18/11/2023
မြန်မာနိုင်ငံရဲ့ တည်သီး or ဂျပန် ရဲ့ (かき) ခ ခိ
ခုချိန်က かき ရဲ့နောက်ဆုံး အရွက်တွေ အကုန်ကြွေပြီး အသီးတွေပဲကျန်တော့မယ့်အချိန် ဖြစ်ပြီမို့
ကိုယ်တွေ လမ်းမှာ အပင်မြင်တာနဲ့ သရေကျနေရတဲ့ အချိန်ပါ။ ဝယ်လည်း စားနေပေမယ်လို့ ထုံးစံအတိုင်း အပင်မှာ ပြွတ်သိပ်နေတာမြင်ရင် ခူးစား ချင်တဲ့ စိတ်က ထိန်းမရ။ ဂျပန်လူမျိုးတွေက အသီးကို ဒီအတိုင်း တော်တော်ခြောက်တဲ့အထိ အပင်မှာပဲထားကြပြီး သူတို့အယူအဆက အအေးပိုလေ အသီးအချိုဓာတ်က ပိုကဲ ၊ပိုလေးတယ်ဆိုပြီး ထားကြပါတယ်တဲ့။ အချိန်ရောက်လို့ ခူး ၊အခွံခွါ ပြီးရင် နေလှန်း၊ အခြောက်ခံပြီး ၊အချိုတည်းဖို့အတွက် နှစ်ပါတ်လည်စာ သိမ်းပြီးစားကြတဲ့အလေ့ရှိပါတယ်။ဘာမှ ထွေထွေထူးထူးမလုပ်ရပဲ သဘာဝအတိုင်းအရမ်းချိုတာမို့ ဂျပန်လူမျိုး သက်ကြီးပိုင်းတွေ ကြိုက်ကြပါတယ်။ သရေစာမုန်အမျိုးမျိုးလည်း ပြုလုပ်ကြပါတယ်တဲ့။
နောက်တစ်ခုက သူတို့လူမျိုးတွေ တစ်ယောက်နဲ့ တစ်ယောက် အသီးတစ်ခုခုနဲ့ တင်စားကြတဲ့အခါ
かきနဲ့ တင်စားနဲ့သူတွေ အများကြီးရှိကြပါတယ်။
ဘာလို့ဆို အပင်က စလို့အရိပ်ရစေတယ်၊အသီးသီးလာတော့လည်း အရမ်းလှပြီး ချိုတယ်။
နောက်ဆုံး ခြောက်သွားတဲ့အထိ အချိုမပျယ်ပဲ မူလအတိုင်း ရှိနေပေးတာမို့ ကိုယ်ချစ်တဲ့သူကို
( မင်းက ငါ့အတွက် ခ ခိ လိုမျိုး ) ပြောကြပါတယ်တဲ့။ 😉😃😃
ကဲ ငါနေတဲ့ အိမ်မှာ အများကြီး စာမကုန်ဘူးဆိုတဲ့သူတွေ အခွံ ခွါ အခြောက်လှန်းပြီး ကြော်စားလည်း
အရမ်းကောင်း၊ ဒီတိုင်းစားလည်း အရမ်းချိုတာမို့
သရေစာဖိုး သက်သာစေပါတယ်နော်😋
photo by Google