A Lin Yaung Education

A Lin Yaung Education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Lin Yaung Education, Education Website, Yangon.

30/09/2023

သားသားမီးမီးလေးများအတွက် ဘာသာစုံ guide ငှားရမ်းနိုင်ပါပြီရှင်
ဝန်ဆောင်ခ အခမဲ့ ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်ရှင်
09757561882

A Lin Yaung Education Education website

30/09/2023

G1 မြန်မာစာစာလုံးပေါင်းဖတ်နည်း
******************
စာလုံးပေါင်းဖတ်နည်းကို" #အက္ခရာနည်း"ဟုလည်းကောင်း
#ရှေးရိုးနည်း ဟုလည်းကောင်း ခေါ်၏။ မြန်မာသင်ပုံကြီးသင်ရာတွင်
အသုံးပြုလေ့ရှိသဖြင့် #သင်ပုန်းကြီးနည်း ဟုလည်း ခေါ်၏။
ဤနည်းသည် မြန်မာစာသင်ကြားရေးတွင် အခြေခံအကျဆုံးနည်း
ဖြစ်ပေသည်။

စာလုံးပေါင်းဖတ်ရာ၌ ဗျည်းများကို "က ခ ဂ ဃ င " ဟူ၍
အသံမထွက်ရပါ။ "ကကြီး ၊ ခခွေး ၊ ဂငယ် ၊ ဃကြီး " စသည်ဖြင့်
အက္ခရာအမည် အပြည့်အစုံ ရွတ်ဆိုရပါမည်။

ထိုမှတဖန် ဗျည်းနှင့်သရတွဲ၍-
" #ကကြီးရေး လုံးကြီးတင်-ကိ
#ကကြီးရေး လုံးကြီးတင်ဆန်ခတ်-ကီ - ကိ - ကီ
#ကကြီးရေး လုံးကြီးတင်ဆန်ခတ်-ကီ-ဝစ္စနှစ်လုံးပေါင်း-ကီး-- ကိ-ကီ-ကီး ၊"
စသည်ဖြင့် စာလုံးပေါင်း ဖတ်တတ်အောင် သင်ကြားပေးရပါမည်။

စာလုံးပေါင်းဖတ်နည်းကို သင်ကြားပေးမည်ဆိုလျှင် ဗျည်းသရများ
သင်္ကေတများ၏ အခေါ်အဝေါများ အသံထွက်များကို ဂဃနဏ သိထားသင့်ပါသည်။
ယင်းသို့ သေချာဂဏ မသိဘဲ စာလုံးပေါင်းဖတ်နည်းကို မှန်ကန်ထိရောက်စွာ
သင်ပြနိုင်မည် မဟုတ်ပါ။

ဗျည်းသရများ သင်္ကေတများကို အသေးစိတ် သိရှိထားပြီဆိုလျှင်
စာလုံးပေါင်းဖတ်နည်းကို အောက်ပါအတိုင်း သင်ကြားလေ့ကျင့်ပေးနိုင်ပြီ
ဖြစ်ပါသည်။

#ဤခရီးနီးသလား။
*************
အက္ခရာဤ ၊ ခကွေးရေး-ခ ဤ-ခ၊ ရကောက်ရေး လုံးကြီးတင်ဆန်ခတ် ရီ
ဝစ္စနှစ်လုံးပေါက်-ရီး ၊ ဤခရီး ၊ နငယ်ရေးလုံးကြီးတင်ဆန်ခတ် နီ
ဝစ္စနှစ်လုံးပေါက် နီး ၊ ဤခရီးနီး၊ သရေ-သ ဤခရီးနီးသ ၊ လရေးချ လာ
ဝစ္စနှစ်လုံးပေါက် လား၊ ဤခရီးနီးသလား။

#အဆောက်အဦ/ အဆောက်အအူ/
*********************
အရေး-အ၊ သဝေထိုး ဆလိမ်ရေးချ ကသတ်-ဆောက် - အဆောက်
အရေး-အ၊ အက္ခရာဦ- အဆောက်အဦ။
#"ဦ"သည် "အက္ခရာဥ" ကို လုံးကြီးတင်ဆန်ခတ်ထားခြင်း မဟုတ်ချေ။
အသံထွက်သော *သီးခြားအက္ခရာ သင်္ကေတ" တစ်ခုသာဖြစ်၏။
"ဦ" ကို "အက္ခရာ" ဟူ၍ဖတ်ရသည်။
"အက္ခရာ လုံးကြီးတင်ဆန်ခတ်ဦ" ဟု မဖတ်ရပါ။
"အဆောက်အဦ" ကို ဝစ္စနှစ်လုံးပေါက်ဖြင့် ရေးလျှင် မှားပါသည်။

အဆောက်အဦ/ အဆောက်အအူ/ န-အသုံးအဆောင်ပစ္စည်း။
ကိရိယာ တန်ဆာပလာ။

အဆောက်အအုံ၊ န- သစ်၊ ဝါး၊ အုတ် စသည်တို့ဖြင့် တည်ဆောက်ထားသော
အိမ် စသည်။
(မြန်မာအဘိဓာန်။ စာ-၄၀၃)

#ဦးဦးလာ၏။
*********
အက္ခရာ ဦး - အက္ခရာ ဦး - ဦးဦး၊ လရေးချ လာ- ဦးဦးလာ၊
အကခွရာ ၏ - ဦးဦးလာ၏ ။

"ဦး" သည် "အက္ခရာဥ" ကို လုံးကြီးတင်ဆန်ခတ်ထားခြင်း
မဟုတ်ချေ။ "အက္ခရာဦး" ဟု အသံထွက်သော သီးခြား
အက္ခရာသင်္ကေတ တစ်ခုသာဖြစ်၏။
အက္ခရာဦး သည် အက္ခရာဦ နှင့် မတူချေ။
ယင်း အက္ခရာနှစ်မျိုးလုံးကို သူ့နေရာနှင့်သူ အသုံးပြုရပါသည်။

"ပွဲကြည့်ပါဦး" "တစ်ချီတစ်ပွဲနွှဲပါဦး" ဆိုရာ၌ "ဦး ကို
"အုန်း" ဟု အသံထွက်ရပါမည်။

ဩဇာသီးပါ၏။
********
အက္ခရာဩ- ဇကွဲရေးချ-ဇာ-ဩဇာ၊ သလုံးကြီးတင်ဆန်ခတ်-သီ
ဝစ္စနှစ်လုံးပေါက်-သီး- ဩဇာသီး ၊ ပစောက်ရေးချ-ပါ-ဩဇာသီးပါ
အကခှရာ၏ - ဤဇာသီးပါ၏ ။

"ဩ" ကို "သရရစ်" ဟု မဖတ်ရပါ။

ရေးချ နှစ်မျိုးကို-------
"" ဇကွဲဝိုက်ချ - ဇာ "" "" ပစောက် မောက်ချ - ပါ "" ဟု
ခွဲခြားရွတ်ဆိုရန် မလိုပါ။

"" ေဩာ် ယောက်ျား ""
**************
အက္ခရာ ေဩာ် - သဝေထိုး ယပက်လက်ရေးချ - ယော - ကကြီးယပင့်
အသက်ရေးချ ဝစ္စနှစ်လုံးပေါက် - ယောက်ျား ။

"" ေဩာ် "" သည် "အာမေဋိတ်" ဖြစ်၏။ မြန်မာအဘီဓာန်တွင်-
ေဩာ် ၊ အာ (အပြော) အံ့သြခြင်း၊ ဝမ်းမြောက်ခြင်း စသည်ကို
ခံစားရသည့်အခါ ရုတ်တရက်ထွက်သော အသံ- ဟု ဖွင့်ဆိုထားပါသည်။
မြန်မာစာရေးသားရာ၌ ""ေဩာ်"" အစား ""အော်"" ကို လွဲမှားအသုံးပြုတက်ကြပါသည်။
"ယောက်ျား" ကို ကင်းစီးဖြင့် မရေးရပါ။ ကင်းစီးဖြင့် "ယောင်္ကျား" ဟု ရေးလျှင်--
"ယောင်ကျား" ဟု အသံထွက်ရပါမည်။

အသတ် "တံခွန်" ဖြင့် ရေးမှသာ "ယောက်ကျား" ဟု အသံထွက်ပါသည်။
"ယောက်ျား" ကို---
"သဝေထိုး ယပတ်လက်ရေးချ ကသတ်ယောက်- ကကြီးယပင့်
ရေးချ-ကျာ-ဝစ္စနှစ်လုံးပေါက် - ကျား- ယောက်ကျား " ဟု စာလုံးပေါင်းဖတ်လျှင်
မှားပါသည်။

ဧည့်သည် / အဲ့သှယ် /
*************
အက္ခရာ ဧညသတ် - ဧသည် - အောက်ကမြစ် - ဧည့် ၊ သညသတ် - သည်-
ဧည့်သည်။

မြန်မာအဘိဓာန်တွင်-----
"" သမီး ၊ သစ္စာ "" တို့တွင်ပါသော "သ" သံကို "သ" ချည့်သက်သက်ဖြင့်
လည်းကောင်း--

"သတိ ၊ သတင်း " တို့တွင် ပါဝင်သော "သ" သံကို "သဟထိုး"ဖြင့်
လည်းကောင်း ခွဲခြားပြဆိုထားသည်ကို သတိမူသင့်ပါသည်။

သမီး / သမီး
(မြန်မာအဘိဓာန်တွင်။ စာ - ၃၆၆ )

ဧည့်သည် / အဲ့သှယ်
(မြန်မာအဘိဓာန်။ စာ - ၄၄၂)

အပိုင်း (၂) ဆက်ရန်-----

မှတ်ချက် ။ ။ 1996 ခုနှစ် ဇွန်လ ပညာတန်ဆောင် မဂ္ဂဇင်းပါ ဆောင်းပါး။
2014 ခုနှစ် မတ်လ ပညာတန်ဆောင် မဂ္ဂဇင်းပါ ဆောင်းပါး--
မှ
ဦးရဲမင်း (ထီလာဆရာအတတ်သင်) ၏ ဆောင်းပါးကို---
ဖတ်ရှုပြီး ပြန်လည် မျှဝေခြင်းသာ ဖြစ်သည်----

June Ko Ko

စာလုံးပေါင်းဖတ်နည်း အပိုင်း(၂)
******************
#မင်္ဂလာပါ ဆရာမ။
************
မရေး - မ - ဂငယ်ကင်းစီး - မင်္ဂ - ၊ လရေးချ - လာ - မင်္ဂလာ ၊
ပစောက်ရေးချ - ပါ - မင်္ဂလာပါ ၊ ဆလိမ်ရေး - ဆ - မင်္ဂလာပါဆ
ရကောက်ရေးချ - ရာ -မင်္ဂလာပါ ဆရာ ၊ မရေး - မ -မင်္ဂလာပါ ဆရာမ။

များသောအားဖြင့် " မင်္ဂလာ " ကို "မရေးငသတ် - မင် ၊ ဂငယ်ရေး - ဂ
မင်ဂ ၊ လရေးချ - လာ - မင်္ဂလာ " ဟု စာလုံးပေါင်းဖတ် နေကြပါသည်။

#ကင်းစီးသည် #ငသတ် မဟုတ်ပါ။ #ကင်းစီး ကို "ငသတ်" ဟု မဖတ်ရပါ။
#အမှားကြာလျှင်အမှန်ဖြစ် တတ်ပါသည်။

#တမင်္ဂနွေ - တနင်္လာ - အဂါင်္
တဝမ်းပူရေး - တ - နငယ်ရေး - န -တန - ဂငယ်ကင်းစီး -တနင်္ဂ -
သဝေထိုးနငယ်ဝဆွဲ - နွေ - တနင်္ဂနွေ ။

တဝမ်းပူရေး - တ - နငယ်ရေး - န -တန - လကင်းစီးရေးချ - လာ -တနင်္လာ။

အရေး - အ - ဂငယ်ကင်းစီးရေးချ - ဂါ - အဂါင်္ ။

" အရေးငသတ် -အင် - ဂငယ်ရေးချ - ဂါ - အဂါင်္ ဟု မဖတ်ရပါ ။

#အင်္ကျီ
အရေး - အ - ကကြီးယပင့် ကင်းစီး လုံးကြီးတင်ဆန်ခတ်
အင်္ကျီ။
#သင်္ချာ
သရေး - သ - ခခွေးယပင့် - ကင်းစီးရေးချ - သင်္ချာ ။
#သင်္ဘော
သရေး - သ - သဝေထိုးဘကုန်း ကင်းစီးရေးချ - သင်္ဘော ။

မြန်မာအဘိဓာန်တွင် - အင်္ကျီ/ အင်းဂျီ / အသံထွက်
ပြဆိုထားပါသည်။

#မေတ္တာ #နိဗ္ဗာန် #ဗုဒ္ဓဟူး
# သဝေးထိုး မတသတ် - မျစ် - တဝမ်းပူရေးချ - တာ - မျစ်တာ ၊
#နငယ်လုံးကြီးတင် ဗထက်ခြိုက်သတ် - နိဗ် - ဗထက်ခြိုက်ရေးချနသတ်
ဗာန် - နိဗ္ဗာန် ။
#ဗထက်ခြိုက် တစ်ချောင်ငင် ဒထွေး သတ် - ဗုဒ် - ဓအောက်ခြိုက်ရေး - ဓ
ဗုဒ္ဓ - ဟ နှစ်ချောင်းငင် - ဟူ - ဝစ္စနှစ်လုံပေါက် -ဟူး - ဗုဒ္ဓဟူး ။

#မေတ္တာ ကို " မစ်တာ " ဟု အသံမထွက်ရပါ ။ " မျစ်တာ " ဟူ၍သာ
အသံထွက်ရပါမည်။

မေတ္တာ / မျစ်တာ / န - ချစ်ခင်ခြင်း ။
(မြန်မာအဘိဓာန်။ စာ - ၂၇၉ )
ရှေးလူကြီးများက " သဝေထိုးကို ရှေ့ကထား ၊ ခခွေးနားက ဝကိုဆွယ်၊
လပေါ်မှာ ဝကို တင်လို့ ၊ ပစောက်ကို တံခွန်လွှား ၊ ဖော်ကြပါလား ""
ဟူ၍ပင် စာလုံးပေါင်းဖတ်နည်းဖြင့် စကားထာဝှက်ခဲ့ကြပါသည်။
"ခခွေးနားက ဝကိုဆွယ် " ဟူရာ၌ " ခခွေး" ကို "ဝ" နှင့်ယှဉ်ကပ်လျှင်
"ဆလိမ်" ဖြစ်၏။ "လပေါ်မှာ ဝကိုတင်" ဆိုရာ၌ "လကို လုံးကြီးတင်ပါ"
"ပစောက်ကို တံခွန်လွှား " ဆိုရာ၌ "ပသတ်ပါ" ဟု ဆိုလို၏။
ထိုကြောင့် ယင်းစကားထာ အဖြေမှာ--
#ေ+ဆး+လိ+ပ် = ဆေးလိပ် " ဖြစ်ပါသည်။
#အချုပ်ဆိုရသော် "အဖတ် အရွတ် တတ်မြောက်စေရန် စာကို
စနစ်တကျ ဖတ်တတ်စေရန် ဟူသော ရည်ရွယ်ချက် "စာ ဖတ်နည်း
မှန်စေခြင်း ၊ အဖြတ်အတောက် မှန် စေခြင်း၊ စာဖတ်နှုန်းမြန်စေခြင်း
ဟူသော သင်ရိုးမာတိကာနှင့်အညီ ကလေးများ စာဖတ်နည်းမှန်အောင်
စာဖတ်နှုန်းမြန်အောင် သင်ကြားလေ့ကျင့်ပေးရန်မှာ မူလတန်းဆရာ
ဆရာမများ၏ တာဝန်ပင်ဖြစ်ပါသည်။

#ကျမ်းကိုး
၁။ သဒ္ဒါမျက်လုံးရေးဖတ်ထုံး၊ ဒဂုန် ဦးစန်းငွေ။
၂။ မြန်မာအက္ခရာဗေဒ၊ ဦးသောင်းလွင်။
၃။ စာအုပ်စာပေ လူ့မျတ်ဆွေ။
၄။ မြန်မာအဘိဓာန် ၊ မြန်မာစာအဖွဲ့။

ဦးရဲမင်း (ထီလာဆရာအတတ်သင်)

လုပ်ဖော်ကိုင်ဖတ် ဆရာ/ဆရာမများအား
အထောက်အကူပြုစေရန် နှင့် ဗဟုသုတအနေဖြင့်
သိရှိစေရန် အလို့ငှာ ကျနော် ဖတ်ရှုလေ့လာမိတာကို
ပြန်လည်မျှဝေခြင်းမျှသာ ဖြစ်သည်။

ငြင်းပွားနေမည်မဟုတ်ပါ--လေးစားသွာဖြင့်-June Ko Ko

"စာလုံးပေါင်းဖတ်နည်း{၃}"

၁။ယောက်ျား
သ ဝေထိုး ယပက်လက်ရေးချ-ယော-ကကြီး
ယပင့် အသတ်ရေးချ ဝစ္စနှစ်လုံးပေါက်-
ယောက်ျား။
*ယောက်ျား ကို ကင်းစီး(- င်္)ဖြင့် မ ရေးရပါ။
ကင်းစီးဖြင့် 'ယောင်္ကျား'ဟုရေးလျှင် မှားပါသည်။
အသတ်,(တံခွန်){-်}ဖြင့် ရေးမှသာ မှန်ပါသည်။

၂။ဧည့်သည်/အဲ့သှယ်/
အက္ခရာ ဧ ညသတ်-ဧည်-အောက်ကမြစ်-
ဧည့်-သညသတ်-သည်-ဧည့်သည်။

၃။မင်္ဂလာပါ
မ ရေး-မ-ဂငယ်ကင်းစီး-မင်္ဂ,လ ရေးချ-လာ-
မင်္ဂလာ,ပ စောက်ရေးချ-ပါ-မင်္ဂလာပါ။

၄။သင်္ချာ
သ ရေး-သ-ခ ခွေးယပင့်-ကင်းစီးရေးချ-
သင်္ချာ။

၅။သ င်္ဘော
သ ရေး-သ-သ ဝေထိုးဘကုန်း ကင်းစီးရေးချ-
သ င်္ဘော။

၆။နိဗ္ဗာန်
နငယ်လုံးကြီးတင် ဗထက်ခြိုက်သတ်-နိဗ်-
ဗထက်ခြိုက်ရေးချနသတ်-ဗာန်-နိဗ္ဗာန်။

#၁၉၉၆ ခုနှစ် ဇွန်လထုတ် ပညာတန်ဆောင်
မဂ္ဂဇင်းပါ ဆရာဦးရဲမင်း(ထီလာဆရာအတတ်
သင်) ၏ ဆောင်းပါးမှ ကောက်နုတ် ဖော်ပြပါ
သည်။
#မေတ္တာဖြင့်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon