11/03/2026
အတွေးတွေထဲမှာတော့
စကားလုံးသန်းပေါင်းများစွာရှိနေပေမယ့်
တကယ်တမ်း နှုတ်ကစကားတစ်ခွန်းတောင်
မနည်းထွက်အောင်ပြောနေရတဲ့ လူတွေရှိလား?
ဒါဆိုရင် အတွေးတွေကနေ
စကားလုံးတွေဖြစ်အောင်
ဘယ်လို လေ့ကျင့်လို့ရလဲဆိုတာ
ပြောပြပေးပါမယ်။
ပထမဆုံးအနေနဲ့ ကိုယ်တွေးသမျှ
အတွေးတွေအားလုံးကို စာအုပ်ထဲမှာ
ချရေးတတ်တဲ့အကျင့်ဖြစ်အောင်အရင်လုပ်ပါ။
ပြီးရင် ကိုယ်တွေးသမျှစကားလုံးတွေကို
အစီအစဥ်တကျ၊ အချိတ်အဆက်မိအောင်
စာတွေပြန်စီပါ။
စာတွေပြန်စီပြီးရင် (၅)တန်းခလေးတောင်
နားလည်နိုင်မယ့် အပြောအဆိုဖြစ်အောင်
ရေးထားသမျှတွေကို အသံထွက်ဖတ်ပြီး
တစ်ဖက်လူနားလည်အောင် သေချာပြန်ချောပါ။
ကိုယ်ပြောချင်တဲ့အတွေးတွေကို
စကားလုံးအဖြစ်ပြောင်းလဲပြီးပြီဆိုရင်
ကိုယ်ရင်းနှီးတဲ့သူတွေနဲ့ စမ်းသပ်ပြောဆိုပြီး
သူတို့ဆီက တုံ့ပြန်မှုတွေ၊ အကြံပေးချက်တွေနဲ့
အားနည်းချက်တွေကို နားထောင်ပါ။
ဒီလိုမျိုးကို ကြိမ်ဖန်များစွာပြုလုပ်ပြီးရင်တော့
ကိုယ်က အတွေးတွေကနေ စကားလုံးတွေမဖြစ်ခင်
ကြားထဲမှာ စာချရေးတာ၊ သူများဆီက
အကြံဉာဏ်ပြန်တောင်းတာတွေမလုပ်ဘဲ
လက်တန်းပြောနိုင်သွားမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီအချက်က အတွေးတွေကနေ
စကားလုံးအဖြစ်ပဲ ဖန်တီးနိုင်မယ့်အဆင့်ပဲရှိပါသေးတယ်၊
တခြားသူတစ်ယောက်ရဲ့ ရင်ထဲရောက်အောင်
ပြောပြနိုင်မယ့် အဆင့်မဖြစ်သေးပါဘူး....
အကယ်၍ တခြားသူတွေရင်ထဲ၊
နှလုံးသားထဲရောက်အောင် ပြောတတ်ချင်တယ်
ဆိုရင်တော့ ကျွန်မတို့ Chance Myanmar ရဲ့ Better Communication Class ရှိပါတယ်။
ဒီသင်တန်းတွေမှာ ဘာတွေသင်မှာလဲ?
သင်တန်းကြေးကရောဘယ်လောက်လဲ ဆိုတာတွေ အသေးစိတ်သိချင်တဲ့သူတွေရှိရင် ဒီ Google Form ထဲမှာ ဖုန်းနံပါတ်ချန်ထားခဲ့လို့ ရသလို ကျွန်မတိုရဲ့ Chance Myanmar 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 နဲ့ 𝟎𝟗 𝟗𝟒𝟎𝟎 𝟖 𝟒𝟒𝟒𝟒 ကို အခုပဲ ဆက်သွယ်နိုင်ပါတယ်။
👉Google Form Link - https://docs.google.com/.../1FAIpQLSdqpQEuoGIyw1.../viewform
#နှလုံးသားထဲရောက်အောင်စကားပြောနည်း