝင်ငွေ/သုံးငွေ စာရင်းတွေကို 💲Cash Notes အက်ပလီအက်ပလီကေးရှင်းမှာ မှတ်သား၍ ငွေကြေးစီမံခန့်ခွဲနိုင်ဖို့ -

Kaung Myat Thu Company မှ ထုတ်လုပ်၍ Play Store နှင့် Apple Store တွေမှာတင်ထားပေးပါတယ်။ Comment မှာ လင့်လေးတွေ ဖေါ်ပြပေးထားပါတယ်။

➡️ အခုပဲ Download ရယူ စမ်းသပ်အသုံးပြု၍ အကျိုးရလဒ်များ ခံစားလိုက်ပါ။

သီတင်းကျွတ်အချိန်အခါမှာ ရောင်စုံမီးလေးတွေလို တောက်ပရင်း အဓိပ္ပါယ်ရှိလှတဲ့ အမှတ်တရလေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ Kaung Myat Thu Company မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။






11/05/2025

ခေါင်းမာတတ်တဲ့ လူငယ်အတွက်တော့…

ခေါင်းမာတယ်ဆိုတာ ကောင်းတဲ့ အချိန်လဲ ရှိသလို မကောင်းပဲ အကျိုးမဲ့တတ်တဲ့ အချိန် အခါ လဲ ရှိတတ် ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဝန်ထမ်းငယ် ဘ၀ မှာတုန်းက အတော်လေး ခေါင်းမာ တဲ့ အထဲမှာ ပါပါတယ်။ အထက်အရာရှိတွေ မြင်သလောက်လဲမြင်မထား ၊ ရှေ့ဝေးဝေး ကိုလဲ ကြိုမမြင်တတ် သေးချိန်မှာ လက်ရှိ တွေ့နေရတဲ့ ကြုံနေရတာလေးတွေကို ပဲ ဆုပ်ကိုင်ပြီး ခေါင်းမာမာ နဲ့ အတိုက်အခံတွေ ပြုလုပ်ဖူးပါတယ်။ ခေါင်းမာတယ် ဆိုတာကတော့ ကိုယ် ထင်မြင်ယူဆ ထားတဲ့ အယူအဆ အမြင်တစ်ခုကိုပဲ တရားသေစွဲကိုင် အမှန်ယူပြီး ကျန်တာ အားလုံးကို လက်မခံ ငြင်းဆိုတဲ့ အနေအထားကို ဆိုလေ့ရှိတာဖြစ်ပါတယ်။

လူုငယ်တွေ အနေနဲ့ အချို့သော အောင်မြင်မှုတွေ တက်လမ်းတွေ ကို မိမိ အမြင်တစ်ခုထဲကိုစွဲ ကိုင်ခေါင်း မာ နေတာကြောင့် လွဲဖယ်ရလေ့ရှိသလို အောင်မြင်မှုနောက်ကျသွားရတာတွေ လည်းရှိပါတယ်။ တစ်ခါက တပည့်မ တစ်ဦး ဟာ HR ဆိုတဲ့ ဝန်ထမ်းရေးရာပိုင်းကို ဆောင်ရွက်နေရာ ကနေ အရောင်းပိုင်းကို ပြောင်းမယ်ဆိုပြီး ဖြစ်ပါတော့တယ်။ ဖြစ်ရတဲ့ အကြောင်းကတော့ ချစ်သူ ကောင်လေးက တစ်ချိန်ကျရင် အရောင်းဆိုင်လေးတစ်ဆိုင်ဖွင့်မှာ ဖြစ်တာကြောင့် အခုကထဲက အရောင်း ဖက်ကိုအတွေ့အကြုံရအောင် လေ့လာလုပ်ဆောင်ထားဖို့ဖြစ်ပါတယ်။ ရည်ရွက်ချက်လေးက ကောင်း ပါတယ်။ သို့ပေမယ့် တပည့်မ ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လုပ်ကိုင်မှုပုံစံဟာ အရောင်း သမား ထက် ဝန်ထမ်းရေးရာ ဆောင်ရွက်တာကပိုပြီး ထူးချွန်ပေါက်မြောက် ဖို့ ရှိတယ်ဆိုတာကို သိရတော့ career မပြောင်းဖြစ်အောင် ခေါ်ယူတွေ့ဆုံဆွေးနွေး ရပါတော့တယ်။ လက်ရှိ အတွေ့အကြုံတွေ ကို နှမြောဖို့ကောင်းကြောင်း လာမယ့်ရာထူးတိုး အခွင့်အလမ်းတွေကိုလဲ လက်လွတ်သွားနိုင်ကြောင်း Career ပြောင်းရင် အောက်ခြေက ပြန်စရမှာ ဖြစ်လို့ အခက်အခဲတွေ များနိုင်ကြောင် ဘယ်လိုပဲ ရှင်းပြပေမယ့် မရတော့ပဲပြောင်းသွားပါတော့တယ်။ ဒါပေမယ့် နောက် ခြောက်လလောက်မှာ အလုပ်ကနေ ထွက်သွားတာကို ပြန်သိရပြန်ပါတယ်။ အရောင်းပိုင်း အလုပ်တွေကို မလုပ်နိုင်တော့တဲ့ အတွက် ပါပဲ။

ဒါပေမယ့်ခေါင်းမာတတ်တာ ဟာနေရာ တိုင်းမှားယွင်းတယ် တော့မဟုတ်ပါဘူး။ ကိုယ်မှန်တယ်ထင် ရာ ကို ပတ်ဝန်းကျင် အားလုံးနဲ့ အတိုက်အခံ လုပ်ပြီး ဆောင်ရွက်ရာကနေ တကယ် အောင်မြင်သွား ခဲ့တဲ့ ဖြစ်ရပ်တွေ အများအပြား ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲ လစာတွေ ဒေါ်လာနဲ့ ရတဲ့ သင်္ဘော အင်ဂျင်နီယာ ဘ၀ ကနေ ကုန်းပေါ်ပြန်တက်ပြီး Trainee အဖြစ် လစာ အောက်ဆုံးနဲ့ ပြန်စ တဲ့ အခါ မှာ ပတ်ဝန်းကျင် ဝေဖန်မှုတွေ ကို ရခဲ့တာပါပဲ။ အားလုံးက လမ်းမှားနေပြီ လွဲနေပြီ လို့ ထောက်ပြ ကြတာပါပဲ။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း သိပြီး ဘယ်သူတွေ ဘာပြောပြော လက်မခံပဲ ခေါင်းမာမာ နဲ့ ဆက်သွားတဲ့အ ခါ လက်ရှိ ဒီနေ့လို အခြေအနေ တစ်ခုကို ရ လာခဲ့တာပါပဲ။

မှားယွင်းစွာ ခေါင်းမာ တာတွေဆိုရင်တော့ ဘ၀ အတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ယုံကြည်ရာ လမ်းဟာ ဖြစ်နိုင်လား မဖြစ်နိုင်လာ ခေါင်းဆက်မာရမလား ပြောင်းလဲရမလားကိုအောက် ပါအချက်လေးတွေ နဲ့ တိုက်စစ်ကြည့်စေချင်ပါတယ်။

(1) Emotion ကြောင့် ဖြစ်နေတာ

တစ်ခါတစ်လေ မှာ ကိုယ့်စိတ်မှာ ဖြစ်နေတဲ့ Emotion တစ်ခုခုကြောင့် Logic ကျကျ ကျိုးကြောင်း ဆီလျှော် အောင် မစဉ်းစား နိုင်ပဲ အတင်းခေါင်းမာ နေမိတာမျိုး ရှိတတ်ပါတယ်။ ဥပမာ ငယ်ငယ်တုန်းက ကိုယ့်ကို အမေ ရိုက်အောင် တိုင်ဖူးတဲ့ လူကြီး ကို စိတ်နာပြီး တစ်သက်လုံး သူပြောသမျှကို နားမထောင် တော့ပဲ ကန့်လန့်တိုက် လုပ်တာမျိုး၊ အိမ်က မိသားစု ဝင်တစ်ယောက်ယောက်နဲ့မတည့်မရှု ဖြစ်ရာ ကနေ သူက ကိုယ်ကောင်းဖို့ပြောလဲ နားမထောင် ပဲ ဆန့်ကျင်ဖက်တွေ လုပ်တာမျိုးတွေပါပဲ။

ဒီလိုခေါင်းမာမှုမျိုး ကတော့ မှားယွင်းတဲ့ဖက်ကို ဦးတည်သွားနိုင်လေ့ရှိပါတယ်။ ဒါကြောင့် လူ တစ်ဦး ပြောလာတဲ့ စကား ၊အကြံပြုချက် ကို စိတ်ခံစားချက် တွေ ခဏ ဖယ်ထားပြီး ဟုတ် မဟုတ် ၊ကောင်း မကောင်းကို တွေးကြည့်နိုင်ဖို့ လိုပါတယ်။

(2) Professional တွေ ရဲ့ အကြံပေးချက်မဟုတ်တာ..

ရွှေသွားတူးရင်တော့ ချမ်းသာ မှာပဲ၊ ကျောက်သွား ရှာရင်တော့ လောပန်ဖြစ်မှာ ၊ ဆရာဝန် လိုင်းကို သာ ယူလိုက် ချမ်းသာမှာ စတဲ့ စကားတွေ ကိုလူငယ်ဘ၀ က ကြားဖူးကြလေ့ရှိပါတယ်။ ဒါပေမယ့် ဒါတွေ ကို လာပြောတာ တွေက တကယ်ရွှေတူး၊ ကျောက်ရှာ၊ ဆရာဝန်လုပ်နေသူတွေ ကနေ ပြောတာ ဖြစ်လေ့နည်းပါတယ်။ များသောအားဖြင့်ကတော့ ပတ်ဝန်းကျင်က ကိုယ့်ရဲ့ လူကြီးသူမတွေ ကသူတို့ ဖြစ်ချင် လုပ်ချင်တာတွေကို ပုံပြင်တစ်ပုဒ်လို ဖန်တီးပြီး ပြောကြလေ့ရှိတာပါပဲ။ ငယ်ရွယ်တဲ့ ကလေး ဘ၀ မှာ ဒါတွေကို နားထောင်စွဲလန်းရင်း ခေါင်းမာမာ နဲ့ အသက်ကြီးတော့လဲ ဒါကိုပဲ လုပ်မယ်ဆိုပြီး လမ်းလွဲသွားကြတာတွေ တွေ့ရပြန်ပါတယ်။

ဆိုတော့ အသက်မွေးဝမ်းကြောင်း နဲ့ ပတ်သတ်တာမျိုးမှာ တကယ်ပဲ အဲဒီအသက်မွေးဝမ်းကြောင်း လုပ်နေတဲ့သူတွေ စကားကို သာ နားထောင် ကြည့်သင့်ပါတယ်။ ဒါ့အပြင် အလုပ်တစ်ခုရဲ့ ကောင်းတာ တွေကိုသဘောကျ ရုံအပြင် ဆိုးတာတွေ ကရော ဘာတွေ ရှိမလဲ ဒီအဆိုးတွေကို ရော လက်ခံနိုင် လုပ်နိုင် မလား ဆိုတာကိုပါ သေချာ မေးမြန်း သုံးသပ်ဖို့လိုပါတယ်။

(3) ကိုယ့်ရဲ့လုပ်နိုင်စွမ်း ဒါမှမဟုတ် ရှိနေတဲ့ Resources

အလုပ်တစ်ခုခုကို လုပ်ဖို့နဲ့ လုပ်ရင်အောင်မြင်မလား ဆိုတာ ကိုယ်ရဲ့ လုပ်နိုင်စွမ်း နဲ့ ကိုယ့်မှာ ဘာတွေ ရှိ သလဲ ဆိုတာ တွေကို နှိုင်းယှဉ် စဉ်းစားရပါမယ်။ ဥပမာ ပင်လယ်ကြီးကို ဖြတ်ကူး ချင်တယ် ဆိုပြီး ဒီအတိုင်း လက်ပစ်ကူးလို့ ကတော့ ကမ်းစပ် နားမှာတင် ရေနစ် ဖို့ များပါတယ်။ ကိုယ့်မှာက စက်လှေငယ် လေးလောက်ပဲ ရှိရင် ပင်လယ်ကြီး ကိုမဖြတ် ပဲ ကျွန်းလေးတွေ ဆိပ်ကမ်းလေးတွေ လောက် ပဲ သွား လာ ဖို့ သတ်မှတ် သင့်ပါတယ်။

ဆိုတော့ ကိုယ်ကလုပ်ချင်နေတဲ့ ခေါင်းမာ နေတဲ့ အလုပ်ဟာ ကိုယ့်ရဲ့ သုံးးနိုင်တဲ့ Resourcesဘောင် အတွင်းမှာ ရှိသလား မေးဖို့လိုပါတယ်။ တစ်မိသားစုလုံးနေနေတဲ့ အိမ်လေးကို ကိုယ့်နိုင်ငံခြား ထွက်ဖို့ ရောင်းပေးလိုက် ရင် နိုင်ငံခြားတော့ ရောက်ပါရဲ့ တစ်လ ငါးသိန်း ဆယ်သိန်းတော့ ပြန်ထောက် နိုင်ပါရဲ့ ဒါပေမယ့် မိသားတစ်စုလုံး အိမ်ပိုင် မဟုတ်တော့ပဲ တက်နေတဲ့ ဈေးတွေနဲ့ မြေလဲ အပိုင် ပြန်မဝယ် နိုင် တော့ ရင် ဒါဟာ တန်မလား သုံးသပ်ဖို့ပါပဲ။

(4) အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း…

ထီပေါက်ရင် ချမ်းသာ မယ်ပေါ့။ မချမ်းသာတောင် ငွေတွေ အများကြီး ရပြီး အဆင်ပြေမှာ အမှန်ပါပဲ။ ဒါနဲ့ ပဲ ဘာအလုပ်မှ မလုပ်ပဲတစ်သက်လုံး လတိုင်းထီပဲထိုး နေမယ် ဆိုရင် သင့်တော့်ပါ့မလား။ ခေါင်းမာ တာလဲ ဒီလိုပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ အလုပ်ဟာ ဖြစ်သွားတဲ့ သူတော့ ရှိတယ် ဒါပေမယ့် ၁၀၀ မှာ ဘယ်နှစ်ရာခိုင်နှုန်းက ဖြစ်တာလဲကို သုံးသပ်ဖို့ပါပဲ။ လူ ၁၀၀ ကြိုးစား လို့ သုံး လေး ယောက်ပဲ ဖြစ် ထွန်း တယ်ဆိုရင် ပေးဆပ်ရမယ့် အချိန် ငွေ အားထုတ်မှုတွေ နဲ့ မထိုက် တန်ဘူးလို့ဆိုနိုင်ပါတယ်။ အနည်းဆုံး ကြိုးစားသူ တွေရဲ့ တစ်ဝက် အထက်လောက် အောင်မြင်တယ် ဆိုမှသာ အဲဒီ ပန်းတိုင်ကို ကြိုးစား တာ ကောင်းပါတယ်။

(5) ရေရှည် ရေတို..
ကိုယ်ဖြစ်ချင် လုပ်ချင်နေတဲ့ အလုပ် တစ်ခုခု ဟာ ရေတို နဲ့ ရေရှည် ဘယ်လောက်ထိ ကိုယ့်ကို အကျိုး ပြု မယ်ဆိုတာမျိုးကိုလဲ သုံးသပ် ဖု့ိလိ့ုပါတယ်။ ပေါ်ပင် ခေတ် စား လာတဲ့ အလုပ်တစ်ခုကို အချိန် တွေ များစွာ ရင်းနှီးပြီးကိုယ်လဲ စတင် လိုက်ရော ခေတ် ကုန်သွားတာ မျိုး တွေ လတ် တလောမှာ တွေ့လာ ရ လေ့ရှိပါတယ်။ ဒါကြောင့် ခေါင်းမာမာ နဲ့ဆက်လုပ်မယ်ဆိုလဲ ရေရှည်ကို ထည့်တွက် ကြည့်ပါဦး။

(6) ဆရာ တစ်ဦး နဲ့တိုင်ပင်ပါ…

ကိုယ့်ဘဝကိုလမ်းညွှွန် ဆုံးမ ပြသပေးနိုင်တဲ့ ဆရာ တစ်ဦး ရှိဖို့ဆိုတာ မလွယ်လှပါဘူး ။ရှိ ခဲ့ရင်တော့ ဆရာကို တိုင်ပင်သုံးသပ်ဖို့လိုပါတယ်။ မရှိ သေးရင်လဲ ကိုယ့်ထက် အတွေ့အကြုံရှိ ပြီး ကိုယ့်အကျိုး ကိုလိုလားတဲ့ လူကြီးသူမတွေ ကို တိုင်ပင် ဆွေးနွေးကာ အကြံပြုချက်တွေ ရယူသင့်ပါတယ်။


ဒါလေးတွေကတော့ လူငယ်ပီပီ ခေါင်းမာမာ နဲ့ ကိုယ်ဖြစ်ချင်တာကို ဦးတည်လုပ်ကြရင်း မှားယွင်းတဲ့ လမ်းဖြစ်နေတဲ့အခါ အချိန် တွေ ငွေတွေ လုပ်အားတွေ ဆုံးရှုံးတာမျိုး မဖြစ်စေရအောင် မစခင်မှာ တိုက်ဆိုင် စဉ်းစားရမယ့် အချက်လေးတွေကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်။


လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော် ဖြတ် စေနိုင်ပါတယ်။


Kaung Hein Soe – Strategic
Business Consultant

17/10/2022

Organization Structure တစ်ခု ဆွဲ ကြမယ်ဆိုရင်

ဒီတစ်ခါမှာတော့ ကျွန်တော့်ရဲ့message box မှာ လာမေးထားတဲ့ Organization Structure တစ်ခု တည်ဆောက် မယ်ဆိုရင်ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်သလဲဆိုတာကို မျှဝေပေး လိုပါတယ်။ တစ်ချို့ကလဲ Org structure ဆိုတာကို လူ အမည်နဲ့ရာထူး အလိုက် လေး စဉ် ပြီး ရေး ပေးလိုက် ရင် ပြီး ပြီလို့ထင်နေတတ်ကြပါတယ်။ တကယ်တော့ Org Structure ဟာ သိပ် အရေးပါပါတယ်။

လုပ်ငန်းတစ်ခုအတွင်းမှာ Organization Structure တစ်ခု ဟာ မဖြစ်မနေ ရှိနေဖို့လိုအပ်ပြီး Org St: ဟာ ဘယ်သူ ကဘယ် သူ့ကို report တင်ရမယ် ဘယ်သူ ကဘယ်သူ့ကို တာဝန်ခံ စီစဉ် ညွှန်ကြားဦးဆောင်မယ် ဘယ်ဌာန နဲ့ဘယ်ဌာန က ဘယ်လို ဆက်စပ်နေပြီး ဘယ်လို အာဏာ ခွဲဝေမှုတွေ ရှိတယ်ဆိုတာကို ညွှန် ပြတဲ့ အရာ တစ်ခုလဲ ဖြစ်ပါတယ်။

ဒါ့အပြင် Org: structure တစ်ခု ဟာ မိမိလုပ်ငန်းရဲ့Vision ပေါ်ကို မူတည်ပြီး ရေးဆွဲရမှာဖြစ်ကာ Business development and growth ပေါ်မူတည်ပြီး တော့ လဲ နှစ်စဉ် အပြောင်းအလဲတွေ နဲ့vacant တွေ ရှိလာမှာဖြစ်ပါတယ်။

Organization Structure ကို အမျိုး ပေါင်းများစွာ ခွဲပြလေ့ရှိပေမယ့် ယေဘုယျအားဖြင့် Mechanistic Org structure နဲ့Organic Structure ဆိုပြီး နှစ်မျိုး အဓိက ခွဲလေ့ရှိပါတယ်။ Mechanistic Structre ဆိုတာ ကတော့ ဘယ်သူက ဘယ်သူ့အောက်မှာ ရှိတယ်ဆိုပြီး အတိအကျ အသေအချာ ပြဌာန်းထား က အထက် အဆင့်ဆင့် နဲ့ဖွဲ့စည်းထားတဲ့ ပုံစံမျိုး ဖြစ်ကာ အထက်က အောက် အမိန့်ပေး ခိုင်းစေမှု ပုံစံ နဲ့သွား လေ့ရှိ ပါတယ်။ Organic Structure ဆိုတာ ကတော့ ဘယ်သူက အထက်အောက် ဆိုတာမျို းမရှိ ပဲ တပြေးညီ ဆွေးနွေးတိုင်ပင် ဆောင်ရွက် ကြတဲ့ ပုံစံမျိုး သို့မဟုတ် အခြေအနေပေါ်မူတည်ပြီး ကျွမ်းကျင် သူက ဦးဆောင် ကာ စုစည်းလုပ်ဆောင် တတ်ကြတဲ့ပုံစံမျိုးဖြစ်ပါတယ်။ Organic Structure ကတော့ ကျွမ်းကျင် မှု ပြည့်ဝ တဲ့ ပညာရှင်တွေ ချည်းစုစည်းထားတဲ့ အဖွဲ့အစည်းလိုမျိုး ဥပမာ research group လို မျိုးတွေ မှာ သာတွေ့ရလေ့ရှိပြီး ကျန် တဲ့ စီးပွားရေး လုပ်ငန်းနဲ့ပရဟိတ အသင်းအဖွဲ့မျိုး ကအစ အထက်အောက် ဆင့်စီ ထားတဲ့ mechanistic structure design ကို သာ သုံးလေ့ရှိကြပါတယ်။

(၁) Chain of command

Org Structure တစ်ခုကို ဆွဲမယ်ဆိုရင် Chain of command လို့ခေါ်တဲ့ အထက်မှ အောက် အမိန့်ပေးခိုင်းစေ မှု ကွင်းဆက်ကို ဘယ်လောက်ရှည်ရှည်ထားမယ် တစ်နည်းအားဖြင့် management အလွှာတွေ ဘယ်နှစ်ခုကို ထားမယ်ဆိုတာကို အရင်ဆုံး စဉ်းစားရပါတယ်။ သာမာန် အားဖြင့်တော့ အဖွဲ့အစည်းတစ်ခုမှာ Top management, Middle Management, First Line (supervisor) Management and non-managerial employees ဆိုပြီး လေးလွှာ ရှိ လေ့ရှိပါတယ်။ မိမိ ရဲ့လုပ်ငန်းလေးက လူဦးရေလဲ သိပ်မများ သေးဘူး ဆိုရင် တော့ အခြေအနေအရ middle and first line ကို ပေါင်းလိုက်တာ စသဖြင့် လုပ်နိုင်ပါတယ်။ အဖွဲ့အစည်း ကလဲကြီးမယ် လူလဲများမယ် အမှား လဲမခံတဲ့ ငွေ ကြေးလိုကိစ္စ မျို းလုပ်ကိုင် တယ်ဆိုရင်တော့ chain of command ကို ရှည်ရှည် ထားကာအဆင့်ဆင့် က စီစစ် ကြလေ့ရှိပါတယ်။ ဥပမာ ဝန်ထမ်း၊ လထ ကြီး ကြပ်၊ ဒုကြီးကြပ်၊ ကြီးကြပ်၊ လထ မန်နေဂျာ၊ မန်နေဂျာ၊ စီနီယာ မန်နေဂျာ၊ လထ အထွေထွေ မန်နေဂျာ၊ မန်နေဂျာချုပ်၊ အမှုဆောင်အရာရှိ စသဖြင့် ဖြစ်ပါတယ်။ Chain of command ရှည်တာဟာ အမှားမခံ ပဲ အသေးစိတ်စီစစပ်ရမယ့် ကိစ္စတွေ လိုမျိုးအတွက် သင့်လျော်နိုင်ပေမယ့် taller structure ဖြစ်တာကြောင့် အထက်က အောက် အောက်ကအထက် information flow စီးဆင်းဖို့အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒ့ါအပြင် ရာထူး နေရာဟာ အဓိက လို ဖြစ်လာပြီး ဝန်ထမ်းတွေ ဟာ ရာထူး ကြီးဖို့ ကိုသာ လုပ်ဆောင်နေကြတာမျို းဖြစ် နိုင်ပါတယ်။

Chain of command တို ရင် တော့ သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန် ပြီး အလုပ်ဖြစ်တာလဲ မြန်ပါတယ်။ အဆင့်ဆင့်တင်ပြနေရတာမျိုး မရှိပဲ ဝန်ထမ်းတစ်ဦး ချင်းစီရဲ့လုပ်ပိုင် ခွင့် တွေ လဲ ပိုတိုး လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် chain of command တို မယ်ဆိုရင် လုပ်ငန်းအသေးလေးတွေ ဖြစ်ရင် ဖြစ် မဟုတ်ရင်အဖွဲ့အစည်း တွင်း က ဝန်ထမ်းတိုင်းဟာ အရည်အချင်း ပြည့် ဝတဲ့ သူတွေ ဖြစ်နေဖို့လိုအပ်ပါတယ်။

ဒီတော့ မိမိ လုပ်ငန်းရဲ့ORG structure ကို တိုမလား ရှည်မလား vision ပေါ်မူတည်ပြီးဆုံးဖြတ်နိုင်ပါတယ်။



(၂) Span of Control

Org Structure ကို စဉ်းစားရာမှာ span of control ဆိုတဲ့ မန်နေဂျာ တစ်ဦးလက်အောက်မှာ ဌာန ခွဲ တွေ ဘယ်နှစ်ခု ထားမလဲ. GM တစ်ယောက်အောက်မှာ ဌာန ဘယ်နှစ်ခုထားမလဲ CEO လက်အောက်မှာ Business Units and division ဘယ်နှစ်ခု ထားမလဲ ဆိုတာကို စဉ်းစားဖို့လိုအပ်ပါတယ်။

Span of control များလေလေ မန်နေဂျာ တစ်ဦး ကိုင်တွယ်ရတဲ့ ဌာန ခွဲ တွေ များလေလေဖြစ်ပြီး အုပ်ချုပ်မှု အာဏာ လဲပိုပေး ရလေလေဖြစ်ပါတယ်။ ဒါ့အပြင် span of control များများကို ကိုင်တွယ်နိုင်ဖို့မိမိ မန်နေဂျာ တွေက အရည်အချင်း ပြည့်နေဖို့လိုပါတယ်။ ဒါ့အပြင် မန်နေဂျာ တစ်ဦး အနေနဲ့ဘယ်လောက် လူများများကို ကောင်း ကောင် းအုပ်ချုပ်စီမံ နိုင်သလဲ ဆိုတာနဲ့သူ့ကိုင်ရမယ့် Span of control ကို သတ်မှတ် သင့်ပါတယ်။ လူသုံးယောက် လောက်ကို အုပ် ချုပ် ဖူးတဲ့ မန်နေဂျာ ဟာ လူ ၁၀ ယောက် လောက် ဆိုရင် မြွေ. ကိုက် နေလေ့ရှိတာ များပါတယ်။ နောက် ဆုံး မန်နေဂျာ ကိုယ်တိုင်က အဖွဲ့ကို သွေးခွဲတာ သွေးထိုး တာ တွေ ဖြစ်ပြီး team work ကို ပြို ကွဲ စေနိုင်ပါတယ်။ ဒါဟာ မန်နေဂျာရဲ့Span of control မလုပ်နိုင် လို့ဖြစ်ပါတယ်။

ဒီလို ပဲ GM, Chief, CEO တို့အတွက် လဲ စဉ်းစား ပြီး Organization Structureကို frame ချဖို့လိုအပ်ပါတယ်။



(၃) Centralization

Org structure တစ်ခုကို အထက်က အချက်တွေ စဉ်းစား ပြီး ပြီဆိုရင် managerial အလွှာ က စီမံအုပ်ချုပ် သူများ ကို ရာထူးအဆင့် အလိုက် ဘယ်လိုအာဏာ ခွဲ ဝေပေးမလဲ ဆိုတာကို စဉ်းစားဖို့လိုအပ်ပါတယ်။ ဥပမာ မန်နေဂျာ level အတွက် expenses ပမာဏ ဘယ်လောက်ကို မန် နေဂျာ လက်မှတ်နဲ့တင် ငွေ ထုတ် သုံးလို့ရတယ်ဆိုတာမျိုး၊. ပမာဏ ဘယ်လောက် အောက် ရှိတဲ့ project တွေကို GM အဆင့်နဲ့တင် customer နဲ့deal လုပ်နိုင်ကြောင်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်မှု လို့ခေါ်တဲ့ Centralization ကို ဖြေလျော့ပေးဖို့ဆိုရာမှာ လက်အောက်က မန်နေဂျာ များ နဲ့ဝန်ထမ်း များ ကလည်း အရည်အချင်း ပြည့်ဝ ကာ ဆုံးဖြတ်နိုင်တဲ့ Decision Making Skill ပြည့် ဝနေ ဖို့လိုအပ်ပါတယ်။ လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးလိုက်သလို အဲဒီ လုပ်ပိုင် ခွင့်ကို အလွဲမသုံးဖို့မှား ယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချပြီး ပန်းတိုင် တွေကိုမထိတာတွေ မဖြစ်ဖို့အတွက် countercheck control လေးတွေကို တော့ ပြန်လည်စဉ်းစားချမှတ်ဖို့လိုအပ်ပါတယ်။

သို့ပေမယ့် လက်အောက် ဝန်ထမ်းတွေ တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်မျိုး ကျွမ်းကျင်မှု မရှိသေးတဲ့ အလုပ်မျိုး ၊ အရေးကြီးတဲ့ အမှားလုံးဝမခံ တဲ့ အလုပ်မျို းတွေ အတွက်ကတော့ ဗဟိုချုပ်ကိုင်မှု စနစ်ကို သုံး ပြီး အကောင်အထည်ဖော်တာကပို ထိရောက်လေ့လဲရှိပါတယ်။



(၄) Specialization

အထူးပြု ဌာန များ အဖြစ် ဖွဲ့စည်းပြီး Org structure ကို တည်ဆောက်သင့်လား မသင့်ဘူးလားဆိုတာကို လဲ ဆုံးဖြတ်ဖို့လိုအပ်ပါတယ်။ တစ်ချို့product or service တွေ ကျတော့ Sale Department အောက်မှာမှ B2C, B2B, B2G, အစရှိသဖြင့် ဌာန ခွဲများ ခွဲ ထားပြီး သက်ဆိုင်ရာ အလုပ်ကိုပဲ specialization အထူးပြုကာလုပ်ကိုင်စေတာဖြစ်ပါတယ်။ တစ်ချို့product or service တွေ ကျတော့ လဲ Sale department အောက်မှာ ပဲ Sale representative ဆို တဲ့ အရောင်းကိုယ်စားလှယ် ရာထူး များကို သာခန့်ထားပြီး အထက်က function အားလုံးကို ကိုယ်တွယ်ရတာမျိုးလဲရှိနိုင်ပါတယ်။ ဒါ့ကြောင့် org nature, vision, နဲ့လုပ်ငန်းအခြေအနေပေါ်မူတည်ပြီး Org structure မှာ ဘယ်လို ဌာန တွေ ခွဲရမယ်ဆိုတာကို သုံးသပ်နိုင်ဖို့လိုအပ်ပါတယ်။



(၅) အခြား

အခြား စဉ်းစားဖို့လိုတာတွေ ကတော့ ဌာန တွေကို နေရာဒေသအလိုက်ခွဲတာ ဥပမာ အထက်မြန်မာပြည် အရောင်းဌာန ၊ market based structure ဈေးကွက်ပေါ်မူတည်ပြီး ဌာနခွဲတာ retail, wholesale၊ Function တွေ ပေါ်မူတည်ပြီး ခွဲတာ ဥပမာ. HRဌာန saleဌာန Marketing ဌာန ၊. လုပ်ငန်းစဉ် Process တွေ အပေါ်မူတည်ပြီး ဌာနခွဲ တာ ဥပမာ အရည်အသွေးထိန်းသိန်းရေး ဌာန ဒီဇိုင်းဌာန သုတေသနဌာန အစရှိသဖြင့် ဘယ်လို ပုံစံ နဲ့ထားရင် organization ရဲ့vision ကို ပိုပြီး အထောက်အပံပေးနိုင်မလဲဆိုတာကို စဉ်းစား ဖို့လိုအပ် မှာဖြစ်ပါတယ်။

မိမိ လုပ်ငန်းအနေအထား သဘောသဘာဝ နဲ့organization vision ပန်းတိုင်ပေါ်မူတည်ပြီး ဘယ်လို org structure ပုံစံ ရှိဖို့လိုမည်ဆိုတာကို သုံးသပ်စဉ်းစားရမှာ ဖြစ်ကြောင်း တင်ဆက်လိုက်ရပါတယ်။


လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။

Kaung Hein Soe - Strategic
Business Consultant

05/10/2022

ထူးချွန်တဲ့ အရောင်းသမားတစ်ယောက်ဟာ
ငြင်းပယ်ခြင်းကို မကြောက်ရွံ့တဲ့ အဆင့်ထိ
ရောက်နေတဲ့ သူမျိုးကို ဆိုလိုတာ ဖြစ်တယ်။


05/10/2022

Helper (2) Posts

နေရာ - မရမ်းကုန်း၊ ရွှေပြည်သာ
လစာ - ၂၀၀,၀၀၀
လုပ်ငန်းအမျိုးအစား - Engineering

- အထက်တန်းအောင် ၊ ကျောင်းမပြီးသေးသူများ၊ ဘွဲ့ရ မည်သူမဆို လျှောက်ထားနိုင်ပါသည်။
- ပစ္စည်းအတင်အချ ၊ အသယ်အပို့ လုပ်နိုင်ရမည်။
- တက်တက်ကြွကြွလုပ်ကိုင်နိုင်ရမည်။
- မရမ်းကုန်း ၊ ရွှေပြည်သာ အနီးတဝိုက် နေထိုင်သူဦးစားပေးမည်။
- အသောက်အစားကင်းရှင်းသူဖြစ်ရမည်။

စိတ်ဝင်စားသူများ အနေဖြင့် [email protected] သို့ဖြစ်စေ Messenger Chat Box သို့ဖြစ်စေ CV form ပေးပို့လျှောက်ထားနိုင်ပါသည်။
Contact No - 09404230372 (Viber)

02/06/2022

💁💁 Online Speaking Class 😊😊

⛔️ Speaking Level4ဆင့်ရှိပါတယ်
🔸Speaking 1⃣
🔸Speaking 2⃣
🔸Speaking 3⃣
🔸Speaking 4⃣

⛔️ စကားပြောပိုင်းအထူးသီးသန့်လေ့ကျင့်သူများအတွက်
🔸 Speaking Practice

————————

🔶️ Speaking 1⃣ ကိုဘယ်သူတွေတက်သင့်ပါသလဲ
- အခြေခံလုံးဝမရှိသေးသူများ
- pin yin မရသေးသူများ
- မေးထူးခေါ်ပြော ပြောတတ်ပေမဲ့ စနစ်တကျမသင်ခဲ့ဖူးသူများ
- အခြေခံစကားပြောကို ကြားဖူးသော်ငြားလည်းလက်​တွေ့မှာပြန်​ပြောဖို့ခက်ခဲ​နေသူများ
- HSK 1 အတွက်ပထမခြေလှမ်းပါ

————————

🔶️ Speaking 2⃣ ကိုဘယ်သူတွေတက်သင့်ပါသလဲ
- အခြေခံအနည်းငယ်ရှိပြီးသူများ
- နိုင်ငံခြားသို့သွားရောက်လည်ပတ်လိုသူများ
- နေထိုင်စားသောက်မှုအတွက် လိုအပ်ချက်များအားလုံးပြောတတ်ချင်သူများ
- HSK 1 ဖြေဆိုချင်သူများ

————————

🔶️ Speaking 3⃣ ကိုဘယ်သူတွေတက်သင့်ပါသလဲ
- အခြေခံအဆင့်ကိုကျော်လွန်ပြီးသူများ
- လုပ်ငန်းသုံးစကားများလိုအပ်နေသူများ
- နိုင်ငံခြားသို့ သွားရောက်လိုသူများ
- တရုတ်စာကို အချိန်ကြာကြာသင်ယူခဲ့ဖူးပေမဲ့ တရုတ်စကားပြောဖို့ယုံကြည်မှုအားနည်းနေသူများ
- HSK 2 အတွက်ပထမခြေလှမ်းပါ

————————

🔶️ Speaking 4⃣ ကိုဘယ်သူတွေတက်သင့်ပါသလဲ
- အခြေခံအဆင့်ကိုကျော်လွန်ပြီးသူများ
- နိုင်ငံခြားသို့သွားရောက်လိုသူများ
လုပ်ငန်းသုံးစကားများလိုအပ်နေသူများ
-တရုတ်စကားကိုတရုတ်လူမျိုးတ​ယောက်လို​ပြောထွက်ချင်သူများ
- တရုတ်လူမျိုးနဲ့စကားပြောဆိုရာတွင်အခက်အခဲရှိနေသူများ
- HSK 2 ဖြေဆိုချင်သူများ

————————

🔶️ Speaking Practice ကိုဘယ်သူတွေတက်သင့်ပါသလဲ
- တရုတ်စကားပြောကိုတစ်နှစ်နီးပါးလေ့လာဖူးသူများ
- နိုင်ငံခြားသို့သွားရောက်လိုသူများ
- တရုတ်စကားကိုမိခင်ဘာသာလိုအခက်ခဲမရှိပြောတတ်လိုသူများ

————————

㊙️ POOH Chinese Classမှတရုတ်စကားပြောကို2⃣လအတွင်းပြောတတ်ရုံမကလက်တွေ့ပြောထွက်လာအောင် Levelအဆင့်အလိုက်အထူးလေ့ကျင့်ပေးနေပါပြီ 😊 ထူးခြားပျော်ရွှင်မှုများကိုအမှန်တကယ်ခံစားလာရမှာပါ 😇
အားလုံးကိုအမြဲကြိုဆိုပါတယ်။ 😊

▶️ Block (C) , ညောင်ပင်လေးပလာဇာ , ဒုတိယထပ် , လမ်းမတော်လမ်း ,လမ်းမတော်မြို့နယ် , ရန်ကုန်
https://goo.gl/maps/msTqV6DBtyR2

📲 09443050246

📝 X gym fitness မှာနာမည်စာရင်းသွင်းထားနိုင်ပါပြီ။

#ပျော်ရွှင်မှုများဆုံမှတ်
😊😊

23/05/2022

HR မလေ့လာခင် ဆရာမျှဝေ ထားတဲ့
Video (၃)ခုကို အရင်လေ့လာပါ

HR ဖြစ်ဖို့ ဘာသင်တန်းတွေတက်ရမလဲ? 👇
https://fb.watch/cSVFy3738w/

HR က ဘာတွေလုပ်ရတာလဲ?👇
https://fb.watch/cSVBZSh8h0/

HR စလေ့လာဖို့ ဘာစာအုပ်တွေဖတ်ရမလဲ? 👇
https://fb.watch/cSVHt2qy-b/

ဒါတွေကို လေ့လာထားကြပါ

HRဘဝ

07/01/2022

(ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း)
စနေ နှင့် တနင်္ဂနွေနေ့ ည ၆ နာရီမှ ၇ နာရီခွဲအထိသင်ကြားပေးမဲ့ Online တစ်လခွဲ အမြန်သင်တန်းဖြစ်ပါသည်။ Zoom Class နဲ့ သင်ကြားပေးမှာဖြစ်ပြီး myanmaronlinecampus.com တွင်လေ့လာရမှာဖြစ်ပါတယ်။

🎤ဂျပန်နိုင်ငံမှ Ph.D ဘွဲရရှိပြီး မလေးရှားနိုင်ငံရှိ ဆေးတက္ကသိုလ် AIMST University တွင် Senior Lecturer အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် Dr. Myat Thu Thu Win နှင့်အတူ ဝါရင့် ဆရာဝန်နှင့်သူနာပြုများကိုယ်တိုင် စာတွေ့လက်တွေ့သင်ကြားပိုချပေးသွားမှာဖြစ်ပါတယ်။

🔅Training Schedule🔅
🗓 2022 January 15 > February 20
⏰ 06:00pm - 7:30pm ( Sat , Sun )

👉တက်သင့်တဲ့သူတွေကတော့
-မိမိနဲ့ မိမိ မိသားစုအတွက် ရောဂါအခြေခံတွေနဲ့ ရောဂါအလိုက်ဆေးအသုံးပြုပုံတွေ ဆေးသောက်ရာမှာ သတိထားသင့်တဲ့ အခြေအနေတွေ သိရှိစောင့်ရှောက်ချင်သူတွေ
-အိမ်နှင့်လုပ်ငန်းခွင်အတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ဖို သိထားချင်သူတွေ
-နိုင်ငံခြားသွားရောက်အလုပ်လုပ်ကိုင်မည့်သူတွေ
-ဆေး၀ါးအကြောင်း သာမန်လူတွေထက် ပိုမိုနားလည်ချင်တယ်ဆိုသောသူများအတွက် ဖြစ်ပါတယ်။

🤷‍♀️သင်တန်းပြီးဆုံးတဲ့ အခါ သင်တန်းစာများနားလည်မှု ရှိ/မရှိ Accessment Test ပြန်လည်စစ်ဆေးပေးမည်ဖြစ်ပြီး နားမလည်ပါက ဆက်လက်လေ့လာနိုင်ဖို အခမဲ့ FOC စီစဉ်ပေးမှာဖြစ်လို နောက်တစ်ကြိမ် နားထောင်လိုရတဲ့အတွက် မတတ် တတ်အောင် သင်‌ပေးမဲ့ သင်တန်းဖြစ်ပါတယ်။

👍စာတွေချည်းသင်မှာ မဟုတ်ဘဲ ရောဂါအခြေခံသဘောတရားများကို ဓါတ်ပုံများ Video file မျများဖြင့်ဝေဝေဆာဆာ အိပ်မငိုက်အောင် သင်မဲ့ သင်တန်းဖြစ်ပါတယ်။

👉သင်ကြားပေးမဲ့ ခေါင်းစဉ်တွေကတော့
1. Basic Anatomy အခြေခံ ခန္ဓာဗေဒ
2. Basic Pharmacology အခြေခံ ဆေးဝါးဗေဒ
3. Nursing Care ရှေးဦးသူနာပြုစုခြင်း
4. Practical လက်တွေ့ - တိုပါဝင်မှာပါ။

ဥပမာ ဆေးဝါးနှင့်ပတ်သက်၍-
-ကူးစက်လွယ်ရောဂါများ Communicable Diseases
(Bacteria ကြောင့်ဖြစ်သောရောဂါများ
Eg- နမိုးနီးယား အဆုတ်ယောင်ရောဂါ
အူရောင်ငန်းဖျားရောဂါ
Virus ကြောင့်ဖြစ်သောရောဂါများ
Eg- ရာသီတုတ်ကွေးရောဂါ
ကိုဗစ် 19ရောဂါ
ခွေးရူးပြန်ရောဂါ)
-တုတ်ကောင် သန်ကောင်ရောဂါများ
-မကူးစက်နိုင်သောရောဂါများ
-မကူးဆက်နိုင်သည့်ရောဂါများ Non-communicable diseases
သွေးတိုးရောဂါ
နှလုံးသွေးကြောကျဥ်းရောဂါ
နှလုံးသွေးကြောပိတ်ရောဂါ
ဆီးချိုရောဂါ
သွေးတွင်းအဆီဓါတ်များခြင်း အစရှိသည်များ နှင့် ၎င်းတို့တွင် သုံးသောဆေးများနှင့် မဖြစ်အောင်ကြိုတင်ကာကွယ်ပုံများ
-အကိုက်အခဲပျောက်ဆေးများအကြောင်းနှင့် မသောက်သင့်သောအခြေအနေများ
-အစာအိမ်ဆေးများအကြောင်း
-ကိုယ်၀န်တားဆေးဆိုတာ ဘာလဲ ဘယ်လိုတွေသောက်ရလဲ အရေးပေါ်ကိုယ်၀န်တားဆေးများအကြောင်း
-ရာသီတုတ်ကွေးရောဂါကာကွယ်ဆေး ကိုဗစ်ရောဂါကာကွယ်ဆေး အစ ရှိသော ကာကွယ်ဆေးများအကြောင်းနှင့် ဘယ်လိုလူတွေ ထိုးပြီး ဘယ်လိုလူတွေ မထိုးသင့်ဘူးလဲ
အစရှိတဲ့ မသိမဖြစ်ကျန်းမာရေးနဲ့ ဆေး၀ါးအကြောင်းတွေကို သင်ကြားပေးမှာဖြစ်ပါတယ်။

🎉ပုံမှန် သင်တန်းကြေး 150,000 ကျပ်ကို 40% Discount နဲ့ 90,000 ကျပ်သာ ကျသင့်မှာဖြစ်၍ အမြန်စာရင်းပေးလိုက်တော့နော်။
လူဦးရေ ၂၅ အထိသာ လက်ခံပါမယ်ရှင့်။🎉

စာမေးပွဲအောင်မြင်ပြီးပါက Certificate ပေးမှာဖြစ်လို အလုပ်အကိုင်အတွက် အစဉ်ပြေစေမှာဖြစ်ပါတယ်။

Certificate ရရှိပြီးသူများ ပြည်တွင်း ပြည်ပအလုပ်ရရှိရေး တရားဝင် အေဂျင်စီများဖြင့် အခမဲ့ ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အသေးစိတ်သိလိုပါက -
ကျန်းမာ‌ရေးစောင့်ရှောက်မှုသင်တန်း
ဖုန်း/Viber 09 446 446 852
ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

အသေးစိတ်လေ့လာလိုပါက-
https://www.facebook.com/100680661904565/posts/322109663094996/

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Building (B-16) Room (3) Anawrahta Housing , Pyi Street , Kamaryut Tps
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00