Zarmare

Zarmare

Share

Sharing of knowledge and teaching of languages.

27/04/2025

We are happy to inform that Malaysia’s temporary medical centre is located at 700th Anniversary Field in Parami Ward, Sagaing Region.

Public can seek free medical treatment from 8.00am to 5.00pm daily (except Fridays). List of services includes O&G (Obstetrics & Gynaecology), Medical, Surgery, Orthopaedics, Paediatrics, Dental, ENT and Ophthalmology.

24/04/2025

📢 ထိုင်းနိုင်ငံသို့ဝင်ရောက်မည့်နိုင်ငံခြားသားခရီးသွားများအတွက်အရေးကြီးကြေငြာချက်

မေလ ၁ ရက်နေ့ ၊ ၂၀၂၅ ခုနှစ်မှစတင်၍ထိုင်းနိုင်ငံသို့ဝင်ရောက်မည့်နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံဆိုက်ရောက်ကဒ် ( ဒီဂျစ်တယ်ကဒ် - TDAC ) အားအွန်လိုင်းမှတစ်ဆင့်ဖြည့်သွင်းထားရန်လိုအပ်ပါသည်။ထိုဆိုက်ရောက်ကဒ်အား ၃ရက်ခန့်ကြိုတင်ဖြည့်သွင်းထားရုံဖြင့်ထိုင်းနိုင်ငံလဝကဆိုင်ရာလုပ်ငန်းစဉ်များအားပိုမိုချောမွေ့စေပြီးခရီးသွားလာရပို၍လွယ်ကူစေမည်ဖြစ်ပါသည်။

👉 ဖောင်တင်ရန် လင့်ခ် - https://tdac.immigration.go.th

ထိုင်းလဝက၏ဝဘ်ဆိုဒ်မှတစ်ဆင့်လည်းအသေးစိတ်အချက်အလက်များနှင့်လုပ်ဆောင်နည်းများအားဝင်ရောက်လေ့လာနိုင်ပါသည်။

📢 Important Announcement for Non-Thai Nationals Traveling to the Kingdom of Thailand

Effective from May 1, 2025, all non-Thai nationals entering the Kingdom of Thailand are required to complete the Thailand Digital Arrival Card (TDAC) online before arrival. The form can be submitted up to 3 days prior to your travel date to facilitate a smoother immigration process.​

👉 Submit the form at: https://tdac.immigration.go.th

Please refer to the Thai Immigration Bureau's website for detailed information and guidelines.

Credit Royal Thai Embassy

24/04/2025

အားလုံး သာလီစွပါ 🙏🙏🙏

ဇာမရီမှာကို ပိတ်ထားစာလေ့ ကြာယာဖစ်ကေလေ့
ဇာမရီက ကျောင်းသူ ကျောင်းသားတိကို သတိရနီပါနန်း

သင်တန်းတိ ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနီကတ်ပါယေ
ကျောင်းသား ကျောင်းသူချေတိ ဇာနီရာရောက် နီလေ
ဆိုစာကို ရောက်ယေ နိုင်ငံက comment ချေခကတ်ပါ

10/08/2023

ဆရာမကို သတိရနီယေ ကျောင်းသား-သူများအတွက်

🇨🇳အခြေခံတရုတ်စကားပြောသင်တန်း🇨🇳

လူငယ်အများစုအမေးများနေတဲ့ တရုတ်စကားပြောသင်တန်းကို မိမိတို့ PLA မှ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

တရုတ်စကားပြောသင်တန်းကို အဆင့်မြင့်ပညာရေးအတွက်သော်လည်းကောင်း၊ အလုပ်ခွင့်အတွက်သော်လည်းကောင်း သင်‌ယူလေ့လာချင်တဲ့ လူငယ်တွေ အထူးသဖြင့် ရခိုင်က လူငယ်တွေ မတတ်မဖြစ် လေ့လာထားရမည့် ဘာသာစကားတစ်ခုလည်းဖြစ်ပါသည်။

ဘာသာစကားတစ်ခုကိုလေ့လာတဲအခါ စနစ်တကျတတ်မြောက်ဖို့ဆိုတာ အရမ်းအရေးကြီးပါတယ် ။

စနစ်တကျ တတ်မြောက်မှသာ နောက်ပိုင်း သင်တန်းတွက်အချိန်သီးသန့် မပေးနိုင်လို့ ဖြစ်ဖြစ် self-study လုပ်တဲ့အခါ ခက်ခဲလွန်းတဲ့တံတိုင်းကိုကျော်ဖြတ်နိုင်မှာပါ။

ထိုတံတိုင်းကိုကျော်ဖြတ်နိုင်ဖို့တွက် အခြေခံဆိုတဲ့ အုတ်မြစ်လေးက ခိုင်ခံနေအောင်တည်ဆောက်ဖို့ကလည်းအရေးကြီးပါတယ်။

တရုတ်ဘာသာစကားကိုလေ့လာတဲ့အခါ စနစ်တကျ လွယ်ကူစွာတတ်မြောက်စေဖို့အတွက် PLA မှ Basic class လေးဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

🇨🇳Basic Chinese Class🇨🇳
📣 Listening
🔈Speaking
📝Writing
📚Reading

👩🏻‍🏫အခြေခံလုံးဝ မရှိသေးတဲ့သူများ၊ lအခြေခံရှိထားပြီး မေ့ကုန်လို့ အစကနေ ပြန်လေ့လာချင်တဲ့သူများ၊ တရုတ်ဘာသာစကားကို စိတ်ဝင်စားလို့ တက်ချင်သူများ အခြေခံကို ပိုင်ပိုင်နိုင်နိုင်တတ်မြောက်ချင်သူများ တက်ရောက်သင့်တဲ့ အတန်းဖြစ်ပါတယ်

📝သင်ကြားပေးမည့် အကြောင်းအရာများ📝

✅ အခြေခံရေးနည်းများ
✅ အခြေခံအသံထွက်နည်း
✅ ဗျည်းနှင့်သရ
✅ အသံ‌နေ အသံထား
✅ အခြေခံစကားပြော
✅ အခြေခံဝေါဟာရများ
✅ grammar patternများ

📝 Basic ကို ဘယ်သူတွေ တက်ရောက်သင့်လဲ?
📚တရုတ်စာကို အခုမှစပြီး လေ့လာမယ့်သူ
📚အခြေခံမှ စတင်လိုသူ
📚တရုတ်စာစိတ်ပါဝင်စားကြတဲ့ မည်သူမဆိုတက်ရောက်နိုင်ပါတယ်။
📚အခြေခံ PinYin ကစပြီး သေချာသင်ပေးမှာဖြစ်တဲ့အတွက် အခြေခံ လုံးဝမရှိသူများလဲ တက်ရောက်နိုင်ပါတယ်။

🇨🇳ယခုအတန်းကို တက်ရောက်ပြီးရင် ဘာတွေရမှာလဲ?
☑️အခြေခံအသုံးအနှုန်း‌တွေကို ပိုင်နိုင်စွာ အသုံးပြုနိုင်မယ်
☑️တရုတ်စာရဲ့ အခြေခံအရေးကြီးဆုံးဖြစ်တဲ့ Pinyin ကို ကျွမ်းကျွင်စွာ အသုံးချနိုင်မယ်
☑️တရုတ်စာ ရေးနည်း ပြောနည်း စသည်ဖြင့် အခြေခံသဘောတရားကို စနစ်ကျကျ နားလည်နိုင်သွားမှာဖြစ်ပါတယ်။

#သင်တန်းချိန် (ရုံးချိန်လွတ်စီစဉ်ထားပါသည်)
👉 စနေ ၊ တနဂ်နွေ
👉 ၈း၃၀ မှ ၁ဝး၀၀ ထိ (နံနက်)

#သင်တန်းကြေး
💵 ၂ လ - ၆၀၀၀၀ ကျပ်(New Student)
💵 ၂ လ - ၅၀၀၀၀ ကျပ် (PLA Alumni)

အခုဘဲ စာရင်းပေးလိုက်ပါ။

https://forms.gle/1xN12su3c51iHzWU6

Online မှ တဆင့်လေ့လာချင်သူများလည်း မကြာခင် ဖွင့်ပေးသွားမှာ ဖြစ်တဲ့အတွက် Page Message မှ တဆင့် စာရင်းပေးထားနိုင်ပါတယ်။

30/11/2022

Now, We are available for Sparkling Americanos
Thanks

05/10/2022

ဒေနိန့် ကျရောက်တေ ကမ္ဘာ့ဆရာ/များ နိန့်မှာ
သင်ဆရာ မြင်ဆရာ ကြားဆရာတိ အားလုံး
ကန်တော့ပါယင့်🙏🙏🙏
ဆရာ/မ များ သက်ရှည်ကျမ်းမာ လိုရာဆန္ဒတိ
ပြည့်ဝပါစီ🙏🙏🙏

29/09/2022

စစ်တွေမှာ ပစပို့ လုပ်ချင်သူများ အတွက်

အေ post ကိုဖတ်ပြီးမှ စစ်တွေမှာ passport စာအုပ် လုပ်ဖို့လာပါ 📚📙📔📕

နယ်ကနီ Passport လုပ်ဖို့ စစ်တွေလာယင်းနဲ့ တစ်ပတ်တစ်လ သောင်တင်ပနာ ရှစ်သိန်း/ဆယ်သိန်းကုန်နီရေလူတိကိုတွိရလို့ အေ post ကိုရွီးပါရေ။ သေချာဖတ်ကြည့်ပါ စစ်တွေကိုတစ်ခေါက်တည်းလားရုံနဲ့ passport အပြီးအစီးလုပ်နိုင်အောင် ရွီးပီးထားပါရေ

ရန်ကုန်မှာ passport လုပ်ရစော်ပုံစံနဲ့ စစ်တွေမှာလုပ်ရစော်ကမတူဆိုစော်ကိုအယင်ဆုံးပြောချင်ပါရေ။

စစ်တွေမှာ passport လုပ်ဖို့လူတိအတွက်အရေးကြီးဆုံးက 'တိုကင်' ပါ။

ယင်းတိုကင်ရဖို့အတွက် -

Day 1 - တိုကင်လျှောက်ရေနိန့်
တိုကင်စော်တစ်ပတ်ကြိုတင်လျှောက်ရပါရေ အိမ်ထောင်စုစာရင်းမိတ္တူ နှစ်စုံ မှတ်ပုံတင် မိတ္တူ နှစ်စုံနဲ့လားတင်ရပါရေ။ တိုကင်ပီးဖို့နိန့်ကို ရုံးကပြောလိုက်ပါလိမ့်မေ (အေအဆင့်မှာ လူကိုယ်တိုင်လားစရာမလိုပါသိ)။ နယ်ကဆိုကေ အိမ်ထောင်စုစာရင်းနဲ့မှတ်ပုံတင်ကို Viber ကပို့ပနာဖြစ်ဖြစ် print ပို့ပနာဖြစ်ဖြစ် စစ်တွေကမိတ်ဆွေတစ်ယောက်အကူညီယူပနာ တင်ခိုင်းလို့ရပါရေ)

Day 2 - တိုကင်ယူရဖို့နိန့်
အေအဆင့်မှာတော့ passport လုပ်ဖို့လူကိုယ်တိုင်လားဖို့လိုပါရေ။ တိုကင်စော် တစ်ပတ်စာ passport လုပ်ဖို့လူတိအားလုံးကို ယင်းတစ်ရက်ရာပီးစော်ဖြစ်ပါရေ။ တစ်ရက်မှာမှတစ်မိုးထက်ချေရာပီးစော်ဖြစ်တေအတွက် မိုးထက်ခုနစ်နာရီကပင် ရုံးရှေ့ကိုရောက်နီဖို့လိုပါရေ။ ကိုယ့်နာမည်ကိုခေါ်စော်မကြားလိုက်ပဲ တိုကင်ပီးပြီးလားခကေ နောက်အပတ်တိုကင်အတွက် ပြန်ပနာလျှောက်လွှာတင်ပခရဖို့ဖြစ်တေအတွက် အချိန်မီရောက်နီဖို့လိုရေပိုင် နာမည်ခေါ်စော်ကိုလေ့ ဂရုတစိုက်နားထောင်ဖို့လိုပါရေ။
စစ်တွေနဲ့အနီးအနားမြို့ကဆိုကေလေ့ တိုကင်ပီးရေရက်မတိုင်ခင်ကပင် စစ်တွေမှာကြိုရောက်နီသင့်ပါရေ။
တိုကင်ရလာကေ passport လုပ်ရဖို့နိန့်ကို ယင်းတိုကင်မှာရွီးထားပါရေ။ တိုကင်နံပါတ်ငယ်ကေ ယင်းတစ်ရက်တည်းမှာပင် passport လုပ်ခွင့်ရနိုင်ရေအတွက်နဲ့ အိမ်ထောင်စုစာရင်းမူရင်း မှတ်ပုံတင်မူရင်းယူလားဖို့မမိစီပါကေ့။
နယ်ကနီလာလုပ်ရရေလူလေ့ဖြစ်တေ တိုကင်နံပါတ်ကလေ့ကြီးနီရေဆိုကေ ချိန်းရေရက်ထက်စောလို့လုပ်ပီးလို့ရဖို့လား ရုံးထဲဝင်ပနာအကူညီတောင်းကြည့်ပါ။

Day 3 - Passport လုပ်ရဖို့နိန့်
တိုကင်မှာပါရေနိန့်ဖြစ်တေ passport လုပ်ရဖို့နိန့်ခါ အထက်မှာပြောခပိုင် အိမ်ထောက်စုမူရင်း မှတ်ပုံတင်မူရင်းနဲ့ ဖေ့သာလေးသောင်းလောက်ရာလိုပါရေ။ ကိုယ့်လက်ထဲမှာတိုကင်ရှိထားကေ အားလုံးအဆင်ပြေပါရေ။ ရုံးဝန်ထမ်းတိညွှန်ပြရေအတိုင်း ဟိုနေရာလားလိုက် အေနေရာလားလိုက် ဖေ့သာသွင်းလိုက်နဲ့တစ်ခုလေ့မခက်ခဲပါ။ အေနေရာမှာ တစ်ခုသတိထားစီချင်စော်က အသက် နှစ်ဆယ့်ငါးနှစ်ကျော်ပနာ သုံးဆယ်နားကပ်နီရေလူတိ စစ်တွေမှာ passport လုပ်ဖို့ဆိုကေ ကိုယ့်မြို့က မှတ်ပုံတင်ရုံးမှာ ၃၀ ပြည့်မှတ်ပုံတင်အသစ်လဲပြီးမှလာစီချင်ပါရေ။ စည်းကမ်းချက်အသစ်မှာယင်းပိုင်ပါလို့ တစ်ချို့လူတိ ကိုယ့်မြို့ကိုတစ်ခေါက်ပြန်ကတ်ရပါရေ။ အိမ်ထောင်စုစာရင်း မူရင်းစာရွက် ဟောင်းနွမ်းနီကေ ကိုယ့်မြို့ရုံးမှာအသစ်လဲပြီးမှလာပါ။

Day 4 - Passport ထုတ်ရဖို့နိန့်
Passport လုပ်ပြီးလို့ ဆယ့်လေးရက်ကြာရေနိန့်စော် passport ထုတ်လို့ရရေနိန့်ပါ။ ရုံးကပီးလိုက်စော်စာရွက်ကိုပြပနာ လားထုတ်လိုက်ရုံပါ။ အေအဆင့်မှာလေ့ ကိုယ်တိုင်လားဖို့မလိုအပ်ပါ။

အခုရွီးထားရေ အဆင့်တိစော် passport လုပ်စော်ပင်ဖြစ်ဖြစ် သက်တမ်းပင်တိုးတိုး pv ကနီ pj ပြောင်းပြောင်း အေအတိုင်းလားရစော်ပါယာ။တစ်ဆင့်ချင်းစီကိုကိုယ်တိုင်လုပ်ရစော်ဖြစ်တေအတွက် ပွဲစားနဲ့အပ်လေ့တစ်ခုလေ့မထူးပါ 😃

အေ information တိကိုမသိခလို့ ကိုယ်တိုင်လေ့အခက်အခဲတိရှိခရေအတွက် အခြားလူတိအဆင်ပြေအောင်ရှယ်ပီးကတ်ပါ

လိုအပ်ချက်တိရှိခကေလေ့ မန့်ထဲမှာဖြည့်ပီးကတ်ပါ အမျိုးရို့ ♥

26/06/2022

အကျွန်ရို့ ဇာမရီမှာ You Can Speak English သင်တန်း
ဦးဆောင် သင်ကြားပီးထားပီးကေ-
English စာ သင်ကြားရီး နယ်ပယ်မှာ အတွီ့အကြုံ အများကြီးယေ
ဆရာMyo Mrat Twan Kp ၏
အင်္ဂလိပ်စာ လေ့လာသူများ လက်ကိုင်ထားရမည့် Newest Basci & Advanced English Grammar
စာအုပ် ထွက်ဟိပါဗျာယ်နန်း
စာအုပ်ကို မိမိလက်ထဲ ဝယ်ယူလိုသူများ အနီနဲ့
ဆရာ့ကို တိုက်ရိုက် ဆက်သွယ်လို့ ရယေပိုင်
အကျွန်ရို့ ဇာမရီ Fb Page ကနီ တဆင့်လည်း
ဝယ်ယူလို့ ရပါကြောင်း အသိပီးလိုက်ပါယေ🙏

29/05/2022

Jobsglobal-Hein Thitsar ပြန်လာပါပြီ။

Myanmar Hospitality Industry ရဲ့ Professional တွေအတွက် ပိုကောင်းတဲ့ အနာဂါတ်အတွက် တံခါးလေးတစ်ချပ်ဖွင့်ဖို့ Jobsglobal-Hein Thitsar ပြန်လာပါပြီ။

အခက်အခဲအကျပ်အတည်းတွေကြား career လမ်းပျောက်နေတဲ့ ကျွန်တော် တို့ရဲ့ညီအကို၊မောင်နှစ်မ တွေအတွက်ကောင်းမွန်တဲ့ Quality Jobs အမျိုးအစားများကို တိကျမြန်ဆန်တဲ့ Interview Process တွေ၊ Transpancy ကျတဲ့ အလုပ် Information တွေ၊ သင့်တင့်တဲ့ Service fees တို့ဖြင့် UAE, Qatar နိုင်ငံတို့တွင်သွားရောက်လုပ်ကိုင် နိုင်ဖို့ အတွက် ကျွန်တော်တို့ JobsGlobal-Hein Thitsar က တရားဝင်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ယခုအခါမှာလည်း UAE နိုင်ငံ 🇦🇪 Dubai ရှိ Luxury 5 Star Hotel Group တစ်ခုဖြစ်တဲ့ Atlantis The Royal & Atlantis The Palm တို့ရဲ့ကောင်းမွန်တဲ့အလုပ်အကိုင်များကိုဂုဏ်ယူစွာဖြင့်ယူဆောင်လာခွင့်ရတဲ့အတွက်ဝမ်းသာပီတိဖြစ်ရပါသည်။

June 23 ရက်နေ့မှာ Employer ကိုယ်တိုင် ရန်ကုန်မြို့မှာ လူတွေ့ အင်တာဗျူးပြုလုပ်သွားမှာဖြစ်ပါတယ်။

အောက်ပါ Job Vacancies များကိုသေချာဖတ်ရှုပြီးစိတ်ဝင်စားပါကဖော်ပြထားတဲ့ Email Address, Phone များကိုအသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဖော်ပြထားတဲ့ Salary တွေကတော့ 𝗕𝗔𝗦𝗜𝗖 𝗦𝗔𝗟𝗔𝗥𝗬 တွေ ဖြစ်ပါတယ်။

𝗙&𝗕 𝗖𝗨𝗟𝗜𝗡𝗔𝗥𝗬 (𝗔𝘁𝗹𝗮𝗻𝘁𝗶𝘀 𝗧𝗵𝗲 𝗥𝗼𝘆𝗮𝗹 & 𝗔𝘁𝗹𝗮𝗻𝘁𝗶𝘀 𝗧𝗵𝗲 𝗣𝗮𝗹𝗺)

CDP (25 Nos.) – AED 6,458 – Luxury Brand Restaurants

CDP (25 Nos.) – AED 3,465 – Other Restaurants

DCDP (35 Nos.) – AED 2,500 to 5,000

Commis 1 (50 Nos.) – AED 1,800

Commis 2 (40 Nos.) – AED 1,620

Commis 3 (40 Nos.) – AED 1,395

𝗛𝗢𝗨𝗦𝗘𝗞𝗘𝗘𝗣𝗜𝗡𝗚 (𝗔𝘁𝗹𝗮𝗻𝘁𝗶𝘀 𝗧𝗵𝗲 𝗥𝗼𝘆𝗮𝗹 & 𝗔𝘁𝗹𝗮𝗻𝘁𝗶𝘀 𝗧𝗵𝗲 𝗣𝗮𝗹𝗺)

Housekeeping Attendant (120 Nos.) – AED 1,400

Housekeeping Runner (20 Nos.) – AED 1,275

Minibar Attendant (02 Nos.) – AED 1,350

𝗙&𝗕 𝗦𝗘𝗥𝗩𝗜𝗖𝗘 (𝗔𝘁𝗹𝗮𝗻𝘁𝗶𝘀 𝗧𝗵𝗲 𝗥𝗼𝘆𝗮𝗹)

F&B Attendant (20 Nos.) – AED 1,485 – Luxury Brand Restaurants

F&B Attendant (20 Nos.) – AED 1,350 – Other Restaurants

Bar Attendant (10 Nos.) – AED 1,485

F&B Hostess (05 Nos) – AED 1,680

Waiter (10 Nos.) – AED 4,500 – Luxury Brand Restaurants

Waiter (10 Nos.) – AED 2,000 – Other Restaurants

Bartender (03 Nos.) – AED 2,880 – Other Restaurants

𝗙&𝗕 𝗦𝗘𝗥𝗩𝗜𝗖𝗘 (𝗔𝘁𝗹𝗮𝗻𝘁𝗶𝘀 𝗧𝗵𝗲 𝗣𝗮𝗹𝗺)

F&B Attendant (20 Nos.) – AED 1,485 (Luxury Brand Restaurants)

F&B Attendant (20 Nos.) – AED 1,350 (Other Restaurants)

Bar Attendant (10 Nos.) – AED 1,485 (Luxury Brand Restaurants)

Bar Attendant (10 Nos.) – AED 1,350 (Other Restaurants)

Waiter (05 Nos.) – AED 2,200 (Luxury Brand Restaurants)

Waiter (05 Nos.) – AED 2,000 (Other Restaurants)

Head Waiter (05 Nos.) – AED 2,800 (Luxury Brand Restaurants)

Head Waiter (05 Nos.) – AED 2,340 (Other Restaurants)

F&B Hostess (05 Nos) – AED 1,680

𝗚𝗨𝗘𝗦𝗧 𝗟𝗔𝗨𝗡𝗗𝗥𝗬 (𝗔𝘁𝗹𝗮𝗻𝘁𝗶𝘀 𝗧𝗵𝗲 𝗥𝗼𝘆𝗮𝗹)

Laundry Attendant (01 Nos.) – AED 1,260

𝗔𝗗𝗩𝗘𝗡𝗧𝗨𝗥𝗘 (𝗔𝘁𝗹𝗮𝗻𝘁𝗶𝘀 𝗧𝗵𝗲 𝗣𝗮𝗹𝗺)

Lifeguard (15 Nos.) – AED 1,700

𝗠𝗢𝗡𝗧𝗛𝗟𝗬 𝗖𝗢𝗠𝗠𝗜𝗦𝗦𝗜𝗢𝗡/ 𝗜𝗡𝗖𝗘𝗡𝗧𝗜𝗩𝗘

- Heat Allowance – AED 150 (only for outdoor roles in summer time)

- Average Service Charge – AED 500

- Language Allowance – AED 300 (Arabic, Mandarin, Russian, French, German, Spanish, Italian, upon passing verbal test onsite)

𝗘𝗠𝗣𝗟𝗢𝗬𝗠𝗘𝗡𝗧 𝗕𝗘𝗡𝗘𝗙𝗜𝗧𝗦

• Accommodation - Fully furnished

- Own Room (single room + private bathroom for CDP, DCDP, Bartender, Head Waiter)

- Shared Room (2 single beds + private bathroom for positions)

• Gym and fitness facilities

• Transport

- Transport to and from Atlantis

- Transport to and from local amenities

• Meals

- 3 meals provided per day

- (1 onsite restaurant at accommodation and 1 in the hotel)

• Insurance - Medical Insurance & Life Insurance

• Flight Allowance

- Flight to home country provided every 12 months for CDP, DCDP, Head Waiter)

- Flight to home country provided every 24 months for other positions)

• Annual Leave - 26 days + plus Public Holidays

• Visa and Relocation to Dubai

• Employment visa, flight ticket, airport pickup, and relocation to employee accommodation provided.

• Discounts - As per company policy

• End of Service Benefits - as per UAE Labor Law

🚫 အလုပ်လျှောက်ထားမှုအတွက် မည်သည့် CV Form ကြေး၊ Registration Fee (လုံးဝ) ပေးစရာမလိုပါ။)

ℹ️ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း 9 am to 5 pm (Monday to Friday) ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

📞 09 795552051

📧 လျှောက်ထားလိုပါက ကျေးဇူးပြု၍ Applied position ကို Email subject မှာဖော်ပြပြီး [email protected] သို့ အောက်ပါ document များဖြင့်ပေးပို့လျှောက်ထားနိုင်ပါသည်။

- CV (Microsoft Word or PDF Format)

- Valid Passport Copy (PJ)

(PV Passport ကိုင်ထားသူများ၊ Passport မရှိသူများလည်းလျှောက်ထားနိုင်သည်)

𝗛𝗘𝗜𝗡 𝗧𝗛𝗜𝗧 𝗦𝗔𝗥 𝗖𝗢 𝗟𝗧𝗗 (𝗝𝗢𝗕𝗦𝗚𝗟𝗢𝗕𝗔𝗟.𝗖𝗢𝗠) တွင်လည်း လူကိုယ်တိုင်လာရောက် လျှောက်ထား နိုင်ပါတယ်။

📍 Building No. 5 Room No.104, Shwekainayee Housing, Sa/Kha Qtr, Thingangyan Township, Yangon, Myanmar

❌ No CV Form Fee

❌ No Registration Fee

❌ No Interview Fee

⚠️ လက်ခံရရှိသော CV များကိုRecruitment Team မှ related experience, qualifications စတဲ့ အလုပ်ရှင်ရဲ့selection criteria များနဲ့ ကိုက်ညီသော applicant များကိုသာ Further Recruitment Process များအတွက် ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပါသည်။Applicant များအနေနဲ့ pre-screening (first interview) တွင် qualified ဖြစ်မှသာလျင် Final Interview (အလုပ်ရှင်အင်တာဗျူး) ဝင်ရောက်ခွင့်ရမည်ဖြစ်ပါသည်။

10/04/2022

၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နိကို ဂုဏ်ပြု ကြိုဆိုပါယေ🙏🙏🙏

Photo- Credit

21/02/2022

Australia ကကျောင်းတွေမှာ fully-funded နဲ့ကျောင်းတက်နိုင်ဖို့အခွင့်အရေး 📢

နိုင်ငံတကာကကျောင်းသားတွေကို ဩစတြေးလျကနာမည်ကြီး University တွေမှာကျောင်းတက်နိုင်ဖို့အတွက် နှစ်စဉ်ကမ်းလှမ်းပေးနေကြ Fully-funded Scholarship လေးပြန်လည်ရောက်ရှိလာပါပြီခင်ဗျ 🙋‍♂️

ဒီ Scholarship လေးကိုတော့ Department of Foreign and Trade of Australia ကနေပြီးတော့အဓိကထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက ဖွံဖြိုးဆဲနိုင်ငံတွေကကျောင်းတွေကို Undergraduate နဲ့ Postgraduate Degree တွေအောက်ကနေအသီးသီးကမ်းလှမ်းပေးနေကြပါ...

Student တွေအနေနဲ့ Academic Subject တွေအပြင်၊ Research Program တွေကိုပါသက်ဆိုင်ရာနယ်ပယ်အလိုက် Training ရမှာပါ။ Australia က University တွေဆိုတာလည်း Well-ranked Universities တွေဖြစ်တာမလို့ ပေါပေါပဲပဲတော့မဟုတ်ပါဘူး။ ကိုယ်တက်ရောက်မယ့် ဘာသာရပ်အလိုက်နှစ်သက်ရာ ကျောင်းကိုလျှောက်ထားနိုင်ပါတယ်။

Scholarship လက်ခံတဲ့ Universities တွေကတော့ -
▪️ Australian Catholic University
▪️ Bond University
▪️ University of Melbourne
▪️ University of Sydney
▪️ Monash University
▪️ University of Queensland အစရှိတာတွေနဲ့ တခြားသောနာမည်ကြီး University တွေပါဝင်ပါသေးတယ်။

Scholarship ကနေဘယ်လို benefit တွေမျှော်လင့်လို့ရမလဲ ❓

🔸Economy travel ticket fees
🔸A one-off establishment allowance
🔸Full tuition fee waiver
🔸Living expenses
🔸Overseas medical health insurance
🔸Allowance for research fieldwork
🔸Pre-course English fees

Eligibility Criteria for Scholarship 📌

🔹Candidate ဟာ eligible listed country မှာနေထိုင်သူဖြစ်ရပါမယ်(မြန်မာနိုင်ငံပါပါတယ်)
🔹Candidate က ဩစတြေးလျနိုင်ငံသားဖြစ်လို့မရပါဘူး
🔹Undergraduate လျှောက်ထားမယ်ဆိုရင် (၁၂)နှစ်ပညာသင်ကြားမှုရှိထားရပါမယ် ( 📌 မြန်မာနိုင်ငံအတွက်ဆို Master Program ပဲရှိဦးမှာကြောင့် တခြား Listed Country မှာနေထိုင်သူဆိုရင်တော့လျှောက်ထားလို့ရပါတယ်)

🔹Master Program လျှောက်ထားမယ်ဆိုရင် (၁၆) နှစ်ကညာသင်ကြားမှုရှိထားရပါမယ်။ အသက် (၄၅)နှစ်အောက်လည်းဖြစ်ရပါမယ်
🔹Candidate ကစာသင်နှစ်အနည်းဆုံး (၂)နှစ်ပြီးဆုံးရင်သူ့ရဲ့အမိနိုင်ငံကိုပြန်သွားရမယ်လို့ ခံဝန်ထားရပါမယ်

ဘယ်လိုလျှောက်ထားရမလဲ ❓

လျှောက်ထားမယ့်သူတွေအနေနဲ့ Mail ကနေလျှောက်ထားလို့ရပါတယ်။ ဒါပေမဲ့ တချို့သောကျောင်းတွေက Hard copy နဲ့လျှောက်ထားမှရတာကြောင့် ကိုယ်လျှောက်ထားမယ့်ကျောင်းရဲ့ Application procedure ကိုအရင်စုံစမ်းသင့်ပါတယ်။ Online ကနေ mail ပို့ပြီးလျှောက်ထားမယ့်သူတွေကတော့ Online Australia Scholarships Information System (OASIS) မှာအရင် Register လုပ်ပြီး register number ယူရပါမယ်။ နောက်ပြီး နိုင်ငံအလိုက် ပို့ရမယ့် mail address ကွာခြားမှုရှိတာကြောင့်သတိချပ်ဖို့မှာကြားလိုပါတယ်။ လိုအပ်တဲ့ Document တွေနဲ့အတူ Deadline မတိုင်ခင်ပေးပို့လျှောက်ထားမယ်ဆိုရင်တော့ ပြီးမြောက်ပါပြီခင်ဗျ 🎊

🕛Application Deadline - 29 April 2022

OASIS >> https://oasis.dfat.gov.au/

How to apply >> https://www.dfat.gov.au/people-to-people/australia-awards/Pages/how-to-apply-for-an-australia-awards-scholarship

Participating Universities List >>https://www.dfat.gov.au/sites/default/files/australian-institutions.pdf

Official Website >> bit.ly/3I233Bv

ကဲ လျှောက်ထားပုံ၊ လျှောက်ထားနည်းတွေလည်းသိသွားပြီဆိုတော့ ဩစတြေးလျဆိုတာကလည်ပညာတော်သင်သွားဖို့ စိတ်ကူးမမှားသင့်တဲ့နိုင်ငံတစ်နိုင်ငံထဲမှာပါတာမလို့ အချိန်မှီပြင်ဆင်ကြဖို့သတိချပ်လိုပါတယ်ခင်ဗျ။

အားလုံးကောင်းသောညလေးဖြစ်ကြပါစေ 🙆‍♂️✨

credit -Barry

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
10160