Beyond Success is dedicated to teaching today’s youth about money together with parents through Financial parenting and Financial education.
Address
Yangon
Telephone
Website
Alerts
Be the first to know and let us send you an email when BS Financial Education Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The School
Send a message to BS Financial Education Myanmar:
Shortcuts
Category
🎈Beyond Success’s Beginning🎈
“မေမေ သားကို ဒီအရုပ်လေးဝယ်ပေးပါ။”
“သားသား အရင်က ဝယ်ထားပြီးသား အိမ်မှာ အများကြီးလေ။ မေမေ့မှာ ပိုက်ဆံမရှိဘူး။”
ကျွန်မသားလေး နဲ့ အတူဈေးဝယ်ထွက်တိုင်း ကြုံတွေ့ရတဲ့ အခက်အခဲပါ။ ကျွန်မရဲ့ အဖြေကို သားလေးက နားလည်လက်ခံသွားခြင်းမရှိသလို ကျွန်မကိုယ်တိုင်လည်း ကျေနပ်မှုမရနေပါဘူး။ သူအရမ်းလိုချင်နေတဲ့အခါဆိုလျှင်တော့ အတင်းငိုပြီးတောင်းဆိုတော့တာပါပဲ။
🖊️ သားလေးရဲ့ မေမေဖြစ်လာပြီးနောက် သားလေး အသက် ၃နှစ်ကျော်ထိ full time working mother တစ်ယောက် အနေနဲ့ ရပ်တည်ခဲ့သူပါ။ အလုပ်တစ်ဖက်နဲ့မို့ သားလေးကို အချိန်ပြည့်မပေးနိုင်တာရယ် တစ်ဦးတည်းသော သားလေးမို့ မိဘတို့ရဲ့ သားသမီးအတွက်ဆို အကောင်းဆုံးတွေပဲပေးချင်စိတ်ရယ်ကြောင့် အစစ အရာရာ လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ သားလေးဟာ အရုပ်များကို စည်းကမ်းရှိရှိ မကစားပဲ သူလိုချင်ရင် ထပ်ဝယ်ပေးမှာပဲလို့ ယူဆလာတာ သတိထားမိလာရပါတယ်။ ပစ္စည်းတန်ဖိုးကို နားမလည်တော့ပဲ ဈေးဝယ်မှ ပျော်ရွှင်မှုရတယ်လို့ ထင်လာပါတယ်။ အဲ့ဒါကြောင့် သားလေး လိုအပ်သော အခြေခံဖွံ့ဖြိုးမှု (child development) နှင့် life skills များ အနီးကပ် ပြုစုပျိုးထောင်ပေးဖို့ parenting အတွက် အလုပ်နားလိုက်ပါတယ်။ သားလေးနားမှာ parenting ခေါင်းစဉ်များကိုလေ့လာရင်း အထက်ပါ အခြေအနေလေးအတွက် အဖြေတစ်ခုဖြစ်တဲ့ Financial parenting အကြောင်း စတင်လေ့လာဖြစ်ခဲ့ပါတယ်။