29/07/2026
✨🙏 🕯️ ဝါဆိုသင်္ကန်းကပ် တရားတော်နာ မင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ကြောင်းနှင့် အမျှဝေ သာဓုခေါ်ဆိုခြင်း 🕯️🙏✨
ယနေ့ ဝါဆိုလပြည့်နေ့ ၂၉ - ၇ - ၂၀၂၆ (ဗုဒ္ဓဟူးနေ့)၊ နံနက် (၉:၃၀) နာရီတွင် တံတားနီ အခြေခံပညာကျောင်းများ၏ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ဆရာတော် အရှင်ပညောဘာသအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး တရားတော်နာယူသည့် မင်္ဂလာအခမ်းအနားကို Zoom Link မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဆရာတော် အရှင်ပညောဘာသထံမှ အနုမောဒနာတရားတော်များ နာယူကြည်ညိုခွင့်ရရှိခဲ့ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို သဒ္ဓါတရားထက်သန်စွာဖြင့် ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြပါသည်။
ယနေ့ပြုလုပ်ခဲ့သော ဝါဆိုသင်္ကန်းကပ်လှူပွဲ မင်္ဂလာအခမ်းအနားမှ ရရှိသမျှ အမျှဒါန ကုသိုလ်ကောင်းမှု အစုစုတို့ကို ဓမ္မမိတ်ဆွေအပေါင်းတို့မှ ဝမ်းမြောက်ဝမ်းသာစွာဖြင့် "သာဓု... သာဓု... သာဓု..." ခေါ်ဆိုနိုင်ကြပါစေသတည်း။ 🙏🙏🙏 #သာဓု