Teacher Sophia's English Corner

Teacher Sophia's English Corner

Share

Learn English with Teacher Sophia

30/04/2026

Don't forget to rest!

Every day: Screen recordings & lesson plans

Today : Resting is my only lesson. 😁

I started this morning with good fuel. 🍞☕

Morning class: Done
After that: Energy = 0%

What do you do when you feel lazy? 😁





29/04/2026

Verb Form တွေကို လွယ်ကူစွာ မှန်အောင် ဘယ်လိုဖြေကြမလဲ ?

အဖြေ comment တွင်ကြည့်ရန်


ြေဆိုနည်း



, ,

Photos from Teacher Sophia's English Corner's post 28/04/2026

မဖြစ်မနေသိထားရမည့်
(12) မျိုး





Photos from Teacher Sophia's English Corner's post 27/04/2026


Unit 1 "Good Manners"
လေ့လာထားရမည့် Words များ

Grade 12, Unit 1 ကိုလည်းတင်ပေးပါ ဆိုတဲ့ သူတွေအတွက်ပါ။

With love,
Tr Sophia






26/04/2026

“There’s no point in + Gerund”

👉 အဲဒီလိုလုပ်လည်း အကျိုးမရှိဘူး / အဓိပ္ပာယ်မရှိဘူး၊အလကားပဲ ဆိုတဲ့ အဓိပ္ပါယ်ပါ။

For example:

1. There’s no point in pretending to be okay—just say how you feel.
👉 အဆင်ပြေနေသလို ဟန်ဆောင်နေစရာမလိုပါဘူး။မင်းခံစားချက်ကို ပြောလိုက်ပါ။

2. There’s no point in arguing in the comments—people never change their minds.
👉 Comment တွေထဲမှာ ငြင်းခုံနေလည်း အကျိုးမရှိဘူး—လူတွေက ဘယ်တော့မှ မပြောင်းလဲကြဘူး။

3. There’s no point in chasing someone who doesn’t care.
👉 ကိုယ့်ကို စိတ်မဝင်စားတဲ့သူကို ပိုးပန်းနေတာ အဓိပ္ပာယ်မရှိဘူး။

4. There’s no point in studying without focus—you won’t remember anything.
👉 အာရုံမစိုက်ဘဲ စာလေ့လာ နေလည်း အလကားပဲ။ဘာမှမှတ်မိမှာမဟုတ်ဘူး။

5. There’s no point in overthinking it—just go for it.
👉 အရမ်းစဉ်းစားနေဖို့ မလိုဘူး။လုပ်လိုက်ပါ။

6. There’s no point in loving someone who doesn’t choose you.
👉 မင်းကို မရွေးတဲ့သူကို ချစ်နေတာ အဓိပ္ပာယ်မရှိဘူး။

7. There’s no point in waiting for a text that’s never coming.
👉 မလာမယ့် message ကို စောင့်နေလို့အကျိုးမရှိဘူး။

8. There’s no point in going back to someone who hurt you.
👉 မင်းကိုနာကျင်စေခဲ့တဲ့သူဆီ ပြန်သွားနေလို့ အဓိပ္ပါယ်မရှိဘူး။

9.There’s no point in keeping fake friends around.
👉 မိတ်ဆွေတုတွေရှိနေတာ အလကားပဲ။

10. There’s no point in staying where you’re not valued.
👉 မင်းကိုတန်ဖိုးမထားတဲ့ နေရာမှာနေလည်းအပိုပဲ။

11. There's no point in hiding your feelings.
👉 မင်းရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားလို့လည်း အသုံးမဝင်ဘူး။

12. ​There's no point in forcing someone to stay.
👉 တစ်စုံတစ်ယောက်ကို အတင်းအကျပ် ဆွဲထားလို့လည်း ထူးမှာမဟုတ်ပါဘူး။




Photos from Teacher Sophia's English Corner's post 25/04/2026

have နှင့် have got က တူပါသလား?
တူသလိုလို မတူသလိုလို 😁
ကွဲသလိုလို၊ မကွဲသလိုလို 😁

For example:
I have no doubt that you're right.
မင်းမှန်တယ်ဆိုတာ ငါ သံသယမရှိပါဘူး။

I've got a crush on you.
ငါတော့မင်းကို အရူးအမူးစွဲလန်းနေပြီ။






25/04/2026




24/04/2026

, Unit1






゚viralシ

23/04/2026

ကို စနစ်တကျရေးတတ်ချင်ပါသလား
ဆိုတာဘာလဲ
controlling idea ပါတဲ့ Topic sentence ဘယ်လိုရေးရမလဲ



゚viralシ

21/04/2026

Break a leg!
ဆိုတာ ဘာကိုပြောတာလဲ?
ခြေထောက်ကျိုးပါစေလို့ပြောတာလား 😁 No 😂 မဟုတ်ပါဘူးရှင်

ဘာလဲဆိုတော့ကာ 👇👇

1. Break a leg

👉 Meaning – Good luck!

👉 Usage – အထူးသဖြင့် stage performance (acting, singing, dancing) မလုပ်ခင် လူကို ကံကောင်းပါစေဆိုပြီး ပြောတာ

👉 e.g. You have a show tonight? Break a leg!
👉 e.g. I know you've practiced so hard for the play tonight. Break a leg!

2. Fingers crossed

👉 Meaning – I hope for good luck / I wish it will happen

👉 Usage – ကိုယ်တိုင်ကလည်း ကံကောင်းချင်တာ၊ အရာတစ်ခု အောင်မြင်မယ်လို့ မျှော်လင့်တဲ့အချိန်
👉 e.g. I have an exam tomorrow—fingers crossed!

👉 e.g. I applied for the dream job, so I'm keeping my fingers crossed!

✔️ Summary
Break a leg = Good luck (to someone)
Fingers crossed = I hope for good luck (for myself or situation)



゚viralシ

20/04/2026

, Text and Grammar

Online zoom မှသင်ပါမည်။
Group class တစ်ခုတွင်ကျောင်းသားဦးရေ 7 ယောက်သာလျှင် လက်ခံပါမည်။

1️⃣ Stylistic transformation grammar
2️⃣ Word forms, Initial letters
3️⃣ Verb forms,
4️⃣ Essays and Letter,
5️⃣ Read the passage ဖြေနည်း၊
6️⃣ Short question ဖြေနည်းများ၊
7️⃣ Critical thinking ၊
8️⃣ Simple sentence,
9️⃣ Compound sentence,
🔟 Complex sentence ရေးသားနည်းများကိုပါသင်ပေးသွားမှာဖြစ်ပါတယ်။

✍️ Lesson တစ်ခုပြီးတိုင်း သက်ဆိုင်ရာ Exercise များကိုလ့ကျင့်ရမည်။

✍️ Unit တစ်ခုပြီးတိုင်း Test ‌ဖြေရပါမည်။

Timetable - 8:00 a.m. - 10:00 a.m. (Monday and Wednesday)

သင်တန်းတက်လိုသူများသည် page messenger မှ (or)
☎️ 09782002708 ကိုခါ်၍
စုံစမ်း မေးမြန်း အပ်နှံနိုင်ပါသည်။

Tr Sophia
M.A(English)
Teaching experience - 18 years

စနစ်ဟောင်း Grade 10 ကျောင်းသားများကို English ဂုဏ်ထူးထွက်အောင် သင်ပေးခဲ့တဲ့
Teaching experience - 18 နှစ်ရှိတဲ့ ဝါရင့်ဆရာမကိုယ်တိုင်သင်ပေးမှာမို့ နားမလည်မှာ စိတ်ပူစရာမလိုပါဘူးရှင့်။

,

,

20/04/2026

လေ့လာမယ်

slip ကို
( V ) လိုဆို ခြေချော်သည်၊လွတ်ကျသည်၊လျှောကျသည်၊သတိမမူမိ၊မစဉ်းစားမိ၊လစ်သွားသည်၊ကုန်မှန်းမသိကုန်သည်၊မသိမသာထည့်သည်။

( N ) လိုဆို ချွတ်ချော်မှု၊အသေးအဖွဲမှားယွင်းမှု၊စာရွက်အပိုင်းအစ၊ဖြတ်ပိုင်း
လို့သိထားသော်လည်း

( IDM ) အနေနဲ့

a slip of a boy
ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်၊

a slip of a girl
ပိန်ပိန်ပါးပါးကောင်မလေးတစ်ယောက်၊

a slip of the tongue
လွှတ်ခနဲပြောမိသွားတယ် လို့ လည်းသုံးလို့ရပါတယ်။




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon