Kizuna Japanese Language Centre

Kizuna Japanese Language Centre Japanese Language Centre

ယခု၊ ပြောင်းလဲတိုးတက်လာသော မြန်မာနိုင်ငံသို့ဂျပန်စီးပွါးရေးကုမ္ပဏီများ၊
ဂျပန်ခရီးသွားဧည့်သည်များ၊ များစွာဝင်ရောက်လာပါသည်။ သို့ကြောင့်
အနာဂတ်မြန်မာနိုင်ငံတွင် ဂျပန်ဘာသာသည် အရေးပါအသုံးဝင်သော
ဘာသာရပ်တခုဖြစ်လာမည်မှာ မလွှဲမသွေဖြစ်ပါသည်။ ဂျပန်ဘာသာကို
တက်မြောက်ထားခြင်းအားဖြင့် ဂျပန်နိုင်ငံသို့သွားရောက်ပညာသင်ကြားခြင်း၊
ဂျပန်နိုင်ငံတွင်ရှိသော ဂျပန်ကုမ္ပဏီများ / မြန်မာနိုင်ငံတွင်ရှိသော ဂျပန်ကုမ္ပဏီများ၌
ဝင်ရောက်လုပ်ရာတွင် များစွာအထောက်အကူမည် ဖြစ်ပါသည်။

၁၁ ရက် ၇ လ ၂၀၂၀ ဂျပန်နိုင်ငံ Yomiuri သတင်းစာရဲ့ Online သတင်းမှာပါလာတဲ့သတင်းဖြစ်ပါတယ် ။**********************************...
12/07/2020

၁၁ ရက် ၇ လ ၂၀၂၀ ဂျပန်နိုင်ငံ

Yomiuri သတင်းစာရဲ့ Online သတင်းမှာပါလာတဲ့

သတင်းဖြစ်ပါတယ် ။

***************************************************

ဂျပန်နိုင်ငံဟာ Covid-19 ဖြစ်ပွါးပြီးနောက်

ပထမဆုံး အနေနဲ့ ၆ လပိုင်းအတွင်းမှာ

ဗီယက်နန် , ထိုင်း , ဩစတေးလျား , နယူးဇီလန် တို့

၄နိုင်ငံကို ဝင်ခွင့်စတင်ခဲ့ပြီး ၊ ဒုတိယ အနေနဲ့

တရုတ် , ထိုင်ဝမ် , ကိုရီးယား , မွန်ဂို , မြန်မာ အစရှိတဲ့

ပေါင်း ၁၀ နိုင်ငံကို ၇လပိုင်း အတွင်းမှာ

ဝင်ခွင့်ပြန်ပေးဖို့ကို ဆွေးနွေးနေတယ်လို့ ပါရှိပါတယ် ။

လက်ရှိဂျပန်နိုင်ငံ လေဆိပ်မှာ စစ်ဆေးနိုင်တဲ့

Covid-19 (PCR-Test) က ၁ရက်မှာ အယောက်

၂၃၀၀ မျှသာ စစ်ဆေးပေးနိုင်သော်လည်း

၈ လပိုင်းအတွင်းမှာ ပုကလိကကုမ္ပဏီတွေကိုလဲ

လေလံပေးပြီး လေဆိပ်မှာ အယောက် ၄၀၀၀ အထိ

တိုးချဲ့စစ်ဆေးနိုင်မှာဖြစ်ပြီး ၊ ၉လပိုင်းကစတင်ပြီး

ဟာနေဒါ ၊ နာရီတာ နဲ့ ခန်းစိုင် လေဆိပ်တို့မှာ

တိုးချဲ့ထားရှိပြီးတော့ အယောက် ၆၀၀၀ အထိ

စစ်ဆေးနိုင်မှာဖြစ်ပြီး ၊ စုစုပေါင်းဆိုလျှင်

တစ်ရက်လျှင် အယောက် ၁၀၀၀၀ အထိ တိုးမြင့်

စစ်ဆေးသွားနိုင်ဖို့ လုပ်ဆိုင်သွားမယ်လို့

ရေးသားထားပါတယ် ။

မြန်မာပြည်မှာ စောင့်ဆိုင်နေသူများ

အမြန်ဆုံး လာရောက်နိုင်ကြပါစေ 🙏

https://www.yomiuri.co.jp/politics/20200711-OYT1T50121/

သတင်းကောင်းပါဗျိုး😄ဂျပန်အစိုးရက ဒုတိယအနေဖြင့်ထိုင်ဝမ် ၊ တရုတ် နဲ့ ကိုရီးယားတို့ကို(Business အတွက် အသွားအလာအတွက်သာ၊အလည်ဗီ...
02/07/2020

သတင်းကောင်းပါဗျိုး😄

ဂျပန်အစိုးရက ဒုတိယအနေဖြင့်

ထိုင်ဝမ် ၊ တရုတ် နဲ့ ကိုရီးယားတို့ကို

(Business အတွက် အသွားအလာအတွက်သာ၊
အလည်ဗီဇာများ မပါသေး)

ဒီလအတွင်း ပြန်လည်ဖွင့်ပေးဖို့ စီစဉ်နေပြီး

မြန်မာ နဲ့ ဘုရူနိုင်း ကိုလည်း ထည့်သွင်းဖို့

ဆွေးနွေးနေတယ်လို့ သတင်းမှာပါသွားပါတယ် 😊

 政府は、新型コロナウイルスの水際対策について、台湾や中国、韓国などとのビジネス目的での往来も出入国規制の緩和対象に含める方向で今月中にも調整に入ることがわかりました。 日本政府は出入国規制緩和の第1...

ယနေ့  ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနမှ၂၀၁၉ခုနှစ် ၁၀လပိုင်း ၁ရက်နေ့မှ၂၀၂၁ခုနှစ် ၁လပိုင်း ၂၉ရက်နေ့အတွင်းCOE ရရှိထားသူများ/ရရှ...
26/06/2020

ယနေ့ ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနမှ

၂၀၁၉ခုနှစ် ၁၀လပိုင်း ၁ရက်နေ့မှ

၂၀၂၁ခုနှစ် ၁လပိုင်း ၂၉ရက်နေ့အတွင်း

COE ရရှိထားသူများ/ရရှိမည့် သူများအတွက်

အကြုံးဝင်တဲ့ ကြော်ညာချက်တစ်ခုကို

ထုတ်ပြန် ကြော်ညာခဲ့ပါတယ် ။

➡️ COE နှင့်ပတ်သတ်သည့် အချက်ကိုသာ အတိုချုန်း
ရေးပါမည် ။

ပုံမှန် COE သက်တန်း၏ ကုန်ဆုံးရက်မှာ

ထုတ်ပေးသည့်ရက်မှ ၃လအတွင်းဖြစ်သော်လည်း

ယခု Covid-19 ကြောင့် လေကြောင်းလိုင်းများ

နိုင်ငံအလိုက်လေဆိပ်များ ပိတ်ပင်ထားခြင်းကြောင့်

ဂျပန်နိုင်ငံသို့လာရောက်ရန် အခက်အခဲများရှိနေပါသည်။

ထို့ကြောင့် ၂၀၁၉ခုနှစ် ၁၀လပိုင်း ၁ရက်နေ့မှ

၂၀၂၁ခုနှစ် ၁လပိုင်း ၂၉ရက်နေ့အတွင်း

COE ရရှိထားသူများ/ရရှိမည့် သူများအတွက်

★ဂျပန်နိုင်ငံသို့ ဝင်ခွင့်ကိုပိတ်ပင်ထားသည့်နိုင်ငံအလိုက်

ဂျပန်နိုင်ငံမှ ပြန်လည်ဖွင့်ပေးသည့်နေမှ ၆လ အတွင်း

(သို့မဟုတ်)

★၂၀၂၁ခုနှစ် ၄လပိုင်း ၃၀ရက်နေ့အထိ

အထက်ပါ ၂ချက်မှ စောသည့်ရက်အား COE ၏

နောက်ဆုံးကုန်ရက်အနေဖြင့် သတ်မှတ်ပေးမည်

ဖြစ်ပါသည် ။

Photo 2 : Credit

http://www.moj.go.jp/content/001319321.pdf

ဂျပန်နိုင်ငံက ပေးတဲ့ အထူးထောက်ပံ့ကြေးယန်း ၁၀ သောင်း လျှောက်ထားရတွင်ဂရုစိုက်ရမယ့် အချက်ရှိလို့ ပြောပြပါရစေ ။သိတဲ့သူတွေ အတ...
28/05/2020

ဂျပန်နိုင်ငံက ပေးတဲ့ အထူးထောက်ပံ့ကြေး

ယန်း ၁၀ သောင်း လျှောက်ထားရတွင်

ဂရုစိုက်ရမယ့် အချက်ရှိလို့ ပြောပြပါရစေ ။

သိတဲ့သူတွေ အတွက် မလိုအပ်ပေမယ့်

မသိတဲ့သူတွေ သတိထားနိုင်အောင်လို့ပါ ။

အခုပုံပါ အတိုင်း နံပါတ်၂ မှာပါတဲ့

မိမိအမည်ရဲ့ ညာဘက်မှာ မွေးနေ့ပါပါတယ်

အဲ့မွေးနေ့ရဲ့ ညာဘက်အခြမ်းမှာ

အမှတ်ခြစ်စရာ နေရာပါပါတယ်
(ပုံမှာဆို မျှားထိုးပြီး အနီဝိုင်းပြ ထားပါတယ်)

အဲ့နေရာမှာ အမှတ်ခြစ်စရာ မလိုအပ်ပါ ။

ခြစ်မိပြီး လျှောက်လိုက်မိရင် ပိုက်ဆံရမှာ မဟတ်ပါဘူး ။

→ အဲ့နေရာရဲ့ အဓိပ္ပါယ်က 不要 Fuyou (မလိုအပ်ဘူး)

လို့ အဓိပ္ပါယ် ရပါတယ် ။

တကယ်လို့ မလိုအပ်တဲ့သူတွေကတော့ အမှတ်ခြစ်ပြီး

လျှောက်ရင် ပ်ိုက်ဆံ မဝင်ပါဘူး ။

※ လျှောက်လွှာပုစံက မြို့နယ်အလိုက် ကွဲပြားပါသည် ။

ဖြည့်စွက် → တစ်ချို့ မြို့နယ်တွေရဲ့လျှောက်လွှာ တစ်ချို့

မှာ 希望 Kibou (လိုအပ်သည်) / 不要 Fuyou (မလိုအပ်

ဘူး) ဆိုပြီး ၂နေရာ ပါတာမျိုးလဲ ရှိပါတယ် ။

အဲ့တာမျိုးဆိုရင် 希望 Kibou (လိုအပ်သည်)ကို ခြစ်ပြီး

ပြန်ပို့လျှင် ပိုက်ဆံ ဝင်မည် ဖြစ်ပါသည် ။

🚨အားလုံး ဂရုပြုနိုင်ကြပါစေ ✌️

Wai Phyo (Kizuna Japanese Language Centre)

Tokutei Ginou စားသောက်ဆိုင်သင်တန်းသစ်ကိုယနေ့မှာ စတင်ခဲ့ပါတယ် ။တက်ချင်တဲ့သူတွေ မှီသေးတဲ့အတွက်ကြောင့်အမြန်ဆက်သွယ်ကြပါနော် ...
14/03/2020

Tokutei Ginou စားသောက်ဆိုင်သင်တန်းသစ်ကို

ယနေ့မှာ စတင်ခဲ့ပါတယ် ။

တက်ချင်တဲ့သူတွေ မှီသေးတဲ့အတွက်ကြောင့်

အမြန်ဆက်သွယ်ကြပါနော် ။

⏰စနေ / တနင်္ဂနွေ မနက် ၉:၀၀ - ၁၂:၀၀

💰သင်တန်းကြေး ၁၀၀,၀၀၀ကျပ်

၂လသင်တန်းပါ

*************************************************
Kizuna Japanese Language Centre (San Chaung)
PO PO AUNG Company Limited.

အမှတ် ၃၁ , ၈ လွှာ (ဓါတ်လေခါးအထပ် ၇ ကိုနှိပ်ပါ) ,
ညောင်တုန်းလမ်း , စမ်းချောင်းမြို့နယ် , ရန်ကုန်မြို့ ။

📲 095102064

ကျွန်တော်တို့ Kizuna ရဲ့ Tokutei Ginou စားသောက်ဆိုင်သင်တန်းကနေ စားမေးပွဲအောင်တဲ့ ကျောင်းသားတွေပါ။Kyaw Ye TunAye Chan May...
14/03/2020

ကျွန်တော်တို့ Kizuna ရဲ့ Tokutei Ginou စားသောက်ဆိုင်
သင်တန်းကနေ စားမေးပွဲအောင်တဲ့ ကျောင်းသားတွေပါ။

Kyaw Ye Tun
Aye Chan May
Aye Myat Thu

おめでとうございます㊗️🎊🎈🍾🎉

新年、明けましておめでとうございます🌅🎍⛩旧年中は大変お世話になりました。本年も宜しくお願い致します🙇‍♂️                     Kizuna Japanese Language Centre
31/12/2019

新年、明けましておめでとうございます🌅🎍⛩

旧年中は大変お世話になりました。

本年も宜しくお願い致します🙇‍♂️

Kizuna Japanese Language Centre

၁၃-၁-၂၀၂၀(တနင်္လာ) မှ သင်တန်းသစ်များစတင်ပါပြီ ။၂၅/၁၂/၂၀၁၉ မှ ၅/၁/၂၀၂၀(တနင်္ဂနွေ) အထိနှစ်သစ်ကူး ရုံးပိတ်ရက်ဖြစ်ပါသောကြောင့်Me...
26/12/2019

၁၃-၁-၂၀၂၀(တနင်္လာ) မှ သင်တန်းသစ်များစတင်ပါပြီ ။

၂၅/၁၂/၂၀၁၉ မှ ၅/၁/၂၀၂၀(တနင်္ဂနွေ) အထိ
နှစ်သစ်ကူး ရုံးပိတ်ရက်ဖြစ်ပါသောကြောင့်
Messenger မှတဆင့် သင်တန်းများ စုံစမ်းမေးမြန်း
ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


ခရစ်စမတ် နှင့် နှစ်သစ်ကူး ရက်ရှည်ပိတ်ရက် အသိပေးခြင်း၂၀၁၉/၁၂/၂၅ (ဗုဒ္ဓဟူး) 〜 ၂၀၂၀/၁/၅ (တနင်္ဂနွေ) အထိကျောင်းပိတ်မည်ဖြစ်ပြီး ...
25/12/2019

ခရစ်စမတ် နှင့် နှစ်သစ်ကူး ရက်ရှည်ပိတ်ရက် အသိပေးခြင်း

၂၀၁၉/၁၂/၂၅ (ဗုဒ္ဓဟူး) 〜 ၂၀၂၀/၁/၅ (တနင်္ဂနွေ) အထိ
ကျောင်းပိတ်မည်ဖြစ်ပြီး ၊ ၂၀၂၀/၁/၆ (တနင်္လာ) မှ
ပုံမှန် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း
အသိပေး အကြောင်းကြားအပ်ပါတယ် ။


Tokutei Ginou ဖြင့် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်စားသောက်ဆိုင်လုင်ငန်းအတွက် ဒုတိယအကြိမ်မြောက်သင်တန်းကို စတင်နေပါပြီ ။...
26/10/2019

Tokutei Ginou ဖြင့် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်
စားသောက်ဆိုင်လုင်ငန်းအတွက် ဒုတိယအကြိမ်မြောက်
သင်တန်းကို စတင်နေပါပြီ ။

စားသောက်ဆိုင် လုပ်ငန်းအတွက် စာမေးပွဲကို
မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် ၁လပိုင်းမှာ
လာရောက်ကျင်းပမယ်လို့ ဂျပန်ဘက်က
ကြော်ညာထားပါတယ် ။

ဒီသင်တန်းကတော့ အဲ့စာမေးပွဲအမှီသင်မှာ ဖြစ်ပြီး
ဂျပန်နိုင်ငံတွင် စားသောက်ဆိုင်လုပ်ငန်းအတွေ့အကြုံရှိ
N1 အောင်မြင်ပြီးသော ဆရာမကိုယ်တိုင်
သင်ကြားပေးနေတာ ဖြစ်ပါတယ် ။

စုံစမ်းရန် 👇👇👇


အမှတ် (၁၅၆/၁၅၄) ၊ ပထမထပ် ၊ ၃၃လမ်း(အထက်) ၊
ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။

☎️ 01382655 , 09761003421

သတင်းကျွတ် ပိတ်ရက်အသိပေးခြင်းကျွန်တော်တို့ KIZUNA သည် အစိုးရရုံးပိတ်ရက်အတိုင်း၁၀/၁၁(သောကြာ) မှ ၁၀/၁၅(အင်္ဂါ) အထိ သတင်းကျွတ...
10/10/2019

သတင်းကျွတ် ပိတ်ရက်အသိပေးခြင်း

ကျွန်တော်တို့ KIZUNA သည် အစိုးရရုံးပိတ်ရက်အတိုင်း
၁၀/၁၁(သောကြာ) မှ ၁၀/၁၅(အင်္ဂါ) အထိ
သတင်းကျွတ်ပိတ်ရက် ပိတ်မည်ဖြစ်ပြီး
၁၀/၁၆(ဗုဒ္ဓဟူး) မှ ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း
အသိပေးအကြောင်းကြားအပ်ပါသည် ။

သတင်းကျွတ်မှာ အားလုံးပဲ စိတ်ချမ်းသာ
ကိုယ်ကျန်းမာ စွာဖြင့် ပျော်ရွှင်နိုင်ကြပါစေ 🙇

KIZUNA Japanese Language Centre

၉လပိုင်း အကုန်ဆိုရင် လက်ရှိသင်နေတဲ့ Tokutei Ginou Visa ရဲ့ စားသောက်ဆိုင်ကျွမ်းကျင်စာမေးပွဲအတွက်သင်တန်းက ပြီးဆုံးမှာဖြစ်လ...
02/09/2019

၉လပိုင်း အကုန်ဆိုရင် လက်ရှိသင်နေတဲ့
Tokutei Ginou Visa ရဲ့ စားသောက်ဆိုင်ကျွမ်းကျင်
စာမေးပွဲအတွက်သင်တန်းက ပြီးဆုံးမှာဖြစ်လို့
သင်တန်းအသစ်ကို ထပ်မံဖွင့်လှစ်မှာဖြစ်ကြောင်း
သတင်းကောင်း ပါးအပ်ပါတယ် ။

Tokutei Ginou Visa ရဲ့ စားသောက်ဆိုင်ကျွမ်းကျင်
စာမေးပွဲအတွက်သင်တန်း

🗓စတင်မည့်ရက်စွဲ - ၅ ရက် ၁၀ လ ၂၀၁၉ ခုနှစ်(စနေ)

🗓ရက် - စနေ/တနင်္ဂနွေ

⏰အချိန် - မနက် ၉:၃၀ - ၁၂:၃၀

🏫သင်တန်းကာလ - ၃လ

💰သင်တန်းကြေး - ၂၀၀,၀၀၀ ကျပ် (သင်ရိုးညွှန်းတန်းကြေးအပါ)

လက်ရှိ Tokutei Ginou Visa လုပ်ငန်းကျွမ်းကျင်
စာမေးပွဲအတွက် စာစစ်ဌာနက သင်ရိုးညွှန်းတန်းကို
တရားဝင်ထုတ်ပြန်ထားတာဟာ စားသောက်ဆိုင်လုပ်ငန်း
အတွက် တစ်ခုသာရှိပါသေးသောကြောင့် ၊
ကျွန်တော်တို့ KIZUNA သည် လက်ရှိအချိန်တွင်
စားသောက်ဆိုင် စာမေးပွဲအတွက် သင်တန်းကိုသာ
သင်ကြားရခြင်း ဖြစ်ပါသည် ။

သင်ကြားရာတွင် ဂျပန်နိုင်ငံ စားသောက်ဆိုင်စာမေးပွဲ
စာစစ်ဌာနမှ တရားဝင် ထုတ်ပြန်ထားသော
သင်ရိုးညွှန်းတန်းကိုသာ အသုံးပြုမှာဖြစ်ပါတယ် ။

ဂျပန်နိုင်ငံတွင် ကျောင်းပြီးဆုံးလာပြီး စားသောက်ဆိုင်
လုပ်ငန်းအတွေ့ကြုံရှိသော N1 အောင်မြင်ပြီးသော
ဆရာမကိုယ်တိုင် သင်ကြားပို့ချပေးမည်ဖြစ်ပါသည် ။

စာခက်ပါသောကြောင့် N4 နဲ့အထက် level ရှိသူများကို
ဦးစားပေး၍ လက်ခံပေးသွားမှာ ဖြစ်ပါတယ် ။

လူဦးရေ ၁၅ဦးသာ လက်ခံပေးသွားမည် ဖြစ်ပါသည် ။

လူကိုယ်တိုင်လာရောက် အပ်သူများကိုသာ
လက်ခံပေးသွားမည် ဖြစ်ပါသည် ။

Address

156/154, 33rd Street, Kyauktada Township, Yangon (Rangoon)
Yangon
11

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00
Sunday 09:00 - 17:00

Telephone

+9595102064

Alerts

Be the first to know and let us send you an email when Kizuna Japanese Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Kizuna Japanese Language Centre:

Shortcuts

Share