The Wings Institute

The Wings Institute

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Wings Institute, Kyun Taw Road, Yangon.

The Wings Institute has been delivering projects to spread national reconciliation mindset among young leaders and to actively involve in building free and fair nation and peace process.

18/06/2022

Understanding Federalism သင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း
ရည်ရွယ်ချက်
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအသစ်တည်ထောင်ရာတွင် လူငယ်များ တက်ကြွစွာ ပူးပေါင်း ပါဝင်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းအား စီစဥ်ရခြင်းဖြစ်ပါသည်။

အချိန်ကာလ
- သင်တန်းရက် -၂၀၂၂ခုနှစ်၊ဇွန်လ ၂၅,၂၆၊ သင်တန်းကာလ (၂)ရက်
- သင်တန်းအချိန် ညနေ (၅)နာရီ မှ (၈)နာရီ ထိ
- သင်ကြားမည့်ပုံစံ - zoom မှ တဆင့် သင်ကြားပါမည်။
- လျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့ ညနေ (၅)နာရီ။
- ရွေးချယ်ခံရမည့်သူများအား ၂၀၂၂ခုနှစ်,ဇွန်လ (၂၃) ရက်နေ့တွင် Email ဖြင့်အကြောင်းကြားပေးပါမည်။

သင်တန်းတွင် ယခုအကြောင်းအရာများကိုလေ့လာခွင့်ရရှိပါမည်။
- State, Nation and Ethnic Minorities.
- Concept of Federalism.
- Federalism and Federal Spirit.
- Self-determination.

သင်တန်းတက်ရောက်နိုင်မည့်သူများ
- စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ဖော်ဆောင်မှုများကို အမှန်တကယ် စိတ်ပါဝင်စားသူဖြစ်ရမည်။
- အသက်ကန့်သတ်ချက်မရှိပါ။
- သင်တန်းကာလ (၂)ရက်ကို အစအဆုံးအပြည့်အဝတက်ရောက်နိုင်သူဖြစ်ရပါမည်။
- လက်ခံမည့်သင်တန်းသားဦးရေ - (၃၀) ဦး။

လျှောက်ထားသူများသည် သင်တန်းလျှောက်လွှာအား ၂၀၂၂ခုနှစ် ဇွန်လ (၂၂) ရက်၊ ညနေ (၅) နာရီ နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာပေးပို့ရမည့်လိပ်စာ
Email – [email protected]
Signal Number - +959788917337
တို့မှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာ Link

https://docs.google.com/document/d/1hCcCfovjNmktGwV0Enused3G2pxtPqJZ/edit?usp=sharing

https://drive.google.com/file/d/1BKl2UEWocAApKVX9Ukzt1eXWW7m6f1KC/view?usp=sharing

08/06/2022

Federalism with Gender Perspective သင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း

ရည်ရွယ်ချက်

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအသစ်တည်ထောင်ရာတွင် လူငယ်များ တက်ကြွစွာပူးပေါင်းပါဝင်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းအားစီစဉ်ရခြင်းဖြစ်ပါသည်။

အချိန်ကာလ

- သင်တန်းရက် - ၂၀၂၂ခုနှစ်၊ဇွန်လ၊၁၈ရက် နေ့မှ ၂၀၂၂ခုနှစ်၊ဇွန်လ၊၂၁ရက် နေ့အထိ၊ သင်တန်းကာလ (၄)ရက်
- သင်တန်းအချိန် - နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ
- သင်ကြားမည့်ပုံစံ - Zoom မှတဆင့်သင်ကြားပါမည်။
- လျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက် - ၂၀၂၂ခုနှစ်၊ဇွန်လ၊၁၄ရက်နေ့ ညနေ(၅)နာရီ။
- ရွေးချယ်ခံရမည့်သူများအား ၂၀၂၂ခုနှစ်၊ဇွန်လ၊၁၆ရက်နေ့ မနက်တွင် Email ဖြင့် အကြောင်းကြားပေး ပါမည်။

သင်တန်းတက်ရောက်နိုင်မည့်သူများ

- စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ဖော်ဆောင်မှုများကို အမှန်တကယ် စိတ်ပါဝင်စားသူ ဖြစ်ရပါမည်။
- အသက်(၃၅)နှစ်အောက် ဖြစ်ရပါမည်။
- သင်တန်းကာလ (၄)ရက်ကို အစအဆုံးအပြည့်အဝ တက်ရောက်နိုင်သူဖြစ်ရပါမည်။

လက်ခံမည့်သင်တန်းသားဦးရေ - (၂၅)ဦး

လျှောက်လွှာပေးပို့ရမည့်လိပ်စာ
Email - [email protected]
Signal number – 09773937274 တို့မှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာ link

https://docs.google.com/file/d/1-3Y6nIlRenNeGgFACronpAL4ENOdK5UI/edit?usp=docslist_api&filetype=msword

https://drive.google.com/file/d/1xlTWZjbrtlxuc19K7ORZmnQT0rYLhQzg/view?usp=drivesdk

Photos from The Wings Institute's post 25/04/2022

Federalism သင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း
ရည်ရွယ်ချက်
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအသစ်တည်ဆောက်ရာတွင် လူငယ်များတက်ကြွစွာ ပူးပေါင်းပါဝင်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းအားစီစဉ်ရခြင်းဖြစ်ပါသည်။
အချိန်ကာလ
- သင်တန်းရက် - မေ (၂) ရက်နေ့မှ မေ (၃)ရက်နေ့ထိ ၊ သင်တန်းကာလ (၂)ရက်
- သင်တန်းအချိန် - နံနက် ၉နာရီမှ ၁၁နာရီခွဲအထိ
- သင်ကြားမည့်ပုံစံ - Zoom မှတဆင့် သင်ကြားပါမည်။
- လျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက် - ဧပြီလ (၂၉)ရက်နေ့ ညနေ (၅)နာရီ။
- ရွေးချယ်ခံရသူများအား မေလ (၁)ရက်နေ့ မနက်တွင် Email ဖြင့် အကြောင်းကြားပေးပါမည်။
သင်ယူလေ့လာရမည့်အကြောင်းအရာများ
သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် အောက်ဖော်ပြပါအကြောင်းအရာများကို လေ့လာသင်ယူရမည်ဖြစ်ပါသည်။
သင်တန်းပထမရက်တွင်
1) Nation, State and Minority
2) Minority rights and Constitution
3) Federalism and Federalization process
သင်တန်းဒုတိယရက်
1) Federal Bargaining and great compromise
2) Federal Spirit and Federal principles
3) Self-determination and state constitution
သင်တန်းတက်ရောက်နိုင်မည့်သူများ
- စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး ဖော်ဆောင်မှုများကို အမှန်တကယ်စိတ်ဝင်စားသူဖြစ်ရမည်။
- အသက် (၁၈)နှစ်မှ (၃၀)အတွင်းဖြစ်ရပါမည်။
- ဗမာတိုင်းရင်းသားလူငယ်များသာ လျှောက်ထားနိုင်ပါသည်။
- သင်တန်းကာလ ၂ရက်ကိုအစအဆုံး အပြည့်အဝတက်ရောက်နိုင်သူ ဖြစ်ရမည်။
လက်ခံမည့် သင်တန်းသားဦးရေ - (၂၁)ဦး
လျှောက်ထားရန်
လျှောက်ထားသူများသည် အမည်၊ သင်တန်းတွင်ဖော်ပြစေလိုသည့်အမည်၊ အဖွဲ့အစည်း၊ မွေးသက္ကရာဇ်၊ သင်တန်းကိုမည်သည့်ဒေသမှတက်ရောက်မည်၊ ဖုန်းနံပါတ်၊ Signal နံပါတ်၊ Email၊ Zoom account စသည်တို့ကို Signal number (09773937274) သို့ ၂၀၂၂ခုနှစ် ဧပြီလ ၂၉ရက်နေ့ ညနေ ၅နာရီ နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ပါသည်။

08/02/2021

The Wings Alumni များ၏ သဘောထား

07/02/2021

The Wings Institute မှ ဝန်ထမ်းများ ပြည်သူနဲ့အတူလွတ်လွတ်လပ်လပ်ပူးပေါင်းနိုင်ရန်
မနက်ဖြန် ရုံးပိတ်ပါသည်။

Photos from The Wings Institute's post 29/01/2021

၂၈/၂၉-၁-၂၀၂၁ တွင် Non-Discrimination Training (တတိယအကြိမ်) ကို ဆရာဦးအောင်ဇော်ထွေးမှ Zoom ဖြင့် သင်တန်း ပို့ချခဲ့ပါသည်။ သင်တန်း(၂)ရက်တာလုံးစိတ်ရှည်စွာဖြင့်သင်ကြားပို့ချပေးသော ဆရာ့အားကျေးဇူးအထူးတင်ရှိပါသည်။ စိတ်ပါဝင်စားစွာဖြင့် မပျက်မကွက်တက်ရောက်ပေးကြသောသင်တန်းသားများအားလုံးကိုလည်းကျေးဇူးတင်ဂုဏ်ယူပါသည်။

Photos from The Wings Institute's post 25/01/2021

၂၂/၂၃-၁-၂၀၂၁ တွင် Non-Discrimination သင်တန်း(ဒုတိယအကြိမ်) ကို Zoom ဖြင့် ဆရာအောင်ဇော်ထွေးမှပို့ချခဲ့ပါသည်။ သင်တန်း(၂)ရက်တာလုံးစိတ်ရှည်လက်ရှည်ဖြင့်သင်ကြားပို့ချပေးသော ဆရာအားကျေးဇူးအထူးတင်ရှိပါသည်။ စိတ်ပါဝင်စားစွာမပျက်မကွက်တက်ရောက်ပေးကြသောသင်တန်းသားများအားလုံးကိုလည်းကျေးဇူးတင်ဂုဏ်ယူပါသည်။

Photos from The Wings Institute's post 18/01/2021

Non-Discrimination သင်တန်းကို ၁၆/၁၇-၁-၂၀၂၁ တွင် Zoom ဖြင့်ပြုလုပ်ပြီး ဆရာအောင်ဇော်ထွေးမှပို့ချခဲ့ပါသည်။ သင်တန်း(၂)ရက်တာလုံးစိတ်ရှည်လက်ရှည်ဖြင့်သင်ကြားပို့ချပေးသော ဆရာအောင်ဇော်ထွေးနှင့် စိတ်ပါဝင်စားစွာမပျက်မကွက်တက်ရောက်ပေးကြသောသင်တန်းသားများအားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်။

Photos from The Wings Institute's post 13/01/2021

Unicode

The Wings Institute ၏ Reconciliation Exchange Program (Yangon) Nov , 2020 အတွက် ရွေးချယ်ခံရသူများ အမည်စာရင်း နှင့် သင်တန်းအစီအစဉ် စတင်ခြင်းများ

လျှောက်လွှာလျှောက်ထားသူ၊ ဖြေဆိုသူအားလုံးသည် ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်မှုကို အမှန်တကယ် လိုလားသူများဖြစ်ကြသည့်အတွက် ယခု အစီအစဉ်အတွက် အရွေးချယ်ခံရသည်ဖြစ်စေ အရွေးချယ်မခံရသည်ဖြစ်စေ The Wings Institute ရဲ့ အခြားအစီအစဉ်များတွင်လည်း ထပ်မံပူးပေါင်းပါ၀င်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်

The Wings Institute သည် REP(Yangon)2020 အတွက် မြန်မာနိုင်ငံ ဒေသအသီးသီး မှ လျှောက်ထားခဲ့ကြသော အရည်အချင်းရှိ တက်ကြွသော လူငယ်များထဲမှ အောက်ပါ လူငယ်များသည် အစီအစဉ်အစအဆုံးကို ပူးပေါင်းပါဝင်နိုင်မည့်သူများ၊ မိမိတို့ Institute မှ ဖြည့်ဆည်းပေးရန်လိုအပ်မည်ဟုယူဆရသူများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအပေါ် စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်လိုသူများ၊ ယခုကဲ့သို့ အခွင့်အရေးများကြောင့် ပိုမိုတိုးတက်လာပြီး သက်ဆိုင်ရာလူ့အဖွဲ့အစည်း အသီးသီးသို့ ပြန်လည်မျှဝေအထောက်အပံ့ ဖြစ်စေနိုင်မည့်သူများ စသည့် အကြောင်းရင်းခံများဖြင့်အဓိကထားပြီးရွေးချယ်ခဲ့ပါသည်။

လျှောက်လွှာအစောင်ရေ (48) လက်ခံရရှိခဲ့ပြီး သတ်မှတ်ချက်များနဲ့ ကိုက်ညီသည့် လျှောက်လွှာ (45)စောင်ကို လူတွေ့မေးမြန်းခြင်း ဖုန်းဖြင့်ဆက်သွယ်၍ အင်တာဗျူးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဒေသအသီးသီးမှ လူငယ် ခေါင်းဆောင် ၂၂ ဦး ကိုရွေးချယ်ခဲ့သည်။
သို့ရာတွင် covid ဒုတိယ လှိုင်း အခြေအနေအချို့ကြောင့် နောက်ကျခဲ့ရပြီး ရွေးချယ်ခံရသူ နှစ်ဦး မပါဝင် နိုင်တော့ပဲ အောက်ပါ (၂၀) ဦး သာဆက်လက်ပါဝင်နိုင်ခဲ့သည်။

The Wings ၏ REP Yangon အစီအစဉ်ကို လတ်တလော ခရီးသွားလာခြင်းဆိုင်ရာ ရပ်ဆိုင်းထားမှုများကြောင့် သင်တန်းပိုင်း နှင့် ခရီးစဉ်ပိုင်း ဟု နှစ်ပိုင်းခွဲပြုလုပ်ရန်စီစဉ် ထားရှိခဲ့ပြီး သင်တန်းပိုင်းဆိုင်ရာ ဘာသာရပ်များကို Transitional Justice - ဆရာ ကျော်ဦး ၊ Federalism- ဆရာ ဝင်းညီညီဇော် ၊ Peace Building, State Building and Nation Building - ဆရာ ရဲမျိုးဟိန်း တို့ဖြင့် နိုဝင်ဘာ လ ၁၃ ရက်နေ့ မှ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ online သင်တန်းများ ပြုလုပ်ဆွေးနွေး ခဲ့ကြပါသည်။

Zawgyi







Unicode

The Wings Institute ၏ ဒုတိယ အကြိမ်မြောက် Alumni Gathering- 2020ခု နှစ် အလုပ်ရုံဆွေးနွေးပွဲကို သန်လျင်မြို့နယ် ရှိ WH Hotel တွင် သြဂုတ်လ ၂၉၊ ၃၀ ရက်များ အတွင်း ပြုလုပ်ခဲ့ရာ Covid ကပ်ရောဂါ ကာလ အတွင် ထုတ်ပြန်ချက် များ နှင့် အညီ ဆောင်ရွက်ခဲ့ ရသဖြင့် ဒေသအသီးသီး မှ Alumni ၃၀ ခန့် ဖြင့် သာကျင်းပခဲ့ကြပါသည်။

တက်ရောက်လာကြသူများသည် Alumni များအတွက် ရေရှည် ကွန်ရက် ချိတ်ဆက်ခြင်းဆိုင်ရာများ နှင့် ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အနာဂတ်လုပ်ငန်းစဉ်များ ကို (၂) ရက်တာ ရင်းနှီး ပွင့်လင်း စွာ တိုင်ပင် ဆွေးနွေးငြင်းခုံ ခဲ့ကြသည်။

Zawgyi




Unicode
The Wings Institute မှစီစဉ်သော Reconciliation Exchange Program( Yangon ) August 2020 ခရီးစဉ်ကို August 2 ,2020 မှစတင်ပြီး August 13 ,2020 နေ့တွင်ပြီးဆုံးခဲ့ပါသည်။
ထို REP(Yangon) August 2020 တွင် ပါဝင်ခွင့်ရသော ပြည်နယ်နှင့်တိုင်း ဒေသ အသီးသီးမှ လူငယ်ခေါင်းဆောင်၂၃ ဦးသည် ခရီးစဉ် ၁၀ ရက် တာ အတွင်း ရန်ကုန်ဒေသအတွင်း ကျန်းမာရေး၊ပညာရေး ၊နိုင်ငံရေး၊ငြိမ်းချမ်းရေး စသည်တို့ကိုဆောင်ရွက်နေသည့် အဖွဲ့အစည်း အသီးသီးနှင့်တွေ့ဆုံ၍ ဒေသတွင်း အခြေအနေအရပ်ရပ်ကို ချစ်ခင်ရင်းနှီးစွာ အတူတကွ နေထိုင် လေ့လာခဲ့ကြပါသည်။
ဒေသခံများနှင့် တိုက်ရိုက်တွေ့ဆုံ၍ ချစ်ကြည်ရင်းနှီးစွာ ယဉ်ကျေးမှုများနှင့်ဘဝနေထိုင်မှုများကိုလည်း လေ့လာ စူးစမ်း ခဲ့ကြပါသည်။
ထို့အပြင် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားတက်ရောက်ခြင်း၊ ရန်ကုန်မြို့ အထင်ကရနေရာများ သို့သွားရောက်လည်ပတ်ခြင်းနှင့် မြို့ပြ ဆိုင်ရာ ရုန်းကန်လှုပ်ရှားမှု အခြေအနေများ ကိုလည်း လက်တွေ့လေ့လာခဲ့ကြသည်။
ထိုကဲ့သို့ လေ့လာယုံကြည်မှုတည်ဆောက်သည့် အစီအစဉ် တလျှောက်လုံး တွင် Covid ကပ်ရောဂါ ကာလ ကျန်းမာရေးဆိုင်ရာ သတိပေးထုတ်ပြန်ချက်များနှင့်အညီ ဖြစ်မြောက်စေရေး အတွက် ခရီးစဉ်အတွင်း အစစအရာရာအဆင်ပြေချောမွေ့အောင် ကူညီ ပူးပေါင်း ပါဝင်ပေးခဲ့ပါသော အဖွဲ့အစည်းအသီးသီး၊ ဆရာမ/ဆရာများ နှင့် အစီအစဉ်အစ အလယ် အဆုံး အပင်ပန်းခံ၍ တက်ကြွစွာလေ့လာသင်ယူခဲ့ကြပါသော ပါဝင်ခွင့်ရသူ လူငယ်ခေါင်းဆောင်များ အားလုံးကို ကျေးဇူးတင်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

Zawgyi


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Kyun Taw Road
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00