Treasure Island English Training Centre

Treasure Island English Training Centre

Share

A 40 year-well-experienced english teacher

01/03/2026

Grade 12 ကျောင်းသားများအတွက်သတင်းကောင်း

လာမည့် March 7 နေ့တွင်စတင်ဖွင့်လှစ်မည့်နွေ ၃ပြတ် Grade 12 English သီးသန့်သင်တန်းများ

တက္ကသိုလ်ဝင်တန်းမေးခွန်းပုံစံအရကျောင်းသားများအကြောက်ဆုံး Question numbers များဖြစ်ကြသည့်
Question No. III,VIII(letter writing) နှင့် No.IX(essay writing) များကို online classes အပြင် face-to-face classes များဖြင့်ထိထိရောက်ရောက်သင်ကြားပေးမည်၊ကြိုတင်စာရင်းသွင်းထားပါ။

Sayar J Saw (English)
ဆရာဂျေစော

မှတ်ချက်

သင်ရိုးကုန်သင်တန်းများလည်းရှိပါသည်၊စာရင်းသွင်းထားနိုင်ပါပြီ။

28/02/2026

English,The Interesting Language
(စိတ်ဝင်စားစရာအင်္ဂလိပ်စာ)

အင်္ဂလိပ်စာကမာယာများပါတယ်၊present tenses တွေကို အနာဂါတ်(future)ကာလပုံစံလည်းသုံးနိုင်ကြောင်းလည်းတွေ့ရပါတယ်။အောက်ပါဝါကျများကိုလေ့လာကြည့်ရအောင်-

1. I'm meeting Pat tomorrow.(ငါ ပတ်နဲ့မနက်ဖြန်တွေ့ဖို့ချိန်းထားတယ်) အသေအချာကိုစီစဉ်ထားပြီးဖြစ်တယ်။

2. I'm going to meet Pat tomorrow.(ငါ ပတ်နဲ့မနက်ဖြန်တွေ့ဖို့ရည်ရွယ်ထားတယ်)အသေအချာစီစဉ်ထားတာမဟုတ်၊ရည်ရွယ်တော့ထားတဲ့သဘော။

3.The train leaves at 10.30 tomorrow.(မနက်ဖြန်ရထားက ၁၀.၃၀ ထွက်မှာ)မနက်ဖြန်ဆိုပေမဲ့ present simple ကိုအချိနါဇယားအတိုင်းပုံမှန်လည်ပတ်နေတဲ့အစီအစဉ်များကို futureပုံစဲသုံးနိုင်တာပါ။

Sayar J .Saw(English)
ဆရာ ဂျေစော(အင်္ဂလိပ်)

23/02/2026

သတိထားစရာ၊အင်္ဂလိပ်စာ
အခြားဘာသာစကားတစ်ခုကိုလေ့လာရာတွင်၎င်းဘာသာစကားရဲ့သဘောတရားအတိုင်းပဲလေ့လာပါ၊မိခင်ဘာသာစကား(မြန်မာဘာသာစကား)အနေနဲ့ပုံဖျက်လေ့လာခြင်းမပြုသင့်ပါ။

23/02/2026

ဒီနေ့အတွက်တင်ပေးမဲ့အကြောင်းအရာကဘာသာစကားတစ်ခုကိုအလွတ်ကျက်မှတ်ခြင်းဟာအန္တရာယ်ကြီးကြောင်းပြောခဲ့ပါတယ်၊ဒီနေ့အတွက်လည်းထူးထူးခြားခြားအသုံးအနှုန်းတစ်ခုကိုထပ်တင်ပြချင်ပါတယ်အဲဒါကတော့ modal auxiliries)ထဲကတစ်ခုဖြစ်တဲ့ "should"ပါ၊ဘယ်လိုအဓိပ္ပါယ်နဲ့အလွတ်ကျက်ခဲ့ပါသလဲ၊"သင့်သည်"ဆိုတဲ့အဓိပ္ပါယ်နဲ့သင်တို့ကျက်ခဲ့ကြမှာသေချာပါတယ်၊အောက်ပါဝါကျများကိုလေ့လာကြည့်ပါ၊အဘယ်ကြောင့်ပုံသေအဓိပ္ပါယ်နဲ့မကျက်မှတ်သင့်ကြောင်းသင်သိလာပါလိမ့်မယ်။

-Should Jack come,I'll contact you.
(တကယ်လို့ဂျက်များရောက်လာခဲ့ရင်၊မင်းကိုဆက်သွယ်လိုက်မယ်)
ဒီနေရာမှာ should ဟာ if နဲ့အနီးစပ်ဆုံးအဓိပ္ပါယ်တူနေကြောင်းတွေ့ရပါလိမ့်မယ်၊ if ထက်ဖြစ်နိုင်ဖြေပိုနည်းတဲ့အခြေအနေမှာသုံးလေ့ရှိတယ်။

-David: Is it raining outside?(အပြင်မှာမိုးရွာနေလား)
-Emma: Yes,I should wear a raincoat.
(ဟုတ်တယ်၊ငါသာဆိုမိုးကာဝတ်သွားမှာ)ငါမိုးကာဝတ်သွားသင့်တယ်လို့သုံးထားတာ၊အပြင်သွားမှာကဒေးဗစ်၊you အစား I ကိုသုံးထားတာသတိပြုမိပါသလား။နောက်ဥပမာတစ်ခု-
-It's strange that Tom should get up early.He usually gets up late.(Tom စောစောအိပိရာထတာတယ်ထူးဆန်းပါလား၊အမြဲတန်းလိုလိုနောက်ကျတဲ့ကောင်)
ဒီနေရာမှာလည်း should ကို"သင့်သည်" လို့ဘာသာပြန်ရင်လွဲသွားမှာပါ၊လုပ်လေ့လုပ်ထမရှိသောလုပ်ရပ်တစ်ခုလုပ်လျှင်အံ့အားသင့်သောအခါပြောလေ့ရှိသောအသုံးအနှုန်းတစ်ခုအဖြစ်တွေ့နိုင်သည်။


ဆရာ J Saw(English)

22/02/2026

How to learn English(အင်္ဂလိပ်စာလေ့လာနည်း)

အင်္ဂလိပ်စာသည်ဘာသာစကားတစ်ခုဖြစ်သောကြောင့်၎င်းကိုလေ့လာရာမှာအခြေခံသဘောတရားများမသိပါကအချိန်ကြာသော်ငြားလည်းထင်သလောက်ထိရောက်မှုရှိမှာမဟုတ်ပါ။အင်္ဂလိပ်စာကိုလေ့လာရာတွင်အင်္ဂလိပ်စာလိုလေ့လာရပေမည်၊မြန်မာစာလိုလေ့လာရျ်မရနိုင်ပါ ၊အဘယ့်ကြောင့်ဆိုသော်မြန်မာစာမဟုတ်သောကြောင့်ပေတည်း။နားရှုပ်သွားပါသလား၊မြန်မာလိုအလွတ်ကျက်ခြင်းကိုရှောင်ရှားသင့်ကြောင်းကိုဆိုလိုခြင်းပါ။ဥပမာ-

ဒေးဗစ်သည်ရေကူးခြင်းမှာပျော်မွေ့သည်။
David enjoys swimming.
သတိထားမိပါသလား၊မြန်မာလိုတိုက်ရိုက်ပြန်ဆိုကြည့်ပါ၊

(ဒေးဗစ်ပျော်မွေ့သည်ရေကူးခြင်း )ဟုပြန်ဆိုရ၊
ပေမည်။

အောက်တွင်ဖော်ပြမည့်ဥပမာများကိုဆက်ကြည့်ပါ။

Up ကို parts of speech(word form)အရသင်မည်သို့ထင်ပါသလဲ၊သင်ငယ်ငယ်က ဝိဘတ်(preposition)ဟုကျက်ခဲ့ကောင်းကျက်ခဲ့ပေလိမ္မည့်။ပြောလိုသည်မှာအလွတ်မကျက်ထားပါနှင့်၊စကားလုံးပုံစံဆိုသည်မှာဝါကျကိုလိုက်ရျ်ပြောင်းလဲနိုင်ကြောင်းသိထားရပေမည်၊ နာမ်(noun )သည်ဝါကျပေါ်မူတည်ပြီးကြိယာဝိသေသန(adberb)လည်းဖြစ်နိုင်ပါသည်၊အောက်ပါဝါကျကိုကြည့်လိုက်ပါ။

-I have to go home now.
၎င်းဝါကျတွင် home သည်ကြိယာဝိသေသန(adverb)ဖြစ်ပါသည်။

-Old people prefer to stay in their own homes.
၎င်းဝါကျတွင် homes သည် noun ဖြစ်ပါသည်။

အောက်တွင် up ကိုဝါကျလိုက်ရျ်ပြောင်းလဲပုံကိုလေ့လာကြည့်ပါ။

-Jack turned the volume up.(adv)
-The village is further up the valley.(prep)
-That's the up escalator.(adj)
-Jane experienced ups and downs in life.(noun)
-The buyers upped their offer by 1000 pounds.(verb)

21/02/2026

The best ways to learning English
ဒီနေ့အတွက်အင်္ဂလိပ်စာလေ့လာသူတိုင်းသိထားရမဲ့ဝါကျ ၄မျိုးအကြောင်းပါ၊ဒါကမဖြစ်မနေသိထားသင့်တဲ့အချက်ပါ။

(1)Declarative sentence(expressing statements)
ဝါကျကိုကတ္တားဖြင့်စသောဝါကျဖြစ်သည်။ဝါကျအဆုံးတွင် full stop အမှတ်အသားကိုတွေ့နိုင်သည်။
-Swimming is a good form of exercise.
-Sophia had been a beauty in her day.
(2)Interrogative sentence(expressing questions)
ဝါကျကိုမေးခွန်းစကားလုံးများ(question words)များဖြစ်သော wh-/how (သို့)အကူကြိယာများ(auxiliaries)ဖြင့်စသည်။ဝါကျအဆုံးတွင် question mark ကိုတွေ့နိုင်သည်။
-When did you last see Jack?
-Have you received a letter from Susan,yet?
(3)Imperative sentence(expressing commands/requests)
ဝါကျကိုကြိယာဖြင့်စလေ့ရှိသည်၊တစ်ခါတစ်ရံ request သဘောဆောင်လျှင် please ထည့်သုံးတတ်သည်၊please ကိုနောက်မှာလည်းထားနိုင်သည်။ဝါကျအဆုံးမှာပြင်းပြသည့်ခံစားမှုပြသင်္ကေတ (exclamatory mark)ကိုတစ်ခါတစ်ရံတွေ့နိုင်သည်။
-Go away!(command)
-Pass me the salt,please.(request)
(4)Exclamatory sentence(expressing emotions)
ဝါကျကိုမေးခွန်းစကားလုံးများ(question worfs)များဖြင့်စသော်လည်းမေးခွန်းပုံစံမဟုတ်ကြောင်းသတိပြုရမည်၊ဝါကျအဆုံးမှာ question mark အစား exclamatory mark ကိုတွေ့နိုင်သည်။
-How kind of you to help!
-What a beautiful house!

Sayar J Saw(English)

20/02/2026

အင်္ဂလိပ်စာကိုခက်ခဲတဲ့ဘာသာစကားတစ်ခုလို့ဘာလို့ထင်နေတာလဲ၊တကယ်တော့လေ့လာတဲ့နည်းအားနည်းချက်ကြောင့်ပါ၊နည်းစနစ်မှန်မှန်လေ့လာရင်၊တတ်မြောက်မှုမြန်ဆန်လာမှာပါ၊ငယ်စဉ်ကစပြီးလေ့လာပုံနည်းစနစ်အားနည်းမှုကအဓိကပါ၊ဒါကြောင့်မူကြိုမှစဘွဲ့လွန်တန်းများပြီးမြောက်သည့်တိုင်အင်္ဂလိပ်ဘာသာစကားအားနည်းနေတာငြင်းမရတဲ့သက်သေပါ၊grammarဟာဘာသာစကားတစ်ခုရဲ့သော့ချက်(Key)ပါ၊grammar ကိုမှန်မှန်ကန်ကန်သင်ယူရရင်၊အခက်အခဲကိုမင်းလည်းကျော်လွှားနိုင်မှာပါ၊ဆရာ့ရဲ့ Grammar makes English language easy သင်တန်းလေးမတ်လဆန်းမှာစမှာနော်၊ကြိုတင် booking လုပ်ထားဖို့မမေ့ကြနဲ့နော်၊ ၆လပြတ်သင်တန်းကိုတက်လိုက်တာနဲ့၊မင်းရဲ့အင်္ဂလိပ်စာတိုးတက်မှုကိုမင်းကိုယ်မင်းအံ့ဩသွားစေမယ်လို့ဆရာအာမခံတယ်။

Sayar J Saw(ဂျေစော)

Photos from Treasure Island English Training Centre's post 21/08/2022

📣 ဆရာကြီးရဲ့ English Grammar အတန်းလေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

📌 သားသားမီးမီးတို့ English စာတော်ဖို့ အဓိကကျတဲ့ English Grammar Class ကို #စာသင်နှစ်40 ရှိပြီးဖြစ်တယ် Sayar J.Saw ကိုယ်တိုင်သင်ကြားပေးမှာ ဖြစ်ပါတယ်။

📌 Sayar J.Saw ဟာ စာသင် သက်တမ်းတစ်လျှောက် ထူးချွန်တဲ့ကျောင်းသားပေါင်း ရာချီ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

📌 မိမိ သားသားမီးမီးတို့အတွက် English Subject ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ Grammar ကို အခြေခံကနေ သေသေချာချာ ပိုင်နိုင်စေလိုလျှင် လာရောက်အပ်နှံနိုင်ပါပြီရှင်။

11/08/2022

𝗚𝗿𝗮𝗱𝗲 𝟭𝟭 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝟲-𝗺𝗼𝗻𝘁𝗵 𝗖𝗼𝘂𝗿𝘀𝗲
➖➖➖➖➖➖➖➖➖➖➖➖➖
𝗯𝘆 𝗦𝗮𝘆𝗮𝗿 𝗝.𝗦𝗮𝘄 (𝟰𝟬 𝘆𝗲𝗮𝗿𝘀❜ 𝘁𝗲𝗮𝗰𝗵𝗶𝗻𝗴 𝗲𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲)

မြန်မာသင်ရိုး Grade-11 စနစ်ဟောင်း English 6 လပြတ် သင်တန်း ကို #စာသင်နှစ်40 ရှိပြီဖြစ်တဲ့ Sayar J.Saw ကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပါတယ်။
စာသင်သက် နှစ် 40 အတွင်း ဂုဏ်ထူးရှင်ပေါင်းများစွာကိုလည်း မွေးထုတ်ပေးခဲ့သော ဆရာကြီးလည်း ဖြစ်ပါတယ်။

ယခုအတန်းကို
📌 2023 စာမေးပွဲဖြေဆိုဖို့ ပြင်နေသူများ
📌 IGCSE နဲ့ Government Curriculum တွဲသင်နေသူများ တက်ရောက်နိုင်ပါတယ်။

မိမိအိမ်မှ သက်တောင့်သက်သာစွာ Online Zoom ဖြင့် face to face တက်ရောက်နိုင်မှာ ​ဖြစ်ပြီး တစ်ပတ် 3 ရက်ဖြစ်တဲ့အတွက် အချိန်တိုအတွင်း ထိထိရောက်ရောက် သင်ကြားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အသေးစိတ်ကိုလည်း Page Messenger မှာ လာရောက် မေးမြန်းနိုင်ပါတယ်။

Photos from Treasure Island English Training Centre's post 21/07/2022

တောင်းပန်စကားကို English လို ဘယ်လိုပြောကြမလဲ ❓

ဘယ်လိုအခြေအနေမှာ ဘယ်လို Apologise လုပ်ရမလဲဆိုတာ တစ်ပုံချင်းစီမှာ ရှင်းပြပေးထားပါတယ်။

03/07/2022

Phonics ပညာဒါန

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Thirimyaing
Yangon
18